The Irrawaddy - Burmese
76.5K subscribers
37.4K photos
2.3K videos
3 files
17.7K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
ဆန်၊ ဆီ၊ စက်သုံးဆီ၊ ရွှေနှင့်ဒေါ်လာ ယနေ့ ပေါက်ဈေး

ဧရာဝတီ၊ စက်တင်ဘာ ၁၅၊ ၂၀၂၆

ဆန်

အာဏာရှင်အစိုးရအဖွဲ့က သတ်မှတ်သည့် ဆန်လက်ကားဈေးမှာ အကြမ်း အနိမ့်ဆုံးဆန်ကြမ်း ၁ အိတ်(အနိမ့်ဆုံး) ၇၂,၀၀၀ ကျပ်မှ ၈၃,၀၀၀ ကျပ်၊ အချောအမြင့်ဆုံး ရွှေဘိုပေါ်ဆန်း ၁ အိတ် ၂၀၀,၀၀၀ ကျပ်မှ ၂၃၀,၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း နယ်စုံ ၁၅၈,၀၀၀ ကျပ်မှ ၁၇၈,၀၀၀ ကျပ်
ပြင်ပ ဈေးကွက်မှာလည်း ကြိုက်ရောင်းကြိုက်ဝယ် ဈေးဖြင့်သာ အရောင်းအဝယ်ဖြစ်နေပြီး ဆန်၏အရည်အသွေး၊ ဆန်ကွဲပါဝင်မှု၊ ဆန် သစ်/ဟောင်း၊ ငွေပေးချေမှု၊ အိတ်ခွံ၊ နေရာအလိုက် သယ်ယူပို့ဆောင်မှုပေါ်မူတည်၍ ဈေးနှုန်း အနည်းငယ် ကွာဟမှုရှိနိုင်ကြောင်း ဝါးတန်းလမ်း ဆန်ကုန်စည်ဒိုင် ကုန်သည်များထံက သိရသည်။

စားအုန်းဆီ

အာဏာရှင်အစိုးရအဖွဲ့၏ စားအုန်းဆီ ရည်ညွှန်းလက်ကားဈေးမှာ ၁ ပိဿာ ၇,၀၀၀ ကျပ်ကျော်တွင်ရှိနေ၊
လက်လီသတ်မှတ်ဈေးမှာ ၈,၀၀၀ ကျပ် ဝန်းကျင်တွင်ရှိနေ၊ ပြင်ပဈေးမှာ ၁ ပိဿာလျှင် ၁၅,၀၀၀ ကျပ်နှင့်အထက်တွင် ရှိနေပြီး
ယင်းဆီဈေးနှုန်းမှာ ရန်ကုန်မြို့မှ ဈေးနှုန်းများဖြစ်ပြီး မြို့နယ်နှင့် နေရာဒေသအလိုက်ကွာခြားမှု၊ မြင့်တက်မှုများ ရှိနိုင်သည်။

စက်သုံးဆီ

ဓာတ်ဆီ ၉၂ တလီတာ ၃,၈၂၅ ကျပ်
ဓာတ်ဆီ ၉၅ တလီတာ ၃,၉၅၀ ကျပ်
ဒီဇယ် တလီတာ ကျပ် ၄,၁၅၀ ကျပ်
ပရီမီယံ ဒီဇယ် တလီတာ ၅,၀၅၀ ကျပ်
စစ်ပွဲဖြစ်ပွားသည့် ဒေသများအပါဝင် ဝေးလံခေါင်ဖျားသော ဒေသများတွင် သတ်မှတ်ဈေးထက် ဈေးနှုန်းအဆမတန် မြင့်တက်ခြင်း၊ သယ်ယူပို့ဆောင်မှုများကို အာဏာသိမ်းအစိုးရကန့်သတ်ခြင်းတို့ ရှိနေသည်။

ရွှေနှင့် ဒေါ်လာ

ပြင်ပဈေးကွက်အရ အမေရိကန် ၁ ဒေါ်လာလျှင် ကျပ် ၄,၄၀၀ ကျော် တွင်ရှိနေ
အကယ်ဒမီ အခေါက်ရွှေ တကျပ်သား (စနစ်ဟောင်း) ကျပ်သိန်း ၁၀၀ ကျော်တွင်ရှိနေ
လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား (စနစ်ဟောင်း) ကျပ် ၉၅ သိန်း ဝန်းကျင်တွင်ရှိနေ
အကယ်ဒမီ အခေါက်ရွှေ တကျပ်သား (စနစ်သစ်) ကျပ် ၉၉ သိန်း ကျော်တွင်ရှိနေ
လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား (စနစ်သစ်) ကျပ် ၉၃ သိန်း ကျော်တွင်ရှိနေ
ကမ္ဘာ့ရွှေဈေး တအောင်စ အမေရိကန် ဒေါ်လာ ၄,၂၈၈
ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီ သတ်မှတ်ဈေး စံချိန်မီ ရွှေ ၁ ကျပ်သား (၁၆.၃၂၉၃၂၅ဂရမ်) ၇,၁၀၀,၀၀၀ အချိန်နှင့်အမျှ ဈေးနှုန်း အပြောင်းအလဲ ရှိနိုင်သည်။

#ဧရာဝတီ
#နေ့စဉ်ကုန်ဈေးနှုန်း
#ဆန်ဈေး
#ဆီဈေး
#လောင်စာဆီဈေး
#ရွှေဈေး
#ဒေါ်လာဈေး
👍315👎1
Media is too big
VIEW IN TELEGRAM
အတည်ပေါက်ကြီးတွေ မလုပ်နဲ့

စက်တင်ဘာ ၁၅၊ ၂၀၂၆

ဒီတပတ် ဆရာတင်မောင်သန်း ဘာတွေ ဆွေးနွေးပြောဆိုထားသလဲဆိုတာ မနက်ဖြန် မနက် နားဆင်ကြည့်ရှု အားပေးကြပါဦး။

