The Irrawaddy - Burmese
76.5K subscribers
37.4K photos
2.28K videos
3 files
17.7K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
ဧရာဝတီမြစ်၏ ဒုတိယမြစ်ကျဉ်းနေရာသည် ဆယ့်လေးမိုင်ခန့် ရှည်၍ ပုံမှန်အားဖြင့် ပျမ်းမျှ ပေ ၄၅၀ ခန့်သာ ကျယ်ဝန်းပြီး၊ အကျဉ်းဆုံးနေရာတွင် ပေ ၃၀၀ ခန့်သာ ရှိသော အလွန်ကျဉ်းမြောင်းသည့် တောင်မြင့်ကမ်းပါးကြားတွင် စီးရ၏။ မိုးရာသီ သို့မဟုတ် ရေတက်ချိန်များတွင် ကမ်းပါးနှစ်ဘက်လုံးသည် မြင့်မားသော ကျောက်တောင်ကုန်းများ ဖြစ်နေသည့်အတွက် မြစ်ပြင်သည် ဘေးဘက်သို့ ပိုမိုကျယ်ပြန့်သွားခြင်း မရှိဘဲ ၎င်း၏ ပုံမှန်အကျယ် ပေ ၃၀၀ မှ ၄၅၀ ဝန်းကျင် အတိုင်းသာရှိပါသည်။

သို့ဖြစ်ရာ မြစ်ရေတက်သော်လည်း ရေပြင်ကျယ်မလာသည့် ဧရာဝတီဒုတိယမြစ်ကျဉ်းနေရာသည် ဧရာဝတီမြစ်အတိုင်း ဗန်းမော်တက်လာသည့် သင်္ဘောအုပ်စုအား စောင့်ဆိုင်းတိုက်ခိုက်ရန် သဘာဝကပေးသည့် နေရာကောင်းဖြစ်နေ၏။ ဧရာဝတီမြစ်အားဆန်တက်ပါက ဒုတိယမြစ်ကျဉ်းအလွန်တွင် စင်းခန်းတံတားရှိ၏။ ထိုတံတားအားလည်း ကချင်လွတ်လပ်ရေးတပ်မတော်က ထိန်းချုပ်ထားရာ မြစ်ကြောင်းအတိုင်း တက်လာသည့် သင်္ဘောအုပ်စုအား စောင့်ဆိုင်းတိုက်ခိုက်ရန် စင်းခန်းတံတားသည်လည်း နေရာကောင်းဖြစ်နေခဲ့၏။

Website တွင် ဆက်လက်ဖတ်ရှုပါ - https://burma.irrawaddy.com/article/2026/09/12/416210.html
👍4316👎1
👎34😁51😭1
မင်းအောင်လှိုင်၏ ခရီးစဉ်အပေါ် ဝေဖန်မှုများကို ကမ္ဘောဒီးယား ပယ်ချ

ဧရာဝတီ၊ စက်တင်ဘာ ၁၂၊ ၂၀၂၆

မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်အား လက်ခံတွေ့ဆုံမှုအပေါ် အခြားနိုင်ငံများ၏ ဝေဖန်မှုများသည် သီးခြားဖြစ်ပြီး၊ မိမိတို့အနေဖြင့် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေး ဟူသော အာဆီယံမူများကိုသာ လိုက်နာခြင်းဖြစ်ကြောင်း ကမ္ဘောဒီးယားက ကာကွယ်ပြောဆိုလိုက်သည်။

မင်းအောင်လှိုင်၏ စက်တင်ဘာ ၁၁ မှ ၁၂ ရက်အထိ နှစ်ရက်ကြာ ခရီးစဉ်အတွင်း ကမ္ဘောဒီးယား ယာယီနိုင်ငံတော်အကြီးအကဲ ဟွန်ဆင်နှင့် တွေ့ဆုံခဲ့ပြီး ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးကဏ္ဍ အပါအဝင် ပူးပေါင်းဆောင်ရွက်မှု ၄ ခုအတွက် သဘောတူညီမှု ရရှိခဲ့ကြသည်။

ကမ္ဘောဒီးယား ပြောရေးဆိုခွင့်ရှိသူ သီရစ် (Thyrith) က ၎င်းတို့နှစ်နိုင်ငံသည် နှစ်ပေါင်း ၇၁ နှစ်ကြာ သံတမန်ဆက်ဆံရေး ရှိခဲ့သော်လည်း ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ရန် လိုအပ်နေသေးသဖြင့် ယခုခရီးစဉ်သည် အခွင့်အလမ်းကောင်းတခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရားဝင် အသိအမှတ်ပြုမှုနှင့် ပတ်သက်သည့် ဝေဖန်မှုများနှင့် စပ်လျဉ်း၍ သီရစ်က အိမ်နီးချင်းနိုင်ငံများလည်း မင်းအောင်လှိုင်ကို လက်ခံတွေ့ဆုံခဲ့ကြသလို၊ မည်သည့်နိုင်ငံကမှ သံအမတ်များကို ရုပ်သိမ်းခဲ့ခြင်း မရှိကြောင်း ထောက်ပြခဲ့သည်။ ထို့ပြင် ကမ္ဘောဒီးယား၏ အတိတ်သမိုင်းတွင်လည်း အလားတူ အခြေအနေများ ကြုံတွေ့ခဲ့ရဖူးပြီး လက်ရှိအာဏာရှိသူများနှင့် သံတမန်ရေးအရ ဆက်ဆံရစမြဲဖြစ်ကြောင်းနှင့် အခြားနိုင်ငံများ၏ ဝေဖန်ချက်များသည် ကမ္ဘောဒီးယား၏ အာဆီယံမူဝါဒကျင့်သုံးမှုနှင့် မသက်ဆိုင်ကြောင်း ပြောဆိုခဲ့သည်။

၂၀၂၁ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရကို ဖြုတ်ချကာ အာဏာသိမ်းခဲ့ပြီး ပြည်တွင်းစစ်ကို စတင်ခဲ့ပြီးနောက် မြန်မာအာဏာပိုင်များသည် နိုင်ငံတကာ မြို့တော်အများအပြားတွင် လက်ခံသူမရှိသော ပုဂ္ဂိုလ်များ (persona non grata) ဖြစ်ခဲ့ရသည်။

သို့သော် မင်းအောင်လှိုင်သည် ဧပြီလတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ်မှ အနားယူကာ အရပ်သားသမ္မတအဖြစ် တာဝန်ယူခဲ့ပြီးနောက်ပိုင်း သံတမန်ရေးအရ အသိအမှတ်ပြုမှုရရှိရန် ကြိုးပမ်း လှုပ်ရှားလျက်ရှိသည်။

အဖွဲ့ဝင် ၁၁ နိုင်ငံပါဝင်သည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) သည် အာဏာသိမ်းမှုဖြစ်ပွားပြီးကတည်းက မြန်မာခေါင်းဆောင်များကို အဆင့်မြင့် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခွင့် ပိတ်ပင်ထားခဲ့သည်။

