The Irrawaddy - Burmese
✔
80.3K subscribers
34.9K photos
1.93K videos
3 files
16.8K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
😭32😁1
KNU မှ ဒုဗိုလ်မှူးကြီး စောကလယ်ဒို ကွယ်လွန်

ဧရာဝတီ၊ ဧပြီ ၇၊ ၂၀၂၆

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းရှိ ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒို (၇၃ နှစ်) သည် မေ ၆ ရက် ညနေပိုင်းတွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရသည်။

ဒုဗိုလ်မှူးကြီး စောကလယ်ဒို ကွယ်လွန်ခြင်းနှင့်ပတ်သက်ပြီး ကရင်တော်လှန်ရေးလူငယ်များနှင့် အဖွဲ့အစည်းများက ကြီးမားသည့်ဆုံးရှုံးမှုတခုအဖြစ် ဝမ်းနည်းကြောင်း ဖော်ပြထားကြသည်။

KNU အမြဲတမ်း ဗဟိုကော်မတီဝင် ပဒို စောသမိန်ထွန်းက ကရင်တော်လှန်ရေး၌ နာမည်ပျက်မရှိဘဲ သစ္စာရှိရှိ၊ ရိုးရိုးသားသား လုပ်ကိုင်သူဖြစ်ကြောင်း မှတ်ချက်ပြုပြောဆိုသည်။

၎င်းက “သူက ဖာပွန်တကြောမှာ တော်လှန်ရေးလုပ်လာတာ နှစ်ပေါင်းများစွာ ရှိပြီ။ တကယ်တော့ တပ်မဟာမှူးတို့ အဆင့်ထိ တက်ဖို့ပါပဲ။ သွေးတိုး၊ ဆီးချိုရောဂါအခံရှိပြီး ကျန်းမာရေးမကောင်းတော့ ၄ နှစ်လောက် ရှိပြီ အနားယူထားတာ။ တကယ်လို့ သူသာ ကျန်းမာရေးကောင်းရင် တပ်မမှူးဖြစ်မှာ။ တော်လှန်ရေးကို သစ္စာရှိရှိနဲ့ ရိုးရိုးသားသား လုပ်ခဲ့ပြီး နာမည်ကောင်းရခဲ့တဲ့ တပ်မှူးပေါ့” ဟု ပြောသည်။

စောကလယ်ဒို သည် KNU ဌာနချုပ် မာနယ်ပလောခေတ်ကာလ အရေးကြီးသည့်အချိန်များတွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၀၂ ၏ စစ်ရေးတာဝန်ခံအဖြစ် တာဝန်ယူခဲ့သူဖြစ်သလို ၂၀၁၅ ခုနှစ်ကလည်း မူတြော် (ဖာပွန်) ခရိုင် အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း ကရင် သတင်းဌာန KIC ၌ ဖော်ပြထားသည်။

ဓာတ်ပုံ- KIC

#WhatsHappeningInMyanmar
#RejectMilitaryCoup
😭28❤6😁5👍3
😁22👍1
Miss Grand Myanmar ကို ဆက်လက်ပံ့ပိုးမည်ဟု မစ္စတာနာဝပ် ကတိပြု

ဧရာဝတီ၊ မေ ၇၊ ၂၀၂၆

Miss Grand International ကုမ္ပဏီအနေဖြင့် Miss Grand Myanmar နှင့် ပတ်သက်၍ လက်ရှိဖြစ်ပေါ်နေသော အခြေအနေများအပေါ် စာနာနားလည်မှုနှင့် အလေးအနက် စိတ်မကောင်းဖြစ်ရကြောင်း ယနေ့ ထုတ်ပြန်သည်။

Miss Grand International အနေဖြင့် Miss Grand Myanmar Organization အား ဆက်လက်ကူညီပံ့ပိုးသွားရန် ကတိပြုထားပြီး နောင်အနာဂတ်တွင်လည်း ပူးပေါင်းဆောင်ရွက်မှုနှင့် မိတ်ဖက်အဖြစ် ဆက်လက်လက်တွဲသွားရန် တန်ဖိုးထားလျက်ရှိသည်ဟု ဆိုထားသည်။

ခက်ခဲသောအချိန်ကာလအတွင်း သက်ဆိုင်သူအားလုံးကို ထောက်ခံအားပေးကြောင်းနှင့် လက်ရှိအခြေအနေကို ငြိမ်းချမ်းစွာဖြင့် အပြုသဘောဆောင် ပြေလည်သွားမည်ဟု မျှော်လင့်ကြောင်း ဖော်ပြထားသည်။

