The Irrawaddy - Burmese
77.8K subscribers
36.3K photos
2.14K videos
3 files
17.4K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
Media is too big
VIEW IN TELEGRAM
မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ ကျရှုံးမှု

ဧရာဝတီ၊ ဇူလိုင် ၂၉၊ ၂၀၂၆

အမည်ခံသမ္မတ မင်းအောင်လှိုင်က ဘယ်လောက်အထိ ခံနိုင်မလဲ။ အာဏာလုသမ္မတရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေနဲ့ သူ့ရဲ့ ရက် ၁၀၀ အုပ်ချုပ်မှုက ဘာတွေကို ဖော်ပြနေသလဲ။ အပြည့်အစုံကို ကြာသပတေးနေ့ မှာ ထုတ်လွှင့်မယ့် Opinion Talk အပိုင်းသစ်မှာ ကြည့်ရှုနိုင်ပါတယ်။

#မြန်မာ #မင်းအောင်လှိုင် #နိုင်ငံရေး #စစ်ဗိုလ်ချုပ် #ရက်၁၀၀ #သမ္မတ #စိတ်ကျန်းမာရေး #ကျရှုံးမှု #Myanmar #MinAungHlaing #politics #general #First100days #President
😁28👍209🤔1
ကျမတို့ အမျိုးသမီးသတင်းထောက်တွေ (ရုပ်/သံ)

ဧရာဝတီ၊ ဇူလိုင် ၂၉၊ ၂၀၂၆

စစ်အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်ထဲက စစ်အုပ်ချုပ်ရေးကို စွန့်ခွာပြီး အလုပ်ဆက်လုပ်ကြသူ သတင်းမီဒီယာသမားတွေထဲ အမျိုးသမီးတွေလည်း ပါဝင်တယ်။

အိမ်နီးချင်းနိုင်ငံတွေမှာ အခြေစိုက်တဲ့ သတင်းမီဒီယာတိုက်တွေမှာ အလုပ်လုပ်သူတွေ ရှိသလို လက်နက်ကိုင်တော်လှန်ရေးတပ်တွေ ထိန်းချုပ်ရာဒေသတချို့မှာလည်း လုပ်ကိုင်ကြသူတွေရှိပါတယ်။ ဒါ့အပြင် အမျိုးသမီးသတင်းထောက်တွေဟာ တိုက်ပွဲဖြစ်ပွားနေရာတွေနဲ့ တော်လှန်ရေးတပ်ထိန်းချုပ် နယ်မြေဒေသတွေကို မြေပြင်ဆင်းသွားရောက် သတင်းယူကြရာမှာလည်း ပါဝင်ကြတယ်။

ဒီလို အခြေအနေတွေမှာ သူတို့ရင်ဆိုင်ကြုံတွေ့နေရတဲ့ စိန်ခေါ်ချက်တွေက ဘာလဲ၊ သူတို့ကို ဘယ်လိုအကာအကွယ်ပေးနိုင်လဲ စတဲ့အကြောင်းတွေကို မြန်မာနိုင်ငံ လွတ်လပ်သော သတင်းမီဒီယာကောင်စီရဲ့ ဒု-ဥက္ကဋ္ဌ ဒေါ်စုမြတ်ကို ဧရာဝတီ အမှုဆောင်အယ်ဒီတာ ရဲနည်က တွေ့ဆုံမေးမြန်းထားပါတယ်။

https://youtu.be/7p8ePdGfyWA

#မြန်မာ #ဧရာဝတီ #အမျိုးသမီး #သတင်းထောက် #သတင်းမီဒီယာ #WhatsHappeningInMyanmar

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join buttom ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
30👍10
Media is too big
VIEW IN TELEGRAM
၂၀၃၆ ခုနှစ်မှာ ပိုက်ဆံဆိုတာအရေးပါတော့မှာမဟုတ်ဘူးလို့ ပြောတဲ့ အီလွန်မက်စ်

ဧရာဝတီ၊ ဇူလိုင် ၂၉၊ ၂၀၂၆

The Economist မဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ် ဇာနီ မင်တန် ဘက်ဒိုးစ် နဲ့ စကားပြောဆိုရာမှာ မက်စ်က 'လူတွေ ပိုက်ဆံကို လိုချင်ကြတာဟာ ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေ ဝယ်ဖို့အတွက်ပဲ မဟုတ်လား။ တကယ်လို့ စက်ရုပ်တွေနဲ့ AI တွေက လူသားတွေ သုံးစွဲနိုင်တာထက် ပိုလျှံတဲ့ ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေကို ထုတ်လုပ်ပေးနိုင်နေပြီဆိုရင် ငွေကြေးကို ဘာအတွက် လိုဦးမှာလဲ' လို့ ပြောကြားခဲ့ပါတယ်။

