မြောက်ဦးနှင့် ပုဏ္ဏားကျွန်း- စစ်တွေ အစပ်နေရာများကို ဗုံးကြဲ
ဧရာဝတီ၊ စက်တင်ဘာ ၁၇ ရက်၊ ၂၀၂၆
အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားသည့် မြောက်ဦးမြို့ပေါ်နှင့် ပုဏ္ဏားကျွန်းမြို့တို့ကို စစ်တပ်က ယနေ့ နေ့လယ်တွင် ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံများထံမှ သိရသည်။
ပုဏ္ဏားကျွန်းနှင့် စစ်တွေမြို့အစပ် တိုက်ပွဲဖြစ်ရာ ကွမ်းတောင်ကျေးရွာဝန်းကျင်နှင့် မြောက်ဦးအခြေစိုက် အမှတ် ၅၄၀ ခြေမြန်တပ်ရင်းအနီး ဗုံးကြဲနေကြောင်း ဒေသခံတဦးက ပြောသည်။
၎င်းက “ပုဏ္ဏားကျွန်းက မြို့ထဲကို မဟုတ်ဘူး၊ တိုက်ပွဲဖြစ်တဲ့နေရာတွေကို ကြဲနေတာ။ မြောက်ဦးဘက်ကတော့ မြို့ထဲကို ကြဲတယ်လို့ သိရတယ်” ဟု ဧရာဝတီကို ပြောသည်။
စစ်တပ်သည် ဂျက်ဖိုက်တာ ၄ စီးခန့်ဖြင့် ဗုံးကြဲခြင်းဖြစ်ပြီး မြောက်ဦးမြို့ကို ဗုံး ၃ လုံးကျ၍ အရပ်သားတချို့ ထိမှန်ဒဏ်ရာရသည်ဟု ဒေသခံများက ဆိုသည်။
မြောက်ဦးဒေသခံတဦးက “၅၄၀ တပ်ရင်းဘက်ကို ၄ လုံး ကြဲတယ်။ ၃၇၇ ဘက်ကို တလုံးကြဲတယ်။ ထိခိုက်မှုတော့ ရှိတယ်ကြားတယ်။ အသေးစိတ်ကိုတော့ မသိရသေးဘူး” ဟု ပြောသည်။
မြောက်ဦး၌အခြေစိုက်ခဲ့သော အဓိက တပ်ရင်းများနှင့် စစ်စခန်းကြီးများကို AA က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် အပြီးသတ် သိမ်းပိုက်ခဲ့ပြီး ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ စစ်တပ်စခန်းအားလုံးကို ၂၀၂၄ မတ်လ ၄ ရက်တွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
စစ်တပ်သည် ပုဏ္ဏားကျွန်း၊ စစ်တွေ၊ မြောက်ဦး၊ ရသေ့တောင်၊ ပေါက်တော၊ သံတွဲ၊ ဂွမြို့နယ်တို့ကို လေကြောင်းမှ တိုက်ခိုက်နေသည့်အပြင် နေဗီမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများရှိ၍ ဒေသခံများ သတိထားနေထိုင်ကြရန် AA က သတိပေးထားသည်။
ယခုနှစ် ဩဂုတ်နှင့် စက်တင်ဘာလအတွင်း ရခိုင်ပြည်နယ်နှင့် AA ထိန်းချုပ်ရာ ချင်းပြည်နယ်အစပ်ဒေသများတွင် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ထိခိုက်သေဆုံးမှု မြင့်တက်ခဲ့သည်။
AA ထုတ်ပြန်ချက်များအရ ဩဂုတ်လအတွင်း ဗုံးကြဲမှုကြောင့် အရပ်သား ၃၈ ဦးသေဆုံးပြီး ၇၆ ဦးခန့် ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် စက်တင်ဘာလဆန်းပိုင်းတွင် စစ်တပ်က စစ်တွေနှင့် ကျောက်ဖြူမြို့နယ်များကို ပြန်လည်စိုးမိုးရေးအတွက် လုပ်ဆောင်နေသည့် ၄၉၂၆ စစ်ဆင်ရေးကာလအတွင်း နေ့စဉ် ဗုံးကြဲခဲ့ရာ အရပ်သား ၇ ဦးထက်မနည်း သေဆုံးခဲ့သည်။
ပုံစာ- စက်တင်ဘာ ၁၃ ရက်က ပုဏ္ဏားကျွန်းမြို့သမိုင်းဝင် ဦးရာဇ်တော်ဘုရားတောင်ခြေရင်း၊ ကြိုးတံတားအနီးဝန်းကျင်ကို ဗုံးကြဲစဉ်/AA
#WhatsHappeningInMyanmar
#RejectMilitaryCoup

