The Irrawaddy - Burmese
✔
76.5K subscribers
37.5K photos
2.3K videos
3 files
17.7K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
👍33❤4😁3
ဝတ်မှုံရွှေရည်ဓာတ်ပုံများ Vogue Thailand ဖယ်ရှား

ဧရာဝတီ၊ စက်တင်ဘာ ၁၆၊ ၂၀၂၆

သရုပ်ဆောင် ဝတ်မှုံရွှေရည်ကို Vogue Thailand၏ အစီအစဉ်တခုတွင် ဖော်ပြထားသော်လည်း ခင်ပွန်းဖြစ်သူက မြန်မာစစ်တပ်နှင့် စီးပွားရေး ဆက်နွယ်နေခြင်းကြောင့် Vogue ၏ စံတန်ဖိုးထားမှုများနှင့် မကိုက်ညီဟုဆိုကာ စက်တင်ဘာ ၁၅ ရက်တွင် ကန့်ကွက်ခံရပြီးနောက် ၂၄ နာရီအတွင်း ဝတ်မှုံရွှေရည်ပါဝင်သော ဆောင်းပါး၊ ဓာတ်ပုံများကို ၎င်းတို့၏ သက်ဆိုင်ရာ ဆိုရှယ်မီဒီယာပလက်ဖောင်းများမှ ဖြုတ်ချသွားခဲ့သည်။

ထိုသို့ ဖြုတ်ချရန်တောင်းဆိုမှုများကို ရုပ်ရှင်အကဲဖြတ် လူမှုကွန်ရက်အကောင့်ဖြစ်သော Cinema Boulevard မှ ဦးဆောင်ကာ စက်တင်ဘာ ၁၅ ရက်တွင် Vogue Thailand သို့ ထုတ်ပြန်ချက်များ၊ စာတိုများပေးပို့ကာ ကန့်ကွက်ခဲ့ကြခြင်းဖြစ်သည်။

Vogue Thailand သည် အမေရိကန်မီဒီယာကုမ္ပဏီ Condé Nast ၏ Vogue အမှတ်တံဆိပ်အောက် လိုင်စင်ဖြင့် ထုတ်ဝေလည်ပတ်နေသော ထိုင်းနိုင်ငံဆိုင်ရာ Edition ဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော “Vogue Values”၌ ကမ္ဘာတဝန်းရှိ မတူကွဲပြားမှု၊ တာဝန်ယူမှုနှင့် လူတဦးချင်း၊ လူမှုအသိုင်းအဝိုင်းများနှင့် သဘာဝပတ်ဝန်းကျင်အပေါ် လေးစားမှုများကို အဓိကတန်ဖိုးများအဖြစ် ဖော်ပြထားသည်။

သို့သော် မကြာသေးမီက Vogue Thailand၏ အစီအစဉ်တခု၌ မြန်မာ့အဝတ်အထည် အမှတ်တံဆိပ်တခုကို ဝတ်မှုံရွှေရည်က ကြော်ငြာပေးထားခြင်းသည် အဆိုပါကတိကဝတ်တွင် ပါရှိသော အချက်အလက်များနှင့် လုံးဝဆန့်ကျင်နေသောကြောင့် ကန့်ကွက်ခဲ့ခြင်းဖြစ်ကြောင်း Cinema Boulevard က ဆိုသည်။

ပုံစာ-Vogue Thailand တွင် ဖော်ပြထားသော ဝတ်မှုံရွှေရည် ဓာတ်ပုံများ

#WhatsHappeningInMyanmar
#RejectMilitaryCoup
👍77❤18
👍35❤4😁3
👍30😁7❤3
မြန်မာ ပတ်စ်ပို့ကိုင်ထားသည့် တရုတ်နိုင်ငံသားကို ထိုင်းရဲ ဖမ်း

ဧရာဝတီ၊ စက်တင်ဘာ ၁၆၊ ၂၀၂၆

မြန်မာပတ်စ်ပို့ ကိုင်ဆောင်ပြီး ထိုင်းနိုင်ငံသားအမည်ခံ၍ စီးပွားရေးလုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားတဦးအား စမွတ်ဆာခွန်ခရိုင်၌ ယနေ့ ဖမ်းဆီးလိုက်ကြောင်း ဘန်ကောက်ပို့စ်သတင်းဌာနက ဖော်ပြသည်။

စမွတ်ဆာခွန်ရှိ တာယာစက်ရုံတရုံကို စီးနင်းရှာဖွေစဉ် ၎င်းအား ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မတည်ရင်းနှီးငွေ ဘတ် ၁၉၁ သန်းရှိ ထိုင်းနိုင်ငံသားအမည်ခံ ကုမ္ပဏီ ၃ ခုတွင် ရှယ်ယာရှင်တဦးအဖြစ် ပါဝင်နေကာ နေအိမ်နှင့် လုပ်ငန်းများအတွက် ဘတ်သန်း ၆၀၀ ခန့် တန်ဖိုးရှိ မြေ ၂၈ ရိုင်ကျော် ပိုင်ဆိုင်ထားသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

ထိုင်း လူဝင်မှုကြီးကြပ်ရေးဌာန၏ မျက်နှာသွင်ပြင် စိစစ်ဖော်ထုတ်မှုအရ မြန်မာအမည် “မျိုး” ဟု ခံယူထားသည့် တရုတ်အမျိုးသားမှာ တရုတ်နိုင်ငံက လာဘ်စားမှုဖြင့် အလိုရှိနေသော “Mr. Li” နှင့် အချက်အလက်များ ကိုက်ညီ နေသည်ကို စိစစ် တွေ့ရှိခဲ့သည်။

