ရွှေကူ၌ စစ်သင်္ဘောတချို့ ထပ်မြုပ်၊ စစ်ကြောင်းလည်း ချေမှုန်းခံရ
ဧရာဝတီ၊ စက်တင်ဘာ ၁၆၊ ၂၀၂၆
ကချင်ပြည်နယ် ရွှေကူနှင့် ဗန်းမော်ကြား ဧရာဝတီမြစ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်များ တိုက်ခိုက်မှုကြောင့် စစ်သင်္ဘောနှစ်စီး ယနေ့ ထပ်မံနစ်မြုပ်ခဲ့ပြီး ကျန်သင်္ဘောတချို့လည်း တိုက်ခိုက်ခံရကြောင်း ရှေ့တန်းသတင်းရင်းမြစ်က ပြောသည်။
စင်းခန်းတံတားအထက်ဘက် စာဝတီ၊ ညောင်ပင်သာ၊ ကံသာနှင့်ရေနီရွာတို့အနီး ရပ်နားထားသည့် သင်္ဘောများထဲမှ တွန်းသင်္ဘောနှင့် သံခွံသင်္ဘောတချို့ ယမန်နေ့ညပိုင်းက ရွှေကူဘက်သို့ ထွက်ခွာလာစဉ် တိုက်ခိုက်ခံရပြီး ယနေ့နံနက်ပိုင်းတွင် စင်းခန်းတံတားအနီး တစီးနစ်မြုပ်ခဲ့ကြောင်း သိရသည်။
ရှေ့တန်းသတင်းရင်းမြစ်က “ ကျန်သင်္ဘော ၆ စီးလောက်နဲ့ သံခွံ ၂ စီးလောက်ပါတဲ့ အုပ်စုဆင်းသွားတာမှာ တွန်းသင်္ဘော ၁ စီးကတော့ နစ်မြုပ်သွားတယ်၊ သံခွံတစီးကလည်း ရေထဲမှာတွန်းမယ့် ဆွဲမယ့်သူမရှိဘဲ မျောနေတယ်လို့သိရတယ်၊ စင်းခန်းတံတားအထက်ဘက်မှာ သောင်တင်နေတဲ့ စစ်သင်္ဘော ၁ စီးနဲ့ သံခွံသင်္ဘောအကြီး ၁ စီးက မီးလောင်ထားတယ်၊အဲဒါကို အခု ရှင်းလင်းရေးလုပ်နေတယ်”ဟု ပြောသည်။
ထို့ပြင် ရွှေကူမှ ဗန်းမော်သို့ ယနေ့ထပ်မံဆန်တက်လာသည့် စစ်တပ်သင်္ဘော ၃ စီး တိုက်ခိုက်ခံရကာ ဝဲမကြီးရွာအနီး ၁ စီး နစ်မြုပ်ခဲ့ကြောင်းလည်း သိရသည်။
စစ်တပ်သင်္ဘောများတိုက်ခိုက်ခံရစဉ်အတွင်း လေကြောင်းမှလုံခြုံရေးလိုက်ပါလာသော Y-12 လေယာဉ် တစင်းမှာ KIA ပူးပေါင်းတပ်၏ ပစ်ခတ်မှုထိမှန်ကာ ပျက်ကျကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။
စစ်သင်္ဘောများအပြင် ရွှေကူနှင့် ဗန်းမော်ကြားရှိ စင်းခန်းတံတားအနီး ခြေကုပ်ယူထားသည့် စစ်တပ် စစ်ကြောင်းကို ယနေ့တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှု များပြားခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်က ဆိုသည်။
၎င်းက “ သင်္ဘောလမ်းကြောင်း လုံခြုံရေးယူထားတဲ့ စင်းခန်းလည်း ပွဲပြတ်သွားတယ်၊ ညတုန်းက သင်္ဘောတစီးနဲ့ ကမ်းကပ်ပြီး လာခေါ်သွားတဲ့အချိန်မှာ တဝက်လောက်ပဲ ပါသွားတယ်၊ ကျန်တဲ့တဝက်ကတော့ ကျနော်တို့ အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ပြီး ထိန်းသိမ်းနိုင်ခဲ့တယ်၊ ရှင်းလင်းတာ မပြီးသေးဘူး၊ ဒရုန်းအကြီးတစီးနဲ့ အသေခံဒရုန်း ၁၅ စီး သိမ်းဆည်းရရှိတာတော့ သေချာတယ်”ဟု ပြောသည်။
ဗန်းမော်မြို့အား စစ်ကူဖြည့်တင်းရန် မန္တလေးမြို့မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ရေယာဉ်များဖြင့် ဩဂုတ်လကုန်ပိုင်းက စတင်ထွက်ခွာလာပြီးနောက် ရွှေကူနှင့်ဗန်းမော်ကြားတွင် တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်ပြီး စစ်သင်္ဘောအုပ်စုမှ သင်္ဘော ၁၀ စီးကျော် ဖျက်ဆီးခံခဲ့ရသည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup

👍49❤17😁2
မင်းအောင်လှိုင် စစ်တပ်သည် ရခိုင်အား စစ်မျက်နှာ ၇ ခု ဖြန့်ထိုးစစ်ဆင်နေပြီး နပခ၊ နတခ၊ တပခ၊ လပခ တို့မှ တိုင်းတပ်များ၊ ရဲတပ်ရင်းများအပြင် တပ်မ ၁၁၊ တပ်မ ၅၅၊ တပ်မ ၆၆၊ စကခ ၁၀၊ စကခ ၁၇၊ စကခ ၂၀ ၊ မစခ ၉၀၅ မှ တပ်များ၊ တပ်မ ၂၂၊ စကခ ၁၂၊ စကခ ၁၈၊ တပ်မ ၁၀၁ တို့မှ ထုတ်နှုတ်တပ်များ၊ စကခ ၅၊ စကခ ၉၊ စကခ ၁၅ တို့မှ တပ်ကြွင်းတပ်ကျန်များ၊ ကပစ နှင့် နောက်တန်းဌာနချုပ်များမှ ထုတ်နှုတ်တပ်များ ဖြည့်တင်းထား၏။ ထို့ပြင် စစ်တွေနှင့် ကျောက်ဖြူ၌ ရေတပ်စခန်းများ၊ ရေတပ်စစ်သင်္ဘော ၁၀ စီးခန့်စီနှင့် ရေတပ်အင်အား ရာအချို့စီ ရှိ၏။ မင်းအောင်လှိုင် စစ်တပ်သည် ရခိုင်စစ်မျက်နှာကြီး တခုစီလျှင် စစ်အင်အား ၂၀၀၀ မှ ၃၀၀၀ ခန့်ထိ အသုံးပြုထားပြီး ခံစစ်အတွက်သာမက ထိုးစစ်ကိုပါ စစ်ကြောင်းများဖြန့်ခွဲ အသုံးပြုပြီး ရေတပ်နှင့် လေတပ် ပစ်ကူတွဲဖက်ပေးထား၏။
လက်ရှိ ရခိုင်တွင် အာရက္ခတပ်တော်က စစ်ဒေသ ၈ ခုနှင့် တပ်မဟာ ၂ ခု ဖွဲ့စည်းထားရှိပြီး သူ၏ စစ်မျက်နှာအလိုက် စစ်ရေးတာဝန်ယူထား၏။ စစ်ဒေသတခုတွင် အင်အား ၄၀၀၀ မှ ၄၅၀၀ ထိ ရှိပြီး တပ်မဟာ နှစ်ခုကတော့ စစ်ဒေသထက် အင်အား အနည်းငယ်သာ လျော့နိုင်၏။ သို့ဖြစ်ရာ စစ်မျက်နှာတခုချင်းအရသော်လည်းကောင်း၊ ရခိုင်စစ်မြေပြင်တခုလုံးအရသော်လည်းကောင်း မင်းအောင်လှိုင် စစ်အင်အားသည် အာရက္ခတပ်တော်ထက် သာလွန်အင်အား မရှိပေ။ ဤ အာရက္ခတပ်တော် အင်အားသည် ရခိုင်နှင့် ချင်းတောင်ရှိ အင်အားသာဖြစ်၏။ ရှမ်းမြောက်၊ ကချင်၊ စစ်ကိုင်းနှင့် မကွေးရှိ စစ်အင်အားများ မပါသေးပေ။
Website တွင် ဆက်လက်ဖတ်ရှုပါ - https://burma.irrawaddy.com/article/2026/09/16/416311.html