#AI #elonmusk #economist
31👍15😱5😁1
😭30👎5
ဂျပန်ငလျင်ကြောင့် သေဆုံးသူ မြင့်တက်လာပြီး နောက်ဆက်တွဲ ငလျင်များကြားမှ ပျောက်ဆုံးနေသူများကို ရှာဖွေနေ
ဧရာဝတီ၊ ဇူလိုင် ၂၉၊ ၂၀၂၆။
ဂျပန်နိုင်ငံတောင်ပိုင်းတွင် အင်္ဂါနေ့က ပြင်းအား ၆.၈ ရှိ ငလျင်တခု လှုပ်ခတ်ခဲ့ရာ အနည်းဆုံး ၅ ဦး သေဆုံးပြီး ၉ ဦး ပျောက်ဆုံးနေကာ ရာပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် လူပေါင်းများစွာ ရေနှင့် လျှပ်စစ်မီးများ ပြတ်တောက်လျက်ရှိသည်။
အဆိုပါငလျင်သည် တောင်ပိုင်း ကျူးရှူးကျွန်းရှိ ကူမာမိုတိုခရိုင်ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ ပျက်စီးသွားသော နေရာများ၌ ကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်နေကြပြီး စစ်တပ်ကလည်း တပ်ဖွဲ့ဝင် ၃,၆၀၀ နှင့် လေယာဉ် ၂၀ ကို စေလွှတ်၍ ကူညီပေးနေသည်။
ဂျပန်မိုးလေဝသအေဂျင်စီ (JMA) က နောက်ဆက်တွဲငလျင်များနှင့် မြေပြိုမှုများ ၁ သီတင်းပတ်ခန့် ဆက်လက်ဖြစ်ပွားနိုင်ကြောင်း သတိပေးထားသည်။ ငလျင်ကြောင့် သုံးသောင်းခွဲခန့် မီးပြတ်၊ တသိန်းလေးသောင်းခန့် ရေပြတ်တောက်နေပြီး ပူပြင်းသည့် ရာသီဥတုကြောင့် အပူလျှပ်သည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ လူအများအပြားသည် နောက်ဆက်တွဲငလျင်ကို ကြောက်လန့်၍ ကားများထဲတွင် အိပ်စက်ခဲ့ကြသည်။
Aeon ဈေးဝယ်စင်တာတွင် ပေါက်ကွဲမှုတခုဖြစ်ပွားခဲ့ပြီး အမျိုးသမီး ၂ ဦး သေဆုံးခဲ့ကာ ဂက်စ်ယိုစိမ့်မှုကြောင့် ဖြစ်နိုင်ကြောင်း ယူဆရသည်။ သို့သော်လည်း ဂျပန်၏ တင်းကျပ်သော ဆောက်လုပ်ရေး စံချိန်စံညွှန်းများကြောင့် ငလျင်ပြင်းအားနှင့် ယှဉ်လျှင် အဆောက်အအုံ ပြိုကျမှု နည်းပါးခဲ့သည်။
ဝန်ကြီးချုပ် စာနာအဲ တာကာအိချိ က ပျက်စီးဆုံးရှုံးမှုများကို အာဏာပိုင်များက စစ်ဆေးနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆေးရုံများတွင် မီးပြတ်၊ ရေပြတ်မှုများ ရှိနေသော်လည်း ဒဏ်ရာရသူ ၃၅၀ ကျော်ကို ကုသပေးထားပြီး လူပေါင်း ၃၀၀,၀၀၀ ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခိုင်းထားသည်။
ရထားလိုင်းများ၊ ကျည်ဆံရထားများနှင့် ကူမာမိုတို လေဆိပ်တို့ကို ခေတ္တပိတ်ထားရသလို TSMC၊ Sony နှင့် Fujifilm စသည့် စက်ရုံကြီးများမှ ဝန်ထမ်းများကိုလည်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။ သို့သော် နျူကလီးယားဓာတ်အားပေးစက်ရုံများတွင်မူ ပုံမှန်မဟုတ်သည့် ဖြစ်စဉ်များ မရှိခဲ့ပေ။
ဂျပန်နိုင်ငံသည် ကမ္ဘာ့ပြင်းအား ၆ နှင့်အထက် ငလျင်များ၏ ၂၀ ရာခိုင်နှုန်းခန့် ဖြစ်ပွားရာ ပစိဖိတ် မီးတောင် ကွင်းဆက် ဒေသတွင် တည်ရှိပြီး လွန်ခဲ့သည့် ၁၀ နှစ်က ကူမာမိုတိုငလျင်တွင် လူ ၂၇၅ ဦး သေဆုံးခဲ့ဖူးသလို ၂၀၁၁ ခုနှစ်ကလည်း ပြင်းအား ၉.၀ ရှိ ငလျင်နှင့် ဆူနာမီကြောင့် လူ ၁၈,၅၀၀ ခန့် သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့ဖူးသည်။
ကိုးကား။ ။ The Guardian သတင်း Japan earthquake death toll rises as rescue teams search for missing amid aftershocks
😭405👎3
👍24👎1
အမေရိကန် ဒီမိုကရက်တစ် ဆိုရှယ်လစ်များအပေါ်  လူထုအမြင်မကြည်ဟု စစ်တမ်းက ဖော်ပြ
ဧရာဝတီ၊ ဇူလိုင် ၂၉၊ ၂၀၂၆။

