The Irrawaddy - Burmese
✔
76.4K subscribers
37.5K photos
2.3K videos
3 files
17.7K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
👍28❤3😁1
အင်ဒိုနီးရှားက အရှေ့တောင်အာရှ၏ ဒုတိယမြောက် လေယာဉ်တင်သင်္ဘောပိုင်ဆိုင်သည့် နိုင်ငံဖြစ်လာ

ဧရာဝတီ၊ စက်တင်ဘာ ၁၈၊ ၂၀၂၆

အင်ဒိုနီးရှားရေတပ်က ၄၁ နှစ်သက်တမ်းရှိ အီတလီလုပ် လေယာဉ်တင်သင်္ဘောကို ယနေ့ မြောက်ပိုင်ဆိပ်ကမ်း Tanjung Priok ၌ လက်ခံရယူခဲ့ပြီးနောက် အရှေ့တောင်အာရှတွင် ဒုတိယမြောက် လေယာဉ်တင်သင်္ဘော ပိုင်ဆိုင်သည့်နိုင်ငံဖြစ်လာ သည်။

၂၀၂၄ ခုနှစ်က အီတလီရေတပ်မှ အနားပေးခဲ့သည့် ဂူဆက်စပီဂါရီဘယ်ရီ လေယာဉ်တင်သင်္ဘောမှာ ဒေါင်လိုက်ဆင်းသက် နိုင်သော AV 8 V ဟယ်ရီယာ အမျိုးအစား တိုက်လေယာဉ် ၁၆ စီး၊ ရှာဖွေကယ်ဆယ်ရေး ရဟတ်ယာဉ် ၂ စီး သို့မဟုတ် သြဂတ်စတာ ရဟတ်ယာဉ် ၁၈ စီးတင်ဆောင်နိုင်သည့် လေယာဉ်နှင့် ရဟတ်ယာဉ် နှစ်မျိုးတင်ဆောင်သည့် သင်္ဘောဖြစ်သည်။

လေယာဉ်တင်သင်္ဘောအား ပြန်လည်ပြုပြင်ကာ ရဟတ်ယာဉ်များနှင့် ဒရုန်းများသယ်ဆောင်သည့် သင်္ဘောအဖြစ် ပြောင်းလဲသွားမည်ဖြစ်ပြီး ကျွန်းထောင်ပေါင်းများစွာတလျောက် ရေကြောင်းစစ်ဆင်ရေးများ၏ ထောက်ပံ့မှုဗဟိုဌာနနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကာကွယ်တားဆီးရေးတို့အတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ကျွန်းစုနိုင်ငံဖြစ်သော အင်ဒိုနီးရှားအတွက် ရေကြောင်းလုံခြုံရေးနှင့် သဘာဝဘေးအန္တရာယ် တုံ့ပြန်နိုင်စွမ်း အားကောင်းလာစေ မည်ဖြစ်ကြောင်းအင်ဒိုနီးရှား အာဏာပိုင်များက ပြောသည်။

လေယာဉ်တင်သင်္ဘောပိုင်ဆိုင်ခဲ့သော်လည်း ပြန်လည်ပြင်ဆင်ရန်ကုန်ကျစရိတ်နှင့် ဆက်လက်လည်ပတ်သုံးစွဲနိုင်ရေး လူ့စွမ်းအားအရင်းအမြစ်တို့အတွက် စိန်ခေါ်မှုနှင့်ပတ်သက်ပြီး လွှတ်တော်အမတ်များကြား မေးခွန်းထုတ်မှုများလည်း ရှိနေသည်။

အင်ဒိုနီးရှားဘဏ္ဍာရေးဝန်ကြီးဌာနက လေယာဉ်တင်သင်္ဘောအတွက် ယမန်နှစ်က ဒေါ်လာသန်း ၄၅၀ အတည်ပြု ပေးခဲ့သော်လည်း ပြင်ဆင်ရန်ကုန်ကျစရိတ်မှာ ဒေါ်လာသန်း ၉၀၀ ခန့်အထိရှိနိုင်ကြောင်း ခန့်မှန်းမှုများ ရှိနေသည်။

အရှေ့တောင်အာရှတွင် ပထမဆုံးလေယာဉ်တင်သင်္ဘောပိုင်ဆိုင်သည့်နိုင်ငံမှာ ထိုင်းနိုင်ငံဖြစ်ပြီး HTMS Chakri Naruebet စပိန်ထုတ်လေယာဉ်တင်သင်္ဘောအား ထိုင်းရေတပ်၌ ၁၉၉၇ ခုနှစ်မှစ၍ တာဝန်ထမ်းဆောင်ခဲ့သည်။

ပုံစာ- ယနေ့ ဂျကာတာဆိပ်ကမ်းသို့ ရောက်လာသော လေယာဉ်တင်သင်္ဘော လွှဲပြောင်းမှု မြင်ကွင်း/AFP
❤27👍23👎2😁1
❤42👍9😁3👎1
စစ်မှုထမ်းတပ်သားသစ်များနှင့် တိမ်းရှောင်လိုသူများ NUG ဖိတ်ခေါ်

