The Irrawaddy - Burmese
92.5K subscribers
22.4K photos
467 videos
3 files
10.8K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
လေယာဉ်၊ ရဟတ်ယာဉ်တို့ဖြင့် လက်နက်ချပါက ကျပ် သိန်း ၁ သောင်း ချီးမြှင့်မည်ဟု MNDAA ကြေညာ

ဧရာဝတီ၊ ဇူလိုင် ၁၆၊ ၂၀၂၄

စစ်ကောင်စီတပ်များအနေဖြင့် လေယာဉ်၊ ရဟတ်ယာဉ်ဖြင့် လက်နက်ချလာပါက ကျပ်သိန်း ၁ သောင်း ချီးမြှင့်မည်ဖြစ်ပြီး၊ သံချပ်ကာ၊ တင့်ကားနှင့် အကြီးစား စစ်လက်နက်ပစ္စည်းများဆိုလျှင် သိန်း ၁ ထောင်၊ ၁၀၀ မမနှင့်အထက် အမြောက်များဆိုပါက သိန်း ၁၀၀ ချီးမြှင့်မည်ဟု မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က ဖြည့် စွက် ပြဋ္ဌာန်းကြောင်း ယနေ့ ကြေညာသည်။

ပြီးခဲ့သည့်ရက်ပိုင်းက MNDAA ထိန်းချုပ်ရာ ကိုးကန့်ဒေသ လောက်ကိုင်မြို့ကို စစ်ကောင်စီ ဗုံးကြဲခဲ့သည့်အပြင် သိန္နီမြို့ကိုလည်း လေကြောင်းမှ တိုက်ခိုက်ခဲ့သေးသည်။

ယခင်ပြဋ္ဌာန်းချက်တွင် စစ်သည်များ အလင်းဝင်က ကျပ် ၁၀ သိန်း လက် နက်နှင့်ဆိုလျှင် ၁၅ သိန်း၊ ဒု ဗိုလ်မှ ဗိုလ်ကြီးအဆင့် လက်နက်ဖြင့် အလင်း ဝင်ပါက လက်နက်မပါ သိန်း ၂၀၊ လက်နက်ပါ ပါက ၂၅ သိန်း၊ ဗိုလ်မှူးမှ ဗိုလ်မှူးကြီးဆိုလျှင် လက်နက်မပါ သိန်း ၃၀၊ လက်နက်ဖြင့် ၃၅ သိန်း သတ် မှတ်ထားသည်။

ပုံစာ -၂၀၂၃ အောက်တိုဘာလက စခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးတွင် MNDAA နှင့် ညီနောင်မဟာမိတ်များ သိမ်းဆည်းမိသည့် သံချပ်ကာကားများ

#WhatsHappeningInMyanmar
#RejectMilitaryCoup
#theirrawaddy
#theirrawaddy_media
#theirrawaddy_Burmese
#theirrawaddy_english

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
ကျနော်တို့ ဆုံးရှုံးတာ သိန်းကို ရာနဲ့ချီတယ်။ ကြက်သွန်တွေ ဆန်တွေ ဆီတွေ ရေထဲပေါလော မျောသွား တာ။ ဘာတခုမှကို သယ်ချိန် မရလိုက်ဘူး။ အဲဒါက ကျနော်တယောက်ထဲ မဟုတ်ဘူး။ တဈေးလုံး ဖြစ်သွားတာ

Website တွင် ဖတ်ရန် https://bit.ly/3WqRg8z
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
မြို့တွင်းထဲကိုတော့ ကျမတို့အားလုံး နေရာယူထားတယ်လို့ ပြောလို့ရပါတယ်။ တိုက်ပွဲတွေတော့ ပြင်းထန် နေတုန်း ဖြစ်ပါတယ်။ လက်ရှိ တောင်ကိုင်းဘက်မှာ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်

Website တွင် ဖတ်ရန် https://bit.ly/3WoOEcs
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
နတ်မြစ်ထဲမှာမျောနေတဲ့ စစ်ကောင်စီတပ်သားတွေ (ရုပ်/သံ)