အမေရိကန်ပြည်ထောင်စုတွင် အမေရိကန် ဒီမိုကရက်တစ် ဆိုရှယ်လစ်များ (DSA) လှုပ်ရှားမှုနှင့် သဘောထားချင်း တိုက်ဆိုင်သော လက်ဝဲယိမ်း အမတ်လောင်းများသည် ယခုနှစ် ပါတီတွင်း ရွေးကောက်ပွဲများ (Primary Elections) တွင် အလယ်အလတ်ဝါဒီ ဒီမိုကရက်များကို အနိုင်ရရှိခဲ့ကြသည်။ သို့သော်လည်း Reuters/Ipsos ၏ စစ်တမ်းအသစ်တခုအရ နိုင်ငံအတွင်းရှိ လူထုအများအပြားမှာ အဆိုပါ လှုပ်ရှားမှု၏ မူဝါဒရပ်တည်ချက်များကို ရေရေရာရာ မသိရှိကြသေးပေ။

ဒီမိုကရေစီနည်းလမ်းများမှတဆင့် အလုပ်သမားများ အာဏာရရှိရေးကို ကူညီရန် ရည်မှန်းထားသည့် တက်ကြွလှုပ်ရှားသူများ အဖွဲ့အစည်းဖြစ်သော DSA ၏ အဖွဲ့ဝင်များတွင် နယူးယောက်မြို့တော်ဝန် ဇိုရမ်မန်ဒါနီ နှင့် နယူးယောက် လွှတ်တော်အမတ် အလက်ဇန်းဒရီးယား အိုကေးရှိုး ကောတက်ဇ် တို့ကဲ့သို့ ထင်ရှားသော နိုင်ငံရေးသမားများ ပါဝင်ကြသည်။ အခြားသော ဒီမိုကရက်တစ်ပါတီဝင် DSA အဖွဲ့ဝင်များသည်လည်း အမေရိကန်တဝန်း မကြာမီက ကျင်းပခဲ့သော နိုင်ငံရေးပြိုင်ပွဲများတွင် အနိုင်ရရှိခဲ့ကြသည်။

တနင်္ဂနွေနေ့က ပြီးဆုံးခဲ့သည့် သုံးရက်ကြာ Reuters/Ipsos စစ်တမ်းအရ အမေရိကန်နိုင်ငံသား ၄၉ ရာခိုင်နှုန်းက ဒီမိုကရက်တစ် ဆိုရှယ်လစ် မူဝါဒများကို နားလည်သည်ဟု ဖြေကြားခဲ့ကြပြီး ၄၇ ရာခိုင်နှုန်းက နားမလည်ကြောင်း ဖြေကြားခဲ့ရာ၊ ယင်းသည် အမေရိကန်၏ အစဉ်အလာစနစ်ကို ဆန့်ကျင်သော လက်ဝဲယိမ်းများ ရှေ့ဆက်ရင်ဆိုင်ရမည့် စိန်ခေါ်မှုများကို ပေါ်လွင်စေသည်။

ဒီမိုကရက်တစ် ဆိုရှယ်လစ်များတွင် ကောင်းမွန်သော အယူအဆများ ရှိမရှိ မေးမြန်းရာ၌ ဖြေဆိုသူ ၂၇ ရာခိုင်နှုန်းခန့်က အနည်းဆုံး အချို့အဝက် ကောင်းမွန်သည်ဟု ပြောကြားခဲ့ပြီး ၅၁ ရာခိုင်နှုန်းက ကောင်းမွန်သော အယူအဆ လုံးဝမရှိ သို့မဟုတ် နည်းပါးသည်ဟု ဆိုကာ ၂၀ ရာခိုင်နှုန်းကမူ ရေရေရာရာ မသေချာကြောင်း ဖြေကြားခဲ့ကြသည်။

သမ္မတ ဒေါ်နယ်ထရမ့်၏ MAGA နိုင်ငံရေး အောက်ခြေထောက်ခံသူများ၏ အယူအဆများနှင့် ပတ်သက်၍လည်း လူထုအမြင်မှာ ဆင်တူသည်။ စစ်တမ်းဖြေဆိုသူ ၂၇ ရာခိုင်နှုန်းခန့်က MAGA ရီပလတ်ဘလစ်ကန်များတွင် အနည်းဆုံး အချို့သော အယူအဆကောင်းများ ရှိသည်ဟု ပြောကြားခဲ့ပြီး ၅၇ ရာခိုင်နှုန်းက MAGA ထံမှ အယူအဆကောင်း အနည်းငယ်သာ သို့မဟုတ် လုံးဝမတွေ့ရကြောင်း ရှုမြင်ကြကာ ၁၃ ရာခိုင်နှုန်းက မသေချာကြောင်း ဖြေဆိုခဲ့ကြသည်။