ဧရာဝတီ၊ စက်တင်ဘာ ၁၈၊ ၂၀၂၆

အာဏာသိမ်းစစ်တပ်လက်အောက်မှ စစ်မှုထမ်းတပ်သားသစ်များနှင့် အဓမ္မစစ်မှုထမ်းစေခြင်းမှ တိမ်းရှောင်လိုသူများအနေဖြင့် တော်လှန်ရေးနယ်မြေများသို့ ပူးပေါင်းလာကြရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ကြေညာချက် ထုတ်ပြန်သည်။

တော်လှန်ရေးနယ်မြေသို့ ရောက်လာသည့်လူငယ်များအနေဖြင့် ကျွမ်းကျင်မှုနှင့်စိတ်ဝင်စားမှုအလိုက် ပညာရေး၊ ကျန်းမာရေး၊ စစ်ဘေးရှောင်ကူညီရေး၊ ဒေသဖွံ့ဖြိုးရေး၊ ကုန်ထုတ်လုပ်မှုစသည့် လူထုဝန်ဆောင်မှုလုပ်ငန်းများတွင် ပါဝင်ခွင့်ရှိမည်ဖြစ်ပြီး တိုက်ခိုက်ရေး တာဝန်ထမ်းဆောင်လိုသူများအနေဖြင့်လည်း သတ်မှတ်အရည်အချင်းပြည့်မီပါက ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တို့တွင် ဝင်ရောက်ခွင့်ရှိမည်ဖြစ်ကြောင်း NUG က ဆိုထားသည်။

ပညာဆက်သင်လိုသူများကိုလည်း ပညာသင်ယူခွင့်ရရှိရေး စီမံဆောင်ရွက်ပေးမည်ဖြစ်ပြီး တော်လှန်ရေးနယ်မြေတွင် ရဲဘော်များ၊ တော်လှန်ပြည်သူများနှင့်အတူ ရုန်းကန်ရှင်သန်ရမည်ဖြစ်သော်လည်း မိမိတို့၏ လူ့ဂုဏ်သိက္ခာနှင့်လုံခြုံမှုကို ရရှိခံစားနိုင်မည်ဖြစ်ကြောင်း NUG က ပြောထားသည်။

အာဏာသိမ်းစစ်တပ်သည် ၂၀၂၄ ဇူလိုင်လမှ ၂၀၂၆ ခုနှစ် သြဂုတ်လအတွင်း ပြည်သူ့စစ်မှုထမ်း(ပစ) အပတ်စဥ် (၂၇) ခု ဖွင့်လှစ်ခဲ့ပြီး အင်အား ၁၃၅,၀၈၀ ခန့်ကို အဓမ္မစုစည်းခဲ့ကာ ထိုအင်အားကို အသုံးချ၍ လူလှိုင်းစစ်ဆင်ရေးများဖြင့် နိုင်ငံအနှံ့ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပြီး စစ်ကြောင်းများတွင် ပစ အင်အား ၈၀ ရာခိုင်နှုန်းခန့်အထိ ပါဝင်နေသည်ကို တွေ့ရကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် စစ်တပ်အား စွန့်ခွာထွက်ပြေးလာသည့် စစ်မှုထမ်းတပ်သားသစ်ကိုလည်း လိုအပ်သောချိတ်ဆက်မှုနှင့် ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်သွားမည်ဖြစ်ပြီး လက်နက်ယူဆောင်လာပါက ဆုကြေးပေးအပ်မည်ဖြစ်သည့်အပြင် နိုင်ငံရပ်ခြားသို့ ထွက်ခွာလိုသော ကြိုတင်ချိတ်ဆက်လာသူများကိုလည်း ဖြစ်နိုင်သောကူညီစောင့်ရှောက်မှုပေးနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

အဓမ္မစစ်သားစုဆောင်းကာ လူငယ်များအသက်စတေးနေသော စစ်မှုထမ်းအစီအစဉ်သည် စစ်အုပ်စု၏ အဓိကအသက်ရှုပေါက်ဖြစ်သည့်အပြင် စစ်အုပ်စုအုပ်ချုပ်ရေးအဖွဲ့များ၊ ပျူစောထီးများ၊ ရာဇဝတ်ဂိုဏ်းများကြား လူပြန်ပေးဆွဲခြင်း၊ လူမှောင်ခိုရောင်းဝယ်ခြင်း၊ ငွေညှစ်ခြင်းများဖြင့် အရေးကြီးသောဝင်ငွေရလမ်းဖြစ်နေသည့်အတွက် စစ်မှုထမ်းအစီအစဉ်အား ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် ဆန့်ကျင်တိုက်ဖျက်ရမည့်အချိန်ဖြစ်ကြောင်းလည်း NUG က ပြောထားသည်။