ဧရာဝတီ
မင်းအောင်လှိုင်စစ်တပ် ရခိုင်ထိုးစစ် စစ်ဦးကျိုးပြီလား - ၁
ယခု စစ်တွေစစ်မျက်နှာအပါ ရခိုင်တွင် မြန်မာစစ်တပ်က စစ်မျက်နှာ ၇ ခုအထိ ဖွင့်ပြီး ထိုးစစ်ဆင်နေသည်
👍45❤16😁6👎3😱1
Media is too big
VIEW IN TELEGRAM
စစ်မှုထမ်းဖို့ ဝါဒဖြန့်ပေးတဲ့ အနုပညာရှင်တွေကို ပြည်သူတွေဝေဖန်
ပြည်သူ့စစ်မှုထမ်းဥပဒေအရ အာဏာသိမ်းစစ်တပ်ဆီမှာ စစ်မှုထမ်းကြဖို့ ဝါဒဖြန့်ချိရေးရုပ်ရှင် ရိုက်ကူးသူတွေနဲ့ အားပေးအားမြှောက်လုပ်ကြတဲ့ အနုပညာရှင်တွေကို ပြည်သူတွေက လူမှုကွန်ရက်စာမျက်နှာတွေမှာ ပြင်းပြင်းထန်ထန် ဝေဖန်နေကြပါတယ်။
စစ်မှုထမ်းရတာ ပျော်စရာကောင်းကြောင်းနဲ့ စစ်မှုထမ်းမှာပါဝင်ခဲ့ကြပြီးနောက် စစ်တပ်ဟာ ထူးချွန်ထက်မြက်တဲ့ လူငယ်တွေ မွေးထုတ်ပေးခဲ့တယ်ဆိုတဲ့ ဝါဒဖြန့်ချီ ရိုက်ကူးထားတဲ့ “တောစီးဖိနပ်ကလေးရဲ့ အိမ်ပြန်ချိန်” နာမည်နဲ့ ရုပ်/သံ ဇာတ်လမ်းတိုကို စက်တင်ဘာ ၁၂ ရက်နေ့က စတင်ထုတ်လွှင့်ပြသခဲ့တာပါ။
အာဏာသိမ်းစစ်တပ်ဟာ ပြည်သူ့စစ်မှုထမ်း ဥပဒေကိုပြဌာန်းပြီးနောက် ကာလတို စစ်သင်တန်းပေးပြီး ရှေ့တန်း စစ်မြေပြင်ကို ပို့နေတာဖြစ်သလို စစ်မှုထမ်းအပတ်စဉ်တွေမှာ လူပြည့်ဖို့အတွက် အတင်းအဓမ္မ စစ်သားစုဆောင်း ဖမ်းဆီးခေါ်ဆောင်တာတွေလည်း ရှိနေတာ ဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #စစ်မှုထမ်း #အနုပညာ #ဝါဒဖြန့် #တောစီးဖိနပ်ကလေးရဲ့အိမ်ပြန်ချိန် #ပြည်သူ့စစ်မှုထမ်းဥပဒေ #WhatsHappeningInMyanmar

👎46👍11😁3😱2
Media is too big
VIEW IN TELEGRAM
နေပြည်တော်ကို သတိပေးလိုက်တဲ့ ဂျာမန်သံရုံးအကြီးအကဲ
မြန်မာနိုင်ငံဆိုင်ရာ ဂျာမန်သံရုံးအကြီးအကဲက ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ် အနိုင်ရမှာမဟုတ်သလို ဒီစကား ဟာ ရုရှားရဲ့ အထောက်အပံ့ကို အားကိုးနေတဲ့ နေပြည်တော်က လူတွေအတွက်ပါ ပေးလိုတဲ့ သတင်းစကား ဖြစ်တယ်လို့ စက်တင်ဘာလ ၁၀ ရက်နေ့က ပြောဆိုခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ရုရှားနဲ့ အာဏာသိမ်းစစ်တပ်အကြား စစ်ရေး၊ နိုင်ငံရေးနဲ့ စီးပွားရေးဆက်ဆံမှုတွေ နီးကပ်လာချိန်မှာ ဂျာမန်သံရုံးအကြီးအကဲက “နေပြည်တော်က လူတွေ” လို့ တိုက်ရိုက်ရည်ညွှန်းပြောဆို ခဲ့တာကြောင့် သူ့ရဲ့ပြောဆိုချက်ကို လူမှုကွန်ရက်မှာ စိတ်ဝင်စားမှုရှိနေကြပါတယ်။
စက်တင်ဘာ ၇ ရက်ကနေ ၁၁ ရက်အထိ ဘာလင်မြို့မှာ ကျင်းပခဲ့တဲ့ ဂျာမန်နိုင်ငံခြားရေးမစ်ရှင် အကြီးအကဲ တွေရဲ့ နှစ်ပတ်လည်ညီလာခံကို တက်ရောက်နေချိန် အခုလို ပြောဆိုခဲ့တာပါ။
#မြန်မာ #ဧရာဝတီ #နေပြည်တော် #ဂျာမန်သံရုံးအကြီးအကဲ #ရုရှား #ယူကရိန်း #WhatsHappeningInMyanmar

❤80👍28😁6
• စင်းခန်းမှာအထိုင်ချဖို့ကြိုးစားတဲ့ စစ်ကြောင်းကို KIA ချေမှုန်း
• မြန်မာပတ်စပို့ကိုင်တဲ့ တရုတ်တွေ ထိုင်းမှာဆက်တိုက်ဖမ်းခံနေရ
• အာဏာသိမ်းစစ်တပ် ကြံရာပါအဖြစ် တယ်လီနောရုံးချုပ်ကို နော်ဝေ စီးနင်း
• စစ်မှုထမ်းလူငယ်ကို သတ်ဖြတ်ခဲ့တဲ့ အုပ်ချုပ်ရေးမှူးအပါ ၇ ဦး ဖမ်းခံရ
• စစ်ရေးသတိရှိဖို့ MNDAA သတိပေး
နေ့စဥ်သတင်း၊ စက်တင်ဘာ ၁၆၊ ၂၀၂၆
https://youtu.be/EUWhcHFgc3Q
#မြန်မာ #ဧရာဝတီ #စင်းခန်း #ကချင် #KIA #ပတ်စပို့ #တရုတ် #တယ်လီနော #နော်ဝေ #စစ်မှုထမ်း #အုပ်ချုပ်ရေးမှူး #MNDAA #နေ့စဉ်သတင်း #DailyNews #WhatsHappeningInMyanmar