ထရမ့်က အဆိုပါ DSA လှုပ်ရှားမှု မြင့်တက်လာခြင်းကို အခွင့်ကောင်းယူ၍  ဒီမိုကရက် အားလုံးကို "ဘာသာတရားမဲ့ အစွန်းရောက် ကွန်မြူနစ်များ" အဖြစ် မှားယွင်းစွာ ပုံဖော်ရန် ကြိုးပမ်းခဲ့သည်။

ဒီမိုကရက်တစ် ဆိုရှယ်လစ်များသည် ရွေးကောက်ပွဲများမှတဆင့် တိုးတက်သော မူဝါဒများကို ဖော်ဆောင်ရန် တောင်းဆိုကြသည်။ ဆန့်ကျင်ဘက်အားဖြင့် ကွန်မြူနစ်ဝါဒသည် ပုဂ္ဂလိက ပိုင်ဆိုင်ခွင့်ကို ဖျက်သိမ်းပြီး လူတန်းစားမဲ့ လူ့အဖွဲ့အစည်းကို ဖန်တီးရန် ကြိုးပမ်းခြင်းဖြစ်ကာ အဆိုပါ အယူအဆများကို ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်သည့် ဒီမိုကရက်တစ် ဆိုရှယ်လစ်များက ငြင်းပယ်ကြသည်။

အွန်လိုင်းမှတဆင့် ကောက်ယူခဲ့သော Reuters/Ipsos စစ်တမ်းသည် တနိုင်ငံလုံးရှိ အမေရိကန် အရွယ်ရောက်ပြီးသူ ၁,၂၄၈ ဦးကို စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်ပြီး အမှားအယွင်း ဖြစ်နိုင်ခြေ (margin of error) ၃ ရာခိုင်နှုန်း ရှိသည်။

ကိုးကား။         ။ Al Jazeera သတင်း New poll shows confusion over Democratic Socialists of America ideals

ပုံစာ -  DSA ၏ အဖွဲ့ဝင်များတွင် နယူးယောက်မြို့တော်ဝန် ဇိုရမ်မန်ဒါနီ နှင့် နယူးယောက် လွှတ်တော်အမတ် အလက်ဇန်းဒရီးယား အိုကေးရှိုး ကောတက်ဇ် တို့ကဲ့သို့ ထင်ရှားသော နိုင်ငံရေးသမားများ ပါဝင်ကြသည်/AFP
👍316
👎12😁6😱5👍3
ဂါဇာ အကြမ်းဖက်မှုများ ငွေကြေးထောက်ပံ့မှုဖြင့် မြန်မာနိုင်ငံသားတဦး စင်ကာပူတွင် တရားစွဲဆိုခံရ
ဧရာဝတီ၊ ဇူလိုင် ၂၉၊ ၂၀၂၆။

ဂါဇာဒေသရှိ အကြမ်းဖက်လုပ်ရပ်များတွင် ငွေကြေးထောက်ပံ့ခဲ့မှုဖြင့် စင်ကာပူ အမြဲတမ်းနေထိုင်ခွင့်ရထားသည့် အသက် ၂၃ နှစ်အရွယ် မြန်မာနိုင်ငံသားတဦးအား ဇူလိုင် ၂၉ ရက် တွင် စင်ကာပူတရားရုံး၌ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အဆိုပါလူငယ်သည် အွန်လိုင်းမှ အစွန်းရောက်အယူအဆများကို လေ့လာရာမှ အစွန်းရောက်သွားခဲ့ခြင်းဖြစ် ကြောင်း သတင်းက ဆိုသည်။ ၂၀၂၃ ခုနှစ် အစ္စရေး-ဟားမတ်စ် စစ်ပွဲအပြီး အစ္စလာမ်မုန်းတီးရေး အကြောင်းအရာများကို ကြည့်ရှုအပြီးတွင် မွတ်ဆလင်များကို မုန်းတီးလာခဲ့သလို၊ ပါလက်စတိုင်း မွတ်ဆလင်များကို သတ်ဖြတ်ခြင်းမှာ တရားနည်းလမ်းကျသည်ဟု ယူဆသည့် အစွန်းရောက် ဇီယွန်ဝါဒကို သက်ဝင်ယုံကြည်လာခဲ့သည်။

