The Irrawaddy - Burmese
82.1K subscribers
34.3K photos
1.87K videos
3 files
16.6K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
မြန်မာငလျင်ဘေး ကူညီရန် ဗီယက်နမ်ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ ရောက်ရှိ

ဧရာဝတီ၊ မတ် ၃၁၊ ၂၀၂၅

ငလျင်ဘေးသင့် မြန်မာပြည်သူများအား ကူညီကယ်ဆယ်မှု ပြုလုပ်ရန် ဗီယက်နမ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနနှင့် အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနတို့၏ စစ်တပ်မှ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၁၀၆ ဦးနှင့်အတူ ရှာဖွေကယ်ရေးလုပ်ဆောင် မည့် ခွေးများ၊ ဆေးဘက်ဆိုင်ရာပစ္စည်း၊ ရိက္ခာများကို လေယာဉ်နှစ်စီးဖြင့် မတ် ၃၀ ရက် မွန်းလွဲပိုင်းတွင် ထွက်ခွာလာ ကြောင်း ဗီယက်နမ် လေကြောင်းလိုင်းတခုဖြစ်သော Vietjet က ထုတ်ပြန်ထားသည်။

အဆိုပါ ကယ်ဆယ်ရးအဖွဲ့သည် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ Noi Bai လေဆိပ်မှ ယမန်နေ့ မွန်းလွဲပိုင်းတွင် ထွက်ခွာခဲ့ပြီး ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဆင်းသက်ပြီး Vietjet ဝန်ထမ်းများနှင့်အတူ ကယ်ဆယ်ရေးစခန်းများသို့ ချက်ချင်းစတင်ကာ ပစ္စည်းများ အမြန်ပို့ဆောင်ပေးခြင်း၊ တပ်ဖွဲ့က ပျောက်ဆုံးသူများကို ရှာဖွေခြင်း၊ ဆေးဘက်ဆိုင်ရာ အကူအညီပေးခြင်းနှင့် ငလျင်နောက်ဆက်တွဲ အကျိုးဆက်များကို ကူညီလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့နှင့် စစ်ကိုင်းမြို့တို့၌ မတ် ၂၈ ရက်၌ လှုပ်ခတ်ခဲ့သည့် ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြောင့် နေအိမ်အဆောက်အအုံများ ပြိုကျပျက်စီးခဲ့ပြီး ထိခိုက်သေဆုံးမှုများခဲ့ကာ ယနေ့ထိ အဆောက်အဦများအောက်၌ ပိတ်မိနေသူ များစွာရှိသလို ကူညီကယ်ဆယ်ရေးလိုအပ်နေသော နေရာအများအပြား ရှိနေသည်။

ဓာတ်ပုံ - Vietjet

#WhatsHappeningInMyanmar
#MyanmarEarthquake
#Earthquake2025
#earthquake #Sagaing
#Mandalay
#Naypyitaw
#RejectMilitaryCoup

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
👍3
Media is too big
VIEW IN TELEGRAM
ကလေးတွေရဲ့ကြိုးစားမှုနဲ့ လွတ်မြောက်ခဲ့တဲ့ Sky Villa က မြေးအဖွားသုံးယောက် (ရုပ်/သံ)

ဧရာဝတီ၊ မတ်လ ၃၁၊ ၂၀၂၅

မန္တလေးမြို့ ငလျင်လှုပ်ခတ်မှုမှာ ပြိုကျခဲ့တဲ့ Sky Villa ကွန်ဒိုကနေ မြေးအဖွားသုံးယောက်ကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ပါတယ်။

ကလေးတွေရဲ့ ကြိုးပမ်းမှုနဲ့ အသက် ၇၆ နှစ်အရွယ် အဖွား၊ အသက် ၁၆ နှစ်နဲ့ ၁၃ နှစ်အရွယ် မြေးအဖွားနှစ်ယောက်ဟာ အသက်ရှင်လျက် လွတ်မြောက်လာခဲ့ကြတာလို့ ဖခင်ဖြစ်သူက ဆိုရှယ်မီဒီယာမှာ မျှဝေခဲ့တာပါ။

လတ်တလောမှာ ကူညီကယ်ဆယ်ရေးတွေကို ဆက်လုပ်နေပြီး အသက်ရှင်ကျန်နေသူတွေလည်း ရှိနေသေးတယ်လို့ ပြောဆိုမှုတွေ ရှိနေပါတယ်။

