နှလုံးသား ရသ နှင့် ဦးနှောက်ကို ထွန်းညှိခြင်း
အခု တနင်္ဂနွေမှာတော့ လူငယ်များ အတွက် အဓိက ရည်ရွယ်ပြီး စာရေးဆရာကြီး အောင်သင်း ရဲ့ ဆောင်းပါး တပုဒ်ကို တင်ဆက်ပေးထားပါတယ်။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2026/09/13/416231.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

ဧရာဝတီ
ပေါက်ပေါက်ရှာရှာ
ထွင်ဉာဏ် ဆိုတာ ကျောင်းသင်ပညာ တတ်မှ မဟုတ်ဘူး၊ ပေါက်ပေါက်ရှာရှာ (ကလေးဘဝလို) လွတ်လွတ်လပ်လပ် စဉ်းစားတတ်တဲ့ အလေ့အကျင့်သာလျှင် ပဓာန…
👍31❤4😁1
Media is too big
VIEW IN TELEGRAM
လူမှုကွန်ရက်ပေါ် ဆန်ဈေးခန့်မှန်းပြောဆိုမှု မလုပ်ဖို့ ဆန်ကုန်သည်များအသင်း သတိပေး
စက်တင်ဘာ ၁၃၊ ၂၀၂၆
လူမှုကွန်ယက်တွေဖြစ်တဲ့ Facebook၊ TikTok တွေမှာ ဆန်ဈေးနှုန်းနဲ့ ဈေးကွက်အခြေအနေတွေကို ခန့်မှန်းရေးသားတာ၊ ပြောဆိုပြီး ရောင်းချတာတွေ မလုပ်ဖို့ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းက သတိပေးထားပါတယ်။
#မြန်မာ #ဧရာဝတီ #ဆန် #ဈေးနှုန်း #ကုန်သည် #စီးပွားရေး

😁40👍5❤4😭1
ပြည်သူ့စစ်မှုထမ်းအတွက် ကျွန်သဖွယ် ရောင်းစားခံရသူများ
သတင်း | ဧရာဝတီ၊ စက်တင်ဘာ ၁၃၊ ၂၀၂၆
စစ်မှုထမ်းလူဖမ်းပွဲက အပတ်စဉ် ၂၈ ရောက်သည့်အခါ ပိုဆိုးလာပြီး လူမှုကွန်ရက်တခွင် မြင်တွေ့ ကြားသိရသည်က လူအပျောက်အရှသာမက အရပ်သားအချင်းချင်းပင် ကျွန်သဖွယ် ပိတ်လှောင်ဖမ်းဆီးကာ စစ်မှုထမ်းရောင်းစားကြသည့် စက်ဆုပ်ဖွယ်အမှုများကို မြင်တွေ့လာရခြင်းပင် ဖြစ်သည်။
ရန်ကုန် စီးပွားရေးမြို့တော်ကြီး၌ပင် စေတနာ့ဝန်ထမ်း အရံမီးသတ်ဗိုလ်က လူငယ် ၄ ဦးကို ဈေးကောင်းကောင်းနှင့် ရောင်းစားရန် ဖမ်းထားသည့်အမှု၊ မြန်မာပြည်အစွန်အဖျား ရှမ်းအရှေ့ တာချီလိတ်၌ အမျိုးသား ၂ ဦး အမျိုးသမီး တဦး က တပ်သားသစ်စုဆောင်းရေးအဖွဲ့ အယောင်ဆောင်ကာ လူငယ်တို့ကို ဖမ်းဆီးရောင်းစားမှု၊ စစ်မှုထမ်းခေါ်မှုကို ဝေဖန် ၍ စစ်ဆေးခံနေရသည့် နေပြည်တော်က စစ်သားမိခင်ကိစ္စ၊ စစ်မှုထမ်းမဲနှိုက်ရာ ကြေးရတတ်များ ကင်းလွတ်နေသဖြင့် အွန်လိုင်းပေါ် ရင်ဖွင့်သံ၊ စစ်ဗိုလ်ဟောင်းတဦး လူမှားအဖမ်းခံရသည့်ကိစ္စတို့က ယခုရက်ပိုင်း ခပ်စိပ်စိပ်တွေ့လာရ သည်။
တညင်းကုန်းနယ်ခံတဦး၏ အဆိုအရမူ “အရံမီးသတ်ဗိုလ် သိန်းဦးနဲ့အဖွဲ့က လူငယ်တွေကို ဖမ်းပြီးရောင်စားနေတာ ကြာပြီ ပြောလည်း ထူးလာမယ့် ကိစ္စမဟုတ်တော့ အန္တရာယ်အဖြစ်ခံပြီး မပြောကြဘူး။ အခုကလည်း သူတို့ချင်း အဝေ မတည့်လို့ သတင်းပေး သတင်းတွေ ပေါက်ကြားပြီး ရဲကလည်း မဖြစ်မနေ လာဖမ်းပြတာ” ဟု သိရသည်။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/09/13/416255.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation

