ဝါဒဖြန့်ချိရေးဇာတ်ကားတွေ ဘာကြောင့်ရိုက်နေရသလဲ
ဧရာဝတီ၊ စက်တင်ဘာ ၁၉၊ ၂၀၂၆
ပြည်သူလူထုတရပ်လုံး အတိဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်ကြုံတွေ့နေရချိန်မှာပဲ ပြည်တွင်းက အနုပညာရှင်တချို့ဟာ အာဏာသိမ်းစစ်တပ်ရဲ့ ပြည်သူ့ဆက်ဆံရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးနဲ့ ပူးပေါင်းပြီး စစ်တပ်အတွက် ဝါဒဖြန့်ဇာတ်ကားတွေ ရိုက်ကူးပေးနေကြပါတယ်။
အထူးသဖြင့် လက်ရှိမှာ မိဘပြည်သူတွေနဲ့ လူငယ်ထုတရပ်လုံး စိုးရိမ်ထိတ်လန့်နေကြရတဲ့ စစ်မှုထမ်းဥပဒေထဲ လူငယ်တွေ ဝင်ရောက်လာအောင် စည်းရုံးဆွဲဆောင်ထားတဲ့ "တောစီးဖိနပ်ကလေးရဲ့အိမ်ပြန်ချိန်" ဆိုတဲ့ ဝါဒဖြန့်ဇာတ်လမ်းတို ထွက်ပေါ်လာတာဟာ စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်သူတွေကို သပိတ်မှောက်နေကြတဲ့ ပြည်သူတွေကြားမှာ ဝေဖန်မှုတွေ ပိုမိုပြင်းထန်လာစေခဲ့တာပါ။
ပြည်သူတွေရဲ့ နေ့စဉ်ဒုက္ခဆင်းရဲတွေကို လျစ်လျူရှုပြီး စစ်တပ်ကို အားပေးအားမြှောက်ပြုတဲ့ ဝါဒဖြန့်ဇာတ်ကားတွေ ရိုက်ကူးထုတ်လွှင့်နေတဲ့ ဒီလိုလုပ်ရပ်တွေအပေါ် တော်လှန်ရေးအနုပညာရှင် ဒါရိုက်တာ ကိုပေါက်ကတော့ ဧရာဝတီနဲ့ အင်တာဗျူးမှာ ဝေဖန်ထောက်ပြလိုက်ပါတယ်။
https://youtu.be/9Qu6SfcuY7A
#မြန်မာ #ဧရာဝတီ #ဝါဒဖြန့် #စစ်တပ် #အနုပညာရှင် #WhatsHappensInMyanmar

YouTube
ဝါဒဖြန့်ချိရေးဇာတ်ကားတွေ ဘာကြောင့်ရိုက်နေရသလဲ | The Irrawaddy
ပြည်သူလူထုတရပ်လုံး အတိဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်ကြုံတွေ့နေရချိန်မှာပဲ ပြည်တွင်းက အနုပညာရှင်တချို့ဟာ အာဏာသိမ်းစစ်တပ်ရဲ့ ပြည်သူ့ဆက်ဆံရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးနဲ့ ပူးပေါင်းပြီး စစ်တပ်အတွက် ဝါဒဖြန့်ဇာတ်ကားတွေ ရိုက်ကူးပေးနေကြပါတယ်။
အထူးသဖြင့်…
အထူးသဖြင့်…
👍44❤5👎4😁3🤔1
Media is too big
VIEW IN TELEGRAM
သုံးချီအတွင်း ပန်တိုဂျာကို အလဲထိုးမယ်လို့ ဗန်ပြော
UFC Flyweight ချန်ပီယံ ဂျော့ရှုဝါဗန်က အလက်ဇန္ဒရီ ပန်တိုဂျာနဲ့ ထိုးသတ်မယ့်ပွဲမှာ သုံးချီအတွင်း အလဲထိုး အနိုင်ယူမယ်လို့ ပြောလိုက်ပါတယ်။ စက်တင်ဘာ ၁၆ ရက်နေ့က Full Send MMA ချန်နယ်နဲ့ လုပ်တဲ့ အင်တာဗျူးမှာ အဲ့ဒီလိုပြောလိုက်တာပါ။
ပန်တိုဂျာရဲ့ တိုက်ခိုက်ပုံကို လေ့လာထားသလို သူ့ရဲ့ အားနည်းချက်တချို့ကိုလည်း တွေ့ထားတာကြောင့် သုံးချီအတွင်း ပွဲသိမ်းမယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၁၉ ရက်နေ့မှာ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့ UFC 331 ရဲ့ခေါင်ပွဲအဖြစ် ယှဉ်ပြိုင်ထိုးသတ်သွားမှာ ဖြစ်ပြီး ဒီပွဲဟာ ဗန်အတွက် Flyweight ချန်ပီယံခါးပတ် ကာကွယ်ပွဲဖြစ်သလို ပန်တိုဂျာကတော့ ချန်ပီယံခါးပတ်ကို ပြန်လည်ရယူဖို့ စိန်ခေါ်ထိုးသတ်မှာ ဖြစ်ပါတယ်။
#မြန််မာ #ဧရာဝတီ #JoshuaVan #Pantoja #Flyweight #ချန်ပီယံခါးပတ် #UFC #ဗန် #ပန်တိုဂျာ

👍42❤9👎1
ဂန္ထဝင် ရသ ကာတွန်းများ
ဧရာဝတီ၊ စက်တင်ဘာ ၁၉၊ ၂၀၂၆
ကာတွန်း ဟန်လေး ၏ ဂန္ထဝင် လက်ရာတခုကို ပြန်လည် ဖော်ပြလိုက်ပါသည်။
Caption - မီးမြှိုက်သူများ
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

❤20👍15👎2
နှလုံးသား ရသ နှင့် ဦးနှောက်ကို ထွန်းညှိခြင်း
အခု စနေမှာ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ရေးသားတဲ့ အကျဉ်းထောင် စစ်ကြောရေးနဲ့ စစ်ထောက်လှမ်းရေး အကြောင်း ဆောင်းပါးကို ပြန်လည် တင်ဆက်ထားပါတယ်။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2026/09/19/416361.html

ဧရာဝတီ
အစာမကြေဘူး ကမ္ဘာမကြေဘူး
ထောင်ထဲက စစ်ထောက်လှမ်းရေးတွေရဲ့ စစ်မေး ညှင်းပန်း နှိပ်စက်မှုတွေဟာ တိရစာ္ဆန်ထက်တောင် ပိုမိုရက်စက် ကြမ်းကြုတ်တယ်။ ဒါကြောင့် တိရစာ္ဆန် မဆန်စွာလို့ ကျနော် ဝိဂြိုဟ် ပြုတာ…
👍37❤3👎2😭1
သား မင်္ဂလာပွဲ ကုန်ကျစရိတ် စိုက်ထုတ်ပေးခဲ့သည့် ရုရှား ဘီလျံနာအား ငွေပြန်ဆပ်ခဲ့ကြောင်း တရမ့် ပြော
ဧရာဝတီ၊ စက်တင်ဘာ ၁၉၊ ၂၀၂၆။
