ကိုးကန့်၊ "ဝ" မှ ကျားဖြန့်တို့ ရှမ်းတောင်နှင့် အရှေ့သို့ ပျံ့နှံ့လာ
ဧရာဝတီ၊ စက်တင်ဘာ ၁၇၊ ၂၀၂
ကိုးကန့်နှင့် ဝ ဒေသမှ ကျားဖြန့်ငွေလိမ်ဂိုဏ်းများသည် ၁၀၂၇ စစ်ဆင်ရေးအပြီး ရှမ်းအရှေ့နှင့် တောင်ပိုင်းသို့ ပြောင်းရွှေ့သွားရာ ၁၇ မြို့နယ်ထက်မနည်း ပျံ့နှံ့ရှိနေကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး သုတေသနအဖွဲ့ (ISP - Myanmar) က ယမန်နေ့က ထုတ်ပြန်သည်။
ISP ၏ စက်တင်ဘာ ၇ ရက်ထုတ် "ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း ပဋိပက္ခစီးပွားရေးနှင့် ဆန်းစစ်ချက်" အစီရင်ခံစာ၌ ရှမ်းပြည်နယ်အတွင်းရှိ ဟိုပုံး၊ လဲချား၊ နမ့်စန်၊ မိုင်းရယ်၊ တန့်ယန်း၊ ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းတုံ၊ တာချီလိတ် စသည့် ၁၇ ခုထက် မနည်းတွင် ကျားဖြန့်လုပ်ငန်းများ၂၅ ခုထက်မနည်း လက်ရှိ ဆက်လက်လည်ပတ်နေသည်ကို တွေ့ရကြောင်း၊ စစ်တပ် ထိန်းချုပ်ထားသည့် မူဆယ်မြို့တွင်လည်း ကျားဖြန့်လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်လုပ်နေကြကြောင်း ဖော်ပြထားသည်။
ယခုဖော်ပြပါ စာရင်းများမှာ၂၀၂၃ ခု ဇန်နဝါရီမှ ၂၀၂၆ ဧပြီလအထိ အများပြည်သူ လွတ်လပ်စွာ ရယူကြည့်ရှုနိုင်သည့် အရင်းအမြစ်များကိုသာ အသုံးပြု၍ ကောက်ယူထားခြင်းဖြစ်ကာ မြေပြင်နှင့်ကွဲလွဲမှု တစုံတရာရှိနိုင်သည်ဟုလည်း အစီရင်ခံစာက ဆိုသည်။
ယခုအခါ ရန်ကုန်၊ မန္တလေးမြို့များသို့ပါ ပြောင်းရွှေ့လုပ်ကိုင်လာကြသလို အာဏာသိမ်းအစိုးရအနေဖြင့်လည်း ယခုရက်ပိုင်းအတွင်း ခပ်စိပ်စိပ်ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိသည်။
ဓာတ်ပုံ- ISP
#WhatsHappeningInMyanmar
#RejectMilitaryCoup

👍31👎4❤3🤔2😁1
ဝတ်မှုံရွှေရည် ဓာတ်ပုံတွေ Vogue Thailand ဘာကြောင့်ဖြုတ်ချလဲ
ဧရာဝတီ၊ စက်တင်ဘာ ၁၇၊ ၂၀၂၆
နိုင်ငံတကာဖက်ရှင်မဂ္ဂဇင်း Vogue ရဲ့ ထိုင်းနိုင်ငံထုတ် Vogue Thailand က သရုပ်ဆောင် ဝတ်မှုံရွှေရည်ရဲ့ ဓာတ်ပုံတွေကို စက်တင်ဘာ ၁၅ ရက်နေ့မှာ ဖော်ပြပြီးနောက် ၂၄ နာရီအတွင်း လူမှုကွန်ရက် စာမျက်နှာတွေကနေ ပြန်လည်ဖြုတ်ချလိုက်ပါတယ်။
ဝတ်မှုံရွှေရည်ရဲ့ ခင်ပွန်း ဦးနိုင်ဖြိုးကျော်ရဲ့ စစ်အာဏာသိမ်းအုပ်စုနဲ့ ဆက်နွယ်မှုတွေကို ထောက်ပြပြီး Vogue ရဲ့ ကိုယ်ပိုင်တန်ဖိုးတွေနဲ့ ကိုက်ညီမှုရှိ၊ မရှိကို Cinema Boulevard က ထောက်ပြဝေဖန်ခဲ့ပြီးနောက် ပို့စ်အောက်မှာ မြန်မာပရိတ်သတ်တွေရဲ့ ဝေဖန်မှုတွေ မြင့်တက်လာခဲ့တာပါ။
အဲဒီနောက် Vogue Thailand က မှတ်ချက်ရေးသားခွင့်ကို ပိတ်လိုက်ရတဲ့အပြင် နောက်ဆုံးမှာတော့ ပို့စ်ကိုပါ ပြန်လည်ဖြုတ်ချလိုက်တာ ဖြစ်ပါတယ်။
https://youtu.be/KZxB83uswKc
#မြန်မာ #ဧရာဝတီ #ဝတ်မှုံရွှေရည် #မဂ္ဂဇင်း #Vogue #WhatsHappensInMyanmar
ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation

❤30👍10😁6🤔2
တရုတ်-မြန်မာစီမံကိန်းများ အကောင်အထည်ဖော်ရေး ဒုသမ္မတ ညိုစော ဆွေးနွေး
ဧရာဝတီ၊ စက်တင်ဘာ ၁၇၊ ၂၀၂၆