မိုးသောက်၊ ဇူလိူင် ၁၆၊ ၂၀၂၄

ရခိုင်ပြည်နယ်မြောက်ပိုင်းကတိုက်ပွဲတွေကြောင့် စက်လှေနဲ့ထွက်ပြေးလာတဲ့ စစ်ကောင်စီလက်အောက်ခံ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ (BGP) နဲ့ စစ်သား၁၀၀ကျော် နတ်မြစ်ထဲမျောနေတယ်လို့ ဘင်္ဂလားဒေ့ရှ် သတင်းဌာနတွေက ဇူလိုင်လ ၁၄ ရက်နေ့မှာ ဖော်ပြကြပါတယ်။

အဲ့ဒီ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က လက်မခံတဲ့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ မြန်မာနိုင်ငံ ကိုခြားထားတဲ့ နတ်မြစ်ထဲမှာ မျောနေတယ်လို့ သူတို့ရဲ့သတင်းတွေက ဖော်ပြနေကြတာဖြစ်ပါတယ်။

ဇူလိုင် ၁၆ ရက်နေ့ ညနေပိုင်း ရရှိတဲ့ သတင်းအချက်အလက်အရ ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်က ကမ်းကပ်ခွင့် ပြုလိုက်တယ်လို့ အာရက္ခတပ်တော် AA ပြောခွင့်ရ ခိုင်သုခက ဧရာဝတီကိုပြောပါတယ်။

ဒီတပ်သားတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ အချိန်နာရီပိုင်းသာကွာဝေးတဲ့ရခိုင်ပြည်နယ် မောင်တောမှာ ရှိတဲ့ ကညင်ချောင်း စီးပွားရေးဇုန် တိုက်ပွဲက ထွက်ပြေးလာတဲ့သူတွေဖြစ်မယ်လို့ သုံးသပ်ကြသူတွေလည်း ရှိပါတယ်။

https://youtu.be/hYLUFn3nFX4
#နတ်မြစ် #စစ်ကောင်စီတပ် #ဘင်္ဂလားဒေ့ရှ် #ကညင်ချောင်း #မောင်တော

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
မတ္တရာ Alpha ဘိလပ်မြေစက်ရုံ မန်း PDF အပြီးသတ် သိမ်း

ဧရာဝတီ၊ ဇူလိုင် ၁၆၊ ၂၀၂၄

မန္တလေးမြို့နှင့် ၂၅ မိုင်ခန့်အကွာရှိ မတ္တရာမြို့နယ်မှ Alpha ဘိလပ်မြေစက်ရုံ တပ်စခန်းနှင့် တောင်တံငါရွာ တပ်စခန်းတို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က အပြီးသတ် သိမ်းပိုက်လိုက်ကြောင်း ယနေ့ထုတ်ပြန်လိုက်ပြီး ယခုဆိုလျှင် သိမ်းပိုက်စခန်းပေါင်း ၂၈ခု ရှိပြီဟု ဆိုသည်။

Alpha ဘိလပ်မြေစက်ရုံ တပ်စခန်းမှ ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်များသည် စက်ရုံကို မီးရှို့ သွားကြောင်း၊ လက်ရှိတွင် အဆိုပါ မြို့နယ်အတွင်းရှိ ကျောက်တံတား တပ်စခန်းကို ဆက်လက်တိုက်ခိုက်နေရာ တိုက်ပွဲများ ပြင်းထန် နေကြောင်း သိရသည်။

ဓာတ်ပုံ - Voice of Mandalay-PDF

#WhatsHappeningInMyanmar
#RejectMilitaryCoup
#theirrawaddy
#theirrawaddy_media
#theirrawaddy_Burmese
#theirrawaddy_english

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။

Support The Irrawaddy: https://bit.ly/3btQYpR
"ထိုင်းနိုင်ငံဗဟိုဘဏ်နှင့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးရုံး (AMLO) သည် အရပ်သားများကို သတ်ဖြတ် ဒဏ်ရာရစေရန် အသုံးပြုသည့် လက်နက်ဝယ်ယူမှု အဆင်ပြေစေရေးအတွက် မြန်မာစစ်တပ်က ထိုင်းနိုင်ငံမှဘဏ်များကို အသုံးပြု၊ မပြု စစ်ဆေးနေသည်ဟု ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာသည်။