#မြန်မာ #ဧရာဝတီ #အင်တာဗျူး #ရဲနည် #တင်မောင်သန်း(သင့်ဘဝ)
👍356😁3
စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဆေးရုံများအား အမေရိကန် အသိအမှတ်ပြုလက်မှတ် ထုတ်ပေး

ဧရာဝတီ၊ စက်တင်ဘာ ၁၅၊ ၂၀၂၆

မြန်မာစစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် သူ၏မိသားစုတို့နှင့် ဆက်နွယ်နေသော ရန်ကုန်ရှိ ဆေးရုံနှစ်ရုံသည် အမေရိကန်အခြေစိုက် ကျန်းမာရေးစောင့်ရှောက်မှု အသိအမှတ်ပြုအဖွဲ့အစည်းတခုဖြစ်သည့် American Accreditation Commission International - AACI ထံမှ နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ်များ ရရှိခဲ့ကြသည်။

ကန်သာယာ နိုင်ငံတကာ အထူးကုဆေးရုံကြီးသည် နိုင်ငံတကာ ဆေးရုံအသိအမှတ်ပြုလက်မှတ်နှင့် အစာအိမ်နှင့် အူလမ်းကြောင်း မှန်ပြောင်းကြည့်ရှုခြင်း ဝန်ဆောင်မှုဆိုင်ရာ ဆေးပညာ ထူးချွန်ဆု (Clinical Excellence Certification for Endoscopy Services) တို့ကို ရရှိခဲ့ကြောင်း AACI America က တနင်္ဂနွေနေ့တွင် ကြေညာခဲ့ပြီး၊ အဆိုပါ လက်မှတ်သည် "မြန်မာနိုင်ငံတွင် ပထမဆုံးရရှိခြင်း" ဖြစ်ကာ "အရည်အသွေး မြှင့်တင်ရေးနှင့် ပြည့်ဝသော နိုင်ငံတကာ အသိအမှတ်ပြုမှုဆီသို့ လျှောက်လှမ်းရာတွင် ထင်ရှားသည့် ခြေလှမ်းတခု" ဟု တင်စားပြောဆိုခဲ့သည်။

သီးခြား ကြေညာချက်တခုတွင်လည်း မိုးကောင်းရတနာ မိခင်နှင့် ကလေး ဆေးရုံကြီးသည် နိုင်ငံတကာ ဆေးရုံအသိအမှတ်ပြုလက်မှတ်နှင့် မီးဖွားခြင်း ဝန်ဆောင်မှုဆိုင်ရာ ဆေးပညာ ထူးချွန်ဆုတို့ ရရှိခဲ့သည်ဟု AACI က ဖော်ပြခဲ့ပြီး ယင်းကိုလည်း မြန်မာနိုင်ငံတွင် ပထမဆုံး ရရှိခြင်းဖြစ်သည်ဟု ဆိုသည်။

AACI ၏ တရားဝင် အသိအမှတ်ပြုခံရသည့် အဖွဲ့အစည်းများ စာရင်းအရ ကန်သာယာနှင့် မိုးကောင်းရတနာ ဆေးရုံ နှစ်ရုံစလုံးသည် ဩဂုတ်လအတွင်းက အသိအမှတ်ပြုခံခဲ့ရခြင်း ဖြစ်သည်။ AACI America က အဆိုပါ ဆုတံဆိပ်များသည် မြန်မာ့ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍအတွက် "သမိုင်းဝင်" စိန်ခေါ်မှု အမှတ်အသားများ ဖြစ်သည်ဟု ဖော်ပြခဲ့သည်။

သို့သော်လည်း ထိုဆေးရုံနှစ်ရုံစလုံးသည် စစ်တပ်အသိုင်းအဝိုင်း၊ အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုခံထားရသည့် စီးပွားရေးအကျိုးအမြတ်များ ပိုင်ဆိုင်ထားသော မင်းအောင်လှိုင်၏ မိသားစုတို့နှင့် ကာလရှည်ကြာ ဆက်နွယ်မှုများ ရှိနေသည့် ဆေးရုံများ ဖြစ်ကြသည်။

မင်းအောင်လှိုင်သည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်ခဲ့သည့် ကန်သာယာဆေးရုံတွင် ကြီးမားသည့် အကျိုးအမြတ် ပိုင်ဆိုင်ထားသော်လည်း တရားဝင်အားဖြင့်မူ စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) ၏ စီးပွားရေးလုပ်ငန်းတခုအဖြစ် မှတ်ပုံတင်ထားသည်။

MEC ကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံခြားပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးရုံး (OFAC) က ၂၀၂၁ ခုနှစ် မတ်လတွင် အရေးယူပိတ်ဆို့ခဲ့သည်။ မင်းအောင်လှိုင် ကိုယ်တိုင်ကိုလည်း OFAC က ၂၀၁၉ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတို့တွင် ဒဏ်ခတ်ပိတ်ဆို့ခဲ့ပြီး ဖြစ်သည်။

မိုးကောင်းရတနာ ဆေးရုံကိုမူ စစ်တပ်က အာဏာသိမ်းပြီး သုံးလအကြာ ၂၀၂၁ ခုနှစ် မေလတွင် မင်းအောင်လှိုင် ကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။ ထိုမိခင်နှင့် ကလေး ဆေးရုံကို မင်းအောင်လှိုင် မိသားစုက ပိုင်ဆိုင်ပြီး သားဖြစ်သူ အောင်ပြည့်စုံ ထိန်းချုပ်ထားသည့် Sky One Construction ကုမ္ပဏီက တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

အောင်ပြည့်စုံနှင့် Sky One Construction တို့သည် ၂၀၂၁ ခုနှစ်တွင် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဒဏ်ခတ်ပိတ်ဆို့ခံရသည့် လူပုဂ္ဂိုလ်များနှင့် ကုမ္ပဏီများ စာရင်းတွင် ပါဝင်ခဲ့ကြသည်။ အသိအမှတ်ပြုလက်မှတ်များ ရရှိခဲ့ပြီးနောက် အဆိုပါ ဆေးရုံများသည် ထိုင်းနိုင်ငံထုတ် Bangkok Post သတင်းစာတွင် တနင်္လာနေ့က ကြော်ငြာများထည့်သွင်း၍ နိုင်ငံတကာနှင့် ဒေသတွင်း သုံးစွဲသူများထံ ဈေးကွက်ရှာဖွေခဲ့ကြသည်။

