The Irrawaddy - Burmese
✔
76K subscribers
38K photos
2.39K videos
3 files
18K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
❤30👍10😁1
ဒေါက်တာ စင်သီယာမောင် အိုကီနာဝါ ငြိမ်းချမ်းရေးဆု တက်ရောက် ယူ

ဧရာဝတီ၊ အောက်တိုဘာ ၁၉၊ ၂၀၂၆

မြန်မာနိုင်ငံမှစစ်ဘေးရှောင်များ၊ ရွှေ့ပြောင်းလုပ်သားများနှင့် ပဋိပက္ခကြောင့် ထိခိုက်ခံစားရသူများကို အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသည့် မဲဆောက်အခြေစိုက် မယ်တော်ဆေးခန်း (Mae Tao Clinic - MTC) တည်ထောင်သူနှင့် ဒါရိုက်တာ ဒေါက်တာ စင်သီယာမောင်သည် ဂျပန်နိုင်ငံမှပေးအပ်ချီးမြှင့်သော အိုကီနာဝါငြိမ်းချမ်းရေးဆု (Okinawa Peace Prize) ကို ယနေ့ တက်ရောက် ယူခဲ့သည်။

၂ နှစ် ၁ ကြိမ်သာပေးအပ်သည့် အိုကီနာဝါ ငြိမ်းချမ်းရေးဆုကို ယခင် ဂျပန်အခြေစိုက်အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များကိုသာ အဓိက ရွေးချယ်ချီးမြှင့်လေ့ရှိပြီး ယခုနှစ် ၁၃ ကြိမ်မြောက်တွင် “မယ်တော်ဆေးခန်း” က ပထမဦးဆုံးအကြိမ် ရရှိခဲ့ခြင်းဖြစ်သည်။

ဒေါက်တာ စင်သီယာမောင်က “အလှူရှင်တွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေ၊ ဝန်ထမ်းတွေ၊ စေတနာ့ ဝန်ထမ်းတွေနဲ့ ကျမတို့ရဲ့လုပ်ငန်းတွေကို ကူညီပေးခဲ့ကြသူ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီအောင်မြင်မှုဟာ ၁၉၈၉ ခုနှစ်ကတည်းက မယ်တော်ဆေးခန်းနဲ့အတူ လက်တွဲလုပ်ဆောင်ခဲ့ကြတဲ့ လူအများအပြားရဲ့ကြိုးပမ်းအားထုတ်မှုနဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို ပြသနေတာ ဖြစ်ပါတယ်” ဟု ပြောသည်။

မယ်တော်ဆေးခန်းအနေဖြင့် အကူအညီလိုအပ်နေသူများကို ဆက်လက်စောင့်ရှောက်သွားမည်ဟုလည်း အသိပေးထားသည်။

ယင်းဆုသည် အာရှ-ပစိဖိတ် ဒေသအတွင်း ငြိမ်းချမ်းရေး မြှင့်တင်ရေး၊ လူသားလုံခြုံရေးနှင့် တိုင်းရင်းသား မျိုးနွယ်စုများ၏ မတူကွဲပြားမှုကို လေးစားလိုက်နာရေးတို့တွင် ပါဝင်ဆောင်ရွက်နေသည့် လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကို ချီးမြှင့်သည့်ဆုဖြစ်ပြီး မယ်တော်ဆေးခန်း၏ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနှင့် ကာကွယ်စောင့် ရှောက်မှု လုပ်ငန်းများသည် ယင်းဆု၏ တန်ဖိုးများနှင့် ကိုက်ညီသည့် အတွက် ဆုချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ- MTC

#WhatsHappeningInMyanmar
#RejectMilitaryCoup
👍38❤15😁3
ဒကစ မကျဖို့ ALP နဲ့ ရိုဟင်ဂျာတပ်တွေ ပူးပေါင်းခုခံနေတယ်လို့ AA ပြော

https://youtu.be/ZYPx1N5Q_1I

#မြန်မာ #ဧရာဝတီ #AA #ALP #ARSA #RSO #WhatsHappensInMyanmar
😁29👎7👍5❤1😱1
❤23👍6😁1
အာဏာသိမ်းအစိုးရ လူ့အခွင့်အရေးကော်မရှင် SEANF အဖွဲ့ဝင်မှ ထုတ်ပယ်