ပြီးခဲ့သည့် နှစ်နှစ်တာတိုက်ပွဲများအတွင်း စစ်တပ်ဘက်က သေဆုံးသူ ၂၀၃၈၃ ဦး၊ ဒဏ်ရာရသူ ၉၇၉၂ ဦး၊ ပြည်သူ့ရင်ခွင်ခိုလှုံသူ ၃၈၇၄ ဦးရှိသည့်အပြင် စစ်တပ်အားစွန့်ခွာထွက်ပြေးသူ နှစ်သောင်းခန့်ရှိခဲ့ပြီး ထိခိုက်ဆုံးရှုံးမှုများအနက် အများစုမှာ စစ်မှုထမ်းတပ်သားသစ်များဖြစ်ကြောင်းနှင့် ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်သုံ့ပန်း ၅၃၆ ဦးရှိကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဓာတ်ပုံ-NUG-MOD

#WhatsHappeningInMyanmar
#RejectMilitaryCoup
❤67👍17😁6👎2
👍18👎1
ဆန်၊ ဆီ၊ စက်သုံးဆီ၊ ရွှေနှင့်ဒေါ်လာ ယနေ့ ပေါက်ဈေး

ဧရာဝတီ၊ စက်တင်ဘာ ၁၈၊ ၂၀၂၆

ဆန်

အာဏာရှင်အစိုးရအဖွဲ့ သတ်မှတ်သည့် ဆန်လက်ကားဈေးမှာ အကြမ်း အနိမ့်ဆုံးဆန်ကြမ်း ၁ အိတ်(အနိမ့်ဆုံး) ၇၂,၀၀၀ ကျပ်မှ ၈၃,၀၀၀ ကျပ်၊ အချော အမြင့်ဆုံး ရွှေဘိုပေါ်ဆန်း ၁ အိတ် ၂၀၀,၀၀၀ ကျပ်မှ ၂၃၀,၀၀၀ ကျပ်၊
ဧရာဝတီပေါ်ဆန်း နယ်စုံ ၁၆၃,၀၀၀ ကျပ်မှ ၁၈၀,၀၀၀ ကျပ်

ယခုတပတ်သတ်မှတ်ဈေး အနည်းငယ် တက်လာပြီး ပြင်ပ ဈေးကွက်၌ ကြိုက်ရောင်းကြိုက်ဝယ် ဈေးဖြင့်သာ အရောင်းအဝယ်ဖြစ်နေကာ ဆန်၏ အရည်အသွေး၊ ဆန်ကွဲပါဝင်မှု၊ ဆန် သစ်/ဟောင်း၊ ငွေပေးချေမှု၊ အိတ်ခွံ၊ နေရာအလိုက် သယ်ယူပို့ဆောင်မှုပေါ်မူတည်၍ ဈေးနှုန်း အနည်းငယ် ကွာဟမှုရှိနိုင်ကြောင်း ဝါးတန်းလမ်း ဆန်ကုန်စည်ဒိုင်က သိရသည်။

စားအုန်းဆီ

အာဏာရှင်အစိုးရအဖွဲ့၏ စားအုန်းဆီ ရည်ညွှန်းလက်ကားဈေးမှာ ၁ ပိဿာ ၇,၀၀၀ ကျပ်ကျော်တွင်ရှိနေ၊ လက်လီသတ်မှတ်ဈေးမှာ ၈,၀၀၀ ကျပ် ဝန်းကျင်တွင်ရှိနေ၊ ပြင်ပဈေးမှာ ၁ ပိဿာလျှင် ၂၀,၀၀၀ ကျပ် ဝန်းကျင်တွင် ရှိနေပြီး ယင်းဆီဈေးနှုန်းမှာ ရန်ကုန်မြို့ ဈေးနှုန်းများဖြစ်ပြီး မြို့နယ်နှင့် နေရာဒေသအလိုက် ကွာခြားမှု၊ မြင့်တက်မှုများ ရှိနိုင်သည်။

စက်သုံးဆီ (ယခုတပတ်တွင် ဈေးနှုန်း အပြောင်းအလဲလုပ်ထားခြင်းမရှိကြောင်း တွေ့ရသည်။)

ဓာတ်ဆီ ၉၂ တလီတာ ၃,၈၂၅ ကျပ်
ဓာတ်ဆီ ၉၅ တလီတာ ၃,၉၅၀ ကျပ်
ဒီဇယ် တလီတာ ကျပ် ၄,၁၅၀ ကျပ်
ပရီမီယံ ဒီဇယ် တလီတာ ၅,၀၅၀ ကျပ်
စစ်ဖြစ်ပွားသည့် ဒေသများအပါဝင် ဝေးလံခေါင်ဖျားဒေသများတွင် သတ်မှတ်ဈေးထက် ဈေးနှုန်း အဆမတန် မြင့်တက်ခြင်း၊ သယ်ယူပို့ဆောင်မှုများကို အာဏာသိမ်းအစိုးရ ကန့်သတ်ခြင်းများ ရှိနေသည်။

