စစ်တပ်အတွက် မရဏလမ်းဖြစ်သွားတဲ့ ဧရာဝတီမြစ်ကြောင်း
ဧရာဝတီ၊ စက်တင်ဘာ ၁၈၊ ၂၀၂၆
ကချင်ပြည်နယ်ထဲက ဆုံးရှုံးသွားတဲ့ နယ်မြေတွေကို စစ်ရေးအရ ပြန်လည်စိုးမိုးနိုင်ဖို့ ကြိုးပမ်းနေတဲ့ အာဏာသိမ်း စစ်တပ်အတွက်တော့ ဧရာဝတီမြစ်ကြောင်းဟာ အခုဆိုရင် ပြန်လမ်းမဲ့ မရဏလမ်း ဖြစ်လာနေပါပြီ။
ကုန်းကြောင်းရော လေကြောင်းကပါ ထောက်ပို့ဖို့ အခက်တွေ့လာတဲ့ စစ်တပ်ဟာ စစ်အင်အားနဲ့ လက်နက်ခဲယမ်းတွေကို အဓိကအားကိုးပြီး ပို့ဆောင်နေရတဲ့ ဒီဧရာဝတီမြစ်ကြောင်းဟာ အာဏာသိမ်းစစ်တပ်အတွက်တော့ ထင်သလို ချောမွေ့မနေဘဲ သေမင်းတမန် လမ်းခရီးတခုအဖြစ် ရင်ဆိုင်ကြုံတွေ့နေရတာ ဖြစ်ပါတယ်။
ဧရာဝတီမြစ်ကြောင်းတလျှောက် အစုန်ရော အဆန်မှာပါ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ပူးပေါင်းတပ်တွေရဲ့ အပြင်းအထန် ကြားဖြတ်တိုက်ခိုက်မှုတွေကြောင့် စစ်တပ်ရဲ့ ရေယာဉ်တွေဟာ မြစ်ကြမ်းပြင်ဆီ တစင်းပြီးတစင်း နစ်မြုပ်ပျက်စီးနေရပြီး အွန်လိုင်းလူမှုကွန်ရက်ပေါ်မှာ "ကချင်သင်္ဘောသီးထောင်း" ဆိုပြီး လှောင်ပြောင်အမည်တပ်ခံရတဲ့အထိ စစ်တပ်ဟာ အရှက်ရဖွယ် ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
https://youtu.be/ij5pciWR8bE
#မြန်မာ #ဧရာဝတီ #ကချင် #KIA #PDF #WhatsHappensInMyanmar
ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation

YouTube
စစ်တပ်အတွက် မရဏလမ်းဖြစ်သွားတဲ့ ဧရာဝတီမြစ်ကြောင်း | The Irrawaddy
ကချင်ပြည်နယ်ထဲက ဆုံးရှုံးသွားတဲ့ နယ်မြေတွေကို စစ်ရေးအရ ပြန်လည်စိုးမိုးနိုင်ဖို့ ကြိုးပမ်းနေတဲ့ အာဏာသိမ်း စစ်တပ်အတွက်တော့ ဧရာဝတီမြစ်ကြောင်းဟာ အခုဆိုရင် ပြန်လမ်းမဲ့ မရဏလမ်း ဖြစ်လာနေပါပြီ။
ကုန်းကြောင်းရော လေကြောင်းကပါ ထောက်ပို့ဖို့ အခက်တွေ့လာတဲ့ စစ်တပ်ဟာ စစ်အင်အားနဲ့…

👍54❤12👎1😁1
မမေ့နိုင်တဲ့ ၁၉၈၈ စက်တင်ဘာ ၁၈ရက် ညနေ ၄နာရီ
ဧရာဝတီ၊ စက်တင်ဘာ ၁၈၊ ၂၀၂၆
လွန်ခဲ့သော ၃၈နှစ် တပါတီအာဏာရှင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အစိုးရအပေါ် လူထုက အထွေထွေ မကျေနပ်မှုကြောင့် ဖြုတ်ချရန် ကြိုးပမ်းနေချိန် စက်တင်ဘာ ၁၈ ရက် ညနေ ၄ နာရီတွင် မြန်မာအသံမှ စစ်သီချင်းသံများ ရုတ်တရက် ထွက်ပေါ် လာကာ "တိုင်းပြည်အာဏာကို စစ်တပ်က ရယူလိုက်ကြောင်း" ဗိုလ်ချုပ်ကြီး စောမောင်က ကြေညာခဲ့သည်။
မြန်မာပြည်တွင် စစ်တပ်အာဏာသိမ်းခြင်းသည် ၁၉၆၂ မတ်၂ ရက်တွင် တကြိမ်၊ ၁၉၈၈ စက်တင်ဘာ ၁၈ ရက်တွင် တကြိမ်၊ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် ၁ ကြိမ်၊ စုစုပေါင်း ၃ ကြိမ်ရှိခဲ့ရာ ၁၉၈၈ စက်တင်ဘာ ၁၈ ရက် ဖြစ်ရပ်မှာ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ် အစိုးရလက်ထဲမှ အာဏာသိမ်းသည်ဆိုခြင်းထက် ဒီမိုကရေစီ တောင်းဆိုနေသည့် လူထုကို ဖြိုခွဲနှိပ်ကွပ်ရန် အာဏာလွှဲယူသည် ဆိုခြင်းက ပိုမှန်မည် ဖြစ်သည်။
ထိုစဉ်က အစိုးရအဖွဲ့ကို ဦးဆောင်နေသူများမှာ စစ်တပ် ခေါင်းဆောင်ဟောင်းများဖြစ်ရာ စစ်တပ်အနေဖြင့် ထိုလူကြီးများထံမှ အာဏာသိမ်းဖို့ ရည်ရွယ်ချက်မရှိ သိမ်းလည်း မသိမ်းလို၊ လမ်းစဉ်ပါတီ ဥက္ကဋ္ဌ ဦးနေဝင်းက စစ်တပ်ကို အာဏာသိမ်းရန် ကာကွယ်ရေးဦးစီးချုပ်အား အမိန့်ပေးခြင်းကြောင့်သာ ဖြစ်ကြောင်း ထိုစဉ်က အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဒု ဗိုလ်ချုပ်ကြီးဟောင်း ထွန်းကြည်က "နှစ် ၅၀ ကျော် ကိုယ်တွေ့များ" စာအုပ်တွင် ရေးသားခဲ့သည်။
သို့သော် တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ကမူ သူနှင့်တပ်မတော် ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမောင်တို့ ပါတီ ဥက္ကဋ္ဌ ဦးနေဝင်းထံသို့ သွားရောက်ကာ အခြေအနေကို တင်ပြပြီးနောက် ဦးနေဝင်းက ဥပဒေနှင့်အညီ အာဏာ သိမ်းနိုင်အောင် စီစဉ်ပေးခြင်းဖြစ်ကြောင်း သူရေးသားသည့် “ကြုံတွေ့ခဲ့ရ ကျွန်တော့် ဘ၀ အထွေထွေ” စာအုပ်တွင် ဖွင့်ဟ၏။
ထို့သို့ အာဏာသိမ်းပြီးနောက် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပေးမည်ဟု ဗိုလ်ချုပ်ကြီး စောမောင် က ကတိပေး အယုံသွင်းရာ ပါတီများဖွဲ့စည်းပြီး ရွေးကောက်ပွဲ ဝင်ကြသော်လည်း ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရသည့် အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို အာဏာ မလွှဲဘဲ စစ်တပ်က ဆက်လက် အုပ်ချုပ်ခဲ့ရာ၂၃ နှစ် တိုင်ခဲ့သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင်လည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြို အနိုင်ရခဲ့သည့် NLD ပါတီအစိုးရကို ဖြုတ်ချခဲ့ကာ ထပ်မံ အာဏာသိမ်းခဲ့ရာ စစ်အာဏာရှင်အောက် ထပ်မံကျ ရောက်ခဲ့သည်။
#WhatsHappeningInMyanmar