Mr. Li သည် တရုတ်ပတ်စ်ပို့ကို အသုံးပြုကာ ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း ထိုင်းနိုင်ငံသို့ ၁၄ ကြိမ် ဝင်ထွက် ခဲ့ပြီး၂၀၁၈ ခုနှစ်တွင် “မျိုး” ဟူသော အမည်ပါ မြန်မာပတ်စ်ပို့ကို စတင်အသုံးပြုကာ ထိုင်းနိုင်ငံအတွင်းသို့ ၄၈ ကြိမ် ဝင်ထွက်ခဲ့ကြောင်းလည်း ရဲတပ်ဖွဲ့က ဖော်ထုတ်ထားသည်။

Mr. Li ၏ သားဖြစ်သူ ထိုင်းနိုင်ငံသားကတ် ကိုင်ဆောင်ထားသည့် “Thor” ဆိုသူကိုလည်း လက်ဗွေစိစစ်ချက်များအရ ယခင်က ထိုင်းနိုင်ငံအတွင်း ခရီးသွားလာရာတွင် တရုတ်ပတ်စ်ပို့ အသုံးပြုခဲ့သည့် တရုတ်နိုင်ငံသား “Ji” ဆိုသူနှင့် အချက်အလက်များ ကိုက်ညီနေသည်ကို တွေ့ရှိရကြောင်း သိရသည်။

“Thor” ၏ ထိုင်းမှတ်ပုံတင်ကို ဆက်လက်စစ်ဆေးရာတွင် နိုင်ငံခြားသားများအား တရားမဝင် သက်သေခံ လက်မှတ်များရရှိရန် ကူညီဆောင်ရွက်မှုဖြင့် ဖမ်းဆီးခံထားရသော အုပ်ချုပ်ရေးအရာရှိဟောင်းတဦးနှင့် အချိတ် အဆက်များ ဖော်ထုတ်တွေ့ရှိထားသည့်အပြင် မိခင်အဖြစ် အမည်ဖော်ပြထားသည့် ထိုင်းအမျိုးသမီးတဦးထံမှလည်း DNA နမူနာရယူကာ ၎င်းတို့ကြား ဇီဝဗေဒဆိုင်ရာ ဆွေမျိုးတော်စပ်မှု ရှိမရှိ စစ်ဆေးသွားမည်ဖြစ် ကြောင်း သိရသည်။

မိခင်အဖြစ်အမည်ဖော်ပြထားသူ ထိုင်းအမျိုးသမီးအနေဖြင့် အမည်ခံ စီးပွားရေးလုပ်ငန်းများနှင့် ဆက်စပ်သည့် အထောက်အထားအတု ပြုလုပ်မှုတွင် မိမိဆန္ဒအလျောက် ပါဝင်ပတ်သက်ခဲ့ကြောင်း စိစစ်တွေ့ရှိပါက ဥပဒေအရ အရေးယူခံရဖွယ်ရှိကြောင်းလည်း ဘန်ကောက်ပို့စ်၌ ဖော်ပြထားသည်။

ထိုသို့ မြန်မာပတ်စ်ပို့ ကိုင်ဆောင်ထားသည့် တရုတ်နိုင်ငံသားများစွာရှိနေပြီး ရန်ကုန်လေဆိပ် လူဝင်မှုကြီးကြပ်ရေးကောင်တာ၌ မြန်မာလိုမေးမြန်းရာတွင် မြန်မာစကား မပြောတတ်ကြကြောင်း လေဆိပ်၌ ကြုံတွေ့ခဲ့ရသူ တဦးက Facebook စာမျက်နှာ၌ ရေးသားထားသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
👍44😁11❤7
👍29❤6
ရွှေကူ၌ စစ်သင်္ဘောတချို့ ထပ်မြုပ်၊ စစ်ကြောင်းလည်း ချေမှုန်းခံရ

ဧရာဝတီ၊ စက်တင်ဘာ ၁၆၊ ၂၀၂၆

ကချင်ပြည်နယ် ရွှေကူနှင့် ဗန်းမော်ကြား ဧရာဝတီမြစ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်များ တိုက်ခိုက်မှုကြောင့် စစ်သင်္ဘောနှစ်စီး ယနေ့ ထပ်မံနစ်မြုပ်ခဲ့ပြီး ကျန်သင်္ဘောတချို့လည်း တိုက်ခိုက်ခံရကြောင်း ရှေ့တန်းသတင်းရင်းမြစ်က ပြောသည်။

စင်းခန်းတံတားအထက်ဘက် စာဝတီ၊ ညောင်ပင်သာ၊ ကံသာနှင့်ရေနီရွာတို့အနီး ရပ်နားထားသည့် သင်္ဘောများထဲမှ တွန်းသင်္ဘောနှင့် သံခွံသင်္ဘောတချို့ ယမန်နေ့ညပိုင်းက ရွှေကူဘက်သို့ ထွက်ခွာလာစဉ် တိုက်ခိုက်ခံရပြီး ယနေ့နံနက်ပိုင်းတွင် စင်းခန်းတံတားအနီး တစီးနစ်မြုပ်ခဲ့ကြောင်း သိရသည်။