YouTube
စင်းခန်းမှာအထိုင်ချဖို့ကြိုးစားတဲ့ စစ်ကြောင်းကို KIA ချေမှုန်း | The Irrawaddy
• စင်းခန်းမှာအထိုင်ချဖို့ကြိုးစားတဲ့ စစ်ကြောင်းကို KIA ချေမှုန်း
• မြန်မာပတ်စပို့ကိုင်တဲ့ တရုတ်တွေ ထိုင်းမှာဆက်တိုက်ဖမ်းခံနေရ
• အာဏာသိမ်းစစ်တပ် ကြံရာပါအဖြစ် တယ်လီနောရုံးချုပ်ကို နော်ဝေ စီးနင်း
• စစ်မှုထမ်းလူငယ်ကို သတ်ဖြတ်ခဲ့တဲ့ အုပ်ချုပ်ရေးမှူးအပါ ၇ ဦး…

👍47❤5🤔1
တပ်ချုပ်သစ်လက်ထက် မကွေးတိုင်းကို လေကြောင်းတိုက်ခိုက်မှု အများဆုံးဟု ISP ထုတ်ပြန်
ဧရာဝတီ၊ စက်တင်ဘာ ၁၆၊ ၂၀၂၆
တပ်ချုပ်အသစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးလက်ထက် မတ် ၃၁ ရက်မှ သြဂုတ် ၃၁ ရက်အထိ ပြုလုပ်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုများအနက် မကွေးတိုင်းကို အများဆုံးပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း လွတ်လပ်သည့် သုတေသနအဖွဲ့တခုဖြစ်သော မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ (Institute for Strategy and Policy-Myanmar)က ယနေ့ ထုတ်ပြန်သည်။
၅ လတာအတွင်း နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှု ၁၅၈၃ ကြိမ်ထက်မနည်း ရှိခဲ့ရာ မကွေးတိုင်းသည် ၃၂၂ ကြိမ်ကျော်ဖြင့် အများဆုံးဖြစ်ကာ ချင်းပြည်နယ်အတွင်း ၃၀၁ ကြိမ်ကျော်၊ စစ်ကိုင်းတိုင်း ၂၄၂ ကြိမ်ကျော်နှင့် ရခိုင်ပြည်နယ်တွင် ၂၂၂ ကြိမ် ကျော် ရှိကြောင်း သိရသည်။
ကချင်ပြည်နယ်တွင် ၈၆ ကြိမ်ခန့်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၌ ၇ ကြိမ်ခန့်သာရှိသဖြင့် စစ်တပ်၏ ထိုးစစ်နှင့် လေကြောင်းတိုက်ခိုက်မှုများသည် နိုင်ငံအနောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများကို ပိုမိုဦးတည်လျက်ရှိပြီး ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်များသို့ သွားရောက်ရာ စစ်ဆင်ရေးလမ်းကြောင်းများအတွက် အဓိကကျသော မကွေးတိုင်းအား လေကြောင်းတိုက်ခိုက်မှု ပိုလုပ်ကြောင်း ဆိုသည်။
လေကြောင်းတိုက်ခိုက်မှုများကို ရန်ကုန်တိုင်းနှင့် နေပြည်တော်မှလွဲ၍ ကျန်တိုင်းနှင့် ပြည်နယ် ၁၃ ခုတွင် ပြုလုပ်ခဲ့ပြီး စစ်ရေးဆိုင်ရာ နည်းဗျူဟာအပြောင်းအလဲများနှင့်အတူ လေကြောင်း တိုက်ခိုက်မှု အရှိန်မြှင့်ခဲ့ကြောင်း၊ မကွေး၊ စစ်ကိုင်းတိုင်းနှင့် ချင်း၊ ရခိုင်ပြည်နယ်များရှိ အရပ်သားများမှာ ထိခိုက်ခံရမှုအန္တရာယ် အမြင့်ဆုံး ရှိနေသည်ဟုလည်း ပြောသည်။
အာဏာသိမ်းအစိုးရသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAOs) နှင့် တဖွဲ့ချင်းစီ အပစ်ရပ်ရေး ကြိုးပမ်းနေရာ စစ်ရေးအရ ဖိအားပေးနေပြီး လေကြောင်းတိုက်ခိုက်မှုများ တိုးလာကာ စာသင်ကျောင်း၊ သာသနိက အဆောက်အအုံ၊ ဆေးရုံနှင့် စစ်ရှောင်စခန်းများကိုပါ ထိမှန်နေခြင်းကြောင့် အရပ်သားသေဆုံးမှု၊ နေရပ်စွန့်ခွာထွက်ပြေးရမှုနှင့် လူသားချင်းစာနာမှု အကျပ်အတည်းများ ပိုမိုဆိုးရွားလာနိုင်သည်ဟု သတိပေးထားသည်။
ပုံစာ-ဇူလိုင်လအတွင်းက မကွေးတိုင်း မြိုင်မြို့နယ်အတွင်း လေကြောင်း ဗုံးကြဲခံရစဉ်/အညာမြေ အရပ်ဖက် လူမှုအဖွဲ့အစည်း