👎28❤10👍9😭5
• ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ မင်းအောင်လှိုင်လူတွေ ဖြစ်လာမလား
• ပြည်ထဲရေးဝန်ကြီးကို မင်းအောင်လှိုင်တိုက်ရိုက်ခန့်
• ဖမ်းဆီးခံထားရသူ လွတ်မြောက်ရေးအတွက် မြန်မာကိုသွားခဲ့တာလို့ အမေရိကန်ပြော
• သုံးချီအတွင်း ပန်တိုဂျာကို အလဲထိုးမယ်လို့ ဗန်ပြော
• Passport သက်တမ်းကုန်နေသူတွေအတွက် NUG နဲ့ ဂျပန်အစိုးရ ညှိနှိုင်းမှုအောင်မြင်
• ဘန်ကောက်က iPhone 18 Pro ရောင်းချပွဲမှာ မြန်မာအများအပြားလာရောက်ဝယ်ယူ
နေ့စဉ်သတင်း၊ စက်တင်ဘာ ၁၈၊ ၂၀၂၆
https://youtu.be/DdWej5QpeCU
#မြန်မာ #ဧရာဝတီ #ကြံ့ခိုင်ရေးပါတီ #ဥက္ကဋ္ဌ #ပြည်ထဲရေး #မင်းအောင်လှိုင် #အမေရိကန် #Passport #NUG #JoshuaVan #Pantoja #iPhone #နေ့စဉ်သတင်း #DailyNews #WhatsHappeningInMyanmar
ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
• ပြည်ထဲရေးဝန်ကြီးကို မင်းအောင်လှိုင်တိုက်ရိုက်ခန့်
• ဖမ်းဆီးခံထားရသူ လွတ်မြောက်ရေးအတွက် မြန်မာကိုသွားခဲ့တာလို့ အမေရိကန်ပြော
• သုံးချီအတွင်း ပန်တိုဂျာကို အလဲထိုးမယ်လို့ ဗန်ပြော
• Passport သက်တမ်းကုန်နေသူတွေအတွက် NUG နဲ့ ဂျပန်အစိုးရ ညှိနှိုင်းမှုအောင်မြင်
• ဘန်ကောက်က iPhone 18 Pro ရောင်းချပွဲမှာ မြန်မာအများအပြားလာရောက်ဝယ်ယူ
နေ့စဉ်သတင်း၊ စက်တင်ဘာ ၁၈၊ ၂၀၂၆
https://youtu.be/DdWej5QpeCU
#မြန်မာ #ဧရာဝတီ #ကြံ့ခိုင်ရေးပါတီ #ဥက္ကဋ္ဌ #ပြည်ထဲရေး #မင်းအောင်လှိုင် #အမေရိကန် #Passport #NUG #JoshuaVan #Pantoja #iPhone #နေ့စဉ်သတင်း #DailyNews #WhatsHappeningInMyanmar
ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
YouTube
ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ မင်းအောင်လှိုင်လူတွေ ဖြစ်လာမလား | The Irrawaddy
• ပြည်ထဲရေးဝန်ကြီးကို မင်းအောင်လှိုင်တိုက်ရိုက်ခန့်
• ဖမ်းဆီးခံထားရသူ လွတ်မြောက်ရေးအတွက် မြန်မာကိုသွားခဲ့တာလို့ အမေရိကန်ပြော
• သုံးချီအတွင်း ပန်တိုဂျာကို အလဲထိုးမယ်လို့ ဗန်ပြော
• Passport သက်တမ်းကုန်နေသူတွေအတွက် NUG နဲ့ ဂျပန်အစိုးရ ညှိနှိုင်းမှုအောင်မြင်…

