၈၈ ကျောင်းသားခေါင်းဆောင် ဦးမောင်မောင်ကျော် ဈာပန
ဧရာဝတီ၊ စက်တင်ဘာ ၆၊ ၂၀၂၆
ရှစ်လေးလုံး အရေးတော်ပုံ၌ ထင်ရှားသည့် ကျောင်းသားခေါင်းဆောင် ဦးမောင်မောင်ကျော် (ခ) ဦးကျော်စွာထွဋ် (၅၉ နှစ်) ၏ ဈာပနကို စက်တင်ဘာ ၅ ရက်တွင် အမေရိကန်ပြည်ထောင်စု အင်ဒီယာနာပိုလစ်ပြည်နယ် Noblesville မြို့၌ ပြုလုပ်ခဲ့သည်။
ဦးမောင်မောင်ကျော်သည် ဩဂုတ်လ ၂၃ ရက်က ကွယ်လွန်ခဲ့ခြင်းဖြစ်ကာ ကွယ်လွန်ချိန်၌ အသက် ၅၉ နှစ်ရှိပြီ ဖြစ်သည်။ ဈာပနအခမ်းအနားသို့ ဗမာပြည်ပြည်သူ့လွတ်မြောက်ရေး လူငယ်တပ်ဦး (Burma Youth Liberation Front -BYLF) အဖွဲ့ဝင်များ၊ မိတ်ဆွေများတက်ရောက်၍ အမှတ်တရစကားများပြောဆိုခြင်း လွမ်းသူ့ပန်းခွေပေးပို့ခြင်းအပြင် ပြည်သူ့ဂုဏ်ရည်အသင်း၊ လုပ်သားများကောလိပ်၊ ရန်ကုန်တက္ကသိုလ်ကျောင်း သားသပိတ် “တိုက်ပွဲဝင်အင်းစိန်အုပ်စု” တို့ကလည်း လွမ်းသူ့ပန်းခွေများ ပေးပို့ခဲ့ကြသည်။
လက်ဝဲနိုင်ငံရေးသမား စာရေးဆရာ ဒါရိုက်တာ မောင်မောင်နေဝင်း (ဂန္တဝင်မောင်ဝိုင်း) နှင့် အမိ ဒေါ်လှမြင့် (ခ) တက္ကသိုလ် မကျည်းတန် တို့၏သားဖြစ်ပြီး၊ မွေးချင်း ၈ ဦးအနက် အကြီးဆုံးသားလည်း ဖြစ်သည်။ သရုပ်ဆောင် ဗေလု၀ (မောင်မောင် မြင့်အောင်) ၏တူဖြစ်သဖြင့် စာပေနှင့် နိုင်ငံရေးအသိုင်းအဝိုင်းတွင် ကြီးပြင်းရသည့် တောင်ဥက္ကလာသားတဦး ဖြစ်သည်။
ဦးမောင်မောင်ကျော်အနေဖြင့်လည်း ၁၉၈၈ မတ်လကျောင်းသားလှုပ်ရှားမှုမှသည် သြဂုတ် ၈ ရက် ရှစ်လေးလုံး အရေးတော်ပုံတိုင် အဓိကလှုပ်ရှားမှုကြီး ၃ ခုအနက် ဇွန်လကျောင်းသားလှုပ်ရှားမှု၏ အဓိကခေါင်း ဆောင်ဟု ကျောင်းသားအရေး တက်ကြွလှုပ်ရှားသူများက လက်ခံထားကြသူလည်းဖြစ်သည်။
ဇွန်ကျောင်းသားများ လှုပ်ရှားမှုများမှစ၍ တပါတီအာဏာရှင်စနစ်ပြုတ်ကျရေး ပိုမိုအားကောင်းလာရာ ရွှေတိဂုံရင်ပြင် ဆန္ဒပြပွဲများ ရှစ်လေးလုံး လူထုအုံကြွမှုကြီးအထိ ဖြစ်ပေါ်သည်။
သူသည် လူထုအုံကြွမှုနှင့် လက်နက်ကိုင်တော်လှန်ရေး ပေါင်းစပ်သည့် လမ်းကြောင်းကိုချမှတ်ကာ BYLF ကျောင်းသား ၅ ဦးဖြင့် စတင်ဖွဲ့စည်းပြီး ထိုင်း- မြန်မာနယ်စပ်ရှိ အတိုက်အခံ နိုင်ငံရေးအင်အားစုများဖြင့် ဆက်သွယ်ရန် အစောဆုံး ထွက်ခွာခဲ့သူဖြစ်သည်။
နောက်ပိုင်း ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်ရာ စစ်အစိုးရ၏ ဖမ်းဆီးခြင်းကိုခံရပြီးနောက် ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး လွတ်မြောက်လာသည့်အခါ အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွှေ့ အခြေချခဲ့ခြင်း ဖြစ်သည်။
ဓာတ်ပုံ- Khin Maung Lay, Wunna Tun

❤21👍16😭12
ပလက်ဝတွင် ရခိုင်ဘာသာဖြင့် စာသင်ကြားမှု ခူမီးအဖွဲ့ကန့်ကွက်
ဧရာဝတီ၊ စက်တင်ဘာ ၆၊ ၂၀၂၆
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် အာရက္ခတပ်တော် (AA) က ၁၂ တန်း (G-12) မြန်မာစာအား ရခိုင်ဘာသာသင်ရိုးသစ်ဖြင့် သင်ကြားပေးနေမှုသည် ဒေသခံချင်းတိုင်းရင်းသားများအပေါ် မထီမဲ့မြင်ပြုရာရောက်ပြီး စိတ်ဝမ်းကွဲမှု ဖြစ်စေသည့်အတွက် ကန့်ကွက်ကြောင်း ကမ္ဘာလုံးဆိုင်ရာ ခူမီးအဖွဲ့အစည်း (GKO) က ယနေ့တွင် ကြေညာချက်ထုတ်ပြန်သည်။
ဒေသခံ ပြည်သူအများစု၏ သဘောဆန္ဒ မပါဘဲ လူနည်းစု၏ ဘာသာ စကားဖြင့် မိမိတို့အလိုကျ အတင်းအဓမ္မ လုပ်ဆောင်ခြင်းသည် ကုလသမဂ္ဂ၏ ဌာနေတိုင်းရင်းသားများဆိုင်ရာ အခွင့်အရေး ကြေညာ စာတမ်း (UNDRIP) ကို ချိုးဖောက်ရာ ရောက်နေကြောင်းလည်း GKO က ဆိုသည်။
ပလက်ဝမြို့နယ်တွင် ခူမီး၊ ရခိုင်၊ ဒိုင်၊ လေးတူ၊ မတူ၊ မရာ၊ မြို၊ အနူး၊ ခေါင်စို၊ မီဇို၊ ပနန်း၊ ဗမာ၊ ဒိုင်းနက်၊ ဟိန္နူ စသည့်လူမျိုးပေါင်းစုံ ဦးရေ ၁ သိန်းခန့်ရှိသည့်အနက် ခူမီးမှာ အများဆုံးနေထိုင်ကြကြောင်း သိရသည်။