😱23👎8👍7❤4😁4
DKBA ၏ ဆုံဆည်းမြိုင် ကျားဖြန့်ဌာနချုပ်ဖြစ်နေပြီလား
ဧရာဝတီ၊ စက်တင်ဘာ ၁၆၊ ၂၀၂၆
ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ ဆုံဆည်းမြိုင်က ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ဌာနချုပ်ဖြစ်သော် လည်း ယခုအခါ ကျားဖြန့် တရုတ်အများအပြားပြောင်းရွှေ့လာသဖြင့် ကျားဖြန့် ဌာနချုပ်ဖြစ်လာကြောင်း ဒေသခံများ ကဆိုသည်။
အမေရိကန်နိုင်ငံသားများကို အဓိကပစ်မှတ်ထား လိမ်လည်နေသည့် အွန်လိုင်းငွေလိမ် ကျားဖြန့်တရုတ်များသည် ကျောက်ခက်ဒေသမှ ဆုံဆည်းမြိုင်သို့ အလုံးအရင်း ပြောင်းရွှေ့လာခြင်း ဖြစ်သည်။
ဒေသခံတဦးက “ဆုံဆည်းမြိုင်မှာက အရင် မြဝတီ၊ မယ်ထော်သလေး၊ မင်းလက်ပံတို့ဘက်က ဆိုက်တွေရွှေ့တော့ တချို့ရောက်နေကြတာရှိပေမယ့် အခုက ကျောက်ခက်ဘက်က နေရာရွှေ့တော့ တရုတ်တွေ အများကြီး ထပ်ပြီးရောက် လာတယ်” ဟု ပြောသည်။
အဆိုပါ ကျားဖြန့်တရုတ်များသည် ဆုံဆည်းမြိုင်ရွာအတွင်းရှိ DKBA အရာရှိ နေအိမ်များအပါအဝင် ခြံဝန်းကျယ်သည့် အိမ်ကြီး အိမ်ကောင်းများကို နှစ်ချုပ်ဖြင့် တနှစ်လျှင် ထိုင်းငွေ ဘတ် ၃ သိန်း၊ ၄ သိန်း အထိပေး၍ နေထိုင် လုပ်ကိုင် နေကြသလို ရွာအနီးနားအတွင်းပိုင်းနေရာ မြေလွတ်များ၌လည်း ဆိုက်နေရာအသစ်များ ဆောက်လုပ်၍ လုပ်ကိုင်နေ မှုများလည်းရှိနေသည်။
ဆုံဆည်းမြိုင် ကျားဖြန့်ဆိုက်သစ်နေရာများနှင့် အိမ်ငှားလုပ်ကိုင်မှုများပြားလာမှုနှင့်အတူ ပြီးခဲ့သည့်လ နောက်ဆုံးပတ် ကစ၍ တယ်လီဂရမ်ချန်နယ်များမှနေ၍ အလုပ်ခေါ်စာများ တောက်လျောက် ခေါ်ယူနေသည်ကို နေ့စဉ် တွေ့လာနေရ သည်။
မြဝတီရှိ ကျားဖြန့်ဆိုက်တခုတွင် လုပ်ခဲ့ဖူးသူတဦးက “လိုင်းပေါ်မှာ အလုပ်တွေ ခေါ်နေပြီဆိုရင် အဲဒီနေရာမှာ ကျားဖြန့် ဆိုက်တွေ အတော်များနေပြီလို့ ပြောလို့ရတယ်။ သုံးလေးဆယ်၊ လေးငါးဆယ် သူ့အစုအဖွဲ့နဲ့ လုပ်တဲ့သူတွေက အလုပ် ခေါ်တာနည်းတယ် လူဦးရေ ရာချီရှိတဲ့ ဆိုက်တွေ ဖြစ်လာလို့ အလုပ်ခေါ်တာတွေ များလာတာဖြစ်တယ်” ဟုရှင်းပြ သည်။
ဆုံဆည်းမြိုင် ကျားဖြန့်ဆိုက်အတွက် အလုပ်ခေါ်သူများကလည်း လူဦးရေ မကန့်သတ်ထားကြောင်း၊ အလုပ်လုပ် ရသည့်နေရာများသည် ခြံဝင်းကျယ်များပါသလို အိမ်ငှားပြီး လုပ်သည့်နေရာများလည်းပါကြောင်း သူက ဆက်ပြော သည်။
ဆုံဆည်းမြိုင် မင်္ဂလာတံတားအနီးရှိ ကျားဖြန့်ဂိုဏ်းက အလုပ်ခေါ်ရာတွင် ၎င်းတို့ ကုမ္ပဏီသည် မြဝတီမှ ကျောက်ခက်၊ ကျောက်ခက်မှ ဆုံဆည်းမြိုင်စသဖြင့် နေရာအဆင့်ဆင့် ရွှေ့ပြောင်းလုပ်ကိုင်ခြင်းဖြစ်သောကြောင့် အလုပ်အတွေ့ အကြုံရှိပြီးသူနှင့် သွေးစစ်ချက် ပါရှိသူများကိုသာ ခေါ်ယူကြောင်း ပြောသည်။
မင်္ဂလာတံတားသည် တောင်နီရွာနှင့် ဆုံဆည်းမြိုင်ရွာကြားတွင်ရှိပြီး ကျားဖြန့်ဆိုက်များသည် ထိုနေရာအပါအဝင် ဝါးမီထ၊ ဆုံဆည်းမြိုင်၊ တောင်နီ စသည့်နေရာတို့၌ အများအပြားရှိနေသည်ဟု ဒေသခံများထံမှ သိရသည်။
DKBA ဌာနချုပ် ဆုံဆည်းမြိုင်အပါအဝင် တဆက်တည်းကျေးရွာများတွင်တရုတ်များ ကျားဖြန့်ဆိုက်များ လုပ်ကိုင်နေမှု နှင့် ပတ်သက်၍ DKBA တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်ရာ ပြန်လည် ဖြေကြားခြင်းမရှိပေ။
ပြီးခဲ့သည့်နှစ် အောက်တိုဘာ၊ နိုဝင်ဘာလများက ကရင်နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်ရာ မယ်ထော်သလေး KK Park၊ ရွှေကုက္ကိုနှင့် မြဝတီတို့ရှိ ကျားဖြန့်ဆိုက်များကို စစ်တပ်က စီးနင်းမှုပြုလုပ်ခဲ့ပြီးနောက် မြဝတီမြို့တောင်ဘက် မိုင် ၃၀ ခန့်အကွာ ကျောက်ခက်ဒေသသို့ ကျားဖြန့်များ လပိုင်းအတွင်း အလုံးအရင်းဖြင့် ရောက်လာခဲ့ဖူးသည်။
ထို့ကြောင့် ကျောက်ခက်ရှိ ကျားဖြန့်ဆိုက်များထဲမှ Tai Chang (တိုင်ချန်း ) ဆိုက်နေရာ ၃ ခုကို အမေရိကန်က နေရာ များဖော်ပြ၍ ငွေကြေးရရှိ သုံးစွဲနေမှု ကွန်ရက်နှင့်ပတ်သက်၍ သတင်းပေးနိုင်က အမေရိကန်ဒေါ်လာ ၁၀ သန်းထိ ပေး အပ်သွားမည်ဟု ပြီးခဲ့သည့် ဧပြီလက ဆုငွေထုတ်ခဲ့သည်အထိ နာမည်ကြီးခဲ့သည်။
ထို့နောက် DKBA က ကျောက်ခက်ဒေသရှိ ကျားဖြန့်များကို ရွှေ့ခိုင်းခဲ့သော်လည်း ဌာနချုပ်ဆုံဆည်းမြိုင်ဒေသတဝိုက် တွင် ကျားဖြန့်တို့ အများအပြား ထပ်မံ ပေါ်ပေါက်လာခြင်းဖြစ်သည်။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/09/16/416318.html