၂၃ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးတက်ရန် နန်နင်းမြို့သို့ ရောက်နေသည့် အာဏာသိမ်းအစိုးရ ဒုသမ္မတ ညိုစောသည် ဒု ဝန်ကြီးချုပ် မစ္စတာတင်းရွှယ်ရှန်နှင့် တွေ့ဆုံကာ တရုတ်-မြန်မာစီးပွားရေးစင်္ကြံအောက်မှ စီမံကိန်းများ အကောင်အထည်ဖော်ရေး၊ နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေး၊ နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး၊ အွန်လိုင်းလိမ်လည်မှု နယ်စပ်ဖြတ်ကျော်မှုခင်း တိုက်ဖျက်ရေးကိစ္စများကို ဒုတိယ ဝန်ကြီးချုပ် မစ္စတာတင်းရွှယ်ရှန်နှင့် ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်သည်။
လက်ရှိအချိန်ထိ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးများ တရားဝင် ပြန်လည်စတင်နိုင်ခြင်း မရှိသေးသလို ကူမင်းမြို့မှ စတင်ကာ ရှမ်းပြည်မြောက်ပိုင်း- မန္တလေး၊ ရန်ကုန်မြို့များနှင့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ဖောက်လုပ်မည့် စီးပွားရေးနှင့် အခြေခံအဆောက်အအုံ လမ်းကြောင်းဖြစ်သော တရုတ်-မြန်မာစီးပွားရေးစင်္ကြံ စီမံကိန်းများရှိရာ ဒေသတချို့ကိုလည်း အလုံးစုံ ထိန်းချုပ်နိုင်ခြင်း မရှိသေးပေ။

👎34❤10😁4
ဆန်၊ ဆီ၊ စက်သုံးဆီ၊ ရွှေနှင့်ဒေါ်လာ ယနေ့ ပေါက်ဈေး
ဧရာဝတီ၊ စက်တင်ဘာ ၁၇၊ ၂၀၂၆
ဆန်
အာဏာရှင်အစိုးရအဖွဲ့ သတ်မှတ်သည့် ဆန်လက်ကားဈေးမှာ အကြမ်း အနိမ့်ဆုံးဆန်ကြမ်း ၁ အိတ်(အနိမ့်ဆုံး) ၇၂,၀၀၀ ကျပ်မှ ၈၃,၀၀၀ ကျပ်၊ အချော အမြင့်ဆုံး ရွှေဘိုပေါ်ဆန်း ၁ အိတ် ၂၀၀,၀၀၀ ကျပ်မှ ၂၃၀,၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း နယ်စုံ ၁၅၈,၀၀၀ ကျပ်မှ ၁၇၈,၀၀၀ ကျပ်
ပြင်ပ ဈေးကွက်မှာလည်း ကြိုက်ရောင်းကြိုက်ဝယ် ဈေးဖြင့်သာ အရောင်းအဝယ်ဖြစ်နေပြီး ဆန်၏အရည်အသွေး၊
ဆန်ကွဲပါဝင်မှု၊ ဆန် သစ်/ဟောင်း၊ ငွေပေးချေမှု၊ အိတ်ခွံ၊ နေရာအလိုက် သယ်ယူပို့ဆောင်မှုပေါ်မူတည်၍ ဈေးနှုန်းအနည်းငယ် ကွာဟမှုရှိနိုင်ကြောင်း ဝါးတန်းလမ်း ဆန်ကုန်စည်ဒိုင်အတွင်းရှိ ကုန်သည်များထံက သိရသည်။
စားအုန်းဆီ
အာဏာရှင်အစိုးရအဖွဲ့၏ စားအုန်းဆီ ရည်ညွှန်းလက်ကားဈေးမှာ ၁ ပိဿာ ၇,၀၀၀ ကျပ်ကျော်တွင်ရှိနေ၊
လက်လီသတ်မှတ်ဈေးမှာ ၈,၀၀၀ ကျပ် ဝန်းကျင်တွင်ရှိနေ၊ ပြင်ပဈေးမှာ ၁ ပိဿာလျှင် ၂၀,၀၀၀ ကျပ်နှင့် ဝန်းကျင်တွင် ရှိနေပြီး ယင်းဆီဈေးနှုန်းမှာ ရန်ကုန်မြို့မှ ဈေးနှုန်းများဖြစ်ပြီး မြို့နယ်နှင့် နေရာဒေသအလိုက်
ကွာခြားမှု၊ မြင့်တက်မှုများ ရှိနိုင်သည်။
စက်သုံးဆီ
ဓာတ်ဆီ ၉၂ တလီတာ ၃,၈၂၅ ကျပ်
ဓာတ်ဆီ ၉၅ တလီတာ ၃,၉၅၀ ကျပ်
ဒီဇယ် တလီတာ ကျပ် ၄,၁၅၀ ကျပ်
ပရီမီယံ ဒီဇယ် တလီတာ ၅,၀၅၀ ကျပ်
စစ်ပွဲဖြစ်ပွားသည့် ဒေသများအပါဝင် ဝေးလံခေါင်ဖျားသည့် ဒေသများတွင် သတ်မှတ်ဈေးထက် ဈေးနှုန်း
အဆမတန် မြင့်တက်ခြင်း၊ သယ်ယူပို့ဆောင်မှုများကို အာဏာသိမ်းအစိုးရ ကန့်သတ်ခြင်းများ ရှိနေသည်။
ရွှေနှင့် ဒေါ်လာ
ပြင်ပဈေးကွက်အရ အမေရိကန် ၁ ဒေါ်လာလျှင် ကျပ် ၄,၄၀၀ ကျော် တွင်ရှိနေ
အကယ်ဒမီ အခေါက်ရွှေ တကျပ်သား (စနစ်ဟောင်း) ကျပ်သိန်း ၁၀၀ ကျော်တွင်ရှိနေ
လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား (စနစ်ဟောင်း) ကျပ် ၉၄ သိန်း ကျော်တွင်ရှိနေ
အကယ်ဒမီ အခေါက်ရွှေ တကျပ်သား (စနစ်သစ်) ကျပ် ၉၉ သိန်း ဝန်းကျင်တွင်ရှိနေ
လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား (စနစ်သစ်) ကျပ် ၉၃ သိန်း ကျော်တွင်ရှိနေ
ကမ္ဘာ့ရွှေဈေး တအောင်စ အမေရိကန် ဒေါ်လာ ၄,၂၈၇
ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီ သတ်မှတ်ဈေး စံချိန်မီ ရွှေ ၁ ကျပ်သား
(၁၆.၃၂၉၃၂၅ဂရမ်) ၇,၁၅၀,၀၀၀ (ယမန်နေ့ထက် ကျပ် ၅၀,၀၀၀ တက်လာ) အချိန်နှင့်အမျှ ဈေးနှုန်း အပြောင်းအလဲ ရှိနိုင်သည်။
#ဧရာဝတီ
#နေ့စဉ်ကုန်ဈေးနှုန်း
#ဆန်ဈေး
#ဆီဈေး
#လောင်စာဆီဈေး
#ရွှေဈေး
#ဒေါ်လာဈေး

👍30❤5👎1
အွန်လိုင်းက စောင့်ကြည့်၍ QR စနစ်ဖြင့် မရောင်းသည့် ဆီဆိုင်၂၀ အရေးယူ
ဧရာဝတီ၊ စက်တင်ဘာ ၁၇၊ ၂၀၂၆
စက်သုံးဆီအရောင်းဆိုင်များတွင် QR Code/ Barcode စနစ်အသုံးပြုရောင်းချရန် သတ်မှတ်ချက်ကို မလိုက်နာသည့် ဆီဆိုင်၂၀ အား ဖော်ထုတ်ကာ အရေးယူခဲ့ကြောင်း အာဏာသိမ်းအစိုးရ၏ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် ဆီအရောင်းဆိုင်များက ယာဉ်များ၏ QR Code/ Barcode ကို Scan ဖတ်၍ ရောင်းချရသည့်ပမာဏကို အခြေခံ၍ စက်သုံးဆီ ဝယ်ယူခွင့် (PO) များ ခွဲဝေပေးခြင်းပြုလုပ်နေပြီး ရောင်းချနေမှုကိုလည်း Online Monitoring Center မှ စောင့်ကြည့်စစ်ဆေးနေသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ထို့ပြင် စက်သုံးဆီ အရောင်းဆိုင်များသို့ အမှန်တကယ် လာရောက်ဝယ်ယူသည့် ယာဉ်များကိုသာ Scan ဖြင့် ရောင်းချရန်နှင့် မသမာသောနည်းလမ်းနှင့် ရောင်းအားမြင့်တက်စေအောင် ဆောင်ရွက်နေကြောင်း စိစစ်တွေ့ရှိရပါက ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဟု အရောင်းဆိုင်များကို သတိပေးထားကြောင်း ထုတ်ပြန်ထား သည်။
လက်ရှိ မြန်မာနိုင်ငံ၏ စက်သုံးဆီအများစုမှာ ပြည်ပတင်သွင်းမှုအပေါ် မှီခိုနေရပြီး နိုင်ငံခြားငွေလိုအပ်ချက်နှင့် တင်သွင်းမှုကန့်သတ်ချက်များကြောင့် ဆီရရှိမှုနှင့် ဈေးနှုန်းပိုင်းတွင် ဖိအားများရှိနေကာ တင်သွင်းမှုကို လျှော့ချရန်နှင့် ရရှိသည့်ဆီကို စနစ်တကျ ခွဲဝေရန်အတွက် QR Code/ Barcode စနစ်ဖြင့် ရောင်းချမှုကို တင်းကျပ်စွာ အာဏာသိမ်းအစိုးရက စောင့်ကြည့်လာခြင်း ဖြစ်သည်။

😁29👍6👎2
မြောက်ဦးနှင့် ပုဏ္ဏားကျွန်း- စစ်တွေ အစပ်နေရာများကို ဗုံးကြဲ
ဧရာဝတီ၊ စက်တင်ဘာ ၁၇ ရက်၊ ၂၀၂၆
အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားသည့် မြောက်ဦးမြို့ပေါ်နှင့် ပုဏ္ဏားကျွန်းမြို့တို့ကို စစ်တပ်က ယနေ့ နေ့လယ်တွင် ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံများထံမှ သိရသည်။
ပုဏ္ဏားကျွန်းနှင့် စစ်တွေမြို့အစပ် တိုက်ပွဲဖြစ်ရာ ကွမ်းတောင်ကျေးရွာဝန်းကျင်နှင့် မြောက်ဦးအခြေစိုက် အမှတ် ၅၄၀ ခြေမြန်တပ်ရင်းအနီး ဗုံးကြဲနေကြောင်း ဒေသခံတဦးက ပြောသည်။
၎င်းက “ပုဏ္ဏားကျွန်းက မြို့ထဲကို မဟုတ်ဘူး၊ တိုက်ပွဲဖြစ်တဲ့နေရာတွေကို ကြဲနေတာ။ မြောက်ဦးဘက်ကတော့ မြို့ထဲကို ကြဲတယ်လို့ သိရတယ်” ဟု ဧရာဝတီကို ပြောသည်။
စစ်တပ်သည် ဂျက်ဖိုက်တာ ၄ စီးခန့်ဖြင့် ဗုံးကြဲခြင်းဖြစ်ပြီး မြောက်ဦးမြို့ကို ဗုံး ၃ လုံးကျ၍ အရပ်သားတချို့ ထိမှန်ဒဏ်ရာရသည်ဟု ဒေသခံများက ဆိုသည်။
မြောက်ဦးဒေသခံတဦးက “၅၄၀ တပ်ရင်းဘက်ကို ၄ လုံး ကြဲတယ်။ ၃၇၇ ဘက်ကို တလုံးကြဲတယ်။ ထိခိုက်မှုတော့ ရှိတယ်ကြားတယ်။ အသေးစိတ်ကိုတော့ မသိရသေးဘူး” ဟု ပြောသည်။