ရွှေနှင့် ဒေါ်လာ

ပြင်ပဈေးကွက်အရ အမေရိကန် ၁ ဒေါ်လာလျှင် ကျပ် ၄,၄၀၀ ကျော် တွင်ရှိနေ
အကယ်ဒမီ အခေါက်ရွှေ တကျပ်သား (စနစ်ဟောင်း) ကျပ် ၁၀၁ သိန်း ကျော်တွင်ရှိနေ
လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား (စနစ်ဟောင်း) ကျပ် ၉၅ သိန်း ကျော်တွင်ရှိနေ
အကယ်ဒမီ အခေါက်ရွှေ တကျပ်သား (စနစ်သစ်) ကျပ်သိန်း ၁၀၀ ဝန်းကျင်တွင်ရှိနေ
လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား (စနစ်သစ်) ကျပ် ၉၄ သိန်း ကျော်တွင်ရှိနေ
ကမ္ဘာ့ရွှေဈေး တအောင်စ အမေရိကန် ဒေါ်လာ ၄,၃၈၆
ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီ သတ်မှတ်ဈေး စံချိန်မီ ရွှေ ၁ ကျပ်သား
(၁၆.၃၂၉၃၂၅ဂရမ်) ၇,၁၅၀,၀၀၀

အချိန်နှင့်အမျှ ဈေးနှုန်း အပြောင်းအလဲ ရှိနိုင်သည်။
#ဧရာဝတီ
#နေ့စဉ်ကုန်ဈေးနှုန်း
#ဆန်ဈေး
#ဆီဈေး
#လောင်စာဆီဈေး
#ရွှေဈေး
#ဒေါ်လာဈေး
❤22👍14👎2
👎26😁5😭1
ဦးခင်ရီ ပါတီဥက္ကဋ္ဌ ပြန်အရွေးခံရမလား

ဧရာဝတီ၊ စက်တင်ဘာ ၁၈၊ ၂၀၂၆

ပါတီတွင်း အာဏာပြိုင်ဆိုင်မှုများ ဖြစ်ပေါ်နေသည်ဆိုသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့)၏ ၄ ကြိမ်မြောက် ပါတီညီလာခံကို နေပြည်တော်ပါတီရုံးချုပ်တွင် ယနေ့စတင်ကျင်းပနေရာ လက်ရှိဥက္ကဋ္ဌ ဦးခင်ရီသာမက အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်၏ အမာခံဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း အောင်လင်းဒွေးလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

ပါတီဒုဥက္ကဋ္ဌ ဦးမြတ်ဟိန်းနှင့် ဦးမျိုးဇော်သိန်းတို့ကိုမူ ညီလာခံတွင် မတွေ့ရဘဲ ဒုတိယဗိုလ်ချုပ်ကြီးဟောင်းများ ဖြစ်သော သက်ပုံနှင့် စိုးတင့်နိုင်တို့ တက်ရောက်ခဲ့သဖြင့် ပါတီဥက္ကဋ္ဌရာထူးအတွက် အားပြိုင်မှုဖြစ်လာနိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။

၄ ကြိမ်မြောက် ပါတီညီလာခံကို ယခင်က စက်တင်ဘာလဆန်းတွင် ကျင်းပရန် လျာထားခဲ့သော်လည်း မူလပါတီ ခေါင်းဆောင်ပိုင်းနှင့် သမ္မတနေရာယူထားသည့် မင်းအောင်လှိုင်တို့ကြား ပါတီထိပ်ပိုင်းနေရာသစ်များအတွက် သဘောထားကွဲလွဲသဖြင့် ညီလာခံကျင်းပမည့်ရက် နောက်ဆုတ်လိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၆၄ နှင့် ပုဒ်မ-၂၃၂( ဋ) တို့အရ သမ္မတ၊ ဒုသမ္မတနှင့် ဝန်ကြီး၊ ဒုဝန်ကြီးများသည် ပါတီလုပ်ငန်းများ ပါဝင်ဆောင်ရွက်ခွင့်၊ တက်ရောက်ခွင့် ကန့်သတ်ပိတ်ပင်ထားသည့်အတွက် ကြံ့ဖွံ့ပါတီမှ အာဏာသိမ်းအစိုးရအဖွဲ့တွင် ဒုသမ္မတ၊ ဝန်ကြီးစသည့်ရာထူးများရယူခဲ့ကြသည့် ဒေါ်နန်းနီနီအေး၊ ဦးမျိုးဇော်သိမ်း၊ ဦးမောင်မြင့်၊ ဒေါက်တာမောင်သင်း၊ ဦးခင်မောင်စိုး၊ ဦးရဲမြင့်ထွန်းတို့လည်း တက်ရောက်ခြင်း မရှိခဲ့ကြောင်း သိရသည်။

ကြံ့ဖွံ့ပါတီစည်းမျဉ်းအရ ပါတီညီလာခံတွင် ဗဟိုကော်မတီ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီနှင့်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးစသည့် ထိပ်ပိုင်းရာထူးများ အသစ်ပြန်လည်ရွေးချယ်ခန့်အပ်မည်ဖြစ်သည့်အတွက် လက်ရှိတာဝန်ယူထားသူများမှာ ရာထူးသက်တမ်း ပြီးဆုံးပြီဖြစ်သည်။

