The Irrawaddy - Burmese
79.5K subscribers
35.4K photos
1.98K videos
3 files
17K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
ပုဏ္ဏားကျွန်း စက်လှေတိမ်းမှောက်မှုမှာ သေဆုံးသူ ၁၁ ဦးရှိ (ရုပ်/သံ)

ဧရာဝတီ၊ ဇွန် ၁၆၊ ၂၀၂၆

အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်း မြို့နယ် ကင်းချောင်းအတွင်းမှာ ဇွန်လ ၁၅ ရက်နေ့က ခရီးသည် တင်စက်လှေတစီး တိမ်းမှောက်မှုမှာ သေဆုံးသူ ၁၁ ဦးရှိခဲ့တယ်လို့ ကယ်ဆယ်ရေးမှာ ပါဝင်ခဲ့သူတွေက ဧရာဝတီကို ပြောပါတယ်။

ဒီစက်လှေဟာ ရသေ့တောင်မြို့နယ်၊ ကူတောင်ရွာကနေ ကျောက်တော်မြို့ဘက်ကို ထွက်ခွာလာရာကနေ ပုဏ္ဏားကျွန်းမြို့နယ် ကင်းချောင်းအတွင်း ဦးရာဇ်မင်္ဂလာ ကြိုးတံတားနဲ့ တိုက်မိပြီး နစ်မြုပ်သွားခဲ့တာပါ။

စက်လှေအတွင်းမှာ လူ အယောက် ၃၀ ကျော်လိုက် ပါလာခဲ့တာဖြစ်ပြီး ဒီထဲက အသက် ၂၀ ကနေ ၆၀ ကျော်အရွယ်ကြား အမျိုးသမီး ၅ ဦးနဲ့ အမျိုးသား ၆ ဦး တို့ သေဆုံးသွားခဲ့ကြတာဖြစ်ပါတယ်။

https://youtu.be/xmhGXEXXvKw
#မြန်မာ #ဧရာဝတီ #ပုဏ္ဏားကျွန်း #AA #စက်လှေ #ဦးရာဇ်မင်္ဂလာ #WhatsHappeningInMyanmar
😭32👎5😁1
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့နီးကပ်လာချိန် ခြံအမှတ် ၅၄ ရှေ့ရှိ ဗိုလ်ချုပ်ပုံ စစ်တပ် ဖြုတ်ချ

သတင်းတို | ဧရာဝတီ၊ ဇွန် ၁၆၊ ၂၀၂၆

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့နီးချိန် ရန်ကုန်ရှိအမွေဆိုင်အိမ်အတွင်းသို့ စစ်အုပ်စုက ယမန်နေ့ညပိုင်း ဝင်ရောက်စစ်ဆေးပြီး ခြံရှေ့မှ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံနှင့်မိန့်ခွန်းစာသားအား ဖြုတ်ချသွားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင်တဦးက ဧရာဝတီသို့ ပြောသည်။

ညအချိန်ဝင်လာသည့် လူအုပ်စုက နေအိမ်တွင်နေထိုင်သူများအား စစ်ဆေးမေးမြန်းမှုအချို့ပြုလုပ်ပြီးနောက် ခြံရှေ့ရှိ ဗိုလ်ချုပ်ဓာတ်ပုံနှင့် “လူထုနဲ့တိုင်းပြည်ရဲ့မျက်နှာကိုထောက်ပြီး ပြတ်ပြတ်သားသားဆောင်ရွက်ကြ” ဆိုသည့် မိန့်ခွန်းစာသားကို ဖြုတ်ချခဲ့သည်ကို ယနေ့ နံနက်မှ သိရှိရကြောင်းလည်း ၎င်းက ပြောသည်။

Website တွင် ဖတ်ရန် https://bit.ly/4v8dHiF
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
😭22👎19🤔2😁1😱1
👎25😁1
ဂွကို စစ်တပ် ဗုံးကြဲ

ဧရာဝတီ၊ ဇွန် ၁၆၊ ၂၀၂၆

ရခိုင်ပြည်နယ် ဂွမြို့နယ် ကျောက်ချွန်ကျေးရွာကို ယမန်နေ့ နံနက်အစောပိုင်းတွင် ဂျက်ဖိုက်တာတစီးဖြင့် ဗုံး ၂ လုံးကြဲသွားရာ စာသင်ကျောင်းထိမှန်ပျက်စီးပြီး လူထိခိုက်မှုမရှိဟု အာရက္ခတပ်တော် (AA)စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