ရှေ့တန်းသတင်းရင်းမြစ်က “ ကျန်သင်္ဘော ၆ စီးလောက်နဲ့ သံခွံ ၂ စီးလောက်ပါတဲ့ အုပ်စုဆင်းသွားတာမှာ တွန်းသင်္ဘော ၁ စီးကတော့ နစ်မြုပ်သွားတယ်၊ သံခွံတစီးကလည်း ရေထဲမှာတွန်းမယ့် ဆွဲမယ့်သူမရှိဘဲ မျောနေတယ်လို့သိရတယ်၊ စင်းခန်းတံတားအထက်ဘက်မှာ သောင်တင်နေတဲ့ စစ်သင်္ဘော ၁ စီးနဲ့ သံခွံသင်္ဘောအကြီး ၁ စီးက မီးလောင်ထားတယ်၊အဲဒါကို အခု ရှင်းလင်းရေးလုပ်နေတယ်”ဟု ပြောသည်။

ထို့ပြင် ရွှေကူမှ ဗန်းမော်သို့ ယနေ့ထပ်မံဆန်တက်လာသည့် စစ်တပ်သင်္ဘော ၃ စီး တိုက်ခိုက်ခံရကာ ဝဲမကြီးရွာအနီး ၁ စီး နစ်မြုပ်ခဲ့ကြောင်းလည်း သိရသည်။

စစ်တပ်သင်္ဘောများတိုက်ခိုက်ခံရစဉ်အတွင်း လေကြောင်းမှလုံခြုံရေးလိုက်ပါလာသော Y-12 လေယာဉ် တစင်းမှာ KIA ပူးပေါင်းတပ်၏ ပစ်ခတ်မှုထိမှန်ကာ ပျက်ကျကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

စစ်သင်္ဘောများအပြင် ရွှေကူနှင့် ဗန်းမော်ကြားရှိ စင်းခန်းတံတားအနီး ခြေကုပ်ယူထားသည့် စစ်တပ် စစ်ကြောင်းကို ယနေ့တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှု များပြားခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်က ဆိုသည်။

၎င်းက “ သင်္ဘောလမ်းကြောင်း လုံခြုံရေးယူထားတဲ့ စင်းခန်းလည်း ပွဲပြတ်သွားတယ်၊ ညတုန်းက သင်္ဘောတစီးနဲ့ ကမ်းကပ်ပြီး လာခေါ်သွားတဲ့အချိန်မှာ တဝက်လောက်ပဲ ပါသွားတယ်၊ ကျန်တဲ့တဝက်ကတော့ ကျနော်တို့ အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ပြီး ထိန်းသိမ်းနိုင်ခဲ့တယ်၊ ရှင်းလင်းတာ မပြီးသေးဘူး၊ ဒရုန်းအကြီးတစီးနဲ့ အသေခံဒရုန်း ၁၅ စီး သိမ်းဆည်းရရှိတာတော့ သေချာတယ်”ဟု ပြောသည်။

ဗန်းမော်မြို့အား စစ်ကူဖြည့်တင်းရန် မန္တလေးမြို့မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ရေယာဉ်များဖြင့် ဩဂုတ်လကုန်ပိုင်းက စတင်ထွက်ခွာလာပြီးနောက် ရွှေကူနှင့်ဗန်းမော်ကြားတွင် တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်ပြီး စစ်သင်္ဘောအုပ်စုမှ သင်္ဘော ၁၀ စီးကျော် ဖျက်ဆီးခံခဲ့ရသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
👍49❤17😁2
မင်းအောင်လှိုင် စစ်တပ်သည် ရခိုင်အား စစ်မျက်နှာ ၇ ခု ဖြန့်ထိုးစစ်ဆင်နေပြီး နပခ၊ နတခ၊ တပခ၊ လပခ တို့မှ တိုင်းတပ်များ၊ ရဲတပ်ရင်းများအပြင် တပ်မ ၁၁၊ တပ်မ ၅၅၊ တပ်မ ၆၆၊ စကခ ၁၀၊ စကခ ၁၇၊ စကခ ၂၀ ၊ မစခ ၉၀၅ မှ တပ်များ၊ တပ်မ ၂၂၊ စကခ ၁၂၊ စကခ ၁၈၊ တပ်မ ၁၀၁ တို့မှ ထုတ်နှုတ်တပ်များ၊ စကခ ၅၊ စကခ ၉၊ စကခ ၁၅ တို့မှ တပ်ကြွင်းတပ်ကျန်များ၊ ကပစ နှင့် နောက်တန်းဌာနချုပ်များမှ ထုတ်နှုတ်တပ်များ ဖြည့်တင်းထား၏။ ထို့ပြင် စစ်တွေနှင့် ကျောက်ဖြူ၌ ရေတပ်စခန်းများ၊ ရေတပ်စစ်သင်္ဘော ၁၀ စီးခန့်စီနှင့် ရေတပ်အင်အား ရာအချို့စီ ရှိ၏။ မင်းအောင်လှိုင် စစ်တပ်သည် ရခိုင်စစ်မျက်နှာကြီး တခုစီလျှင် စစ်အင်အား ၂၀၀၀ မှ ၃၀၀၀ ခန့်ထိ အသုံးပြုထားပြီး ခံစစ်အတွက်သာမက ထိုးစစ်ကိုပါ စစ်ကြောင်းများဖြန့်ခွဲ အသုံးပြုပြီး ရေတပ်နှင့် လေတပ် ပစ်ကူတွဲဖက်ပေးထား၏။