ထိုကြော်ငြာတွင် "နိုင်ငံတကာအဆင့်မီ ဆေးဝါးကုသမှုအတွက် ပြည်ပသို့ သွားရောက်ရှာဖွေရန် မလိုတော့ပါ။ အဆင့်မြင့် အစာအိမ်/အူလမ်းကြောင်း မှန်ပြောင်းကြည့်ရှုခြင်းမှသည် မွေးကင်းစကလေးငယ်ကို ကမ္ဘာမြေပေါ်သို့ ကြိုဆိုခြင်းအထိ သင်သည် မြန်မာနိုင်ငံ၏ စိတ်အချရဆုံးနှင့် စိတ်ချရဆုံးသော လက်များတွင် ရှိနေပါပြီ" ဟု ဖော်ပြထားသည်။

AACI America အုပ်စု၏ စီအီးအိုနှင့် ဒုတိယဥက္ကဋ္ဌ Kreso Paliska သည် ကန်သာယာနှင့် မိုးကောင်းရတနာ ဆေးရုံများအပြင် လွန်ခဲ့သည့်နှစ်က အသိအမှတ်ပြုလက်မှတ်ရရှိခဲ့သည့် ပါရမီဆေးရုံသို့ပါ သွားရောက်ခဲ့ဖူးသည်။

AACI က ၎င်းတို့၏ စေတနာအလျောက် လျှောက်ထားမှုကို ပထမဆုံး စစ်ဆေးဆန်းစစ်ခြင်းသည် အဖွဲ့အစည်းတခု၏ စံချိန်စံညွှန်း လိုက်နာမှု၊ စွမ်းဆောင်ရည် စောင့်ကြည့်စစ်ဆေးမှုနှင့် ဆန်းစစ်မှု၊ ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းဆိုင်ရာ လိုက်နာမှုများကို မြေပြင်တွင် တိုက်ရိုက် စစ်ဆေးသည့် စစ်ဆေးမှုဖြစ်ကြောင်း ပြောကြားခဲ့သည်။

AACI ၏ စစ်ဆေးမှုတွင် ဆေးရုံများ၏ ပိုင်ဆိုင်မှု၊ အကျိုးခံစားခွင့်ရှိသူ သို့မဟုတ် အရေးယူပိတ်ဆို့မှုများနှင့် ပတ်သက်သည့် စိစစ်မှုများ ပါဝင်ခြင်း ရှိမရှိဆိုသည်မှာမူ ချက်ချင်း ရှင်းရှင်းလင်းလင်း မသိရသေးပေ။

မင်းအောင်လှိုင် မိသားစု ပိုင်ဆိုင်သည့် ကုမ္ပဏီများသည် ဆေးဝါးပစ္စည်းများ၊ ဆေးရုံများ၊ ဆောက်လုပ်ရေး၊ ဟိုတယ်များ၊ သယ်ယူပို့ဆောင်ရေး၊ ရုပ်ရှင်ထုတ်လုပ်ရေးနှင့် ဖျော်ဖြေရေး၊ အာမခံ၊
👎4411😁3
ဆက်သွယ်ရေး၊ အနုပညာပြခန်း၊ စားသောက်ဆိုင်များနှင့် အားကစားရုံများတွင် ပါဝင်ပတ်သက်လျက် ရှိကြသည်။

၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် မြန်မာနိုင်ငံ၏ အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စစ်တပ်၏ အာဏာသိမ်းဆန့်ကျင်သူများအပေါ် သွေးထွက်သံယို နိုမ်နင်းမှုများ ပြုလုပ်ခဲ့ပြီးနောက် မင်းအောင်လှိုင်နှင့် သူ၏မိသားစုနှင့် ဆက်နွယ်နေသည့် စီးပွားရေးလုပ်ငန်းများကို သပိတ်မှောက်ကြရန် တိုက်တွန်းခဲ့သည်။ ယင်းစာရင်းတွင် ကန်သာယာ ဆေးရုံနှင့် မိုးကောင်းရတနာ မိခင်နှင့်ကလေး ပြုစုစောင့်ရှောက်ရေး ဆေးရုံ နှစ်ခုစလုံး ပါဝင်ခဲ့သည်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/09/15/416293.html

ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ US Accreditation Body Gives Stamp of Approval to Hospitals Linked to Regime Leader https://www.irrawaddy.com/news/burma/us-accreditation-body-gives-stamp-of-approval-to-hospitals-linked-to-regime-leader.html ကို ဘာသာပြန်သည်။)
👎35👍9😁5😱2
👍13🤔71
K-pop စတား လီဆာ၏ ရိုးရာအက ထိုင်းနှင့် ကမ္ဘောဒီးယား အငြင်းပွား

ဧရာဝတီ၊ စက်တင်ဘာ ၁၅၊ ၂၀၂၆

ထိုင်းနိုင်ငံဖွား ကေပေါ့စတား လီဆာ၏ "Always Lalisa" မှတ်တမ်းရုပ်ရှင် နမူနာ၌ ပါဝင်သော
ရိုးရာအကနှင့် ပတ်သက်၍ ထိုင်း- ကမ္ဘောဒီးယား ဆိုရှယ်မီဒီယာအသုံးပြုသူများကြား ယဉ်ကျေးမှုဆိုင်ရာ အငြင်းပွားမှု ဖြစ်ပေါ်လျက်ရှိသည်။