စုံစမ်းစစ်ဆေးချက်များအရ စစ်ဘက်ဆိုင်ရာ ပစ္စည်းများဝယ်ယူရန် အွန်လိုင်းမှ ရန်ပုံငွေကောက်ခံနေသည့် X အသုံးပြုသူထံသို့ အမေရိကန်ဒေါ်လာ ၇၃ ဒေါ်လာကျော် လွှဲပြောင်းပေးခဲ့ပြီး ယင်းငွေကြေးသည် ဂါဇာတွင် ပါလက်စတိုင်း အရပ်သားများကိုပါ သုတ်သင်ရှင်းလင်းသည့် အကြမ်းဖက်လုပ်ရပ်များတွင် အသုံးပြုရန်ဖြစ်ကြောင်း စင်ကာပူ ပြည်တွင်းလုံခြုံရေးဌာန (ISD) က ထုတ်ပြန်ထားသည်။

ထို့အပြင် ၂၀၂၅ ခုနှစ် အစောပိုင်းမှစ၍ ဂျူး၊  မွတ်ဆလင်၊ ဥရောပသို့ ပြောင်းရွှေ့လာသူများနှင့် LGBT အသိုင်းအဝိုင်းတို့အပေါ် အကြမ်းဖက်မှုကို ထောက်ခံသည့် ပို့စ်များကိုလည်း အွန်လိုင်းတွင် ရေးသားခဲ့ကြောင်း သတင်းက ဆိုသည်။

အဆိုပါ ပြစ်မှုထင်ရှားပါက ဒဏ်ငွေ စင်ကာပူဒေါ်လာ ၅ သိန်းအထိ၊ ထောင်ဒဏ် ၁၀ နှစ်အထိ သို့မဟုတ် ပြစ်ဒဏ်နှစ်ရပ်စလုံး ကျခံရနိုင်သည်။ စင်ကာပူအစိုးရက အကြမ်းဖက်မှုနှင့် ငွေကြေးထောက်ပံ့မှုများကို ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဟု သတိပေးထားသည်။

ကိုးကား။      ။ Asia One သတင်း Myanmar national to be charged for donating money to facilitate terror acts in Gaza

ပုံစာ - အစ္စရေး ဗုံးကြဲမှုတခုအပြီး ဂါဇာတွင် တွေ့ရသော မြင်ကွင်းတခု/AFP
👍297😱7👎1😁1
ဆောင်းပါး
တရုတ်လက်ထဲက မြန်မာ့လျှပ်စစ်ဓာတ်အားလိုင်း
သူရိန်လင်း
လေ့လာစောင့်ကြည့်သူများသည် မြန်မာနိုင်ငံအတွင်း ပေကျင်း၏ ခြေရာလက်ရာများကို ကြည့်ရှုသည့်အခါ ကျောက်ဖြူရေနက်ဆိပ်ကမ်း သို့မဟုတ် မူဆယ်-မန္တလေး ရထားလမ်းကဲ့သို့သော မဟာစီမံကိန်းကြီးများကိုသာ မဖြစ်မနေ အာရုံစိုက်မိကြလေ့ရှိသည်။ သို့သော် သတိမမူမိဘဲ လျစ်လျူရှုခံထားရသည့် အရာမှာ တရုတ်နိုင်ငံက တိတ်တဆိတ် တပ်ဆင်ထားသည့် အပြီးသတ် ထိန်းချုပ်ခလုတ် (Kill Switch) ပင်ဖြစ်သည်။



Website တွင် ဖတ်ရန်- https://burma.irrawaddy.com/article/2026/07/29/415135.html
😭20👍13👎65
စာကြည့်တိုက်ပညာရှင် ဆရာကြီး စည်သူ ဦးသော်ကောင်း ကွယ်လွန်
သတင်း ၊ ဧရာဝတီ
ဆရာကြီး ဦးသော်ကောင်းသည် ဘဝတသက်တာလုံး တက္ကသိုလ်စာကြည့်တိုက်များ တိုးတက်ဖွံ့ဖြိုးရေးနှင့် စာစုစာရင်း ပညာရပ်များအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခဲ့သူဖြစ်ရာ မြန်မာနိုင်ငံ၏ စာကြည့်တိုက်ပညာ ဖခင်ကြီး ဟု တင်စား ခေါ်ဝေါ်ခံရသူဖြစ်သည်။
စည်သူဘွဲ့ရ ပညာမင်းကြီး ဦးကောင်း၏ အကြီးဆုံးသားဖြစ်ပြီး နှမများမှာ ဒေါ်ကြည်မေကောင်းနှင့် ဒေါ်ရီမေကောင်း တို့ဖြစ်ကြသည်။
၁၉၅၉ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ အင်္ဂလိပ်စာဖြင့် ဝိဇ္ဇာဂုဏ်ထူးဘွဲ့ရပြီးနောက် တက္ကသိုလ်စာကြည့်တိုက်မှူး ဖြစ်သည့် ဦးသိန်းဟန် (အမျိုးသားစာဆိုကြီး ဆရာဇော်ဂျီ) ထံတွင် ဒုတိယတက္ကသိုလ်စာကြည့်တိုက်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ သည်။