#မြန်မာ #ဧရာဝတီ #ငလျင် #SkyVilla #မန္တလေး #Myanmarearthquake
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
👍1
This media is not supported in your browser
VIEW IN TELEGRAM
၁၆ ရက်သားလေး လွတ်မြောက်လာ (ရုပ်/သံ)

ဧရာ၀တီ၊ မတ် ၃၁၊ ၂၀၂၅

မန္တလေးမြို့၊ တမ္မဝတီရပ်ကွက်က တိုက်ပြိုကျမှုမှာ မိသားစုဝင် ၉ ဦးလုံးပိတ်မိနေရာမှာ ၈ ဦးသေဆုံးခဲ့ပြီး ၁၆ ရက်သားကလေးငယ်ဟာ အသက်ရှင်လွတ်မြောက်လာခဲ့ပါတယ်။

ငလျင်လှုပ်အပြီး ၂၄ နာရီအကြာမှာ ကယ်တင်နိုင်ခဲ့တာဖြစ်ပြီး ကျန်းမာရေးစစ်ဆေးချက်အဖြေတွေ အကုန်ကောင်းမွန်ခဲ့တယ်လို့ မိသားစုဝင်တွေက လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေထားပါတယ်။

#မြန်မာ #ဧရာဝတီ #ငလျင် #မန္တလေးမြို့ #၁၆ရက်သား #တမ္မဝတီရပ်ကွက် #ပိတ်မိ #Myanmarearthquake
👍8
Media is too big
VIEW IN TELEGRAM
အိဒ်နေ့မှာ ဗလီ မရှိတော့လို့ လမ်းဘေးမှာ ဝတ်ပြုနေကြရတဲ့ အစ္စလာမ်ဘာသာဝင်များ (ရုပ်/သံ)

ဧရာဝတီ၊ မတ် ၃၁၊ ၂၀၂၅

ဒီနေ့ဟာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ရမ်ဇာန်ဥပုသ်ကာလအပြီး အိဒ်နေ့ (Eid) ဖြစ်ပါတယ်။

မန္တလေးမြို့မှာ ငလျင်ဒဏ်ကြောင့် ပျက်ဆီးသွားခဲ့တဲ့အထဲ ဗလီတွေလည်း အများအပြားပါဝင်သွားခဲ့တာကြောင့် အိအစ္စလာမ်ဘာသာဝင်တွေဟာ လမ်းမကြီးတွေဘေးမှာ ဝတ်ပြုနေကြရပါတယ်။

ဗလီပျက်ဆီးမှုတွေဟာ မန္တလေးမြို့တခုထဲမှာမဟုတ်ပဲ စစ်ကိုင်း၊ တောင်ငူ စတဲ့မြို့တွေမှာလည်း အများအပြားရှိခဲ့တာဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #ငလျင် #မန္တလေးမြို့ #ဗလ#အစ္စလာမ် #ရမ်ဇာန် #Eid #Myanmarearthquake
ရှစ်လေးလုံးထဲက ဂျေညီညီ

ဧရာဝတီ၊ မတ်လ ၃၁၊ ၂၀၂၅ ခုနှစ်

ယနေ့ မနက်ဆုံးပါးသွားသော အဆိုတော် ဂျေညီညီသည် ဘဝတလျှောက်လုံး စစ်အုပ်ချုပ်ရေးကို ကပ်ရပ်ဖားယားခဲ့သော အနုပညာရှင်တဦး မဟုတ်သောကြောင့် ပရိသတ်များက ချစ်ခင်လေးစားသူဖြစ်သည်။ သူသည် ရှစ်လေးလုံး ဒီမိုကရေစီရေး လူထုအရေးတော်ပုံတွင် ပါဝင်ခဲ့ပြီး စစ်ထောက်လှမ်းရေးများ၏ ဖမ်းဆီးခြင်းကိုလည်း ခံခဲ့ရသည်။ ထိုအကြောင်းကို ၂၀၁၃ ခုနှစ်အတွင်း ဧရာဝတီကို ဤသို့ ပြောပြခဲ့သည်။

ဂျေညီညီ (အဆိုတော်)

၈၈ ကာလ အကြောင်းထဲက မှတ်မှတ်ရရ မြင်ခဲ့ရတာကို ပြောပါဆိုရင် ကိုယ်တိုင် ထောင်ထဲရောက်ခဲ့တဲ့ မြင်ကွင်းတခုပဲ။ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်မှာ စစ်တပ်က အာဏာသိမ်းခဲ့တယ်။ အာဏာသိမ်းပြီး မကြာခင်မှာ အရေးအခင်းနဲ့ ပတ်သက်တဲ့ သူတွေကို လိုက်ဖမ်းတယ်။