👍36❤7😱2👎1🤔1
Media is too big
VIEW IN TELEGRAM
ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ မင်းအောင်လှိုင်လူတွေဖြစ်လာမလား
စစ်အာဏာရှင်တွေမွေးဖွားပေးထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ရဲ့ ပါတီညီလာခံနဲ့ ဗဟို ကော်မတီအစည်းအဝေးကို နေပြည်တော်က ပါတီဌာနချုပ်မှာ စက်တင်ဘာလ ၁၈ ရက်နေ့မှာ စတင်ကျင်းပ နေပြီ ဖြစ်ပါတယ်။
ဒီအစည်းအဝေးတွေကို စက်တင်ဘာ ၁၈ ရက်ကနေ ၂၀ ရက်နေ့အထိ သုံးရက်ကြာ ပြုလုပ်သွားမှာဖြစ်ပြီး၊ ဒီကနေ့မှာ ဗဟိုကော်မတီအစည်းအဝေး ကျင်းပကာ စက်တင်ဘာ ၁၉ နဲ့ ၂၀ ရက်တွေမှာတော့ စတုတ္ထအကြိမ် ပါတီညီလာခံကို ဆက်လက်ကျင်းပသွားမှာပါ။
ဒီညီလာခံကနေတဆင့် ပါတီဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌ နေရာတွေ အပါအဝင် ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်သစ်တွေကို အတည်ပြု ရွေးချယ်တင်မြှောက်သွားဖို့ ရှိနေပါတယ်။
#မြန်မာ #ဧရာဝတီ #ကြံ့ခိုင်ရေးပါတီ #ဥက္ကဋ္ဌ #ညီလာခံ #ဦးခင်ရီ #USDP #WhatsHappeningInMyanmar

❤22😁16👍5🤔5😱2
၂၀၁၈ ခုနှစ် စက်တင်ဘာလက ဧရာဝတီမှာ ရေးထားတဲ့ စစ်အာဏာသိမ်းမှု အကြောင်း ဆောင်းပါးကို ပြန်လည် ဖော်ပြလိုက်ပါတယ်။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2018/09/22/170499.html

👍38❤3👎2🤔1
အမေရိကန်တွေ နေပြည်တော် ဘာလာလုပ်တာလဲ (ရုပ်/သံ)
ဧရာဝတီ၊ စက်တင်ဘာ ၁၉၊ ၂၀၂၆
၂၀၂၆ စက်တင်ဘာ ၁၅ ရက်က နေပြည်တော်ကို အမေရိကန်အစိုးရကိုယ်စားလှယ်အဖွဲ့တဖွဲ့လေယာဉ်တစီးဖြင့် ရောက်သွားခဲ့သည်။ မည်သူပါဝင်ပြီး မည်သည့် ရည်ရွယ်ချက်ဖြင့် သွားရောက်ကြသနည်း။
နေပြည်တော် စစ်လော်ဘီများက ဆိုက်ဝါးလုပ်ကြသည်။ အမေရိကန်တွေ နေပြည်တော်အပေါ် သဘောထားပြောင်းပြီ စသဖြင့် ဝါဒဖြန့်ကြသည်။ သို့သော် နောက်တနေ့ နေပြည်တော်က ၃ လကြာ ဖမ်းထားသည့် အမေရိကန်တဦးကို ပြည်နှင်ဒဏ် ပေးလိုက်ကြောင်း ကြေညာသည်။
အမေရိကန်တွေ ပြည်ပမှာ ဖမ်းခံရလျှင် အမေရိကန် အစိုးရက လိုက်ထုတ်ပေးတတ်တာ သဘာဝဖြစ်သည်။ ဒီတပတ် အယ်ဒီတာ့စကားဝိုင်းမှာ မြန်မာ့ ဒီမိုကရေစီ နိုင်ငံရေးလမ်းကြောင်းပေါ်က အမေရိကန်တွေအကြောင်း ပြောဆိုဆွေးနွေးထားသည်။
https://youtu.be/zxTFIAG1qkw

အမေရိကန်တွေ နေပြည်တော် ဘာလာလုပ်တာလဲ | The Irrawaddy
၂၀၂၆ စက်တင်ဘာ ၁၅ ရက်က နေပြည်တော်ကို အမေရိကန်အစိုးရကိုယ်စားလှယ်အဖွဲ့တဖွဲ့လေယာဉ်တစီးဖြင့် ရောက်သွားခဲ့သည်။ မည်သူပါဝင်ပြီး မည်သည့် ရည်ရွယ်ချက်ဖြင့် သွားရောက်ကြသနည်း။
နေပြည်တော် စစ်လော်ဘီများက ဆိုက်ဝါးလုပ်ကြသည်။ အမေရိကန်တွေ နေပြည်တော်အပေါ် သဘောထားပြောင်းပြီ…

👍41❤6😁2👎1🤔1
ဝါဒဖြန့်ချိရေးဇာတ်ကားတွေ ဘာကြောင့်ရိုက်နေရသလဲ
ဧရာဝတီ၊ စက်တင်ဘာ ၁၉၊ ၂၀၂၆
ပြည်သူလူထုတရပ်လုံး အတိဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်ကြုံတွေ့နေရချိန်မှာပဲ ပြည်တွင်းက အနုပညာရှင်တချို့ဟာ အာဏာသိမ်းစစ်တပ်ရဲ့ ပြည်သူ့ဆက်ဆံရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးနဲ့ ပူးပေါင်းပြီး စစ်တပ်အတွက် ဝါဒဖြန့်ဇာတ်ကားတွေ ရိုက်ကူးပေးနေကြပါတယ်။
အထူးသဖြင့် လက်ရှိမှာ မိဘပြည်သူတွေနဲ့ လူငယ်ထုတရပ်လုံး စိုးရိမ်ထိတ်လန့်နေကြရတဲ့ စစ်မှုထမ်းဥပဒေထဲ လူငယ်တွေ ဝင်ရောက်လာအောင် စည်းရုံးဆွဲဆောင်ထားတဲ့ "တောစီးဖိနပ်ကလေးရဲ့အိမ်ပြန်ချိန်" ဆိုတဲ့ ဝါဒဖြန့်ဇာတ်လမ်းတို ထွက်ပေါ်လာတာဟာ စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်သူတွေကို သပိတ်မှောက်နေကြတဲ့ ပြည်သူတွေကြားမှာ ဝေဖန်မှုတွေ ပိုမိုပြင်းထန်လာစေခဲ့တာပါ။
ပြည်သူတွေရဲ့ နေ့စဉ်ဒုက္ခဆင်းရဲတွေကို လျစ်လျူရှုပြီး စစ်တပ်ကို အားပေးအားမြှောက်ပြုတဲ့ ဝါဒဖြန့်ဇာတ်ကားတွေ ရိုက်ကူးထုတ်လွှင့်နေတဲ့ ဒီလိုလုပ်ရပ်တွေအပေါ် တော်လှန်ရေးအနုပညာရှင် ဒါရိုက်တာ ကိုပေါက်ကတော့ ဧရာဝတီနဲ့ အင်တာဗျူးမှာ ဝေဖန်ထောက်ပြလိုက်ပါတယ်။
https://youtu.be/9Qu6SfcuY7A
#မြန်မာ #ဧရာဝတီ #ဝါဒဖြန့် #စစ်တပ် #အနုပညာရှင် #WhatsHappensInMyanmar