မနက်ဖြန်တွင် ညီလာခံဒုတိယနေ့ ဆက်ကျင်းပမည်ဖြစ်ပြီး ဗဟိုကော်မတီဝင်များ ပြန်လည်ရွေးချယ်မည်ဖြစ်ကာ အာဏာသိမ်းအစိုးရအဖွဲ့တွင်ပါဝင်သူများနေရာ အစားထိုးခန့်အပ်မှုနှင့် ဥက္ကဋ္ဌနေရာ အဆိုပြုသူ တဦးထက်ပိုပါက မဲပေးရွေးချယ်ရမည် ဖြစ်သည်။

ယခုညီလာခံသို့ ပြည်တွင်း ပြည်ပသတင်း ထောက်များကို ဖိတ်ကြားပြီးမှ တက်ခွင့်မပေးတော့ဘဲ ရုပ်သိမ်းလိုက်ကြောင်းလည်း သတင်းထောက်တချို့ထံမှ သိရသည်။

စစ်တပ်လက်ဝေခံဖြစ်သော ကြံ့ဖွံ့ပါတီသည် စစ်တပ်ကျင်းပသည့်ရွေးကောက်ပွဲတွင် အနိုင်ရကာ အာဏာရပါတီ ဖြစ်လာသော်လည်း ပါတီဥက္ကဋ္ဌ ဦးခင်ရီမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ်သာ နေရာရခဲ့ပြီး စစ်ခေါင်းဆောင်မင်းအောင်လှိုင်က သမ္မတရာထူးယူကာ လူယုံဖြစ်သော ဦးညိုစောအား ဒုသမ္မတ(၁)၊ ဦးအောင်လင်းဒွေးကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ရာထူးခန့်အပ်ခဲ့သည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
❤23😁19👎14😭1
စစ်တပ်အတွက် မရဏလမ်းဖြစ်သွားတဲ့ ဧရာဝတီမြစ်ကြောင်း

ဧရာဝတီ၊ စက်တင်ဘာ ၁၈၊ ၂၀၂၆

ကချင်ပြည်နယ်ထဲက ဆုံးရှုံးသွားတဲ့ နယ်မြေတွေကို စစ်ရေးအရ ပြန်လည်စိုးမိုးနိုင်ဖို့ ကြိုးပမ်းနေတဲ့ အာဏာသိမ်း စစ်တပ်အတွက်တော့ ဧရာဝတီမြစ်ကြောင်းဟာ အခုဆိုရင် ပြန်လမ်းမဲ့ မရဏလမ်း ဖြစ်လာနေပါပြီ။

ကုန်းကြောင်းရော လေကြောင်းကပါ ထောက်ပို့ဖို့ အခက်တွေ့လာတဲ့ စစ်တပ်ဟာ စစ်အင်အားနဲ့ လက်နက်ခဲယမ်းတွေကို အဓိကအားကိုးပြီး ပို့ဆောင်နေရတဲ့ ဒီဧရာဝတီမြစ်ကြောင်းဟာ အာဏာသိမ်းစစ်တပ်အတွက်တော့ ထင်သလို ချောမွေ့မနေဘဲ သေမင်းတမန် လမ်းခရီးတခုအဖြစ် ရင်ဆိုင်ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

ဧရာဝတီမြစ်ကြောင်းတလျှောက် အစုန်ရော အဆန်မှာပါ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ပူးပေါင်းတပ်တွေရဲ့ အပြင်းအထန် ကြားဖြတ်တိုက်ခိုက်မှုတွေကြောင့် စစ်တပ်ရဲ့ ရေယာဉ်တွေဟာ မြစ်ကြမ်းပြင်ဆီ တစင်းပြီးတစင်း နစ်မြုပ်ပျက်စီးနေရပြီး အွန်လိုင်းလူမှုကွန်ရက်ပေါ်မှာ "ကချင်သင်္ဘောသီးထောင်း" ဆိုပြီး လှောင်ပြောင်အမည်တပ်ခံရတဲ့အထိ စစ်တပ်ဟာ အရှက်ရဖွယ် ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

https://youtu.be/ij5pciWR8bE

#မြန်မာ #ဧရာဝတီ #ကချင် #KIA #PDF #WhatsHappensInMyanmar

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍54❤12👎1😁1
😭15👍4
မမေ့နိုင်တဲ့ ၁၉၈၈ စက်တင်ဘာ ၁၈ရက် ညနေ ၄နာရီ

ဧရာဝတီ၊ စက်တင်ဘာ ၁၈၊ ၂၀၂၆

လွန်ခဲ့သော ၃၈နှစ် တပါတီအာဏာရှင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အစိုးရအပေါ် လူထုက အထွေထွေ မကျေနပ်မှုကြောင့် ဖြုတ်ချရန် ကြိုးပမ်းနေချိန် စက်တင်ဘာ ၁၈ ရက် ညနေ ၄ နာရီတွင် မြန်မာအသံမှ စစ်သီချင်းသံများ ရုတ်တရက် ထွက်ပေါ် လာကာ "တိုင်းပြည်အာဏာကို စစ်တပ်က ရယူလိုက်ကြောင်း" ဗိုလ်ချုပ်ကြီး စောမောင်က ကြေညာခဲ့သည်။