သို့သော်လည်း ကမ္ဘောဒီးယားသည် ထိုင်း၊ လာအိုနှင့် ဗီယက်နမ်တို့ပြီးလျှင် မင်းအောင်လှိုင် အရပ်သားခေါင်းဆောင်အဖြစ် ပြောင်းလဲပြီးနောက်ပိုင်း ၎င်းအား လက်ခံကြိုဆိုခဲ့သည့် စတုတ္ထမြောက် အာဆီယံနိုင်ငံ ဖြစ်လာခဲ့သည်။

ကိုးကား။ ။ Khmer Times သတင်း Cambodia Defends Min Aung Hlaing Visit, Citing ASEAN Non-Interference Principle

ပုံစာ - ကမ္ဘောဒီးယား ယာယီနိုင်ငံတော်အကြီးအကဲ ဟွန်ဆင်နှင့် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်/AFP
👎3816👍4😁2😭1
အယုဒ္ဓယ ကျောင်းထိုင်ဘုန်းကြီးအမှု ထိုင်းလူထု ဘယ်လိုဝေဖန်တုံ့ပြန်လဲ

ဧရာဝတီ၊ စက်တင်ဘာ ၁၂၊ ၂၀၂၆

ယနေ့ ထိုင်းလူထုကြား ပြောစမှတ်ဖြစ်စရာ ဟော့ဖြစ်နေသည့် သတင်းက အယုဒ္ဓယမြို့ ဖုထိုင်းစဝမ် ကျောင်းတိုက်မှ ဆရာတော် ချော့ပ်၏ ဘတ် ၉၂ သန်းအရှုပ်တော်ပုံနှင့် မာတုဂါမနှင့် ကျောင်းတွင်း သံဝါသပြုသည့် အကြောင်းပင် ဖြစ်သည်။

ထိုဘုန်းကြီးက ထိုင်းလူမျိုးတို့ကြား အဆောင်လက်ဖွဲ့ အစွမ်းထက်သည်ဟု ကျော်ကြားပြီး သူ၏ နျူအာဒွန်း" (Nuea Duang)ဆိုသည့် ကံဇာတာမြင့်စေသည့် အဆောင်သည် ကာလပေါက်ဈေး ဘတ် ၃ သန်းအထိ ရှိပြီး ထိုင်းဝန်ကြီးချုပ် အနုတင်ကိုယ်တိုင် အမြတ်တနိုး လည်တွင်ဆွဲရသည့်အထိ ဖြစ်ခဲ့သည်။

ထို့အတွက်လည်း ထိုင်းဗုဒ္ဓဘာသာဝင်တို့ကြား ယူကျုံးမရဖြစ်နေပြီး ကျယ်ကျယ်လောင်လောင် ဝေဖန်မှုများ ပုံနှင့်တကွ လှောင်ပြောင်သရော်မှုများကလည်း လူမှုကွန်ရက် ဆိုရှယ်မီဒီယာထက် အပြည့်ဖြစ်နေ၏။

ဤသည်က ကိုးကွယ်ယုံကြည်မှုကို အလွဲသုံးစားလုပ်ခံရခြင်းဖြစ်ပြီး ထိုဘုန်းကြီးကို နှစ်ပေါင်း ၂၀ကျော် ကိုးကွယ်လာ သည့် ဒကာရင်းတဦးဆိုလျှင် သီလဖောက်ဖျက်မှု သတင်းထွက်လာချိန် အလွန်အမင်း ဝမ်းနည်းကြေကွဲရပြီး ယုံကြည် ကိုးကွယ်မှု တစစီပြိုကွဲရကြောင်း ပြောဆိုထားသည်။

ထိုင်းသရုပ်ဆောင်ဂျက် ဖန်ချန်း (Jack Fan Chan) ဆိုလျှင် ၎င်း၏ နဖူးကို ဆရာတော်က အမွှေးနံ့သာဖြင့် ကောင်းချီး ပေးခဲ့ဖူးရာ ယခု ငွေကြေးနှင့် လိင်အရှုပ်တော်ပုံသတင်းကို မြင်လိုက်ရသည့်အခါ အမှန်တကယ် စိတ်ပျက်မိကြောင်း တီဗီအစီအစဉ်တခုတွင် ဖွင့်ဟပြောဆိုခဲ့ရသည့်အထိ ဖြစ်ခဲ့သည်။

ထိုင်းပြည်သူအများစုက ၎င်းတို့စေတနာသန့်သန့်ဖြင့် လှူဒါန်းလိုက်သော အလှူငွေများမှာ မိန်းမငယ်များထံ လွှဲပြောင်း ပေးခြင်း၊ အလွဲသုံးစားပြုလုပ်ခြင်းများကြောင့် "ဘုန်းကြီးကျောင်းတွေကို ဆက်လှူမယ့်အစား ဆေးရုံတွေကို လှူတာက ပိုအဓိပ္ပာယ်ရှိမယ်" ဟူသော ပြောဆိုမှုများပင်ရှိခဲ့သည်။

ကျောင်းထိုင်ဆရာတော်နှင့် လိင်မှုကိစ္စ ရှုပ်ထွေးခဲ့သည့် ၄၇ နှစ်အရွယ် မာတုဂါမပွန်ယာဝီး၏ လူမှုကွန်ရက် ပရိုဖိုင် Bio တွင် ရေးထားသည့် “ကံကြမ္မာထက် သာလွန်တယ်” ဆိုသော စာသားကို ထိုင်းအင်တာနက်သုံးစွဲသူများက “မိုးထက်မြင့်တဲ့ မိုးရှိသလို၊ ကံကြမ္မာထက် သာလွန်တာ CCTV ရှိတယ်”ဟု မှတ်ချက်ပြုကြသည်။

သူတို့နှစ်ဦး ဆွမ်းစား စားပွဲဝိုင်းကြီးထက် မဖွယ်မရာပြုကျင့်နေသည်ကို ကျောင်းတွင်း CCTV က မှတ်တမ်းတင်နိုင်ခဲ့ သည် မဟုတ်လား။

ယင်းအရှုပ်တော်ပုံဆရာတော်အား ယမန်နေ့က ဘတ် ၃၅၀၀တန် RALPH LAUREN အမှတ်တံဆိပ် ဦးထုတ်၊ ဘတ် ၃၀၃၀၀ တန် HERMES ဖိနပ်တို့အား စီးလာသဖြင့် ထိုင်းလူမျိုးက ဘုန်းကြီးဝတ်ခြင်းသည် “အရင်းအနှီးမလိုဘဲ ချမ်းသာနိုင်သည့် အကောင်းဆုံး စီးပွားရေးလုပ်ငန်း” ဟုလည်း သရော်ကြသည်။

အဆိုပါ ငွေကြေးအလွဲသုံးစားလုပ်ခဲ့သည့် ဖုထိုင်းစဝမ်တော်ဝင်ကျောင်းတိုက်မှ လူဝတ်လဲခဲ့ရသည့် အသက် ၆၆ နှစ်အရွယ် ကျောင်းထိုင်ဆရာတော်ဟောင်း ချော့နှင့် မာတုဂါမတို့၏ ငွေသားနှင့်ပိုင်ဆိုင်မှုတန်ဖိုး ဘတ်သန်း ၅၀၀ ကျော်အထိ စစ်ဆေးတွေ့ရှိထားကြောင်း ထိုင်းသတင်းများက ဆိုသည်။