Website တွင် ဖတ်ရန် https://bit.ly/4cZFw3g
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR"
မြို့ရဲ့ နေရာတော်တော်များများမှာ AA တပ်သားတွေရောက်နေပြီ၊ မြို့ထဲကနေ ထွက်ချင်တဲ့လူတွေကို အပြင် ထွက်ခွင့်ပေးတယ်၊ မြို့ထဲကိုတော့ ပြန်ဝင်ခွင့် မပေးသေးဘူး၊ မနေ့ကဆို ၅ ယောက်တဖွဲ့စီ ထွက်ခိုင်းတယ်လို့ ကြားတယ်

Website တွင် ဖတ်ရန် https://bit.ly/4cJ2Qme
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
သထုံနှင့် ဘီးလင်းကြားရှိ ကရင်လေးဆိပ် တံတား မိုင်းခွဲခံရ

ဧရာဝတီ၊ ဇူလိုင် ၁၇၊ ၂၀၂၄

ရန်ကုန်- မော်လမြိုင် အဝေးပြေးလမ်းမကြီး၊ သထုံနှင့် ဘီးလင်းကြားရှိ ကရင်လေးဆိပ် တံတားမှာ ယနေ့ နံနက် ၇ နာရီဝန်းကျင်က မိုင်းဖောက်ခွဲခံရမှုကြောင့် ကျိုးကျပျက်စီးသွားပြီး ခရီးသည်တင်ယာဉ်နှင့် ကုန်ကားများ ပိတ်မိနေကြောင်း သိရသည်။

ကုန်ကားသမားတဦးက “ကားတွေက သွားလို့ မရဘူး။ တော်တော်များများများက ပိတ်မိကုန်တယ်။ တချို့ကားတွေလည်း လှည့်ပြန်ကုန်ပြီ။ ရာ ဘာခြံတွေကလည်း ကားတွေကို ပေးမဖြတ်ဘူး။ သကြားစက်လမ်းဘက်ကလည်း ကားတွေကို ပေးမဝင်ဘူး။ ပိတ်တာတော့ တံတားကျိုးတဲ့နေရာမရောက်ခင်အထိကားတွေတန့်သွားတာ ကားတန်းက ဘီးလင်းလောက်အထိ ရောက်နေပြီ။ ထိခိုက်တာတော့မကြားမိဘူး။ တံတားက သေးသေးလေးပဲ ရှိလှမှ ၁၀ ပေ ကျော်ကျော်လောက်ပဲ ရှိမယ်။ မိုင်းခွဲလို့ ဖြစ်တာ အစတွေပါ အောက်မှာ လွင့်နေတာ။ မနက် ၆ နာရီခွဲ ၇ နာရီလောက်က ဖြစ်တာ” ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိတွင် တခြားလမ်းကြောင်းများရှိသော်လည်း KNU တပ်မဟာ ၅ နယ်မြေ အပိုင်ဖြစ်ပြီး တိုက်ပွဲ ဖြစ်ပွားပါက ခရီးသည်များထိခိုက်မည်ကို စိုးရိမ်၍ ပေးမဝင်ခြင်းလည်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

အဆိုပါ တံတားသည် ယခင် မိုင်းခွဲခံရ၍ တံတားကျိုးကျပျက်စီးခဲ့သော ကျုံအိတ်တံတားနှင့် နီးကပ်စွာရှိသည့် တံတားတစင်းလည်း ဖြစ်သည်။

ဓာတ်ပုံ- Thura/CJ

#WhatsHappeningInMyanmar
#RejectMilitaryCoup
#theirrawaddy
#theirrawaddy_media
#theirrawaddy_Burmese
#theirrawaddy_english

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
အေလာလေဆိပ်တိုက်ခိုက်မှု သေဆုံး ပျက်စီးမှုများရှိဟု ဆို