လက်ရှိ ရခိုင်တွင် အာရက္ခတပ်တော်က စစ်ဒေသ ၈ ခုနှင့် တပ်မဟာ ၂ ခု ဖွဲ့စည်းထားရှိပြီး သူ၏ စစ်မျက်နှာအလိုက် စစ်ရေးတာဝန်ယူထား၏။ စစ်ဒေသတခုတွင် အင်အား ၄၀၀၀ မှ ၄၅၀၀ ထိ ရှိပြီး တပ်မဟာ နှစ်ခုကတော့ စစ်ဒေသထက် အင်အား အနည်းငယ်သာ လျော့နိုင်၏။ သို့ဖြစ်ရာ စစ်မျက်နှာတခုချင်းအရသော်လည်းကောင်း၊ ရခိုင်စစ်မြေပြင်တခုလုံးအရသော်လည်းကောင်း မင်းအောင်လှိုင် စစ်အင်အားသည် အာရက္ခတပ်တော်ထက် သာလွန်အင်အား မရှိပေ။ ဤ အာရက္ခတပ်တော် အင်အားသည် ရခိုင်နှင့် ချင်းတောင်ရှိ အင်အားသာဖြစ်၏။ ရှမ်းမြောက်၊ ကချင်၊ စစ်ကိုင်းနှင့် မကွေးရှိ စစ်အင်အားများ မပါသေးပေ။

Website တွင် ဆက်လက်ဖတ်ရှုပါ - https://burma.irrawaddy.com/article/2026/09/16/416311.html
👍45❤16😁6👎3😱1
Media is too big
VIEW IN TELEGRAM
စစ်မှုထမ်းဖို့ ဝါဒဖြန့်ပေးတဲ့ အနုပညာရှင်တွေကို ပြည်သူတွေဝေဖန်

ပြည်သူ့စစ်မှုထမ်းဥပဒေအရ အာဏာသိမ်းစစ်တပ်ဆီမှာ စစ်မှုထမ်းကြဖို့ ဝါဒဖြန့်ချိရေးရုပ်ရှင် ရိုက်ကူးသူတွေနဲ့ အားပေးအားမြှောက်လုပ်ကြတဲ့ အနုပညာရှင်တွေကို ပြည်သူတွေက လူမှုကွန်ရက်စာမျက်နှာတွေမှာ ပြင်းပြင်းထန်ထန် ဝေဖန်နေကြပါတယ်။

စစ်မှုထမ်းရတာ ပျော်စရာကောင်းကြောင်းနဲ့ စစ်မှုထမ်းမှာပါဝင်ခဲ့ကြပြီးနောက် စစ်တပ်ဟာ ထူးချွန်ထက်မြက်တဲ့ လူငယ်တွေ မွေးထုတ်ပေးခဲ့တယ်ဆိုတဲ့ ဝါဒဖြန့်ချီ ရိုက်ကူးထားတဲ့ “တောစီးဖိနပ်ကလေးရဲ့ အိမ်ပြန်ချိန်” နာမည်နဲ့ ရုပ်/သံ ဇာတ်လမ်းတိုကို စက်တင်ဘာ ၁၂ ရက်နေ့က စတင်ထုတ်လွှင့်ပြသခဲ့တာပါ။

အာဏာသိမ်းစစ်တပ်ဟာ ပြည်သူ့စစ်မှုထမ်း ဥပဒေကိုပြဌာန်းပြီးနောက် ကာလတို စစ်သင်တန်းပေးပြီး ရှေ့တန်း စစ်မြေပြင်ကို ပို့နေတာဖြစ်သလို စစ်မှုထမ်းအပတ်စဉ်တွေမှာ လူပြည့်ဖို့အတွက် အတင်းအဓမ္မ စစ်သားစုဆောင်း ဖမ်းဆီးခေါ်ဆောင်တာတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

#မြန်မာ #ဧရာဝတီ #စစ်မှုထမ်း #အနုပညာ #ဝါဒဖြန့် #တောစီးဖိနပ်ကလေးရဲ့အိမ်ပြန်ချိန် #ပြည်သူ့စစ်မှုထမ်းဥပဒေ #WhatsHappeningInMyanmar
👎46👍11😁3😱2
Media is too big
VIEW IN TELEGRAM
နေပြည်တော်ကို သတိပေးလိုက်တဲ့ ဂျာမန်သံရုံးအကြီးအကဲ

မြန်မာနိုင်ငံဆိုင်ရာ ဂျာမန်သံရုံးအကြီးအကဲက ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ် အနိုင်ရမှာမဟုတ်သလို ဒီစကား ဟာ ရုရှားရဲ့ အထောက်အပံ့ကို အားကိုးနေတဲ့ နေပြည်တော်က လူတွေအတွက်ပါ ပေးလိုတဲ့ သတင်းစကား ဖြစ်တယ်လို့ စက်တင်ဘာလ ၁၀ ရက်နေ့က ပြောဆိုခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ရုရှားနဲ့ အာဏာသိမ်းစစ်တပ်အကြား စစ်ရေး၊ နိုင်ငံရေးနဲ့ စီးပွားရေးဆက်ဆံမှုတွေ နီးကပ်လာချိန်မှာ ဂျာမန်သံရုံးအကြီးအကဲက “နေပြည်တော်က လူတွေ” လို့ တိုက်ရိုက်ရည်ညွှန်းပြောဆို ခဲ့တာကြောင့် သူ့ရဲ့ပြောဆိုချက်ကို လူမှုကွန်ရက်မှာ စိတ်ဝင်စားမှုရှိနေကြပါတယ်။