သမ္မတ ဒေါ်နယ်တရမ့်က ၎င်း၏ သားဖြစ်သူ ဒေါ်နယ်တရမ့် ဂျူနီယာသည် ဘဟားမားစ် (Bahamas) တွင် ကျင်းပခဲ့သည့် မင်္ဂလာပွဲကျင်းပရေး ကုန်ကျစရိတ် အချို့အတွက် ဒေါ်လာ ထောင်ပေါင်းများစွာ ကုန်ကျခံပေးခဲ့သော ရုရှား ဘီလျံနာအား ငွေကြေးများ ပြန်လည်ပေးဆပ်ခဲ့ကြောင်း သောကြာနေ့တွင် ပြောကြားခဲ့သည်။
"ကျနော် နားလည်ထားသလောက်တော့ သူ ငွေပြန်ဆပ်လိုက်ပါပြီ" ဟု တရမ့်က ရုံးခန်းအတွင်း သတင်းထောက်များကို ပြောကြားခဲ့သည်။
ဒေါ်နယ်တရမ့် ဂျူနီယာ မင်္ဂလာဧည့်ခံပွဲ ကုန်ကျစရိတ်အချို့ကို ကရင်မလင်နှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင် ဥမာ ကရမ်လဗ် (Umar Kremlev) က စိုက်ထုတ်ပေးခဲ့သည်ဟု ProPublica က သတင်းဖော်ပြခဲ့သည်။
တရမ့်၏ ပြောကြားချက်သည် မင်္ဂလာပွဲ ကုန်ကျစရိတ် ကျခံပေးခဲ့မှုအပေါ် အစိုးရအဖွဲ့ အတွင်း၌ မသက်မသာ ဖြစ်မှုများ ရှိနေနိုင်ကြောင်း ဖော်ပြနေသည့် အလေးနက်ဆုံး လက္ခဏာဖြစ်သော်လည်း သမ္မတကမူ မိတ်ဆွေတဦးက မင်္ဂလာပွဲနှင့် ဆက်စပ်သည့် အခမ်းအနားများအတွက် ကျခံပေးခြင်းမှာ သာမန်ကိစ္စသာ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
"သူနဲ့ သိတဲ့သူတယောက်က — ကျနော်ထင်တာတော့ သူ့သူငယ်ချင်းတယောက်ပေါ့ — မင်္ဂလာဧည့်ခံပွဲ လုပ်ပေးတာပါ။ ဒါက အရမ်း သာမန်ဆန်ပါတယ်။ မင်္ဂလာဧည့်ခံပွဲတွေ လုပ်ပေးကြတာ ကျနော် ကြားဖူးတာ အများကြီးပါ" ဟု တရမ့်က ပြောခဲ့သည်။
ကရမ်လဗ်က အခမ်းအနားအတွက် ကုန်ကျစရိတ် ကျခံပေးခဲ့ခြင်းမှာ သင့်တော်မှု ရှိ၊ မရှိ မေးမြန်းခဲ့ရာတွင် တရမ့်က "ဒါဟာ လုံးဝ ခွင့်ပြုထားတာပါ" ဟု ပြောဆိုခဲ့ပြီး ကရမ်လဗ်၏ ကရင်မလင်နှင့် ဆက်နွယ်မှုများအပေါ် စိုးရိမ်မှုများကိုမူ "(တရမ့် ဂျူနီယာအနေနဲ့) သူ့ရဲ့ နောက်ကြောင်းရာဇဝင်ကို စိစစ်မထားတာလည်း ဖြစ်နိုင်တာပဲ" ဟု ဆိုကာ ပယ်ချခဲ့သည်။
တရမ့် ဂျူနီယာနှင့် ၎င်း၏ ဇနီးဖြစ်သူ ဘက်တီနာ အန်ဒါဆန် (Bettina Anderson) တို့သည် ကရမ်လဗ်က မင်္ဂလာဧည့်ခံပွဲ ကုန်ကျစရိတ်အချို့ကို ကျခံပေးခဲ့ကြောင်း ထုတ်ပြန်ချက်တခုတွင် ယခင်ကတည်းက အတည်ပြုခဲ့ပြီး ယခုကဲ့သို့ လက်ဆောင် ရယူခဲ့မှုကို ကာကွယ်ပြောဆိုခဲ့သည်။ အန်ဒါဆန်၏ အင်စတာဂရမ် အကောင့်တွင် တင်ထားပြီး "ဒွန် နှင့် ဘက်တီနာ" ဟု လက်မှတ်ရေးထိုးထားသည့် အဆိုပါ ထုတ်ပြန်ချက်၌ ကရမ်လဗ် တည်ခင်းဧည့်ခံသည့် အခမ်းအနားမှာ တကယ့် မင်္ဂလာပွဲအခမ်းအနား ပြီးစီးခဲ့ပြီးနောက်မှ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
"ကျမတို့ရဲ့ ချစ်လှစွာသော မိတ်ဆွေ ဥမာ ဟာ ကျမတို့ မင်္ဂလာပွဲ ပြီးတဲ့နောက်ပိုင်း မယုံနိုင်စရာ ကောင်းလောက်အောင် အံ့ဩစရာကောင်းတဲ့ ဂုဏ်ပြုပွဲ ညစာစားပွဲ နှစ်ညစာကို ကျမတို့အတွက် မေတ္တာလက်ဆောင်အဖြစ် ရက်ရက်ရောရော ဖိတ်ကြားဧည့်ခံပေးခဲ့တာပါ။ ဒါဟာ မိတ်ဆွေတစ်ယောက်ဆီက ရရှိခဲ့တဲ့ လွန်စွာ ရက်ရောတဲ့ မင်္ဂလာလက်ဆောင်ဖြစ်ပြီး ကျမတို့ အရမ်းပဲ ကျေးဇူးတင်ခဲ့သလို အခုထိလည်း ကျေးဇူးတင်နေတုန်းပါပဲ" ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
"ဒီလိုမျိုး ကိုယ်ရေးကိုယ်တာဆန်ပြီး ပျော်စရာကောင်းတဲ့ ကိစ္စတခုကို တစုံတယောက်က ဘယ်သူဘယ်ဝါဖြစ်တယ်၊ ဘာဇာတိဖြစ်တယ်ဆိုတဲ့ အချက်တစ်ခုတည်းနဲ့ နိုင်ငံရေးဆန်တဲ့ သို့မဟုတ် မသမာတဲ့ ကိစ္စတခုအဖြစ် ပုံဖျက်တာဟာ ဝမ်းနည်းစရာကောင်းပါတယ်။ ချစ်ကြည်ရင်းနှီးမှုမှာ နိုင်ငံရေး ရည်ရွယ်ချက် မလိုပါဘူး။ ရက်ရောမှု နောက်ကွယ်မှာ အစီအစဉ်တခု အလိုလို ပါလာတာ မဟုတ်ပါဘူး။ တခါတလေမှာ မင်္ဂလာလက်ဆောင်ဆိုတာ မင်္ဂလာလက်ဆောင် သက်သက်ပါပဲ" ဟု ဆက်လက်ဖော်ပြထားသည်။
ယခုသီတင်းပတ် အစောပိုင်းက ရုရှား ဘီလျံနာနှင့် ပတ်သက်သည့် မေးခွန်းကို တုံ့ပြန်ရာတွင် ဥပဒေချုပ် တော့ဒ် ဘလန့်ချ် (Todd Blanche) က တရမ့်အနေဖြင့် "ဒီလူ ဘယ်သူဆိုတာကို မသိပါဘူး" ဟု ပြောကြားခဲ့ပြီး ၎င်း၏ ဝန်ကြီးဌာနက စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်မည်ဆိုသည့် အယူအဆကို ပယ်ချခဲ့သည်။