👎33👍5❤3😭2
စစ်မှုမထမ်းချင်သူတွေကို စစ်တပ်ဝါဒဖြန့်အနုပညာရှင်တွေက အပြစ်တင်
ဧရာဝတီ၊ စက်တင်ဘာ ၁၇၊ ၂၀၂၆
အာဏာသိမ်းစစ်တပ်ရဲ့အတင်းအဓမ္မ စစ်မှုထမ်းခေါ်ယူမှု ခံရမှာစိုးတဲ့အတွက် တိမ်းရှောင်နေကြတဲ့ လူငယ်တွေအပေါ်မှာ စစ်တပ်ဝါဒဖြန့်ချိရေး ရုပ်ရှင်ဇာတ်လမ်းတွေ ရိုက်ကူးနေတဲ့ အနုပညာရှင်တွေက မီဒီယာတွေထက် အပြစ်တင်ပြောဆိုမှုတွေ ရှိနေပါတယ်။
စက်တင်ဘာလ ၁၁ ရက်နေ့က ပြုလုပ်တဲ့ “တောစီးဖိနပ်ကလေးရဲ့အိမ်ပြန်ချိန်” ဆိုတဲ့ စစ်မှုထမ်းဝါဒဖြန့်ချီရေး ရုပ်/သံဇာတ်လမ်းတိုပြပွဲမှာ ဝါရင့်သရုပ်ဆောင်နဲ့ ဒါရိုက်တာတွေ ဖြစ်ကြတဲ့ ပန်းချီစိုးမိုး၊ နေအောင်၊ မေသဥ္ဇာဦးနဲ့ မင်းသူတို့က စစ်မှုထမ်းဥပဒေဟာ လိုအပ်ကြောင်း၊ လူငယ်တွေ စစ်မှုထမ်းသင့်ကြောင်းနဲ့ လက်ရှိမှာ စစ်မှုမထမ်းချင်ဘဲ ကြောက်ပြီး ရှောင်ပြေးနေကြကြောင်း မီဒီယာတွေမှာ ပြောမှုတွေ ရှိခဲ့တာပါ။
ဒီရုပ်သံဇာတ်လမ်းတိုထဲမှာ စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေရဲ့ စိတ်ဓါတ်ကို ကောင်းစေသလို အလုပ်အကိုင်အခွင့်အလမ်းအတွက် သေချာကြောင်း ဆွဲဆောင် ဝါဒဖြန့်ချီ ရိုက်ကူးထားတာ ဖြစ်ပါတယ်။
လက်တွေ့မှာ စစ်မှုထမ်းဥပဒေဟာ ပြည်တွင်းမှာ ရှိနေတဲ့ လူငယ်တွေတဲ့ ခြိမ်းခြောက်နေတဲ့ ဥပေဒတခုဖြစ်ပြီး ပြန်လမ်းမရှိတဲ့ ရှေ့တန်းစစ်မျက်နှာပြင်ကို သွားရမှာဖြစ်တဲ့အတွက် လူငယ်တွေအနေနဲ့ နည်းလမ်းအမျိုးမျိုးနဲ့ တိမ်းရှောင်နေကြတာလို့ ဆိုကြပါတယ်။
https://youtu.be/Dj6mhK4fKbw
#မြန်မာ #ဧရာဝတီ #စစ်မှုထမ်း #နေအောင် #WhatsHappensInMyanmar

YouTube
စစ်မှုမထမ်းချင်သူတွေကို စစ်တပ်ဝါဒဖြန့်အနုပညာရှင်တွေက အပြစ်တင် | The Irrawaddy
အာဏာသိမ်းစစ်တပ်ရဲ့အတင်းအဓမ္မ စစ်မှုထမ်းခေါ်ယူမှု ခံရမှာစိုးတဲ့အတွက် တိမ်းရှောင်နေကြတဲ့ လူငယ်တွေအပေါ်မှာ စစ်တပ်ဝါဒဖြန့်ချိရေး ရုပ်ရှင်ဇာတ်လမ်းတွေ ရိုက်ကူးနေတဲ့ အနုပညာရှင်တွေက မီဒီယာတွေထက် အပြစ်တင်ပြောဆိုမှုတွေ ရှိနေပါတယ်။
စက်တင်ဘာလ ၁၁ ရက်နေ့က ပြုလုပ်တဲ့…
စက်တင်ဘာလ ၁၁ ရက်နေ့က ပြုလုပ်တဲ့…
👎42❤8😁4😭3
Media is too big
VIEW IN TELEGRAM
စင်းခန်းမှာ အထိုင်ချဖို့ကြိုးစားတဲ့ စစ်ကြောင်းကို KIA ချေမှုန်း
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ ဧရာဝတီမြစ်ဘေးက စင်းခန်းဘုန်းကြီးကျောင်းမှာ အထိုင်ချဖို့ ကြိုးပမ်းတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူး ပေါင်းတပ်တွေက စက်တင်ဘာလ ၁၅ ရက်နေ့ ညပိုင်းမှာ အပြီးသတ် ချေမှုန်းလိုက်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ဧရာဝတီကို ပြောပါတယ်။
မန္တလေးမြို့၊ ဂေါဝိန်ဆိပ်ကမ်းကနေ ဗန်းမော်မြို့ကို ဦးတည်တဲ့ စစ်သင်္ဘောတွေ စတက်ချိန် ဩဂုတ်လထဲက စင်းခန်းတံတားကို ထိန်းချုပ်နိုင်ဖို့ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းတွေကို မြစ်ကမ်းဘေးမှာ နေရာချခဲ့တာပါ။ အဲ့ဒီစစ်ကြောင်းရဲ့ အင်အားတဝက်ဟာ ဒီကနေ့မနက်ပိုင်း သင်္ဘောနဲ့ ထွက်ခွာချိန်မှာ တိုက်ခိုက်နှစ်မြှုပ်ခံခဲ့ရသလို စင်းခန်းမှာ ကျန်ခဲ့တဲ့ နောက်ချန်အင်အားဟာလည်း တိုက်ခိုက်ချေမှုန်းခံလိုက်ရတာ ဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #KIA #ဗန်းမော် #စင်းခန်း #ကချင် #စစ်တပ် #စစ်သင်္ဘော #WhatsHappeningInMyanmar