တိတိကျကျပြောရလျှင် ဘဏ်အပ်နှံငွေ ဘတ်သန်း ၂၉၀၊ ငွေသား ၁၃၈ သန်းကျော်နှင့် သန်း ၇၀ ခန့်တန်ဖိုးရှိရွှေများ သိမ်းဆည်းရမိခဲ့ပြီး မာတုဂါမနေအိမ်မှ ငွေသားဘတ် ၃ဒသမ ၈ သန်းကျော်နှင့် ဘတ် ၆ သန်းကျော် တန်ဖိုးရှိ ရွှေများ သိမ်းဆည်းရမိပြီး အိမ်နှင့်မြေယာပိုင်ဆိုင်မှုစာချုပ်များ၊ ဘဏ်စာအုပ် ၇ အုပ်၊ အာမခံစာရွက်စာတမ်းများလည်း သိမ်းဆည်းရရှိခဲ့သည်။

ထိုသို့ ရဟန်းသံဃာတို့၏ ခမ်းနားထည်ဝါသည့် အနေအထိုင်၊ ငွေကြေးနှင့် လိင်အရှုပ်တော်ပုံတို့ကြောင့် ကိုးကွယ်သူ တို့ကြား ဝေဖန်မှုများနှင့် ပတ်သက်၍ နွေဦးတော်လှန်ရေးသံဃာ့ကွန်ရက်မှ ဦးဝါယမအား ဧရာဝတီက မေးမြန်း လျှောက်ထားရာ

“ဒီလိုကြီးဖြစ်လိုက်တယ်ဆိုတော့ ရဟန်းသံဃာထုမှာတော့ မျက်နှာပူစရာ ရှက်စရာဖြစ်တာပေါ့။ ကိုယ်တွေအဖွဲ့အစည်း ထဲကဖြစ်တာကို။ ဗုဒ္ဓဘာသာ ရဟန်းတပါးဖြစ်တာဆိုတော့ အဲဒီလိုတော့ သက်ရောက်မှုတော့ရှိတာပေါ့။ ဒီလိုအမှုမျိုး က မြင်ရကြားရတာရှက်စရာကောင်းတယ်။ တခြားဘာသာဝင်တွေကြားထဲမှာလည်း ရှက်ဖွယ်ရာဖြစ်တယ်။ အဲဒီလို သုံးသပ်နိုင်ပြီးတော့ ကောင်းမြတ်မှန်ကန်တဲ့ ကျင့်သုံးမှုကို သက်ရောက်မှုဖြစ်စေချင်တယ်။ တယောက်တရားပျက်လို့ တော့ ရဟန်းသံဃာအားလုံးဟာ တရားပျက်နေတာ မဟုတ်ဘူးဆိုတဲ့ အခြေအနေကို သိစေချင်ပါတယ် ” ဟု မိန့် သည်။

ထိုင်းနိုင်ငံတွင် လွန်ခဲ့သည့် ၂၀၁၃ ခုနှစ်က ကိုယ်ပိုင်ဂျက်လေယာဉ်ပေါ်တွင် ငွေထုတ်ကြီးတင်ကာ ကြွားဝါသွားလာနေ သည်ကို You Tube ပေါ်တင် ကြွားလုံးထုတ်ရင်း အမေရိကန်သို့ ထွက်ပြေးခဲ့ရသည့် လူအမည် ဝိရဖုန်း ဆိုသည့် ထိုင်းသံဃာ လုံဖော့နမ့်ခမ်း၏ အရှုပ်တော်ပုံ ပြီးလျှင် ယခုအမှုက အကြီးမားဆုံးဟုဆိုရမည်။

အဆိုပါ လုံဖော့နမ့်ခမ်းအား ၂၀၁၇ ခုနှစ်တွင် အမေရိကန်က ထိုင်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ရာ လိမ်လည်မှု၊ ငွေကြေးခဝါချမှု နှင့် ကွန်ပျူတာဆိုင်ရာ ပြစ်မှုများနှင့် ထောင်ဒဏ် ၁၁၄ နှစ် ချမှတ်လိုက်သည်။

အလားတူ ဗုဒ္ဓဘာသာအား လူအများစု ကိုးကွယ်သည့် မြန်မာနိုင်ငံတွင်လည်း ၁၉၈၀ ခုနှစ်က သာသနာတော် တည်တံပြန့်ပွားရေးဆိုကာ ကိုးကွယ်မှုဆိုင်ရာ အလွဲအမှားများ
👍3212😁1😭1
အပြင် ငွေကြေး၊ မာတုဂါမများနှင့် ပတ်သက်သည်ဟု နာမည်ထွက်သည့် အကျင့်ပျက်ရဟန်းများကို အရေးယူမှု ခဲ့သော်လည်း နောက်ပိုင်း စစ်အစိုးရများလက်ထက်ကစ၍ ယနေ့တိုင် မိမိတို့လိုလားသည့် ဘုန်းကြီးများအား လောကုတ္တရာနှင့် မသက်ဆိုင်သည့် လောကီဇိမ်ခံပစ္စည်းများ လှူဒါန်းကာ ခါးပိုက်ဆောင်သဖွယ်ထားနေသဖြင့် လူအများက အလျဉ်းသင့်သည်နှင့် ဝေဖန်ပြောဆိုမှုများ ပြည့်နှက်လျှက်ရှိသော်လည်း အရေးယူခံရခြင်းတော့ မရှိပေ။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/09/12/416216.html
👍37😁7😭21
😁40👎8👍2
အာဆီယံ၊ ကုလနှင့် ILO၌ ကမ္ဘောဒီးယား ထောက်ခံပေးရန် မင်းအောင်လှိုင် တောင်းဆို

ဧရာဝတီ၊ စက်တင်ဘာ ၁၂၊ ၂၀၂၆

အာဆီယံအတွင်း မြန်မာနိုင်ငံ၏ မူလအခွင့်အရေးနှင့် အခန်းကဏ္ဍများ ပြန်လည်ရရှိရေး၊ ကုလသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)တို့၌ ကမ္ဘောဒီးယားနိုင်ငံမှ ဆက်လက်ထောက်ခံပေးရန် အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်က ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက် ဟွန်မာနက်နှင့် တွေ့ဆုံစဉ် တောင်းဆိုခဲ့သည်။

ထို့ပြင် အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုနှင့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများကို Zero Tolerance မူဝါဒဖြင့် သတင်းအချက်အလက်မျှဝေကာ ပူးပေါင်းတိုက်ဖျက်သွားလိုကြောင်းလည်း ပြောသည်။

ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက် ဟွန်မာနက်က မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးနှင့် နိုင်ငံတကာနှင့် ပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုများကို ကြိုဆိုကြောင်း၊ မြန်မာ-အာဆီယံ ဆက်ဆံရေး ပုံမှန်အခြေအနေ ပြန်လည်ရရှိရေးအတွက် ကမ္ဘောဒီးယားက ဆက်လက်ထောက်ခံကြိုးပမ်းမည်ဖြစ်ပြီး မြန်မာ့အရေးကို မြန်မာနည်း မြန်မာ့ဟန်ဖြင့် ဖြေရှင်းမှုအား ထောက်ခံကြောင်း ပြန်လည်ပြောဆိုခဲ့သည်။