အဆိုပါ ရုပ်သံဖိုင်တွင် Blackpink အဖွဲ့ဝင် လီဆာသည် ၂၀၂၄ ခုနှစ် ဧပြီလက ဖူးခက်၌ ပြုလုပ်သည့် The White Lotus အတွဲ (၃) ရိုက်ကူးရေးကာလအတွင်း Kai Kaeo Theatre မှ အနုပညာရှင်များနှင့်အတူ သီရီဝိဇယ (Srivijaya) အကကို လေ့ကျင့်နေသည်ကို တွေ့ရသည်။

အဆိုပါ ဗီဒီယိုနမူနာ ထွက်ရှိလာပြီးနောက် အချို့သော ကမ္ဘောဒီးယား ဆိုရှယ်မီဒီယာ အသုံးပြုသူများက ခမာယဉ်ကျေးမှု လွှမ်းမိုးထားသော ရိုးရာအစဉ်အလာများကို ထိုင်းနိုင်ငံပိုင်အဖြစ် သီးသန့် ပုံဖော်ပြသနေသည်ဟု ဝေဖန်ခဲ့ကြသည်။

ထို့ပြင် အချို့သော မှတ်ချက်များတွင် လီဆာ၏ ဇာတိဖြစ်သော ဘူရီရမ် (Buriram) ခရိုင်သည် ခမာအင်ပါယာနှင့် သမိုင်းဝင် ဆက်နွှယ်မှုများ ရှိခဲ့သည်ကို ထောက်ပြကာ ငြင်းခုံမှုအတွင်း ဆွဲထည့်ခဲ့ကြသည်။

ထိုင်းပရိသတ်များကမူ အဆိုပါ ရိုးရာအကသည် ထိုင်းနိုင်ငံ၏ ခိုင်မာစွာ အမြစ်တွယ်နေပြီးသား သဘင် အနုပညာအစဉ်အလာ၏ အစိတ်အပိုင်းတခုဖြစ်ကြောင်း ကာကွယ်ပြောဆိုခဲ့ကြပြီး လီဆာသည် ၎င်း၏ အနုပညာသက်တမ်းတလျောက် ထိုင်းယဉ်ကျေးမှုကို နိုင်ငံတကာ ပရိသတ်ထံ စဉ်ဆက်မပြတ် မိတ်ဆက်ပြသပေးခဲ့သည့်အတွက်လည်း အများအပြားက ချီးကျူးခဲ့ကြသည်။

လီဆာကို ထိုင်းရိုးရာအက သင်ကြားပေးခဲ့သူ ထိုင်းအကပညာရှင် တွဲဖက်ပါမောက္ခ ဒေါက်တာ Surat Jongda (Kru Kai) က ၎င်းအား ကမ္ဘောဒီးယားလူမျိုးဖြစ်သည်ဟု အွန်လိုင်းတွင် ပြောဆိုစွပ်စွဲချက်များကို ရယ်မောနေသည့် အီမိုဂျီ (Emoji) ဖြင့် တုံ့ပြန်ထားသည်။

Kru Kai သည် College of Dramatic Arts တွင် ကထိကတဦးဖြစ်ပြီး ထိုင်းဘုရင့် ဇာတ်သဘင် ဖျော်ဖြေပွဲများ၊ အနုပညာ ဝတ်စုံဒီဇိုင်း ရေးဆွဲမှုများနှင့် ရုပ်မြင်သံကြား ထုတ်လုပ်ရေးလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်နေသည့် ဝါရင့် အနုပညာရှင်တဦး ဖြစ်သည်။

ဒါရိုက်တာ Sue Kim ရိုက်ကူးထားသည့် "Always Lalisa" မှတ်တမ်းတင်ရုပ်ရှင်သည် လီဆာ၏ "Alter Ego" အယ်လ်ဘမ် ဖန်တီးမှု၊ The White Lotus ဇာတ်လမ်းတွဲတွင် သရုပ်ဆောင်အဖြစ် ပထမဆုံး ပါဝင်မှုနှင့် Coachella 2025 အတွက် ပြင်ဆင်မှုများ အပါအဝင် ၎င်း၏တကိုယ်တော် အနုပညာခရီးစဉ်၏ အရေးပါသော နှစ်တနှစ်ကို ရိုက်ကူးပုံဖော်ထားခြင်း ဖြစ်သည်။

အဆိုပါ မှတ်တမ်းတင်ရုပ်ရှင်ကို တိုရွန်တို နိုင်ငံတကာရုပ်ရှင်ပွဲတော် (Toronto International Film Festival) ၌ ပထမဆုံးပြသခဲ့ပြီး အောက်တိုဘာ ၁၂ ရက်တွင် ထိုင်းနိုင်ငံရှိ ရုပ်ရှင်ရုံများ၌ စတင်ရုံတင် ပြသမည်ဖြစ်သည်။
👍287🤔6😁3😭1
နိုင်ငံတကာ ဝင်ဆံ့ဖို့ အာဏာသိမ်း အစိုးရလွှတ်တော် ကြိုးပမ်းနေ

သတင်း | ဧရာဝတီ၊ စက်တင်ဘာ ၁၅၊ ၂၀၂၆

သက်တမ်း ၆လ ရှိပြီဖြစ်သည့် အာဏာသိမ်း အစိုးရ လွှတ်တော်သည် အာဆီယံနှင့် နိုင်ငံတကာပါလီမန်ညီလာခံများ၌ အသိအမှတ်ပြု ပါဝင်ခွင့်ရရေး ကြိုးပမ်းနေရာ ဂျပန်အောက်လွှတ်တော်အမတ် TAKEI Shunsuke ကို ယနေ့ နေပြည်တော်တွင် လက်ခံတွေ့ဆုံသည်။

ထိုတွေ့ဆုံမှုကို မိမိတို့လွှတ်တော်နှစ်ရပ်ကြား ပူးပေါင်း ဆောင်ရွက်ရန် ပထမခြေလှမ်းဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ က ရည်ညွှန်းသည်။