❤43👍21😁1
ရုရှားက ယူကရိန်းစစ်ပွဲသုံး ဒရုန်းများထုတ်ဖို့ မြောက်ကိုရီးယားအလုပ်သမားများ ပိုသုံးလာ
ဧရာဝတီ၊ စက်တင်ဘာ ၁၇၊ ၂၀၂၆
ရုရှားက ယူကရိန်းကို တိုက်ရာ၌ သုံးသည့် စစ်သုံးဒရုန်းများ တည်ဆောက်ရန် မြောက်ကိုရီးယားအလုပ်သမားများကို ပိုမိုစုဆောင်းအသုံးပြုလာနေပြီး ယင်းက ပြုံယမ်းအစိုးရအတွက် အဓိကဝင်ငွေရင်းမြစ်တခုဖြစ်လာကြောင်း ဘက်စုံ ပိတ်ဆို့အရေးယူမှု စောင့်ကြည့်ရေးအဖွဲ့ (Multilateral Sanctions Monitoring Team) က ယမန်နေ့တွင် အစီရင်ခံစာ ထုတ်ပြန် သည်။
အစီရင်ခံစာတွင် မြောက်ကိုရီးယားနိုင်ငံသား နှစ်သောင်းခွဲအထိ တာတာစတန်၊ အလာဘူဂါ အပါအဝင် ရုရှားဒရုန်း စက်မှုလုပ်ငန်း၌ လုပ်ကိုင်နေသည်ဟု ယူဆကြောင်း ပြည်ပရောက် မြောက်ကိုရီးယား IT အလုပ်သမားများအနေဖြင့် ကင်ဂျူံအန်းအစိုးရအတွက် ပြီးခဲ့သည့်နှစ်က အမေရိကန်ဒေါ် သန်း ၈၀၀ အထိ ရှာဖွေပေးကြောင်း၊ ဤသည်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို ချိုးဖောက်၍ တရားမဝင် နျူကလီးယားနှင့် ဒုံးပျံအစီအစဉ်များအတွက် ရန်ပုံငွေ ပံ့ပိုးပေးနေခြင်းဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။
မြောက်ကိုရီးယား အလုပ်သမား ၃၅,၆၀၀ မှ ၁၀၁,၂၈၀ ဦးအထိ တရုတ်နှင့် ရုရှားနိုင်ငံတွင် ရှိသည်ကိုတွေ့ရကြောင်း၂၀၂၅ ခုနှစ်က အမေရိကန်ဒေါ်လာ သန်း ၄၅၀ မှ သန်း ၈၀၀ အထိ ရှာဖွေပေးနေပြီး ထိုပြည်ပရောက်အလုပ်သမားတို့ ရသည့် လုပ်ခလစာကို မြောက်ကိုရီးယားအစိုးရက သိမ်းသွားကြောင်း အစီရင်ခံစာက ထောက်ပြသည်။
ဘက်စုံ ပိတ်ဆို့အရေးယူမှု စောင့်ကြည့်ရေးအဖွဲ့ (Multilateral Sanctions Monitoring Team) ကို မြောက်ကိုရီးယားနှင့် ပတ်သက်၍ ကုလသမဂ္ဂ ပိတ်ဆို့အရေးယူမှု အစီအမံများ ဖော်ဆောင်မှုကို စောင့်ကြည့်အစီရင်ခံရန် အမေရိကန်၊ ကနေဒါ၊ ပြင်သစ်၊ အင်္ဂလန်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ နယ်သာလန်၊ နယူးဇီလန်၊ တောင်ကိုရီးယားတို့ ပူးပေါင်း၍ ၂၀၂၄ ခုနှစ် အောက်တိုဘာတွင် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