မြောက်ဦး၌အခြေစိုက်ခဲ့သော အဓိက တပ်ရင်းများနှင့် စစ်စခန်းကြီးများကို AA က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် အပြီးသတ် သိမ်းပိုက်ခဲ့ပြီး ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ စစ်တပ်စခန်းအားလုံးကို ၂၀၂၄ မတ်လ ၄ ရက်တွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
စစ်တပ်သည် ပုဏ္ဏားကျွန်း၊ စစ်တွေ၊ မြောက်ဦး၊ ရသေ့တောင်၊ ပေါက်တော၊ သံတွဲ၊ ဂွမြို့နယ်တို့ကို လေကြောင်းမှ တိုက်ခိုက်နေသည့်အပြင် နေဗီမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများရှိ၍ ဒေသခံများ သတိထားနေထိုင်ကြရန် AA က သတိပေးထားသည်။
ယခုနှစ် ဩဂုတ်နှင့် စက်တင်ဘာလအတွင်း ရခိုင်ပြည်နယ်နှင့် AA ထိန်းချုပ်ရာ ချင်းပြည်နယ်အစပ်ဒေသများတွင် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ထိခိုက်သေဆုံးမှု မြင့်တက်ခဲ့သည်။
AA ထုတ်ပြန်ချက်များအရ ဩဂုတ်လအတွင်း ဗုံးကြဲမှုကြောင့် အရပ်သား ၃၈ ဦးသေဆုံးပြီး ၇၆ ဦးခန့် ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် စက်တင်ဘာလဆန်းပိုင်းတွင် စစ်တပ်က စစ်တွေနှင့် ကျောက်ဖြူမြို့နယ်များကို ပြန်လည်စိုးမိုးရေးအတွက် လုပ်ဆောင်နေသည့် ၄၉၂၆ စစ်ဆင်ရေးကာလအတွင်း နေ့စဉ် ဗုံးကြဲခဲ့ရာ အရပ်သား ၇ ဦးထက်မနည်း သေဆုံးခဲ့သည်။
ပုံစာ- စက်တင်ဘာ ၁၃ ရက်က ပုဏ္ဏားကျွန်းမြို့သမိုင်းဝင် ဦးရာဇ်တော်ဘုရားတောင်ခြေရင်း၊ ကြိုးတံတားအနီးဝန်းကျင်ကို ဗုံးကြဲစဉ်/AA

👎33👍5❤3😭2
စစ်မှုမထမ်းချင်သူတွေကို စစ်တပ်ဝါဒဖြန့်အနုပညာရှင်တွေက အပြစ်တင်
ဧရာဝတီ၊ စက်တင်ဘာ ၁၇၊ ၂၀၂၆
အာဏာသိမ်းစစ်တပ်ရဲ့အတင်းအဓမ္မ စစ်မှုထမ်းခေါ်ယူမှု ခံရမှာစိုးတဲ့အတွက် တိမ်းရှောင်နေကြတဲ့ လူငယ်တွေအပေါ်မှာ စစ်တပ်ဝါဒဖြန့်ချိရေး ရုပ်ရှင်ဇာတ်လမ်းတွေ ရိုက်ကူးနေတဲ့ အနုပညာရှင်တွေက မီဒီယာတွေထက် အပြစ်တင်ပြောဆိုမှုတွေ ရှိနေပါတယ်။
စက်တင်ဘာလ ၁၁ ရက်နေ့က ပြုလုပ်တဲ့ “တောစီးဖိနပ်ကလေးရဲ့အိမ်ပြန်ချိန်” ဆိုတဲ့ စစ်မှုထမ်းဝါဒဖြန့်ချီရေး ရုပ်/သံဇာတ်လမ်းတိုပြပွဲမှာ ဝါရင့်သရုပ်ဆောင်နဲ့ ဒါရိုက်တာတွေ ဖြစ်ကြတဲ့ ပန်းချီစိုးမိုး၊ နေအောင်၊ မေသဥ္ဇာဦးနဲ့ မင်းသူတို့က စစ်မှုထမ်းဥပဒေဟာ လိုအပ်ကြောင်း၊ လူငယ်တွေ စစ်မှုထမ်းသင့်ကြောင်းနဲ့ လက်ရှိမှာ စစ်မှုမထမ်းချင်ဘဲ ကြောက်ပြီး ရှောင်ပြေးနေကြကြောင်း မီဒီယာတွေမှာ ပြောမှုတွေ ရှိခဲ့တာပါ။
ဒီရုပ်သံဇာတ်လမ်းတိုထဲမှာ စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေရဲ့ စိတ်ဓါတ်ကို ကောင်းစေသလို အလုပ်အကိုင်အခွင့်အလမ်းအတွက် သေချာကြောင်း ဆွဲဆောင် ဝါဒဖြန့်ချီ ရိုက်ကူးထားတာ ဖြစ်ပါတယ်။
လက်တွေ့မှာ စစ်မှုထမ်းဥပဒေဟာ ပြည်တွင်းမှာ ရှိနေတဲ့ လူငယ်တွေတဲ့ ခြိမ်းခြောက်နေတဲ့ ဥပေဒတခုဖြစ်ပြီး ပြန်လမ်းမရှိတဲ့ ရှေ့တန်းစစ်မျက်နှာပြင်ကို သွားရမှာဖြစ်တဲ့အတွက် လူငယ်တွေအနေနဲ့ နည်းလမ်းအမျိုးမျိုးနဲ့ တိမ်းရှောင်နေကြတာလို့ ဆိုကြပါတယ်။
https://youtu.be/Dj6mhK4fKbw
#မြန်မာ #ဧရာဝတီ #စစ်မှုထမ်း #နေအောင် #WhatsHappensInMyanmar

YouTube
စစ်မှုမထမ်းချင်သူတွေကို စစ်တပ်ဝါဒဖြန့်အနုပညာရှင်တွေက အပြစ်တင် | The Irrawaddy
အာဏာသိမ်းစစ်တပ်ရဲ့အတင်းအဓမ္မ စစ်မှုထမ်းခေါ်ယူမှု ခံရမှာစိုးတဲ့အတွက် တိမ်းရှောင်နေကြတဲ့ လူငယ်တွေအပေါ်မှာ စစ်တပ်ဝါဒဖြန့်ချိရေး ရုပ်ရှင်ဇာတ်လမ်းတွေ ရိုက်ကူးနေတဲ့ အနုပညာရှင်တွေက မီဒီယာတွေထက် အပြစ်တင်ပြောဆိုမှုတွေ ရှိနေပါတယ်။