စစ်သားစုဆောင်းဖို့ ဖိအားပေး ညွှန်ကြားထားသည့် ထိုအခြေအနေ၌ စစ်တပ်နောက်ခံရှိ လူမိုက်များ၊ ပျူစောထီးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး (အုပ်ကြီး) များက ပိုမိုအခွင့်ကောင်းယူကာ နေ့ညမရှောင် လူငယ်များသာမက သန်သန်မာမာ သက်လတ်ပိုင်းနှင့် သက်ကြီးပိုင်းတချို့ပါမချန် ဖမ်းဆီးနေသည်
😁28👎8😱8👍5😭1
အာဆီယံ၌ မြန်မာ ပြန်လည်ပါဝင်ခွင့်ရရေး ကမ္ဘောဒီးယား ထောက်ခံပေးမည် ဟုဆို
ဧရာဝတီ၊ စက်တင်ဘာ ၁၃၊ ၂၀၂၆
အာဆီယံတွင် မြန်မာနိုင်ငံကို ဖယ်ကြဉ်ထားခြင်း၊ အဆင့်နှိမ့် ဆက်ဆံခြင်းမျိုး လက်မခံသလို၊ အာဆီယံနှင့် နိုင်ငံတကာစာမျက်နှာတွင် မြန်မာနိုင်ငံအနေဖြင့် မူလအတိုင်း ပြန်လည် ပါဝင်ခွင့်ရရှိရေး အပြည့်အဝ ထောက်ခံသွားမည်ဟု ကမ္ဘောဒီးယားနိုင်ငံက ပြောဆိုခဲ့ကြောင်း အာဏာသိမ်းအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးက ပြောသည်။
စက်တင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ကမ္ဘောဒီးယားနိုင်ငံသို့ သွားရောက်ခဲ့သည့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်၏ ခရီးစဉ်အပြီး ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။
ထို့ပြင် ပုဂံနှင့် ဆီယမ်ရိမြို့တို့အား ညီအစ်မမြို့တော်အဖြစ် ဆက်လက်ဆောင်ရွက်ပြီး “နိုင်ငံနှစ်ခု၊ ခရီးစဉ်တခု” (Two Countries, One Destination) အစီအစဉ်အတွက်လည်း သဘောတူညီချက် ရရှိခဲ့ကြောင်း၊ ဟိုချီမင်း- ဖနောင်ပင်၊ ဖနောင်ပင်-ဘန်ကောက်၊ ဘန်ကောက်-ထားဝယ် ရေနက်ဆိပ်ကမ်း လမ်းကြောင်း ရေးဆွဲကာ အိန္ဒိယသမုဒ္ဒရာ နောက်ဘက်ထွက်ပေါက်သို့ ဒေသတွင်း နိုင်ငံများ တိုက်ရိုက် ဖြတ်သန်းသွားလာနိုင်မည့် လမ်းကြောင်းကို အဆိုပြု တင်ပြခဲ့ကြောင်း အာဏာသိမ်းအစိုးရက ထုတ်ပြန်သည်။
ထို့ပြင် ကမ္ဘောဒီးယားအနေဖြင့် ထိုင်းနှင့် နယ်စပ်ရေးရာ ပဋိပက္ခများဖြစ်ပွားနေမှုအပေါ် ငြိမ်းချမ်းစွာ ဖြေရှင်းရန် မင်းအောင်လှိုင်က တိုက်တွန်းခဲ့ကြောင်း ဆိုထားသည်။
၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက် အရပ်သားများကို အကြမ်းဖက် ဖမ်းဆီးနှိပ်ကွပ်မှုများ ကျူးလွန်နေသည့် မြန်မာစစ်အုပ်စုအား အာဆီယံက ဘုံသဘောတူညီချက် ၅ ချက်ချမှတ်ခဲ့ကာ ယင်းအချက်များ အပြည့်အဝလိုက်နာရန် တောက်လျောက် တိုက်တွန်းလျက်ရှိသလို၊ ဘုံသဘောတူညီချက်များ ချိုးဖောက်နေသဖြင့် အာဆီယံ ထိပ်သီး အစည်းအဝေးများသို့ တက်ရောက်ခွင့်ကိုလည်း ပိတ်ပင်ထားသည်။
အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်၏ ယခု ကမ္ဘောဒီးယား ခရီးစဉ်မှာ လာအို၊ ဗီယက်နမ်၊ ထိုင်း ခရီးစဉ်တို့အပြီး သွားရောက်ခဲ့သည့် ၄ နိုင်ငံမြောက် ခရီးစဉ် ဖြစ်သည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup

👎67😁16❤6😭1
အထူးဇုန်တွေကို စိုက်ပျိုးရေးမှာ အရင်ကလည်း သတ်မှတ်ခဲ့ဖူးပေမယ့် AI အသုံးပြုတဲ့ လယ်ယာ စိုက်ပျိုးရေး အတွက် သတ်မှတ်မှု ကတော့ အခုက ပထမဆုံး ဖြစ်…
Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/09/13/416262.html
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/09/13/416262.html
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
ဧရာဝတီ
ဂျပန်က AI အသုံးပြု စိုက်ပျိုးရေး အထူးဇုန်တွေမှာ မောင်းသူမဲ့ ထွန်စက်တွေ မြင်တွေ့ရတော့မယ်
အဆိုပါ ဒေသတွေကို AI အသုံးပြုပြီး စိုက်ပျိုးရေး မြှင့်တင်မယ့် နိုင်ငံအဆင့် ဗျူဟာမြောက် အထူးဇုန်တွေ အဖြစ် သတ်မှတ်မယ်…
👍32❤10😁1
လန်ဒန်မြို့ ပါလီမန်အဆောက်အအုံရှေ့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ခံပွဲလုပ်
ဧရာဝတီ၊ စက်တင်ဘာ ၁၃၊ ၂၀၂၆
ကုလသမဂ္ဂတွင် မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက် ကိုယ်စားပြုခွင့်ရရှိရေးအတွက် ယမန်နေ့ နေ့လယ်ပိုင်းက လန်ဒန်မြို့ပါလီမန် အဆောက်အအုံရှေ့၌ ယူကေရောက် မြန်မာများ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
အဆိုပါ ဆန္ဒထုတ်ဖော်ပွဲသို့ ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယူကေ ကိုယ်စားလှယ်တို့ တက်ရောက်ခဲ့ကြသလို၊ ယူကေရှိ တိုင်းရင်းသား အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များလည်း တက်ရောက် မိန့်ခွန်းပြောကြားခဲ့သည်။
ထို့ပြင် နိုင်ငံတကာ အစိုးရများအနေဖြင့် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂ၌ ဆက်လက် ကိုယ်စားပြုခွင့် ရရှိရေး ထောက်ခံပေးကြရန်၊ အာဏာသိမ်း စစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုဘဲ SCEF၊ NUG အပါအဝင် ပြည်သူ့ကိုယ်စားလှယ်များနှင့် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်း တောင်းဆိုခဲ့ကြသည်။
ဓာတ်ပုံ- NUG

❤68👍16😁8👎1
မြဝတီ ယာဉ်ထိန်းရုံးအနီးနှင့် နေရာတချို့ ဗုံးပေါက်
ဧရာဝတီ၊ စက်တင်ဘာ ၁၃၊ ၂၀၂၆
ကရင်ပြည်နယ်၊ မြဝတီမြို့ရေပူလမ်းဆုံ ယာဉ်ထိန်းရုံးအနီးနှင့် နေရာတချို့၌ စက်တင်ဘာ ၁၃ ရက် နံနက် ၁ နာရီခန့်က မိုင်းပေါက်ကွဲမှု ၃ ကြိမ် ဖြစ်ပွားခဲ့ပြီး ယာဉ်များ ထိမှန်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
မြဝတီမြို့ခံတဦးက “မနေ့ညပိုင်းက နေရာ ၃ ခုမှာ ကားမိုင်း ပေါက်ကွဲတာ။ ရဲစခန်းနားက ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးရုံးရှေ့၊ ရေပူမီးပွိုင့်နဲ့ အမှတ်၂ ချစ်ကြည်ရေးတံတားနားတွေမှာ ဖြစ်ခဲ့တာ။ ကားမိုင်း ပေါက်ကွဲမှုတွေလို့တော့ သိရတာပဲ။ လူတွေထိခိုက်တာမျိုးတော့ မရှိဘူး” ဟု ပြောသည်။
ထို ပေါက်ကွဲမှုကြောင့် ယာဉ်၂ စီးနှင့် ရေပူမီးပွိုင့်ရှိ ယာဉ်ထိန်းရုံးပျက်စီးမှုတချို့ရှိပြီး လက်ရှိတွင် စစ်တပ် ဦးဆောင်သည့်ပူးပေါင်းအဖွဲ့က ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်နေရာများကို စစ်ဆေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ မိုင်းပေါက်မှုအား စစ်တပ် လော်ဘီချန်နယ်များတွင် ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ ဖောက်ခွဲခြင်းဖြစ်ကြောင်း ရေးသားဖော်ပြကြသည်။
လက်ရှိတွင် ထိုင်းနိုင်ငံဘက်မှ အမှတ် ၂ ချစ်ကြည်ရေးတံတား ပြန်လည် ဖွင့်လှစ်ရန် စီစဉ်နေချိန်၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းကြောင့် ပြန်လည် ရပ်ဆိုင်းသွားနိုင်သလို၊ မြဝတီမြို့ တောင်ဘက်ခြမ်းရှိ မင်းလက်ပံနှင့် ဖလူးကျေးရွာ အနီးတို့တွင်လည်း စစ်တပ်နှင့် တော်လှန်ရေး အင်အားစုများကြား တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရသည်။

👍38❤4😱2😁1
၂၀၂၆ ခုနှစ် ဇွန်လက ဧရာဝတီမှာ ရေးထားတဲ့ ကမ္ဘောဒီးယား၊ မြန်မာနဲ့ သီရိလင်္ကာ ကျားဖြန့် ဆောင်းပါးကို ပြန်လည် ဖော်ပြလိုက်ပါတယ်။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2026/06/24/414285.html

😱29👍5❤2