မစ္စတာ နာဝပ် အစ်ဆာရာဂရီဆယ်သည် Miss Grand International Organization ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။

ပြီးခဲ့သည့် မေ ၄ ရက်က ကျင်းပခဲ့သော Miss Grand Myanmar ပြိုင်ပွဲအစီစဥ်တခုဖြစ်သည့် အမျိုးသားဝတ်စုံပြိုင်ပွဲတွင် တာချီလိတ်အလှမယ် မအိမွန်လွင်၏ သီလရှင်ဝတ်စုံဖြင့် ယှဉ်ပြိုင်မှုအပေါ် ဝေဖန်မှုပြင်းထန်ခဲ့ပြီးနောက် အရေးယူမှုများလည်း ရှိနေသည်။

ဓာတ်ပုံ - Missosology Myanmar

#WhatsHappeningInMyanmar
#RejectMilitaryCoup
👍16👎5😁4❤3🤔1
👍28❤3
👍22❤6
အာဆီယံထိပ်သီးအစည်းအဝေးတက်ရန် နိုင်ငံ့ခေါင်းဆောင်များ ရောက်လာ

ဧရာဝတီ၊ မေ ၇၊ ၂၀၂၆

ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့၌ မေလ ၈ ရက်တွင် ကျင်းပမည့် ၄၈ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး တက်ရောက်ရန် အာဆီယံနိုင်ငံ့ခေါင်းဆောင်များ ရောက်ရှိလာကြောင်း အာဆီယံက ယနေ့ထုတ်ပြန်သည်။

စီးပွားရေး မရေရာမှုများနှင့် အရှိန်မြင့်လာနေသော အရှေ့အလယ်ပိုင်း အကျပ်အတည်းများက ဒေသတွင်း ဆွေးနွေးပွဲများအပေါ် လွှမ်းမိုးလာနေချိန်တွင် ဖိလစ်ပိုင်နိုင်ငံသည် ယခုဆွေးနွေးပွဲများ၏ ဗဟိုချက် ဖြစ်လာကြောင်း အာဆီယံက ဆိုသည်။

လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်သည် မလေးရှား၊ အင်ဒိုးနီးရှား၊ ဘရူနိုင်းနိုင်ငံ အကြီးအကဲများနှင့် ယနေ့ ညနေပိုင်း၌ အထူးအစည်းအဝေးပွဲ တရပ်ကျင်းပရန်ရှိကြောင်း သိရသည်။

မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းသည် ယမန်နေ့မွန်းတည့်အချိန်တွင် စီဘူးမြို့သို့ ရောက်ရှိလာခဲ့ရာ နှစ်ပတ်လည် ဒေသတွင်းအစည်းအဝေးသို့ ပထမဆုံး ရောက်ရှိလာသည့် အာဆီယံကိုယ်စားလှယ်ဖြစ်ကြောင်း ဖိလစ်ပိုင်သတင်းအေဂျင်စီ (PNA) က ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် အာဆီယံထိပ်သီးအစည်းအဝေးတွင် နိုင်ငံ့ခေါင်းဆောင်ကိုယ်တိုင်တက်ရောက်ခြင်း မရှိသည့် တခုတည်းသောအဖွဲ့ဝင်နိုင်ငံလည်း ဖြစ်သည်။

စစ်တပ်ဦးဆောင် ကျင်းပသည့် ရွေးကောက်ပွဲရလဒ်များကို အသိအမှတ်ပြုရန် အဖွဲ့အတွင်း သဘောတူညီချက် မရသေးဘဲ ဘုံ သဘောတူညီချက် ၅ ရပ်အား ဆက်လက်စွဲကိုင်ထားကြောင်း အာဆီယံက ယမန်နေ့၌ ထုတ်ပြန်ထားသလို ဖမ်းဆီးခံထားရသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အာဆီယံအထူးကိုယ်စားလှယ်အား တွေ့ဆုံခွင့်ပြုရန် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖိလစ်ပိုင်နိုင်ငံက တိုက်တွန်းထားသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
👍38❤9
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ် မော်လူးမြို့ကို မေလ ၅ ရက်က စစ်တပ်ပြန်ရပြီးနောက် မန္တလေး- မြစ်ကြီးနားဗျူဟာ ကားလမ်းတခုလုံးသည် စစ်တပ်၏ ထိန်းချုပ်မှုအောက် ပြန်လည်ရောက်ရှိသွားပြီဟုဆိုရမည်။