မြဝတီမြို့နယ်ရှိ ဆုံဆည်းမြိုင်က ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ဌာနချုပ်ဖြစ်သော် လည်း ယခုအခါ ကျားဖြန့်တရုတ် အများအပြားပြောင်းရွှေ့လာသဖြင့် ကျားဖြန့် ဌာနချုပ်ဖြစ်လာကြောင်း ဒေသခံများ က ဆို
👍38❤23😁5👎4😱3
အမေရိကန် စီးပွားရေးလုပ်ငန်းရှင်တဦးကို ပြည်နှင်ဒဏ်ပေး
ဧရာဝတီ၊ စက်တင်ဘာ ၁၆၊ ၂၀၂၆
မြန်မာနိုင်ငံ၏ စစ်အာဏာသိမ်းမှုကာလအတွင်း ဖြတ်သန်းနေထိုင်ခဲ့ရသည့် အခြေအနေများအကြောင်း Finding Our Voice အမည်ရှိ စာအုပ် ရေးသားခဲ့သူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌဟောင်း အဒမ် မိုက်ကယ် ကက်စတီလို (Adam Michael Castillo) ကို အာဏာသိမ်းအစိုးရက ဖမ်းဆီးထားပြီး ၃ လခန့်အကြာတွင် ပြည်နှင်ဒဏ် ပေးလိုက်သည်။
အဒမ် ကက်စတီလိုသည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ကုန်သည်ကြီးများအသင်း၏ ဖွဲ့စည်းပုံစည်းမျဉ်းပါ ကန့်သတ်ညွှန်ကြားချက်များကို ဖောက်ဖျက်ကျူးလွန်ခဲ့ကြောင်း၊ နှစ်နိုင်ငံချစ်ကြည်ရေး ရှေးရှု၍ ယနေ့ ညနေပိုင်းတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြည်နှင်စေလွှတ်လိုက်ကြောင်း ထုတ်ပြန်ထားသည်။
ကမ္ဘာ့နိုင်ငံများအားလုံးနှင့် သံတမန်ဆက်ဆံရေး၊ မိတ်ဝတ်မပျက် ဆက်ဆံရေးကို ရှေးရှု၍ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံဆောင်ရွက်လျက်ရှိသည့် အားလျော်စွာ ထိုသို့ ပြည်နှင်ဒဏ်ပေးခြင်းဖြစ်ကြောင်း အာဏာသိမ်းအစိုးရဆိုထားသော်လည်း မည်သည့် ညွှန်ကြားချက်များကို ဖောက်ဖျက်ကျူးလွန်သည်ဆိုသည်ကိုမူ ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။
၎င်းကို ဇွန်လ ၈ ရက်က ပန်းဘဲတန်းမြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၄၀၉ ဖြင့် အမှုဖွင့်လှစ် အရေးယူထားခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ရာဇသတ်ကြီးပုဒ်မ ၄၀၉ သည် မည်သူမဆို ပြည်သူ့ဝန်ထမ်းအဖြစ်ဖြင့် သော်လည်းကောင်း၊ ဘဏ်တိုက်စိုး သို့မဟုတ် ကုန်သည် သို့မဟုတ် အရောင်းအဝယ် ကိုယ်စားလှယ် သို့မဟုတ် ပွဲစား၊ ကိုယ်စားလှယ်အလုပ် လုပ်ကိုင်လျက်သော်လည်းကောင်း၊ ပစ္စည်းကို သို့မဟုတ် စီမံခန့်ခွဲပိုင်ခွင့်ကို တနည်းနည်းဖြင့် အပ်နှံခြင်းခံရသည်တွင် ပြစ်မှုမကင်းသော ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှုကျူးလွန်ပါက ထိုသူကို တသက်တကျွန်းဒဏ် ဖြစ်စေ၊ ၁၀ နှစ်ထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
အမေရိကန် စီးပွားရေးလုပ်ငန်းရှင် အဒမ် ကက်စတီလိုသည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌဟောင်းဖြစ်ပြီး ရန်ကုန်မြို့တွင် လုံခြုံရေးကုမ္ပဏီတခု ဖွင့်လှစ်လုပ်ကိုင်နေသူ ဖြစ်သည်။
၎င်းရေးသားသည့် Finding Our Voice စာအုပ်တွင် ဒီမိုကရေစီလိုလားသူ ဆန္ဒပြပြည်သူများအပေါ် စစ်တပ်၏ သွေးထွက်သံယို နှိမ်နင်းမှုများကို မှတ်တမ်းတင်ထားရုံသာမက ဝါရှင်တန်၏ ပိတ်ဆို့အရေးယူမှု မူဝါဒများသည် ထိရောက်မှု မရှိကြောင်း ဝေဖန်ထားပြီး စီးပွားရေးအရ ပိုမိုထိတွေ့ဆက်ဆံရန် တိုက်တွန်းထားသည်။
အဆိုပါ စာအုပ်ကို ပြည်ပတွင် သွားရောက်မိတ်ဆက် ဖြန့်ချိခဲ့ပြီးနောက် ဇွန်လဆန်းက ရန်ကုန်သို့ ပြန်လာစဉ် လေဆိပ်၌ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်း ဖြစ်သည်။
ထို့အတူ ယမန်နေ့ ညနေက နေပြည်တော်သို့ ရောက်ရှိလာခဲ့သည့် အမေရိကန် ကိုယ်စားလှယ်အဖွဲ့သည်လည်း ယနေ့ ညနေ၌ နေပြည်တော်လေဆိပ်မှ ပြန်လည်ထွက်ခွာသွားရာ အဒမ် ကက်စတီလိုကို တပါတည်း ပြန်လည်ခေါ်ဆောင်သွားခြင်းဖြစ်နိုင်ကြောင်း ရေးသားဖော်ပြမှုများ ထွက်ပေါ်ခဲ့သည်။
အမေရိကန် လေတပ်၏ Beech C-12D Huron အမျိုးအစား၊ မှတ်ပုံတင်အမှတ် 83-0498 လေယာဉ်တစင်းသည် ထိုင်းနိုင်ငံ၊ ဒွန်မောင်းလေဆိပ်မှ နေပြည်တော်သို့ ယမန်နေ့က လာရောက်ခဲ့ပြီး ယနေ့ညနေတွင် ပြန်လည်ထွက်ခွာသွားကြောင်း Flight Radar24 ၏ အချက်အလက်များအရ သိရသည်။

😁46❤18👎5👍4
ကျောက်ဖြူရှိ တရုတ်နိုင်ငံသားများကို ကာကွယ်စောင့်ရှောက်မည်ဟု တရုတ် ကတိပြု
သတင်း | မျိုးပြည့်၊ စက်တင်ဘာ ၁၇၊ ၂၀၂၆
တရုတ်၏ အကြီးစားရင်းနှီးမြှုပ်နှံမှု စီမံကိန်းများအတွက် အဓိကကျသော ရခိုင်ပြည်နယ်မှ တိုက်ပွဲများ ဖြစ်ပွားနေသည့် ကမ်းရိုးတန်းမြို့ ကျောက်ဖြူသို့ သွားရောက်ခဲ့သည့် တရုတ်အရာရှိများက ၎င်းတို့၏ နိုင်ငံသားများကို ကာကွယ်စောင့်ရှောက်သွားမည်ဟု ကတိပြုခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ခရီးစဉ်သည် ရခိုင်ပြည်နယ်၏ နယ်မြေအများစုကို သိမ်းပိုက်ထားသော တိုင်းရင်းသား လက်နက်ကိုင် အာရက္ခတပ်တော် (AA) နှင့် မြန်မာစစ်တပ်တို့ကြား တိုက်ပွဲများ ပြင်းထန်နေချိန်တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/09/17/416323.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation

ကျောက်ဖြူသို့ သွားရောက်ခဲ့သည့် တရုတ်အရာရှိများက ၎င်းတို့၏ နိုင်ငံသားများကို ကာကွယ်စောင့်ရှောက်သွားမည်ဟု ကတိပြုခဲ့သည်။
👎41😁12❤8😱4🤔3
Media is too big
VIEW IN TELEGRAM
AI တိုးတက်မှုကို အရှိန်လျှော့ဖို့ Tech နယ်ပယ်ထဲက စီအီးအိုတွေ တောင်းဆို
စက်တင်ဘာ ၁၇၊ ၂၀၂၆
ပြီးခဲ့တဲ့ အပတ်ထဲမှာ Tech လုပ်ငန်းနယ်ပယ်ထဲက ခေါင်းဆောင်တွေဟာ ထူးထူးခြားခြားပဲ AI နည်းပညာတိုးတက်မှုကို အရှိန်လျှော့ဖို့ တောင်းဆိုလာခဲ့ကြပါတယ်။
#မြန်မာ #ဧရာဝတီ #ArtificialIntelligence #technews

👍41👎4❤2
မလေးရှားဝန်ကြီးချုပ်က ဒုက္ခသည်များ လက်ခံရေးကိစ္စဆွေးနွေးရန် မင်းအောင်လှိုင်ကို ဖိတ်မည်
ဧရာဝတီ၊ စက်တင်ဘာ ၁၇၊ ၂၀၂၆
မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် (Anwar Ibrahim) က ဒုက္ခသည်များ မြန်မာနိုင်ငံသို့ ပြန်လည်စေလွှတ်ရေးကိစ္စရပ်များကို ဆွေးနွေး တွန်းအားပေးရန်အတွက် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်အား မလေးရှားနိုင်ငံကို တရားဝင်လာရောက်ရန် ဖိတ်ခေါ်မည်ဖြစ်ကြောင်း နိုင်ငံတကာသတင်းများ၌ ဖော်ပြသည်။
ဝန်ကြီးချုပ် အန်ဝါက စက်တင်ဘာလဆန်းကတည်းက ဒုက္ခသည် ပြန်လည်စေလွှတ်ရေး အစီအစဉ်နှင့်ပတ်သက်၍ မြန်မဘက် ပြည်ထဲရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာအစိုးရအဖွဲ့ဝင်များထံ အကြောင်းကြားထားပြီးဖြစ်ကြောင်း၊ ယင်းမှာ မလေးရှားနိုင်ငံအတွင်း စိုးရိမ်ပူပန်မှုများ မြင့်တက်နေသည့် မြန်မာဒုက္ခသည် ပြဿနာကို ဖြေရှင်းရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။
အန်ဝါက "ကျနော် ဘာကြောင့် သူ့ကို ဖိတ်ကြားခဲ့တာလဲ။ ကျနော်တို့အနေနဲ့ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံနိုင်သလို ကုန်သွယ်မှုတွေ လုပ်ဆောင်နိုင်တယ်၊ မြန်မာနိုင်ငံကိုလည်း လက်ခံနိုင်တယ်ဆိုတာ သူ့ကို ပြောပြချင်လို့ ဖိတ်ခေါ်ခဲ့တာဖြစ်တယ်။ ဒါပေမယ့် သူတို့ဘက်ကလည်း (သူတို့ရဲ့ ဒုက္ခသည်တွေကို) ပြန်လည် လက်ခံရမှာဖြစ်တယ်" ဟု မလေးရှား နိုင်ငံရေးပေါ့ကတ်စ် (Podcast) အင်တာဗျူး အစီအစဉ်တခုတွင် ပြောဆိုသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း မြန်မာနိုင်ငံဘက်က ရိုဟင်ဂျာ ၅,၀၀၀ အား ပြန်လည်လက်ခံရန် သဘောတူခဲ့ကြောင်း အန်ဝါက ထုတ်ဖော်ပြောကြားခဲ့ဖူးပြီး ယင်းမှာ သိသာထင်ရှားသည့် ပြန်လည်ပို့ဆောင်ရေး ကြိုးပမ်းမှုတခုဖြစ်သော်လည်း လူ့အခွင့်အရေးအဖွဲ့အစည်းများကမူ ပြန်လည်ပို့ဆောင်ရေးဆိုင်ရာ ဘေးကင်းလုံခြုံရေးအခြေအနေများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ထုတ်ဖော်ခဲ့ကြသည်။
မြန်မာနိုင်ငံဘက်က ဒုက္ခသည် ၂ သိန်းလုံးကို တပြိုင်နက်တည်း ပြန်လည် မလက်ခံနိုင်ပါကလည်း ပြန်လည်ပို့ဆောင်ရေးအစီအစဉ်အား အဆင့်လိုက် ခွဲခြား၍ ဆောင်ရွက်နိုင်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
မလေးရှားနိုင်ငံတွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၌ မှတ်ပုံတင်ထားသော ဒုက္ခသည်နှင့် ခိုလှုံခွင့်တောင်းခံသူ ၂၁၅,၀၀၀ ကျော်ရှိရာ ယင်းတို့အနက် ၁၂၆,၀၀၀ ကျော်မှာ မြန်မာနိုင်ငံမှ ရိုဟင်ဂျာများဖြစ်ပြီး မလေးရှားသို့ အများဆုံးရောက်ရှိနေသော ဒုက္ခသည်အုပ်စု ဖြစ်သည်။
မလေးရှားနှင့် မြန်မာ နှစ်နိုင်ငံစလုံး၏ ထုတ်ပြန်ချက်များအရ မြန်မာရွှေ့ပြောင်းလုပ်သား ၁,၅၀၀ ခန့်သည် စက်တင်ဘာလကုန်တွင် သဘောဆန္ဒအလျောက် ပထမဆုံးအသုတ်အဖြစ် ပြန်လည်ထွက်ခွာကြမည်ဖြစ်သော်လည်း ယင်းပမာဏတွင် ရိုဟင်ဂျာ မည်မျှပါဝင်မည်ဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
ယခု ပြန်လည်ပို့ဆောင်ရေး အစီအစဉ်သည် ကွာလာလမ်ပူမြို့ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရှေ့တွင် စုဝေးခဲ့ကြသည့် ရိုဟင်ဂျာ ၁၀၀ ကျော်ကို မလေးရှား အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

😁34👎18❤5
ကရင်နီမိဘမဲ့ကျောင်း ဒရုန်း တိုက်ခိုက်ခံရ ကလေး ၁ ဦး သေဆုံး
ဧရာဝတီ၊ စက်တင်ဘာ ၁၇၊ ၂၀၂၆
ကရင်နီပြည်(ကယားပြည်နယ်) ဒီးမော့ဆိုအနောက်ခြမ်းရှိ မိဘမဲ့ကျောင်းတခုကို ယမန်နေ့ ညနေ ၅ နာရီခန့်တွင် စစ်တပ်က ဒရုန်းဖြင့်တိုက်ခိုက်သဖြင့် ကလေးများ ထိခိုက်သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဒရုန်း ၂စီးထဲမှ တစီးသည် ကျောင်းဝင်းအတွင်း ကလေးများဆော့ကစားချိန်တွင် ကျရောက်ပေါက်ကွဲခဲ့သဖြင့် ကလေး ၁ဦး သေဆုံးကာ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရသူအနက် ၂ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ဒေသခံတဦးက ပြောသည်။
အလားတူ နေ့လယ် ၁ နာရီ ၁၅ မိနစ်ခန့်ကလည်း ထိုကျေးရွာအနီး ဘောလုံးပွဲ ကျင်းပနေစဉ် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ ဒေသခံတဦး ထိခိုက်ဒဏ်ရာရခဲ့သည်။
သတင်း-မိုးတိမ်
ဓာတ်ပုံ-CJ