စက်တင်ဘာ ၇ ရက်ကနေ ၁၁ ရက်အထိ ဘာလင်မြို့မှာ ကျင်းပခဲ့တဲ့ ဂျာမန်နိုင်ငံခြားရေးမစ်ရှင် အကြီးအကဲ တွေရဲ့ နှစ်ပတ်လည်ညီလာခံကို တက်ရောက်နေချိန် အခုလို ပြောဆိုခဲ့တာပါ။

#မြန်မာ #ဧရာဝတီ #နေပြည်တော် #ဂျာမန်သံရုံးအကြီးအကဲ #ရုရှား #ယူကရိန်း #WhatsHappeningInMyanmar
❤80👍28😁6
• စင်းခန်းမှာအထိုင်ချဖို့ကြိုးစားတဲ့ စစ်ကြောင်းကို KIA ချေမှုန်း

• မြန်မာပတ်စပို့ကိုင်တဲ့ တရုတ်တွေ ထိုင်းမှာဆက်တိုက်ဖမ်းခံနေရ

• အာဏာသိမ်းစစ်တပ် ကြံရာပါအဖြစ် တယ်လီနောရုံးချုပ်ကို နော်ဝေ စီးနင်း

• စစ်မှုထမ်းလူငယ်ကို သတ်ဖြတ်ခဲ့တဲ့ အုပ်ချုပ်ရေးမှူးအပါ ၇ ဦး ဖမ်းခံရ

• စစ်ရေးသတိရှိဖို့ MNDAA သတိပေး

နေ့စဥ်သတင်း၊ စက်တင်ဘာ ၁၆၊ ၂၀၂၆

https://youtu.be/EUWhcHFgc3Q
#မြန်မာ #ဧရာဝတီ #စင်းခန်း #ကချင် #KIA #ပတ်စပို့ #တရုတ် #တယ်လီနော #နော်ဝေ #စစ်မှုထမ်း #အုပ်ချုပ်ရေးမှူး #MNDAA #နေ့စဉ်သတင်း #DailyNews #WhatsHappeningInMyanmar
👍47❤5🤔1
👍9👎5😁4❤2😭2
တပ်ချုပ်သစ်လက်ထက် မကွေးတိုင်းကို လေကြောင်းတိုက်ခိုက်မှု အများဆုံးဟု ISP ထုတ်ပြန်

ဧရာဝတီ၊ စက်တင်ဘာ ၁၆၊ ၂၀၂၆

တပ်ချုပ်အသစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးလက်ထက် မတ် ၃၁ ရက်မှ သြဂုတ် ၃၁ ရက်အထိ ပြုလုပ်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုများအနက် မကွေးတိုင်းကို အများဆုံးပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း လွတ်လပ်သည့် သုတေသနအဖွဲ့တခုဖြစ်သော မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ (Institute for Strategy and Policy-Myanmar)က ယနေ့ ထုတ်ပြန်သည်။

၅ လတာအတွင်း နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှု ၁၅၈၃ ကြိမ်ထက်မနည်း ရှိခဲ့ရာ မကွေးတိုင်းသည် ၃၂၂ ကြိမ်ကျော်ဖြင့် အများဆုံးဖြစ်ကာ ချင်းပြည်နယ်အတွင်း ၃၀၁ ကြိမ်ကျော်၊ စစ်ကိုင်းတိုင်း ၂၄၂ ကြိမ်ကျော်နှင့် ရခိုင်ပြည်နယ်တွင် ၂၂၂ ကြိမ် ကျော် ရှိကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် ၈၆ ကြိမ်ခန့်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၌ ၇ ကြိမ်ခန့်သာရှိသဖြင့် စစ်တပ်၏ ထိုးစစ်နှင့် လေကြောင်းတိုက်ခိုက်မှုများသည် နိုင်ငံအနောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများကို ပိုမိုဦးတည်လျက်ရှိပြီး ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်များသို့ သွားရောက်ရာ စစ်ဆင်ရေးလမ်းကြောင်းများအတွက် အဓိကကျသော မကွေးတိုင်းအား လေကြောင်းတိုက်ခိုက်မှု ပိုလုပ်ကြောင်း ဆိုသည်။

လေကြောင်းတိုက်ခိုက်မှုများကို ရန်ကုန်တိုင်းနှင့် နေပြည်တော်မှလွဲ၍ ကျန်တိုင်းနှင့် ပြည်နယ် ၁၃ ခုတွင် ပြုလုပ်ခဲ့ပြီး စစ်ရေးဆိုင်ရာ နည်းဗျူဟာအပြောင်းအလဲများနှင့်အတူ လေကြောင်း တိုက်ခိုက်မှု အရှိန်မြှင့်ခဲ့ကြောင်း၊ မကွေး၊ စစ်ကိုင်းတိုင်းနှင့် ချင်း၊ ရခိုင်ပြည်နယ်များရှိ အရပ်သားများမှာ ထိခိုက်ခံရမှုအန္တရာယ် အမြင့်ဆုံး ရှိနေသည်ဟုလည်း ပြောသည်။