မြန်မာပြည်တွင် စစ်တပ်အာဏာသိမ်းခြင်းသည် ၁၉၆၂ မတ်၂ ရက်တွင် တကြိမ်၊ ၁၉၈၈ စက်တင်ဘာ ၁၈ ရက်တွင် တကြိမ်၊ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် ၁ ကြိမ်၊ စုစုပေါင်း ၃ ကြိမ်ရှိခဲ့ရာ ၁၉၈၈ စက်တင်ဘာ ၁၈ ရက် ဖြစ်ရပ်မှာ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ် အစိုးရလက်ထဲမှ အာဏာသိမ်းသည်ဆိုခြင်းထက် ဒီမိုကရေစီ တောင်းဆိုနေသည့် လူထုကို ဖြိုခွဲနှိပ်ကွပ်ရန် အာဏာလွှဲယူသည် ဆိုခြင်းက ပိုမှန်မည် ဖြစ်သည်။

ထိုစဉ်က အစိုးရအဖွဲ့ကို ဦးဆောင်နေသူများမှာ စစ်တပ် ခေါင်းဆောင်ဟောင်းများဖြစ်ရာ စစ်တပ်အနေဖြင့် ထိုလူကြီးများထံမှ အာဏာသိမ်းဖို့ ရည်ရွယ်ချက်မရှိ သိမ်းလည်း မသိမ်းလို၊ လမ်းစဉ်ပါတီ ဥက္ကဋ္ဌ ဦးနေဝင်းက စစ်တပ်ကို အာဏာသိမ်းရန် ကာကွယ်ရေးဦးစီးချုပ်အား အမိန့်ပေးခြင်းကြောင့်သာ ဖြစ်ကြောင်း ထိုစဉ်က အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဒု ဗိုလ်ချုပ်ကြီးဟောင်း ထွန်းကြည်က "နှစ် ၅၀ ကျော် ကိုယ်တွေ့များ" စာအုပ်တွင် ရေးသားခဲ့သည်။

သို့သော် တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ကမူ သူနှင့်တပ်မတော် ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမောင်တို့ ပါတီ ဥက္ကဋ္ဌ ဦးနေဝင်းထံသို့ သွားရောက်ကာ အခြေအနေကို တင်ပြပြီးနောက် ဦးနေဝင်းက ဥပဒေနှင့်အညီ အာဏာ သိမ်းနိုင်အောင် စီစဉ်ပေးခြင်းဖြစ်ကြောင်း သူရေးသားသည့် “ကြုံတွေ့ခဲ့ရ ကျွန်တော့် ဘ၀ အထွေထွေ” စာအုပ်တွင် ဖွင့်ဟ၏။

ထို့သို့ အာဏာသိမ်းပြီးနောက် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပေးမည်ဟု ဗိုလ်ချုပ်ကြီး စောမောင် က ကတိပေး အယုံသွင်းရာ ပါတီများဖွဲ့စည်းပြီး ရွေးကောက်ပွဲ ဝင်ကြသော်လည်း ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရသည့် အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို အာဏာ မလွှဲဘဲ စစ်တပ်က ဆက်လက် အုပ်ချုပ်ခဲ့ရာ၂၃ နှစ် တိုင်ခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင်လည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြို အနိုင်ရခဲ့သည့် NLD ပါတီအစိုးရကို ဖြုတ်ချခဲ့ကာ ထပ်မံ အာဏာသိမ်းခဲ့ရာ စစ်အာဏာရှင်အောက် ထပ်မံကျ ရောက်ခဲ့သည်။

#WhatsHappeningInMyanmar
👎28❤10👍9😭5
Media is too big
VIEW IN TELEGRAM
အမေရိကန်တွေ နေပြည်တော် ဘာလာလုပ်တာလဲ?

ဧရာဝတီ၊ စက်တင်ဘာ ၁၈၊ ၂၀၂၆

ဒီတပတ် ဧရာဝတီရဲ့ အယ်ဒီတာ့စကားဝိုင်းကို မနက်ဖြန် စနေနေ့ မနက်မှာ စောင့်မျှော်ကြည့်ရှု အားပေးနိုင်ပါတယ်။

#မြန်မာ #ဧရာဝတီ #အမေရိကန် #ဒီမိုကရေစီ #အစိုးရ
😁26👍10😭1
• ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ မင်းအောင်လှိုင်လူတွေ ဖြစ်လာမလား
• ပြည်ထဲရေးဝန်ကြီးကို မင်းအောင်လှိုင်တိုက်ရိုက်ခန့်
• ဖမ်းဆီးခံထားရသူ လွတ်မြောက်ရေးအတွက် မြန်မာကိုသွားခဲ့တာလို့ အမေရိကန်ပြော
• သုံးချီအတွင်း ပန်တိုဂျာကို အလဲထိုးမယ်လို့ ဗန်ပြော
• Passport သက်တမ်းကုန်နေသူတွေအတွက် NUG နဲ့ ဂျပန်အစိုးရ ညှိနှိုင်းမှုအောင်မြင်
• ဘန်ကောက်က iPhone 18 Pro ရောင်းချပွဲမှာ မြန်မာအများအပြားလာရောက်ဝယ်ယူ