👎30❤11👍3😁1
ရန်ကုန် အထည်ချုပ်စက်ရုံများ ပိတ်သိမ်း ထွက်ခွာဖို့ပြင်
ဧရာဝတီ၊ စက်တင်ဘာ ၁၇၊ ၂၀၂၆
အမှာစာ ရရှိမှုနည်းပါးလာခြင်းနှင့် ကုန်ကြမ်းသွင်းရခက်ခဲခြင်းတို့ကြောင့် ရန်ကုန်တိုင်းအတွင်းရှိ အထည်ချုပ်စက်ရုံများ ပိတ်သိမ်း၍ ထွက်ခွာဖို့ ပြင်ဆင်လာကြကြောင်း ပြည်တွင်း အထည်ချုပ်လုပ်ငန်းတချို့ထံက သိရသည်။
ယခုနှစ်အတွင်း ပိတ်သိမ်းလိုက်သည့် အထည်ချုပ်စက်ရုံများရှိသလို စက်တင်ဘာလကုန်၌ လှိုင်သာယာမြို့နယ် ထန်းတပင်ရှိ အထည်ချုပ်စက်ရုံ ၅ ရုံဖြင့်လည်ပတ်နေသော Teng Hui Myanmar လည်း H&M ဘက်မှ အမှာစာ မရတော့သဖြင့် အပြီးပိတ်သိမ်းတော့မည်ဖြစ်ကြောင်း ကြေညာထားသည်။
ရန်ကုန်တိုင်းရှိ အထည်ချုပ်စက်ရုံ ၁၇ ရုံခန့်မှာ စက်မှုလုပ်ငန်းသုံးပစ္စည်းများ သွင်းရခက်လာခြင်းနှင့် အမှာစာနည်းပါး ခြင်းတို့ကြောင့် ပိတ်သိမ်းရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ထံ ခွင့်ပြုချက်တင်ထားသည်ဟု သိရကြောင်း အထည်ချုပ်လုပ်ငန်းရှင်တဦးက ပြောသည်။
အထည်ချုပ်ကဏ္ဍ၌ နှစ်စဉ် စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာလများမှာ ပြည်ပအမှာစာ လျော့နည်းသည့်လများ ဖြစ်သော်လည်း ယခုနှစ်တွင်မူ နိုင်ငံတကာအမှတ်တံဆိပ် အော်ဒါများ ပိုမိုလျော့ကျလာသလို၊ စက်ရုံပိုင်ရှင်များ လက် ပြောင်းလက်လွှဲ ရောင်းချမှုများမှာ ယခင်နှစ်များထက် ပိုမိုများလာကြကြောင်း လုပ်ငန်းရှင်တို့ထံက သိရသည်။
အထည်ချုပ်လုပ်ငန်းရှင်တဦးက “H&M ကလည်း ချက်ချင်းကြီး ထွက်တာတော့ မဟုတ်ဘူး။ အထည်အမှာစာကို လျှော့ပြီးတော့ နောက်ဆုံးမှ ထွက်သွားတာ။ H&M ကိုပဲ သီးသန့်လုပ်ပြီး တခြား အော်ဒါ လက်မခံတဲ့ ရုံတွေကတော့ ပိတ်မယ့်ရုံတွေ ရှိမယ်။ တချို့ကလည်း တခြား Buyer တွေရလို့ ဆက်နေမယ့်သူတွေလည်း ရှိပါတယ်” ဟု ဧရာဝတီကို ပြောသည်။
လက်ရှိတွင် အာဏာသိမ်းအစိုးရက ပို့ကုန်၊ သွင်းကုန် မူဝါဒကန့်သတ်မှုများကြောင့် ကုန်ကြမ်းတင်သွင်းရာတွင် သွင်းကုန် လိုင်စင်ရရှိမှု ကြန့်ကြာခြင်း၊ စက်ပစ္စည်းအပိုပစ္စည်းများနှင့် လိုအပ်သောပစ္စည်းများ သွင်းမရခြင်းအပြင် လျှပ်စစ်မီးမမှန်ခြင်း တို့ကလည်း စက်ရုံအလုပ်ရုံများ ဆက်လက်လည်ပတ်ရန် အခက်အခဲဖြစ်စေကြောင်း လုပ်ငန်းရှင်များက ပြောဆိုသည်။
ထို့ပြင် ဗဟိုဘဏ်က သတ်မှတ်ထားသည့်ငွေလဲနှုန်းမှာ အမေရိကန် တဒေါ်လာလျှင် ၂,၁၀၀ ကျပ်၊ အွန်လိုင်း ငွေလဲနှုန်း မှာ ၃,၆၆၀ ကျပ်ဖြစ်ပြီး အထည်ချုပ်လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်ရငွေကို တဒေါ်လာလျှင် ၃,၆၆၀ ကျပ်ဖြင့်သာ လဲလှယ်ရသော်လည်း ပြင်ပပေါက်ဈေးမှာ ၄,၃၅၀ ကျော်ရှိနေသဖြင့် တဒေါ်လာလျှင် ၇၀၀ ကျော် ကွာဟချက်ရှိရာ ပို့ကုန်ရငွေကို အွန်လိုင်း ငွေလဲနှုန်းဖြင့်သာ လဲလှယ်ရသည့်အတွက်လည်း လုပ်ငန်းလည်ပတ်မှုအပေါ် သက်ရောက်မှု ရှိနေကြောင်း အထည်ချုပ်လုပ်ငန်းရှင်တဦးက ပြောသည်။
၎င်းက “အထည်ချုပ် ပို့ကုန်က အခု ဂျပန် ၄၀ ရာခိုင်နှုန်းလောက်နဲ့ ကျန်တာက အမေရိကန်၊ ကနေဒါနဲ့ အရှေ့ ဥရောပ နိုင်ငံတွေလောက်ပဲ ရှိတယ်။ ဒီနှစ်ကတော့ စက်ရုံတွေက အဟောင်းအသစ် လဲတာ ပိုများတယ်၊ ပိုင်ရှင်ပြောင်းတာပေါ့။ လက်လွှဲခဲ့တာတော့ တော်တော်များတယ်။ လတ်တလောမှာတင် နှစ်ရုံ၊ သုံးရုံ ရှိနေတယ်” ဟု ဧရာဝတီကို ပြောသည်။
ရပ်နားရန်ရှိနေသည့် စက်ရုံတရုံလျှင် အလုပ်သမား ထောင်နှင့်ချီရှိနိုင်သည့်အတွက် စက်ရုံများ ပိတ်သိမ်းပါက သောင်း နှင့်ချီသော အလုပ်သမားများ အလုပ်အကိုင် ဆုံးရှုံးနိုင်သည့်အခြေအနေရှိကြောင်းလည်း လုပ်ငန်းရှင်များက ဆိုသည်။
ယခုလကုန်၌ ပိတ်သိမ်းတော့မည့် Teng Hui သိုးမွှေးစက်ရုံသို့ စက်တင်ဘာ ၁၂ ရက်တွင် အာဏာသိမ်းအစိုးရ၏ အလုပ်သမားဝန်ကြီး ဦးခင်မောင်စိုးက သွားရောက်ကြည့်ရှုခဲ့ပြီး ယင်းစက်ရုံရှိ အလုပ်သမား ၂ ထောင်ကျော်အား အခြားလိုအပ်သည့် စက်ရုံများသို့ ပြောင်းရွှေ့လုပ်ကိုင်နိုင်ရေး ချိတ်ဆက်ကူညီပေးခဲ့ကြောင်း အလုပ်သမားဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။
မြန်မာအထည်ချုပ်လုပ်ငန်းများ၏ အဓိက စျေးကွက်မှာ အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်၊ ဒိန်းမတ်၊ ဘယ်လ်ဂျီယံ၊ ပိုလန်၊ စပိန်၊ ဂျာမနီ၊ နယ်သာလန်၊ အီတလီ၊ ဂျပန်၊ ကိုရီးယား အစရှိသော နိုင်ငံတို့ဖြစ်ကြပြီး ကမ္ဘာတဝန်း နိုင်ငံပေါင်း ၈၀ ကျော်အား တင်ပို့နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
မြန်မာ့အထည်ချုပ်ကဏ္ဍသည် နှစ်စဉ် အမေရိကန်ဒေါ်လာ ၄ ဘီလီယံမှ ၅ ဘီလီယံဝန်းကျင်အထိ နိုင်ငံခြားဝင်ငွေ ရှာဖွေ ပေးနိုင်သည့်ကဏ္ဍတခုဖြစ်ပြီး ကိုဗစ်ကာလအတွင်း စက်ရုံ ၁၀၀ ခန့် ရပ်နားခဲ့ရသဖြင့် ဝင်ငွေ ၄၀ ရာခိုင်နှုန်းကျဆင်း ခဲ့သလို၊ အာဏာသိမ်းပြီးနောက်တွင်လည်း လုပ်ငန်းတချို့ ပိတ်သိမ်း ထွက်ခွာမှုများ ရှိခဲ့သည်။
၂၀၂၃ ခုနှစ်တွင် အထည်ချုပ်ကဏ္ဍမှ တင်ပို့မှုဝင်ငွေ အမေရိကန်ဒေါ်လာ ၅ ဒသမ ၂ ဘီလီယံကျော် ရရှိခဲ့သော်လည်း ၂၀၂၄ ခုနှစ်တွင် ဒေါ်လာ ၄ ဒသမ ၄၆ ဘီလီယံခန့်သာ ရရှိခဲ့သဖြင့် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ဒေါ်လာ ၇၅၀ သန်းခန့် လျော့နည်းခဲ့ကြောင်း အာဏာသိမ်းအစိုးရ၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနစာရင်းများအရ သိရ သည်။
အထွေထွေအကျပ်အတည်းကြောင့် ပြည်တွင်းရှိ အထည်ချုပ်လုပ်ငန်းများသာမက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ထွက်ခွာနေကြချိန် အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်က ဗီယက်နမ်ခရီးစဉ်အတွင်း