ထို့ပြင် တနင်္သာရီကမ်းလွန်ရှိ M-15 တွင် ဓာတ်ငွေ့သိုက်အသစ်တွေ့ရှိမှု၊ ဓာတ်ငွေ့ပို့ဆောင်ရေးနှင့် LNG စက်ရုံ တည်ဆောက်ရေးအပါအဝင် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဟွန်မာနက်က ဆိုသည်။

တပ်မတော်နှစ်ရပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်ရေး မူဘောင်တရပ် တည်ဆောက်သွားမည်ဖြစ်သလို ကုန်သွယ်ရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) ကဏ္ဍ၊ E-Government၊ တိုက်ရိုက်လေကြောင်းခရီးစဉ်၊ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်မည် ဖြစ်ကြောင်းလည်း ပြောသည်။

ထို့နောက် မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ကြား ရင်းနှီးမြှုပ်နှံမှု အပြန်အလှန်မြှင့်တင်နိုင်ရေးနှင့် အကာအကွယ်ပေးရေး ဆိုင်ရာ သဘောတူစာချုပ်၊ အခွန်နှစ်ထပ်ကျသင့်မှုမှ ရှောင်ရှားရေးသဘောတူစာချုပ်၊ ယဉ်ကျေးမှု ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်နှင့် ပြန်ကြားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ (၄) ခုကို လက်မှတ်ရေးထိုးခဲ့ကြသည်။

ကမ္ဘောဒီးယားခရီးစဉ်သည် မင်းအောင်လှိုင် သမ္မတရာထူးရယူပြီးနောက် အာဆီယံအဖွဲ့ဝင်နိုင်ငံများထဲမှ ၄ ခုမြောက် ခရီးစဉ်ဖြစ်ပြီး ထိုင်း၊ လာအို၊ ဗီယက်နမ်နိုင်ငံသို့ သွားရောက်ခဲ့ပြီးဖြစ်သည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
😁50👍6👎65😱3
Media is too big
VIEW IN TELEGRAM
ထိုင်းနိုင်ငံတွင် ခေတ်စားလာသည့် "သူငယ်ချင်း အငှားဝန်ဆောင်မှု"

စက်တင်ဘာ ၁၂၊ ၂၀၂၆

လူနေမှုစနစ်တွေ ပြောင်းလဲလာတာနဲ့အမျှ ကမ္ဘာပေါ်မှာ ဆန်းသစ်တဲ့ လုပ်ငန်းအသစ်တွေ ပေါ်ပေါက်လို့ လာနေပါတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ "သူငယ်ချင်း အငှားဝန်ဆောင်မှု" (Friend-for-Hire) ခေတ်စားလာနေပါတယ်။

#မြန်မာ #ဧရာဝတီ #ထိုင်း #သူငယ်ချင်း #အငှား #ဝန်ဆောင်မှု
😁268👍2
ဘန်ကောက်မှာ အပူချိန် လျှော့ချ ပေးနိုင်တဲ့ အမိုးအကာတွေ စမ်းသပ်

ဧရာဝတီ၊ စက်တင်ဘာ ၁၂၊ ၂၀၂၆

ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်မှာ နွမ်းပါးတဲ့ အိမ်တွေ အတွက် အပူဒဏ် လျှော့ချပေးနိုင်တဲ့ အမိုးနဲ့ အကာအရံတွေကို စတင် စမ်းသပ်နေတယ်လို့ သိရပါတယ်။

အဆိုပါ စမ်းသပ် စီမံကိန်းကို Thammasat University ရဲ့ တွဲဖက် ပါမောက္ခ ဖြစ်သူ Dr Manat Srivanit ဦးဆောင်တဲ့ အဖွဲ့က လုပ်ဆောင်နေတာ ဖြစ်ပြီး ဂျာမနီက ငွေကြေး ထောက်ပံ့ပေးထားတယ်လို့ ဆိုပါတယ်။

Dr Manat Srivanit ရဲ့ ရာသီဥတု ဆိုင်ရာ ခန့်မှန်းချက်တွေ အရ မထိန်းချုပ်ထားတဲ့ ကာဗွန် ထုတ်လွှတ်မှုတွေကြောင့် အဆိုးဆုံး အခြေအနေ အဖြစ် နောက် နှစ် ၇၀ ကျော် ၂၁၀၀ ပြည့်နှစ်မှာ ဘန်ကောက် မြို့ကြီး အနေနဲ့ အပူချိန် ၅ ဒီဂရီ စင်တီဂရိတ် အထိ တိုးမြင့်လာနိုင်ကြောင်း သိရပါတယ်။

Phasi Charoen ခရိုင်မှာ လုပ်ဆောင်နေတဲ့ ပရော့ဂျက်မှာ ရောင်ပြန် အမိုးသုတ်ဆေး၊ အပူဒဏ် ကာကွယ်တဲ့ နေရာတွေနဲ့ အိမ်ခြေ အနေအထား သတ်မှတ်ခြင်းတို့ ပါဝင်ပြီး သက်ကြီးရွယ်အိုတွေ၊ အိပ်ရာပေါ် လဲနေတဲ့ လူနာတွေနဲ့ နွမ်းပါး သူတွေကို ကာကွယ်နိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

လက်ရှိ စမ်းသပ် စီမံကိန်းကို စာသင်ကျောင်း တကျောင်းနဲ့ နွမ်းပါးသူတွေ နေထိုင်တဲ့ နေရာတခုတို့မှာ လုပ်ဆောင်နေတာ ဖြစ်ပြီး လက်တွေ့ကျတဲ့ အအေးပေး နည်းလမ်းတွေနဲ့ အပူဒဏ် အန္တရာယ် ဆိုင်ရာ ပညာပေးမှုတွေကို ပေါင်းစပ် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဝင်ငွေ၊ အိမ်ရဲ့ပုံစံနဲ့ အေးမြတဲ့ နေရာတွေကို ရောက်ရှိနိုင်မှုတွေနဲ့ ပတ်သက်ပြီး မတူညီမှုတွေက တူညီတဲ့ အပူချိန် မှာတောင် ကွဲပြားတဲ့ ကျန်းမာရေး အန္တရာယ်တွေကို ရင်ဆိုင်နေရတယ်လို့ Dr Manat က ပြောပါတယ်။

ဘယ်နေရာတွေက ဦးစားပေး နေရာတွေ ဖြစ်မလဲ သတ်မှတ်နိုင်ဖို့ Dr Manat ရဲ့ အဖွဲ့ဟာ စေတနာ့ ဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီး အချက်အလက် ကောက်ယူကာ စနစ်တကျ မှတ်တမ်းတင်ထားတယ်လို့ သိရပါတယ်။

ပုဂ္ဂလိက အိမ်သုတ်ဆေး ထုတ်လုပ်တဲ့ ကုမ္ပဏီ တခုနဲ့လည်း ပူးပေါင်းထားပြီး နွမ်းပါးတဲ့ အိမ်တွေမှာ အိမ်တွင်း အပူချိန် လျှော့ချနိုင်ဖို့ ရည်ရွယ်တဲ့ ရောင်ပြန် အမိုးသုတ်ဆေးတွေကို စမ်းသပ်မယ် လို့လည်း ဆိုပါတယ်။