တော်လှန်ရေးတပ်များ တနှစ်ကျော်ကြာ သိမ်းထားသည့် မန္တလေး- ဗန်းမော်- မြစ်ကြီးနား ကားလမ်းပေါ်မှ တကောင်း၊ မြတောင်၊ ထီးချိုင့်မြို့များ ပြီးခဲ့သည့် မတ်လက စစ်တပ်နောက် ပြန်ပါပြီးနောက် ... Website တွင် ဖတ်ရန် https://bit.ly/4tnVbBs
👎34👍6❤5😱1
ပြည်သူကရွေးတဲ့ ဒီမိုက ရေစီအစိုးရတဲ့လား (ရုပ်/သံ)

ဧရာဝတီ၊ မေ ၇ ၊ ၂၀၂၆

အာဏာသိမ်းသမ္မတက သူဦးဆောင်တဲ့အဖွဲ့ကို "ပြည်သူကရွေးချယ်ထားတဲ့ ဒီမိုကရေစီအစိုးရ" လို့ မေလ ၆ ရက်နေ့က နေပြည်တော် အစည်းအဝေးတခုမှာ ပြောဆိုခဲ့တာဟာ လက်တွေ့မြေပြင်အခြေအနေနဲ့ လုံးဝပြောင်းပြန်ဖြစ်နေတယ်လို့ နိုင်ငံရေးပါတီတွေဘက်က ဝေဖန်တုံ့ပြန်လိုက်ပါတယ်။

စစ်တပ်ကပြုလုပ်တဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ ပါတီကိုယ်စားလှယ်တွေကတော့ လက်ရှိမြေပြင်မှာ လွတ်လပ်စွာပြောဆိုခွင့်တောင် မရှိတဲ့အခြေအနေဖြစ်နေတယ်လို့ နိုင်ငံရေးပါတီတွေက ဆိုကြပါတယ်။

ဒါကြောင့်လည်း အာဏာသိမ်းသမ္မတရဲ့ ပြောဆိုချက်တွေဟာ လက်တွေ့အခြေအနေနဲ့ အလှမ်းကွာဝေးနေပြီး အနှစ်သာရမရှိတဲ့ ဝါဒဖြန့်မှုတခုပဲ ဖြစ်တယ်လို့ ရှုမြင်နေကြပါတယ်။

https://youtu.be/6zWsaaeu8LQ
#မြန်မာ #ဧရာဝတီ #ဒီမိုကရေစီအစိုးရ #ရွေးကောက်ခံ #အာဏာသိမ်းသမ္မတ #နိုင်ငံရေးပါတီ #WhathappensInMyanmar
👎37😁7❤2😭1
• မင်းအောင်လှိုင်ကို ICC ဝရမ်းထုတ်လာရင် ဖမ်းပေးဖို့ အာဆီယံကို တိုက်တွန်း

• ပိတ်ဆို့မှုတွေခံနေရလို့ အာဏာသိမ်းသမ္မတငြီးတွား

• မြန်မာအလုပ်သမားကို နှိပ်စက်တဲ့ တရုတ် ၃ ဦးကို ထိုင်းရဲ ဖမ်းမိ

• စက်သုံးဆီချွေတာဖို့ နယ်သာလန်သံရုံးဒုတိယအကြီးအကဲ စက်ဘီးနဲ့ရုံးတက်

• ထိုင်းနိုင်ငံမှာ ရွှေချောင်းရောင်းချရမှုစံချိန်တင်မြင့်တက်

နေ့စဉ်သတင်း၊ မေ ၇၊ ၂၀၂၆

https://youtu.be/jXCveh8pxpc
#မြန်မာ #ဧရာဝတီ #အာဆီယံ #ICC #မင်းအောင်လှိုင် #အာဏာသိမ်းသမ္မတ #တရုတ် #စက်သုံးဆီ #နယ်သာလန် #နေ့စဉ်သတင်း #DailyNews #WhathappensInMyanmar
👍47❤6🤔1
😁32👍5👎4😱1
စစ်မှုထမ်းပြီးသူများကို အလုပ်အကိုင် စီစဉ်ပေးမည်ဟု ဆို

ဧရာဝတီ၊ မေ ၇၊ ၂၀၂၆

အာဏာရှင်အစိုးရ ဖွဲ့စည်းထားသည့် “စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေး စီမံခန့်ခွဲမှုကော်မတီ”အနေဖြင့် စစ်မှုထမ်းဥပဒေအရ သတ်မှတ်ကာလပြည့်မြောက်သူများကို အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး ဆောင်ရွက်ပေးနေသည်ဟု ယနေ့ ထုတ်ပြန်သည်။