ဝါဒဖြန့်ချိရေးဇာတ်ကားတွေ ဘာကြောင့်ရိုက်နေရသလဲ | The Irrawaddy
ပြည်သူလူထုတရပ်လုံး အတိဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်ကြုံတွေ့နေရချိန်မှာပဲ ပြည်တွင်းက အနုပညာရှင်တချို့ဟာ အာဏာသိမ်းစစ်တပ်ရဲ့ ပြည်သူ့ဆက်ဆံရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးနဲ့ ပူးပေါင်းပြီး စစ်တပ်အတွက် ဝါဒဖြန့်ဇာတ်ကားတွေ ရိုက်ကူးပေးနေကြပါတယ်။
အထူးသဖြင့်…
အထူးသဖြင့်…
👍44❤5👎4😁2🤔1
Media is too big
VIEW IN TELEGRAM
သုံးချီအတွင်း ပန်တိုဂျာကို အလဲထိုးမယ်လို့ ဗန်ပြော
UFC Flyweight ချန်ပီယံ ဂျော့ရှုဝါဗန်က အလက်ဇန္ဒရီ ပန်တိုဂျာနဲ့ ထိုးသတ်မယ့်ပွဲမှာ သုံးချီအတွင်း အလဲထိုး အနိုင်ယူမယ်လို့ ပြောလိုက်ပါတယ်။ စက်တင်ဘာ ၁၆ ရက်နေ့က Full Send MMA ချန်နယ်နဲ့ လုပ်တဲ့ အင်တာဗျူးမှာ အဲ့ဒီလိုပြောလိုက်တာပါ။
ပန်တိုဂျာရဲ့ တိုက်ခိုက်ပုံကို လေ့လာထားသလို သူ့ရဲ့ အားနည်းချက်တချို့ကိုလည်း တွေ့ထားတာကြောင့် သုံးချီအတွင်း ပွဲသိမ်းမယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၁၉ ရက်နေ့မှာ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့ UFC 331 ရဲ့ခေါင်ပွဲအဖြစ် ယှဉ်ပြိုင်ထိုးသတ်သွားမှာ ဖြစ်ပြီး ဒီပွဲဟာ ဗန်အတွက် Flyweight ချန်ပီယံခါးပတ် ကာကွယ်ပွဲဖြစ်သလို ပန်တိုဂျာကတော့ ချန်ပီယံခါးပတ်ကို ပြန်လည်ရယူဖို့ စိန်ခေါ်ထိုးသတ်မှာ ဖြစ်ပါတယ်။
#မြန််မာ #ဧရာဝတီ #JoshuaVan #Pantoja #Flyweight #ချန်ပီယံခါးပတ် #UFC #ဗန် #ပန်တိုဂျာ

👍42❤9👎1
ဂန္ထဝင် ရသ ကာတွန်းများ
ဧရာဝတီ၊ စက်တင်ဘာ ၁၉၊ ၂၀၂၆
ကာတွန်း ဟန်လေး ၏ ဂန္ထဝင် လက်ရာတခုကို ပြန်လည် ဖော်ပြလိုက်ပါသည်။
Caption - မီးမြှိုက်သူများ
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

❤20👍15👎2
နှလုံးသား ရသ နှင့် ဦးနှောက်ကို ထွန်းညှိခြင်း
အခု စနေမှာ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ရေးသားတဲ့ အကျဉ်းထောင် စစ်ကြောရေးနဲ့ စစ်ထောက်လှမ်းရေး အကြောင်း ဆောင်းပါးကို ပြန်လည် တင်ဆက်ထားပါတယ်။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2026/09/19/416361.html