ဒီအထဲမှာ ပါဝင် ဆန္ဒပြသူတွေလည်း ပါတယ်။ တရက်၊ ကျနော်က ရန်ကုန်မြို့လယ် ၃၄ လမ်းနဲ့ အနော်ရထာ လမ်းထောင့်က လက်ဖက်ရည်ဆိုင်လေး တဆိုင်မှာ ရှိနေတယ်။ သက်သာ ချောင်ချိရေးအတွက် ဖွင့်ထားတဲ့ ဆိုင်လေးပေါ့။ အဲဒီမှာ လက်ဖက်ရည် သောက်နေတုန်း လူနှစ်ယောက်က လက်ဖက်ရည်ဆိုင်ထဲ ဝင်လာပြီး ခဏလောက် လိုက်ခဲ့ပါလို့ဆိုတယ်။ ဘာ ကိစ္စလဲလို့ မေးတော့ ဗိုလ်ကြီးက ခဏလောက် တွေ့ချင်လို့ပါဆိုပြီး နှစ်ယောက်က ညှပ်ခေါ်သွားခဲ့တယ်။

အဲဒီနောက် အနော်ရထာ အတိုင်း ဆူးလေဘက် လမ်းလျှောက်သွားရတယ်။ ဆူးလေဘက်ကနေမှ ၃၃ လမ်းထိပ် ရောက်တော့ အီတူးသောင်ဇင် ကားကြီးပေါ် တက်ခိုင်းတယ်။ အဲဒီကနေ ကမ်းနားလမ်းမှာ ရှိတဲ့ စီးပွားရေးဘဏ်နား ခေါ်သွားတယ်။

ခေါ်သွားပြီး မရမ်းကုန်း ရဲစခန်းဘက်ကို ဆက်ခေါ်သွားတယ်။ အဲဒါက အခု ရန်ကုန် အင်တာနေရှင်နယ် ဟိုတယ် နေရာပေါ့။ အဲဒီကနေ နောက်ဖမ်းထားတဲ့ လူတွေပါ တက်လာခိုင်းပြီး မင်္ဂလာဒုံဘက်ကို ဆက်သွားတယ်။

လူတွေကိုလည်း ဘယ်လိုမှ မအောင့်မေ့ပါနဲ့၊ တာဝန်အရပါဆိုပြီး လက်ထိပ်ခတ်တယ်။ မျက်နှာကို အုပ်တယ်။ ထောက်လှမ်း ရေး ၆ ကို ရောက်ခဲ့တယ်။ နေ့စစ်၊ ညစစ်နဲ့ ၂ ပတ်လောက်လည်း ကြာရော ကျောက်တံတား ရဲစခန်းမှာ ထုတ်ပြီးတော့ အင်းစိန်ထောင် ပို့လိုက်တယ်။

အင်းစိန်မှာ ၁ တိုက်၊ အခန်းနံပါတ် ၅ မှာ ထောင်သက် ၉ လ ကျော်ကျော် နေခဲ့ရပါတယ်။ ဘယ်လိုပုံစံ လှုပ်ရှားခဲ့လို့ ဖမ်းတာလဲ ဆိုတော့ မဆလခေတ်မှာ ဂီတကောင်စီဆိုတာ ရှိတယ်။ ကီလီလမ်း (အခု ဝါးတန်းလမ်း) အောက်မှာ ရှိတယ်။ အဲဒီဆိုင်းဘုတ်ကို ကျနော်တို့ ဖြုတ်လိုက်တယ်၊ နောက် ဂီတပညာရှင်များ သမဂ္ဂလုပ်ပြီး ကျနော်က အဲဒီမှာ စည်းရုံးရေး တာဝန်ခံ လုပ်တယ်၊ နယ်လှည့် ဟောပြောပွဲတွေ လုပ်တယ်။ အဲဒီ အမှုတွေနဲ့ အဖမ်းခံခဲ့ရတာ။