စစ်မှုထမ်းသတ်မှတ်ကာလပြည့်မြောက်၍ လက်မှတ်ရရှိထားသူများကို ဝန်ကြီးဌာနများ၌ ဖွင့်လှစ်လျက်ရှိသော သက်မွေးဝမ်းကျောင်းသင်တန်းများသို့ တက်ရောက်လိုသူများ၊ ဝန်ထမ်းအပါအဝင် ပြည်တွင်း၊ ပြည်ပကုမ္ပဏီဝန်ထမ်းအဖြစ် လုပ်ကိုင်လိုသူများ၊ ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်လိုသူများအား သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ကုန်သည်စက်မှု အသင်းချုပ် (UMFCCI)နှင့် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးမည်ဟု ဆိုသည်။

ထို့ကြောင့် သတ်မှတ်ကာလ ပြီးမြောက်သည့် စစ်မှုထမ်းများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိရန် အခက်အခဲရှိပါက စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေး စီမံခန့်ခွဲမှုကော်မတီသို့ ဆက်သွယ်နိုင်ကြောင်း ဖော်ပြထားသည်။

၂၀၂၄ ခုနှစ် ဧပြီလမှ စတင်ဖွင့်လှစ်ခဲ့သော စစ်သင်တန်းအပတ်စဉ် တခုလျှင် ပျမ်းမျှ ၅,၀၀၀ ဦး ဝန်းကျင်နှင့် ယခုအပတ်စဉ် ၂၀ ကျော်အထိ ခေါ်ယူခဲ့ကာ ယင်းအထဲမှ အပတ်စဉ် ၁ ခေါ်ယူခဲ့သူများကို ပြီးခဲ့သည့် ဧပြီလအတွင်းက စစ်မှုထမ်းကာလ ၂ နှစ်ပြည့်သဖြင့် အိမ်ပြန်ခွင့်ပြုရာ အများဆုံး ၂,၀၀၀ ခန့်သာ ရှိကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI)၏ ထုတ်ပြန်ချက်အရ သိရသည်။

ပုံစာ- ရန်ကုန်တိုင်းအတွင်းရှိ နယ်မြေခံသင်တန်းကျောင်းများ၌ စစ်မှုထမ်းသင်တန်းအမှတ်စဉ် ၅ တက်ရောက်ခဲ့သူများ/MOI

#WhatsHappeningInMyanmar
#RejectMilitaryCoup
😁50👎13❤10👍2😱1
😱14👍13
ဟော်မုဇ်ရေလက်ကြားမှာ အီရန်နှင့် အမေရိကန် အပြန်အလှန် ပစ်ခတ်

ဧရာဝတီ၊ မေ ၈၊ ၂၀၂၆။

ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာနေသည့် အမေရိကန် စစ်သင်္ဘောများကို ဒုံးကျည်များ၊ ဒရုန်းများနှင့် စက်လှေငယ်များဖြင့် အကြိမ်ကြိမ် တိုက်ခိုက်ခဲ့သည့် အီရန်စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို အမေရိကန်တပ်ဖွဲ့များက ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ် (CENTCOM) က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

“မေလ ၇ ရက်နေ့က အိုမန်ပင်လယ်ကွေ့ဆီကို ဟော်မုဇ်ရေလက်ကြားကနေတဆင့် ဖြတ်သန်းသွားလာနေတဲ့ အမေရိကန်ရေတပ်ရဲ့ လမ်းညွှန်ဒုံးကျည်တင် ဖျက်သင်္ဘောတွေကို အီရန်ဘက်က အကြောင်းမဲ့ တိုက်ခိုက်လာတာတွေကို အမေရိကန်တပ်ဖွဲ့တွေက ကြားဖြတ်ဟန့်တားခဲ့ပြီး ခုခံကာကွယ်တဲ့အနေနဲ့ ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်” ဟု CENTCOM က သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန်တပ်ဖွဲ့များ ပစ်မှတ်ထားခဲ့သည့် အီရန်အဆောက်အအုံများတွင် “ဒုံးကျည်နှင့် ဒရုန်းပစ်လွှတ်သည့် စခန်းများ၊ ကွပ်ကဲမှုနှင့် ထိန်းချုပ်မှုဌာနများ၊ ထောက်လှမ်းရေး၊ စောင့်ကြည့်ရေးနှင့် ကင်းထောက်ရေး နော့ဒ် (nodes) များ” ပါဝင်ကြောင်း CENTCOM အရ သိရသည်။