ဧရာဝတီ
အစာမကြေဘူး ကမ္ဘာမကြေဘူး
ထောင်ထဲက စစ်ထောက်လှမ်းရေးတွေရဲ့ စစ်မေး ညှင်းပန်း နှိပ်စက်မှုတွေဟာ တိရစာ္ဆန်ထက်တောင် ပိုမိုရက်စက် ကြမ်းကြုတ်တယ်။ ဒါကြောင့် တိရစာ္ဆန် မဆန်စွာလို့ ကျနော် ဝိဂြိုဟ် ပြုတာ…
👍37❤3👎2😭1
သား မင်္ဂလာပွဲ ကုန်ကျစရိတ် စိုက်ထုတ်ပေးခဲ့သည့် ရုရှား ဘီလျံနာအား ငွေပြန်ဆပ်ခဲ့ကြောင်း တရမ့် ပြော
ဧရာဝတီ၊ စက်တင်ဘာ ၁၉၊ ၂၀၂၆။
သမ္မတ ဒေါ်နယ်တရမ့်က ၎င်း၏ သားဖြစ်သူ ဒေါ်နယ်တရမ့် ဂျူနီယာသည် ဘဟားမားစ် (Bahamas) တွင် ကျင်းပခဲ့သည့် မင်္ဂလာပွဲကျင်းပရေး ကုန်ကျစရိတ် အချို့အတွက် ဒေါ်လာ ထောင်ပေါင်းများစွာ ကုန်ကျခံပေးခဲ့သော ရုရှား ဘီလျံနာအား ငွေကြေးများ ပြန်လည်ပေးဆပ်ခဲ့ကြောင်း သောကြာနေ့တွင် ပြောကြားခဲ့သည်။
"ကျနော် နားလည်ထားသလောက်တော့ သူ ငွေပြန်ဆပ်လိုက်ပါပြီ" ဟု တရမ့်က ရုံးခန်းအတွင်း သတင်းထောက်များကို ပြောကြားခဲ့သည်။
ဒေါ်နယ်တရမ့် ဂျူနီယာ မင်္ဂလာဧည့်ခံပွဲ ကုန်ကျစရိတ်အချို့ကို ကရင်မလင်နှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင် ဥမာ ကရမ်လဗ် (Umar Kremlev) က စိုက်ထုတ်ပေးခဲ့သည်ဟု ProPublica က သတင်းဖော်ပြခဲ့သည်။
တရမ့်၏ ပြောကြားချက်သည် မင်္ဂလာပွဲ ကုန်ကျစရိတ် ကျခံပေးခဲ့မှုအပေါ် အစိုးရအဖွဲ့ အတွင်း၌ မသက်မသာ ဖြစ်မှုများ ရှိနေနိုင်ကြောင်း ဖော်ပြနေသည့် အလေးနက်ဆုံး လက္ခဏာဖြစ်သော်လည်း သမ္မတကမူ မိတ်ဆွေတဦးက မင်္ဂလာပွဲနှင့် ဆက်စပ်သည့် အခမ်းအနားများအတွက် ကျခံပေးခြင်းမှာ သာမန်ကိစ္စသာ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
"သူနဲ့ သိတဲ့သူတယောက်က — ကျနော်ထင်တာတော့ သူ့သူငယ်ချင်းတယောက်ပေါ့ — မင်္ဂလာဧည့်ခံပွဲ လုပ်ပေးတာပါ။ ဒါက အရမ်း သာမန်ဆန်ပါတယ်။ မင်္ဂလာဧည့်ခံပွဲတွေ လုပ်ပေးကြတာ ကျနော် ကြားဖူးတာ အများကြီးပါ" ဟု တရမ့်က ပြောခဲ့သည်။
ကရမ်လဗ်က အခမ်းအနားအတွက် ကုန်ကျစရိတ် ကျခံပေးခဲ့ခြင်းမှာ သင့်တော်မှု ရှိ၊ မရှိ မေးမြန်းခဲ့ရာတွင် တရမ့်က "ဒါဟာ လုံးဝ ခွင့်ပြုထားတာပါ" ဟု ပြောဆိုခဲ့ပြီး ကရမ်လဗ်၏ ကရင်မလင်နှင့် ဆက်နွယ်မှုများအပေါ် စိုးရိမ်မှုများကိုမူ "(တရမ့် ဂျူနီယာအနေနဲ့) သူ့ရဲ့ နောက်ကြောင်းရာဇဝင်ကို စိစစ်မထားတာလည်း ဖြစ်နိုင်တာပဲ" ဟု ဆိုကာ ပယ်ချခဲ့သည်။
တရမ့် ဂျူနီယာနှင့် ၎င်း၏ ဇနီးဖြစ်သူ ဘက်တီနာ အန်ဒါဆန် (Bettina Anderson) တို့သည် ကရမ်လဗ်က မင်္ဂလာဧည့်ခံပွဲ ကုန်ကျစရိတ်အချို့ကို ကျခံပေးခဲ့ကြောင်း ထုတ်ပြန်ချက်တခုတွင် ယခင်ကတည်းက အတည်ပြုခဲ့ပြီး ယခုကဲ့သို့ လက်ဆောင် ရယူခဲ့မှုကို ကာကွယ်ပြောဆိုခဲ့သည်။ အန်ဒါဆန်၏ အင်စတာဂရမ် အကောင့်တွင် တင်ထားပြီး "ဒွန် နှင့် ဘက်တီနာ" ဟု လက်မှတ်ရေးထိုးထားသည့် အဆိုပါ ထုတ်ပြန်ချက်၌ ကရမ်လဗ် တည်ခင်းဧည့်ခံသည့် အခမ်းအနားမှာ တကယ့် မင်္ဂလာပွဲအခမ်းအနား ပြီးစီးခဲ့ပြီးနောက်မှ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
"ကျမတို့ရဲ့ ချစ်လှစွာသော မိတ်ဆွေ ဥမာ ဟာ ကျမတို့ မင်္ဂလာပွဲ ပြီးတဲ့နောက်ပိုင်း မယုံနိုင်စရာ ကောင်းလောက်အောင် အံ့ဩစရာကောင်းတဲ့ ဂုဏ်ပြုပွဲ ညစာစားပွဲ နှစ်ညစာကို ကျမတို့အတွက် မေတ္တာလက်ဆောင်အဖြစ် ရက်ရက်ရောရော ဖိတ်ကြားဧည့်ခံပေးခဲ့တာပါ။ ဒါဟာ မိတ်ဆွေတစ်ယောက်ဆီက ရရှိခဲ့တဲ့ လွန်စွာ ရက်ရောတဲ့ မင်္ဂလာလက်ဆောင်ဖြစ်ပြီး ကျမတို့ အရမ်းပဲ ကျေးဇူးတင်ခဲ့သလို အခုထိလည်း ကျေးဇူးတင်နေတုန်းပါပဲ" ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
"ဒီလိုမျိုး ကိုယ်ရေးကိုယ်တာဆန်ပြီး ပျော်စရာကောင်းတဲ့ ကိစ္စတခုကို တစုံတယောက်က ဘယ်သူဘယ်ဝါဖြစ်တယ်၊ ဘာဇာတိဖြစ်တယ်ဆိုတဲ့ အချက်တစ်ခုတည်းနဲ့ နိုင်ငံရေးဆန်တဲ့ သို့မဟုတ် မသမာတဲ့ ကိစ္စတခုအဖြစ် ပုံဖျက်တာဟာ ဝမ်းနည်းစရာကောင်းပါတယ်။ ချစ်ကြည်ရင်းနှီးမှုမှာ နိုင်ငံရေး ရည်ရွယ်ချက် မလိုပါဘူး။ ရက်ရောမှု နောက်ကွယ်မှာ အစီအစဉ်တခု အလိုလို ပါလာတာ မဟုတ်ပါဘူး။ တခါတလေမှာ မင်္ဂလာလက်ဆောင်ဆိုတာ မင်္ဂလာလက်ဆောင် သက်သက်ပါပဲ" ဟု ဆက်လက်ဖော်ပြထားသည်။
ယခုသီတင်းပတ် အစောပိုင်းက ရုရှား ဘီလျံနာနှင့် ပတ်သက်သည့် မေးခွန်းကို တုံ့ပြန်ရာတွင် ဥပဒေချုပ် တော့ဒ် ဘလန့်ချ် (Todd Blanche) က တရမ့်အနေဖြင့် "ဒီလူ ဘယ်သူဆိုတာကို မသိပါဘူး" ဟု ပြောကြားခဲ့ပြီး ၎င်း၏ ဝန်ကြီးဌာနက စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်မည်ဆိုသည့် အယူအဆကို ပယ်ချခဲ့သည်။
"'ကျနော် စုံစမ်းစစ်ဆေးနေသလား' လို့ မေးရင်၊ ကျနော်က ဘာကို စုံစမ်းစစ်ဆေးရမှာလဲ" ဟု ဘလန့်ချ် က ပြောကြားခဲ့သည်။
ကိုးကား။ ။ သတင်း Trump says his son paid back Russian billionaire who funded parts of wedding celebration
ပုံစာ - ဒေါ်နယ်တရမ့် ဂျူနီယာ မင်္ဂလာဧည့်ခံပွဲ/ ProPublica