အာဏာသိမ်းအစိုးရသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAOs) နှင့် တဖွဲ့ချင်းစီ အပစ်ရပ်ရေး ကြိုးပမ်းနေရာ စစ်ရေးအရ ဖိအားပေးနေပြီး လေကြောင်းတိုက်ခိုက်မှုများ တိုးလာကာ စာသင်ကျောင်း၊ သာသနိက အဆောက်အအုံ၊ ဆေးရုံနှင့် စစ်ရှောင်စခန်းများကိုပါ ထိမှန်နေခြင်းကြောင့် အရပ်သားသေဆုံးမှု၊ နေရပ်စွန့်ခွာထွက်ပြေးရမှုနှင့် လူသားချင်းစာနာမှု အကျပ်အတည်းများ ပိုမိုဆိုးရွားလာနိုင်သည်ဟု သတိပေးထားသည်။

ပုံစာ-ဇူလိုင်လအတွင်းက မကွေးတိုင်း မြိုင်မြို့နယ်အတွင်း လေကြောင်း ဗုံးကြဲခံရစဉ်/အညာမြေ အရပ်ဖက် လူမှုအဖွဲ့အစည်း

#WhatsHappeningInMyanmar
#RejectMilitaryCoup
😱23👎8👍7❤4😁4
DKBA ၏ ဆုံဆည်းမြိုင် ကျားဖြန့်ဌာနချုပ်ဖြစ်နေပြီလား

ဧရာဝတီ၊ စက်တင်ဘာ ၁၆၊ ၂၀၂၆

ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ ဆုံဆည်းမြိုင်က ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ဌာနချုပ်ဖြစ်သော် လည်း ယခုအခါ ကျားဖြန့် တရုတ်အများအပြားပြောင်းရွှေ့လာသဖြင့် ကျားဖြန့် ဌာနချုပ်ဖြစ်လာကြောင်း ဒေသခံများ ကဆိုသည်။

အမေရိကန်နိုင်ငံသားများကို အဓိကပစ်မှတ်ထား လိမ်လည်နေသည့် အွန်လိုင်းငွေလိမ် ကျားဖြန့်တရုတ်များသည် ကျောက်ခက်ဒေသမှ ဆုံဆည်းမြိုင်သို့ အလုံးအရင်း ပြောင်းရွှေ့လာခြင်း ဖြစ်သည်။

ဒေသခံတဦးက “ဆုံဆည်းမြိုင်မှာက အရင် မြဝတီ၊ မယ်ထော်သလေး၊ မင်းလက်ပံတို့ဘက်က ဆိုက်တွေရွှေ့တော့ တချို့ရောက်နေကြတာရှိပေမယ့် အခုက ကျောက်ခက်ဘက်က နေရာရွှေ့တော့ တရုတ်တွေ အများကြီး ထပ်ပြီးရောက် လာတယ်” ဟု ပြောသည်။

အဆိုပါ ကျားဖြန့်တရုတ်များသည် ဆုံဆည်းမြိုင်ရွာအတွင်းရှိ DKBA အရာရှိ နေအိမ်များအပါအဝင် ခြံဝန်းကျယ်သည့် အိမ်ကြီး အိမ်ကောင်းများကို နှစ်ချုပ်ဖြင့် တနှစ်လျှင် ထိုင်းငွေ ဘတ် ၃ သိန်း၊ ၄ သိန်း အထိပေး၍ နေထိုင် လုပ်ကိုင် နေကြသလို ရွာအနီးနားအတွင်းပိုင်းနေရာ မြေလွတ်များ၌လည်း ဆိုက်နေရာအသစ်များ ဆောက်လုပ်၍ လုပ်ကိုင်နေ မှုများလည်းရှိနေသည်။

ဆုံဆည်းမြိုင် ကျားဖြန့်ဆိုက်သစ်နေရာများနှင့် အိမ်ငှားလုပ်ကိုင်မှုများပြားလာမှုနှင့်အတူ ပြီးခဲ့သည့်လ နောက်ဆုံးပတ် ကစ၍ တယ်လီဂရမ်ချန်နယ်များမှနေ၍ အလုပ်ခေါ်စာများ တောက်လျောက် ခေါ်ယူနေသည်ကို နေ့စဉ် တွေ့လာနေရ သည်။

မြဝတီရှိ ကျားဖြန့်ဆိုက်တခုတွင် လုပ်ခဲ့ဖူးသူတဦးက “လိုင်းပေါ်မှာ အလုပ်တွေ ခေါ်နေပြီဆိုရင် အဲဒီနေရာမှာ ကျားဖြန့် ဆိုက်တွေ အတော်များနေပြီလို့ ပြောလို့ရတယ်။ သုံးလေးဆယ်၊ လေးငါးဆယ် သူ့အစုအဖွဲ့နဲ့ လုပ်တဲ့သူတွေက အလုပ် ခေါ်တာနည်းတယ် လူဦးရေ ရာချီရှိတဲ့ ဆိုက်တွေ ဖြစ်လာလို့ အလုပ်ခေါ်တာတွေ များလာတာဖြစ်တယ်” ဟုရှင်းပြ သည်။

ဆုံဆည်းမြိုင် ကျားဖြန့်ဆိုက်အတွက် အလုပ်ခေါ်သူများကလည်း လူဦးရေ မကန့်သတ်ထားကြောင်း၊ အလုပ်လုပ် ရသည့်နေရာများသည် ခြံဝင်းကျယ်များပါသလို အိမ်ငှားပြီး လုပ်သည့်နေရာများလည်းပါကြောင်း သူက ဆက်ပြော သည်။