Website တွင် ဖတ်ရန်- https://burma.irrawaddy.com/news/2026/07/29/415155.html
😭384👎2👍1😁1
👎36😭7😁2😱1
မန္တလေးသပိတ်ခေါင်းဆောင် ကိုထက်မြက်အောင်ကို ထောင် ၃၇ နှစ် ချမှတ်

ဧရာဝတီ၊ ဇူလိုင် ၂၉၊ ၂၀၂၆

မန္တလေးသပိတ်ခေါင်းဆောင် ကိုထက်မြက်အောင်အား အာဏာသိမ်းအစိုးရမှ ထောင်ဒဏ် ၃၇ နှစ် ချမှတ်လိုက်ကြောင်း ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ယနေ့တွင် ထုတ်ပြန်သည်။

စစ်အာဏာသိမ်းချိန်မှစ၍ မန္တလေးမြို့လမ်းမများပေါ်တွင် အကြမ်းမဖက် သပိတ်တိုက်ပွဲများကို ဦးဆောင်ပါဝင်ခဲ့သူ ကိုထက်မြက်အောင်သည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်က ဖမ်းဆီးခံခဲ့ရပြီး အဆက်အသွယ် ပြတ်တောက်သွားခဲ့ကြောင်း ဆိုသည်။

ထို့နောက် ပြီးခဲ့သည့် ဇန်နဝါရီလမှစ၍ တရားရင်ဆိုင်ခဲ့ရပြီး စစ်အုပ်စုပြဋ္ဌာန်းထားသော ရွေးကောက်ပွဲ ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ရေးဥပဒေ ပုဒ်မ ၂၃ (ခ)၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) အပါအဝင် ပုဒ်မအများအပြားဖြင့် စွဲချက်တင်ခံခဲ့ရကြောင်း သိရသည်။

ဇူလိုင် ၂၇ ရက်တွင် ကိုထက်မြက်အောင်ကို အမှတ် (၃) ရဲစခန်း၊ အမှတ် (၆) ရဲစခန်းနှင့် အမှတ် (၇) ရဲစခန်းတို့က စွဲချက်တင်ထားသော "ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေ" ပုဒ်မ ၂၃ (ခ) အမှု ၃ ခုအတွက် တမှုလျှင် ၁၀ နှစ်စီဖြင့် ထောင်ဒဏ် နှစ် ၃၀၊ အမှတ် (၆) ရဲစခန်းက စွဲချက်တင်ထားသော "အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ" ပုဒ်မ ၅၂ (က) အမှုတခုအတွက် ၇ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၃၇ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ကိုထက်မြက်အောင် အပါအဝင် ထိုရက်ပိုင်းအတွင်း ဖမ်းဆီးခံခဲ့ရသော သပိတ်ရဲဘော် စုစုပေါင်း ၈ ဦးကိုလည်း ထောင်ဒဏ် ၃၇ နှစ်စီ ချမှတ်ခဲ့ကြောင်း ဖော်ပြထားသည်။

စစ်တပ်သည် ကိုထက်မြက်အောင်နှင့် သပိတ်ရဲဘော်များအား ဖမ်းဆီးပြီး ၇ လအကြာတွင် မတရားထောင်ဒဏ်များ ချမှတ်ခဲ့ခြင်းဖြစ်သည်။ ဒီမိုကရေစီနှင့် လွတ်မြောက်မှုကို ငြိမ်းချမ်းစွာ တောင်းဆိုခဲ့ကြသည့် ဆန္ဒပြကျောင်းသားပြည်သူများကို ယခုကဲ့သို့ မတရားပြစ်ဒဏ် ချမှတ်ခြင်းအပေါ် ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂအနေဖြင့် အပြင်းအထန် ရှုတ်ချကြောင်းလည်း ထုတ်ပြန်ထားသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
👎466😭6😁2😱1
Media is too big
VIEW IN TELEGRAM
တပ်ချုပ်သစ်က ပြည်သူတွေကို ပိုပြီး သတ်ဖြတ်နေ

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အသစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး လက်ထက်မှာ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု ပိုလုပ်လာတာကြောင့် သေဆုံးမှု ပိုများလာတယ်လို့ နိုင်ငံတကာ ပဋိပက္ခစောင့်ကြည့်ရေးအဖွဲ့ ဖြစ်တဲ့ (ACLED) က ဇူလိုင် ၂၇ ရက်နေ့ မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလမှာ တပ်ချုပ်ရာထူး အပြောင်းအလဲဖြစ်ပြီးနောက် လေကြောင်းတိုက်ခိုက်မှုပုံစံတွေဟာ အရင်လို ပစ်မှတ်တခုတည်းကို အကြိမ်ပေါင်းများစွာ တိုက်ခိုက်တာမျိုးမဟုတ်တော့ဘဲ အဲ့ဒီပစ်မှတ်ကို လေယာဉ် နှစ်စီး ကနေ ငါးစီးထိ အသုံးပြုပြီး တိုက်ခိုက်တာတွေဟာ အရပ်သားသေဆုံးမှုနဲ့ အခြေခံအဆောက်အအုံပျက်စီးမှုကို ပိုမို ဖြစ်ပေါ်လာစေခဲ့တယ်လို့ စာတမ်းက ဖော်ပြပါတယ်။