AA ၏ အာရက္ခ အမျိုးသားပညာရေးဌာနအနေဖြင့် ယခုနှစ် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှ စတင်ကာ ၎င်းတို့ ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ်အတွင်းမှ ၁၄ မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် ၁၂ တန်း (ဒွါဒသမတန်း) မြန်မာစာကို ရခိုင်ဘာသာ သင်ရိုးသစ်ဖြင့် အစားထိုးသင်ကြားရန် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
၂၀၂၃ ခုနှစ်မှစတင်သည့် AA ထိုးစစ်များအတွင်း ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ တောင်ကုတ်၊ အမ်း၊ ဂွ၊ သံတွဲနှင့် ရမ်းဗြဲမြို့နယ်တို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး AA ၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ပညာရေးတို့ အပါအဝင် အစိုးရယန္တရားများလည်ပတ်လျက် ရှိသည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup

👍28😁4👎2😱2
ဗန်းမော် စင်းခန်းတံတား ဗုံးကြဲခံရ
ဧရာဝတီ၊ စက်တင်ဘာ ၆၊ ၂၀၂၆
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်များတိုက်ခိုက်မှုကြောင့် စစ်အုပ်စု၏သင်္ဘောအုပ်စုမှ တချို့ မီးလောင်ပျက်စီးခဲ့ရပြီး ရေယာဉ်ပေါ်ပါ စစ်သည်နှင့် မိသားစုဝင်များ စင်းခန်းတံတားအနီးလက်နက်ချ အညံ့ခံရမှုဖြစ်စဉ်များအပြီး ယနေ့တွင် စင်းခန်းတံတားရှိရာသို့ အာဏာသိမ်းစစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဗန်းမော်ရှေ့တန်းသတင်း အရင်းအမြစ်တဦးက “ ဗုံးကြဲခံရတာ ဟုတ်တယ်၊ သံဘောင်တွေပဲ ပျက်စီးတယ်” ဟု ပြောသည်။
ကချင်သတင်းအရင်းအမြစ်အချို့၏ လူမှုကွန်ရက်တွင်ဖော်ပြချက်များအရ တံတားအရှေ့ကမ်းခြေဆင်း တံတားကိုယ်ထည်နှင့် အောက်ခြေတိုင်အနည်းငယ် ထိခိုက်ပျက်စီးခဲ့သည်ကို တွေ့ရသည်။
စင်းခန်းဒေသသည် ဗန်းမော်ထိုးစစ်အတွက် အရေးပါသည့် အချက်အချာကျသော နေရာဖြစ်ပြီး စစ်တပ်ဘက်က ထိုးစစ်ဆင်လာမှုကြောင့် ပြီးခဲ့သည့် ဇွန်လမှစတင်၍ သွားလာဖြတ်သန်းမှုများ ယာယီပိတ်ပင်ထားကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ၂ ရက်က ရွှေကူမှဗန်းမော်မြို့သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုသင်္ဘောများအား KIA ပူးပေါင်းတပ်များ တိုက်ခိုက်ရာတွင် စင်းခန်းတံတားအနီး သင်္ဘောပျက်စီးမှုများရှိခဲ့ပြီး စစ်သားများနှင့် မိသားစုဝင် ၁၉၀ ဦးခန့် ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။

👎47❤9😁8👍1😱1
အင်ဒိုနီးရှား မီးတောင်ပေါက်ကွဲမှုကြောင့် လေဆိပ် ၈ ခု ပိတ်လိုက်ရသဖြင့် ခရီးသည် ၁၇၀,ဝဝဝ သောင်တင်နေ
ဧရာဝတီ၊ စက်တင်ဘာ ၇၊ ၂၀၂၆။
အင်ဒိုနီးရှားနိုင်ငံ အာနတ် ကရာကတောင်း (Anak Krakatau) မီးတောင်ပေါက်ကွဲမှုကြောင့် ပြာပူများနှင့် ချော်ရည်များ လေထုအတွင်း ပျံ့နှံ့သွားခဲ့ရာ ဂျာကာတာမြို့ရှိ စူးကာနို-ဟာတာ အပါအဝင် အဓိက လေဆိပ် (၈) ခုကို ပိတ်သိမ်းခဲ့ရသည်။
ယင်းကြောင့် လေယာဉ်ခရီးစဉ်ပေါင်း ၁,၅၀၀ ကျော် ဖျက်သိမ်း/ကြန့်ကြာခဲ့ရပြီး ခရီးသည် ၁၇၀,ဝဝဝ နီးပါး လမ်းခုလတ်တွင် သောင်တင်နေခဲ့သည်။ ထို့အပြင် ဂျာကာတာရှိ ကျောင်းများကို အွန်လိုင်းသင်ကြားရေးသို့ ပြောင်းလဲခဲ့ပြီး မီးတောင်အနီး ပင်လယ်ရေကြောင်း သွားလာရေးများကိုလည်း ကန့်သတ်ထားသည်။
အဆိုပါ မီးတောင်သည် ၁၈၈၃ ခုနှစ်က လူပေါင်း ၃၅,၀၀၀ ကျော် သေဆုံးခဲ့သည့် သမိုင်းဝင် ကရာကတောင်း မီးတောင်ကြီး၏ ပေါက်ကွဲမှုမှ ပေါ်ထွက်လာခြင်း ဖြစ်သည်။ ယခု မီးတောင်ပေါက်ကွဲမှုမှာ ဆူနာမီဖြစ်ပေါ်နိုင်ခြေ မရှိဟု အာဏာပိုင်များက အတည်ပြုထားသော်လည်း မီးတောင်အနီး ၃ ကီလိုမီတာ ပတ်လည်သို့ မည်သူမျှ မချဉ်းကပ်ရန် သတိပေးထားသည်။
ကိုးကား။ ။ The Guardian သတင်း Volcano eruption in Indonesia leaves 170,000 travellers stranded as eight airports closed

😱20👍9❤8😁2👎1
ထရမ့် ဆံပင်အရောင်သစ် လူပြောများနေ
ဧရာဝတီ၊ စက်တင်ဘာ ၇၊ ၂၀၂၆။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ ထူးခြားသည့် ဆံပင်ပုံစံမှာ ဆယ်စုနှစ်များစွာ ကြာမြင့်သည်အထိ လူပြောများသည့် အကြောင်းအရာတခု ဖြစ်ခဲ့သည်။ လတ်တလောတွင် ၎င်း၏ နဂိုရွှေဝါရောင် ဆံပင်အစား ပိုမိုရင့်သော အရောင်ပြောင်းသွားသည့် ဓာတ်ပုံများ အင်တာနက်တွင် ထွက်ပေါ်လာပြီးနောက် လူမှုကွန်ရက်ပေါ်တွင် ပွဲဆူသွားသည်။
