The Irrawaddy - Burmese
82.1K subscribers
34.3K photos
1.87K videos
3 files
16.6K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
ငလျင်လှုပ်ပြီးမီးလောင်ခဲ့တဲ့ မန္တလေး စိန်ပန်းရပ်ကွက် (ရုပ်/သံ)

ဧရာဝတီ၊ မတ် ၃၀၊ ၂၀၂၅

မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ရဲ့နောက်ဆက်တွဲအနေနဲ့ မန္တလေးမြို့ စိန်ပန်းရပ်ကွက်မှာ မီးအပြင်းအထန် လောင်ကျွမ်းခဲ့ပါတယ်။

ငလျင်ဘေးကျရောက်နေချိန်မှာပဲ တပြိုက်နက် မီးလောင်ခဲ့တာကြောင့် မီးကို အချိန်မှီ မငြိမ်းသက်နိုင်ခဲ့ဘဲ တရပ်ကွက်လုံး မီးလောင်ပြာကျခဲ့ရတဲ့အခြေအနေပါ။

ငလျင်လှုပ်ခတ်အပြီး မန္တလေးမှာ စိန်ပန်းရပ်ကွက်အပြင် မန္တလေးတက္ကသိုလ်ပင်မဆောင်နဲ့ ရပ်ကွက်တချို့မှာ မီးလောင်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

https://youtu.be/2hOzh4O60y8
#မြန်မာ #ဧရာဝတီ #ငလျင် #မန္တလေး #စိန်ပန်းရပ်ကွက် #မီးလောင် #Myanmarearthquake
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
ဘီကျင်းဟိုတယ်က မိခင်နဲ့ကလေးကို ကယ်ထုတ်နိုင်ခဲ့ (ရုပ်/သံ)

ဧရာဝတီ၊ မတ်လ ၃၀၊ ၂၀၂၅

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်မှာ မိခင်နဲ့ ကလေးတဦးကို ဒီကနေ့ မတ်လ ၃၀ ရက်နေ့မှာ အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

ချမ်းအေးသာစံမြို့နယ်၊ ၈၄လမ်းနဲ့ ၂၉လမ်းထိပ်က ဘီကျင်းဟိုတယ်အဆောက်အအုံပြိုကျပျက်စီးမှုအတွင်းကနေ မီးသတ်တပ်ဖွဲ့ဝင်တွေက ထပ်မံကယ်ဆယ်နိုင်ခဲ့တာပါ။

လက်ရှိမှာတော့ မန္တလေးအပါအဝင် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့တဲ့ အဆောက်အုံတွေမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်နေဆဲဖြစ်ပါတယ်.

https://youtu.be/eKpsqbGkzcg
#မြန်မာ #ဧရာဝတီ #ငလျင် #မန္တလေး #ချမ်းအေးသာစံ #ဘီကျင်းဟိုတယ် #အသက်ရှင် #မီးသတ်ဦးစီးဌာန #Myanmarearthquake
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
👍3
နောက်ဆက်တွဲငလျင်တွေကြောင့် လမ်းမပေါ်မှာ တဲထိုးနေကြသူတွေ (ရုပ်/သံ)

ဧရာဝတီ၊ မတ် ၃၀၊ ၂၀၂၅

မြန်မာနိုင်ငံအလယ်ပိုင်းကို ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ ၇ ဒဿမ ၇ အင်အားပြင်း ငလျင်ရဲ့ နောက်ဆက်တွဲ ဆက်လက် လှုပ်ခတ်နေဆဲ ငလျင်တွေကြောင့် မန္တလေးမြို့ဒေသခံတွေဟာ နေအိမ်အဆောက်အဦ တွေမှာ မနေရဲတော့ပဲ လမ်းမဘေး ပလက်ဖောင်းမှာ တဲထိုးနေကြတဲ့ မြင်ကွင်းတွေပါ။

လက်တလောမှာ နေထိုင်စားသောက်ရေးအခက်အခဲတွေကို ကြုံတွေ့နေရပြီး ပြင်းထန်တဲ့နေပူဒဏ်ကို ဒေသခံတွေ ခံစားနေရတဲ့ သူတို့အတွက် ယာယီပြောင်းရွှေ့နေထိုင်နိုင်ဖို့ စစ်ကောင်စီက ဘာမှ စီစဥ်ပေးတာမျိုး မတွေ့ရပါဘူး။

https://youtu.be/V1qhu-3whPs
#မြန်မာ #ဧရာဝတီ #ငလျင် #မန္တလေး #နောက်ဆက်တွဲငလျင် #တဲထိုး #အဆောက်အဦ #Myanmarearthquake
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
ငလျင်လှုပ်ပြီးနောက် တွေ့ရသည့် ဦးပိန်တံတားမြင်ကွင်း

ဧရာဝတီ၊ မတ် ၃၀၊ ၂၀၂၅

မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်က စစ်ကိုင်းအနီး ဗဟိုပြု၍ အင်အား ရစ်ချ်စတာစကေး ၇ ဒသမ ၇ ရှိ အင်အားပြင်း ငလျင်လှုပ်ခတ်မှုပြီးနောက် မန္တလေးမြို့၏တောင်ဘက်၊ အမရပူရမြို့နယ်ရှိ နာမည်ကျော် ဦးပိန်တံတား ပြိုလဲပျက်စီးနေပုံကို တွေ့မြင်ရသည်။