"'ကျနော် စုံစမ်းစစ်ဆေးနေသလား' လို့ မေးရင်၊ ကျနော်က ဘာကို စုံစမ်းစစ်ဆေးရမှာလဲ" ဟု ဘလန့်ချ် က ပြောကြားခဲ့သည်။
ကိုးကား။ ။ သတင်း Trump says his son paid back Russian billionaire who funded parts of wedding celebration
ပုံစာ - ဒေါ်နယ်တရမ့် ဂျူနီယာ မင်္ဂလာဧည့်ခံပွဲ/ ProPublica

😁34❤17👍4👎1😱1
မန္တလေး စစ်မှုထမ်းမဲနှိုက်ရာ ကျောင်းသားများလည်း ပါဝင်လာ
ဧရာဝတီ၊ စက်တင်ဘာ ၁၉၊ ၂၀၂၆
မန္တလေး ၇ မြို့နယ်ရှိ ရပ်ကွက်များ၌ စစ်မှုထမ်းအကျုံးဝင်သူများကို မဲနှိုက်ရွေးချယ်ရာ အခြေခံပညာအထက်တန်းအဆင့် ကျောင်းသားများ ပါနေပြီး လာရောက်မဲမနှိုက်ပါက အုပ်ထိန်းသူမိဘများကို ဖမ်းဆီးအရေးယူမည်ဟု ခြိမ်းခြောက်သည့် အပြင် အမှတ်စဉ် ၁ မှ ၅၀ အတွင်း မဲပေါက်သူများ ယခုလ ဆင့်ခေါ်မည် ဆိုသဖြင့် မိဘအုပ်ထိန်းသူများစိုးရိမ်နေသည်။
မဟာအောင်မြေမြို့နယ် သံလျက်မှော်အနောက်ရပ်ကွက်မှ ကျောင်းသားမိဘတဦးက “အခုက ကျောင်းသားတွေပါ မဲနှိုက်ရတာ မဲနံပါတ် ၁ ထောင်ကျော် ကျတယ်၊ သားနဲ့ တူလေးတွေက ကျောင်းတက်နေကြတာလို့ ပြောတော့ ကျောင်း ထောက်ခံစာတွေ၊ ကျောင်းသားကတ်တွေ၊ မွေးစာရင်းတွေကအစ မိတ္တူတွေအကုန် ပေးထားရတယ်၊ လောလောဆယ် ဆိုင်းငံ့လုပ်ပေးထားမယ်လို့တော့ ပြောလိုက်တယ်”ဟု
စစ်မှုထမ်း ဥပဒေအရ စစ်မှုထမ်း ရွှေ့ဆိုင်းခွင့်ပြုသူများစာရင်းတွင် ပညာသင်ကြားနေသူများလည်းပါဝင်ရာ ထိုသို့ ရွှေ့ဆိုင်းနိုင်ရေး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး တိုင်း သို့မဟုတ် ပြည်နယ်အဖွဲ့မှ ဆင့်ခေါ်ရေးဗဟိုအဖွဲ့သို့ တင်ပြရသည်။
ထို့အတူ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ကြီးများအပါအဝင် အာဏာသိမ်းအစိုးရ ထိန်းချုပ်ဒေသများမှ တက္ကသိုလ် တက်နေသူများနှင့် အထက်တန်းအဆင့် ကျောင်းသားကျောင်းသူများ စာရင်းကိုလည်း မြို့နယ်အုပ်ချုပ်ရေး အဖွဲ့များက တောင်းခံထားပြီး မျက်မှန်တပ်ရသူ၊ ကျန်းမာရေးအရ ရေရှည် ဆေးဝါးသုံးစွဲနေရသူ၊ ကိုယ်လက်အင်္ဂါချို့ယွင်းသူ စသည်ဖြင့် ခွဲခြားကောက်ယူထားကြောင်း သိရသည်။
ချမ်းမြသာစည်မြို့နယ်မှ မိခင်တဦးက “ကိုယ့်သားသမီး သူ့သားသမီး သေမိန့်နံပါတ်ပြား သွားနှိုက်ရသလိုပဲ စိုးရိမ်စိတ် မဖြစ်ဘဲ နေမလား၊ နံပါတ်အသေး မကျပါ စေနဲ့လို့ ဆုတောင်းပြီး မချင့်မရဲနဲ့ မဲနှိုက်ခဲ့ရတာပေါ့၊ နံပါတ်စဉ် စောကျတဲ့သူ တွေဆို ငိုကြယိုကြနဲ့ပေါ့၊ ရောဂါအခံရှိတဲ့ မအေတွေဆိုရင် မူးလဲကျတာတွေပါ ဖြစ်တာ”ဟု ပြောသည်။
ထိုသို့ သားသည်မိခင်တို့၏ ပရိဒေ၀ သောကမီးတောက်နေချိန် စစ်တပ်လိုလားသူ ရုပ်ရှင်သမား အနုပညာသမား ဆိုသူများက စစ်မှုထမ်းဖို့ ဖြစ်လာခြင်းမှာ ဂုဏ်ယူစရာကောင်းကြောင်း ဝါဒဖြန့်လော်ဘီလုပ်နေသဖြင့် ပြည်သူများက ဝေဖန် ရှုတ်ချနေရာ နာမည်ကြီး ဒါရိုက်တာတဦးဖြစ်သည့် ပန်းချီစိုးမိုးဆိုလျှင် ၎င်း၏ မြေးများကိုမူ ပြည်ပပို့ထားပြီး ကျန်လူငယ်များ ကို စစ်ထဲဝင်ခိုင်းသဖြင့် စာနာမှုကင်းမဲ့သူအဖြစ် အများကသတ်မှတ်ပြောဆိုနေသည်။
မန္တလေး၌ စက်တင်ဘာလဆန်းမှစ၍ မဲနှိုက်မှုများ ပြန်လည်ပြုလုပ်နေရာ ဆင့်ခေါ်ရာတွင် မလာရောက်ပါက ကျေးရွာ ရပ်ကွက် အုပ်ချုပ် ရေးအဖွဲ့များအနေဖြင့် ကိုယ်စား မဲနှိုက်သွားမည်ဟု အသိပေးထားကြောင်းလည်း သိရသည်။
“အုပ်ကြီးတွေ အသစ်အဟောင်းမပြောင်းခင်က အတိုင်းပဲ၊ အိမ်ထောင်စုဇယားမှာပါတဲ့ ယောက်ျားလေးတွေ အကုန်လုံး မဲပြန်နှိုက်ရတာ၊ ပထမမဲနှိုက်ထားတာတွေ အကုန်ပယ်ဖျက်တယ်ပေါ့၊ အခုကျတဲ့ မဲနံပါတ်က အတည်ဆိုတာမျိုးပေါ့၊ အိမ်မှာက သားလေးလည်း မရှိတော့ဘူးဆိုတော့ မသွားဘူး၊ ဒါကို မဲအမှတ်စဉ် ၈၀၀ ကျော်ကျတယ်ဆိုလား လာပြောတဲ့ အပြင် အိမ်က ထွက်သွားတဲ့သားကို ရအောင်ပြန်ခေါ်ပေးဖို့နဲ့ ခေါ်မပေးရင် ကျမတို့ မိသားစုဝင်တွေပါ တရားစွဲခံရမယ်လို့ ပြောသွားတယ်”ဟု မဟာအောင်မြေမြို့နယ် ဟေမမာလာတောင်ရပ်ကွက်မှ မိခင်တဦးက ပြောသည်။