တိုက်ခိုက်မှုများအပြီးတွင် သမ္မတ ဒေါ်နယ်ထရန့်က Truth Social လူမှုကွန်ရက်တွင် ပို့စ်တခုတင်ကာ တင်းမာမှုများကို ထပ်မံမမြှင့်တင်ရန် အီရန်ကို သတိပေးခဲ့ပြီး သဘောတူညီချက်တခုကို မကြာမီ လက်မှတ်ရေးထိုးရန် ပြောကြားခဲ့သည်။

“သူတို့ဘက်က သဘောတူညီချက်ကို အမြန်ဆုံးလက်မှတ်မထိုးဘူးဆိုရင် နောင်မှာ ကျနော်တို့က သူတို့ကို အခုထက် ပိုပြင်းထန်ပြီး ပိုမိုကြမ်းတမ်းစွာ ချေမှုန်းသွားမှာပါ” ဟု ၎င်းက ရေးသားခဲ့သည်။

“ကျနော်တို့ရဲ့ ဖျက်သင်္ဘောတွေကို ဒုံးကျည်တွေနဲ့ ပစ်ခဲ့ပေမယ့် အလွယ်တကူပဲ ပစ်ချနိုင်ခဲ့ပါတယ်။ အလားတူပဲ ဒရုန်းတွေ လာခဲ့ပေမယ့် ဝေဟင်မှာတင် လောင်ကျွမ်းသွားခဲ့ပါတယ်။ အဲဒီဒရုန်းတွေ သမုဒ္ဒရာထဲကို လွင့်စင်ကျသွားတာဟာ သင်္ချိုင်းထဲကို လိပ်ပြာလေးတကောင် ကျသွားသလိုမျိုး သိပ်ကို လှပလွန်းပါတယ်” ဟု ထရန့်က ကြွားလုံးထုတ်ခဲ့သည်။

အမေရိကန် စစ်ရေးတိုက်ခိုက်မှုများကို ဘန်ဒါအဘတ်စ် (Bandar Abbas) နှင့် ကက်ရှ်မ် (Qeshm) အပါအဝင် နေရာအတော်များများတွင် လုပ်ဆောင်ခဲ့ကြောင်း အမေရိကန် အရာရှိတဦးက CNN သို့ ပြောကြားခဲ့သည်။

“နိုင်ငံတကာ ရေလမ်းကြောင်းကို USS Truxtun (DDG 103)၊ USS Rafael Peralta (DDG 115) နဲ့ USS Mason (DDG 87) သင်္ဘောတွေ ဖြတ်သန်းနေစဉ်မှာ အီရန်တပ်ဖွဲ့တွေက ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ စက်လှေငယ် အမြောက်အမြားကို လွှတ်ခဲ့တာပါ။ အမေရိကန်ပိုင် တစုံတရာ ထိခိုက်မှုမရှိခဲ့ပါဘူး” ဟု CENTCOM ၏ ထုတ်ပြန်ချက်တွင် ထပ်လောင်းဖော်ပြထားသည်။

အီရန် လက်နက်ကိုင်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတဦးကမူ အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုများသည် ကက်ရှ်မ်ကျွန်း၊ ဘန်ဒါခါမီယာ (Bandar Khamir) နှင့် ဆီရစ်ခ် (Sirik) ကမ်းရိုးတန်းတလျှောက်ရှိ အရပ်သား နယ်မြေများကို ထိမှန်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ဟော်မုဇ်ရေလက်ကြားသို့ ဦးတည်မောင်းနှင်နေသည့် အီရန် ရေနံတင်သင်္ဘောတစီးကို ပစ်မှတ်ထားခြင်းဖြင့် အမေရိကန်သည် လက်ရှိ အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ခဲ့သည်ဟုလည်း ၎င်းက စွပ်စွဲခဲ့သည်။

အီရန်အနေဖြင့် ရေလက်ကြား၏ အရှေ့ဘက်နှင့် ချာဘဟာ (Chabahar) ဆိပ်ကမ်း တောင်ဘက်ရှိ အမေရိကန် စစ်သင်္ဘောများကို တိုက်ခိုက်ခြင်းဖြင့် “တုံ့ပြန်သည့် အရေးယူဆောင်ရွက်မှု” လုပ်ဆောင်ခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူက နိုင်ငံပိုင်မီဒီယာမှ ထုတ်လွှင့်သော ဗီဒီယိုမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထရန့်က ကြာသပတေးနေ့ တိုက်ခိုက်မှုများကို ABC News နှင့် ဖုန်းဖြင့် ဆက်သွယ်ရာတွင် “အချစ်တော် ရိုက်ချက်ကလေး” (love tap) ဟု ခေါ်ဆိုခဲ့သည်။ “အပစ်အခတ်ရပ်စဲရေးက ဆက်ရှိနေတုန်းပါ။ အာဏာတည်မြဲနေဆဲပါ” ဟု ၎င်းက ဆိုသည်။