၎င်းက"စာသင်ကျောင်းပေါ်ကျလို့ ပျက်စီးသွားတယ်။ နွားတကောင် သေတယ်။ ပြည်သူတွေ ထိခိုက်မှုမရှိဘူး"ဟု ဧရာဝတီကို ပြောသည်။

AA သည် ချင်းပြည်နယ် ပလက်ဝနှင့် ရခိုင်ပြည်နယ် ၁၄ မြို့ကို ထိန်းချုပ်ထားပြီး စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့၌ တိုက်ပွဲများ ဖြစ်နေသည်။

AA ထိန်းချုပ်မြို့နယ်တို့ကို စစ်တပ် မကြာခဏဗုံးကြဲတိုက်ခိုက်၍ နေအိမ်များပျက်စီးကာ အရပ်သားများ ထိမှန်သေဆုံးခြင်းများ ရှိသည်။

“သတင်း- မောင်လူအေး
ဓာတ်ပုံ-CJ

#WhatsHappeningInMyanmar
#RejectMilitaryCoup
👎28👍2😁1
😁19👎8
ကော်သူးလေ မှတ်ပုံတင် ၁ထောင်ကျော် ထိုင်းအကောက်ခွန် သိမ်း

ဧရာဝတီ၊ ဇွန် ၁၆၊ ၂၀၂၆

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်လေဆိပ်၌ ကော်သူးလေ အမျိုးသားမှတ်ပုံတင်ကတ် ၁ထောင်ကျော်နှင့် တရားမဝင် စာရွက်စာတမ်းများကို အကောက်ခွန်ဌာနက သိမ်းဆည်းရမိခဲ့ကြောင်း ယနေ့ သတင်းထုတ်ပြန်သည်။

အကောက်ခွန်ဌာန၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်တွင် ချင်းမိုင်လေဆိပ် အကောက်ခွန်စစ်ဆေးရေးဂိတ်၌ အမေရိကန်မှ ရောက်ရှိလာသော ခရီးသည်တဦး၏ သံသယဖြစ်ဖွယ် ခရီးဆောင်အိတ်များကို စစ်ဆေးခဲ့ရာ ကော်သူးလေ မှတ်ပုံတင်ကတ် ၁,၂၂၅ ခုနှင့် တရားမဝင်စာရွက်စာတမ်းများကို သိမ်းဆည်းခဲ့ပြီး သိမ်းဆည်းရမိပစ္စည်းများ ခန့်မှန်းတန်ဖိုးမှာ ဘတ် ၆၀,၂၁၄ ခန့်ရှိကြောင်း ဖော်ပြထားသည်။

ထိုပစ္စည်းများကို အမေရိကန်ပြည်ထောင်စုတွင် ထုတ်လုပ်ခဲ့ပြီး ထိုင်းနိုင်ငံ၏ အကောက်ခွန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ဖြတ်သန်းခြင်းမရှိဘဲ နိုင်ငံအတွင်းသို့ ကုန်စည်များ မှောင်ခိုသွင်းယူသည့် ပြစ်မှု မြောက်စေပြီး၊ အကောက်ခွန်အက်ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကတ်များကို ခရီးဆောင်အိတ် ၂ အိတ်အတွင်း ထည့်သွင်း ယူဆောင်လာခြင်းဖြစ်ပြီး သယ်လာသူနှင့် ပတ်သက်၍ အသေးစိတ် ဖော်ပြခြင်း မရှိပေ။

ကော်သူးလေ မှတ်ပုံတင်ကတ် (Kawthoolei ID) သည် ကော်သူးလေအစိုးရမှ ၎င်းတို့၏ အုပ်ချုပ်မှုနယ်မြေများနှင့် ဒုက္ခသည်စခန်းများအတွင်း နေထိုင်သူများအတွက် ထုတ်ပေးသော နိုင်ငံသား/ဒေသခံ မှတ်ပုံတင်ကတ် ဖြစ်သည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
😁39👎43👍2
KIA အရေးပေါ် ထုတ်ပြန်ထားတဲ့ ရွှေကူမှာ တိုက်ပွဲပြင်းထန်နေ (ရုပ်/သံ)

ဧရာဝတီ၊ ဇွန် ၁၆၊ ၂၀၂၆

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က အရေးပေါ် ပြောင်းရွှေ့ဖို့ ထုတ်ပြန်ထားတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ KIA နဲ့ အာဏာသိမ်းစစ်တပ်အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ဧရာဝတီကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့က ရွှေကူမှာ တိုက်ပွဲတွေ ပြင်းထန်လာမှာဖြစ်တဲ့အတွက် ပြည်သူတွေ မြို့ အတွင်းကနေ ထွက်ခွာပေးဖို့ နဲ့ ရွေကူမြို့အဝင် လမ်းမကြီးနဲ့ ငါးအိုး - ရွှေကူလမ်းမကြီး အားလုံးကို သွားလာခွင့်ပိတ်လိုက်တယ်လို့ KIA တပ်မဟာ (၁၁) တပ်ရင်း (၁၂) က ထုတ်ပြန်ထားတာ ဖြစ်ပါ တယ်။