၂၀၂၅ ခုနှစ် မတ်လအတွင်းက စစ်မှုထမ်းဥပဒေအရ မြို့နယ်လုံးကျွတ်မဲနှိုက်ခဲ့သည့် မဟာအောင်မြေမြို့နယ်ရှိ ဟေမမာလာ တောင်ရပ်ကွက်တွင် စက်တင်ဘာ ၄ ရက်က စစ်မှုထမ်းမဲများ ပြန်လည်နှိုက်ရာတွင် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများနှင့် မြို့နယ်အတွင်းရှိ မြို့မျက်နှာဖုံး စီးပွားရေးလုပ်ငန်းရှင် ငွေကြေးချမ်းသာသူများ၏ သားသမီးများ ကင်းလွတ်ခွင့်ရနေကြောင်း ပြည်သူ့စစ် သတင်းတပ်ဖွဲ့မှ ပျူစောထီးတဦးဖြစ်သူ ဒေါ်ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုထားသည်။
ယခုကဲ့သို့ မဲပြန်နှိုက်ခိုင်းရခြင်းမှာ ပထမအကြိမ်မဲနှိုက်စဉ်က အမှတ်စဉ်များအတိုင်း လူငယ်များအား ခေါ်ယူ၍ မရဘဲ ထွက်ပြေးတိမ်းရှောင်ခြင်းများ ရှိနေခြင်းကြောင့်ဖြစ်ကာ မည်သူမည်ဝါ ခွဲခြား၍ မဲနှိုက်ခိုင်းခြင်းမျိုး မရှိဟု မဟာအောင်မြေ မြို့နယ်အုပ်ချုပ်ရေးရုံးမှ အမည်မဖော်လိုသူ သတင်းရင်းမြစ်တဦးက ပြောသည်။
ထို့ပြင် စစ်မှုထမ်းဦးရေ ၂ ဆ ပိုမိုတောင်းခံမည့်သတင်းများ ထွက်ပေါ်နေသည့် ရက်ပိုင်းအတွင်း လူငယ်များ ပျောက်ဆုံး ပေါ်တာဆွဲဖမ်းဆီးခံရမှု ပိုမိုဆိုးရွာလာ၍ စိတ်မလုံခြုံမှုများ ခံစားနေကြရပြီး လက်ရှိ စစ်မှုထမ်းစာရင်းအပြင် ပြည်သူ့စစ် အမည်ခံ ပျူစောထီးများက ပေါ်တာဆွဲ၍ လူစားထိုး ရောင်းချနေသဖြင့် အခြေခံလူတန်းစား အများဆုံး ဖမ်းဆီးခံနေ ရကြောင်း သိရသည်။
“ဒီရက်ပိုင်းထဲမှာ တော်တော်ဆိုးဆိုးရွားရွား ဖြစ်လာတာ၊ ပန်းရံလိုက်တဲ့ ကလေး ၁၇ နှစ်ပဲ ရှိသေးတယ်၊ ရောင်းစားဖို့ ပျူတွေက ဖမ်းတာ၊ ကလေးအဖေက သိသိချင်း ရပ်ကွက်ရုံးကိုလိုက်ပြီး တောင်းပန်တာ အဖေကိုပါ ခေါ်ထားလိုက်ပြီး သားအဖ နှစ် ယောက်လုံးကို မဲကင်းကုန်းတပ်ကို ပို့ပစ်လိုက်ကြတာ၊ ကလေးအဖေက အသက် ၄၀ ဝန်းကျင်လောက်ပေါ့၊ မိန်းမက ကလေးငယ်လေး ၃ ယောက်နဲ့ ကျန်ခဲ့တယ်”ဟု ဒေသခံတဦးက

👎46❤9😭1
ပြောသည်။
မြို့တွင်းလမ်းများပေါ် နေ့ခင်းကြောင်တောင် ပေါ်တာဆွဲမှုများကြောင့် လူငယ်များအနေဖြင့် အလုပ်သွား အလုပ်ပြန် ကျောင်းသွားကျောင်းပြန်ချိန်တွင် စိုးရိမ်စိတ်များဖြင့် သွားလာနေရသလို အုပ်ထိန်းသူမိဘများအနေဖြင့်လည်း ပူပင်သောက ရောက်နေသည်။
မန္တလေးမြို့တွင် လမ်းသွားလမ်းလာ လူငယ်များကို ရဲကားများဖြင့် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ညအချိန်များတွင် ပျူစောထီးများက အိမ်စီးကားများဖြင့် လှည့်လည် ဖမ်းဆီးခြင်း၊ လမ်းများပေါ်တွင် ရှောင်တခင်ယာဉ်စစ်ဆေးမှုပုံစံမျိုး ပြုလုပ် ကာ အုပ်စုဖွဲ့၍ ဖမ်းဆီးခြင်း၊ စစ်တပ်၊ ရဲ၊ ပျူစောထီးများက အရပ်ဝတ်များဖြင့် လိုက်လံဖမ်းဆီးခြင်း၊ ဧည့်စာရင်းစစ်ဆေး သည်ဟုဆိုကာ စာရွက်စာတမ်း အပြည့်အစုံဖြင့် နေအိမ်ပေါ်ထိ တက်၍ အတင်းအဓမ္မ ပေါ်တာဆွဲဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း သိရသည်။
စစ်တပ်နှင့် ရဲတပ်ဖွဲ့ ယူနီဖောင်းများဖြင့် မဟုတ်ဘဲ မီးသတ်၊ ပြည်သူ့စစ်များအပါအဝင် အခြားတပ်ဖွဲ့ ယူနီဖောင်းများ၊ အရပ် ဝတ်များဖြင့် ဖမ်းဆီးရန် ကြိုးပမ်းလာပါက အဖမ်းမခံကြဘဲ ပြန်လည်ခုခံရန်နှင့် ဖြစ်လာသည့် ပြဿနာအား ဥပဒေအကာ အကွယ်ရယူဖြေရှင်းနိုင်သည်ဟု ဥပဒေသမားများက လူမူကွန်ရက်တွင် အကြံပြုထားသည်။
“အဖမ်းခံရသူက အော်ဟစ်အကူအညီ တောင်းပါပြီတဲ့။ ကိုယ်က ဘာလုပ်ပေးနိုင်မှာမို့လို့လဲ၊ ပြည်သူတွေက အော်တော့ လွှတ် တော်မှာ ဘာပြောသွားလဲ၊ သက်သေနဲ့တကွ တိုင်ပါတဲ့၊ အတော်ရယ်ရတယ်၊ ဒီအတိုင်းကြည့်မိရင်တောင် ဘာကြည့်တာလဲ ပစ်သတ်လိုက်မယ်ပြောတဲ့ သူတွေကို သက်သေဘယ်လိုယူမလဲ၊ အခုက ကျီးလန့်စာစားနေရတာမို့ ဘာမှ လုပ်မစားရဲအာင် ဖြစ်နေပြီ”ဟု မန္တလေးမြို့ခံတဦးက ပြောသည်။
စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ၌ အသက်ဝင်စေခဲ့ပြီးနောက် ဧပြီလမှစ၍ အပတ်စဉ် ၁ ကို စတင်ခေါ်ယူခဲ့ရာ ယခု စက်တင်ဘာလတွင် အပတ်စဉ် ၂၈ သို့ ရောက်ရှိလာပြီဖြစ်သည်။ စတင်ချိန်က အပတ်စဉ် တခုလျှင် လူ ၅၀၀၀ ခါ်ယူရန် ရည်မှန်းထားသော်လည်း လက်ရှိတွင် လူအင်အားပြည့်မီရန် အခက်အခဲများရှိနေကြောင်း သိရသည်။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/09/19/416375.html