အပူရှောင် နေရာတွေမှာတော့ သောက်သုံးရေနဲ့ အပူညွှန်းကိန်း တိုင်းတာရေး ကိရိယာတွေကို ထားရှိပေးထားကာ လေ့ကျင့် ထားတဲ့ စေတနာ့ ဝန်ထမ်းတွေက အခြေအနေကို သုံးသပ်ခြင်း၊ ရပ်ကွက်အဆင့် သတိပေးချက် ထုတ်ပြန်ခြင်းတွေ လုပ်ဆောင်မယ်လို့ သိရပါတယ်။

စာသင်ကျောင်းမှာတော့ ကျောင်းသား လူငယ်တွေ အတွက် အိမ်တွင်း အပူကို လက်တွေ့ ခံစားရမယ့် နေရာတွေ၊ အပူပုံရိပ် ဖော်ပေးတဲ့ ကင်မရာ (Thermal Camera) လေ့ကျင့်ခန်းတွေ အပါအဝင် လက်တွေ့လုပ်ဆောင်မှုတွေ လုပ်ဆောင်စေမယ် လို့လည်း ဆိုပါတယ်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/09/12/416222.html

Ref : The Nation
👍3910👎1
👍30😁3😭21
အယုဒ္ဓယဘုန်းကြီးနှင့် မာတုဂါမတို့ အာမခံ မရ၊ ရမန်ထပ် ယူ

ဧရာဝတီ၊ စက်တင်ဘာ ၁၂၊ ၂၀၂၆

ငွေအလွဲသုံးစားမှုဖြင့် ဖမ်းဆီးတရားစွဲခံရသည့် ထိုင်းနိုင်ငံ၊ အယုဒ္ဓယရှိ ဖုထိုင်းစဝမ်တော်ဝင်ကျောင်းတိုက်မှ အသက် ၆၆ နှစ်အရွယ် ကျောင်းထိုင်ဆရာတော် ချော့နှင့် မာတုဂါမတို့ကို ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေစဉ်အတွင်း ၁၂ ရက်ကြာ ချုပ်မိန့်ပေးခဲ့ပြီး အာမခံလျှောက်ထားမှု ငြင်းပယ်လိုက်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။

ကျောင်းထိုင်ဘုန်းကြီး၏ ငွေအလွဲသုံးစားမှု တိုင်ကြားချက်များအား ဇူလိုင် ၁၅ ရက်မှစ၍ ရဲတပ်ဖွဲ့က စုံစမ်းခဲ့ပြီးနောက် မာတုဂါမနှင့်မေထုန်မီဝဲခြင်းအပါအဝင် ငွေအလွဲသုံးစားမှုများ ပူးပေါင်းကျူးလွန်သည်ကို စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ဘုန်းကြီးအား လူဝတ်လဲစေကာ နှစ်ဦးစလုံးအား တရားရုံးတင်ခဲ့သည်။

လက်ရှိတွင် ကျောင်းထိုင်ဘုန်းကြီးဟောင်းအား အလွဲသုံးစားပြုလုပ်မှု၊ ရာထူးအာဏာ အလွဲသုံးစားမှုနှင့် ငွေကြေးခဝပ်ချမှုစသည့် စွပ်စွဲချက်များဖြင့် တရားစွဲထားရပြီး၊ မာတုဂါမကို ပြစ်မှုကျူးလွန်ရန် ကူညီအားပေးမှုနှင့် ငွေကြေးခဝပ်ချရန် ပူးပေါင်းကြံစည်မှုတို့ဖြင့် တရားစွဲထားသည်။

၎င်းတို့နှစ်ဦးစလုံးအတွက် စုံစမ်းစစ်ဆေးမှုများမှာ မပြီးဆုံးသေးခြင်းကြောင့် ရဲများက တရားရုံးတွင် ချုပ်ရက် ရမန်ရရန် လျှောက်ထားခဲ့ခြင်းဖြစ်ပြီး နှစ်ယောက်စလုံးမှာ ထွက်ပြေးသွားနိုင်ခြင်း၊ သက်သေ အထောက်အထား ဖျောက်ဖျက်ရန် အားထုတ်နိုင်ခြင်းကြောင့် အာမခံရရန် ငြင်းပယ်ခံခဲ့ရသည်။
👍436😁5😭1
ခူမီးတို့ ကန့်ကွက်အပြီး Grade 12 သင်ရိုး နှစ်သက်ရာဘာသာနှင့် သင်ကြားနိုင်ဟု AA ပြော

လင်းသစ်၊ စက်တင်ဘာ ၁၂၊ ၂၀၂၆

ချင်းပြည်နယ် ပလက်ဝ၌ အခြေခံပညာသင်ရိုးညွှန်းတမ်းကို ရခိုင်ဘာသာဖြင့် ပြဌာန်းမည်ဆိုသည့်သတင်းကြောင့် ခူမီး တိုင်းရင်းသားတို့က ကန့်ကွက်သဖြင့် အာရက္ခတပ်တော် (AA)၏ အမျိုးသားပညာရေးဌာနက Grade-12 သင်ရိုး၌ မြန်မာ၊ ရခိုင် နှစ်ဘာသာဖြင့် ပြဌာန်းသင်ကြားစေမည်၊ မိမိနှစ်သက်ရာကို ရွေးချယ်သင်ယူနိုင်ကြောင်း ထုတ်ပြန်သည်။

ကမာ္ဘလုံးဆိုင်ရာခူမီး အဖွဲ့အစည်း(GKO)က ဒေသခံပြည်သူတို့ သဘောဆန္ဒမပါဘဲ ရခိုင်ဘာသာစကားဖြင့် ပြဌာန်း သင်ကြားစေခြင်းသည် ကုလသမဂ္ဂ၏ ဌာနေတိုင်းရင်းသားများဆိုင်ရာ အခွင့်အရေးကြေငြာစာတမ်း(UNDRIP) ကို ချိုးဖောက်ရာရောက်သဖြင့် AA ၏လုပ်ရပ်အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ချက်ထုတ်ပြီးနောက် AA က စက်တင်ဘာ ၉ ရက်တွင် ယင်းသို့ ထုတ်ပြန်လာခြင်းဖြစ်သည်။

AA ထုတ်ပြန်ချက်တွင် ပလက်ဝခရိုင်အတွင်း အတန်းပညာသင်ကြားရေးနှင့်ပတ်သက်ပြီး ကောလဟာလ ထွက်နေ ခြင်းနှင့် ပတ်သက်၍ ပညာရေးဌာနမူဝါဒကို အသိပေးရခြင်းဖြစ်ကြောင်း ဆိုထားသည်။

၎င်းတို့အနေဖြင့် ယခု ပညာသစ်နှစ်မှစ၍ Grade 12 မြန်မာစာနေရာတွင် ရခိုင်စာသင်ရိုးသစ်ဖြင့် အစားထိုးသင်ကြား နေသော်လည်း ကျောင်းသား၊ ကျောင်းသူတိုင်း မသင်မနေရ အတင်းအဓမ္မသင်ယူခိုင်းခြင်းမျိုးမဟုတ်ကြောင်း ကြိုက် နှစ်သက်ရာကို ရွေးချယ်သင်ယူနိုင်သည့်မူဝါဒကိုသာ ကျင့်သုံးနေကြောင်း ဖြေရှင်းထားသည်။