👎23❤12👍9
စီးပွားရေးလုပ်ငန်းရှင်များ ပြန်လည်ဝင်ရောက်ကြရန် ဆွေးနွေးမှုများ ရှိနေကြောင်း ပြောဆိုထားသည်။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/09/17/416341.html

ဧရာဝတီ
ရန်ကုန် အထည်ချုပ်စက်ရုံများ ပိတ်သိမ်း ထွက်ခွာဖို့ပြင်
အမှာစာရရှိမှုနည်းလာခြင်းနှင့် ကုန်ကြမ်းသွင်းရခက်ခဲခြင်းတို့ကြောင့် ရန်ကုန်တိုင်းအတွင်းရှိ အထည်ချုပ်စက်ရုံများ ပိတ်သိမ်း၍ ထွက်ခွာဖို့ပြင်ဆင်လာကြကြောင်း ပြည်တွင်းရှိ အထည်ချုပ်လုပ်ငန်းတချို့ထံက သိရ
👎24😭7👍4❤2😁1
မြန်မာ- အိန္ဒိယ စစ်ရေးလေ့ကျင့်မှု စတင်
ဧရာဝတီ၊ စက်တင်ဘာ ၁၇၊ ၂၀၂၆
အိန္ဒိယနိုင်ငံ အရှေ့မြောက် မေဂါလယာပြည်နယ် အမ်ရွိုင်တွင် မြန်မာစစ်တပ်နှင့် ၁၄ ရက်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်မှု (IMBAX) ကို ယမန်နေ့တွင် စတင်ကြောင်း အိန္ဒိယစစ်တပ်က ထုတ်ပြန်သည်။
ထိုလေ့ကျင့်မှုသည် နှစ်နိုင်ငံ စစ်တပ်ကြား ပူးတွဲလေ့ကျင့်မှုများမှတဆင့် ကုလသမဂ္ဂ၏ လုပ်ပိုင်ခွင့်အောက်တွင် စစ်ဆင်ရေးများဆောင်ရွက်ရာ၌ ပူးပေါင်းဆောင်ရွက်နိုင်စွမ်းနှင့် ဟန်ချက်ညီညီ လုပ်ဆောင်နိုင်စွမ်းတို့ မြှင့်တင်ရန် ရည်ရွယ်သည်ဟု ထုတ်ပြန်ထားသည်။
ထို့ပြင် အိန္ဒိယတပ်မတော်မှ အသုံးပြုလျက်ရှိသော ပြည်တွင်းထုတ် လက်နက်နှင့် စစ်လက်နက်ပစ္စည်းအမျိုးမျိုးကို လေ့လာသုံးစွဲခွင့် ရရှိမည်ဖြစ်ကြောင်းဆိုထားသည်။
ယခု စစ်ရေးလေ့ကျင့်မှုသည် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် လုံခြုံရေးတို့ကို မြှင့်တင်ရန် နှစ်နိုင်ငံစလုံး၏ ကတိကဝတ်ပြုမှုကို ထပ်လောင်း အတည်ပြုလိုက်ခြင်းလည်း ဖြစ်သည်ဟု အိန္ဒိယဘက်က ထုတ်ပြန်ထားသည်။

👎41❤6👍1😁1😭1
ထိုင်းဥပဒေချိုးဖောက်သူ နိုင်ငံခြားသားများ နေရပ်ပြန် သေသင့်ဟု ဝန်ကြီးချုပ် အနုတင် သတိပေး
ဧရာဝတီ၊ စက်တင်ဘာ ၁၇၊ ၂၀၂၆
ထိုင်းနိုင်ငံ၌ နိုင်ငံခြားသားများ ပုဂ္ဂလိကသင်္ချိုင်းဆောက်ခွင့် တောင်းဆိုမှုနှင့်ပတ်သက်၍ ဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်းက ထိုင်းပြည်သူများအား ခေါင်းပုံဖြတ် အနိုင်ကျင့် ဥပဒေချိုးဖောက်သူ နိုင်ငံခြားသားများအနေဖြင့် မိမိနေရပ်သို့ ပြန်သေသင့်ကြောင်း ယနေ့ပြင်းထန်စွာ သတိပေးပြောကြားလိုက်သည်။
“ဘာသာရေးနေရာတခုကို ကိုယ့်သဘောနဲ့ လွယ်လွယ်ကူကူ ထူထောင်လို့မရပါဘူး။ ဘာပုံစံပဲဖြစ်ဖြစ် ထိုင်း လူ့အဖွဲ့ အစည်း နဲ့ ယဉ်ကျေးမှုကို လေးစားရပါမယ်။ မကြာသေးမီက ပုဂ္ဂလိက သင်္ချိုင်းဆောက်ဖို့ တောင်းဆိုချက်တခု ရှိတယ် လို့ ကြားရပါတယ်။ ဒါဟာ လွန် လွန်းပါတယ်။ ဒီကို လာခွင့်ရတာကိုက ကံကောင်းနေပါပြီ။ လာရင်ရိုးရိုးသားသား လုပ်ကိုင်စားသောက်ကြပါ။ သေမယ်ဆိုရင်လည်း ဒီမှာမဟုတ်ဘဲ မိမိတို့အိမ်ပြန်ပြီး သေသင့်ပါတယ်။ ပြည်သူတွေကို ခေါင်းပုံဖြတ်ဖို့ ဒီကို မလာကြပါနဲ့" ဟု ၎င်းက ပြောသည်။
မည်သည့်နိုင်ငံခြားသားဆိုသည်ကို ထည့်သွင်းပြောဆိုခြင်းမရှိသော်လည်း ထိုင်းနိုင်ငံတွင် ရိုးသားစွာ လုပ်ကိုင်စား သောက်ပြီး ထိုင်းပြည်သူများအား အနိုင်မကျင့်ဘဲ နေထိုင်သည့် နိုင်ငံခြားသားများကို ကြိုဆိုပြီး၊ ရမ်းကားသူ၊ ခြိမ်းခြောက်သူများနှင့် အနိုင်ကျင့်သူများကိုမူ ဥပဒေအရ အပြည့်အဝ အရေးယူ ဆောင်ရွက်သွားမည်ဟု ဆိုသည်။
အထူးသဖြင့် ဖူးခက်နှင့် ဆူရတ်ဋ္ဌာနီ အပါအဝင် အလားတူပြဿနာများ ရင်ဆိုင်နေရသော နေရာများမှ ခရိုင်အုပ်ချုပ် ရေးမှူး များအနေဖြင့် ၎င်းတို့၏ ဥပဒေပါ လုပ်ပိုင်ခွင့်များကို အပြည့်အဝ အသုံးပြုကြရန် တိုက်တွန်းခဲ့ပြီး ထိုင်းနိုင်ငံသား အမည်ခံကာ မြေယာပိုင်ဆိုင်ခြင်း၊ လိမ်လည်သည့် စီးပွားရေးလုပ်ငန်းများ၊ အလုပ်လုပ်ခွင့်ပါမစ်မရှိဘဲ လုပ်ကိုင်ခြင်းနှင့် ထိုင်းနိုင်ငံအား ပြစ်မှုကျူးလွန်ရန် အခြေစိုက်စခန်းအဖြစ် အသုံးပြုခြင်း စသည့် နိုင်ငံခြားသားဆိုင်ရာ ပြစ်မှုများကို အနီးကပ် စောင့်ကြည့်စစ်ဆေးရန် ခရိုင်အုပ်ချုပ်ရေးမှူးများအား အမိန့်ပေးထားသည်။
ထို့ပြင် စားသောက်ဆိုင်အဖြစ် ဖွင့်လှစ်ခွင့်ယူထားပြီး အတွင်း၌ ဘာသာရေးဆိုင်ရာနေရာပြုလုပ်ထားခြင်းများကိုလည်း ခွင့်ပြုမည်မဟုတ်ကြောင်း ဖြည့်စွက်ပြောသည်။