ထိုသို့ သားသည်မိခင်တို့၏ ပရိဒေ၀သောက သောကမီးတောက်နေချိန် စစ်တပ်လိုလားသူ ရုပ်ရှင်သမား အနုပညာသမား ဆိုသူများက စစ်မှုထမ်းဖို့ ဖြစ်လာခြင်းမှာ ဂုဏ်ယူစရာကောင်းကြောင်း ဝါဒဖြန့်လော်ဘီလုပ်နေသဖြင့် ပြည်သူများက ဝေဖန် ရှုတ်ချနေရာ နာမည်ကြီး ဒါရိုက်တာတဦးဖြစ်သည့် ပန်းချီ…
👎44❤7👍4😁3🤔2
ချင်းမိုင် ဒွိုင်အင်သနွန် Trekking ခရီးစဉ်များ တောင်ကျရေကြောင့် ယာယီရပ်ဆိုင်း
ဧရာဝတီ၊ စက်တင်ဘာ ၁၉၊ ၂၀၂၆
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ထိုင်းနိုင်ငံ၏ အမြင့်ဆုံးတောင်ဖြစ်သည့် ချင်းမိုင်ခရိုင်ရှိ ဒွိုင်အင်သနွန် အမျိုးသားဥယျာဉ်ဧရိယာအတွင်း တောင်ကျရေများ စီးဆင်းလာရာ ခရီးသွားများ လုံခြုံရေးအတွက် Pha Dok Siew ရေတံခွန်နှင့် ၎င်းအနီးရှိ Trekking (သဘာဝတောလမ်းလျှောက်ခရီးစဉ်များ)ကို ယမန်နေ့ နံနက် ၉ နာရီမှစ၍ ယာယီရပ်ဆိုင်းရန် အာဏာပိုင်များက ညွှန်ကြားချက် ထုတ်ပြန်လိုက်သည်။
လည်ပတ်ရန် စီစဉ်ထားသော ခရီးသွားများအနေဖြင့် ရေဘေးအခြေအနေ ပုံမှန်ပြန်ဖြစ်သည်အထိ ထိုလမ်းကြောင်းအတွင်းသို့ ဝင်ရောက်ခြင်းမှ ရှောင်ကြဉ်ကြရန်နှင့် အမျိုးသားဥယျာဉ်မှ နောက်ထပ် ထုတ်ပြန်ချက်ကို စောင့်ဆိုင်းပေးရန် မေတ္တာရပ်ခံကြောင်း ဆိုထားသည်။
ဓာတ်ပုံ-อำเภอจอมทอง จังหวัดเชียงใหม่

👎13👍10😭3😁2❤1
ပြည်တွင်းကုမ္ပဏီ ၄ ခုနှင့် ဒါရိုက်တာများ ကျားဖြန့်ကြောင့် အမည်ပျက်စာရင်းသွင်း
ဧရာဝတီ၊ စက်တင်ဘာ ၁၉၊ ၂၀၂၆
ပြည်ထဲရေးဝန်ကြီးဌာန၏ အကြောင်းကြားချက်အရ အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) လုပ်ကိုင်ပြီး မြန်မာ ကျပ် ငွေနှင့် USDT ခရစ်ပတိုငွေများ လွှဲပြောင်းနေသော ကုမ္ပဏီ ၄ ခုနှင့် ယင်းကုမ္ပဏီ၏ ဒါရိုက်တာ ၃ ဦးကို အမည်ပျက်စာရင်း ထည့်သွင်းလိုက်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ဦးစီးဌာန (DICA) က ထုတ်ပြန်သည်။
အဆိုပါ ကုမ္ပဏီ ၄ ခုမှာ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းရှိ Grand Myanmar Empire (GME) Co., Ltd.၊ ဒေါပုံမြို့နယ်၊ နွယ်နီလမ်းရှိ Silverdale Co., Ltd.၊ ဗိုလ်တထောင်မြို့နယ်၊ ဘိုကလေးဈေးလမ်းရှိ Golden Shah Co., Ltd.နှင့် Kyaw Kyaw Htun Co., Ltd တို့ဖြစ်ပြီး ယင်းကုမ္ပဏီများ၏ ဒါရိုက်တာများဖြစ်သော ဦးဇော်ထက်ဝေ၊ ဦးသိန်းထိုက်နှင့် ဦးအေးထွန်းတို့သည် ကုမ္ပဏီဒါရိုက်တာများအဖြစ် စီးပွားရေး ဆက်လက်လုပ်ကိုင်ရန် မသင့်သူအဖြစ် အမည်ပျက်စာရင်း သွင်းလိုက်ခြင်းဖြစ်သည်။
ကုမ္ပဏီမှတ်တမ်းများအရ အဆိုပါကုမ္ပဏီများအနက် Grand Myanmar Empire (GME) Co., Ltd သည် ဆောက်လုပ်ရေး၊ အင်ဂျင်နီယာနှင့် ကုန်ကြမ်းပစ္စည်း တင်ပို့ရောင်းချသည့် လုပ်ငန်း၊ Golden Shah Co., Ltd.နှင့် Kyaw Kyaw Htun Co., Ltd တို့သည် ပြည်ပသို့ စိုက်ပျိုးရေးနှင့် စားသောက်ကုန်တင်ပို့သော ကုမ္ပဏီများဖြစ်ကြကာ Silverdale Co., Ltdနှင့်ပတ်သက်၍ တိကျသည့် သတင်းအချက်အလက်များ မရရှိပေ။
DICA ၏ အွန်လိုင်းမှတ်ပုံတင်စနစ်တွင် ဖွဲ့စည်း မှတ်ပုံတင်ထားသည့် ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါ ပြဋ္ဌာန်းချက်များကို လေးစားလိုက်နာရမည့်အပြင် မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသော လုပ်ငန်းခွင်နှင့်အစိုးရဌာန၊အဖွဲ့အစည်းများမှချမှတ်ထားသော အခြားတည်ဆဲဥပဒေနှင့်နည်းဥပဒေများ လိုက်နာခြင်း မရှိကြောင်း တွေ့ရှိရပါက ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (MIC)၏ ဝက်ဘ်ဆိုက်တွင် မှတ်ပုံတင်အရာရှိက အများပြည်သူသိရှိစေနိုင်ရန် ကြေညာသွားမည်ဖြစ်ကြောင်း ဆိုသည်။
ပုံစာ-ယမန်နေ့က နေပြည်တော်၌ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပစဉ်/MOI
#WhatsHappeningInMyanmar
#RejectMilitaryCoup

😁33❤5👎3
ရာသီဥတုပြောင်းလဲမှုက နီပေါရေဘေး အဓိကအကြောင်းရင်းတခုဖြစ်ကြောင်း သိပ္ပံပညာရှင်များ ပြော
ဧရာဝတီ၊ စက်တင်ဘာ ၁၉၊ ၂၀၂၆။