အသက် ၈၀ အရွယ် သမ္မတ ထရမ့်သည် ဆံပင်အတု တပ်ထားခြင်း မဟုတ်ကြောင်း ငြင်းဆိုလေ့ရှိသော်လည်း၊ ဂျာနယ်လစ်များနှင့် အဝန်းအဝိုင်းအသီးသီးမှ ဝေဖန်သူများက ၎င်း၏ နယူးဂျာစီ ခရီးစဉ်အတွင်း မြင်တွေ့ရသည့် ဆံပင်အရောင်သစ်ကို လှောင်ပြောင်ဝေဖန်လျက် ရှိကြသည်။
သောကြာနေ့က နယူးဂျာစီပြည်နယ်၊ မောရစ်စတောင်းရှိ လေဆိပ်ပြေးလမ်းပေါ်တွင် ရေတပ်ပြာရောင် ဝတ်စုံနှင့် အဝါရောင် ကုတ်အင်္ကျီနက်ကတိုင်ကို ဝတ်ဆင်ထားသည့် ထရမ့်သည် သတင်းထောက်များကို လက်ပြနှုတ်ဆက်နေစဉ် အဆိုပါ ဆံပင်အရောင်သစ်ဖြင့် တွေ့ရှိခဲ့ရခြင်းဖြစ်သည်။
"ထရမ့်ရဲ့ ဆံပင် ဘာတွေဖြစ်ကုန်တာလဲ" ဟု ဂျာနယ်လစ် Aaron Rupar က စနေနေ့တွင် X (ယခင် Twitter) ပေါ်၌ ရေးသားခဲ့သည်။
ထရမ့်ကို ဝေဖန်သူ ရှေ့နေ George Conway က "အခြေခံဥပဒေ ပြင်ဆင်ချက် အပိုဒ် ၂၅ အရ သမ္မတရဲ့ ဒီဆံပင်ပုံစံကို တခုခု အရေးယူ ဆောင်ရွက်ဖို့ လိုနေပြီ" ဟု ရွှတ်နောက်နောက်ဖြင့် X ပေါ်တွင် ရေးသားခဲ့သည်။
ဂျာနယ်လစ် Yashar Ali က လေဆိပ်မှ ထရမ့်၏ ဓာတ်ပုံများကို တင်ပြပြီး "ဒီဆံပင်ကြီးက ဘာလဲ? Getty Images ကနေ ငါကိုယ်တိုင် ဒီပုံတွေကို ယူထားတာ မဟုတ်ရင် လုံးဝ ယုံမှာမဟုတ်ဘူး" ဟု ရေးသားခဲ့သည်။
ထရမ့်ကို မကြာခဏ ဝေဖန်လေ့ရှိသည့် အောက်လွှတ်တော်အမတ်ဟောင်း Adam Kinzinger ကလည်း "မင်း ငါ့ကို နောက်နေတာတော့ မဟုတ်ပါဘူးနော်" ဟု စာလုံးကြီးများဖြင့် ရေးသားခဲ့သည်။
"ထရမ့်က အခု ဆံပင်ညိုသူ စာရင်းဝင်သွားပြီ" ဟု ဂျာနယ်လစ် Molly Jong-Fast က ရေးခဲ့သည်။
စာရေးဆရာမ Anne Lamott က "ငါတော့ သဘောကျတယ်၊ ပိုငယ်သွားသလိုပဲ၊ ဂျိမ်းစ်ဘွန်း မင်းသား ပီးယာ့စ် ဘရော့စနန် နဲ့ တောင် တူနေသေးတယ်" ဟု ရေးသားခဲ့သည်။
ပြီးခဲ့သည့်လကလည်း ထရမ့်၏ ရွှေဝါရောင် ဆံပင်မှာ ပိုမို တောက်ပပြီး ထူထဲလာပုံရသဖြင့် လူပြောများခဲ့သေးသည်။
ပြီးခဲ့သည့်လက လတ်စ်ဗေးဂတ်စ်တွင် မိန့်ခွန်းပြောစဉ်က သမ္မတ၏ ဆံပင်ပုံစံနှင့် ပတ်သက်၍ အင်တာနက်ပေါ်တွင် လူအများအပြား ဆွေးနွေးခဲ့ကြသည်။
"ထရမ့် ဆံပင်အတု စွပ်ထားတာလား၊ မဟုတ်ရင်ရော အဲ့မှာ ဘာတွေဖြစ်နေတာလဲ" ဟု ဂျာနယ်လစ် Rupar က X တွင် ရေးခဲ့ဖူးသည်။
ဗုဒ္ဓဟူးနေ့က အိမ်ဖြူတော် နှင်းဆီဥယျာဉ်တွင် ပြောကြားခဲ့သည့် မိန့်ခွန်းတခုတွင် ထရမ့်က "နှစ်ပေါင်းများစွာတည်းက 'သူ ဆံပင်အတု စွပ်ထားတာ' လို့ လူတွေ ပြောတာကို ငါ ခံခဲ့ရတာ၊ ငါ ဆံပင်အတု စွပ်မထားပါဘူး" ဟု ငြင်းဆိုခဲ့သည်။
ထရမ့်၏ ထူးခြားသည့် ဆံပင်ပုံစံသည် ဆယ်စုနှစ်များစွာ စိတ်ဝင်စားစရာ အကြောင်းအရာတခု ဖြစ်ခဲ့ပြီး နိုင်ငံရေးလောကသို့ မဝင်ရောက်မီ တီဗီစကားဝိုင်းများတွင် ပါဝင်စဉ်ကတည်းက လူပြောများခဲ့သည့် အကြောင်းအရာတခု ဖြစ်သည်။
ကိုးကား။ ။ The Independent သတင်း ‘What’s going on with Trump’s hair?’ Internet puzzled over president’s new brunette coiffure

😁35❤7👍7
ဗီယက်နမ်နှင့် မြန်မာ ဘာကွာလဲ
ဧရာဝတီ၊ စက်တင်ဘာ ၇၊ ၂၀၂၆။
မြန်မာစစ်ခေါင်းဆောင် နောက်ဆုံး သွားလည်သည့် ဗီယက်နမ်သည် အရှေ့တောင်အာရှဒေသတွင်းတွင် သမိုင်းကြောင်း၊ ပထဝီဝင်အနေအထားနှင့် သယံဇာတ ကြွယ်ဝမှုတို့၌ မြန်မာနှင့် အနီးစပ်ဆုံး တူညီသည်ဟု ဆိုနိုင်သည်။ သို့သော် လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်အတွင်း စီးပွားရေး တိုးတက်မှုနှုန်း၊ အုပ်ချုပ်ရေး ယန္တရားနှင့် ပြည်သူတို့၏ လူနေမှုအဆင့်အတန်းတို့တွင်မူ ထိုနိုင်ငံနှစ်ခု၏ လမ်းကြောင်းမှာ လုံးဝ ဆန့်ကျင်ဘက်သို့ ရောက်ရှိသွားခဲ့သည်။