ဧရာဝတီ၊ အောက်တိုဘာ ၁၉၊ ၂၀၂၆

အာဏာသိမ်းအစိုးရ၏ လက်အောက်ခံ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် (MNHRC) ကို အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (SEANF) က အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်လိုက်သောကြောင့် လာမည့် ၂၀၂၇ ခုနှစ်တွင် တာဝန်ယူရမည့် အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကိုလည်း ဆုံးရှုံးသွားပြီ ဖြစ်ကြောင်း သိရသည်။

MNHRC ၏ အရည်အချင်း ပြည့်မီမှုကို ပြီးခဲ့သည့် ဩဂုတ် ၁၄ ရက်မှ စတင်၍ SEANF အုပ်ချုပ်ရေးအဖွဲ့ ပြန်လည် သုံးသပ်ခဲ့ပြီး ဖိုရမ်၏ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းဆိုင်ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီမှု မရှိတော့ကြောင်း ဆုံးဖြတ်ကာ ယခု အောက်တိုဘာ ၁ ရက်တွင် ထုတ်ပယ်ခဲ့ခြင်း ဖြစ်ကြောင်း မလေးရှားအခြေစိုက် Malay Mail သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ ဆုံးဖြတ်ချက်ကို အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် တီမောလက်စ်တေ နိုင်ငံတို့မှ လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ၅ ဦး၏ သဘောတူညီချက်ဖြင့် ချမှတ်ခဲ့ခြင်းဖြစ်ပြီး MNHRC အနေဖြင့် ယခုနှစ်တွင် ကျင်းပမည့် ၂၃ ကြိမ်မြောက် SEANF နှစ်ပတ်လည် ညီလာခံ အပါအဝင် အခြား အစည်းအဝေးများသို့ တက်ရောက်ခွင့် ရတော့မည်မဟုတ်ကြောင်း သိရသည်။

SEANF ၏ စည်းမျဉ်းများအရ အဖွဲ့ဝင် အမျိုးသား လူ့အခွင့်အရေးအဖွဲ့အစည်းများသည် ကုလသမဂ္ဂ (UN) က သတ်မှတ်ပြဋ္ဌာန်းထားသည့် အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်း ပါရီမူဝါဒများ (Paris Principles) နှင့်အညီ လွတ်လပ်စွာ ရပ်တည်နိုင်ပြီး လူ့အခွင့်အရေးကို မြှင့်တင်ရန်နှင့် ကာကွယ်ရန် ဥပဒေကြောင်းအရ အာဏာပိုင်စိုးမှု ရှိရမည်ဖြစ်သည်ဟု ဖော်ပြထားသည်။

ယခု ဆုံးဖြတ်ချက်ကို အာဏာသိမ်းအစိုးရ၏ MNHRC က ငြင်းဆိုခဲ့သော်လည်း ဖိုရမ်၏ အုပ်ချုပ်ရေးအဖွဲ့က ၎င်းတို့ မေးခွန်းထုတ်ထားသည့်အချက်များကို လုံလောက်စွာ ပြန်လည်မရှင်းလင်းသဖြင့် ပယ်ချခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

သို့သော် MNHRC အနေဖြင့် နောက်ပိုင်းတွင် လူ့အခွင့်အရေးစံချိန်စံညွှန်းများနှင့် ကိုက်ညီအောင် ဆောင်ရွက်နိုင်ကြောင်း ပြသနိုင်ပါက အဖွဲ့ဝင်အဖြစ် ပြန်လည် လျှောက်ထားနိုင်ကြောင်း ပြောကြားထားသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
❤34👍18😁1
❤28👍7😁1
ဒေါ်အောင်ဆန်းစုကြည်ထံ ချားလ်စ်ဘုရင် စာအုပ်များ ပေးပို့