😭43👎14❤5👍2😁2
၂၀၂၆ စက်တင်ဘာ ၄ ရက်မှ စသည့် စစ်တွေထိုးစစ်သည် ရခိုင်စစ်မျက်နှာတွင် ထိုးစစ်ဆင်သည့် စစ်မျက်နှာငယ်တခု ထပ်တိုးခြင်းသာ ဖြစ်၏။ ယခုမှ ရခိုင်ကို ဘက်ပေါင်းစုံ ထိုးစစ်ဆင်သည် မဟုတ်ပေ။ ကျန်သည့် ကျောက်ဖြူ၊ ဧရာဝတီ၊ ညောင်ကျိုး၊ နတ်ရေကန်တို့တွင် အင်အားထောင်ချီ အသုံးပြု၍ ထိုးစစ်ဆင်နေသည်မှာ ၂၀၂၅ ခုနှစ်ကတည်းကဖြစ်ပြီး ၂၀၂၆ ထဲတွင် စစ်မျက်နှာထပ်တိုးသည်မှာ မင်းတုန်းနှင့် စစ်တွေဖြစ်သည်။ ရခိုင်ကို ထိုးစစ်ဆင်သည်မှာ ကြာမြင့်ပြီဖြစ်ပြီး အောင်မြင်မှု မယ်မယ်ရရ ပြစရာ မရှိသကဲ့သို့ အရှုံးနှင့်သာ ကြုံနေရ၍ ယခုမှ ရခိုင်ထိုးစစ် စသယောင် လိမ်ညာနေခြင်းသာ ဖြစ်သည်။
စစ်မျက်နှာတိုင်းလိုလိုတွင် ခံစစ်သက်သက်သာမက အာရက္ခတပ်တော်၏ ပြန်လှန်ထိုးစစ်၊ ချေမှုန်းစစ်များကိုပါ မင်းအောင်လှိုင် စစ်တပ် ကြုံနေရ၏။ သို့ဖြစ်ရာ မင်းအောင်လှိုင်စစ်တပ်၏ ထိုးစစ်ပြန်လန်အကျတွင် မထိန်းနိုင်ပါက အာရက္ခတပ်တော် တန်ပြန်ထိုးစစ်ဆင်မှုကို မရှုမလှ ခံရနိုင်၏။ သို့ဖြစ်ရာ ရခိုင်တွင် စစ်မျက်နှာ တခုထပ်တိုးပြီး ထိုးစစ်ဆင်သည်မှာ အောင်မြင်မှု ရရှိမည်ထက် တပ်လန်ပြီး ဆုံးရှုံးမှုများမည်က ရာခိုင်နှုန်းပိုများနေသည်။ တပ်လန်ပြီး စစ်ရှုံးပါက အတင်းအဓမ္မ စုဆောင်းသည့် တပ်သားသစ်များကို ထိန်းရန် မလွယ်ဘဲ စစ်ဦးကျိုးနိုင်သည်။
မြန်မာပြည် နေရာအနှံ့ရှိ ထိုးစစ်များ တိုးမပေါက်ဘဲ တန့်နေခြင်း၊ ရွှေကူတွင် စစ်သင်္ဘော၊ ထောက်ပို့သင်္ဘောများ နစ်မြှုပ်ခံရခြင်း၊ PDF များ ဒရုန်းတိုက်ခိုက်မှုများက လေယာဉ်ကွင်းရှိ လေယာဉ်များအထိ အနီးကပ် ရောက်ရှိလာခြင်းများက မင်းအောင်လှိုင် စစ်တပ်အတွက် အတိတ်နမိတ်ဆိုးများဖြစ်၏။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2026/09/17/416328.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
စစ်မျက်နှာတိုင်းလိုလိုတွင် ခံစစ်သက်သက်သာမက အာရက္ခတပ်တော်၏ ပြန်လှန်ထိုးစစ်၊ ချေမှုန်းစစ်များကိုပါ မင်းအောင်လှိုင် စစ်တပ် ကြုံနေရ၏။ သို့ဖြစ်ရာ မင်းအောင်လှိုင်စစ်တပ်၏ ထိုးစစ်ပြန်လန်အကျတွင် မထိန်းနိုင်ပါက အာရက္ခတပ်တော် တန်ပြန်ထိုးစစ်ဆင်မှုကို မရှုမလှ ခံရနိုင်၏။ သို့ဖြစ်ရာ ရခိုင်တွင် စစ်မျက်နှာ တခုထပ်တိုးပြီး ထိုးစစ်ဆင်သည်မှာ အောင်မြင်မှု ရရှိမည်ထက် တပ်လန်ပြီး ဆုံးရှုံးမှုများမည်က ရာခိုင်နှုန်းပိုများနေသည်။ တပ်လန်ပြီး စစ်ရှုံးပါက အတင်းအဓမ္မ စုဆောင်းသည့် တပ်သားသစ်များကို ထိန်းရန် မလွယ်ဘဲ စစ်ဦးကျိုးနိုင်သည်။
မြန်မာပြည် နေရာအနှံ့ရှိ ထိုးစစ်များ တိုးမပေါက်ဘဲ တန့်နေခြင်း၊ ရွှေကူတွင် စစ်သင်္ဘော၊ ထောက်ပို့သင်္ဘောများ နစ်မြှုပ်ခံရခြင်း၊ PDF များ ဒရုန်းတိုက်ခိုက်မှုများက လေယာဉ်ကွင်းရှိ လေယာဉ်များအထိ အနီးကပ် ရောက်ရှိလာခြင်းများက မင်းအောင်လှိုင် စစ်တပ်အတွက် အတိတ်နမိတ်ဆိုးများဖြစ်၏။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2026/09/17/416328.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
ဧရာဝတီ
မင်းအောင်လှိုင်စစ်တပ် ရခိုင်ထိုးစစ် စစ်ဦးကျိုးပြီလား- ၂
မင်းအောင်လှိုင် စစ်တပ်အဖို့ ရန်ကုန်တိုင်းနှင့် ရှမ်းပြည်နယ်မှအပ ကျန်ဒေသအားလုံး၌ စစ်ဆင်ရေးပြုလုပ်နေရပြီး လက်လွတ်ဆုံးရှုံးသည့် မြို့ပေါင်း ၈၀ ခန့် ကျန်သေးသည်။
❤31👍22😁7
မြန်မာကို မူးယစ်ဆေး အဓိက ထုတ်လုပ်ရာစာရင်းထဲ အမေရိကန် ဆက်ထည့်ထား
ဧရာဝတီ၊ စက်တင်ဘာ ၁၇၊ ၂၀၂၆
အမေရိကန်သို့ တရားမဝင် မူးယစ်ဆေးဝါးများ ထုတ်လုပ်တင်ပို့ရာတွင် အဓိက တာဝန်ရှိသည့် မူးယစ်ဆေးဝါး ဖြတ်သန်းရာ သို့မဟုတ် တရားမဝင် မူးယစ်ဆေးဝါး ထုတ်လုပ်ရာ ၂၃ နိုင်ငံ စာရင်း (Major's List)၌ မြန်မာနိုင်ငံ ဆက်လက်ပါဝင်နေကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
အဆိုပါစာရင်းမှာ ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် စက်တင်ဘာ ၁၅ ရက်စွဲဖြင့် သမ္မတ ဒေါ်နယ်ထရမ့်လက်မှတ်ရေးထိုး၍ ကွန်ဂရက်လွှတ်တော်သို့ ပေးပို့သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် အာဏာသိမ်းစစ်အုပ်စုသည် မူးယစ်ဆေးဝါး စီးပွားရေးလုပ်ငန်းများကို နှိမ်နင်းရန် သိသာထင်ရှားသော ကြိုးပမ်းအားထုတ်မှု မရှိသလောက် နည်းပါးခဲ့ပြီး၊ ထိုအချက်က နိုင်ငံအား ကမ္ဘာ့အကြီးဆုံး ဘိန်းစိုက်ပျိုးရာ မူလနေရာနှင့် မက်သဖက်တမင်း (စိတ်ကြွဆေး) အများဆုံး ထုတ်လုပ်ဖြန့်ဖြူးသည့် နိုင်ငံများထဲမှ တခု ဖြစ်လာကြောင်း ဒေါ်နယ်ထရမ့်က ပြောထားသည်။
အဆိုပါ စာရင်းဝင် နိုင်ငံ ၂၃ ခုအနက် မြန်မာ၊ အာဖဂန်နစ္စတန်၊ ဘိုလီးဗီးယား နှင့် ကိုလံဘီယာ ၄ နိုင်ငံသည် လွန်ခဲ့သည့် ၁၂ လအတွင်း နိုင်ငံတကာ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဆိုင်ရာ သဘောတူညီချက်များပါ တာဝန်ဝတ္တရားများကို လိုက်နာရန်နှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အရေးယူမှုများလုပ်ဆောင်ရန် သိသာထင်ရှားသော ကြိုးပမ်းအားထုတ်မှုများ ပြုလုပ်ရန် ပျက်ကွက်ခဲ့သည်ဟု ဆိုသည်။
အမေရိကန်ဥပဒေအရ ထိုသို့ ပျက်ကွက်ကြောင်း သတ်မှတ်ခံရသည့် နိုင်ငံများဖြစ်သော မြန်မာ၊ ဘိုလီးဗီးယားနှင့် ကိုလံဘီယာတို့အား အကူအညီပေးအပ်မှုများသည် အမေရိကန်ပြည်ထောင်စု၏ အမျိုးသား အကျိုးစီးပွားအတွက် မဖြစ်မနေ လိုအပ်ချက်ဖြစ်သည်ဟု သမ္မတက ဆုံးဖြတ်ထားသဖြင့် ပေးအပ်နေသော အကူအညီများ ဆက်လက် ပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ထုတ်ပြန်ချက်အရ စာရင်းတွင် ပါဝင်သည့် ၂၃ နိုင်ငံမှာ မြန်မာ၊ အာဖဂန်နစ္စတန်၊ ဘဟားမား၊ ဘီလစ်ဇ်၊ ဘိုလီးဗီးယား၊ တရုတ်၊ ကိုလံဘီယာ၊ ကော်စတာရီကာ၊ ဒိုမီနီကန်၊ အီကွေဒေါ၊ အယ်လ်ဆာဗေးဒေါ၊ ဂွာတီမာလာ၊ ဟေတီ၊ ဟွန်ဒူးရပ်စ်၊ အိန္ဒိယ၊ ဂျမေကာ၊ လာအို၊ မက္ကဆီကို၊ နီကာရာဂွာ၊ ပါကစ္စတန်၊ ပနားမား၊ ပီရူးနှင့် ဗင်နီဇွဲလားတို့ ဖြစ်သည်။
မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးမှုသည် ၁၀ နှစ်တာကာလအတွင်း စံချိန်တင်အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီး ကမ္ဘာ့ဘိန်းစိုက်ပျိုးမှု နံပါတ် ၁ နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ရုံး (UNODC) ၂၀၂၅ခုနှစ် အစီရင်ခံစာ၌ ဖော်ပြထားသည်။
ပုံစာ - ရှမ်း-ကရင်နီနယ်စပ်တွင် တွေ့ရသည့် ဘိန်းစိုက်ခင်းတခု(ပုံဟောင်း)/ ဧရာဝတီ