စစ်အေးတိုက်ပွဲ အဆုံးသတ်ကာလ ဗဟိုချုပ်ကိုင်မှုလွန်ကဲသော ဆိုရှယ်လစ် စီးပွားရေးစနစ် အဆင်မပြေတော့သည့် ၁၉၈၀ ခုနှစ်များ နှောင်းပိုင်းတွင် ဗီယက်နမ်ရော မြန်မာနိုင်ငံတို့သည် ဈေးကွက်စီးပွားရေးစနစ်သို့ ရှေ့ဆင့်နောက်ဆင့် ကူးပြောင်းရန် ကြိုးပမ်းခဲ့ကြသည်။ သို့သော်လည်း ဗီယက်နမ်နိုင်ငံသည် စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွင် အောင်မြင်မှု ရရှိခဲ့ပြီး မြန်မာနိုင်ငံမှာမူ ကျရှုံးမှုနှင့် ရင်ဆိုင်ခဲ့ရသည်။
ထိုသို့ လမ်းကြောင်းနှစ်ခု အကွဲပြားကြီး ကွဲပြားသွားပုံကို ဧရာဝတီက အကြမ်းဖျင်း နှိုင်းယှဉ်ထားသည်။
၁။ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများနှင့် တိုးတက်မှု လမ်းကြောင်း
၁၉၈၆ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံသည် ဗဟိုချုပ်ကိုင်မှုစနစ်ကြောင့် စီးပွားရေးကြပ်တည်းမှု၊ ငွေကြေးဖောင်းပွမှုနှင့် ပြည်ပပိတ်ဆို့မှုများကို ရင်ဆိုင်ခဲ့ရသဖြင့် Doi Moi (ဓလေ့သစ် ပြုပြင်ပြောင်းလဲရေး) ကို စတင်ခဲ့သည်။ "ဈေးကွက်အခြေပြု ဆိုရှယ်လစ်စီးပွားရေးစနစ်" သို့ ကူးပြောင်းကာ ပုဂ္ဂလိကကဏ္ဍကို ခွင့်ပြုခြင်း၊ ၁၉၈၇ တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) ဥပဒေ ပြဋ္ဌာန်းခြင်းနှင့် ၁၉၉၅ တွင် အာဆီယံအဖွဲ့ဝင်ဖြစ်လာကာ အမေရိကန်နှင့် သံတမန်ဆက်ဆံရေး ပုံမှန်ပြန်လည်ထူထောင်ခြင်းတို့ လုပ်ဆောင်ခဲ့သည်။
ထို အကူးအပြောင်းကြောင့် ဗီယက်နမ်သည် ဆင်းရဲမွဲတေမှုနှုန်းကို ၅၀% မှ ၁၀% အောက်သို့ လျှော့ချနိုင်ခဲ့ပြီး အဓိက ဆန်တင်ပို့သည့် နိုင်ငံဖြစ်လာခဲ့သည်။ ယနေ့တွင် Apple, Samsung, LG စသည့် ကမ္ဘာ့နည်းပညာကုမ္ပဏီကြီးများ အခြေစိုက်ရာ "ကမ္ဘာ့ကုန်ထုတ်လုပ်မှု ဗဟိုချက်" (Global Manufacturing Hub) အဖြစ် ရောက်ရှိခဲ့ပြီး နှစ်စဉ် GDP တိုးတက်မှု ၆% အထက် ပုံမှန် ထိန်းထားနိုင်သည်။
မြန်မာနိုင်ငံတွင်မူ ၁၉၈၈ ခုနှစ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ပြိုလဲပြီးနောက် တပ်မတော်မှ အာဏာသိမ်းယူကာ မဆလ၏ ဗဟိုချုပ်ကိုင်မှုစနစ်ကို စွန့်လွှတ်၍ "ဈေးကွက်စီးပွားရေးစနစ်" (Market-oriented Economy) သို့ ကူးပြောင်းမည်ဟု တရားဝင် ကြေညာခဲ့သည်။ သို့သော်လည်း ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ရလဒ်ကို ငြင်းပယ်ခဲ့ခြင်းကြောင့် ပြည်တွင်းတွင် နိုင်ငံရေးအရ တည်ငြိမ်မှု လုံးဝ မရှိခဲ့ပေ။
စစ်အစိုးရသည် ပြည်သူ့တရားဝင် ထောက်ခံမှု မရှိဘဲ စစ်အာဏာပိုင်စနစ်ဖြင့်သာ ဖိနှိပ်အုပ်ချုပ်ခဲ့သဖြင့် ရေရှည် စီးပွားရေး မူဝါဒများကို ယုံကြည်စိတ်ချစွာ အကောင်အထည်မဖော်နိုင်ခဲ့ပါ။ မူဝါဒ မရေရာမှုများ၊ စီးပွားရေး ပိတ်ဆို့မှုများ (Sanctions)၊ ငွေကြေးနှင့် ပို့ကုန်သွင်းကုန် ထိန်းချုပ်မှုများကြောင့် စက်မှုကဏ္ဍ မဖွံ့ဖြိုးဘဲ သဘာဝဓာတ်ငွေ့၊ သစ်နှင့် ကျောက်သံပတ္တမြား ကဲ့သို့သော သယံဇာတများကိုသာ အဓိက မှီခိုသည့် သယံဇာတ ကျိန်စာ (Resource Curse) ကို ရင်ဆိုင်ခဲ့ရသည်။
၂။ နိုင်ငံရေး တည်ငြိမ်မှုနှင့် အုပ်ချုပ်ရေး စနစ်
အာဏာရှင်ဆန်သော အုပ်ချုပ်ရေးစနစ်ချင်း တူညီသော်လည်း စနစ်ဖွဲ့စည်းပုံ ကွဲပြားမှုကြောင့် တည်ငြိမ်မှု ကွာခြားသွားသည်။
ဗီယက်နမ် (စုပေါင်းခေါင်းဆောင်မှု): ဗီယက်နမ် ကွန်မြူနစ်ပါတီသည် တဦးတည်း အာဏာရှင်စနစ် မဟုတ်ဘဲ ပါတီအထွေထွေအတွင်းရေးမှူးချုပ်၊ သမ္မတ၊ ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌ တို့ ပါဝင်သော "မဏ္ဍိုင်ကြီး (၄) ရပ်" စုပေါင်းခေါင်းဆောင်မှု စနစ်ဖြင့် ထိန်းကျောင်းသည်။ ပါတီတွင်း သက်တမ်း ကန့်သတ်ချက်များ သတ်မှတ်ထားသဖြင့် စနစ်ပြိုလဲမှု မရှိပေ။ ထို့အပြင် "ဝါး သံတမန်ရေး" (Bamboo Diplomacy) ကို သုံး၍ အမေရိကန်၊ တရုတ်၊ ရုရှားတို့အကြား ဟန်ချက်ညီအောင် ထိန်းထားသည်။
မြန်မာ (တဦးတည်း/စစ်တပ် ဗဟိုပြုအာဏာရှင်): မြန်မာစစ်တပ်သည် စစ်ခေါင်းဆောင် တဦးတည်း၏ အာဏာပေါ်တွင် ဗဟိုပြုလေ့ရှိပြီး ပြည်သူ့ဆန္ဒကို ဖိနှိပ်ခြင်းနှင့် စစ်ပွဲများကြောင့် ရေရှည် မတည်ငြိမ်မှုကို ရင်ဆိုင်ရသည်။ ထို့အပြင် ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သော တိုင်းရင်းသားလက်နက်ကိုင် ပြည်တွင်းစစ်များကြောင့် နယ်မြေအမြောက်အမြားတွင် အုပ်ချုပ်ရေး စိုးမိုးနိုင်စွမ်း အားနည်းသည်။