ဆုံဆည်းမြိုင် မင်္ဂလာတံတားအနီးရှိ ကျားဖြန့်ဂိုဏ်းက အလုပ်ခေါ်ရာတွင် ၎င်းတို့ ကုမ္ပဏီသည် မြဝတီမှ ကျောက်ခက်၊ ကျောက်ခက်မှ ဆုံဆည်းမြိုင်စသဖြင့် နေရာအဆင့်ဆင့် ရွှေ့ပြောင်းလုပ်ကိုင်ခြင်းဖြစ်သောကြောင့် အလုပ်အတွေ့ အကြုံရှိပြီးသူနှင့် သွေးစစ်ချက် ပါရှိသူများကိုသာ ခေါ်ယူကြောင်း ပြောသည်။

မင်္ဂလာတံတားသည် တောင်နီရွာနှင့် ဆုံဆည်းမြိုင်ရွာကြားတွင်ရှိပြီး ကျားဖြန့်ဆိုက်များသည် ထိုနေရာအပါအဝင် ဝါးမီထ၊ ဆုံဆည်းမြိုင်၊ တောင်နီ စသည့်နေရာတို့၌ အများအပြားရှိနေသည်ဟု ဒေသခံများထံမှ သိရသည်။

DKBA ဌာနချုပ် ဆုံဆည်းမြိုင်အပါအဝင် တဆက်တည်းကျေးရွာများတွင်တရုတ်များ ကျားဖြန့်ဆိုက်များ လုပ်ကိုင်နေမှု နှင့် ပတ်သက်၍ DKBA တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်ရာ ပြန်လည် ဖြေကြားခြင်းမရှိပေ။

ပြီးခဲ့သည့်နှစ် အောက်တိုဘာ၊ နိုဝင်ဘာလများက ကရင်နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်ရာ မယ်ထော်သလေး KK Park၊ ရွှေကုက္ကိုနှင့် မြဝတီတို့ရှိ ကျားဖြန့်ဆိုက်များကို စစ်တပ်က စီးနင်းမှုပြုလုပ်ခဲ့ပြီးနောက် မြဝတီမြို့တောင်ဘက် မိုင် ၃၀ ခန့်အကွာ ကျောက်ခက်ဒေသသို့ ကျားဖြန့်များ လပိုင်းအတွင်း အလုံးအရင်းဖြင့် ရောက်လာခဲ့ဖူးသည်။

ထို့ကြောင့် ကျောက်ခက်ရှိ ကျားဖြန့်ဆိုက်များထဲမှ Tai Chang (တိုင်ချန်း ) ဆိုက်နေရာ ၃ ခုကို အမေရိကန်က နေရာ များဖော်ပြ၍ ငွေကြေးရရှိ သုံးစွဲနေမှု ကွန်ရက်နှင့်ပတ်သက်၍ သတင်းပေးနိုင်က အမေရိကန်ဒေါ်လာ ၁၀ သန်းထိ ပေး အပ်သွားမည်ဟု ပြီးခဲ့သည့် ဧပြီလက ဆုငွေထုတ်ခဲ့သည်အထိ နာမည်ကြီးခဲ့သည်။

ထို့နောက် DKBA က ကျောက်ခက်ဒေသရှိ ကျားဖြန့်များကို ရွှေ့ခိုင်းခဲ့သော်လည်း ဌာနချုပ်ဆုံဆည်းမြိုင်ဒေသတဝိုက် တွင် ကျားဖြန့်တို့ အများအပြား ထပ်မံ ပေါ်ပေါက်လာခြင်းဖြစ်သည်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/09/16/416318.html
👍38❤23😁5👎4😱3
😱11😁3🤔1
အမေရိကန် စီးပွားရေးလုပ်ငန်းရှင်တဦးကို ပြည်နှင်ဒဏ်ပေး

ဧရာဝတီ၊ စက်တင်ဘာ ၁၆၊ ၂၀၂၆

မြန်မာနိုင်ငံ၏ စစ်အာဏာသိမ်းမှုကာလအတွင်း ဖြတ်သန်းနေထိုင်ခဲ့ရသည့် အခြေအနေများအကြောင်း Finding Our Voice အမည်ရှိ စာအုပ် ရေးသားခဲ့သူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌဟောင်း အဒမ် မိုက်ကယ် ကက်စတီလို (Adam Michael Castillo) ကို အာဏာသိမ်းအစိုးရက ဖမ်းဆီးထားပြီး ၃ လခန့်အကြာတွင် ပြည်နှင်ဒဏ် ပေးလိုက်သည်။

အဒမ် ကက်စတီလိုသည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ကုန်သည်ကြီးများအသင်း၏ ဖွဲ့စည်းပုံစည်းမျဉ်းပါ ကန့်သတ်ညွှန်ကြားချက်များကို ဖောက်ဖျက်ကျူးလွန်ခဲ့ကြောင်း၊ နှစ်နိုင်ငံချစ်ကြည်ရေး ရှေးရှု၍ ယနေ့ ညနေပိုင်းတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြည်နှင်စေလွှတ်လိုက်ကြောင်း ထုတ်ပြန်ထားသည်။

ကမ္ဘာ့နိုင်ငံများအားလုံးနှင့် သံတမန်ဆက်ဆံရေး၊ မိတ်ဝတ်မပျက် ဆက်ဆံရေးကို ရှေးရှု၍ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံဆောင်ရွက်လျက်ရှိသည့် အားလျော်စွာ ထိုသို့ ပြည်နှင်ဒဏ်ပေးခြင်းဖြစ်ကြောင်း အာဏာသိမ်းအစိုးရဆိုထားသော်လည်း မည်သည့် ညွှန်ကြားချက်များကို ဖောက်ဖျက်ကျူးလွန်သည်ဆိုသည်ကိုမူ ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။