အာဏာသိမ်းစစ်တပ်ဟာ KIA နဲ့ စစ်ရေးအားပြိုင်မှုရှိနေတဲ့ ဗန်းမော်မြို့ကို စစ်အင်အား ဖြည့်တင်းဖို့ ကြိုးပမ်းနေတဲ့အပေါ် KIA ကကြားဖြတ်တိုက်ခိုက်နေတာကြောင့် ရွှေကူမှာ တိုက်ပွဲတွေ ဖြစ်ပွား နေတာပါ။ ရွှေကူမြို့ရဲ့ ၃ မိုင်နဲ့ ၄ မိုင်ဝန်းကျင်အနီး မြို့ပတ်ပတ်လည်မှာ တိုက်ပွဲ ဖြစ်ပွားနေတာလို့ ရွှေကူ ဒေသခံတွေက ပြောပါတယ်။

https://youtu.be/69JG869wyRM
#မြန်မာ #ဧရာဝတီ #KIA #ကချင် #ရွှေကူ #ဗန်းမော် #WhatsHappeningInMyanmar
👍3811😁3😱1
• တရုတ်ခရီးစဥ်မှာ ကချင်နဲ့ ရှမ်း ဝန်ကြီးချုပ်တွေကို ဘာကြောင့်ခေါ်သွားတာလဲ

• ခြံအမှတ် ၅၄ ကို စစ်တပ် ဧည့်စာရင်းဝင်စစ်ပြီး ဗိုလ်ချုပ်ပုံကို ဖြုတ်ချ

• မြန်မာ့ငွေကြေးဖောင်းပွမှု ၂၅ ရာခိုင်နှုန်းအထိ မြင့်တက်လာတယ်လို့ ကမ္ဘာ့ဘဏ်ထုတ်ပြန်

• မြန်မာဒုက္ခသည်တွေအတွက် ကျန်းမာရေးဝန်ဆောင်မှုပေးခဲ့သူကို ဗြိတိန်ဘုရင် ဂုဏ်ပြု

• အမေရိကန်လေတပ်ရဲ့ B-52 ဗုံးကြဲလေယာဥ် ပျက်ကျ လူ ၈ ဦးသေဆုံး

နေ့စဉ်သတင်း၊ ဇွန် ၁၆၊ ၂၀၂၆

https://youtu.be/qptO9LvvDv0
#မြန်မာ #ဧရာဝတီ #တရုတ်ခရီးစဉ် #ကချင် #ရှမ်း #ခြံအမှတ်၅၄ #ကမ္ဘာ့ဘဏ် #ဗြိတိန်ဘုရင် #နေ့စဉ်သတင်း #DailyNews #WhatsHappeingInMyanmar
👍424👎2😭2
Media is too big
VIEW IN TELEGRAM
ဝါဇီစက်ရုံတွင် ကျပ်ငွေအသစ်များကို ရက်နားမရှိ ရိုက်နှိပ်နေ

ဇွန် ၁၇၊ ၂၀၂၆

လက်ရှိ မြန်မာနိုင်ငံရဲ့ စီးပွားရေး ဘယ်လောက်အထိ အကျပ်ရိုက်နေလဲဆိုတာကို သိချင်ရင် မန္တလေးတိုင်း ကျောက်ဆည်မြို့နယ်ထဲက "ဝါဇီ" ပုံနှိပ်စက်ရုံဆီကို လှည့်ကြည့်ဖို့ လိုပါလိမ့်မယ်။

#မြန်မာ #ဧရာဝတီ #စစ်တပ် #စီးပွားရေး #ငွေကြေး #ဝါဇီစက်ရုံ
👎23😭73
Media is too big
VIEW IN TELEGRAM
တိုင်းပြည်ကို ချောက်ထဲတွန်းချတဲ့ ပညာမဲ့ဗိုလ်ချုပ်တွေ
ဧရာဝတီ၊ ဇွန် ၁၇၊ ၂၀၂၆