၃။ အဂတိလိုက်စားမှုနှင့် ခရိုနီစနစ် ကွဲပြားချက်
နိုင်ငံနှစ်ခုလုံးတွင် အဂတိလိုက်စားမှုနှင့် ခရိုနီများ ရှိကြသော်လည်း စီးပွားရေးအပေါ် သက်ရောက်ပုံမှာ ဆန့်ကျင်ဘက် ဖြစ်နေပါသည်။

😭18❤8👍8🤔2👎1
ပထမဦးစွာ အဂတိလိုက်စားမှု ကိုင်တွယ်ပုံနှင့် ပတ်သက်၍ ဗီယက်နမ်နိုင်ငံသည် "Blazing Furnace" စီမံချက်ဖြင့် သမ္မတ၊ ဝန်ကြီးများနှင့် ဘီလီယံနာ သူဌေးကြီးများကိုပါ ကင်းလွတ်ခွင့်မပေးဘဲ သေဒဏ် သို့မဟုတ် ထောင်ဒဏ်များဖြင့် ပြင်းထန်စွာ အရေးယူပြလေ့ရှိသည်။ မြန်မာနိုင်ငံတွင်မူ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို နိုင်ငံရေးပြိုင်ဘက်များအား အရေးယူရန်အတွက်သာ အဓိက အသုံးချလေ့ရှိပြီး အာဏာပိုင်များနှင့် နီးစပ်သည့် စစ်တပ်အသိုင်းအဝိုင်းမှာ ကင်းလွတ်ခွင့် ရရှိနေကြသည်။
ဒုတိယအချက်အဖြစ် စီးပွားရေးအပေါ် သက်ရောက်မှုကို ကြည့်ပါက ဗီယက်နမ်၏ အဂတိမှာ လာဘ်ယူမှုများ ရှိသော်လည်း စက်ရုံများနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများကို လျှင်မြန်စွာ လည်ပတ်ခွင့်ပေးသည့် "Greasing the Wheels" (စက်ဆီထည့်ပေးသည့် အဂတိ) ပုံစံ ဖြစ်သည်။ အဂတိလိုက်စားမှု ရှိသော်လည်း အခြေခံအဆောက်အအုံ ဆောက်လုပ်ရေး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု (FDI) ဝင်ရောက်ရေးနှင့် စက်ရုံ/အလုပ်ရုံများ လည်ပတ်ရေးတို့တွင် စီးပွားရေး မူဝါဒ ပျက်စီးသွားသည်အထိ အာဏာပိုင်များက လက်ဝါးကြီးအုပ်ခြင်း မရှိပါ။ အဂတိလိုက်စားမှုတွင် "ခန့်မှန်းရလွယ်သည့် စည်းကမ်းများ" ရှိသည်။ မည်သည့်ဌာနတွင် မည်မျှပေးရမည်၊ ပေးပြီးပါက အလုပ်ဖြစ်မည်ဆိုသည့် အတိုင်းအတာကို စီးပွားရေးသမားများ တွက်ချက်နိုင်သည်။
မြန်မာနိုင်ငံတွင်မူ မူဝါဒနှင့် လိုင်စင် အကန့်အသတ်များပြားပြီး စီးပွားရေးစနစ်တစ်ခုလုံးကို ပိတ်ဆို့တန့်ဆိုင်းစေသည့် "Gravel in the Gears" (စက်ယန္တရားကြား ခဲခုသည့် အဂတိ) ပုံစံ ဖြစ်နေသည်။ မူဝါဒများ မကြာခဏ ပြောင်းလဲခြင်းနှင့် အာဏာပိုင် အဖွဲ့အစည်း အသီးသီး၏ ပေးရသည့် အနိမ့်အမြင့် မရေရာခြင်းတို့ကြောင့် ရင်းနှီးမြှုပ်နှံသူများအတွက် ခန့်မှန်းရ အလွန်ခက်ခဲသည်။ မူဝါဒနှင့် လိုင်စင် အကန့်အသတ်များပြားသဖြင့် လာဘ်ပေးရုံဖြင့် လုပ်ငန်းများ လွယ်ကူမသွားဘဲ စီးပွားရေး ပတ်ဝန်းကျင်တခုလုံးကို ပျက်စီးစေသည်။
နောက်ဆုံးအချက်ဖြစ်သော ခရိုနီစနစ်တွင် ဗီယက်နမ် ခရိုနီများသည် အိမ်ခြံမြေ၊ လျှပ်စစ်ကားနှင့် နည်းပညာကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) များကို အပြိုင်အဆိုင် ဝင်ရောက်ခွင့်ပြုထားသည်။ မြန်မာ ခရိုနီများမှာမူ သဘာဝသယံဇာတများနှင့် အစိုးရ ပါမစ်/လိုင်စင်များကို လက်ဝါးကြီးအုပ်၍ ပြိုင်ဆိုင်မှုကို ပိတ်ပင်ကာ ကိုယ်ကျိုးရှာကြသဖြင့် စီးပွားရေး ပျက်စီးမှုကို ပိုမို ဖြစ်ပေါ်စေသည်။
နဂိုတူသော်လည်း လမ်းခွဲခဲ့သော သင်ခန်းစာ
ဗီယက်နမ်၏ အောင်မြင်မှုမှာ "မူဝါဒ တည်ငြိမ်ရေး၊ နိုင်ငံတကာနှင့် ပူးပေါင်းရေးနှင့် စက်မှုကုန်ထုတ်လုပ်မှုကို အာရုံစိုက်ရေး" ပေါ်တွင် မူတည်ခဲ့ပြီး ပြည်သူများ၏ လူနေမှုဘဝကို မြှင့်တင်ပေးနိုင်ခဲ့သည်။ မြန်မာနိုင်ငံ၏ စီးပွားရေး ကျရှုံးရခြင်းမှာမူ "နိုင်ငံရေး မတည်ငြိမ်မှု၊ ဗဟိုချုပ်ကိုင်မှု လွန်ကဲခြင်းနှင့် ကမ္ဘာ့စီးပွားရေးကွန်ရက်မှ အလှမ်းဝေးနေခြင်း" တို့အပြင် အရေးအကြီးဆုံးမှာ ဗီယက်နမ်ကဲ့သို့ ပြည်သူကို မျက်နှာမမူသောကြောင့် ဖြစ်ကြောင်း အချက်အလက်များက မီးမောင်းထိုးပြလျက် ရှိပါသည်။

👍33❤7😭5🤔2👎1
ပထမ ပြဿနာမှာ အားလုံးပါဝင်ရေး၊ အားလုံးအပစ်ရပ်ရေးဖြစ်ပြီး၊ ဒုတိယပြဿနာမှာ ရောက်သည့်နေရာ အပစ်ရပ်ရေးဖြစ်သည်။