လွန်ခဲ့သည့်လက လူပေါင်း ၁,၄၀၀ ကျော် သေဆုံးပြီး ထောင်ပေါင်းများစွာ ပျောက်ဆုံးနေဆဲဖြစ်သည့် နီပေါနှင့် တိဘက်ဒေသအချို့ကို ရေလွှမ်းမိုးခဲ့သော သေစေနိုင်သည့် တောင်ပေါ်ရေခဲမြစ် ပြိုကျမှုတွင် ရာသီဥတုပြောင်းလဲမှုသည် အဓိကပါဝင်ပတ်သက်နေသည့် အကြောင်းရင်းတခု ဖြစ်ကြောင်း သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။
World Weather Attribution (WWA) သုတေသနအဖွဲ့မှ သုတေသီများက ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတခု၌ ယင်းသဘာဝဘေးအန္တရာယ်သည် ရာသီဥတု ရေရှည်ပူနွေးလာမှု၊ ရေခဲမြစ်များ အရည်ပျော်လာမှု၊ ထာဝရရေခဲလွှာ (permafrost) အရည်ပျော်မှုနှင့် ဘူမိဗေဒဆိုင်ရာ မတည်ငြိမ်မှုတို့ကြောင့် ဖြစ်ပေါ်လာသည့် "ပူးတွဲအကျပ်အတည်း" (compound crisis) တခုဖြစ်ကြောင်း ဖော်ပြထားသည်။
WWA သည် ကမ္ဘာ့အပူချိန် မြင့်တက်လာမှုကြောင့် ပြင်းထန်သော ရာသီဥတုဖြစ်စဉ်များပေါ် ရိုက်ခတ်မှုအခြေအနေကို ဆန်းစစ်ရာတွင် ပညာရှင်အချင်းချင်း စိစစ်သုံးသပ်ထားသည့် (peer-reviewed) နည်းလမ်းများကို အသုံးပြုကြောင်း ၎င်း၏ ဝဘ်ဆိုက်အရ သိရသည်။
ဩဂုတ်လ ၂၆ ရက်နေ့က လန်တန်လီရောင် (Langtang Lirung) တောင်ပေါ်မှ ကျောက်တုံးနှင့် ရေခဲပြင်ကြီး အမြောက်အမြား ပြိုကျခဲ့ပြီးနောက် ရေ၊ ရေခဲနှင့် အပျက်အစီးများ စီးဆင်းရာမှ တောင်အောက်ပိုင်းရှိ လူထုအသိုင်းအဝိုင်းများနှင့် အခြေခံအဆောက်အအုံများကို ပျက်စီးစေခဲ့သည့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
"Rapid Warming in the Himalaya Exacerbates Geohazard Cascades Beyond Adaptation Limits" ဟု အမည်ပေးထားသည့် အစီရင်ခံစာတွင် "မရပ်မနား ပူနွေးလာမှုသည် ဟိမဝန္တာတောင်တန်း မြင့်မားသည့်နေရာများ၏ အေးခဲမှတ် အမြင့်ပေထဲ ပိုမိုမြင့်တက်လာခဲ့ပြီး တောင်ကျောက်လွှာအတွင်း အနက်ရှိုင်းဆုံးရှိ ရေခဲများနှင့် ထာဝရရေခဲလွှာများကို ပိုမိုမြင့်မားပြီး ကြာရှည်သည့် အပူချိန်များနှင့် ထိတွေ့စေကာ အရည်ပျော်လာသည့် တောင်စောင်းများက အားနည်းသွားသည်" ဟု ဖော်ပြထားသည်။
အစီရင်ခံစာကို ပူးတွဲရေးသားသူ ယူထရက်ချ်တက္ကသိုလ် (Utrecht University) မှ တောင်ပေါ်ရေဗေဒပညာရှင် ဝေါလ်တာ အင်မာဇီးလ်က အဆိုပါဒေသသည် ရေခဲမြစ်များ ပျော်လာခြင်းနှင့် ထာဝရရေခဲလွှာများ ပျက်စီးလာခြင်းတို့ကြောင့် တောင်တန်းများ၏ တည်ငြိမ်မှုကို ထိခိုက်စေကာ "အခြေခံကျပြီး ပြန်ပြင်ဆင်၍ မရသော အပြောင်းအလဲများ" နှင့် ကြုံတွေ့နေရသည်ဟု ပြောကြားခဲ့သည်။
လူဦးရေ သန်း ၃၀ ရှိပြီး အများအားဖြင့် ကျေးလက်ဒေသဖြစ်သော နီပေါနိုင်ငံသည် စက်မှုထွန်းကားသော နိုင်ငံများနှင့် နှိုင်းယှဉ်ပါက ကမ္ဘာ့ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုတွင် အနည်းငယ်မျှသာ ပါဝင်သည်။
သို့သော် ယခုနှစ် ဇူလိုင်နှင့် ဩဂုတ်လတို့သည် ဒေသတွင်း စံချိန်တင် အပူဆုံးလများ ဖြစ်ခဲ့ပြီး အပူချိန်မှာ ပုံမှန်ထက် ၅ ဒီဂရီ ဆဲလ်စီးယက်စ် (၉ ဒီဂရီ ဖာရင်ဟိုက်) ခန့် ပိုမိုမြင့်မားခဲ့ကြောင်း၊ ထို့ပြင် ၂၀၂၅ ခုနှစ်နှောင်းပိုင်းက နှင်းထူထပ်စွာ ကျဆင်းခဲ့ခြင်းက တောင်မပြိုကျမီ ရေများကို ပိုမိုများပြားစေခဲ့ကြောင်း လေ့လာမှုက တွေ့ရှိခဲ့သည်။
၂၀၁၅ ခုနှစ်က နီပေါတွင် လှုပ်ခတ်ခဲ့သော ပမာဏ ၇.၈ ရှိ အားပြင်းငလျင်သည်လည်း တောင်စောင်းကို ပိုမိုအားနည်းသွားစေခဲ့သည်ဟု ယူဆရသော်လည်း ယင်း၏ အတိအကျ ပါဝင်ပတ်သက်မှုကမူ မရေရာသေးကြောင်း အစီရင်ခံစာက ဆိုသည်။
လွန်ခဲ့သည့်လက ဘေးအန္တရာယ်သည် ရာသီဥတုပြောင်းလဲမှုကို ရင်ဆိုင်တုံ့ပြန်နိုင်စွမ်း၏ အကန့်အသတ်များနှင့် ပတ်သက်၍လည်း စိုးရိမ်မှုများ မြင့်တက်စေခဲ့သည်။
ဝန်ကြီးချုပ် ဗာလိန်ဒရာ ရှာ (Balendra Shah) သည် နီပေါနိုင်ငံ၏ ခေါင်းဆောင်အဖြစ် ပထမဆုံးအကြိမ် ပြည်ပခရီးစဉ်အဖြစ် လာမည့်သီတင်းပတ်တွင် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ယခု အရေးကြီးကိစ္စနှင့် ပတ်သက်၍ မိန့်ခွန်းပြောကြားမည် ဖြစ်သည်။
လွန်ခဲ့သည့်လက ရေဘေးကြောင့် ပျက်စီးသွားသည်များကို ပြန်လည်ထူထောင်ရန်အတွက် ကုန်ကျစရိတ် ဒေါ်လာ ၄.၇၈ ဘီလျံခန့် ရှိမည်ဟု နီပေါနိုင်ငံက ခန့်မှန်းထားသည်။