လက်ရှိ အာဏာသိမ်းအစိုးရလွှတ်တော်အခြေအနေက အာဆီယံပါလီမန်အဖွဲ့သာမက နိုင်ငံတကာပါလီမန်များအဖွဲ့ကပါ အသိအမှတ်မပြု၊ ထို့အတွက် သမ္မတ မင်းအောင်လှိုင်က ပြည်ပခရီးစဉ်များ၌ လွှတ်တော်ချင်း ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံတကာမျက်နှာစာ၌ အပြန်အလှန် ထောက်ခံကူညီမှုရရေး ဆက်တိုက်စည်းရုံးပြောဆိုနေရာ နောက်ဆုံးကမ္ဘောဒီးယား ခရီးစဉ်တွင်လည်း လွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံခဲ့သည်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/09/15/416294.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👎41😁65
👎194👍3
ကယန်းပြည်သစ်နယ်မြေအတွင်း မည်သူမှ အုပ်ချုပ်ရေး၊ စစ်ရေး ဝင်မစွက်ဖက်ဖို့ သတိပေး

ဧရာဝတီ၊ စက်တင်ဘာ ၁၅၊ ၂၀၂၆

ကယန်းဒေသအတွင်း တည်ငြိမ်ရေးနှင့် လုံခြုံရေးဆိုင်ရာများ တိုးမြှင့်လုပ်ဆောင်နိုင်ရန်အတွက် မည်သည့်အဖွဲ့မှ အုပ်ချုပ်ရေးနှင့် စစ်ရေးတို့တွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် ကယန်းပြည်သစ်ပါတီ (KNLP) က ထုတ်ပြန်သည်။

ကရင်နီပြည်အတွင်းရှိ အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသော အဖွဲ့အစည်းများကိုလည်း ကယန်းပြည်သစ်ပါတီ အုပ်ချုပ်ရေးနယ်မြေဒေသများသို့ ဝင်ရောက်စွက်ဖက်ခြင်း မပြုကြရန်၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၈ ရက် အစည်းအဝေးတွင် သဘောတူညီခဲ့ကြောင်းလည်း KNLP က ဆိုထားသည်။

ကယန်းဒေသဟု သတ်မှတ်ထားသည့်နေရာသည် လက်ရှိ တိုက်ပွဲများ ဖြစ်ပွားနေသော လွိုင်ကော်မြို့နယ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့နှင့် ဒီးမော့ဆိုမြို့နယ်တို့ ပါဝင်ပြီး ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က အုပ်ချုပ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် ဒေသများလည်း ဖြစ်သည်။

ကယန်းဒေသအတွင်းရှိ မိမိတို့ အုပ်ချုပ်ရေးနယ်မြေအတွင်းသို့ ဝင်ရောက်စွက်ဖက် နှောင့်ယှက်သော မည်သည့်လုပ်ရပ်များကိုမဆို ဆန့်ကျင် ကာကွယ်သွားမည်ဟုလည်း ကယန်းပြည်သစ်ပါတီက သတိပေးသည်။

ကယန်းပြည်သစ်ပါတီသည် ဖယ်ခုံမြို့နယ်၊ ဆီးဘူး၌ ဌာနချုပ်တည်ရှိပြီး စစ်တပ်နှင့် အပစ်အခတ် ရပ်စဲထားသည့် လက်နက်ကိုင်အဖွဲ့အစည်းတခု ဖြစ်သည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
👎36😁7👍64
👎372😁1
တရုတ်ရေတပ်လည်း မြန်မာပြည် ဝင်မည်

ဧရာဝတီ၊ စက်တင်ဘာ ၁၅၊ ၂၀၂၆

အိန္ဒိယသမုဒ္ဒရာတွင်း တာဝန်အပြီး ထိုင်းနိုင်ငံသို့ ဝင်ကာအနားယူသည့် အမေရိကန်လေယာဉ်တင် သင်္ဘော အီဗရာဟင် လင်ကွန်းကဲ့သို့ပင် တရုတ်ရေတပ် သင်္ဘောအုပ်စုလည်း အေဒင်ပင်လယ်ကွေ့မှ တာဝန်အပြီး ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ မလေးရှားသို့ အလည်အပတ်ဝင်မည်ဖြစ်ကြောင်း ယနေ့ထုတ် ဆင်ဟွာသတင်းတွင် ဖော်ပြသည်။

တရုတ်ရေတပ် အစောင့်လိုက်သင်္ဘောအုပ်စုတွင် ပဲ့ထိန်းဒုံးများ တပ်ထားသည့် ဖျက်သင်္ဘော ထန်ရှန်း၊ စစ်သင်္ဘော တာ့ချင်း၊ ဘက်စုံသုံး ထောက်ပံ့ရေးသင်္ဘော ထိုက်ဟူတို့ ပါဝင်ပြီး အရှေ့အလယ်ပိုင်း အေဒင်ပင်လယ် ကွေ့နှင့် ဆိုမာလီကမ်းလွန်တွင်၂၀၂၅ ခု အောက်တိုဘာ ၁၁ ရက်နေ့ကတည်းက တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ယခုအခါ တာဝန်ပြီး၍ တရုတ်ပြည်သို့ ပြန်လည်ထွက်ခွာလာပြီဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျန်းပင်း (Jiang Bin) က တနင်္လာနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

ယခုအပြန်ခရီး ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ မလေးရှားသို့ ဝင်ရောက်ရခြင်းမှာ ချစ်ကြည်ရေး၊ မဟာဗျူဟာမြောက် အပြန်အလှန် ယုံကြည်မှုကို ပိုမိုမြှင့်တင်ရေး၊ ကျွမ်းကျင်မှုဆိုင်ရာ ဖလှယ်မှုများနှင့် ရေတပ်သင်္ဘောများသို့ အများပြည်သူ လေ့လာနိုင်ရေးဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများနှင့် အနာဂတ်အကျိုးစီးပွား မျှဝေခံစားနိုင်မည့် အသိုက်အဝန်း (Community with a shared future) တည်ဆောက်ရာတွင် အထောက်အကူပြုနိုင်မည်ကြောင်း ၎င်းက ပြောဆိုသည်။
👎61😁2110
👍34😁1
လှိုင်သာယာ၌ စစ်မှုထမ်းလူငယ် အသတ်ခံရမှု ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကို အမှုဖွင့်