👍19😁11❤7🤔1😱1
Media is too big
VIEW IN TELEGRAM
အာဏာသိမ်းစစ်တပ် ကြံရာပါအဖြစ် တယ်လီနောရုံးချုပ်ကို နော်ဝေ စီးနင်း
အာဏာသိမ်းစစ်တပ်ရဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါအဖြစ် ပါဝင်ကူညီခဲ့တယ် ဆိုပြီး နော်ဝေမှာရှိတဲ့ တယ်လီနောရုံးချုပ်ကို ဝင်ရောက်စီးနင်းခဲ့ကြောင်း နော်ဝေရဲတပ်ဖွဲ့က စက်တင်ဘာ ၁၅ ရက် နေ့မှာ ထုတ်ပြန်ပါတယ်။
နော်ဝေရဲတပ်ဖွဲ့နဲ့ အမျိုးသားရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဌာနတို့က နော်ဝေနိုင်ငံ အော်စလိုမြို့မှာရှိတဲ့ တယ်လီနောရုံးချုပ်ကို စီးနင်းရှာဖွေခဲ့ပြီး မြန်မာအာဏာသိမ်းစစ်တပ်ဆီ သုံးစွဲသူတွေရဲ့အချက်အလက်တွေကို အကြိမ်ကြိမ် မျှဝေခဲ့မှု၊ အာဏာသိမ်းစစ်တပ်ရဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှု အပေါ် ကူညီမှု တွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
#မြန်မာ #ဧရာဝတီ #နော်ဝေ #တယ်လီနော #ရာဇဝတ်မှု #အာဏာသိမ်းစစ်တပ် #WhatsHappeingInMyanmar

❤41👍31😁3
Media is too big
VIEW IN TELEGRAM
အသက် ၁၃နှစ်အောက်တွေကို ဆိုရှယ်မီဒီယာသုံးခွင့် ပိတ်မယ့်အစီအစဉ်ကို ဥရောပသမဂ္ဂ ကြေညာ
စက်တင်ဘာ ၁၇၊ ၂၀၂၇
ဥရောပသမဂ္ဂ (EU) ဟာ အဖွဲ့၀င်နိုင်ငံအတွင်းမှာရှိတဲ့ အသက် ၁၃ နှစ်အောက် ကလေးငယ်တွေကို ဆိုရှယ်မီဒီယာ သုံးစွဲခွင့် လုံး၀ပိတ်ပင်ဖို့နဲ့ အသက်ပိုကြီးတဲ့ ကလေးတွေအတွက်လည်း ဒစ်ဂျစ်တယ်နည်းပညာ သုံးစွဲမှုကို ကန့်သတ်ချက်တွေချမှတ်သွားဖို့ ပြင်ဆင်နေတယ်လို့ ဥရောပကော်မရှင်ဥက္ကဌ အူဆူလာ ဗွန်ဒါ လယ်ရန် က ဗုဒ္ဓဟူးနေ့က ကြေညာလိုက်ပါတယ်။
#မြန်မာ #ဧရာဝတီ #eu #Socialmedia #kids