ငလျင်ဒဏ်ကြောင့် မန္တလေး၊ စစ်ကိုင်း၊ အင်းဝ၊ မင်းကွန်းစသော ဒေသများမှ သမိုင်းဝင်ရှေးဟောင်းဘုရား စေတီ ပုထိုးများ၊ ဗလီများနှင့် အဆောက်အဦများစွာ ပြိုကျပျက်စီးခဲ့ရသည်။

ဓာတ်ပုံ- Su Mon Lwin's FB

#WhatsHappeningInMyanmar
#MyanmarEarthquake
#Earthquake2025
#earthquake #Sagaing
#Mandalay
#Naypyitaw
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
👍2
၃ ရက်နီးပါးပိတ်မိနေတဲ့ အမျိုးသမီးတဦးကို ကယ်ထုတ်နိုင်ခဲ့ (ရုပ်/သံ)

ဧရာဝတီ၊ မတ် ၃၀၊ ၂၀၂၅

မန္တလေးမြို့၊ ပါရာဂွန် ဟိုတယ်အနီးက တိုက်ပြိုပြီး ပိတ်မိနေတဲ့ အမျိုးသမီးတဦးကို မတ်လ ၃၀ ရက်နေ့ နေလယ်ပိုင်းမှာ ကယ်ဆယ် ရေး အဖွဲ့တွေက အသက်ရှင်လျက် ကယ်ထုတ်လာနိုင်ခဲ့ပါတယ်။

ငလျင်ဒဏ်ခံစားရပြီး ၃ ရက်နီးပါးအကြာမှာ အသက် ‌‌‌‌‌‌‌‌‌‌‌မသေပဲပြန်လည်လွတ်မြောက်လာတာလဲ ဖြစ်ပါတယ်။

မန္တလေးဟာ ငလျင်ဒဏ်ကို ပြင်းထန်စွာ ခံရတဲ့ မြို့ထဲမှာ ပါဝင်ပြီး၊ ပြိုပျက်နေထဲ အဆောက်အဦ တွေထဲမှာပိတ်မိနေသူတွေကို ဆက်လက် ကယ်ထုတ်နေရဆဲဖြစ်ပါတယ်။

https://youtu.be/PrZCSd5oLTw
#မြန်မာ #ဧရာဝတီ #ငလျင် #မန္တလေး #အသက်ရှင် #အဆောက်အဦ #Myanmarearthquake
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
👍4
နေပြည်တော်မှာ ကူညီဆောင်ရွက်နေတဲ့ စင်္ကာပူကယ်ဆယ်ရေးအဖွဲ့ (ရုပ်/သံ)

ဧရာဝတီ၊ မတ် ၃၀၊ ၂၀၂၅

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်မှာ ပြိုကျသော အဆောက်အအုံတခုမှာ ပိတ်မိနေသူတဦးကို ဒီနေ့ မနက်မှာ ကယ်ဆယ်နိုင်ခဲ့ကြောင်း စင်္ကာပူကယ်ဆယ်ရေးအဖွဲ့ (Singapore Civil Defence Force) က သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ငလျင်ဘေးကို ကူညီကယ်ဆယ်ရေးအတွက် စင်္ကာပူနိုင်ငံက ကူညီကယ်ဆယ်ရေးအဖွဲ့ဟာ မနေ့က မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့တာဖြစ်ပြီး နေပြည်တော်မှာ ကူညီကယ်ဆယ်ရေးတွေကို ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။

https://youtu.be/l5b5O4ahtE0
#မြန်မာ #ဧရာဝတီ #ငလျင် #နေပြည်တော် #အသက်ရှင် #အဆောက်အဦ #Singapore Civil Defence Force #Myanmarearthquake
👍3
ငလျင်ကယ်ဆယ်ရေး ထိုးစစ်တွေရပ်ထားမယ်လို့ NUG ကြေညာ (ရုပ်/သံ)

ဧရာဝတီ၊ မတ် ၃၀၊ ၂၀၂၅

အမျိူးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ ငလျင်ဘေးဒဏ်သင့်နေတဲ့ ဒေသတွေမှာ ခုခံကာကွယ်စစ်ကလွဲလို့ ကျန်တဲ့ ထိုးစစ်တွေကို မတ်လ ၃၀ က စတင်ပြီး ၂ ပတ်တာ ရပ်နားသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက မတ်လ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်းကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် နိုင်ငံတဝန်း ထိခိုက်ပျက်စီးမှုတွေနဲ့ ထောင်နဲ့ ချီတဲ့ လူသေဆုံးမှုတွေ ဖြစ်နေချိန်မှာ NUG ဘက်က အခုလို တဖက်သတ် အပစ်ရပ် ကြေငြာခဲ့တာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ လုံခြုံရေး အာမခံချက်ပေးမယ်ဆိုရင် စစ်ကောင်စီ ထိန်းချုပ်နယ်မြေတွေမှာ ကျွမ်းကျင်တဲ့ CDM ဝန်ထမ်းတွေနဲ့ အရေးပေါ်ကူညီကယ်ဆယ်ရေး လုပ်ငန်းစဉ်တွေ လုပ်ဆောင်ဖို့ အသင့်ရှိနေတယ်လို့လည်းဆိုပါတယ်။