ဧရာဝတီ၊ စက်တင်ဘာ ၁၅၊ ၂၀၂၆

စစ်မှုထမ်းရန်အတွက် လူငယ်တဦးကို ဖမ်းဆီး၍ သေဆုံးသည်အထိ ရိုက်နှက်ခဲ့သည့် ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ အမှတ် (၁) ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အပေါင်းအပါများကို လူသတ်မှုဖြင့် ယနေ့ ဖမ်းဆီးသွားကြောင်း မြို့ခံများထံမှ သိရသည်။

အသက် ၂၀ ကျော် လူငယ်တဦးကို စစ်မှုထမ်းရန် အုပ်ချုပ်ရေးမှူးနှင့် အပေါင်းအပါများက ဖမ်းဆီးပြီးနောက် ရိုက်နှက်ရာမှ သေဆုံးသွားသဖြင့် ကားနောက်ဖုံးအတွင်း ထည့်ကာ FMI နှင့် ရှမ်းကျောင်း ကျေးရွာနှစ်ခုဘေးရှိ ဆိပ်ကမ်းသာပတ်လမ်း ခြုံတခု၌ စွန့်ပစ်ခဲ့ကြခြင်းဖြစ်သည်ဟု ဆို သည်။

အမှတ် ၁ ရပ်ကွက်တွင် နေထိုင်သူတဦးက “ဒီရပ်ကွက်ထဲက ကလေးတယောက်ကို စစ်မှုထမ်းဖို့ ဖမ်းခေါ်သွားတာ။ သံတုတ်နဲ့ ရိုက်တာကနေ သေသွားတယ်။ ရပ်ကွက်ရုံးမှာ ရိုက်နှက်ကြတာပါ။ ညရောက်တော့ ကားနောက်ဖုံးထဲထည့်ပြီး သွားပစ်ထားတာ။ ညဘက် ၁၀ နာရီ နောက်ပိုင်းဆို လူငယ်တွေ အဆွဲခံရတယ်။ ပါတာတွေလည်း အများကြီးပဲ။ အုပ်ကြီးတွေနဲ့ အပေါင်းအပါတွေက ဖမ်းပြီး စစ်မှုထမ်းထဲ ရောင်းစားတာ” ဟု ပြောသည်။

ထိုဖြစ်စဉ်အပေါ် မိသားစုဝင်များမှ တိုင်ကြားခဲ့သဖြင့် ပြစ်မှုကျူးလွန်သူ ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် စုစုပေါင်း ၇ ဦးကို သက်ဆိုင်ရာ ရဲစခန်းက ဖမ်းဆီးကာ အမှုဖွင့်စစ်ဆေးနေခြင်း ဖြစ်သည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ အုပ်ချုပ်ရေးမှူး ဦးသန်းရွှေနှင့် လူသတ် အလောင်းဖျောက်ရာတွင် ပါဝင်သူများကို လှိုင်သာယာ (အရှေ့ပိုင်း) မြို့မရဲစခန်းက (ပ) ၁၀၇၉/၂၀၂၆၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၆၅၊ ၃၀၂၊ ၂၀၁၊ ၁၁၄ (မတရား ဖမ်းဆီးနှိပ်စက်မှု၊ လူသတ်မှု၊ အလောင်းဖျောက်မှု၊ အကူအညီပေးမှု) တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၄ ရက် ညပိုင်းကလည်း လှိုင်သာယာ (၆) ရပ်ကွက်၌ အလုပ်မှပြန်လာသည့် ကိုနိုင်နိုင်ကျော်ကို ၄ ရက်ကြာ ဖမ်းဆီးထားပြီးနောက် စက်တင်ဘာ ၈ ရက်တွင် အမှတ် (၆) ရပ်ကွက် အုပ်ချုပ်ရေးမှူးအဖွဲ့၏ ညှိနှိုင်းမှုဖြင့် ပြန်လည် လွတ်မြောက်လာခဲ့သည်။

လက်ရှိတွင် ရန်ကုန်အပါအဝင် မြို့နယ်အသီးသီး၌ စစ်မှုထမ်း အပတ်စဉ်များအတွက် လူငယ်များကို ဖမ်းဆီးစုဆောင်းခြင်း၊ ရိုက်နှက် ငွေညှစ်ခြင်းနှင့် လူစားထိုး ရောင်းစားခြင်းများ ခပ်စိပ်စိပ် ဖြစ်ပွားလျက်ရှိသည်။

သတင်း- မောင်လူအေး
ပုံစာ- လှိုင်သာယာမြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးရုံးတခု

#WhatsHappeningInMyanmar
#RejectMilitaryCoup
👎419😁9👍3😱3
Media is too big
VIEW IN TELEGRAM
စစ်ရှုံးနေတဲ့ အာဏာသိမ်းတပ် ရခိုင်ပြည်သူတွေကို ဗုံးကြဲ

ရခိုင်ပြည်နယ်အတွင်း စစ်ရေးရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အာဏာသိမ်းစစ်တပ်ဟာ အပြစ်မဲ့ပြည်သူတွေ နေထိုင်ရာ အရပ်ဘက်ပစ်မှတ်တွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ တောက်လျှောက်ပြုလုပ်နေတာကြောင့် ၁၀ ရက်တာအတွင်း အရပ်သား ၈ ဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

စစ်တပ်ထောက်ခံတဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြနေတဲ့ "၄၉၂၆ စစ်ဆင်ရေး" စတင်ခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့ကနေ ၁၄ ရက်နေ့အတွင်းမှာပဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒီလိုအပြစ်မဲ့ ပြည်သူတွေ အစုလိုက်အပြုံလိုက် အသက်ဆုံးရှုံးနေရတာဖြစ်ကြောင်း အာရက္ခတပ်တော် (AA) နဲ့ ဒေသခံ ပြည်သူတွေက ပြောပါတယ်။