😁34❤17👍4👎1😱1
မန္တလေး စစ်မှုထမ်းမဲနှိုက်ရာ ကျောင်းသားများလည်း ပါဝင်လာ
ဧရာဝတီ၊ စက်တင်ဘာ ၁၉၊ ၂၀၂၆
မန္တလေး ၇ မြို့နယ်ရှိ ရပ်ကွက်များ၌ စစ်မှုထမ်းအကျုံးဝင်သူများကို မဲနှိုက်ရွေးချယ်ရာ အခြေခံပညာအထက်တန်းအဆင့် ကျောင်းသားများ ပါနေပြီး လာရောက်မဲမနှိုက်ပါက အုပ်ထိန်းသူမိဘများကို ဖမ်းဆီးအရေးယူမည်ဟု ခြိမ်းခြောက်သည့် အပြင် အမှတ်စဉ် ၁ မှ ၅၀ အတွင်း မဲပေါက်သူများ ယခုလ ဆင့်ခေါ်မည် ဆိုသဖြင့် မိဘအုပ်ထိန်းသူများစိုးရိမ်နေသည်။
မဟာအောင်မြေမြို့နယ် သံလျက်မှော်အနောက်ရပ်ကွက်မှ ကျောင်းသားမိဘတဦးက “အခုက ကျောင်းသားတွေပါ မဲနှိုက်ရတာ မဲနံပါတ် ၁ ထောင်ကျော် ကျတယ်၊ သားနဲ့ တူလေးတွေက ကျောင်းတက်နေကြတာလို့ ပြောတော့ ကျောင်း ထောက်ခံစာတွေ၊ ကျောင်းသားကတ်တွေ၊ မွေးစာရင်းတွေကအစ မိတ္တူတွေအကုန် ပေးထားရတယ်၊ လောလောဆယ် ဆိုင်းငံ့လုပ်ပေးထားမယ်လို့တော့ ပြောလိုက်တယ်”ဟု
စစ်မှုထမ်း ဥပဒေအရ စစ်မှုထမ်း ရွှေ့ဆိုင်းခွင့်ပြုသူများစာရင်းတွင် ပညာသင်ကြားနေသူများလည်းပါဝင်ရာ ထိုသို့ ရွှေ့ဆိုင်းနိုင်ရေး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး တိုင်း သို့မဟုတ် ပြည်နယ်အဖွဲ့မှ ဆင့်ခေါ်ရေးဗဟိုအဖွဲ့သို့ တင်ပြရသည်။
ထို့အတူ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ကြီးများအပါအဝင် အာဏာသိမ်းအစိုးရ ထိန်းချုပ်ဒေသများမှ တက္ကသိုလ် တက်နေသူများနှင့် အထက်တန်းအဆင့် ကျောင်းသားကျောင်းသူများ စာရင်းကိုလည်း မြို့နယ်အုပ်ချုပ်ရေး အဖွဲ့များက တောင်းခံထားပြီး မျက်မှန်တပ်ရသူ၊ ကျန်းမာရေးအရ ရေရှည် ဆေးဝါးသုံးစွဲနေရသူ၊ ကိုယ်လက်အင်္ဂါချို့ယွင်းသူ စသည်ဖြင့် ခွဲခြားကောက်ယူထားကြောင်း သိရသည်။
ချမ်းမြသာစည်မြို့နယ်မှ မိခင်တဦးက “ကိုယ့်သားသမီး သူ့သားသမီး သေမိန့်နံပါတ်ပြား သွားနှိုက်ရသလိုပဲ စိုးရိမ်စိတ် မဖြစ်ဘဲ နေမလား၊ နံပါတ်အသေး မကျပါ စေနဲ့လို့ ဆုတောင်းပြီး မချင့်မရဲနဲ့ မဲနှိုက်ခဲ့ရတာပေါ့၊ နံပါတ်စဉ် စောကျတဲ့သူ တွေဆို ငိုကြယိုကြနဲ့ပေါ့၊ ရောဂါအခံရှိတဲ့ မအေတွေဆိုရင် မူးလဲကျတာတွေပါ ဖြစ်တာ”ဟု ပြောသည်။
ထိုသို့ သားသည်မိခင်တို့၏ ပရိဒေ၀ သောကမီးတောက်နေချိန် စစ်တပ်လိုလားသူ ရုပ်ရှင်သမား အနုပညာသမား ဆိုသူများက စစ်မှုထမ်းဖို့ ဖြစ်လာခြင်းမှာ ဂုဏ်ယူစရာကောင်းကြောင်း ဝါဒဖြန့်လော်ဘီလုပ်နေသဖြင့် ပြည်သူများက ဝေဖန် ရှုတ်ချနေရာ နာမည်ကြီး ဒါရိုက်တာတဦးဖြစ်သည့် ပန်းချီစိုးမိုးဆိုလျှင် ၎င်း၏ မြေးများကိုမူ ပြည်ပပို့ထားပြီး ကျန်လူငယ်များ ကို စစ်ထဲဝင်ခိုင်းသဖြင့် စာနာမှုကင်းမဲ့သူအဖြစ် အများကသတ်မှတ်ပြောဆိုနေသည်။
မန္တလေး၌ စက်တင်ဘာလဆန်းမှစ၍ မဲနှိုက်မှုများ ပြန်လည်ပြုလုပ်နေရာ ဆင့်ခေါ်ရာတွင် မလာရောက်ပါက ကျေးရွာ ရပ်ကွက် အုပ်ချုပ် ရေးအဖွဲ့များအနေဖြင့် ကိုယ်စား မဲနှိုက်သွားမည်ဟု အသိပေးထားကြောင်းလည်း သိရသည်။
“အုပ်ကြီးတွေ အသစ်အဟောင်းမပြောင်းခင်က အတိုင်းပဲ၊ အိမ်ထောင်စုဇယားမှာပါတဲ့ ယောက်ျားလေးတွေ အကုန်လုံး မဲပြန်နှိုက်ရတာ၊ ပထမမဲနှိုက်ထားတာတွေ အကုန်ပယ်ဖျက်တယ်ပေါ့၊ အခုကျတဲ့ မဲနံပါတ်က အတည်ဆိုတာမျိုးပေါ့၊ အိမ်မှာက သားလေးလည်း မရှိတော့ဘူးဆိုတော့ မသွားဘူး၊ ဒါကို မဲအမှတ်စဉ် ၈၀၀ ကျော်ကျတယ်ဆိုလား လာပြောတဲ့ အပြင် အိမ်က ထွက်သွားတဲ့သားကို ရအောင်ပြန်ခေါ်ပေးဖို့နဲ့ ခေါ်မပေးရင် ကျမတို့ မိသားစုဝင်တွေပါ တရားစွဲခံရမယ်လို့ ပြောသွားတယ်”ဟု မဟာအောင်မြေမြို့နယ် ဟေမမာလာတောင်ရပ်ကွက်မှ မိခင်တဦးက ပြောသည်။
၂၀၂၅ ခုနှစ် မတ်လအတွင်းက စစ်မှုထမ်းဥပဒေအရ မြို့နယ်လုံးကျွတ်မဲနှိုက်ခဲ့သည့် မဟာအောင်မြေမြို့နယ်ရှိ ဟေမမာလာ တောင်ရပ်ကွက်တွင် စက်တင်ဘာ ၄ ရက်က စစ်မှုထမ်းမဲများ ပြန်လည်နှိုက်ရာတွင် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများနှင့် မြို့နယ်အတွင်းရှိ မြို့မျက်နှာဖုံး စီးပွားရေးလုပ်ငန်းရှင် ငွေကြေးချမ်းသာသူများ၏ သားသမီးများ ကင်းလွတ်ခွင့်ရနေကြောင်း ပြည်သူ့စစ် သတင်းတပ်ဖွဲ့မှ ပျူစောထီးတဦးဖြစ်သူ ဒေါ်ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုထားသည်။
ယခုကဲ့သို့ မဲပြန်နှိုက်ခိုင်းရခြင်းမှာ ပထမအကြိမ်မဲနှိုက်စဉ်က အမှတ်စဉ်များအတိုင်း လူငယ်များအား ခေါ်ယူ၍ မရဘဲ ထွက်ပြေးတိမ်းရှောင်ခြင်းများ ရှိနေခြင်းကြောင့်ဖြစ်ကာ မည်သူမည်ဝါ ခွဲခြား၍ မဲနှိုက်ခိုင်းခြင်းမျိုး မရှိဟု မဟာအောင်မြေ မြို့နယ်အုပ်ချုပ်ရေးရုံးမှ အမည်မဖော်လိုသူ သတင်းရင်းမြစ်တဦးက ပြောသည်။
ထို့ပြင် စစ်မှုထမ်းဦးရေ ၂ ဆ ပိုမိုတောင်းခံမည့်သတင်းများ ထွက်ပေါ်နေသည့် ရက်ပိုင်းအတွင်း လူငယ်များ ပျောက်ဆုံး ပေါ်တာဆွဲဖမ်းဆီးခံရမှု ပိုမိုဆိုးရွာလာ၍ စိတ်မလုံခြုံမှုများ ခံစားနေကြရပြီး လက်ရှိ စစ်မှုထမ်းစာရင်းအပြင် ပြည်သူ့စစ် အမည်ခံ ပျူစောထီးများက ပေါ်တာဆွဲ၍ လူစားထိုး ရောင်းချနေသဖြင့် အခြေခံလူတန်းစား အများဆုံး ဖမ်းဆီးခံနေ ရကြောင်း သိရသည်။
“ဒီရက်ပိုင်းထဲမှာ တော်တော်ဆိုးဆိုးရွားရွား ဖြစ်လာတာ၊ ပန်းရံလိုက်တဲ့ ကလေး ၁၇ နှစ်ပဲ ရှိသေးတယ်၊ ရောင်းစားဖို့ ပျူတွေက ဖမ်းတာ၊ ကလေးအဖေက သိသိချင်း ရပ်ကွက်ရုံးကိုလိုက်ပြီး တောင်းပန်တာ အဖေကိုပါ ခေါ်ထားလိုက်ပြီး သားအဖ နှစ် ယောက်လုံးကို မဲကင်းကုန်းတပ်ကို ပို့ပစ်လိုက်ကြတာ၊ ကလေးအဖေက အသက် ၄၀ ဝန်းကျင်လောက်ပေါ့၊ မိန်းမက ကလေးငယ်လေး ၃ ယောက်နဲ့ ကျန်ခဲ့တယ်”ဟု ဒေသခံတဦးက