ပလက်၀ဒေသခံ ပညာရေးဝန်ထမ်းဆရာမတဦးက “တကယ်တမ်းတော့ ခူမီးကလေးတွေကလည်း ရခိုင်စကား နားလည်တယ်၊ ရခိုင်ကလေးတွေလည်း များတယ်ဆိုတော့ ရောပြီး သင်ကြတာပါ။ ကလေးတွေကလည်း အဆင် ပြေပါတယ်။ မိဘတွေလည်း စောဒကတက်တာမျိုး မကြားဘူး။ ဒါပေမယ့် အခုတော့ မြန်မာစာသင်မယ့်ကလေးနဲ့ ရခိုင်စာသင်မယ့်ကလေး ခွဲသင်ဖို့ လုပ်နေကြတယ်ကြားပါတယ်” ဟု ပြောသည်။

AA သည် ၎င်းတို့ထိန်းချုပ်ထားသည့် ချင်းပြည်နယ်ပလက်ဝနှင့် ရခိုင်ပြည်နယ် မြို့နယ် ၁၄ခု တွင် ရခိုင်စာဘာသာကို Grade 12 သင်ရိုးတခုတည်းတွင်သာ သင်ရိုးသစ်အနေဖြင့် ထည့်သွင်းသင်ကြားပေးနေခြင်းဖြစ်ပြီး ကျန်အတန်းများ အားလုံးကတော့ မူလသင်ရိုးဟောင်းများအတိုင်းပင်ဖြစ်ကြောင်း သိရသည်။

ယခုနှစ်ပညာသင်နှစ် ပလက်ဝခရိုင်၌ Grade 12 သင်ယူနေသည့် ကျောင်းသူကျောင်းသား စုစုပေါင်း ၁၅၈ ယောက် ရှိပြီး ရခိုင်လူမျိုး ၁၃၈ ယောက်၊ ခူမီးလူမျိုး ၁၆ ယောက်၊ ဒိုင်းနက်လူမျိုး ၃ ယောက်နှင့် မြိုလူမျိုး ၁ ယောက် တို့ပါဝင် ကာ ၎င်းတို့ကို အာရက္ခအမျိုးသားပညာရေးဌာနမှ ကြီးကြပ်၍ ပညာသင်ကြားပေးနေလျက်ရှိကြောင်း AA ပညာရေး ဌာနထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

AA ပညာရေးဌာနအပေါ် ကန့်ကွက်ကြောင်းထုတ်ပြန်ခဲ့သည့် ကမာ္ဘလုံးဆိုင်ရာခူမီးအဖွဲ့အစည်း(GKO)၏ ဥက္ကဌဖြစ် သူ Salai Rakha ကတော့ ပလက်၀မြို့ပေါ်တွင် ခူမီးလူမျိုး Grade 12 ကျောင်းသူ၊ ကျောင်သား ၁၆ ယောက်ထက် မကရှိသည်ဟု ဆိုသည်။

“ကျနော်တို့ စတိတ်မန့်ထုတ်ပြီးနောက်ပိုင်းမှာ သူတို့တုံ့ပြန်တဲ့ဟာကို ကျွန်တော်တို့ တွေ့ရတယ်။ လူဦးရေအ ရ ၁၆ ယောက်၊ ဒါပေမယ့် ဒီဟာလည်းပဲ ကျွန်တော်လက်ရှိ သတင်းစုံစမ်းချက်အရ မမှန်ပါဘူး။ ကျနော်တို့စတိတ်မန့် အပေါ် သူတို့ ကာဗာယူတဲ့အနေနဲ့ သူတို့ဒီလိုပြောရခြင်းဖြစ်တယ်” ဟု ဆလိုင်းရာခါးက ပြောသည်။

ယင်းအပြင် ပလက်၀မြို့နယ်အတွင်းက ဒေသခံပြည်သူများမှာ AA အုပ်ချုပ်မှုအောက် ဝေဖန်ပြောဆိုခွင့်များ မရ ကြဟုလည်း ဆိုသည်။

“ဒီလိုလူဦးရေကို သူတို့ဖော်ထုတ်တာကို ကျနော်တို့ စတိတ်မန့်ထုတ်တာကို လန့်လို့ပါ၊ UN ရဲ့ ပေါ် လစီကို သူတို့ဒီလို လုပ်ရခြင်းဟာ မကိုက်ညီဘူး၊ မရဘူးဆိုတာကို သိလို့ ကာဗာတဲ့သဘောနဲ့ သူတို့လုပ်တာပါ။ ပလက်ဝမှာ အခုက သူတို့ထိုင်ဆို ထိုင်၊ ထဆိုထဆိုတဲ့ဟာပဲ၊ သူတို့မှာ ဘာမှ လုပ်ပိုင်ခွင့်မရှိဘူး”ဟု ဆလိုင်းရာခါးက ဆက်ပြောသည်။

ပလက်၀ဒေသများကမူ AA အနေဖြင့် ဒေသခံခူမီးလူမျိုးများကိုပါ အုပ်ချုပ်ရေးယန္တရားများတွင် ထည့်သွင်းပါဝင်စေ သည်ဟု ဆိုသည်။

“AA က သူ့ဟာနဲ့သူ နေရာပေးပါတယ်။ ခူမီးတွေရော၊ မြိုတွေရော အကုန်လုံးကို နေရာပေးထားပါတယ်။ တချို့တော့ လည်း AA ကို မကြိုက်ကြဘူးပေါ့” ဟု ပလက်၀မြို့နယ်မှ ခူမီးလူမျိုး လူငယ်တဦးက ပြောသည်။

ပလက်၀မြို့နယ်အတွင်း လူနည်းစုတစု၏ ဘာသာစကားဖြစ်သော ရခိုင်ဘာသာစာကို သင်ကြားခြင်းသည် ခူမီး ချင်းလူမျိုးများနှင့် အခြားချင်းတိုင်းရင်းသားများအပေါ် မထီမဲ့မြင်ပြုရာရောက်သကဲ့သို့ ဒေသခံတိုင်းရင်းသားလူမျိုး များအချင်းအချင်းကြား စိတ်ဝမ်းကွဲပြားမှုကို ဖြစ်စေကြောင်း ကမာ္ဘလုံးဆိုင်ရာခူမီး အဖွဲ့အစည်း(GKO)၏ ထုတ် ပြန်ချက်တွင် ဆိုထားသည်။

ရခိုင်ရိုးမအနောက်ဘက် ပလက်၀မြို့နယ်တွင် ချင်းမျိုးစွယ်စုဝင် ခူမီးအပါအဝင် ချင်းလူမျိုး ၈၂ ဒသမ ၆ ရာခိုင်နှုန်း၊ ရခိုင်လူမျိုး ၁၇ ဒသမ ၀၂ ရာခိုင်နှုန်းနှင့် အခြား ဗမာ၊ မွန်၊ ရှမ်းလူမျိုးအနည်းငယ် နေထိုင်ကြောင်း ၂၀၂၀ ခုနှစ်ထုတ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၏ အချက်အလက်များတွင် ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါပြီး ရခိုင်ပြည်နယ် ဝင်ပေါက်လည်းဖြစ်သည့် ချင်းပြည်နယ် ပလက်၀မြို့နယ်ကို အာရက္ခတပ်တော်(AA)သည် ၂၀၂၄ ခုနှစ်
23👍17😁5
ဖေဖော်ဝါရီလ ၁၀ ရက်က သိမ်းပိုက်ကာ အုပ်ချုပ်ရေးယန္တရားလည်ပတ်လျက်ရှိသည်။