စစ်ဗိုလ်ချုပ်တွေက ခေတ်အဆက်ဆက် နိုင်ငံကို ဘယ်လိုအရှက်ခွဲခဲ့လဲ၊ ဘယ်လို ပညာမဲ့မှု၊ ရူးသွပ်မှုတွေနဲ့ နိုင်ငံကို ချောက်ထဲတွန်းပို့ခဲ့ကြသလဲ။ အပြည့်အစုံကို လာမယ့် သောကြာနေ့ (ဇွန် ၁၉) မှာ ထုတ်လွှင့်မယ့် Opinion Talk အပိုင်းသစ်မှာ စောင့်မျှော်ကြည့်ရှုလိုက်ပါ။

#မြန်မာ #နိုင်ငံရေး #ပည#ဗိုလ်ချုပ် #စစ်ဗိုလ် #မင်းအောင်လှိုင် #နေဝင်း #သန်းရွှေ #စောမောင် #Myanmar #politic #education #general #MinAungHlaing #NeWin #ThanShwe #SawMaung
👍303😭2
မြန်မာ့အချုပ်အခြာအာဏာ ကာကွယ်ရေး တရုတ်က ‘အခိုင်အမာ ထောက်ခံ’ ဟု ရှီကျင့်ဖျင် ပြော

ဧရာဝတီ၊ ဇွန် ၁၇၊ ၂၀၂၆

တရုတ်နိုင်ငံခေါင်းဆောင် ရှီကျင့်ဖျင်သည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ ကာကွယ်စောင့်ရှောက်ရေးတွင် ကူညီပံ့ပိုးပေးမည်ဟု ပေကျင်းမြို့တွင် အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် ကတိပြုခဲ့ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာများက ဖော်ပြသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အရေးအကြီးဆုံး မဟာမိတ်ဖြစ်ပြီး၊ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရကို မင်းအောင်လှိုင်က ဖြုတ်ချခဲ့ပြီးနောက် အနောက်နိုင်ငံများက ဆက်ဆံရေး ဖြတ်တောက်ခဲ့ကြစဉ် အနည်းငယ်မျှသာကျန်ရှိတော့သော ရေရှည်လက်တွဲဖော်နိုင်ငံလည်း ဖြစ်သည်။

ပေကျင်းအစိုးရသည် အာဏာသိမ်းမှုကြောင့် ဖြစ်ပွားလာသည့် ပြည်တွင်းစစ်တွင် အဓိက ကြားဝင်စေ့စပ်ပေးသူ အာဏာပိုင်တဦးအဖြစ် ပေါ်ထွက်လာခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီကို ချန်လှပ်ထားကာ စစ်တပ်လိုလားသော လွှတ်တော်အမတ်များသာ အပြတ်အသတ် အနိုင်ရရှိခဲ့သည့် မကြာသေးမီက ကျင်းပခဲ့သော မဲပေးပွဲများကိုလည်း အတိအလင်း ထောက်ခံခဲ့သည်။ အဆိုပါ လွှတ်တော်အမတ်များကပင် မင်းအောင်လှိုင်ကို သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံပိုင် စီစီတီဗွီ (CCTV) ရုပ်သံလိုင်း၏ ဖော်ပြချက်အရ ရှီကျင့်ဖျင်သည် အင်္ဂါနေ့က ပေကျင်းမြို့ရှိ ခမ်းနားထည်ဝါသော ပြည်သူ့ခန်းမဆောင်ကြီးတွင် ပြုလုပ်သည့် ကြိုဆိုပွဲအခမ်းအနားအပြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို ကာကွယ်စောင့်ရှောက်ရာတွင် "အခိုင်အမာထောက်ခံသည်" ဟု ပြောကြားခဲ့သည်။

မင်းအောင်လှိုင်၏ ယခုခရီးစဉ်သည် ပြီးခဲ့သည့် ဧပြီလတွင် အရပ်သားသမ္မတအဖြစ် တာဝန်ယူပြီးနောက်ပိုင်း ၎င်း၏ ဒုတိယမြောက် နိုင်ငံတော်အဆင့် ပြည်ပခရီးစဉ် ဖြစ်သည်။ တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားနေသည့် နှစ်နိုင်ငံနယ်စပ်ဒေသတလျှောက်ရှိ အွန်လိုင်းငွေလိမ်လည်မှု စခန်းများကြောင့် မကြာသေးမီနှစ်များအတွင်း ပေကျင်းနှင့် ဆက်ဆံရေး တင်းမာမှုများ ရှိခဲ့ပြီးနောက် ယခုခရီးစဉ် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း လေ့လာဆန်းစစ်သူများက ဆိုသည်။