စက်တင်ဘာလ ၁၁ ရက်နေ့က ပြုလုပ်တဲ့…
စက်တင်ဘာလ ၁၁ ရက်နေ့က ပြုလုပ်တဲ့…
👎42❤9😁4😭3
Media is too big
VIEW IN TELEGRAM
စင်းခန်းမှာ အထိုင်ချဖို့ကြိုးစားတဲ့ စစ်ကြောင်းကို KIA ချေမှုန်း
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ ဧရာဝတီမြစ်ဘေးက စင်းခန်းဘုန်းကြီးကျောင်းမှာ အထိုင်ချဖို့ ကြိုးပမ်းတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူး ပေါင်းတပ်တွေက စက်တင်ဘာလ ၁၅ ရက်နေ့ ညပိုင်းမှာ အပြီးသတ် ချေမှုန်းလိုက်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ဧရာဝတီကို ပြောပါတယ်။
မန္တလေးမြို့၊ ဂေါဝိန်ဆိပ်ကမ်းကနေ ဗန်းမော်မြို့ကို ဦးတည်တဲ့ စစ်သင်္ဘောတွေ စတက်ချိန် ဩဂုတ်လထဲက စင်းခန်းတံတားကို ထိန်းချုပ်နိုင်ဖို့ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းတွေကို မြစ်ကမ်းဘေးမှာ နေရာချခဲ့တာပါ။ အဲ့ဒီစစ်ကြောင်းရဲ့ အင်အားတဝက်ဟာ ဒီကနေ့မနက်ပိုင်း သင်္ဘောနဲ့ ထွက်ခွာချိန်မှာ တိုက်ခိုက်နှစ်မြှုပ်ခံခဲ့ရသလို စင်းခန်းမှာ ကျန်ခဲ့တဲ့ နောက်ချန်အင်အားဟာလည်း တိုက်ခိုက်ချေမှုန်းခံလိုက်ရတာ ဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #KIA #ဗန်းမော် #စင်းခန်း #ကချင် #စစ်တပ် #စစ်သင်္ဘော #WhatsHappeningInMyanmar

❤43👍21😁1
ရုရှားက ယူကရိန်းစစ်ပွဲသုံး ဒရုန်းများထုတ်ဖို့ မြောက်ကိုရီးယားအလုပ်သမားများ ပိုသုံးလာ
ဧရာဝတီ၊ စက်တင်ဘာ ၁၇၊ ၂၀၂၆
ရုရှားက ယူကရိန်းကို တိုက်ရာ၌ သုံးသည့် စစ်သုံးဒရုန်းများ တည်ဆောက်ရန် မြောက်ကိုရီးယားအလုပ်သမားများကို ပိုမိုစုဆောင်းအသုံးပြုလာနေပြီး ယင်းက ပြုံယမ်းအစိုးရအတွက် အဓိကဝင်ငွေရင်းမြစ်တခုဖြစ်လာကြောင်း ဘက်စုံ ပိတ်ဆို့အရေးယူမှု စောင့်ကြည့်ရေးအဖွဲ့ (Multilateral Sanctions Monitoring Team) က ယမန်နေ့တွင် အစီရင်ခံစာ ထုတ်ပြန် သည်။
အစီရင်ခံစာတွင် မြောက်ကိုရီးယားနိုင်ငံသား နှစ်သောင်းခွဲအထိ တာတာစတန်၊ အလာဘူဂါ အပါအဝင် ရုရှားဒရုန်း စက်မှုလုပ်ငန်း၌ လုပ်ကိုင်နေသည်ဟု ယူဆကြောင်း ပြည်ပရောက် မြောက်ကိုရီးယား IT အလုပ်သမားများအနေဖြင့် ကင်ဂျူံအန်းအစိုးရအတွက် ပြီးခဲ့သည့်နှစ်က အမေရိကန်ဒေါ် သန်း ၈၀၀ အထိ ရှာဖွေပေးကြောင်း၊ ဤသည်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို ချိုးဖောက်၍ တရားမဝင် နျူကလီးယားနှင့် ဒုံးပျံအစီအစဉ်များအတွက် ရန်ပုံငွေ ပံ့ပိုးပေးနေခြင်းဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။
မြောက်ကိုရီးယား အလုပ်သမား ၃၅,၆၀၀ မှ ၁၀၁,၂၈၀ ဦးအထိ တရုတ်နှင့် ရုရှားနိုင်ငံတွင် ရှိသည်ကိုတွေ့ရကြောင်း၂၀၂၅ ခုနှစ်က အမေရိကန်ဒေါ်လာ သန်း ၄၅၀ မှ သန်း ၈၀၀ အထိ ရှာဖွေပေးနေပြီး ထိုပြည်ပရောက်အလုပ်သမားတို့ ရသည့် လုပ်ခလစာကို မြောက်ကိုရီးယားအစိုးရက သိမ်းသွားကြောင်း အစီရင်ခံစာက ထောက်ပြသည်။
ဘက်စုံ ပိတ်ဆို့အရေးယူမှု စောင့်ကြည့်ရေးအဖွဲ့ (Multilateral Sanctions Monitoring Team) ကို မြောက်ကိုရီးယားနှင့် ပတ်သက်၍ ကုလသမဂ္ဂ ပိတ်ဆို့အရေးယူမှု အစီအမံများ ဖော်ဆောင်မှုကို စောင့်ကြည့်အစီရင်ခံရန် အမေရိကန်၊ ကနေဒါ၊ ပြင်သစ်၊ အင်္ဂလန်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ နယ်သာလန်၊ နယူးဇီလန်၊ တောင်ကိုရီးယားတို့ ပူးပေါင်း၍ ၂၀၂၄ ခုနှစ် အောက်တိုဘာတွင် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