နေ့စဉ်သတင်း၊ စက်တင်ဘာ ၁၈၊ ၂၀၂၆
https://youtu.be/DdWej5QpeCU

#မြန်မာ #ဧရာဝတီ #ကြံ့ခိုင်ရေးပါတီ #ဥက္ကဋ္ဌ #ပြည်ထဲရေး #မင်းအောင်လှိုင် #အမေရိကန် #Passport #NUG #JoshuaVan #Pantoja #iPhone #နေ့စဉ်သတင်း #DailyNews #WhatsHappeningInMyanmar

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍36❤7😱2👎1🤔1
Media is too big
VIEW IN TELEGRAM
ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ မင်းအောင်လှိုင်လူတွေဖြစ်လာမလား

စစ်အာဏာရှင်တွေမွေးဖွားပေးထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ရဲ့ ပါတီညီလာခံနဲ့ ဗဟို ကော်မတီအစည်းအဝေးကို နေပြည်တော်က ပါတီဌာနချုပ်မှာ စက်တင်ဘာလ ၁၈ ရက်နေ့မှာ စတင်ကျင်းပ နေပြီ ဖြစ်ပါတယ်။

ဒီအစည်းအဝေးတွေကို စက်တင်ဘာ ၁၈ ရက်ကနေ ၂၀ ရက်နေ့အထိ သုံးရက်ကြာ ပြုလုပ်သွားမှာဖြစ်ပြီး၊ ဒီကနေ့မှာ ဗဟိုကော်မတီအစည်းအဝေး ကျင်းပကာ စက်တင်ဘာ ၁၉ နဲ့ ၂၀ ရက်တွေမှာတော့ စတုတ္ထအကြိမ် ပါတီညီလာခံကို ဆက်လက်ကျင်းပသွားမှာပါ။

ဒီညီလာခံကနေတဆင့် ပါတီဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌ နေရာတွေ အပါအဝင် ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်သစ်တွေကို အတည်ပြု ရွေးချယ်တင်မြှောက်သွားဖို့ ရှိနေပါတယ်။

#မြန်မာ #ဧရာဝတီ #ကြံ့ခိုင်ရေးပါတီ #ဥက္ကဋ္ဌ #ညီလာခံ #ဦးခင်ရီ #USDP #WhatsHappeningInMyanmar
❤23😁16👍5🤔5😱2
၂၀၁၈ ခုနှစ် စက်တင်ဘာလက ဧရာဝတီမှာ ရေးထားတဲ့ စစ်အာဏာသိမ်းမှု အကြောင်း ဆောင်းပါးကို ပြန်လည် ဖော်ပြလိုက်ပါတယ်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2018/09/22/170499.html
👍38❤3👎2🤔1
အမေရိကန်တွေ နေပြည်တော် ဘာလာလုပ်တာလဲ (ရုပ်/သံ)

ဧရာဝတီ၊ စက်တင်ဘာ ၁၉၊ ၂၀၂၆

၂၀၂၆ စက်တင်ဘာ ၁၅ ရက်က နေပြည်တော်ကို အမေရိကန်အစိုးရကိုယ်စားလှယ်အဖွဲ့တဖွဲ့လေယာဉ်တစီးဖြင့် ရောက်သွားခဲ့သည်။ မည်သူပါဝင်ပြီး မည်သည့် ရည်ရွယ်ချက်ဖြင့် သွားရောက်ကြသနည်း။

နေပြည်တော် စစ်လော်ဘီများက ဆိုက်ဝါးလုပ်ကြသည်။ အမေရိကန်တွေ နေပြည်တော်အပေါ် သဘောထားပြောင်းပြီ စသဖြင့် ဝါဒဖြန့်ကြသည်။ သို့သော် နောက်တနေ့ နေပြည်တော်က ၃ လကြာ ဖမ်းထားသည့် အမေရိကန်တဦးကို ပြည်နှင်ဒဏ် ပေးလိုက်ကြောင်း ကြေညာသည်။

အမေရိကန်တွေ ပြည်ပမှာ ဖမ်းခံရလျှင် အမေရိကန် အစိုးရက လိုက်ထုတ်ပေးတတ်တာ သဘာဝဖြစ်သည်။ ဒီတပတ် အယ်ဒီတာ့စကားဝိုင်းမှာ မြန်မာ့ ဒီမိုကရေစီ နိုင်ငံရေးလမ်းကြောင်းပေါ်က အမေရိကန်တွေအကြောင်း ပြောဆိုဆွေးနွေးထားသည်။

https://youtu.be/zxTFIAG1qkw
👍41❤6😁3👎1🤔1
ဝါဒဖြန့်ချိရေးဇာတ်ကားတွေ ဘာကြောင့်ရိုက်နေရသလဲ