အပစ်မရပ်သေးသည့် အဖွဲ့များသာမက လက်ရှိ အပစ်ရပ်ထားသည့်အဖွဲ့များနှင့်ပါ ဆက်လက်ဖြေရှင်းရမည် တတိယမြောက် နိုင်ငံရေးပြဿနာကြီးရှိသေး၏။ အဆိုပါ နိုင်ငံရေးပြဿနာကြီးတွင် ပြဿနာနှစ်ရပ်ပါသည်။
တခုမှာ တိုင်းရင်းသားများ၏ ရည်ရွယ်ချက်ဖြစ်သည့် ဖက်ဒရယ်ပြဿနာဟု ခေါ်ဆိုကြသည့် အာဏာခွဲဝေရေးပြဿနာဖြစ်ပြီး၊ တခုမှာ ပြည်မနွေဦးအင်အားစုများ၏ ဒီမိုကရေစီပြဿနာဖြစ်သည်။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/opinion/viewpoint/2026/09/07/416086.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation

ဧရာဝတီ
ငြိမ်းချမ်းရေးစကားပြောကြတော့မယ် ဆိုရင်ဖြင့် အပိုင်း- ၁
လတ်တလော မြန်မာပြည် ငြိမ်းချမ်းရေးပြဿနာဟုဆိုလျှင် မြန်မာစစ်တပ်က တဘက်၊ လက်ရှိ လက်နက်ကိုင်တိုက်ခိုက်နေကြသည့် အင်အားစု ၇ ခုက တဘက် တိုက်ခိုက်နေကြသည့် ပဋိပက္ခသည် အခြေခံဖြေရှင်းရမည့် ပြဿနာဖြစ်၏။
😁16👍8❤2👎2🤔2
ဒေါ်အောင်ဆန်းစုကြည် မိသားစုနှင့် ဆက်သွယ်တွေ့ဆုံခွင့်ရရေး “FREE HER” ကမ်ပိန်း စ
ဧရာဝတီ၊ စက်တင်ဘာ ၇၊ ၂၀၂၆
ဖမ်းဆီးထိန်းသိမ်းခံထားရသော ဒေါ်အောင်ဆန်းစုကြည်နှင့် မိသားစုတို့ ဆက်သွယ်တွေ့ဆုံခွင့်၊ ခြွင်းချက်မရှိ လွတ်မြောက်ရေးအတွက် “FREE HER” လှုပ်ရှားမှုကို စတင်မည်ဟု သားဖြစ်သူ ကိုထိန်လင်း (ခ) ကင်မ်အဲရစ်က ယမန်နေ့တွင် ထုတ်ပြန် ကြေညာသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေကို စိုးရိမ်နေရဆဲဖြစ်ပြီး၊ အခြေခံအခွင့်အရေးများ၊ မိသားစုနှင့် တွေ့ဆုံခွင့်နှင့် ခြွင်းချက်မရှိ လွတ်မြောက်ခွင့်တို့အတွက် “FREE HER” လှုပ်ရှားမှု လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ဆိုထားသည်။
ထို့ပြင် ကင်မ်အဲရစ်က “All In One Peace Movement” အဖွဲ့ကိုယ်စား ထုတ်ပြန်သည့် ပန်ကြားစာတွင် ၎င်း၏ မိခင်နှင့်အတူ ရပ်တည်ပေးခဲ့ကြသူများအား ကျေးဇူးတင်ကြောင်းလည်း ပြောဆိုထားသည်။
ကင်မ်က “အမေ အသက်ရှင်နေသေးသလား ဆိုတာကိုတောင် မသေချာတဲ့ အချိန်တွေ ရှိခဲ့ပါတယ်။ အဖြေတခုရဖို့ ကျနော်နဲ့အတူ ခင်ဗျားတို့ရဲ့အသံ ထုတ်ဖော်ပေးခဲ့ကြပါတယ်။ ကမ္ဘာတဝန်းက လူတွေရဲ့ ထောက်ခံအားပေးမှုမရှိခဲ့ရင် ဒီနေ့အထိ အမေ အသက်ရှင်နေသေးလားဆိုတာ မသိနိုင်ပါဘူး။ ဒီအကူအညီတွေကို ကျနော်ဘယ်တော့မှ မမေ့ပါဘူး” ဟု ပြောသည်။
မကြာသေးမီက အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ သွားရောက်တွေ့ဆုံမှုကြောင့် စိတ်သက်သာရာ အနည်းငယ် ရစေခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်မှာ လွတ်မြောက်လာခြင်း မရှိသေးကြောင်း ၎င်းက ဆိုသည်။
အသက် ၈၁ နှစ်ရှိ ဒေါ်အောင်ဆန်းစုကြည်ကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ဆိုသည်အား အတိအကျ မသိရသေးသလို မိခင်နှင့်တွေ့ဆုံခွင့်၊ စကားပြောခွင့် မရသေးကြောင်း၊ ထို့ကြောင့် နောက်တဆင့်အနေဖြင့် မိခင်လွတ်မြောက်မှု တောင်းဆိုမည်ဖြစ်ပြီး “FREE HER” လှုပ်ရှားမှု၌ ၎င်းနှင့်အတူ ဆက်လက်ရပ်တည်ကာ ပါဝင်ပေးကြရန် ကင်မ်က မေတ္တာရပ်ခံထားသည်။

❤68👍17😁3
ထိုင်းလူငယ်များအား ဆန္ဒအလျောက် စစ်မှုထမ်းဖို့ အစိုးရဖိတ်ခေါ်
ဧရာဝတီ၊ စက်တင်ဘာ ၇၊ ၂၀၂၆
ထိုင်းအစိုးရအနေဖြင့် စစ်မှုမထမ်းမနေရစနစ်ကို တဖြည်းဖြည်းလျှော့ချရန် ရည်ရွယ်ချက်ဖြင့် စေတနာ့ဝန်ထမ်း စစ်မှုထမ်း အစီအစဉ်သစ်တခု စတင်လိုက်ပြီး လူငယ်များအား ပါဝင်ရန် ဖိတ်ခေါ်ထားသည်။
ထိုင်းဝန်ကြီးချုပ် အနုတင်လက်ထက် လွှတ်တော်သို့ ကြေညာခဲ့သည့် မူဝါဒဖြစ်ပြီး မိမိတို့ ဆန္ဒအလျောက်ပါဝင် စစ်မှုထမ်း ကြမည့်သူများအနေဖြင့် လစဉ် လစာနှင့်ထောက်ပံ့ကြေးစုစုပေါင်း ဘတ် ၁၅၀၀၀ ပေးအပ်သွားမည်ဟု ဆိုထားသည်။
ထို့ပြင် ဆေးဝါးကုသခွင့်၊ သဘာဝဘေးအန္တရာယ် ကူညီထောက်ပံ့မှုနှင့် အသက်အာမခံအပါအဝင်နှင့် ခံစားခွင့်များ ရရှိမည့် အခွင့်အလမ်းများအပြင် ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခွင့်အလမ်းများ၊ စစ်မှုထမ်းပြီးနောက် အလုပ်အကိုင်ရွေးချယ်မှု လမ်းကြောင်းများ ပိုမိုကျယ်ပြန့်လာမည့် အခွင့်အလမ်း၊ ထိုင်းဘုရင့်တပ်မတော်သို့ ဝင်ရောက်ရန် စာမေးပွဲများတွင် ပညာအရည်အချင်း အမှတ်ပိုရရှိခြင်းအစရှိသော အခွင့်အလမ်းများလည်း ရရှိမည်ဟု ထိုင်းအစိုးရက ကြေညာသည်။