"ရာသီဥတုပြောင်းလဲမှုဟာ ဒီဖြစ်စဉ်ကို တွန်းအားပေးတဲ့ အကြောင်းရင်းတွေထဲက တခုဖြစ်တယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။ ဒါကြောင့်မို့လို့ ဒါကို ဆုံးရှုံးမှုနဲ့ ပျက်စီးမှု (loss and damage) အကြောင်းအရာအောက်မှာ ဆွေးနွေးဖို့ လိုအပ်ပါတယ်" ဟု လန်ဒန် အင်ပီရီယယ် ကောလိပ် (Imperial College London) မှ ရာသီဥတုဆိုင်ရာ သိပ္ပံပါမောက္ခ ဖရီးဒရီခ ကာ အော့တိုက သတင်းထောက်များကို ပြောကြားခဲ့သည်။
ဘေးအန္တရာယ်ကျရောက်ခဲ့သည့် ခရိုင်များမှ အချက်အလက်များ ကောက်ယူစိစစ်ပြီးနောက် ပျောက်ဆုံးနေသူဦးရေကို ၆,၁၅၀ ဦးအထိ ပြန်လည်ပြင်ဆင် တိုးမြှင့်လိုက်ကြောင်း နီပေါ ဘေးအန္တရာယ်ဆိုင်ရာ အာဏာပိုင်အဖွဲ့က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။
ဘေးအန္တရာယ်ဆိုင်ရာ အေဂျင်စီ၏ ထုတ်ပြန်ချက်အရ ရှာဖွေတွေ့ရှိခဲ့သည့် ရုပ်အလောင်း ၁,၄၀၃ လောင်းအနက် ၁၀၅ လောင်း၏ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပြီဖြစ်သည်။
တရုတ်နိုင်ငံပိုင် မီဒီယာများ၏ ဖော်ပြချက်အရ တရုတ်နိုင်ငံဘက်တွင် သေဆုံးသူ ၄၃ ဦးနှင့်

👍14😁14❤7😭1
ပျောက်ဆုံးသူ ၅၁၉ ဦး ရှိကြောင်း သိရသည်။
နှစ်နိုင်ငံစလုံးမှ စုစုပေါင်း သေဆုံးသူဦးရေမှာ ၁,၄၄၆ ဦးရှိပြီဖြစ်ပြီး အနည်းဆုံး လူ ၆,၆၆၉ ဦး ပျောက်ဆုံးနေဆဲ ဖြစ်သည်။
ကိုးကား။ ။ Al Jazeera သတင်း Climate change had major role in triggering Nepal floods, scientists say

👍22👎4❤2😁2😭2
မဖွေးဟာ ပဲကောက်တဲ့အလုပ်၊ ကွမ်းခြံအလုပ်၊ ကုန်စုံဆိုင်အလုပ်တွေကို လုပ်ခဲ့ရပါတယ်။ ရွာမှာ အရွယ်ကောင်း အမျိုးသားတွေ နည်းလာချိန်မှာ ရွာမှာမနေနိုင်တဲ့ အစ်ကိုရဲ့ အလုပ်တာဝန်တွေကိုပါ သူမက ဝင်ယူခဲ့ရတယ်။
မဖွေး တယောက်တည်း ဒီလိုကြီးပြင်းလာခဲ့တာတော့ မဟုတ်ပါဘူး။ သူမနဲ့အတူ ၈ တန်းတက်ခဲ့တဲ့ သူငယ်ချင်း ၁၅ ယောက်လုံး ကျောင်းဆက်မတက်ဖြစ်တော့ဘဲ အမျိုးသားတချို့က ကားမောင်း၊ စပယ်ယာလုပ်ကြသလို မိန်းကလေး ခုနစ်ယောက်ကတော့ ၁၆ နှစ်လောက်ကတည်းက အိမ်ထောင်ပြုလိုက်ကြတယ်လို့ သူမက ပြောပါတယ်။
“မှတ်မှတ်ရရ ပြောရရင် ကိုယ်မလိုချင်တဲ့ တာဝန်ကို အသက် ၁၆ နှစ်လောက်မှာ စ ထမ်းခဲ့ရတယ်။ ဒီပဋိပက္ခကြောင့် ပညာရေး ဆုံးရှုံးလိုက်ရတယ်၊ ပြီးတော့ လူငယ်ဘဝရဲ့ လွတ်လပ်ခွင့်၊ ပြန်မရနိုင်တာက အိပ်မက်တွေပေါ့” လို့ မဖွေးက ဆိုပါတယ်။
Website တွင် ဆက်လက်ဖတ်ရှုပါ - https://burma.irrawaddy.com/article/2026/09/19/416381.html

ပျောက်ဆုံးသွားသော ဆယ်ကျော်သက် အိပ်မက်များ
သူတို့တွေ ဆုံးရှုံးခဲ့ရတာ စာသင်ခန်းတခန်း မဟုတ်ပါဘူး။ ကိုယ်တိုင် ရွေးချယ်ခွင့်ရှိသင့်တဲ့ ဆယ်ကျော်သက်ဘဝတခု၊ အိပ်မက်တွေကို ကိုယ်တိုင် တည်ဆောက်ခွင့်ရှိသင့်တဲ့ အချိန်တခုနဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ် မျိုးဆက်တခုရဲ့ အလားအလာပဲ ဖြစ်ပါတယ်။
😭37❤6👍6😁1
အာဏာသိမ်းတပ်တွင်း ရာထူးအပြောင်းအလဲ လုပ်
ဧရာဝတီ၊ စက်တင်ဘာ ၁၉၊ ၂၀၂၆
၂၀၂၁ အာဏာသိမ်းပြီးကတည်းက စစ်တပ်တွင်း ထိပ်ပိုင်းရာထူးနေရာ အပြောင်းအလဲများ မကြာခဏဖြစ်ပေါ်နေရာ ပြီးခဲ့ သည့်ရက်က ပြည်ထဲရေးဝန်ကြီးမှ ဖယ်လိုက်သည့် ဒုဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေမှာ တပ်မတော် စစ်ဆေးရေးနှင့် စာရင်းစစ် ချုပ်နေရာရောက်သွားပြီး ရှမ်းမြောက် အထူးသဖြင့် နောင်ချိုတောင်းခမ်းတိုက်ပွဲ တန်ပြန်ထိုးစစ်များဖြင် နာမည်ရလာသည့် အမှတ် ၃ စစ်ဆင်ရေးအထူးအဖွဲမှူး ဒုဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးမှာ အရန်အင်အားသို့ အပို့ခံလိုက်ရကြောင်း စစ်တပ်သတင်းရင်းမြစ်များ က ဆိုသည်။
အလားတူ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူး (ကကနယ်ညွှန်မှူး) ဗိုလ်ချုပ် မင်းမင်းစိုး (စတသ၃၈)နှင့် စစ် လက်နက်ပစ္စည်း တပ်ဖွဲ့ညွှန်ကြားရေးမှူး(ကကနက် ညွှန်မှူး) ဗိုလ်ချုပ် ဝင်းမြတ် (စတသ ၃၁) တို့ကိုလည်း အရန်အင်အား၌ ထည့်သွင်းလိုက်ပြီး ဂျပန်နိုင်ငံရှိ စစ်သံမှူး ဗိုလ်မှူးချုပ် မျိုးမင်း (စတသ ၃၈)က ကကနက်ညွှန်မှူးဖြစ်လာသလို ကိုရီးယား စစ်သံမှူးဗိုလ်မှူးချုပ် ဝင်းသူ(စတသ ၃၅)က ကကနယ် ညွှန်မှူးဖြစ်လာသည်။