👍58❤16👎1
• တရုတ်တွေဦးဆောင်တဲ့ ကျောက်မျက်ရတနာလိမ်လည်ရောင်းချမှုတွေရှိနေ
• မူးယစ်ဆေးဝါးနှိမ်နင်းဖို့ မြန်မာပျက်ကွက်နေတယ်လို့ အမေရိကန်ပြော
• ကရင်နီ မိဘမဲ့ကျောင်းကို စစ်တပ်ကတိုက်ခိုက် ကလေးငယ်တွေသေဆုံး ဒဏ်ရာရ
• အာဏာသိမ်းသမ္မတကို ဖိတ်ခေါ်မယ်လို့ မလေးရှားပြော
• စစ်တပ်က ရွှေကုက္ကို ကျားဖြန့်နှိမ်နင်းရေးမှာ AI ဓာတ်ပုံတွေနဲ့ ထုတ်ပြန်
• AI ချစ်သူနဲ့တွေ့ဖို့ လေဆိပ်မှာသွားရှာတဲ့ အသက် ၆၀ ကျော်အမျိုးသမီးတဦး
နေ့စဉ်သတင်း၊ စက်တင်ဘာ ၁၇၊ ၂၀၂၆
https://youtu.be/nz5qR64UJgA
#မြန်မာ #ဧရာဝတီ #တရုတ် #ကျောက်မျက်ရတနာ #မူးယစ်ဆေးဝါး #အမေရိကန် #ကရင်နီ #မိဘမဲ့ #မလေးရှား #ရွှေကုက္ကို #ကျားဖြန့် #AI #နေ့စဉ်သတင်း #DailyNews #WhatsHappeningInMyanmar

တရုတ်တွေဦးဆောင်တဲ့ ကျောက်မျက်ရတနာလိမ်လည်ရောင်းချမှုတွေရှိနေ | The Irrawaddy
• တရုတ်တွေဦးဆောင်တဲ့ ကျောက်မျက်ရတနာလိမ်လည်ရောင်းချမှုတွေရှိနေ
• မူးယစ်ဆေးဝါးနှိမ်နင်းဖို့ မြန်မာပျက်ကွက်နေတယ်လို့ အမေရိကန်ပြော
• ကရင်နီ မိဘမဲ့ကျောင်းကို စစ်တပ်ကတိုက်ခိုက် ကလေးငယ်တွေသေဆုံး ဒဏ်ရာရ
• အာဏာသိမ်းသမ္မတကို ဖိတ်ခေါ်မယ်လို့ မလေးရှားပြော
• စစ်တပ်က…

👍34❤1🤔1
ထရမ့်နှင့် ရှီတွေ့ဆုံမှုအတွင်း ကိုမင်းဇင် လွတ်မြောက်ရေး ဆွေးနွေးဖို့ ဇနီးသည် မျှော်လင့်
ဧရာဝတီ၊ စက်တင်ဘာ ၁၇၊ ၂၀၂၆
အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ လက်အောက်ရှိ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ကော်မတီခွဲမှ ပြုလုပ်သည့် တရုတ်နှင့် မြောက်ကိုရီးယား ဖိနှိပ်မှုများ (ဓားစာခံအဖြစ် အမေရိကန်နိုင်ငံသားများကို ဖမ်းဆီးမှု) ကြားနာပွဲသို့ ကိုမင်းဇင်၏ ဇနီးဖြစ်သူလည်း တက်ရောက်ထွက်ဆိုခဲ့သည်။
အမေရိကန်ပြည်ထောင်စုအနေဖြင့် ပစ်မှတ်ထားခံနေရသူများကို မည်သို့ပိုမို ကာကွယ်ပေးနိုင်မည်ဆိုသည့် ဆုံးဖြတ်ချက်ချနိုင်ရန် တရုတ်နှင့် မြောက်ကိုရီးယားအစိုးရတို့မှ ဓားစာခံအဖြစ် အဖမ်းခံရသူများ၏ မိသားစုဝင်များ ထွက်ဆိုမှုကို ကြားနာခြင်းဖြစ်သည်။
လွတ်လပ်သည့် သုတေသနအဖွဲ့ဖြစ်သော မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့ (Institute for Strategy and Policy - Myanmar or ISP Myanmar)အမှုဆောင် ဒါရိုက်တာ အမေရိကန်နိုင်ငံသား ကိုမင်းဇင်သည် ဇွန်လဆန်းက ပညာရပ်ဆိုင်ရာ ညီလာခံတခုအတွက် တရုတ်နိုင်ငံသို့ ပုံမှန်ခရီးစဉ်အဖြစ် သွားရောက်ခဲ့ပြီးနောက် တရုတ်အာဏာပိုင်များက အမျိုးသားလုံခြုံရေးကို ထိပါးစေသည်ဆိုကာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ၂၄ နာရီမီးလင်းနေသော အခန်းကျဉ်းလေးထဲ၌ နေ့စဉ် ၄ နာရီမှ ၆နာရီကြာ စစ်ဆေးခံနေရကာ ရက်ပေါင်း ၁၀၀ ကျော်အထိ တရုတ်ရှေ့နေနှင့် တွေ့ဆုံခွင့် မရသေးကြောင်းနှင့် မည်သည့်နေရာတွင် ရှိနေသည်ကို မသိရကြောင်း ဇနီးဖြစ်သူ Mrs. Sylvia Zin က ပြောသည်။
ထို့ကြောင့် လာမည့်အပတ်အတွင်း သမ္မတ ထရမ့်နှင့် သမ္မတရှီကျင့်ဖျင်တို့ တွေ့ဆုံမှု၌ ကိုမင်းဇင်လွတ်မြောက်ရေး ဆွေးနွေးရန် မျှော်လင့်ကြောင်း၊ အခြား မတရားဖမ်းဆီးခံရသူအဖြစ် သတ်မှတ်ခံထားရသည့် အမေရိကန်နိုင်ငံသားများအား ဘေးကင်းကင်းဖြင့် နေရပ်သို့ ပြန်ခေါ်နိုင်သော အမေရိကန်အစိုးရအနေဖြင့် ကိုမင်းဇင်ကိုလည်း အလားတူ ပြန်ခေါ်နိုင်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောသည်။
တရုတ်နိုင်ငံ၌ ဖမ်းဆီးထားသည့် အမေရိကန်နိုင်ငံသား ကိုမင်းဇင်ကို “မတရားဖမ်းဆီးခံရသူ”အဖြစ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို (Marco Rubio)မှ သတ်မှတ်ထားကြောင်း အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒီလန်ဂျွန်ဆင်က သြဂုတ်လ ၂၀ ရက်၌ လူမှုကွန်ရက်မှတဆင့် ပြောကြားထားသည်။
ထိုသို့ အမေရိကန်နိုင်ငံသားများနှင့် အမြဲတမ်းနေထိုင်သူများအား ဖမ်းဆီးမှုများသည် တရုတ်ကွန်မြူနစ်ပါတီ၏ ခြိမ်းခြောက်မှုများ မြင့်တက်လာခြင်းဖြစ်ပြီး နိုင်ငံသားတဦးအနေဖြင့် တရုတ်နိုင်ငံသို့ ခရီးသွားပါက ဘေဂျင်းသည် သံတမန်ရေးရာ ဆွေးနွေးညှိနှိုင်းမှုများတွင် အသာစီးရယူရန် ဓားစာခံအဖြစ် ဖမ်းဆီးထိန်းသိမ်းနိုင်ကြောင်း အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီလက်အောက်ရှိ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာကော်မတီခွဲ ဥက္ကဋ္ဌ မစ္စယန်းကင် (Young Kim) က သတိပေးထားသည်။
ဓာတ်ပုံ-Aung Maw Zin’s Post