လက်ရှိအချိန်အထိ မြေပြင်မှာ စစ်ကောင်စီအနေနဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ထိထိရောက်ရောက် မလုပ်နိုင်သေးတာကြောင့် အဆောက်အဦး အပျက်အစီးတွေကြားမှာ လူသောင်းနဲ့ချီပြီး ပိတ်မိနေသလို နောက်ဆက်တွဲ သေဆုံးမှုတွေကိုလည်း လတ်တလောမှာ အတည်မပြုနိုင်ခြင်း မရှိပါဘူး။

https://youtu.be/JSPxjsQYcc0
#မြန်မာ #ဧရာဝတီ #ငလျင် #ထိုးစစ် #အပစ်ရပ် #NUG #MyanmarEarthquake
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
👍2
ငလျင်အတွက် အမေရိကန် ဒေါ်လာ ၂ သန်း ကူမည်

ဧရာဝတီ၊ မတ် ၃၀၊ ၂၀၂၅

မြန်မာနိုင်ငံအခြေစိုက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးသည့်အဖွဲ့အစည်းများ မှတဆင့် မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်အတွက် အရေးပေါ် တုံ့ပြန်မှုအဖြစ် အမေရိကန် ဒေါ်လာ၂ သန်း ပံ့ပိုးကူညီမည်ဖြစ်ကြောင်း အမေရိကန်သံရုံးက ယနေ့ ထုတ်ပြန်သည်။

ထို့ပြင် အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ၏ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့သည် အရေးပေါ် နားခိုစရာ၊ အစားအသောက်၊ ဆေးဝါးလိုအပ်ချက်နှင့် ရေရရှိနိုင်မှုအပါအဝင် ငလျင်ဘေးသင့်ဒေသများရှိ ပြည်သူများ၏ အပူတပြင်း လိုအပ်ချက်များကို သုံးသပ်ဖော်ထုတ်ရန် မြန်မာနိုင်ငံသို့ လာမည်ဖြစ်ကြောင်းလည်း သိရသည်။

ပုံစာ- ငလျင် လှုပ်ပြီး မန္တလေးမြို့မြင်ကွင်း/ IRW

#WhatsHappeningInMyanmar
#MyanmarEarthquake
#Earthquake2025
#earthquake #Sagaing
#Mandalay
#Naypyitaw
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
စစ်ကိုင်းမြို့က အပုပ်နံ့တွေနဲ့ တကယ့်မြို့ပျက်ကြီးဖြစ်သွားပြီ (ရုပ်/သံ)

ဧရာဝတီ၊ မတ် ၃၀၊ ၂၀၂၅

စစ်ကိုင်းမြို့ပေါ်မှာ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများခဲ့ပြီး ပြိုကျနေတဲ့ အဆောက်အဦးတွေကိုဖယ်ရှားနိုင်ခြင်း မရှိသေးဘဲ အပျက်အစီးကြား ပိတ်မိ သေဆုံးသူတွေများပြားနေတာကြောင့် မြို့မှာ အပုပ်နံ့တွေနဲ့ အကူအညီများစွာလိုအပ်နေတယ်လို့ စစ်ကိုင်းမြို့ခံတဦးက ဧရာဝတီကို ပြောပါတယ်။

လက်ရှိ ကူညီကယ်ဆယ်ရေးတွေရောက်လာပေမယ့် လူအားရော၊ စက်ပစ္စည်းတွေပါ လိုအပ်နေသေးသလို၊ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် သောက်သုံးရေနဲ့ စားနပ်ရိက္ခာတွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။

ငလျင်ဗဟိုချက်အဖြစ် အင်အားပြင်း ငလျင်ဒဏ်ကို ခံခဲ့ရတဲ့ စစ်ကိုင်းမြို့ဟာ မြို့ရဲ့ ၈၀ ရာခိုင်နှုန်းလောက် ပျက်စီးသွားတာကြောင့် မြို့ပျက်ကြီးလို ဖြစ်နေပြီလို့ ပြောပြပါတယ်။

စစ်ကိုင်းမြို့ရဲ့ ပျက်စီးဆုံးရှုံးမှု အခြေအနေ၊ ကယ်ဆယ်ရေးလိုအပ်ချက်တွေနဲ့ ဒေသခံပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုတွေအကြောင်းကို စစ်ကိုင်းတိုင်း ဒေသခံပြည်သူတဦးနဲ့ ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါတယ်။

https://youtu.be/fHrI4d4J3_0
#မြန်မာ #ဧရာဝတီ #ငလျင် #စစ်ကိုင်းမြို့ #ကူညီကယ်ဆယ်ရေး #ပိတ်မိ #Myanmarearthquake
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
👍2