လျှောက်လွှာများကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်မှ ၂၀၂၇ ဇန်နဝါ ရီ၂၄ ရက်အထိ လက်ခံသွားမည်ဖြစ်ပြီး၊ စစ်မှုထမ်းစာရင်းသွင်းခံရသူများအနေဖြင့် ၄ နှစ်သက်တမ်းရှိ စာချုပ် ချုပ်ရမည်ဖြစ်သလို တကြိမ် သက်တမ်းတိုးပါက စုစုပေါင်း ၈ နှစ်အထိ တာဝန်ထမ်းဆောင်နိုင်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။
ဓာတ်ပုံ- Thai Rath

❤35👍18😁5
"The Monk" ရုပ်ရှင် ဇာတ်ညွှန်းရေးသားသူ ဒေါက်တာ အောင်မင်း ကွယ်လွန်
ဧရာဝတီ၊ စက်တင်ဘာ ၇၊ ၂၀၂၆
နိုင်ငံတကာ ရုပ်ရှင်ပွဲတော်များတွင် ပြသခွင့်ရရှိခဲ့ပြီး ဆုအချို့ရရှိခဲ့သည့် “The Monk” (၂၀၁၄) ရုပ်ရှင်၏ ဇာတ်ညွှန်းရေးဆရာ၊ စာရေးဆရာ ဒေါက်တာ အောင်မင်း (အသက် ၆၂ နှစ်) သည် ယမန်နေ့ညက ရန်ကုန်မြို့၌ ကွယ်လွန်သွားကြောင်း မိသားစုနှင့်နီးစပ်သူများထံမှ သိရသည်။
ဒေါက်တာ အောင်မင်းသည် ၁၉၉၀ ပြည့်နှစ်တွင် ရန်ကုန် ဆေးတက္ကသိုလ် (၁) မှ MBBS ဘွဲ့ ရရှိခဲ့ပြီး၂၀၀၀ ပြည့်နှစ်အထိ ဆရာဝန်အဖြစ် လုပ်ကိုင်ခဲ့သလို၊ လစဉ်ထုတ်မဂ္ဂဇင်းများတွင် ဝတ္ထုတိုများ ရေးသားခဲ့သည့် စာရေးဆရာတဦးလည်း ဖြစ်သည်။
“The Monk” ရုပ်ရှင်သည် ရွာတရွာ၏ ဘုန်းကြီးကျောင်း၌ ကိုရင်လေးတပါး သာသနာ့ဘောင် ဝင်ရောက်ခဲ့ပုံ၊ ယင်း ကျောင်းတိုက်တွင် ငွေကြေး အကျပ်အတည်း ကြုံတွေ့ရမှုကြောင့် အခြား သံဃာများ ထွက်ခွာသွားပုံ၊ ကျောင်းထိုင်ဆရာတော်၏ ကျန်းမာရေးချို့တဲ့မှုကြောင့် ကိုရင်လေးတပါးသာ ကျန်ရှိတော့သည့်အချိန် ဆရာတော်ကိုပြုစုစောင့်ရှောက်ရမည့် ဝတ္တရားများနှင့် စိန်ခေါ်မှုများကို ကိုရင်လေးတပါးတည်း ရင်ဆိုင်ခဲ့ရပုံတို့အား ရိုက်ကူး ပုံဖော်ထားခြင်း ဖြစ်သည်။
အဆိုပါ ရုပ်ရှင်သည်၂၀၁၄ ခုနှစ်တွင် ဥရောပရှိ ထိပ်တန်း ရုပ်ရှင်ပွဲတော်တွင် အဖွင့်ဇာတ်ကားအဖြစ် ပြသခွင့်ရရှိခဲ့ရုံမျှမက နိုင်ငံတကာသို့ လှည့်လည်ပြသခွင့် ရရှိခဲ့သလို ဆုအချို့ ရရှိခြင်းနှင့် ဆန်ကာတင်စာရင်းဝင်ခဲ့သည့် ရုပ်ရှင်ကားလည်း ဖြစ်သည်။
ဒေါက်တာ အောင်မင်းအနေဖြင့် ၁၉၉၉ ခုနှစ်တွင် သူ၏ ပထမဆုံးဝတ္ထု “ညဆို” ကို ထုတ်ဝေခဲ့ပြီး၊ ၂၀၀၄ ခုနှစ်တွင် “ကျွန်တော် ဒီမြို့ကလေးဆီကို တာဝန်တခုနဲ့ ရောက်လာတာပါ” အခန်းဆက် ဝတ္ထုရှည်၊ ၂၀၁၀ တွင် “မြန်မာခေတ်ပြိုင် အနုပညာ ၁” စာအုပ်ကိုလည်း ထုတ်ဝေခဲ့သည်။
ရုပ်ရှင် ဇာတ်ညွှန်းရေးသားခြင်းကို ၂၀၀၇ ခုနှစ်တွင် စတင် သင်ယူခဲ့ပြီး Yangon Film School (YFS) တွင် သင်တန်းတက်ရောက်ခဲ့သလို၊ FAMU (Academy of Performing Arts in Prague) မှ ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲများသို့လည်း တက်ရောက် သင်ယူခဲ့သည်။
သူ၏ ပထမဆုံး မှတ်တမ်းရုပ်ရှင်မှာ “The Clinic” ဖြစ်ပြီး ရန်ကုန် အစွန်အဖျားတွင် အလုပ်လုပ်နေသည့် ဆရာဝန်ဘဝကို အခြေခံ ရိုက်ကူးထားခြင်းဖြစ်ကာ ၂၀၁၀ ပြည့်နှစ်တွင် ထွက်ရှိခဲ့သည်။
ဒေါက်တာ အောင်မင်းသည် ၂၀၁၄ ခုနှစ်တွင် စိတ်ကျန်းမာရေး ချို့ယွင်းသူများအတွက် ၎င်း၏ ဆေးခန်းကို အနုပညာ ကုထုံးပေးဆေးခန်းအဖြစ် ပြောင်းလဲခဲ့ပြီး Aung Mental Health Initiative (Aung MHI) ကို ဒေါက်တာ စန်းစန်းဦးနှင့် ပူးတွဲ တည်ထောင်ခဲ့ကာ ပန်းချီကုထုံးအပြင် အခြား လှုပ်ရှားမှုများအတွက် နေရာတခုအဖြစ် ဖန်တီးခဲ့သည်။
ထို့ပြင် ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ စီမံခန့်ခွဲရေး အဖွဲ့ဝင်အဖြစ်လည်း လုပ်ကိုင်ခဲ့ကာ အလုပ်ရုံဆွေးနွေးပွဲများသို့ တက်ရောက် ဆွေးနွေးခဲ့သည့်အပြင်၊ ၂၀၁၅ ခုနှစ်တွင် TENMEN ရုပ်ရှင်အုပ်စုကို စတင်ဖွဲ့စည်းခဲ့ပြီး Hteedan Road, Khayar, Mawtin Jetty, Mrauk Oo Story, Fisherman Story နှင့် Heartbroken Bird ရုပ်ရှင်ဇာတ်လမ်းတို များစွာ ရိုက်ကူးထုတ်လုပ်၍ ၂၀၁၈ ခုနှစ်တွင် “Man with the Beard” ရုပ်ရှင်ဇာတ်ကားရှည်ကို ရိုက်ကူး ပြီးစီးခဲ့သည်။