ဂီတဘက်က အဆိုဘက်မှာဆို ကျနော်၊ သဘင်မှာဆို ကိုမိုးဝင်း၊ ဟာသမှာဆို ကိုဇာဂနာ၊ ရုပ်ရှင်မှာဆို ကိုဇင်ဝိုင်း အဲဒီလိုတွေ အဖမ်းခံခဲ့ရတာ။ အနှိမ်ခံခဲ့ရတာ တအားများလာတာကြောင့် ဒီအရေးတော်ပုံထဲမှာ ပါဝင်ဖြစ်ခဲ့တာ။ အနုပညာသမား ဆိုတာက အနှိပ်အကွပ်၊ အနှိမ် မခံတတ်တဲ့ လူစားတွေ။ ဒီလို ဖိနှိပ် ခံခဲ့ရတာတွေ များတော့ အနုပညာသမား အနေနဲ့ ပရိသတ် ကျွေးတာ စားပြီး ပရိသတ်ကို ကျေးဇူးဆပ်တာ ပါပဲ။

အရေးအခင်း ဖြစ်နေတဲ့အချိန် တရက်မှာလည်း သရုပ်ဆောင် ကိုလူမုန်းနဲ့ ကျနော် ဆေးရုံကြီးကနေ ဗိုလ်ချုပ်လမ်းက တဆင့် မဟာဗန္ဓုလ လမ်းအတိုင်း လျှောက်လာတဲ့ အခါတုန်းက မြို့တော်ခန်းမနား အရောက်မှာ သေနတ်နဲ့ ပစ်တာ ခံရသေးတယ်။ ကံကောင်းလို့ မသေခဲ့တာ။ ခွေးပြေးဝက်ပြေး ပြေးခဲ့ရသေးတယ်။ ဒီလို မြင်ကွင်းတွေ ရှိခဲ့တယ် ဆိုပေမယ့် အခုအချိန်မှာ ဘာမှတော့ မပြောချင်တော့ပါဘူး။ အကောင်းတွေပဲ ဖြစ်စေချင်ပါတယ်။

မူရင်းဆောင်းပါးကို ဖတ်ရန် - https://burma.irrawaddy.com/opinion/2013/07/24/44875.html
👍12
ငလျင်ဒဏ်အပါ ဘေးဒုက္ခအမျိုးမျိုးကျရောက်နေသည့် မြန်မာပြည် ပြည်တွင်းစစ်ရပ်စဲရေးအတွက် တပြည်လုံးအတိုင်းအတာဖြင့် လက်နက်ကိုင်တိုက်နေသည့်အဖွဲ့အားလုံးပါဝင်သည့် အပစ်အခတ်ရပ်စဲရေး၊ ဒေါ်အောင်ဆန်းစုကြည်အပါ နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ရေးသည် ဦးစွာ အစပြုရမည့်အချက် နှစ်ချက်ဖြစ်၏။ ဤအချက်နှစ်ခု အစပြုမှသာ မြန်မာ့ငြိမ်းချမ်းရေးအတွက် ရှေ့ဆက်၍ ရပေလိမ့်မည်။

Website တွင် ဖတ်ရန် https://bit.ly/4hV4G5g

#WhatsHappeningInMyanmar
-------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
Media is too big
VIEW IN TELEGRAM
အစ္စလာမ်ဘာသာဝင်တွေရဲ့ နာရေးမြင်ကွင်း (ရုပ်/သံ)

ဧရာဝတီ၊ မတ် ၃၁၊ ၂၀၂၅

အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ချိန်မှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ရမ်ဇာန်ဥပုသ်ကာလဖြစ်တာကြောင့် ဗလီတွေမှာ ဝတ်ပြုဆုတောင်းနေကြသူတွေဟာ ပြိုကျခဲ့တဲ့ အဆောက်အဦတွေထဲ ပိတ်မိသေဆုံးသူတွေ များပြားခဲ့ပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်းကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် မန္တလေး၊ စစ်ကိုင်း၊ တောင်ငူစတဲ့မြို့တွေက ရှေးဟောင်းသမိုင်းဝင် ဗလီအများစုပြိုကျခဲ့တာပါ။

ပြိုကျနေတဲ့အဆောက်အဦတွေထဲ ရှာဖွေတွေ့ရှိခဲ့တဲ့ ရုပ်အလောင်းတွေကို စုပေါင်းပြီး မနေ့က သဂြိုလ်ခဲ့ကြတာဖြစ်ပါတယ်။

#မြန်မာ #ဧရာဝတီ #ငလျင် #မန္တလေးမြို့ #ဗလ#အစ္စလာမ် #ရမ်ဇာန် #နာရေး #Myanmarearthquake
👍1