အီရန်လုံခြုံရေးတပ်ဖွဲ့များနှင့် “ရန်သူ” တို့အကြား အပြန်အလှန် ပစ်ခတ်မှုအတွင်း ကက်ရှ်မ်ကျွန်းရှိ Bahman ဆိပ်ခံတံတားမှ ကုန်သွယ်ရေး အဆောက်အအုံများ ပစ်မှတ်ထားခံခဲ့ရကြောင်း အီရန်နိုင်ငံပိုင် မီဒီယာသတင်းတရပ်တွင် ဖော်ပြထားသည်။

အမေရိကန်နှင့် အီရန်တို့သည် တလနီးပါး ကြာမြင့်နေပြီဖြစ်သော အပစ်အခတ်ရပ်စဲရေး ရှိနေလင့်ကစား မကြာသေးမီရက်ပိုင်းအတွင်း အပြန်အလှန် ပစ်ခတ်မှုများ ရှိနေခဲ့သည်။ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဒန်ကိန်းက အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားရာ၌ အပစ်ရပ်စဲရေး စတင်ကတည်းက အီရန်သည် အမေရိကန်တပ်ဖွဲ့များကို ၁၀ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့သော်လည်း ထိုဖြစ်စဉ်များအနက် တစုံတရာမျှ အပြည့်အဝ စစ်ပွဲပြန်လည်ဖြစ်ပွားသည့် အဆင့်သို့ မရောက်ရှိသေးကြောင်း ပြောကြားခဲ့သည်။

ဗိုလ်ချုပ်ကြီး ကိန်းနှင့် ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက် နှစ်ဦးစလုံးက အမေရိကန်တပ်ဖွဲ့များသည် လက်ရှိတွင် ခုခံကာကွယ်သည့် အနေအထားဖြင့်သာ ဆောင်ရွက်နေသော်လည်း နုနယ်လှသော အပစ်ရပ်စဲရေးကာလအတွင်း အီရန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်ရန် အသင့်ရှိနေကြောင်း အလေးပေး ပြောကြားခဲ့သည်။

ဗုဒ္ဓဟူးနေ့က အိုမန်ပင်လယ်ကွေ့တွင် အီရန်ဆိပ်ကမ်းတခုသို့
❤38👍14😁7
ဦးတည်ခုတ်မောင်းရန် ကြိုးပမ်းနေသည့် အီရန်အလံတင် ရေနံတင်သင်္ဘော၏ တက်မကို အမေရိကန် တိုက်လေယာဉ်တစ်စီးက ကျည်အမြောက်အမြားဖြင့် ပစ်ခတ်ကာ ရပ်တန့်စေခဲ့ပြီးနောက် ယခုနောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

M/T Hasna အမည်ရှိ ထိုရေနံတင်သင်္ဘောသည် အိုမန်ပင်လယ်ကွေ့ရှိ အီရန်ဆိပ်ကမ်းတခုသို့ ဦးတည်သွားနေစဉ် နိုင်ငံတကာရေပိုင်နက်အတွင်း ရှိနေခဲ့ပြီး၊ ၎င်းသင်္ဘောသည် အမေရိကန်၏ ပိတ်ဆို့မှုကို ချိုးဖောက်နေကြောင်း အမေရိကန်တပ်ဖွဲ့များက “သတိပေးချက်များစွာ ထုတ်ပြန်ခဲ့သည်” ဟု CENTCOM က ထိုစဉ်က ပြောကြားခဲ့သည်။

အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ်၏ ထုတ်ပြန်ချက်တွင် အမေရိကန်တပ်ဖွဲ့များသည် “ပဋိပက္ခ ပိုမိုကြီးထွားလာအောင် မလုပ်ဆောင်လို” သော်လည်း စစ်တပ်အနေဖြင့် “အမေရိကန်တပ်ဖွဲ့များကို အကာအကွယ်ပေးရန် အသင့်ရှိနေသည်” ဟု ဖော်ပြထားသည်။

ကိုးကား။ ။ CNN သတင်း US military strikes sites in Iran as countries exchange fire