ပေကျင်းအစိုးရအနေဖြင့် "အစိုးရသစ်အနေနဲ့ မိမိနိုင်ငံရဲ့ ပကတိအခြေအနေတွေနဲ့ ကိုက်ညီပြီး ပြည်သူတွေရဲ့ ထောက်ခံမှုကို ရရှိစေမယ့် မှန်ကန်တဲ့ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းကို ရှာဖွေနိုင်ဖို့အတွက် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လုံခြုံရေးကို မျှတအောင် ဆောင်ရွက်ရာမှာ ကူညီပံ့ပိုးပေးသွားမှာဖြစ်ပါတယ်" ဟု ရှီကျင့်ဖျင်က မင်းအောင်လှိုင်သို့ ပြောကြားခဲ့သည်။

ထို့ပြင် နှစ်နိုင်ငံစလုံးအနေဖြင့် တယ်လီကွန်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုနှင့် မူးယစ်ဆေးဝါး ကုန်ကူးမှုများကို "ပြင်းပြင်းထန်ထန် ဆက်လက်နှိမ်နင်း" သွားရမည်ဟု တရုတ်ခေါင်းဆောင်က ထပ်လောင်းပြောကြားခဲ့သည်။

ရှီကျင့်ဖျင်က တရုတ်-မြန်မာ ဆက်ဆံရေးကိုလည်း ချီးကျူးပြောဆိုခဲ့ပြီး နှစ်နိုင်ငံစလုံးသည် "အတူတကွ ဒုက္ခသုက္ခတွေကို မျှဝေခံစားခဲ့ကြသည်" ဟု ဆိုသည်။

"မြန်မာနိုင်ငံမှာရှိတဲ့ အဖွဲ့အစည်းအားလုံး ဆွေးနွေးညှိနှိုင်းမှုတွေကတဆင့် ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်နိုင်ဖို့ တရုတ်နိုင်ငံက ထောက်ခံပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

မင်းအောင်လှိုင်သည် တရုတ်ဝန်ကြီးချုပ် လီချန်နှင့် ထိပ်တန်းဥပဒေပြုအရာရှိ ကျောက်လဲ့ကျိ တို့နှင့်လည်း တွေ့ဆုံရန် စီစဉ်ထားသည်။

ပေကျင်းအစိုးရသည် မြန်မာစစ်တပ်အတွက် အဓိက လက်နက်ပံ့ပိုးပေးသူဖြစ်ပြီး၊ တရုတ်နယ်စပ်ဒေသများတွင် စစ်တပ်ကို စိန်ခေါ်ခဲ့ဖူးသည့် ဩဇာအရှိဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း နှစ်ခုနှင့် စစ်တပ်အကြား အရေးပါသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် နှစ်ခုကိုလည်း ကြားဝင်စေ့စပ်ပေးခဲ့ဖူးသည်။

မြန်မာနိုင်ငံသည် ပြည်တွင်းစစ်ကြောင့် အကြီးအကျယ် ဆင်းရဲမွဲတေမှုနှင့် ရင်ဆိုင်နေရသော်လည်း၊ တရုတ်နိုင်ငံအတွက် လိုအပ်သော မြေရှားသတ္တုများကို အဓိက ထောက်ပံ့ပေးနေသည့် နိုင်ငံတခုအဖြစ်လည်း ပေါ်ထွက်လာခဲ့သည်။

ကိုးကား။ ။ AFP သတင်း Xi: China ‘firmly supports’ Myanmar in safeguarding sovereignty

ဓာတ်ပုံ - ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီးတွင် ပြုလုပ်သည့် ကြိုဆိုပွဲအခမ်းအနားအတွင်း မင်းအောင်လှိုင် (ညာ) နှင့် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်တို့ ဂုဏ်ပြုတပ်ဖွဲ့ကို လှည့်လည်ကြည့်ရှု စစ်ဆေးနေစဉ်/AFP
👎237😁5👍1
ကာတွန်း

ပါပါး (ကာတွန်း-ဘီရုမာ/ဧရာဝတီ)

https://bit.ly/4vQRdma
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
👍94😁2
ရွှေကူမှ ဗန်းမော် ဦးတည်လာသည့် စစ်တပ်နှင့် KIA တိုက်ပွဲဖြစ်

ဧရာဝတီ၊ ဇွန် ၁၇၊ ၂၀၂၆

ကချင်ပြည်နယ်၊ ရွှေကူမြို့၌ရောက်ရှိနေသည့် စစ်တပ်သည် ဗန်းမော်မြို့ဘက်သို့ မြေပြင်စစ်ကြောင်းထိုးရန် စတင်ကြိုးပမ်းလာသဖြင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားပြီး လေကြောင်းဖြင့် စစ်ကူပေးဗုံးကြဲနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