👎30❤11👍3😁1
ရန်ကုန် အထည်ချုပ်စက်ရုံများ ပိတ်သိမ်း ထွက်ခွာဖို့ပြင်
ဧရာဝတီ၊ စက်တင်ဘာ ၁၇၊ ၂၀၂၆
အမှာစာ ရရှိမှုနည်းပါးလာခြင်းနှင့် ကုန်ကြမ်းသွင်းရခက်ခဲခြင်းတို့ကြောင့် ရန်ကုန်တိုင်းအတွင်းရှိ အထည်ချုပ်စက်ရုံများ ပိတ်သိမ်း၍ ထွက်ခွာဖို့ ပြင်ဆင်လာကြကြောင်း ပြည်တွင်း အထည်ချုပ်လုပ်ငန်းတချို့ထံက သိရသည်။
ယခုနှစ်အတွင်း ပိတ်သိမ်းလိုက်သည့် အထည်ချုပ်စက်ရုံများရှိသလို စက်တင်ဘာလကုန်၌ လှိုင်သာယာမြို့နယ် ထန်းတပင်ရှိ အထည်ချုပ်စက်ရုံ ၅ ရုံဖြင့်လည်ပတ်နေသော Teng Hui Myanmar လည်း H&M ဘက်မှ အမှာစာ မရတော့သဖြင့် အပြီးပိတ်သိမ်းတော့မည်ဖြစ်ကြောင်း ကြေညာထားသည်။
ရန်ကုန်တိုင်းရှိ အထည်ချုပ်စက်ရုံ ၁၇ ရုံခန့်မှာ စက်မှုလုပ်ငန်းသုံးပစ္စည်းများ သွင်းရခက်လာခြင်းနှင့် အမှာစာနည်းပါး ခြင်းတို့ကြောင့် ပိတ်သိမ်းရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ထံ ခွင့်ပြုချက်တင်ထားသည်ဟု သိရကြောင်း အထည်ချုပ်လုပ်ငန်းရှင်တဦးက ပြောသည်။
အထည်ချုပ်ကဏ္ဍ၌ နှစ်စဉ် စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာလများမှာ ပြည်ပအမှာစာ လျော့နည်းသည့်လများ ဖြစ်သော်လည်း ယခုနှစ်တွင်မူ နိုင်ငံတကာအမှတ်တံဆိပ် အော်ဒါများ ပိုမိုလျော့ကျလာသလို၊ စက်ရုံပိုင်ရှင်များ လက် ပြောင်းလက်လွှဲ ရောင်းချမှုများမှာ ယခင်နှစ်များထက် ပိုမိုများလာကြကြောင်း လုပ်ငန်းရှင်တို့ထံက သိရသည်။
အထည်ချုပ်လုပ်ငန်းရှင်တဦးက “H&M ကလည်း ချက်ချင်းကြီး ထွက်တာတော့ မဟုတ်ဘူး။ အထည်အမှာစာကို လျှော့ပြီးတော့ နောက်ဆုံးမှ ထွက်သွားတာ။ H&M ကိုပဲ သီးသန့်လုပ်ပြီး တခြား အော်ဒါ လက်မခံတဲ့ ရုံတွေကတော့ ပိတ်မယ့်ရုံတွေ ရှိမယ်။ တချို့ကလည်း တခြား Buyer တွေရလို့ ဆက်နေမယ့်သူတွေလည်း ရှိပါတယ်” ဟု ဧရာဝတီကို ပြောသည်။
လက်ရှိတွင် အာဏာသိမ်းအစိုးရက ပို့ကုန်၊ သွင်းကုန် မူဝါဒကန့်သတ်မှုများကြောင့် ကုန်ကြမ်းတင်သွင်းရာတွင် သွင်းကုန် လိုင်စင်ရရှိမှု ကြန့်ကြာခြင်း၊ စက်ပစ္စည်းအပိုပစ္စည်းများနှင့် လိုအပ်သောပစ္စည်းများ သွင်းမရခြင်းအပြင် လျှပ်စစ်မီးမမှန်ခြင်း တို့ကလည်း စက်ရုံအလုပ်ရုံများ ဆက်လက်လည်ပတ်ရန် အခက်အခဲဖြစ်စေကြောင်း လုပ်ငန်းရှင်များက ပြောဆိုသည်။
ထို့ပြင် ဗဟိုဘဏ်က သတ်မှတ်ထားသည့်ငွေလဲနှုန်းမှာ အမေရိကန် တဒေါ်လာလျှင် ၂,၁၀၀ ကျပ်၊ အွန်လိုင်း ငွေလဲနှုန်း မှာ ၃,၆၆၀ ကျပ်ဖြစ်ပြီး အထည်ချုပ်လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်ရငွေကို တဒေါ်လာလျှင် ၃,၆၆၀ ကျပ်ဖြင့်သာ လဲလှယ်ရသော်လည်း ပြင်ပပေါက်ဈေးမှာ ၄,၃၅၀ ကျော်ရှိနေသဖြင့် တဒေါ်လာလျှင် ၇၀၀ ကျော် ကွာဟချက်ရှိရာ ပို့ကုန်ရငွေကို အွန်လိုင်း ငွေလဲနှုန်းဖြင့်သာ လဲလှယ်ရသည့်အတွက်လည်း လုပ်ငန်းလည်ပတ်မှုအပေါ် သက်ရောက်မှု ရှိနေကြောင်း အထည်ချုပ်လုပ်ငန်းရှင်တဦးက ပြောသည်။
၎င်းက “အထည်ချုပ် ပို့ကုန်က အခု ဂျပန် ၄၀ ရာခိုင်နှုန်းလောက်နဲ့ ကျန်တာက အမေရိကန်၊ ကနေဒါနဲ့ အရှေ့ ဥရောပ နိုင်ငံတွေလောက်ပဲ ရှိတယ်။ ဒီနှစ်ကတော့ စက်ရုံတွေက အဟောင်းအသစ် လဲတာ ပိုများတယ်၊ ပိုင်ရှင်ပြောင်းတာပေါ့။ လက်လွှဲခဲ့တာတော့ တော်တော်များတယ်။ လတ်တလောမှာတင် နှစ်ရုံ၊ သုံးရုံ ရှိနေတယ်” ဟု ဧရာဝတီကို ပြောသည်။