ယင်းသို့ AA အုပ်ချုပ်ပြီးတနှစ်ကျော်အကြာ ၂၀၂၅ နှစ်ကုန်ပိုင်းတွင် ပလက်၀မြို့နယ်အတွင်း ခူမီး ပြည်သူ့တပ်မတော် (KPF) အမည်ဖြင့် ခူမီးလက်နက်ကိုင်တပ်ဖွဲ့တခုပေါ်လာပြီး ဒေသတွင်းခူမီးတို့ဖမ်းဆီးတပ်သားစုဆောင်းခြင်းရှိနေကာ AA တပ်ဖွဲ့နှင့်လည်း တိုက်ပွဲဖြစ်ပွားမှု တခါတရံရှိနေသည်။

ထိုခူမီးပြည်သူ့တပ်မတော်(KPF)ကို မည်သည့်မူဝါဒများနှင့် မည်သူတို့ ဦးစီးတည်ထောင်ခဲ့သည် စသည့်အသေးစိတ် အချက်အလက်များကိုတော့ တရားဝင်ထုတ်ပြန်ကြေငြာထားခြင်းမတွေ့ရပေ။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/09/12/416225.html
👍396😁5
၂၀၁၇ ခုနှစ် စက်တင်ဘာလက ဧရာဝတီမှာ ရေးထားတဲ့ ရွေဝါရောင် တော်လှန်ရေး အကြောင်း ဆောင်းပါးကို ပြန်လည် ဖော်ပြလိုက်ပါတယ်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2017/09/23/143196.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍342
😭292
ကြံတောက ပြောသောသမိုင်းနှင့် ထင်ရှားသူ စာရေးဆရာလှကွန့် ကွယ်လွန်

ဧရာဝတီ၊ စက်တင်ဘာ ၁၂၊ ၂၀၂၆

ကြံတောက ပြောသော သမိုင်းစာအုပ်ဖြင့် ထင်ရှားခဲ့သူ စာရေးဆရာ လှကွန့် (၉၃) နှစ်သည် ယမန်နေ့ည ၇ နာရီ ၁၀ မိနစ်ခန့်က ရန်ကုန်နေအိမ်တွင် ကွယ်လွန်ခဲ့ကြောင်း သိရသည်။

အမည်ရင်း ဦးလေးမြင့် (စာရေးဆရာ လှကွန့်)က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ၏ ကျောင်းသား ခေါင်းဆောင်ဟောင်းတဦး ဖြစ်သလို မြန်မာ့သမိုင်း၊ နိုင်ငံရေးနှင့် သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိများကို အလေးပေး ရေးသားခဲ့သည့် ထင်ရှားသော စာရေးဆရာတဦးဖြစ်သည်။

ယခင်ရန်ကုန်မြို့၏ အထင်ကရ ကြံတောသင်္ချိုင်းတွင် မြှုပ်နှံခဲ့ကြသည့် နိုင်ငံရေးသမားကြီး ဘကြီးဘဖေ၊ မင်းတိုင်ပင် အမတ် ကေ အက်စ် အမ်၊ ကေတီအမ် ဦးညွန့်၊ ပထမကမ္ဘာအတွင်းက ပြင်သစ်စစ်မြေပြင်ရောက် စစ်ပြန်ကြီး ဗိုလ်မောင်မောင်၊ ဦးမေအောင်၊ ပညာဝန်ဦးဖိုးကျား၊ ဘိလပ်သို့ သွားသည့် ပထမဆုံး ဖေ၊ ပု၊ ရှိန်ကိုယ်စားလှယ်အဖွဲ့ဝင် ဦးထွန်းရှိန်၊ မြန်မာအမျိုးသားထဲမှ ပထမဆုံး ဆာဘွဲ့ရ ဆာမောင်ခင်၊ မြန်မာအမျိုးသမီးထဲမှ ပထမဆုံးဆရာဝန်ဖြစ်လာသူ ဒေါက်တာစောဆတို့အကြောင်းကို ရေးသားခဲ့သည့် ကြံတောက ပြောသော သမိုင်းက ထင်ရှားသည်။

သူအခြေပြု ဇာတ်အိမ်တည်ရေးသားခဲ့သည့် ကြံတောသင်္ချိုင်းက ယခုအခါ လူစည်ကားရာ ကုန်တိုက်ကြီးများအဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည်။

၎င်းကိုယ်တိုင်ပင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ၊ ပြည်သူ့တိုးတက်ရေးပါတီ (PPP)ဗဟိုကော်မတီဝင်ဟောင်းတဦး ဖြစ်ခဲ့သလို ခေတ်အဆက်ဆက် နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ထောင်သွင်းအကျဉ်းချခံခဲ့ရဖူးသူလည်း ဖြစ်ပြီး နိုင်ငံရေးဖြတ်သန်းမှု အတွေ့အကြုံများနှင့် သမိုင်းဆိုင်ရာ လေ့လာတွေ့ရှိချက်များကို အခြေခံ၍ စာအုပ်ပေါင်းများစွာကို ပြုစုရေးသားခဲ့ရာ ၂၀၁၂ မြန်မာသစ်မဂ္ဂဇင်းတွင် ရေးသားခဲ့သည့် “ဒေါ်ခင်ကြည်ပြောသော လူ ၅ ယောက် အကြောင်း” အပြင် အမျိုးသားလွတ်မြောက်မှု သမိုင်းဝင်စာများ၊ နဂါးနီစာအုပ်အသင်း တို့လည်း ပါဝင်သည်။

ဆရာလှကွန့်၏ ရုပ်ကလာပ်ကို စက်တင်ဘာလ( ၁၃) ရက်နေ့၊ မွန်းလွဲ (၄) နာရီတွင် ရေဝေးသုသာန်၌ မီးသဂြိုဟ်မည်ဟု သိရသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
😭3111👍4
အယ်လ်ကိုင်းဒါးသည် ၁၉၈၀ ပြည့်လွန်နှစ်များ နှောင်းပိုင်းတွင် ၁၉၇၉ အာဖဂန်နစ္စတန်စစ်ပွဲ၌ ဆိုဗီယက်ကျူးကျော်မှုကို တိုက်ခိုက်ခဲ့သူ ဆော်ဒီဖွား သူဌေးကြီး ဘင်လာဒင်၏ ဦးဆောင်မှုအောက်၌ နယ်စပ်ဖြတ်ကျော် ဂျီဟာဒစ် ကွန်ရက်အဖြစ် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

