ဝန်ကြီးချုပ်ပေတောင်တန်ကို တာဝန်မှ ဆိုင်းငံ့
ဧရာဝတီ၊ ဇူလိုင် ၁၊ ၂၀၂၅
ထိုင်းအစိုးရပြောင်းလဲဖွဲ့စည်းခြင်းကို တော်ဝင်အမိန့်ပြန်တမ်းက ယနေ့ မနက်ပိုင်းအတည်ပြုပြီးနောက် နာရီပိုင်းအကြာတွင် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နှင့် နယ်စပ်အရေးဆွေးနွေးသည့်အသံဖိုင် ပေါက်ကြားသည့်အတွက် ဝန်ကြီးချုပ်အား ရာထူးမှ နုတ်ထွက်ရန်တောင်းဆိုသော အထက်လွှတ်တော်အမတ်များ၏ အသနားခံစာကို လက်ခံရန် ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးက ဆုံးဖြတ်လိုက်သည်။
တရားရုံး၏ ထုတ်ပြန်ချက်တွင် အမှုကို ခုံရုံးတင်နေချိန်အတွင်း ၀န်ကြီးချုပ်အနေဖြင့် တာဝန်ထမ်းဆောင်ခြင်း မပြုရန် အမိန့်ချလိုက်သည်။
ပြီးခဲ့သည့်လက ဟွန်ဆန်နှင့် နယ်စပ်အရေးဆွေးနွေးသည့်အသံဖိုင်တွင် ၀န်ကြီးချုပ်က ထိုင်းစစ်တပ်အား ဝေဖန်သည့် အပေါ်မကျေနပ်ကြသည့် တက်ကြွလှုပ်ရှားသူများကလည်း ဝန်ကြီးချုပ်အား ဘန်ကောက်တွင် ပြီးခဲ့သော ရက်ပိုင်းအတွင်း အင်အားထောင်ချီ ဆန္ဒထုတ်ဖော်ခဲ့သည်။

👍62
တရုတ်သမ္မတ ရှီကျင့်ဖျင် လူမြင်ကွင်းမှ နှစ်ပတ်ကြာ ပျောက်ကွယ်နေသောကြောင့် ဖြစ်နိုင်ခြေရှိသော အာဏာအကျပ်အတည်း၊ လူမှုမငြိမ်သက်မှုနှင့် သူ့ကျန်းမာရေး အပါအဝင် ခန့်မှန်းချက်များ ဖြစ်စေသည်။ သတိပြုစရာကောင်းသည်မှာ အာဏာရ တရုတ်ကွန်မြူနစ်ပါတီ (CCP) သည် လစဉ်ကျင်းပသည့် နိုင်ငံရေးဦးဆောင်အဖွဲ့ ပေါ်လစ်ဗျူရိုအစည်းအဝေးကို မေလတွင် မကျင်းပခြင်းနှင့် ထိုကိစ္စနှင့်ပတ်သက်ပြီး မည်သည့် တရားဝင်ကြေညာချက်မှ မထုတ်ပြန်ခြင်းဖြစ်သည်။
Website တွင် ဖတ်ရန် https://bit.ly/4ksA3pe
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

👍48👎8
Media is too big
VIEW IN TELEGRAM
နည်းစုံလမ်းစုံ ဒီမိုကရေစီတိုက်ပွဲ နဲ့ မီးကုန်ယမ်းကုန်မိုက်တဲ့ အာဏာရှင်တွေ
👍60👎1
ထိုင်းယာယီဝန်ကြီးချုပ် ဆူရီယာ ဖြစ်လာ
ဧရာဝတီ၊ ဇူလိုင် ၁၊ ၂၀၂၅
ဝန်ကြီးချုပ် ပေတောင်တန်ကို တာဝန်မှ ဆိုင်းငံ့ရန် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက အမိန့်ချပြီးနောက် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးဝန်ကြီးဖြစ်သူ Suriya Jungrungreangkit ကို ယာယီဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်ကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။
ဆူရီယာသည် ဝန်ကြီးချုပ်နှင့် ညီမျှသော အခွင့်အာဏာ အပြည့်အဝ ပိုင်ဆိုင်ထားပြီး ခန့်အပ်မှုနှင့် ဘတ်ဂျက်များဆိုင်ရာ အမိန့်များ ထုတ်ပြန်နိုင်မည်ဖြစ်သည်။ ထို့ပြင် ဇူလိုင် ၃ ရက်တွင် ကျင်းပမည့် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနား၌ ကက်ဘိနက်အဖွဲ့သစ်ကို ၎င်းက ဦးဆောင်ကျင်းပမည်ဖြစ်သည်။