ရပ်နားရန်ရှိနေသည့် စက်ရုံတရုံလျှင် အလုပ်သမား ထောင်နှင့်ချီရှိနိုင်သည့်အတွက် စက်ရုံများ ပိတ်သိမ်းပါက သောင်း နှင့်ချီသော အလုပ်သမားများ အလုပ်အကိုင် ဆုံးရှုံးနိုင်သည့်အခြေအနေရှိကြောင်းလည်း လုပ်ငန်းရှင်များက ဆိုသည်။
ယခုလကုန်၌ ပိတ်သိမ်းတော့မည့် Teng Hui သိုးမွှေးစက်ရုံသို့ စက်တင်ဘာ ၁၂ ရက်တွင် အာဏာသိမ်းအစိုးရ၏ အလုပ်သမားဝန်ကြီး ဦးခင်မောင်စိုးက သွားရောက်ကြည့်ရှုခဲ့ပြီး ယင်းစက်ရုံရှိ အလုပ်သမား ၂ ထောင်ကျော်အား အခြားလိုအပ်သည့် စက်ရုံများသို့ ပြောင်းရွှေ့လုပ်ကိုင်နိုင်ရေး ချိတ်ဆက်ကူညီပေးခဲ့ကြောင်း အလုပ်သမားဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။
မြန်မာအထည်ချုပ်လုပ်ငန်းများ၏ အဓိက စျေးကွက်မှာ အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်၊ ဒိန်းမတ်၊ ဘယ်လ်ဂျီယံ၊ ပိုလန်၊ စပိန်၊ ဂျာမနီ၊ နယ်သာလန်၊ အီတလီ၊ ဂျပန်၊ ကိုရီးယား အစရှိသော နိုင်ငံတို့ဖြစ်ကြပြီး ကမ္ဘာတဝန်း နိုင်ငံပေါင်း ၈၀ ကျော်အား တင်ပို့နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
မြန်မာ့အထည်ချုပ်ကဏ္ဍသည် နှစ်စဉ် အမေရိကန်ဒေါ်လာ ၄ ဘီလီယံမှ ၅ ဘီလီယံဝန်းကျင်အထိ နိုင်ငံခြားဝင်ငွေ ရှာဖွေ ပေးနိုင်သည့်ကဏ္ဍတခုဖြစ်ပြီး ကိုဗစ်ကာလအတွင်း စက်ရုံ ၁၀၀ ခန့် ရပ်နားခဲ့ရသဖြင့် ဝင်ငွေ ၄၀ ရာခိုင်နှုန်းကျဆင်း ခဲ့သလို၊ အာဏာသိမ်းပြီးနောက်တွင်လည်း လုပ်ငန်းတချို့ ပိတ်သိမ်း ထွက်ခွာမှုများ ရှိခဲ့သည်။
၂၀၂၃ ခုနှစ်တွင် အထည်ချုပ်ကဏ္ဍမှ တင်ပို့မှုဝင်ငွေ အမေရိကန်ဒေါ်လာ ၅ ဒသမ ၂ ဘီလီယံကျော် ရရှိခဲ့သော်လည်း ၂၀၂၄ ခုနှစ်တွင် ဒေါ်လာ ၄ ဒသမ ၄၆ ဘီလီယံခန့်သာ ရရှိခဲ့သဖြင့် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ဒေါ်လာ ၇၅၀ သန်းခန့် လျော့နည်းခဲ့ကြောင်း အာဏာသိမ်းအစိုးရ၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနစာရင်းများအရ သိရ သည်။
အထွေထွေအကျပ်အတည်းကြောင့် ပြည်တွင်းရှိ အထည်ချုပ်လုပ်ငန်းများသာမက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ထွက်ခွာနေကြချိန် အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်က ဗီယက်နမ်ခရီးစဉ်အတွင်း

👎23❤13👍9
စီးပွားရေးလုပ်ငန်းရှင်များ ပြန်လည်ဝင်ရောက်ကြရန် ဆွေးနွေးမှုများ ရှိနေကြောင်း ပြောဆိုထားသည်။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/09/17/416341.html

ဧရာဝတီ
ရန်ကုန် အထည်ချုပ်စက်ရုံများ ပိတ်သိမ်း ထွက်ခွာဖို့ပြင်
အမှာစာရရှိမှုနည်းလာခြင်းနှင့် ကုန်ကြမ်းသွင်းရခက်ခဲခြင်းတို့ကြောင့် ရန်ကုန်တိုင်းအတွင်းရှိ အထည်ချုပ်စက်ရုံများ ပိတ်သိမ်း၍ ထွက်ခွာဖို့ပြင်ဆင်လာကြကြောင်း ပြည်တွင်းရှိ အထည်ချုပ်လုပ်ငန်းတချို့ထံက သိရ
👎24😭7👍4❤2😁1
မြန်မာ- အိန္ဒိယ စစ်ရေးလေ့ကျင့်မှု စတင်
ဧရာဝတီ၊ စက်တင်ဘာ ၁၇၊ ၂၀၂၆
အိန္ဒိယနိုင်ငံ အရှေ့မြောက် မေဂါလယာပြည်နယ် အမ်ရွိုင်တွင် မြန်မာစစ်တပ်နှင့် ၁၄ ရက်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်မှု (IMBAX) ကို ယမန်နေ့တွင် စတင်ကြောင်း အိန္ဒိယစစ်တပ်က ထုတ်ပြန်သည်။