👍55❤11😁3👎1😭1
ကိုးကန့်၊ "ဝ" မှ ကျားဖြန့်တို့ ရှမ်းတောင်နှင့် အရှေ့သို့ ပျံ့နှံ့လာ
ဧရာဝတီ၊ စက်တင်ဘာ ၁၇၊ ၂၀၂
ကိုးကန့်နှင့် ဝ ဒေသမှ ကျားဖြန့်ငွေလိမ်ဂိုဏ်းများသည် ၁၀၂၇ စစ်ဆင်ရေးအပြီး ရှမ်းအရှေ့နှင့် တောင်ပိုင်းသို့ ပြောင်းရွှေ့သွားရာ ၁၇ မြို့နယ်ထက်မနည်း ပျံ့နှံ့ရှိနေကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး သုတေသနအဖွဲ့ (ISP - Myanmar) က ယမန်နေ့က ထုတ်ပြန်သည်။
ISP ၏ စက်တင်ဘာ ၇ ရက်ထုတ် "ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း ပဋိပက္ခစီးပွားရေးနှင့် ဆန်းစစ်ချက်" အစီရင်ခံစာ၌ ရှမ်းပြည်နယ်အတွင်းရှိ ဟိုပုံး၊ လဲချား၊ နမ့်စန်၊ မိုင်းရယ်၊ တန့်ယန်း၊ ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းတုံ၊ တာချီလိတ် စသည့် ၁၇ ခုထက် မနည်းတွင် ကျားဖြန့်လုပ်ငန်းများ၂၅ ခုထက်မနည်း လက်ရှိ ဆက်လက်လည်ပတ်နေသည်ကို တွေ့ရကြောင်း၊ စစ်တပ် ထိန်းချုပ်ထားသည့် မူဆယ်မြို့တွင်လည်း ကျားဖြန့်လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်လုပ်နေကြကြောင်း ဖော်ပြထားသည်။
ယခုဖော်ပြပါ စာရင်းများမှာ၂၀၂၃ ခု ဇန်နဝါရီမှ ၂၀၂၆ ဧပြီလအထိ အများပြည်သူ လွတ်လပ်စွာ ရယူကြည့်ရှုနိုင်သည့် အရင်းအမြစ်များကိုသာ အသုံးပြု၍ ကောက်ယူထားခြင်းဖြစ်ကာ မြေပြင်နှင့်ကွဲလွဲမှု တစုံတရာရှိနိုင်သည်ဟုလည်း အစီရင်ခံစာက ဆိုသည်။
ယခုအခါ ရန်ကုန်၊ မန္တလေးမြို့များသို့ပါ ပြောင်းရွှေ့လုပ်ကိုင်လာကြသလို အာဏာသိမ်းအစိုးရအနေဖြင့်လည်း ယခုရက်ပိုင်းအတွင်း ခပ်စိပ်စိပ်ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိသည်။
ဓာတ်ပုံ- ISP

👍31👎4❤3🤔2😁1