#မြန်မာ #ဧရာဝတီ #တပ်ချုပ် #ရဲဝင်းဦး #အရပ်သား #ACLED #WhatsHappeningInMyanmar
👎355😭3😁1
17👍14😁2😭1
BGF စောမုတ်သုန်ကို ထိုင်းက ဖမ်းဝရမ်းထုတ်ဟု သတင်းထွက်
ဧရာဝတီ၊ ဇူလိုင် ၂၉၊ ၂၀၂၆
ကရင်နယ်ခြားစောင့်တပ် (BGF) ၏ ဒုဗိုလ်မှူးကြီး စောမုတ်သုန်ကို နိုင်ငံဖြတ်ကျော် လူကုန်ကူးမှုနှင့်ဆက်နွှယ်သည့် ရာဇဝတ်မှုစွဲချက်များဖြင့် ထိုင်းနိုင်ငံမှ ဖမ်းဝရမ်းထုတ်လိုက်ကြောင်း လူမှုကွန်ရက်တွင် သတင်း ထွက်ပေါ်နေသည်။
လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာသော ဇူလိုင် ၂၇ ရက် ရက်စွဲနှင့် ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI) ၏ ထုတ်ပြန်ချက်ဆိုသည့်စာတွင် ရာဇဝတ်တရားရုံးမှ ဝရမ်းအမှတ် ၄၂၅၇/၂၅၆၅ ဖြင့် ဒုဗိုလ်မှူးကြီး စောမုတ်သုန် (ခေါ်) စောအယ်မုတ်သုန်သည် လူနှစ်ဦး (သို့မဟုတ်) နှစ်ဦးထက်မနည်း ပူးပေါင်းကြံစည်၍ နိုင်ငံဖြတ်ကျော် လူကုန်ကူးမှုများ ကျူးလွန်ခဲ့သလို၊ အခြားသူများကို ထိုင်းနိုင်ငံအတွင်း တရားမဝင် ခိုးသွင်းခြင်း၊ ခိုးထုတ်ခြင်းများပြုလုပ်ခဲ့သည်ဟု ဖော်ပြထားသည်။
ထိုစာတွင် မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဒူဘိုင်း၊ စမွတ ပရာကန်၊ ဘန်ကောက်နှင့် တာ့ခ်ခရိုင် (မဲဆောက်) တို့အပါအဝင် ဒေသတွင်း နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများနှင့် ဆက်နွှယ်နေသဖြင့် စောမုတ်သုန်ကို တွေ့ရှိပါက အကြောင်းကြားရန် ထုတ်ထားသည့် ဖမ်းဝရမ်းဖြစ်ပြီး သက်တမ်း ၁၅ နှစ် ဖြစ်သည်ဟု ပါရှိသည်။
ယခုဖမ်းဝရမ်းသတင်းမှာ အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်၏ ဩဂုတ်လ ၆ ရက်တွင် ထိုင်းသို့ သွားမည့်ခရီးစဉ်မတိုင်မီ ထွက်ပေါ်လာခြင်းဖြစ်သလို ပြီးခဲ့သည့် ဇူလိုင်၂၅ ရက်က ထိုင်းမှ ဗိုလ်ချုပ်ကြီး ပိုင်ဘွန်း ခွမ်ချိုင်ခမ်း ဦးဆောင်သောအဖွဲ့ နေပြည်တော်သို့ ရောက်ရှိလာသည့် ခရီးစဉ်နှင့်လည်း တိုက်ဆိုင်နေသည်။
ပြီးခဲ့သည့်နှစ်ကလည်း BGF ခေါင်းဆောင် စောချစ်သူနှင့် ဒုဗိုလ်မှူးကြီး စောမုတ်သုန်တို့ကို ထိုင်းဘက်ဝင်ရောက်လာသည်နှင့် ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်း၊ ၎င်းတို့၂ ဦးနှင့် ဗိုလ်မှူး စောတင်ဝင်းတို့ကို လူကုန်ကူးမှုသံသယဖြင့် ဖမ်းဆီးရန် DSI က ဖမ်းဝရမ်းတောင်းခံထားကြောင်း ထိုင်း ဒုဝန်ကြီးချုပ်လည်းဖြစ် ကာကွယ်ရေးဝန်ကြီး ဖွမ်ထမ် ဝက်ချယာချိုင်း (Phumtham Wechayachai) က ပြောဆိုကြောင်း၂၀၂၅ ဖေဖော်ဝါရီ ၁၂ ရက်ထုတ် The Nation သတင်း၌ ဖော်ပြခဲ့သည်။
သို့သော် လတ်တလောမှာပင် ထိုင်းနိုင်ငံ မဲဆောက်မြို့၌ ဇွန်လ ၉ ရက်ကပြုလုပ်ခဲ့သည့် ရွှေ့ပြောင်းပညာရေးကော်မတီ (BMWEC) ၏ ၂၅ နှစ်ပြည့်ပွဲသို့ စောမုတ်သုန် တက်ရောက်ခဲ့သည်ကို တွေ့ရသည်။
BGF ထံ ဧရာဝတီက မေးမြန်းရာ “ထိုင်းအစိုးရပိုင်သတင်းဌာနက အတည်ပြုမှသာလျှင် အတည်လို့ မှတ်ယူလို့ရပါမယ်။ လက်ရှိ အခြေ အနေအရ ကျနော်တို့ ပြောဖို့ခက်ပါတယ်“ ဟု သတင်းရင်းမြစ်က ပြောသည်။
လက်ရှိတွင် ကျားဖြန့် အပါအဝင် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတိုက်ဖျက်ရန်အတွက် အမေရိကန် ဖက်ဒရယ် ထောက်လှမ်းရေးဗျူရို (FBI) နှင့် ထိုင်းအစိုးရတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသလို တရုတ်နှင့်လည်း ပူးပေါင်းမှုမြှင့်တင်မည်ဟု ထိုင်းဘက်က သတင်းထုတ်ပြန်ထားသည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup
38👍9😁6😭1
Media is too big
VIEW IN TELEGRAM
ကြက်ဥ ၁ လုံး ၅၅၀ ရောင်းခိုင်းသူက အာကာသအိပ်မက် မက်