၎င်းက “ရွှေကူကနေ ဗန်းမော်ဘက်ကို ဦးတည်ပြီး တက်လာတာ အခုထိတော့ ဗန်းမော်လမ်းဘက်ကို ရောက်တဲ့အခြေအနေ မရှိသေးပါဘူး။ ရွှေကူနားမှာပဲ လှုပ်ရှားနေတဲ့အနေအထား ဖြစ်တယ်။ မိုးတွင်းကျရင်လည်း နှစ်တိုင်းလို မြစ်ကြောင်းကနေ သင်္ဘောတွေ တက်လာမယ်လို့ ထင်တယ်။ အဲဒီသင်္ဘောတွေ လုံခြုံရေးအတွက် အခုကတည်းက အရေးကြီးတဲ့နေရာတွေမှာ နေရာယူထားဖို့လုံခြုံရေးအတွက် ကြိုးစားပုံရတယ်” ဟု ပြောသည်။

လက်ရှိတိုက်ပွဲမှာ ရွှေကူမှ ဗန်းမော်ဘက်အတက် လေးလမ်းဆုံဝန်းကျင်နှင့် တောင်ခြေရှိ တော်လှန်ရွာ၊ လမ်းကူရွာပတ်ဝန်းကျင်တွင် ဖြစ်ပွားနေပြီး ဇွန် ၁၅ ရက်ကY-12 လေယာဉ်ဖြင့် အကြိမ်နှစ်ဆယ်ခန့် ဗုံးကြဲကြောင်း သိရသည်။

ရွှေကူမြို့သို့ စစ်အင်အားဖြည့်တင်းရန် ခလရ-၁၂၁ အခြေစိုက်ရာ ငါးအိုးရွာတွင် ဗျူဟာအဆင့်စုဖွဲ့ပြီး အင်အားငါးရာခန့်ဖြင့် စစ်ကြောင်းသုံးကြောင်းခွဲကာ မေလဆန်းကစတင် ထိုးစစ်ဆင်လာခြင်းဖြစ်သည်။

စစ်တပ် စစ်ကြောင်းများအနေဖြင့် ငါးအိုးမှ ရွှေကူမြို့သို့ ထိုးဖောက်ရောက်ခဲ့သော်လည်း လမ်းတလျောက် တိုက်ပွဲများအတွင်း အထိနာကာ သေဆုံးဒဏ်ရာရသူဦးရေ ၁၀၀ ခန့်ရှိနိုင်ကြောင်း မြေပြင်တော်လှန်ရေးတပ်ဖွဲ့က ခန့်မှန်းထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်ကလည်း ရွှေကူသို့စစ်ကြောင်းထိုးလာသည့်တိုက်ပွဲအတွင်း စစ်တပ်၏ အမှတ်(၄) လေကြောင်းချီ တပ်မဟာ ကွပ်ကဲမှူးဌာနချုပ် တပ်မဟာမှူး ဗိုလ်မှူးချုပ်သူရ ဝဏ္ဏလွင် ဒဏ်ရာရခဲ့ပြီး ၎င်းနေရာ အစားထိုးတာဝန်ယူခဲ့သော ဒုတပ်မဟာမှူးမှာလည်း ထပ်မံဒဏ်ရာရခဲ့ကြောင်း ဇွန်လ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။

စစ်ရေးလေ့လာသူတဦးက “ရွှေကူကနေ ဗန်းမော်ကိုသွားပေါင်းဖို့ စလုပ်နေပြီပေါ့။ ခေါင်းဆောင်မှုက အားနည်းတယ် ထင်တယ်။ တပ်မဟာမှူး ဒဏ်ရာရပြီး နောက်တန်းပြန်ရောက်နေသလို ဒုတပ်မဟာမှူးလည်း ဒဏ်ရာရနေလို့ ဗျူဟာမှူးတွေ ဦးစီးနေပုံရတယ်။ ရွှေကူ ငါးလမ်းဆုံက ဆက်တက်တာနဲ့ တောထဲတိုးရမှာဆိုတော့ ဗန်းမော်ကို သိပ်ပြီးမြန်မြန်ဆန်ဆန် ရောက်ဖို့တော့ခက်မယ်” ဟု သုံးသပ်သည်။

ဗန်းမော်ကို ဦးတည်နေသည့် စစ်တပ်နှင့် တိုက်ပွဲဖြစ်သည်နှင့်တပြိုင်နက် ငါးအိုး- ရွှေကူလမ်းပိုင်းရှိ စစ်တပ်ခြေကုပ် ယူထားသောနေရာအချို့အား KIA ပူးပေါင်းတပ်များ တန်ပြန် ထိုးစစ်တိုက်ခိုက်ကာ စခန်းတချို့ ပြန်လည်သိမ်းပိုက်ရရှိခဲ့ကြောင်း မြေပြင်စစ်ရေး သတင်းရင်းမြစ်တဦးက ပြောသည်။