အမေရိကန်၊ အစ္စရေးနှင့် ဒေသတွင်းရှိ အမေရိကန်မဟာမိတ် အစိုးရများကို ဆန့်ကျင်ပြီး တင်းကျပ်သော အစ္စလာမ်မစ်အုပ်ချုပ်ရေး ထူထောင်လိုသည့် စစ်သွေးကြွများအတွက် အယ်လ်ကိုင်းဒါးသည် ဆွဲဆောင်မှုတခု ဖြစ်လာခဲ့သည်။

ဘင်လာဒင်သည် ၁၉၉၄ ခုနှစ်တွင် ဆော်ဒီနိုင်ငံသားအဖြစ်မှ ရုပ်သိမ်းခံရပြီး ၁၉၉၆ ခုနှစ်တွင် ဆူဒန်နိုင်ငံမှ နှင်ထုတ်ခံရပြီးနောက် အာဖဂန်နစ္စတန်တွင် ခိုလှုံခဲ့သည်။

Website တွင် ဆက်လက်ဖတ်ရှုပါ - https://burma.irrawaddy.com/article/2026/09/12/416228.html
15👎11👍9🤔1
😁19👍3😱2😭1
မင်းအောင်လှိုင်နှင့် ပတ်သက်၍ ထိုင်းအစိုးရ ရပ်တည်ချက် ကန်နာဝီ မေးခွန်းထုတ်

ဧရာဝတီ၊ စက်တင်ဘာ ၁၂၊ ၂၀၂၆

ထိုင်းနိုင်ငံအနေဖြင့် ပြည်သူများ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးဘက်တွင် ရပ်တည်မည်လား၊ သို့မဟုတ် မင်းအောင်လှိုင် တည်ဆောက်နေသည့် တရားဝင်မှုမြေပုံပေါ်မှ နောက်ဆုံးအပိုင်းအစအဖြစ် မိမိကိုယ်ကို အသုံးချခံမည်လားဟု မြန်မာ့အရေးနှင့် လူ့အခွင့်အရေးလှုပ်ရှားသူ ထိုင်းအမတ်ဟောင်း ကန်နာဝီက လူမှုကွန်ရက်မှတဆင့် မေးခွန်း ထုတ်သည်။

မင်းအောင်လှိုင်နှင့် ဟွန်ဆန်တို့ ကော်ဇောနီပေါ်တွင် လက်ချင်းဆုပ်ကိုင်၍ အတူတကွ လျှောက်လှမ်းနေသည့်ပုံသည် သာမန်သံတမန်ရေးအခမ်းအနားတခု သို့မဟုတ် ခေါင်းဆောင်နှစ်ဦးကြား ပုဂ္ဂိုလ်ရေးခင်မင်မှုကို ပြသသည့်ပုံမျှသာ မဟုတ်ဘဲ အာဏာသိမ်းသမ္မတအနေဖြင့် နိုင်ငံတကာနှင့် ဒေသတွင်း ဆက်ဆံရေး ပုံမှန်ပြန်လည်တည်ဆောက်ရေး ကြိုးပမ်းမှုအတွင်း အရေးပါသည့် ပုံရိပ်တခုဖြစ်ကြောင်း ၎င်းက ပြောသည်။

စက်တင်ဘာ ၁၁ ရက်တွင် ကမ္ဘောဒီးယားဘုရင် နိုရိုဒမ် သီဟမုနိ၏ ဖိတ်ကြားချက်ဖြင့် ရောက်ရှိနေသော မင်းအောင်လှိုင်ကို ဟွန်ဆန်က နိုင်ငံတော်အကြီးအကဲအဖြစ် တရားဝင်ကြိုဆိုခဲ့ကြောင်း၊ စစ်ယူနီဖောင်းမှ ဝတ်စုံပြောင်းလဲဝတ်ဆင်ပြီး ရာထူးအမည်ကို “သမ္မတ” ဟု ပြောင်းလဲထားသော်လည်း မြန်မာပြည်သူများကို ဖိနှိပ်နေသည့်အာဏာရှင်ဖွဲ့စည်းပုံကို အနည်းငယ်မျှပင် မပြောင်းလဲသေးသူအား သံတမန်ရေးနည်းလမ်းဖြင့် ပုံမှန်ခေါင်းဆောင်တဦးအဖြစ် အသိအမှတ်ပြုလိုက်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျနော် တည့်တည့်ပြောပါမယ်။ ဒီပုံကို မြင်လိုက်ရချိန်မှာ လူအများအနေနဲ့ Scammer နယ်မြေနှစ်ခုရဲ့ ဘုရင်နှစ်ပါး လက်ချင်းတွဲပြီး အတူတကွ လျှောက်လှမ်းလာကြသလိုပဲ” ဟု ၎င်းက ပြောသည်။

မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် ကျားဖြန့်လုပ်ငန်းများ၊ ကောလ်စင်တာများ၊ လူကုန်ကူးမှု၊ အတင်းအကျပ် ရာဇဝတ်မှုကျူးလွန်စေမှုနှင့် နိုင်ငံဖြတ်ကျော် ငွေကြေးခဝါချမှုများ ကြီးထွားနေသည့်အခြေအနေတွင် ခေါင်းဆောင်နှစ်ဦး၏ တွေ့ဆုံမှုအတွင်း ယင်းပြဿနာများကို မည်မျှအထိ ထည့်သွင်းဖြေရှင်းမည်ကို စောင့်ကြည့်ရမည်ဟုလည်း ဆိုသည်။

ထိုင်းနိုင်ငံသည် မင်းအောင်လှိုင်အတွက် ကော်ဇောနီခင်းပေးခဲ့ခြင်းအတွက် မည်သည့်ကတိကဝတ်များ ပြန်လည်ရရှိခဲ့သလဲဟု ၎င်းက မေးခွန်းထုတ်သည်။

အကယ်၍ မင်းအောင်လှိုင်အနေဖြင့် အာဆီယံဘုံသဘောတူညီမှုအပါအဝင် အရပ်သားများကို အကြမ်းဖက်မှုရပ်တန့်ရန် သဘောတူလုပ်ဆောင်ခြင်းမရှိပါက ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံကို ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် ပြန်လည် ပို့ဆောင်ပေးသည့်“တံတား”မဟုတ်ဘဲ မင်းအောင်လှိုင်ကို တရားဝင်မှုဆီသို့ ပြန်လည်ပို့ဆောင်ပေးနေသည့် “ကော်ဇောနီ” ဖြစ်နေသည်ဟု ၎င်းက ဝေဖန်ထောက်ပြခဲ့သည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
49👍12😁12🤔1😭1
နှလုံးသား ရသ နှင့် ဦးနှောက်ကို ထွန်းညှိခြင်း

အခု စနေမှာ စာရေးဆရာ တင်ညွန့် ရဲ့ ဆောင်းပါး တပုဒ်ကို ပြန်လည် တင်ဆက် ပေးထားပါတယ်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2026/09/12/416191.html
23👍16😁2🤔2
၂၀၂၄ ခုနှစ် မတ်လက ဧရာဝတီမှာ မြန်မာ နဲ့ အိမ်နီးချင်း နိုင်ငံများ အကြောင်း ရေးထားတဲ့ သူ့အတွေးသူ့အမြင်ကို ပြန်လည် ဖော်ပြလိုက်ပါတယ်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/opinion/viewpoint/2024/03/06/380507.html
👍396😁5