👎46❤9😭1
ပြောသည်။
မြို့တွင်းလမ်းများပေါ် နေ့ခင်းကြောင်တောင် ပေါ်တာဆွဲမှုများကြောင့် လူငယ်များအနေဖြင့် အလုပ်သွား အလုပ်ပြန် ကျောင်းသွားကျောင်းပြန်ချိန်တွင် စိုးရိမ်စိတ်များဖြင့် သွားလာနေရသလို အုပ်ထိန်းသူမိဘများအနေဖြင့်လည်း ပူပင်သောက ရောက်နေသည်။
မန္တလေးမြို့တွင် လမ်းသွားလမ်းလာ လူငယ်များကို ရဲကားများဖြင့် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ညအချိန်များတွင် ပျူစောထီးများက အိမ်စီးကားများဖြင့် လှည့်လည် ဖမ်းဆီးခြင်း၊ လမ်းများပေါ်တွင် ရှောင်တခင်ယာဉ်စစ်ဆေးမှုပုံစံမျိုး ပြုလုပ် ကာ အုပ်စုဖွဲ့၍ ဖမ်းဆီးခြင်း၊ စစ်တပ်၊ ရဲ၊ ပျူစောထီးများက အရပ်ဝတ်များဖြင့် လိုက်လံဖမ်းဆီးခြင်း၊ ဧည့်စာရင်းစစ်ဆေး သည်ဟုဆိုကာ စာရွက်စာတမ်း အပြည့်အစုံဖြင့် နေအိမ်ပေါ်ထိ တက်၍ အတင်းအဓမ္မ ပေါ်တာဆွဲဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း သိရသည်။
စစ်တပ်နှင့် ရဲတပ်ဖွဲ့ ယူနီဖောင်းများဖြင့် မဟုတ်ဘဲ မီးသတ်၊ ပြည်သူ့စစ်များအပါအဝင် အခြားတပ်ဖွဲ့ ယူနီဖောင်းများ၊ အရပ် ဝတ်များဖြင့် ဖမ်းဆီးရန် ကြိုးပမ်းလာပါက အဖမ်းမခံကြဘဲ ပြန်လည်ခုခံရန်နှင့် ဖြစ်လာသည့် ပြဿနာအား ဥပဒေအကာ အကွယ်ရယူဖြေရှင်းနိုင်သည်ဟု ဥပဒေသမားများက လူမူကွန်ရက်တွင် အကြံပြုထားသည်။
“အဖမ်းခံရသူက အော်ဟစ်အကူအညီ တောင်းပါပြီတဲ့။ ကိုယ်က ဘာလုပ်ပေးနိုင်မှာမို့လို့လဲ၊ ပြည်သူတွေက အော်တော့ လွှတ် တော်မှာ ဘာပြောသွားလဲ၊ သက်သေနဲ့တကွ တိုင်ပါတဲ့၊ အတော်ရယ်ရတယ်၊ ဒီအတိုင်းကြည့်မိရင်တောင် ဘာကြည့်တာလဲ ပစ်သတ်လိုက်မယ်ပြောတဲ့ သူတွေကို သက်သေဘယ်လိုယူမလဲ၊ အခုက ကျီးလန့်စာစားနေရတာမို့ ဘာမှ လုပ်မစားရဲအာင် ဖြစ်နေပြီ”ဟု မန္တလေးမြို့ခံတဦးက ပြောသည်။
စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ၌ အသက်ဝင်စေခဲ့ပြီးနောက် ဧပြီလမှစ၍ အပတ်စဉ် ၁ ကို စတင်ခေါ်ယူခဲ့ရာ ယခု စက်တင်ဘာလတွင် အပတ်စဉ် ၂၈ သို့ ရောက်ရှိလာပြီဖြစ်သည်။ စတင်ချိန်က အပတ်စဉ် တခုလျှင် လူ ၅၀၀၀ ခါ်ယူရန် ရည်မှန်းထားသော်လည်း လက်ရှိတွင် လူအင်အားပြည့်မီရန် အခက်အခဲများရှိနေကြောင်း သိရသည်။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/09/19/416375.html