#မြန်မာ #ဧရာဝတီ #ရခိုင် #AA #WhtsHappensInMyanmar
👎50👍9😁75😭1
• စစ်မှုထမ်းဖို့ ဝါဒဖြန့်ပေးတဲ့ အနုပညာရှင်တွေကို ပြည်သူတွေဝေဖန်

• နေပြည်တော်ကို သတိပေးလိုက်တဲ့ ဂျာမန်သံရုံးအကြီးအကဲစကား ပြည်သူတွေစိတ်ဝင်စား

• ဖာပွန်တိုက်ပွဲ စစ်တပ်အရာရှိ ၂ ဦးအပါအဝင် ၁၅၀ ကျော်သေဆုံး

• ဒီမိုကရေစီ ဆုတ်ကပ်နဲ့ ကြုံနေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလ ပြော

• အာကာသပတ်လမ်းမှာ လက်နက်တပ်ဆင်ထားတယ်လို့ အမေရိကန်ထုတ်ပြော

နေ့စဉ်သတင်း၊ စက်တင်ဘာ ၁၅၊ ၂၀၂၆

https://youtu.be/sSeNKMv3mVw
#မြန်မာ #ဧရာဝတီ #စစ်မှုထမ်း #အနုပညာရှင် #နေပြည်တော် #ဂျာမန်သံရုံး #ဖာပွန် #သမ္မတဒူဝါလရှီးလ #ဒီမိုကရေစီ #အာကာသ #လက်နက် #နေ့စဉ်သတင်း #DailyNews #WhatsHappeningInMyanmar
23👍20😁4
Media is too big
VIEW IN TELEGRAM
သောကြာကြယ်နဲ့ လကို ဘာကြောင့်နီးနီးကပ်ကပ်မြင်တွေ့ရတာလဲ

စက်တင်ဘာ ၁၅၊​ ၂၀၂၆

သောကြာကြယ်နဲ့ လ နီးသွားတဲ့ မြင်ကွင်းကို စက်တင်ဘာလ ၁၄ ရက်နေ့ ည ကမြင်တွေ့ခဲ့ရပါတယ်။

#မြန်မာ #ဧရာဝတီ #Venus #moon #ကြယ်
👍411😁1🤔1
Media is too big
VIEW IN TELEGRAM
ကချင်က စုန်ဆင်းလာတဲ့ စစ်တပ်သင်္ဘောတွေ တိုက်ခိုက်ဖျက်ဆီးခံရ

ကချင်ပြည်နယ် ဗန်းမော်မြို့ကို လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ ပို့ဆောင်ပြီးနောက် ဧရာဝတီမြစ်ကြောင်းအတိုင်း ပြန်လည်စုန်ဆင်းလာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ရေယာဉ်အုပ်စုဟာ လမ်းခရီးမှာ ကြားဖြတ်တိုက်ခိုက်ခံရပြီး စုစုပေါင်း သင်္ဘော ၄ စီး ထပ်မံပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

#မြန်မာ #ဧရာဝတီ #ကချင် #သင်္ဘော #WhatsHappensInMyanmar
58👍31😁1
Media is too big
VIEW IN TELEGRAM
စက်ရုံတွေ ဘာကြောင့် ဆက်တိုက် ပိတ်သိမ်းလာကြလဲ

ဧရာဝတီ၊ စက်တင်ဘာ ၁၆၊ ၂၀၂၆

ပြည်ပအော်ဒါ လျော့နည်းလာတာနဲ့ ကုန်ကြမ်းတင်သွင်းရာမှာ အခက်အခဲတွေကြောင့် မြန်မာနိုင်ငံက အထည်ချုပ်စက်ရုံတွေ ဆက်တိုက်ပိတ်သိမ်းလာနေပါတယ်။

အခုလို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဆက်လက်ထွက်ခွာနေပြီး အလုပ်အကိုင်အခွင့်အလမ်း ရှားပါးနေချိန်မှာ အလုပ်လက်မဲ့ဖြစ်လာသူတွေ ဘယ်လိုဆက်လက်ရပ်တည်ကြမလဲဆိုတာ စိုးရိမ်စရာ ဖြစ်လာနေသလို အလုပ်သမားတွေအပြင် သူတို့ရဲ့ ဝင်ငွေအပေါ် မှီခိုနေရတဲ့ မိသားစုတွေပါ အလုပ်အကိုင်နဲ့ လူမှုစီးပွားအခက်အခဲတွေ ပိုမိုရင်ဆိုင်လာရနိုင်ပါတယ်။

#မြန်မာ #ဧရာဝတီ #အထည်ချုပ် #စက်ရုံ #ပိတ်သိမ်း #နိုင်ငံခြားရင်းနှီးမြုပ်နှံမှု #အလုပ်အကိုင် #WhatsHappeningInMyanmar
👍465😱5
အတည်ပေါက်ကြီးတွေ မလုပ်နဲ့

ဧရာဝတီ၊ စက်တင်ဘာ ၁၆၊ ၂၀၂၆

ဒီတပတ် ဧရာဝတီရဲ့ တွေ့ဆုံမေးမြန်းခန်းကဏ္ဍမှာ စာရေးဆရာတင်မောင်သန်းနဲ့ အလှည့်ပါ။ ဆရာတင်မောင်သန်းက သမ္မတဦးသိန်းစိန်ခေတ် အစည်းအဝေးတခုမှာ တွေ့ကြုံခဲ့ဖူးတဲ့ စစ်အရာရှိကြီးတွေ ပြောတဲ့စကားတွေကို တဆင့် ပြန်ဖောက်သည်ချထားပါတယ်။ ဘာတွေ ဆွေးနွေးပြောဆိုထားသလဲဆိုတာ နားဆင်ကြည့်ရှု အားပေးကြပါဦး။

https://youtu.be/U_K9QVcjHko
#မြန်မာ #ဧရာဝတီ #ငြိမ်းချမ်းရေး #ဦးအောင်မင်း #ဦးသိန်းစိန် #WhatsHappensInMyanmar
👍35😁92
22👍12
စစ်တပ်နှင့်ပူးပေါင်းခဲ့သည့် Telenor ကို နော်ဝေရဲတပ်ဖွဲ့ စီးနင်း၊ စွဲချက်တင်