၎င်းကို ဇွန်လ ၈ ရက်က ပန်းဘဲတန်းမြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၄၀၉ ဖြင့် အမှုဖွင့်လှစ် အရေးယူထားခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ရာဇသတ်ကြီးပုဒ်မ ၄၀၉ သည် မည်သူမဆို ပြည်သူ့ဝန်ထမ်းအဖြစ်ဖြင့် သော်လည်းကောင်း၊ ဘဏ်တိုက်စိုး သို့မဟုတ် ကုန်သည် သို့မဟုတ် အရောင်းအဝယ် ကိုယ်စားလှယ် သို့မဟုတ် ပွဲစား၊ ကိုယ်စားလှယ်အလုပ် လုပ်ကိုင်လျက်သော်လည်းကောင်း၊ ပစ္စည်းကို သို့မဟုတ် စီမံခန့်ခွဲပိုင်ခွင့်ကို တနည်းနည်းဖြင့် အပ်နှံခြင်းခံရသည်တွင် ပြစ်မှုမကင်းသော ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှုကျူးလွန်ပါက ထိုသူကို တသက်တကျွန်းဒဏ် ဖြစ်စေ၊ ၁၀ နှစ်ထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

အမေရိကန် စီးပွားရေးလုပ်ငန်းရှင် အဒမ် ကက်စတီလိုသည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌဟောင်းဖြစ်ပြီး ရန်ကုန်မြို့တွင် လုံခြုံရေးကုမ္ပဏီတခု ဖွင့်လှစ်လုပ်ကိုင်နေသူ ဖြစ်သည်။

၎င်းရေးသားသည့် Finding Our Voice စာအုပ်တွင် ဒီမိုကရေစီလိုလားသူ ဆန္ဒပြပြည်သူများအပေါ် စစ်တပ်၏ သွေးထွက်သံယို နှိမ်နင်းမှုများကို မှတ်တမ်းတင်ထားရုံသာမက ဝါရှင်တန်၏ ပိတ်ဆို့အရေးယူမှု မူဝါဒများသည် ထိရောက်မှု မရှိကြောင်း ဝေဖန်ထားပြီး စီးပွားရေးအရ ပိုမိုထိတွေ့ဆက်ဆံရန် တိုက်တွန်းထားသည်။

အဆိုပါ စာအုပ်ကို ပြည်ပတွင် သွားရောက်မိတ်ဆက် ဖြန့်ချိခဲ့ပြီးနောက် ဇွန်လဆန်းက ရန်ကုန်သို့ ပြန်လာစဉ် လေဆိပ်၌ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်း ဖြစ်သည်။

ထို့အတူ ယမန်နေ့ ညနေက နေပြည်တော်သို့ ရောက်ရှိလာခဲ့သည့် အမေရိကန် ကိုယ်စားလှယ်အဖွဲ့သည်လည်း ယနေ့ ညနေ၌ နေပြည်တော်လေဆိပ်မှ ပြန်လည်ထွက်ခွာသွားရာ အဒမ် ကက်စတီလိုကို တပါတည်း ပြန်လည်ခေါ်ဆောင်သွားခြင်းဖြစ်နိုင်ကြောင်း ရေးသားဖော်ပြမှုများ ထွက်ပေါ်ခဲ့သည်။

အမေရိကန် လေတပ်၏ Beech C-12D Huron အမျိုးအစား၊ မှတ်ပုံတင်အမှတ် 83-0498 လေယာဉ်တစင်းသည် ထိုင်းနိုင်ငံ၊ ဒွန်မောင်းလေဆိပ်မှ နေပြည်တော်သို့ ယမန်နေ့က လာရောက်ခဲ့ပြီး ယနေ့ညနေတွင် ပြန်လည်ထွက်ခွာသွားကြောင်း Flight Radar24 ၏ အချက်အလက်များအရ သိရသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
😁46❤18👎5👍4
ကျောက်ဖြူရှိ တရုတ်နိုင်ငံသားများကို ကာကွယ်စောင့်ရှောက်မည်ဟု တရုတ် ကတိပြု

သတင်း | မျိုးပြည့်၊ စက်တင်ဘာ ၁၇၊ ၂၀၂၆

တရုတ်၏ အကြီးစားရင်းနှီးမြှုပ်နှံမှု စီမံကိန်းများအတွက် အဓိကကျသော ရခိုင်ပြည်နယ်မှ တိုက်ပွဲများ ဖြစ်ပွားနေသည့် ကမ်းရိုးတန်းမြို့ ကျောက်ဖြူသို့ သွားရောက်ခဲ့သည့် တရုတ်အရာရှိများက ၎င်းတို့၏ နိုင်ငံသားများကို ကာကွယ်စောင့်ရှောက်သွားမည်ဟု ကတိပြုခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ခရီးစဉ်သည် ရခိုင်ပြည်နယ်၏ နယ်မြေအများစုကို သိမ်းပိုက်ထားသော တိုင်းရင်းသား လက်နက်ကိုင် အာရက္ခတပ်တော် (AA) နှင့် မြန်မာစစ်တပ်တို့ကြား တိုက်ပွဲများ ပြင်းထန်နေချိန်တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/09/17/416323.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👎41😁12❤8😱4🤔3