ဧရာဝတီ၊ အောက်တိုဘာ ၁၉၊ ၂၀၂၆

အာဏာသိမ်း အစိုးရက ဖမ်းဆီး ချုပ်နှောင်ထားသည့် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ဗြိတိန်နိုင်ငံ၊ တတိယမြောက် ချားလ်စ်ဘုရင်က စာအုပ် ၂ အုပ် ပေးပို့ခဲ့ရာ ပြည်ထဲရေး ဝန်ကြီးဌာန တာဝန်ရှိသူများက သွားရောက် ပို့ဆောင်ခဲ့ကြောင်း သမ္မတရုံး ပြောခွင့်ရ ဒေါ်ခိုင်ခိုင်စိုးက ယနေ့ ထုတ်ပြန်သည်။

စာအုပ်များမှာ The Land Gardeners – Soil to Table နှင့် Soil: The World at Our Feet တို့ ဖြစ်ပြီး အိတ်ပိတ် စာအိတ် တအိတ်ကိုလည်း ပေးအပ်ခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ စာအုပ်များမှာ သဘာဝပတ်ဝန်းကျင်နှင့် မပျက်စီးသော စိုက်ပျိုးရေးစနစ်များ၊ မြေဆီလွှာ ကျန်းမာရေးသဘာဝအတိုင်း အားကောင်းအောင် ဖန်တီးပုံ၊ ဓာတုဗေဒ ကင်းလွတ်သည့် သဘာဝမြေဩဇာပြုလုပ်ပုံများနှင့် မြေဆီလွှာမှတဆင့် အရည်အသွေးမြင့် သဘာဝအစားအစာများ အဆင့်ဆင့် ထုတ်လုပ်ပုံအကြောင် ကမ္ဘာ့ဂေဟစနစ်နှင့် လူသားတို့၏ သက်ရှိ ရပ်တည်မှုအတွက် မြေဆီလွှာအရေးပါပုံ၊ မြေဆီလွှာအတွင်းရှိ ဇီဝမျိုးကွဲများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာများကို အခြေခံကျကျ ဖော်ပြထားသည့် စာအုပ်များ ဖြစ်သည်။

ပြီးခဲ့သည့် ဩဂုတ် ၃ ရက်ကလည်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက် တွေ့ဆုံခဲ့ကြောင်း အာဏာသိမ်းအစိုးရက ထုတ်ပြန်ထားသည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် သားဖြစ်သူ ကင်မ်အဲရစ် (ခေါ်) ကိုထိန်လင်းက ဦးဆောင်၍ လှုပ်ရှားမှုများ ပြုလုပ်နေသလို မိခင်ဖြစ်သူနှင့် တွေ့ဆုံခွင့်ပေးရေးအတွက်လည်း တောင်းဆိုလျက် ရှိသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
❤56👍13😁2
• ငပြီကျွန်းတိုက်ပွဲမှာ စစ်တပ်ဘက်က လက်နက်ချသေဆုံးသူများတယ်လို့ AA ပြော
• စစ်တပ်နဲ့ ပူးပေါင်းသွားတဲ့ လီဆူတပ်ဖွဲ့ဝင်တွေကို TNLA သတိပေး
• ဘတ်ဂျက်လိုငွေ ကျပ် ဘီလီယံ တသောင်းကျော် စံချိန်တင်များလာ
• မဲဆောက်မှာ မြန်မာရာချီဖမ်းခံရပြီးနောက် ဖမ်းဆီးမှုဆက်တိုက်လုပ်နေ
• အိုကီနာဝါငြိမ်းချမ်းရေးဆု ဒေါက်တာစင်သီယာမောင် လက်ခံရယူ
• ပြင်သစ်ဆန္ဒပြပွဲမှာ ဖမ်းဆီးခံရသူ ၂,၀၀၀ ကျော်ရှိလာ

နေ့စဉ်သတင်း၊ အောက်တိုဘာ ၁၉၊ ၂၀၂၆
https://youtu.be/nUELySADOmo

#မြန်မာ #ဧရာဝတီ #ငပြီကျွန်း #ပေါက်တော #AA #လီဆူတပ် #TNLA #ဘက်ဂျက် #မဲဆောက် #အိုကီနာဝါ #မယ်တော်ဆေးခန်း #ဒေါက်တာစင်သီယာမောင် #ဂျပန် #ပြင်သစ် #ဆန္ဒပြ #နေ့စဉ်သတင်း #DailyNews #WhatsHappeningInMyanmar

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍43❤6😁5👎1