အာဏာသိမ်းအစိုးရက ပြင်ပပေါက်ဈေး ကျပ် ၇၀၀ ထိဖြစ်နေတဲ့ ကြက်ဥတလုံးကို ၅၅၀ ဈေး နဲ့ သတ်မှတ် ရောင်းခိုင်းနေတဲ့ အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်ဟာ မြန်မာမှာ ပထမဆုံး အာကာသယာဉ်မှူး မွေးထုတ်နိုင်ဖို့ မျှော်လင့်နေပါတယ်။

မြန်မာအာကာသ အေဂျင်စီ (MSA) မှာ ဇူလိုင် ၂၇ ရက်နေ့က ကျင်းပတဲ့ လက်တွေ့သရုပ်ပြသတဲ့အခမ်းအနားကို အာဏာသိမ်းသမ္မတ တက်ရောက်ခဲ့ပြီး အဲ့ဒီအခမ်းအနားမှာ ဂြိုလ်တုလွှတ်တင်နိုင်ဖို့အပြင် အာကာသယာဉ်မှူးတွေကိုလည်း စေလွှတ်နိုင်ရမယ်လို့ အာဏာသိမ်းခေါင်းဆောင်က ပြောဆိုခဲ့ကြောင်း ဒီနေ့ထုတ် သတင်းစာမှာ ဖော်ပြထားပါတယ်။

#မြန်မာ #ဧရာဝတီ #အာကာသ #ကြက်ဥ #WhatsHappeningInMyanmar
😁68😭43😱3
Media is too big
VIEW IN TELEGRAM
ဝန်ထမ်းတွေကို လစာတိုးပေးဖို့ မရှိလို့ဆို

အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလွှတ်တော်အစည်းအဝေးမှာ ကိုယ်စားလှယ်တဦးက ပညာရေးဝန်ထမ်းတွေအတွက် လက်ရှိ မြင့်တက်နေတဲ့ ကုန်ဈေးနှုန်းတွေနဲ့ ကိုက်ညီတဲ့ လစာတိုးပေးဖို့ ရှိမရှိ မေးမြန်းချက်အပေါ် ဘဏ္ဍာရေး နဲ့ အခွန်ဝန်ကြီးဌာနက တိုးပေးဖို့ မရှိဘူးလို့ ငြင်းဆိုလိုက်ပါတယ်။

ဝန်ထမ်းတွေလစာတိုးဖို့ ငြင်းဆိုခဲ့ပေမယ့် လွှတ်တော်ကိုယ်စားလှယ်တွေအတွက်ကတော့ အာဏာသိမ်း အစိုးရ မဖွဲ့ခင် ဇန်နဝါရီ ၂၈ ရက်နေ့မှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) ခွင့်ပြုချက်နဲ့ ချီးမြှင့်ငွေ နဲ့ စရိတ်များဆိုင်ရာဥပဒေကို ပြင်ဆင်ပြီး တိုးမြှင့်ပေးထားပါတယ်။

#မြန်မာ #ဧရာဝတီ #ဝန်ထမ်းလစာ #ကုန်ဈေးနှုန်း #ပြည်သူ့လွှတ်တော် #ကာလုံ #WhatsHappeningInMyanmar
😁568👎3😭3