ပုံစာ - ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက် Talisman Sabre 21 စစ်ရေးလေ့ကျင့်မှုအတွင်း USS Rafael Peralta (DDG 115) ဖျက်သင်္ဘောက ရေပြင်ပစ်ကူပေးရန်အတွက် ၅ လက်မအမြောက်ကို ပစ်ခတ်နေစဉ်/ US Navy
👍27❤19😁4
😁25👍3😱3😭2
ကာကွယ်ရေးဝန်ကြီးဟောင်းနှစ်ဦးကို တရုတ်နိုင်ငံက ဆိုင်းငံ့သေဒဏ် ချမှတ်

ဧရာဝတီ၊ မေ ၈၊ ၂၀၂၆။

တရုတ်ကာကွယ်ရေးဝန်ကြီးဟောင်းများဖြစ်ကြသည့် ဝေဖုန်းဟယ် (Wei Fenghe) နှင့် လီရှန်ဖူ (Li Shangfu) တို့ကို အဂတိလိုက်စားမှု စွဲချက်များဖြင့် ၂နှစ်ဆိုင်းငံ့သေဒဏ် အသီးသီး ချမှတ်လိုက်ကြောင်း နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ကြာသပတေးနေ့တွင် ဖော်ပြခဲ့ရာ၊ ၎င်းမှာ တရုတ်စစ်ဘက်အတွင်း အရှိန်အဟုန်ပြင်းစွာ အရေးယူရှင်းလင်းမှုများကို မီးမောင်းထိုးပြနေသည်။

၂၀၁၂ ခုနှစ်တွင် သမ္မတ ရှီကျင့်ဖျင် အာဏာရလာပြီးနောက် အမိန့်ပေးခဲ့သည့် ကျယ်ပြန့်သော အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွင် လက်နက်ကိုင်တပ်ဖွဲ့များသည် အဓိကပစ်မှတ်များထဲမှ တခုဖြစ်ခဲ့သည်။ ထိုသို့ အရေးယူရှင်းလင်းမှုများသည် ၂၀၂၃ ခုနှစ်တွင် နျူကလီးယားလက်နက်များနှင့် သမရိုးကျဒုံးကျည်များကို ကြီးကြပ်ရသည့် အထူးအထောက်အထားပြ (Elite) ဒုံးပျံတပ်ဖွဲ့ (Rocket Force) ထံသို့ ရောက်ရှိလာခဲ့သည်။

ယခုနှစ်အစောပိုင်းတွင် အဆိုပါအရေးယူမှုများမှာ ပိုမိုမြင့်တက်လာခဲ့ပြီး ပေါ်လစ်ဗျူရိုအဖွဲ့ဝင်နှင့် ရှီကျင့်ဖျင်၏ ကာလရှည်မဟာမိတ်အဖြစ် ရှုမြင်ခံခဲ့ရသည့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီး ကျန်းယုံရှ (Zhang Youxia) ကို ရာထူးမှ ဖယ်ရှားခြင်းအထိ ဖြစ်ပေါ်ခဲ့သည်။

လီရှန်ဖူသည် လာဘ်ပေးလာဘ်ယူမှုများအပြင် "အမြောက်အမြားသော ငွေကြေးများ" ကို လာဘ်ငွေအဖြစ် လက်ခံရရှိခဲ့သည်ဟု သံသယရှိကြောင်း ယခင်ဆင်ဟွာသတင်းများတွင် ဖော်ပြခဲ့ပြီး၊ စုံစမ်းစစ်ဆေးမှုများအရ ၎င်းသည် "နိုင်ငံရေးဆိုင်ရာ တာဝန်ဝတ္တရားများကို ပျက်ကွက်ခဲ့ကာ" "မိမိကိုယ်ကျိုးနှင့် အခြားသူများအတွက် အကျိုးအမြတ်များကို ရှာဖွေခဲ့သည်" ဟု တွေ့ရှိရသည်။

၂၀၂၃ ခုနှစ်တွင် စတင်ခဲ့သော ဝေဖုန်းဟယ်အား စုံစမ်းစစ်ဆေးမှုတွင် ၎င်းသည် "အမြောက်အမြားသော ငွေကြေးနှင့် အဖိုးတန်ပစ္စည်းများ" ကို လာဘ်ယူခဲ့ကြောင်းနှင့် "ဝန်ထမ်းခန့်အပ်မှုများတွင် အခြားသူများအား မလျော်ကန်သော အကျိုးအမြတ်များရရှိစေရန် ကူညီပေးခဲ့" ကြောင်း တွေ့ရှိရသည်ဟု ဆင်ဟွာက ၂၀၂၄ ခုနှစ်တွင် သတင်းထုတ်ပြန်ခဲ့ပြီး၊ ၎င်း၏ လုပ်ရပ်များသည် "သဘာဝအရ အလွန်တရာ ပြင်းထန်ပြီး အလွန်ဆိုးရွားသော သက်ရောက်မှုနှင့် ကြီးမားသော ထိခိုက်နစ်နာမှုများ ဖြစ်စေခဲ့သည်" ဟု ထပ်လောင်းဖော်ပြထားသည်။