သပိတ်ကျင်းမြို့အနီး တိုက်ပွဲပြင်း၊ PDF ထိန်းချုပ်ရွာနှစ်ရွာ စစ်တပ်ပြန်ရ
ဧရာဝတီ၊ ဇူလိုင် ၁၊ ၂၀၂၅
မန္တလေးတိုင်း သပိတ်ကျင်းမြို့အနီးရှိ တော်လှန်ရေးအင်အားစုများ တိုက်ခိုက်သိမ်းပိုက်ထားသည့် ၄ မိုင်၊ ၅ မိုင်၊ ၆ မိုင်ကျေးရွာများတွင် တိုက်ပွဲများပြင်းထန်နေပြီး ၅ မိုင်နှင့် ၆ မိုင်ကျေးရွာများကို စစ်တပ်က ပြန်လည်စိုးမိုးသွားနိုင်ပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
အဆိုပါ ၅ မိုင်၊ ၆ မိုင်ကျေးရွာများကို သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)နှင့် ၁၂၂၂ ဗျူဟာက ထိန်းချုပ်ထားပြီး စစ်တပ်မှ မြေပြင်စစ်ကြောင်းအပြင် လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်လာသဖြင့် တော်လှန်ရေးအင်အားစုများ ဆုတ်ခွာပေးခဲ့သော်လည်း တိုက်ပွဲများဆက်ဖြစ်နေဆဲဟု စစ်ရေးသတင်းရင်းမြစ်တဦးက ပြောသည်။
၎င်းက “၆ မိုင်ဆိုတာ စစ်တပ်ထိပ်နေရာဖြစ်နေတာ။ ရန်သူ့တပ်က ၄ မိုင်နဲ့ ၆ မိုင်ကို စစ်ကြောင်းနှစ်ကြောင်းထိုးပြီး ဒီဘက်ကနေရာအချို့ကို ယူသွားကြတယ်၊ အပြည့်အဝတော့မဟုတ်ဘူး။ အနည်းအကျဥ်း သိမ်းနိုင်သွားတယ်။ ၄ မိုင်နဲ့ ၆ မိုင်ကို သိမ်းသွားရင် ၅ မိုင်က ကြားနေရာဆိုတော့ ရပြီးသားဖြစ်သွားတာပေါ့။ အဲဒီလိုရသွားတဲ့အတွက် အခု ဒီဘက်အဖွဲ့တွေက သူတို့ပြန်ပြီးဆုတ်သွားအောင် တိုက်နေတာ တိုက်ပွဲတွေလည်း ပြင်းထန်နေတာ မနေ့ကအထိပဲ”ဟု ဆိုသည်။
သပိတ်ကျင်းမြို့နယ် ၇ မိုင်နှင့် သပိတ်ကျင်းမြို့ကြားရှိ ၆ မိုင်ကျေးရွာတို့ကို ဇွန် ၂၈ ရက်၊ သပိတ်ကျင်းမြို့နှင့် ၅ မိုင်အကွာရှိ ၅ မိုင်ကျေးရွာကို ဇွန် ၂၉ ရက်တို့၌ ပြန်လည်ထိုးစစ်ဆင်သိမ်းယူနိုင်ခဲ့ပြီး အလောင်း၊ လက်နက်ခဲယမ်းများလည်း သိမ်းဆည်ရရှိခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ရေးသားဖြန့်ဝေထားသည်။
သပိတ်ကျင်းမြို့ အပါအဝင် မြို့နယ်အတွင်းမှ စစ်ကောင်စီအခြေစိုက်စခန်းများကို ပလောင်(တအာင်း) အမျိုးသားလွတ် မြောက်ရေးတပ်မတော် (TNLA)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) MDY PDF၊ မိုးကုတ်ဗျူဟာ၊ ပကဖများ၊ ဒေသတွင်း PDF အဖွဲ့များက ၂၀၂၄ ခုနှစ်အတွင်း သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။
သို့သော် သပိတ်ကျင်းမြို့နယ် ၇ မိုင်နှင့် တွင်းငယ်ကျေးရွာများဘက်ရှိ အမှတ် ၂ စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ ၂)၊ အမှတ် (၁၃) တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း (တကက ၁၃)၊ သတ္တုဗေဒဆိုင်ရာသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးတိုးတက်ရေးတပ် (သနသ ၁)များ ကျန်ရှိနေသေးရာ ယင်းတပ်များတွင် မိုးကုတ်၊ စဉ့်ကူး၊ သပိတ်ကျင်း တိုက်ပွဲများအတွင်း ထွက်ပြေးလာသူ အများစုအပြင် လေကြောင်းမှ အင်အားဖြည့်တင်းသူများဖြင့်ပါ စုဖွဲ့ပြီးနောက် ပြန်လည်ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်း သိရသည်။
ပုံစာ - စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ဖော်ပြထားသည့် ၅ မိုင်နှင့် ၆ မိုင်ကျေးရွာများကို ပြန်လည်စိုးမိုးနိုင်မှု မှတ်တမ်းများ