မကွယ်လွန်မီ အချိန်အထိ “Yangon Midnight” နှင့် “Heartbroken Bird” ဇာတ်ကားရှည်များကို ရေးသားလျက် ရှိခဲ့သည်။

❤28😭23
စစ်ကိုင်းပြတ်ရွေ့ကြောင့် ဘန်ကောက်၌ငလျင်အန္တရာယ်ရှိဟု ထိုင်းပညာရှင်တို့ သတိပေး
ဧရာဝတီ၊ စက်တင်ဘာ ၇၊ ၂၀၂၆
စစ်ကိုင်းပြတ်ရွေ့ကြောတောင်ဘက်ပိုင်းသည် ခန့်မှန်းတွက်ချက်ထားသည့်အတိုင်း နှစ် ၁၀၀ ခန့်တွင်တကြိမ် ငလျင်ကြီးလှုတ်ခတ်နိုင်သည့်ကာလသို့ ချဉ်းကပ်လာပြီဖြစ်၍ ဘန်ကောက်သည်လည်း ငလျင်အန္တရာယ်နှင့် ရင်ဆိုင်ရဖွယ်ရှိသည်ဟု ထိုင်းအင်ဂျင်နီယာနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာပညာရှင်များက ဆွေးနွေးသတိပေးကြောင်း The Nation သတင်းတွင် ဖော်ပြသည်။
သမ်မာဆတ်တက္ကသိုလ်က ကြီးမှူး၍ စက်တင်ဘာ ၄ ရက်တွင် ကျင်းပခဲ့သည့် သဘာဝဘေးကြိုတင်ပြင်ဆင်ရေးဆိုင်ရာ ဆွေးနွေးပွဲ၌ လွန်ခဲ့သော ၉၆ နှစ်ခန့်၌ စစ်ကိုင်းပြတ်ရွေ့မှ ပြင်းထန်သော ငလျင်ကြီးတခု နောက်ဆုံး လှုပ်ခတ်ခဲ့ရာ တွက်ချက်မှုများအရ မဝေးတော့သည့်အနာဂတ်တွင် ငလျင်ကြီးတခု ထပ်မံ လှုပ်ခတ်လာနိုင်သဖြင့် အာဏာပိုင်များနှင့် ပြည်သူများအနေဖြင့် ပေါ့ဆမနေသင့်ကြောင်း ဦးဆောင်သုတေသီများက သတိပေးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တောင်ဘက်ပြတ်ရွေ့ကြောမှ စတင်လှုပ်ခတ်မည့် ငလျင်သည် ယခင် ဗဟိုပြုခဲ့သည့်နေရာများထက် ဘန်ကောက်နှင့် ပိုမိုနီးကပ်မည်ဖြစ်ပြီး မြေပျော့အလွှာများရှိသည့် ဘန်ကောက်မြို့မြေမျက်နှာသွင်ပြင်ကို ငလျင်တုန်ခါမှု လှိုင်းများ ပိုမိုပြင်းထန်စွာ ရိုက်ခတ်နိုင်ကြောင်း ဆိုသည်။
သမ်မာဆတ် တက္ကသိုလ်မှ အင်ဂျင်နီယာဌာနမှ ပါမောက္ခ ဒေါက်တာ နာ့ခွန်း ဖူးဗရိုဒန် က ငလျင်တုန်ခါမှု ပြင်းအား တခုတည်းက ဘေးအန္တရာယ်ကြီးမားမှုကို ဆုံးဖြတ်ခြင်းမဟုတ်ဘဲ ကြိုတင်ပြင်ဆင်မှုနှင့် အဆောက် အအုံများ၏ ခိုင်ခံ့ ကြံ့ခိုင်မှုတို့ကသာ အဓိကအဆုံးအဖြတ်ပေးကြောင်း ရှင်းပြသည်။
ဂျပန်နိုင်ငံ၊ ကူမာမိုတိုတွင် လှုပ်ခတ်ခဲ့သောငလျင်သည် အမြင့်ဆုံးမြေမျက်နှာပြင် အရှိန်တုန်ခါမှု (Peak Ground Acceleration - PGA)၂ ဒသမ ၄ အထိ အလွန်မြင့်မားခဲ့သော်လည်း အခြေခံအဆောက်အအုံကြံ့ခိုင်မှုကြောင့် လူအသေအပျောက် ဒါဇင်အနည်းငယ်သာရှိခဲ့ကြောင်း သို့သော် မန္တလေးအနီး ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်တွင် ထိုထက် အဆ များစွာ အားပျော့သော်လည်း မြို့ဧရိယာတဝန်း ထိခိုက်သေဆုံးမှု ရာနှင့်ချီရှိခဲ့ကြောင်း ၎င်းက နှိုင်းယှဉ် ပြောဆိုသွားသည်။
ဒေါက်တာ နာ့ခွန်း က “ပြီးခဲ့တဲ့နှစ်က ငလျင်လှုပ်ခဲ့တာကို တခါကြုံဖူးရုံ အခြေအနေတခုပဲ၊ ထပ်မဖြစ်တော့ဘူးလို့ ပြည်သူ တွေအနေနဲ့ မယူဆသင့်ပါဘူး။ စစ်ကိုင်းပြတ်ရွေ့ဟာ ကမ္ဘာ့လှုပ်ရှားမှု အများဆုံး ပြတ်ရွေ့စနစ်တွေထဲကတခု ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ အကြီးစားငလျင်တွေကို ခံနိုင်ရည်ရှိစေမယ့် အင်ဂျင်နီယာဆိုင်ရာ စည်းမျဉ်းတွေနဲ့ ဒီဇိုင်းသုတေ သနတွေ ရှိနှင့်ပြီးဖြစ်ပေမယ့် စည်းမျဉ်းစံချိန်စံညွှန်းတွေနဲ့ လက်တွေ့လိုက်နာမှုကြားမှာ အန္တရာယ်ရှိတဲ့ဟာကွက်တခု ကျန်နေဆဲ ဖြစ်ပါတယ်” ဟု ပြောသည်။
ထို့ကြောင့် အဆောက်အအုံ ငလျင်ဒဏ်ခံ စည်းမျဉ်းများကို ဥပဒေအရ တင်းကျပ်စွာ စစ်ဆေးအကောင်အထည်ဖော်ရန်နှင့် အထပ်မြင့်တိုက်ခန်း၊ ကွန်ဒိုများ ဝယ်ယူမည့်သူများနှင့် ငှားရမ်းမည့်သူများအနေဖြင့်လည်း ဝင်ရောက်မနေထိုင်မီ အဆောက် အအုံ ဖွဲ့စည်းပုံဆိုင်ရာ ဘေးကင်းလုံခြုံမှု စာရွက်စာတမ်း အထောက်အထားများကို တောင်းဆို စစ်ဆေးရန် ပညာရှင်များက တိုက်တွန်းထားသည်။
ပုံစာ- ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ဘန်ကောက်မြို့ ချက်တူချက်ဈေးအနီးရှိ စာရင်းစစ်ရုံး အဆောက်အအုံပြိုကျခဲ့စဉ်/ khaosod

👍33❤9👎1😁1