တရုတ်နိုင်ငံတွင် ဆိုင်းငံ့သေဒဏ် ချမှတ်ခြင်းခံရသူသည် ဆိုင်းငံ့ထားသည့်ကာလအတွင်း မည်သည့်ပြစ်မှုမျှ ထပ်မံကျူးလွန်ခြင်းမရှိပါက ပုံမှန်အားဖြင့် တသက်တကျွန်း ထောင်ဒဏ်သို့ လျှော့ပေါ့ပေးလေ့ရှိသည်။

ပြစ်ဒဏ်လျှော့ပေါ့ပြီးနောက်တွင် ၎င်းတို့သည် နောက်ထပ် ပြစ်ဒဏ်လျှော့ပေါ့ခွင့် သို့မဟုတ် ခံဝန်ဖြင့် လွတ်မြောက်ခွင့် (Parole) မရရှိဘဲ တသက်တကျွန်း ဆက်လက်အကျဉ်းကျခံရမည်ဖြစ်ကြောင်း ဆင်ဟွာက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံတွင် ဆက်လက်ဖြစ်ပွားနေသော စစ်ဘက်ဆိုင်ရာ အဂတိလိုက်စားမှု ရှင်းလင်းရေးများသည် ၎င်းတို့၏ ကွပ်ကဲမှုပုံစံတွင် ကြီးမားသော လစ်ဟင်းမှုများကို ဖြစ်ပေါ်စေပြီး လျင်မြန်စွာ ခေတ်မီလာနေသော လက်နက်ကိုင်တပ်ဖွဲ့များ၏ အသင့်ဖြစ်မှုကိုလည်း ဟန့်တားနိုင်ဖွယ်ရှိကြောင်း အပြည်ပြည်ဆိုင်ရာ ဗျူဟာမြောက်လေ့လာရေးဆိုင်ရာ အဖွဲ့ (IISS) က ယခုနှစ်အတွင်း ပြောကြားခဲ့သည်။

ကိုးကား။ ။ Reuters သတင်း China sentences former defence ministers to death with reprieve

ပုံစာ - ၂နှစ်ဆိုင်းငံ့သေဒဏ် အသီးသီး ချမှတ်ခံရသော ဝေဖုန်းဟယ် (ဝဲ) နှင့် လီရှန်ဖူ (ယာ)/ AFP
👍24😁13❤8😭2😱1
ထိုင်း- မြန်မာနယ်စပ် မြဝတီမြို့နှင့် မိုင် ၄၀ကျော်အကွာရှိ ဝေါလေဗျူဟာကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းတပ်များက ယမန်နှစ်ကတည်းက ပိတ်ဆို့ထားပြီး ယခုအပြီးသိမ်းရန် ထိုးစစ်ဆင်နေရာ စစ်တပ်က ဒရုန်း၊ လေယာဉ် အမြောက်မြားသုံး ခုခံနေသဖြင့် လက်ရှိအချိန်ထိ တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်သည်။

Website တွင် ဖတ်ရန် https://bit.ly/4ndZj5g
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍39❤1
၅ နှစ်ကြာ စစ်ရေးပဋိပက္ခတွေနဲ့အတူ စိတ်ကြိုက်ထိန်းချုပ်ထားတဲ့ ရွေးကောက်ပွဲအပြီးမှာတော့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်မင်းအောင်လှိုင်ဟာ စစ်ဝတ်စုံချွတ်၊ သူ့ကိုယ်သူ သမ္မတလို့ နာမည်တပ်ပြီး ငြိမ်းချမ်းရေးနဲ့ သင့်မြတ်ရေးအကြောင်းတွေ စပြောလာပါတယ်။

ရွေးကောက်ခံသမ္မတ ဦးဝင်းမြင့်ကို လွှတ်ပေးတာ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြစ်ဒဏ်တွေကို လျှော့ပေါ့ပေးပြီး နေအိမ်ပြောင်းရွှေ့လိုက်တာတွေက ဒီလို အရပ်သားပုံ လုပ်ယူထားတဲ့ ဇာတ်ခုံအပြင်အဆင်ကို ပိုပီပြင်စေဖို့ပါပဲ။

Website တွင် ဖတ်ရန် https://bit.ly/4tn5mWO
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
😁26👎7❤6😭1