👎49👍6
၀န်ကြီးချုပ်တာဝန်မှ ဆိုင်းငံ့ခံရပြီးနောက် မစ္စ ပေတောင်တန် အစိုးရအိမ်တော်မှ ထွက်ခွာ
ဧရာဝတီ၊ ဇူလိုင် ၁၊ ၂၀၂၅
ထိုင်းဝန်ကြီးချုပ် တာဝန်မှ ဆိုင်းငံ့ခံလိုက်ရသည့် မစ္စ ပေတောင်တန် ရှင်နာဝပ်သည် ယနေ့တွင် အစိုးရ အိမ်တော်မှ ထွက်ခွာသွားပြီဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။
ပေတောင်တန်အနေဖြင့် တရားရုံး၏ ဆုံးဖြတ်ချက်အား ကျိုးနွံစွာဖြင့် လက်ခံကြောင်း၊ ယနေ့မှစ၍ ရက်ပေါင်း ၁၅ ရက်အထိ အလုပ်တာဝန်များအား ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ထို့ပြင် တောက်လျောက်အားပေးစကားပြောခဲ့သူများကိုလည်း ကျေဇူးတင်ကြောင်းနှင့် သူမအပေါ် စိတ်မသက်မသာဖြစ်ခဲ့ရသူများနှင့် အမြတ်ဒေါသထွက်ခဲ့ရသည့် ထိုင်းပြည်သူများအားလည်း တောင်းပန်ကြောင်း ဆိုသည်။
ပြီးခဲ့သည့်လက ဟွန်ဆန်နှင့် နယ်စပ်အရေးဆွေးနွေးသည့်အသံဖိုင်တွင် ဝန်ကြီးချုပ်က ထိုင်းစစ်တပ်အား ဝေဖန်သည့်အပေါ် မကျေနပ်ကြသည့် တက်ကြွလှုပ်ရှားသူများကလည်း ဝန်ကြီးချုပ်ကို ဘန်ကောက်တွင် ပြီးခဲ့သောရက်ပိုင်းအတွင်း အင်အားထောင်ချီ ဆန္ဒထုတ်ဖော်ခဲ့ကြသလို ဝန်ကြီးချုပ်အား ရာထူးမှ နုတ်ထွက်ရန်တောင်းဆိုသော အထက် လွှတ်တော်အမတ်များ၏ အသနားခံစာကိုလက်ခံရန် ဖွဲ့စည်းပုံ အခြေခံဥပဒေတရားရုံးက ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
ယနေ့ တရားရုံး၏ထုတ်ပြန်ချက်တွင် အမှုကို ခုံရုံးတင်နေချိန်အတွင်း ဝန်ကြီးချုပ်အနေဖြင့် တာဝန်ထမ်းဆောင်ခြင်း မပြုရန် အမိန့်ချမှတ်လိုက်သည်။
ဓာတ်ပုံ- khaosod
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