❤28👍25😁5
Media is too big
VIEW IN TELEGRAM
တယ်လီနောရုံးချုပ်ကို နော်ဝေရဲတွေ ဘာလို့ဝင်စီးတာလဲ
စက်တင်ဘာ ၁၇၊ ၂၀၂၆
တယ်လီနောဟာ မြန်မာစစ်အစိုးရရဲ့ လူသားမျိုးနွယ်အပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ကြံရာပါဖြစ်နေတယ်လို့ စွပ်စွဲခံထားရပြီး နော်ဝေနိုင်ငံက တယ်လီနော်ရုံးချုပ်ဟာလည်း ရဲတပ်ဖွဲ့ရဲ့ ဝင်စီးတာခံခဲ့ရပါတယ်။

👍59❤3
ဗိုလ်မုတ်သုန်အပါအဝင် ကျားဖြန့်နှင့် ဆက်နွယ်သူများအား အရေးယူရန် ကန်အောက်လွှတ်တော် တောင်းဆို
ဧရာဝတီ၊ စက်တင်ဘာ ၁၇၊ ၂၀၂၆
အမေရိကန် ဘဏ္ဍာရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးတို့အနေဖြင့် အရှေ့တောင်အာရှမှ နယ်စပ်ဖြတ်ကျော် အွန်လိုင်း ငွေလိမ် ဒုစရိုက်ကွန်ရက်(ကျားဖြန့်)နှင့် ဆက်နွယ်မှုဖြင့် စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်မှ ဗိုလ်မှူးစောမုတ်သုန်အပါအဝင် လူ ပုဂ္ဂိုလ် ၂၆ ဦး၊ အဖွဲ့အစည်း ၂ ခုကို အရေးယူပိတ်ဆို့မှုဆိုင်ရာ ဥပဒေစံနှုန်းများနှင့် ကိုက်ညီမှုရှိမရှိ စုံစမ်းစစ်ဆေးရန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ သဘာပတိ ဘရိုင်ယန် မက်စ် နှင့် တရုတ်နိုင်ငံဆိုင်ရာ အထူးကော်မတီ သဘာပတိ ဂျွန် မိုလီနာတို့က စက်တင်ဘာ ၁၅ရက်၌ စာပေးပို့ တောင်းဆိုခဲ့သည်။
ယင်းစာရင်းတွင် ထိုင်း ဒုဘဏ္ဍာရေးဝန်ကြီးဟောင်းအပြင် ကမ္ဘောဒီးယား၊ မြန်မာ၊ တရုတ်နိုင်ငံတို့နှင့် ဆက်နွယ်နေသည့် အရေးပါသော လူပုဂ္ဂိုလ်များ ပါဝင်ကြောင်း Khaosad သတင်းက ဆိုသည်။
အဖွဲ့အစည်းအနေဖြင့် မြဝတီ ရွှေကုက္ကိုမြို့သစ် စီမံကိန်းစတင်သော Fully Light ကုမ္ပဏီ၊ White Sands Palace Casino၊ လူပုဂ္ဂိုလ်အနေဖြင့် ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်၏ တူဖြစ်သူအပြင် ဆီဟာနုဗီးလ်အုပ်ချုပ်ရေးမှူးဟောင်း၊ ကမ္ဘောဒီးယား ပြည်ထဲရေးဝန်ကြီးတို့လည်း ပါဝင်သည်။
ယခုစာရင်းထဲတွင် ပါဝင်သော ဗိုလ်မှူးစောမုတ်သုန်ကို နိုင်ငံဖြတ်ကျော် လူကုန်ကူးမှု ရာဇဝတ်ကျူးလွန်မှုဖြင့် ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI) နှင့် ရာဇဝတ်မှုဆိုင်ရာ တရားရုံးတို့က ဇူလိုင် ၂၇ ရက်၌ ဖမ်းဝရမ်း ထုတ်ပြန်ထားသည်။
DSI၏ လျှောက်ထားချက်အရ ဗိုလ်မှူး စောမုတ်သုန်သည် လူကုန်ကူးမှု၊ လူကုန်ကူးရန် ပူးပေါင်းကြံစည်မှု၊ နစ်နာသူများကို တရားမဝင် ချုပ်နှောင်ထားမှု၊ ကျူးလွန်သူများအား ကူညီပေးမှု၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်အဖွဲ့အစည်းများ၌ ပါဝင်ပတ်သက်မှု စသောအချက်များကြောင့် ဝရမ်းထုတ်ပြန်ရခြင်းဖြစ်ကြောင်း ဆိုသည်။
ထိုင်း ဒုဘဏ္ဍာရေးဝန်ကြီးဟောင်း ဝိုရာဖတ်တန်ညာဝေါင်က ၎င်းအနေဖြင့် အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် ပတ်သက်ခြင်း မရှိကြောင်း စက်တင်ဘာ ၁၇ရက်က လူမှုကွန်ရက်မှတဆင့် ငြင်းဆိုထားသည်။
ပုံစာ-စစ်တပ်လက်အောက်ခံ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်မှ ဗိုလ်မှူးစောမုတ်သုန်

👍63❤11😁3