လက်ရှိတွင် စစ်အင်အားများ ဖြည့်တင်းထားသည့် ရွှေကူမြို့ပေါ်တွင် တိုက်ပွဲများမရှိသေးသော်လည်း မြို့ပေါ် နေထိုင်သူများအနေဖြင့် တိမ်းရှောင်ကြရန် KIA ဘက်က သတိပေးထားသလို ရွှေကူမြို့နယ်အတွင်း တိုက်ပွဲများဆက်လက် ဖြစ်ပွားရန်ရှိနေကြောင်း ဆိုထားသည်။

KIA ပူးပေါင်းတပ်များ မြို့သိမ်းတိုက်ပွဲဖော်ဆောင်ခဲ့သည်မှာ တနှစ်ကျော်ကြာလာပြီဖြစ်သည့် ဗန်းမော်မြို့တွင်လည်း နှစ်ဖက် ဆက်လက် စစ်ဆိုင်ထားပြီး လတ်တလော မြေပြင်တိုက်ပွဲ ငြိမ်သက်နေသော်လည်း စစ်တပ်ဘက်က လက်နက်ကြီး ပစ်ခတ်ခြင်း၊ ဒရုန်းနှင့် ကင်းထောက် ဗုံးကြဲခြင်းများရှိနေကြောင်း သိရသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
👍164
AI ခေတ်အတွက် ‘ခေတ်မမီတော့သည့်’ ဝိဇ္ဇာဘွဲ့သင်တန်းများအား တရုတ်တက္ကသိုလ်များ ပယ်ဖျက်

ဧရာဝတီ၊ ဇွန် ၁၇၊ ၂၀၂၆

တရုတ်နိုင်ငံရှိ တက္ကသိုလ်များသည် နည်းပညာအခြေပြု သင်ရိုးညွှန်းတမ်းများကို ပိုမိုဦးစားပေးရန်အတွက် ဝိဇ္ဇာ၊ လူမှုရေးသိပ္ပံနှင့် ဘာသာစကားဆိုင်ရာ ဘွဲ့သင်တန်းပေါင်း ၁၂,၀၀၀ ကို ပယ်ဖျက်ခဲ့ကြောင်း ပြည်တွင်းသတင်းများအရ သိရသည်။

ယခုကဲ့သို့ ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရခြင်းမှာ နိုင်ငံ၏ အဆင့်မြင့်ပညာရေးကဏ္ဍကို တရုတ်နိုင်ငံ၏ AI (ဉာဏ်ရည်တု) အခြေပြု စီးပွားရေးစနစ်ဆီသို့ ဦးတည်မောင်းနှင်နိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံ ပညာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ တရုတ်တက္ကသိုလ် သင်ရိုးညွှန်းတမ်းများ၏ သုံးပုံတပုံနီးပါးအပေါ် ရိုက်ခတ်မှုရှိခဲ့ပြီး ကျောင်းသားပေါင်း သန်းနှင့်ချီ၍ သက်ရောက်မှု ခံခဲ့ရသည်။

ဤအပြောင်းအလဲ၏ အစိတ်အပိုင်းတခုအဖြစ် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများတွင် ဘွဲ့ကြိုသင်တန်းအသစ်ပေါင်း ၁၀,၂၀၀ ကို မိတ်ဆက်ပေးခဲ့ကြောင်း သတင်းများက ဆိုသည်။

ဝိဇ္ဇာနှင့် လူမှုသိပ္ပံဘွဲ့များကို ပညာရေးစီမံခန့်ခွဲသူများက "ခေတ်မမီတော့ဘဲ" ဈေးကွက်အတွင်း အလွန်အကျွံ လျှံထွက်နေသည်ဟု ပိုမိုရှုမြင်လာကြကြောင်း South China Morning Post သတင်းစာက ဖော်ပြခဲ့ပြီး၊ အခြားတဖက်တွင်မူ ‘ထင်သာမြင်သာ ရှိသော ဉာဏ်ရည်’ (Embodied Intelligence) များသည် ပေကျင်းအစိုးရ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များနှင့် ပိုမိုကိုက်ညီသည်ဟု ယူဆကြသည်။