Clickandpledge
The Irrawaddy
👍63
ပဲခူးမြို့အနိမ့်ပိုင်းရပ်ကွက်များ ရေစဝင်
ဧရာဝတီ၊ ဇူလိုင် ၁၊ ၂၀၂၅
ပဲခူးမြစ်ရေသည် စိုးရိမ်ရေမှတ်အောက် တပေကျော်ရောက်ရှိနေပြီး နောက်တရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင် သည်ဟု စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့နံနက်ပိုင်း၌ သတိပေးထုတ်ပြန်ခဲ့ ပြီးနောက် ပဲခူးမြို့အနိမ့်ပိုင်းရပ်ကွက်များအတွင်းသို့ ရေများစတင်ဝင်ရောက်နေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
လက်ရှိတွင် ပဲခူးမြို့ ကလျာဏီ၊ ကျောက်ကြီးစု၊ ဇိုင်းတောင်၊ ဇိုင်းမြောက်၊ ခေါင်းဆေးကျွန်း၊ ရွာသစ်၊ မြို့သစ်(င)၊ ကန်သာယာ၊ စက်ပိုင်း၊ အိုးလေးစု၊ ရွှေနံ့သာ ရပ်ကွက်များအတွင်း ၁ ပေခန့်မှ ၄ ပေခွဲခန့်အထိ မြစ်ရေများ ဝင်ရောက်နေ ကြောင်း မြို့ခံတဦးက ဆိုသည်။
၎င်းက “ကျနော်တို့ ကျောက်ကြီးစုဘက် အနိမ့်ပိုင်းတွေမှာ ရေစဝင်နေပြီ။ မနေ့ညပိုင်းကတည်းက ရေစဝင်တာ။ အခုထိ တက်နေတုန်းပဲ။ ရေက အေးစိမ့်နေတော့ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေ သတိထားသင့်တယ်။ မိုး/ဇလကလည်း ရေထပ်တက်ဦးမယ်လို့ ကြေညာထားတော့ သတိထားပြီး နေနေကြတာပေါ့” ဟု ပြောသည်။
ပဲခူးမြို့၏ ပဲခူးမြစ်ရေ စိုးရိမ်ရေမှတ်မှာ ၈၈၀ စင်တီမီတာဖြစ်ပြီး လက်ရှိရေမှတ်သည် ၈၆၈ စင်တီမီတာသို့ ရောက်ရှိနေ ကြောင်း၊ ပြီးခဲ့သည့် ၂၀၂၄ ဇူလိုင်လအတွင်းကလည်း ပဲခူးမြစ်ရေကြီးမှုကြောင့် တမြို့လုံးနီးပါး ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်ခဲ့ရာ လူသေဆုံးမှုများပါရှိခဲ့သည်။
ထို့အတူ စစ်တောင်းမြစ်ရေသည်လည်း မဒေါက်မြို့၏ စိုးရိမ်ရေမှတ်အောက် ပေဝက်ကျော်သို့ ရောက်ရှိနေပြီး နောက်တရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း၊ ထို့ကြောင့် မဒေါက်၊ ပဲခူးမြို့နယ်များအတွင်းရှိ မြစ်ကမ်း အနီးနှင့် အနိမ့်ပိုင်းနေထိုင်သူများကြိုတင်သတိပြုနိုင်ရန်နှင့် မြစ်ရေမြင့်တက်လာပါက အချိန်မီရှောင်ရှားကြရန် မိုး/ဇလက သတိပေးထားသည်။
ဓာတ်ပုံ - Lamin Mg/ Facebook

👎32

👎30👍2