စစ်လက်နက်ပစ္စည်း တပ်ဖွဲ့ညွှန်ကြားရေးမှူး အပြောင်းအလဲလုပ်ရခြင်းသည် စစ်လက်နက်ပစ္စည်းတပ်များ၌ ကြီးကြပ် ကန့်သတ်ပစ္စည်းတချို့ ပျောက်ရှမှုရှိခဲ့ခြင်းကြောင့်ဖြစ်သလို ပြည်သူ့စစ်နှင့်နယ်ခြားတပ်များ ညွှန်ကြားရေးမှူးသည်လည်း ကျားဖြန့်ကိစ္စများတွင် ပါဝင်ပတ်သက်မှုကြောင့် ဖယ်ရှားရခြင်းဖြစ်သည်ဟု စစ်တပ်အသိုင်းအဝိုင်းတွင် ယူဆနေကြောင်း သိရသည်။
ထို့ပြင် ယနေ့ ပြုလုပ်နေသော ကြံ့ခိုင်ရေးပါတီဗဟိုကော်မတီအစည်းအဝေးတွင် လူစားထိုးမှုတချို့ ကြောင့် ထိုသို့ အပြောင်းအရွှေ့များ ပြုလုပ်ခြင်းဖြစ်နိုင်သည်ဆိုသော သုံးသပ်မှုများလည်း ရှိနေသည်။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/09/19/416384.html

စစ်လက်နက်ပစ္စည်း တပ်ဖွဲ့ညွှန်ကြားရေးမှူး အပြောင်းအလဲလုပ်ရခြင်းသည် စစ်လက်နက်ပစ္စည်းတပ်များ၌ ကြီးကြပ် ကန့်သတ်ပစ္စည်းတချို့ ပျောက်ရှမှုရှိခဲ့ခြင်းကြောင့်ဖြစ်သလို ပြည်သူ့စစ်နှင့်နယ်ခြားတပ်များ ညွှန်ကြားရေးမှူးသည်လည်း ကျားဖြန့်ကိစ္စများတွင် ပါဝင်ပတ်သက်မှုကြောင့်…
😁32❤12👍6🤔1😭1
ဩစတြေးလျက စမတ် မျက်မှန်တွေ ပိတ်ပင်ဖို့ စဉ်းစားနေ
ဧရာဝတီ၊ စက်တင်ဘာ ၁၉၊ ၂၀၂၆
ဩစတြေးလျနိုင်ငံက ကိုယ်ရေးကိုယ်တာနဲ့ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကြောင့် ကင်မရာပါတဲ့ စမတ် မျက်မှန်တွေကို အစိုးရဆိုင်ရာ ရုံး အဆောက်အအုံတွေမှာ ပိတ်ပင်ဖို့ စဉ်းစားနေပါတယ်။
ပြီးခဲ့တဲ့နှစ် ဆယ်ကျော်သက်တွေ ဆိုရှယ်မီဒီယာ အသုံးပြုမှုကို ကမ္ဘာ့ပထမဆုံး ပိတ်ပင်ခဲ့တဲ့ နိုင်ငံဖြစ်ခဲ့မှုက ဩစတြေးလျ အတွက် အရေးပါခဲ့ပြီး နည်းပညာ တိုးတက်လာမှုနဲ့အတူ မှန်ကန်တဲ့ ကာကွယ်မှုတွေ ချမှတ်နိုင်ခဲ့တယ်လို့ ဩစတြေးလျ ဝန်ကြီးချုပ် Anthony Albanese က ပြောပါတယ်။
“ဒစ်ဂျစ်တယ် လုံခြုံရေးအတွက် ဩစတြေးလျက ကမ္ဘာ့စံနှုန်းတွေ ချမှတ်နေတာကို ဂုဏ်ယူမိပါတယ်”လို့ ဝန်ကြီးချုပ်က ကြာသပတေးနေ့ ထုတ်ပြန်ချက်တခုမှာ ပြောဆိုပါတယ်။
စမတ် မျက်မှန်တွေကို အမြင်အာရုံ ချို့တဲ့သူတွေလိုမျိုး လူ့အဖွဲ့အစည်းအတွင်းရှိ တချို့က အပြုသဘောဆောင် ကြိုဆို ခဲ့ကြပေမယ့် ဆန္ဒမပါဘဲ ဓာတ်ပုံ ရိုက်ယူခြင်း၊ လျှို့ဝှက် မှတ်တမ်းယူခြင်းမျိုး လုပ်ဆောင်နိုင်တယ် ဆိုပြီး ကမာ္ဘတဝန်း စိုးရိမ်မှုတွေလည်း မြင့်တက်လာနေကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့လက နော်ဝေးနိုင်ငံရဲ့ မြို့တော် အော်စလို (Oslo) ရဲ့ စာသင်ကျောင်းတွေမှာ စမတ် မျက်မှန်တွေကို ပိတ်ပင်ခဲ့ပြီး အစိုးရကလည်း အသုံးပြုမှုကို ထိန်းညှိဖို့ စဉ်းစားနေတယ်လို့ ဆိုပါတယ်။
အင်္ဂလန်နဲ့ ဝေးလ်စ် မှာလည်း တရားရုံးတွေ အတွင်း Meta စမတ် မျက်မှန်တွေကို အသုံးပြုမှု တားမြစ်ထားကြောင်း သိရပါတယ်။
ဩစတြေးလျရဲ့ ပြည်သူ့ဝန်ဆောင်မှု ဝန်ကြီး Katy Gallagher က စမတ် မျက်မှန်တွေရဲ့ မှတ်တမ်းတင်နိုင်တဲ့ စွမ်းဆောင်ရည်ကြောင့် အစိုးရရုံးတွေမှာ ပိတ်ပင်ဖို့ သင့်မသင့် ပြည်သူ့ဝန်ဆောင်မှု ကော်မရှင်ကို အကြံဉာဏ်တောင်းခံ ထားကြောင်း ပြောပါတယ်။
စမတ် မျက်မှန်ရောင်းချတဲ့ ကုမ္ပဏီတွေ အနေနဲ့လည်း ပုဂ္ဂလိက ကဏ္ဍမှာ ဥပဒေကြောင်းအရ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေ ရတယ်လို့ ဆိုပါတယ်။
ဂျာမနီရှိ အခွင့်အရေး ကာကွယ်ရေး အဖွဲ့ Advocacy Group တခုကလည်း ကိုယ်ရေးကိုယ်တာ ကာကွယ်ရေး ဥပဒေ တွေကို ကိုးကားပြီး Meta ရဲ့ နည်းပညာ ပစ္စည်းတွေ ရောင်းချခြင်းမှာ ပါဝင်တဲ့ ကုမ္ပဏီတွေနဲ့ Meta ကို ရာဇဝတ်မှုဆိုင်ရာ တိုင်ကြားမှုတခု တင်သွင်းထားကြောင်းလည်း သိရပါတယ်။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/09/19/416387.html
Ref : Reuters

ဆန္ဒမပါဘဲ ဓာတ်ပုံ ရိုက်ယူခြင်း၊ လျှို့ဝှက် မှတ်တမ်းယူခြင်းမျိုး လုပ်ဆောင်နိုင်တယ် ဆိုပြီး ကမာ္ဘတဝန်း စိုးရိမ်မှုတွေလည်း မြင့်တက်လာနေ…
👍31❤6👎1🤔1