ဧရာဝတီ၊ စက်တင်ဘာ ၁၆၊ ၂၀၂၆

နော်ဝေနိုင်ငံ အခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီ Telenor ကို မြန်မာနိုင်ငံ၌ လုပ်ငန်းလည်ပတ်စဉ် ပိတ်ဆို့ အရေးယူမှုများနှင့် လူသား မျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများတွင် ပူးပေါင်းပါဝင်သည် ဆိုသည့်သံသယဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ကာ စွဲချက်တင်ထားကြောင်း Telenor က သတင်းထုတ်ပြန်သည်။

အော့စလိုမြို့ရှိ Telenor ရုံးချုပ်ကို စက်တင်ဘာ ၁၅ ရက်တွင် နော်ဝေရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ပြီး နော်ဝေရဲတပ်ဖွဲ့နှင့် အမျိုးသား ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဌာနတို့သည် Telenor အား အရေးယူပိတ်ဆို့မှုဆိုင်ရာ ဥပဒေ (Sanctions Act) ကို ချိုးဖောက်မှု ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများတွင် ပူးပေါင်းပါဝင်ခဲ့မှု သံသယတို့ဖြင့် စုံစမ်းစစ်ဆေးမှုများ စတင်ခဲ့ခြင်း ဖြစ်သည်။

Telenor Myanmarသည် သုံးစွဲသူများ၏ အရေးကြီးသောအချက်အလက်များကို စစ်တပ်ထံ အကြိမ်ကြိမ် ပေးအပ်ခဲ့သည်ဟု လူ့အခွင့်အရေးအဖွဲ့များက ထုတ်ဖော်ထားသည်။

"စစ်တပ်ရဲ့ အမိန့်များကို မလိုက်နာခဲ့ပါက ဝန်ထမ်းတွေအနေနဲ့ ထောင်ဒဏ်၊ ညှဉ်းပန်းနှိပ်စက်ခံရမှု သို့မဟုတ် သေဒဏ်အထိ ကျရောက်နိုင်သည့် အန္တရာယ်ရှိပြီး ဒါဟာ ကျနော်တို့အတွက် အခြား ရွေးချယ်စရာ မရှိခဲ့ဘဲ ဝန်ထမ်းတွေရဲ့ အသက်အန္တရာယ်ကိုလည်း မစွန့်လွှတ်နိုင်ခဲ့တဲ့ အလွန်ခက်ခဲကျပ်တည်းတဲ့ အခြေအနေတခု ဖြစ်ခဲ့ပါတယ်" ဟု Telenor၏ မီဒီယာ ဆက်ဆံရေး ညွှန်ကြားရေးမှူး David Fidjeland က ပြောသည်။

Telenor သည် မြန်မာနိုင်ငံရှိ လုပ်ငန်းများကို ၂၀၂၂ ခုနှစ်တွင် လစ်ဘနွန်အခြေစိုက် M1 Group ထံ ရောင်းချခဲ့သလို M1 သည် လုပ်ငန်း၏ ၈၀ ရာခိုင်နှုန်းကို စစ်တပ်နှင့် အပေါင်းပါများ မတည်ထားသည့် ရွှေဗျိုင်းဖြူကုမ္ပဏီထံ ပြန်လည် ရောင်းချခဲ့သည်။

ထိုသို့ ရောင်းချခဲ့ရာတွင် ပိတ်ဆို့အရေးယူထားသော စောင့်ကြည့်ထောက်လှမ်းရေး စက်ပစ္စည်းများကိုပါ ထည့်သွင်း ရောင်းချခဲ့ကြောင်း၊ လူဦးရေ ၁၈ သန်းကျော်၏ ဖုန်းခေါ်ဆိုမှု အချက်အလက်များကို လွှဲပြောင်းပေးလိုက်ကြောင်း၊ လူ့အခွင့်အရေး ကျွမ်းကျင်သူများက ထောက်ပြခဲ့ကြသလို ပေါက်ကြားခဲ့သည့် အချက်အလက်များကြောင့် လူပေါင်းများစွာကို ခြေရာခံမိပြီး ဖမ်းဆီးညှဉ်းပန်းနှိပ်စက်ခဲ့ရသည့်အနက် ကွပ်မျက်ခံခဲ့ရသူများလည်း ရှိနေကြောင်း ဆိုထားသည်။

ယမန်နှစ်က မြန်မာအရပ်ဘက် အဖွဲ့အစည်းအချို့သည် Telenor အား တရားစွဲဆိုခဲ့သလို ဆွီဒင်အခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်းတခုကလည်း စစ်တပ်ထံ အချက်အလက်များ ပေါက်ကြားခဲ့ရသူ ၁,၂၀၀ ကို ကိုယ်စားပြု၍ ယခုနှစ် ဧပြီလတွင် အစုအဖွဲ့လိုက် တရားစွဲဆိုမှုစတင်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်၌ Justice For Myanmar နှင့် ICJ Norway တို့က နော်ဝေရဲတပ်ဖွဲ့သို့ တင်သွင်းခဲ့သည့် တိုင်ကြားချက်အပြီး ယခုလို စုံစမ်းစစ်ဆေးမှု ပေါ်ပေါက်လာခြင်းဖြစ်ကာ စစ်တပ်ကျူးလွန်သည့် နိုင်ငံတကာရာဇဝတ်မှုများအနက် Telenor ၏ အခန်းကဏ္ဍအပေါ် တာဝန်ခံမှုရှိစေရေးဆီသို့ ချဥ်းကပ်လာသည့် ခြေလှမ်းဖြစ်သည်ဟု Justice For Myanmar က ထုတ်ပြန်ထားသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
46👍28😁2🤔1