ထိုသို့ သားသည်မိခင်တို့၏ ပရိဒေ၀သောက သောကမီးတောက်နေချိန် စစ်တပ်လိုလားသူ ရုပ်ရှင်သမား အနုပညာသမား ဆိုသူများက စစ်မှုထမ်းဖို့ ဖြစ်လာခြင်းမှာ ဂုဏ်ယူစရာကောင်းကြောင်း ဝါဒဖြန့်လော်ဘီလုပ်နေသဖြင့် ပြည်သူများက ဝေဖန် ရှုတ်ချနေရာ နာမည်ကြီး ဒါရိုက်တာတဦးဖြစ်သည့် ပန်းချီ…
👎44❤7👍3😁3🤔2
ချင်းမိုင် ဒွိုင်အင်သနွန် Trekking ခရီးစဉ်များ တောင်ကျရေကြောင့် ယာယီရပ်ဆိုင်း
ဧရာဝတီ၊ စက်တင်ဘာ ၁၉၊ ၂၀၂၆
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ထိုင်းနိုင်ငံ၏ အမြင့်ဆုံးတောင်ဖြစ်သည့် ချင်းမိုင်ခရိုင်ရှိ ဒွိုင်အင်သနွန် အမျိုးသားဥယျာဉ်ဧရိယာအတွင်း တောင်ကျရေများ စီးဆင်းလာရာ ခရီးသွားများ လုံခြုံရေးအတွက် Pha Dok Siew ရေတံခွန်နှင့် ၎င်းအနီးရှိ Trekking (သဘာဝတောလမ်းလျှောက်ခရီးစဉ်များ)ကို ယမန်နေ့ နံနက် ၉ နာရီမှစ၍ ယာယီရပ်ဆိုင်းရန် အာဏာပိုင်များက ညွှန်ကြားချက် ထုတ်ပြန်လိုက်သည်။
လည်ပတ်ရန် စီစဉ်ထားသော ခရီးသွားများအနေဖြင့် ရေဘေးအခြေအနေ ပုံမှန်ပြန်ဖြစ်သည်အထိ ထိုလမ်းကြောင်းအတွင်းသို့ ဝင်ရောက်ခြင်းမှ ရှောင်ကြဉ်ကြရန်နှင့် အမျိုးသားဥယျာဉ်မှ နောက်ထပ် ထုတ်ပြန်ချက်ကို စောင့်ဆိုင်းပေးရန် မေတ္တာရပ်ခံကြောင်း ဆိုထားသည်။
ဓာတ်ပုံ-อำเภอจอมทอง จังหวัดเชียงใหม่

👎13👍10😭3😁2❤1