ရှန်ဟိုင်းသိပ္ပံနှင့် နည်းပညာတက္ကသိုလ်မှ မကြာသေးမီက ဘွဲ့ရရှိခဲ့သူတဦးက အလုပ်အကိုင် အလားအလာ အားနည်းချက်ကြောင့် တက္ကသိုလ်က အဆိုပါ ဘွဲ့သင်တန်းကို ဖျက်သိမ်းခဲ့ခြင်းဖြစ်ကြောင်း သတင်းစာသို့ ပြောကြားခဲ့သည်။

"AI ရဲ့ လျင်မြန်တဲ့ ဖွံ့ဖြိုးတိုးတက်မှုက ထုတ်ကုန် ဒီဇိုင်း (Product Design) မေဂျာကို အပြင်းအထန် ရိုက်ခတ်ခဲ့ပါတယ်" ဟု အမည်မဖော်လိုသည့် အဆိုပါ ကျောင်းသားက ဆိုသည်။ "အဓိက လုပ်ငန်းအများစုကို အခုအခါ AI က လုပ်ဆောင်ပေးနိုင်နေပါပြီ။"

တရုတ်နိုင်ငံ၏ ပညာရေး ပြုပြင်ပြောင်းလဲမှုသည် ကျောင်းသင်ရိုးညွှန်းတမ်းများတွင် AI နှင့် ဆက်နွယ်သော ဘာသာရပ်အသစ်များ ထည့်သွင်းရန် ကမ္ဘာတဝန်း လုပ်ဆောင်နေကြသည့် ကနဦးခြေလှမ်းများထဲမှ တခုဖြစ်သည်။

အိန္ဒိယနိုင်ငံသည် နိုင်ငံတော်အဆင့် ကျောင်းသင်ရိုးညွှန်းတမ်းများတွင် AI မော်ဂျူးများကို တိုက်ရိုက်ထည့်သွင်းထားပြီး၊ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ကလည်း အမျိုးသား AI ပညာရေးဦးဆောင်မှု အစီအစဉ်ကို စတင်ခဲ့ကာ၊ ကာဇက်စတန်နိုင်ငံသည်လည်း AI ကို လက်ခံကျင့်သုံးခြင်းသည် အမျိုးသားရှင်သန်ရေးကိစ္စဟု သတ်မှတ်ပြီးနောက် ပညာရေးမဟာဗျူဟာအသစ်တခုကို အကောင်အထည်ဖော်နေသည်။

ဥရောပတွင် စပိန်နိုင်ငံသည် ၎င်း၏ "Digital Spain" မဟာဗျူဟာ၏ အစိတ်အပိုင်းအဖြစ် AI ဆိုင်ရာ တတ်မြောက်မှုကို အလေးထားရန် သင်ရိုးညွှန်းတမ်းကို မွမ်းမံပြင်ဆင်ခဲ့သည်။

ပြီးခဲ့သည့်နှစ်က ယူကေ ပညာရေးဝန်ကြီး ဘရစ်ဂျက် ဖိလစ်ပဆန် (Bridget Phillipson) က ပညာရေးဝန်ကြီးဌာနအနေဖြင့် GCSE နှင့် A-level စာမေးပွဲများနှင့်အတူ ယှဉ်တွဲထားရှိမည့် ဒေတာသိပ္ပံ (Data Science) နှင့် ဉာဏ်ရည်တု (AI) ဆိုင်ရာ အရည်အချင်းစစ် မေဂျာအသစ်တခု ပေါ်ပေါက်လာရေး အလားအလာကို လေ့လာနေကြောင်း ကြေညာခဲ့သည်။

ဆယ်စုနှစ်တခုအတွင်း အကြီးမားဆုံးသော အမျိုးသားသင်ရိုးညွှန်းတမ်း ပြန်လည်သုံးသပ်မှုကို လာမည့်နှစ်တွင် ထုတ်ပြန်ရန် စီစဉ်ထားပြီး ၂၀၂၈ ခုနှစ် စက်တင်ဘာလတွင် စတင်အကောင်အထည်ဖော်မည် ဖြစ်သည်။

ကိုးကား။ ။ The Independent သတင်း China’s universities cut thousands of ‘obsolete’ arts degrees in AI overhaul

ဓာတ်ပုံ - တရုတ်နိုင်ငံ၏ ပညာရေး ပြုပြင်ပြောင်းလဲမှုသည် ကျောင်းသင်ရိုးညွှန်းတမ်းများတွင် AI နှင့် ဆက်နွယ်သော ဘာသာရပ်အသစ်များ ထည့်သွင်းရန် ကမ္ဘာတဝန်း လုပ်ဆောင်နေကြသည့် ကနဦးခြေလှမ်းများထဲမှ တခုဖြစ်သည်/AFP
👍63😁2🤔2👎1
👎61😭1