ဧရာဝတီ၊ စက်တင်ဘာ ၁၉၊ ၂၀၂၆

ပြည်သူလူထုတရပ်လုံး အတိဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်ကြုံတွေ့နေရချိန်မှာပဲ ပြည်တွင်းက အနုပညာရှင်တချို့ဟာ အာဏာသိမ်းစစ်တပ်ရဲ့ ပြည်သူ့ဆက်ဆံရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးနဲ့ ပူးပေါင်းပြီး စစ်တပ်အတွက် ဝါဒဖြန့်ဇာတ်ကားတွေ ရိုက်ကူးပေးနေကြပါတယ်။

အထူးသဖြင့် လက်ရှိမှာ မိဘပြည်သူတွေနဲ့ လူငယ်ထုတရပ်လုံး စိုးရိမ်ထိတ်လန့်နေကြရတဲ့ စစ်မှုထမ်းဥပဒေထဲ လူငယ်တွေ ဝင်ရောက်လာအောင် စည်းရုံးဆွဲဆောင်ထားတဲ့ "တောစီးဖိနပ်ကလေးရဲ့အိမ်ပြန်ချိန်" ဆိုတဲ့ ဝါဒဖြန့်ဇာတ်လမ်းတို ထွက်ပေါ်လာတာဟာ စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်သူတွေကို သပိတ်မှောက်နေကြတဲ့ ပြည်သူတွေကြားမှာ ဝေဖန်မှုတွေ ပိုမိုပြင်းထန်လာစေခဲ့တာပါ။

ပြည်သူတွေရဲ့ နေ့စဉ်ဒုက္ခဆင်းရဲတွေကို လျစ်လျူရှုပြီး စစ်တပ်ကို အားပေးအားမြှောက်ပြုတဲ့ ဝါဒဖြန့်ဇာတ်ကားတွေ ရိုက်ကူးထုတ်လွှင့်နေတဲ့ ဒီလိုလုပ်ရပ်တွေအပေါ် တော်လှန်ရေးအနုပညာရှင် ဒါရိုက်တာ ကိုပေါက်ကတော့ ဧရာဝတီနဲ့ အင်တာဗျူးမှာ ဝေဖန်ထောက်ပြလိုက်ပါတယ်။

https://youtu.be/9Qu6SfcuY7A
#မြန်မာ #ဧရာဝတီ #ဝါဒဖြန့် #စစ်တပ် #အနုပညာရှင် #WhatsHappensInMyanmar
👍44❤5👎4😁3🤔1
Media is too big
VIEW IN TELEGRAM
သုံးချီအတွင်း ပန်တိုဂျာကို အလဲထိုးမယ်လို့ ဗန်ပြော

UFC Flyweight ချန်ပီယံ ဂျော့ရှုဝါဗန်က အလက်ဇန္ဒရီ ပန်တိုဂျာနဲ့ ထိုးသတ်မယ့်ပွဲမှာ သုံးချီအတွင်း အလဲထိုး အနိုင်ယူမယ်လို့ ပြောလိုက်ပါတယ်။ စက်တင်ဘာ ၁၆ ရက်နေ့က Full Send MMA ချန်နယ်နဲ့ လုပ်တဲ့ အင်တာဗျူးမှာ အဲ့ဒီလိုပြောလိုက်တာပါ။

ပန်တိုဂျာရဲ့ တိုက်ခိုက်ပုံကို လေ့လာထားသလို သူ့ရဲ့ အားနည်းချက်တချို့ကိုလည်း တွေ့ထားတာကြောင့် သုံးချီအတွင်း ပွဲသိမ်းမယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၁၉ ရက်နေ့မှာ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့ UFC 331 ရဲ့ခေါင်ပွဲအဖြစ် ယှဉ်ပြိုင်ထိုးသတ်သွားမှာ ဖြစ်ပြီး ဒီပွဲဟာ ဗန်အတွက် Flyweight ချန်ပီယံခါးပတ် ကာကွယ်ပွဲဖြစ်သလို ပန်တိုဂျာကတော့ ချန်ပီယံခါးပတ်ကို ပြန်လည်ရယူဖို့ စိန်ခေါ်ထိုးသတ်မှာ ဖြစ်ပါတယ်။

#မြန််မာ #ဧရာဝတီ #JoshuaVan #Pantoja #Flyweight #ချန်ပီယံခါးပတ် #UFC #ဗန် #ပန်တိုဂျာ
👍42❤9👎1
ဂန္ထဝင် ရသ ကာတွန်းများ

ဧရာဝတီ၊ စက်တင်ဘာ ၁၉၊ ၂၀၂၆

ကာတွန်း ဟန်လေး ၏ ဂန္ထဝင် လက်ရာတခုကို ပြန်လည် ဖော်ပြလိုက်ပါသည်။
Caption - မီးမြှိုက်သူများ

#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
❤20👍15👎2
နှလုံးသား ရသ နှင့် ဦးနှောက်ကို ထွန်းညှိခြင်း

အခု စနေမှာ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ရေးသားတဲ့ အကျဉ်းထောင် စစ်ကြောရေးနဲ့ စစ်ထောက်လှမ်းရေး အကြောင်း ဆောင်းပါးကို ပြန်လည် တင်ဆက်ထားပါတယ်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2026/09/19/416361.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
👍37❤3👎2😭1
👍13😁7