ဧရာဝတီ၊ ဇူလိုင် ၁၇၊ ၂၀၂၄

နေပြည်တော် အေလာလေဆိပ်ကို ယမန်နေ့ နံနက် ၉ နာရီကျော်တွင် ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ လေတပ်အရာရှိ ၄ ဦးအပါအဝင် ၁၂ ဦး သေဆုံးပြီး လေယာဉ် ၃ စီးထိခိုက်ပျက်စီးခဲ့ကြောင်း Mountain Knights Civiiian Defense Forse (MKCDF) က ယမန်နေ့ ညပိုင်းတွင် ထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုကို MKCDF နှင့် Mercury Revolution Force (MRF)တို့က Brave Warriors for Myanmar (BWM) အဖွဲ့၏ စီမံမှုဖြင့် ရှော့တိုက်ဒုံး ၇ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၅ လုံး အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ကြောင်း၊ ယခုတိုက်ခိုက်မှုသည် ၅ ကြိမ်မြောက် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ လေတပ်အရာရှိ ၄ ဦးနှင့် လေတပ်အခြား စစ်သည်အဆင့် ၁၂ ဦး သေဆုံးခဲ့‌ပြီး လေတပ်စခန်းအတွင်းရှိ အဆောက်အဦထိခိုက်မှုအပြင် A-5 Bomber Jet Fighter တစင်း၊ Jet Fighter တစင်းနှင့် Y-12 Military Transport Aircraft တစင်း ထိခိုက်ပျက်စီးခဲ့ကာ တခြားလေတပ် အရာရှိတဦးအပါအဝင် ၎င်းတို့၏ အဖွဲ့ဝင်တချို့လည်း ပျောက်ဆုံးနေကြောင်း MKCDF က ပြောသည်။

MKCDFတာဝန်ရှိသူ တဦးက “ပစ်ပြီးပြီးချင်း စကစတပ်ဖွဲ့တွေက ဖြစ်နိုင်ချေရှိတဲ့နေရာတွေအားလုံးကို ဝိုင်းပိတ်တယ်။ ရွာ ၇ ရွာကို ပိုက်စိတ်တိုက်ဝင်ရှာတယ်၊ ဖမ်းတယ်၊ ရွာတွေပတ်ချာလည်မှာ ကြံခင်း နှမ်းခင်း ပြောင်းခင်းတွေကို လက်နက်ငယ် ငါးကြင်းမြီး၊ စက်သေနတ်တွေနဲ့ လိုက်ပစ်နေတယ်၊ သံသယရှိသူ ၁၂ ကို ဦးဖမ်းသွားတယ်လို့သိရပါတယ်။ ရေနီဂိတ်ကို ပိတ်ပြီး စစ်နေတယ်၊ သာဝတ္တိတောင်ဘက် သရက်ကုန်းမှာလည်း တနေ့လုံးပိတ်ပြီးစစ်တယ်”ဟု ဧရာဝတီသို့ပြောသည်။

အေလာလေတပ်စခန်းသည် လုံခြုံရေးအထူးတင်းကျပ်ထားသော လေဆိပ်ဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီဒေသနှင့် ကရင်ပြည်နယ်အပါအဝင် နိုင်ငံအနှံ့အပြားရှိ ပြည်သူများနှင့် တော်လှန်ရေး အင်အားစုများကို လေကြောင်းမှသတ်ဖြတ်ရာတွင် အားထားရသော လေဆိပ်ဖြစ်သလို အခြေအနေမကောင်းလျှင် စစ်ဗိုလ်ချုပ်များ ထွက်ပြေးရန် စီစဉ်ထားသောလေဆိပ်ဖြစ်သောကြောင့် စစ်ကောင်စီထွက်ပေါက်ပိတ်စေရန် ရည်ရွယ် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

တော်လှန်ရေးတပ်ဖွဲ့များ ပစ်ခတ်သောရှော့တိုက်ဒုံး ၂ လုံးသည် လေယာဉ်ကွင်း အပြင်ဖက်၊ လေယာဉ်နှင့် ဆက်စပ်ပစ္စည်း များသို လှောင်ထားသော ဂိုဒေါင်အနီးသို့ကျရောက်ပေါက်ကွဲခဲ့ကြောင်း အမည်မဖော်လိုသည့် ဧရာဝတီ သတင်းရင်းမြစ် တဦးကဆိုသည်။

ယင်းဖြစ်စဉ်အတွင် ထိခိုက် သေဆုံးမှုများနှင့် ပတ်သက်၍ ဧရာဝတီက သီးခြား အတည်ပြုနိုင်ခြင်း မရှိပါ။

#WhatsHappeningInMyanmar
#RejectMilitaryCoup
#theirrawaddy
#theirrawaddy_media
#theirrawaddy_Burmese
#theirrawaddy_english

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။

Support The Irrawaddy: https://bit.ly/3btQYpR