ထိုလေ့ကျင့်မှုသည် နှစ်နိုင်ငံ စစ်တပ်ကြား ပူးတွဲလေ့ကျင့်မှုများမှတဆင့် ကုလသမဂ္ဂ၏ လုပ်ပိုင်ခွင့်အောက်တွင် စစ်ဆင်ရေးများဆောင်ရွက်ရာ၌ ပူးပေါင်းဆောင်ရွက်နိုင်စွမ်းနှင့် ဟန်ချက်ညီညီ လုပ်ဆောင်နိုင်စွမ်းတို့ မြှင့်တင်ရန် ရည်ရွယ်သည်ဟု ထုတ်ပြန်ထားသည်။
ထို့ပြင် အိန္ဒိယတပ်မတော်မှ အသုံးပြုလျက်ရှိသော ပြည်တွင်းထုတ် လက်နက်နှင့် စစ်လက်နက်ပစ္စည်းအမျိုးမျိုးကို လေ့လာသုံးစွဲခွင့် ရရှိမည်ဖြစ်ကြောင်းဆိုထားသည်။
ယခု စစ်ရေးလေ့ကျင့်မှုသည် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် လုံခြုံရေးတို့ကို မြှင့်တင်ရန် နှစ်နိုင်ငံစလုံး၏ ကတိကဝတ်ပြုမှုကို ထပ်လောင်း အတည်ပြုလိုက်ခြင်းလည်း ဖြစ်သည်ဟု အိန္ဒိယဘက်က ထုတ်ပြန်ထားသည်။

👎41❤6👍1😁1😭1
ထိုင်းဥပဒေချိုးဖောက်သူ နိုင်ငံခြားသားများ နေရပ်ပြန် သေသင့်ဟု ဝန်ကြီးချုပ် အနုတင် သတိပေး
ဧရာဝတီ၊ စက်တင်ဘာ ၁၇၊ ၂၀၂၆
ထိုင်းနိုင်ငံ၌ နိုင်ငံခြားသားများ ပုဂ္ဂလိကသင်္ချိုင်းဆောက်ခွင့် တောင်းဆိုမှုနှင့်ပတ်သက်၍ ဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်းက ထိုင်းပြည်သူများအား ခေါင်းပုံဖြတ် အနိုင်ကျင့် ဥပဒေချိုးဖောက်သူ နိုင်ငံခြားသားများအနေဖြင့် မိမိနေရပ်သို့ ပြန်သေသင့်ကြောင်း ယနေ့ပြင်းထန်စွာ သတိပေးပြောကြားလိုက်သည်။
“ဘာသာရေးနေရာတခုကို ကိုယ့်သဘောနဲ့ လွယ်လွယ်ကူကူ ထူထောင်လို့မရပါဘူး။ ဘာပုံစံပဲဖြစ်ဖြစ် ထိုင်း လူ့အဖွဲ့ အစည်း နဲ့ ယဉ်ကျေးမှုကို လေးစားရပါမယ်။ မကြာသေးမီက ပုဂ္ဂလိက သင်္ချိုင်းဆောက်ဖို့ တောင်းဆိုချက်တခု ရှိတယ် လို့ ကြားရပါတယ်။ ဒါဟာ လွန် လွန်းပါတယ်။ ဒီကို လာခွင့်ရတာကိုက ကံကောင်းနေပါပြီ။ လာရင်ရိုးရိုးသားသား လုပ်ကိုင်စားသောက်ကြပါ။ သေမယ်ဆိုရင်လည်း ဒီမှာမဟုတ်ဘဲ မိမိတို့အိမ်ပြန်ပြီး သေသင့်ပါတယ်။ ပြည်သူတွေကို ခေါင်းပုံဖြတ်ဖို့ ဒီကို မလာကြပါနဲ့" ဟု ၎င်းက ပြောသည်။
မည်သည့်နိုင်ငံခြားသားဆိုသည်ကို ထည့်သွင်းပြောဆိုခြင်းမရှိသော်လည်း ထိုင်းနိုင်ငံတွင် ရိုးသားစွာ လုပ်ကိုင်စား သောက်ပြီး ထိုင်းပြည်သူများအား အနိုင်မကျင့်ဘဲ နေထိုင်သည့် နိုင်ငံခြားသားများကို ကြိုဆိုပြီး၊ ရမ်းကားသူ၊ ခြိမ်းခြောက်သူများနှင့် အနိုင်ကျင့်သူများကိုမူ ဥပဒေအရ အပြည့်အဝ အရေးယူ ဆောင်ရွက်သွားမည်ဟု ဆိုသည်။
အထူးသဖြင့် ဖူးခက်နှင့် ဆူရတ်ဋ္ဌာနီ အပါအဝင် အလားတူပြဿနာများ ရင်ဆိုင်နေရသော နေရာများမှ ခရိုင်အုပ်ချုပ် ရေးမှူး များအနေဖြင့် ၎င်းတို့၏ ဥပဒေပါ လုပ်ပိုင်ခွင့်များကို အပြည့်အဝ အသုံးပြုကြရန် တိုက်တွန်းခဲ့ပြီး ထိုင်းနိုင်ငံသား အမည်ခံကာ မြေယာပိုင်ဆိုင်ခြင်း၊ လိမ်လည်သည့် စီးပွားရေးလုပ်ငန်းများ၊ အလုပ်လုပ်ခွင့်ပါမစ်မရှိဘဲ လုပ်ကိုင်ခြင်းနှင့် ထိုင်းနိုင်ငံအား ပြစ်မှုကျူးလွန်ရန် အခြေစိုက်စခန်းအဖြစ် အသုံးပြုခြင်း စသည့် နိုင်ငံခြားသားဆိုင်ရာ ပြစ်မှုများကို အနီးကပ် စောင့်ကြည့်စစ်ဆေးရန် ခရိုင်အုပ်ချုပ်ရေးမှူးများအား အမိန့်ပေးထားသည်။
ထို့ပြင် စားသောက်ဆိုင်အဖြစ် ဖွင့်လှစ်ခွင့်ယူထားပြီး အတွင်း၌ ဘာသာရေးဆိုင်ရာနေရာပြုလုပ်ထားခြင်းများကိုလည်း ခွင့်ပြုမည်မဟုတ်ကြောင်း ဖြည့်စွက်ပြောသည်။

👍19😁11❤7🤔1😱1