စစ်ကောင်စီလေကြောင်းနှင့် လက်နက်ကြီးကြောင့် တရက်တည်း အရပ်သား ၁၂ ဦး သေဆုံး
ဧရာဝတီ၊ ဇွန် ၂၉၊ ၂၀၂၄
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်မြိုနယ်များနှင့် မန္တလေးတိုင်း မိုးကုတ်မြို့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုအပါအဝင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဇွန်လ ၂၈ ရက် တရက်အတွင်း အရပ်သား ၁၂ ဦးသေဆုံးခဲ့ကြောင်း တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ထုတ်ပြန်သည်။
ကျောက်မဲမြို့ပေါ်တွင် ယမန်နေ့က လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် မယ်သီလရှင်တပါးအဝင် အမျိုးသမီး ၄ ဦး၊ အမျိုးသား ၂ ဦး စုစုပေါင်း ၆ ဦး သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိကာ နေအိမ် ၄ လုံးပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အတူ မိုးကုတ်မြို့တွင်လည်း ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဥယျာဉ်ကျောင်းတွင်းရှိ ကိုရင် ၅ ပါး ကျည်စထိမှန်ပြီး ကိုရင် ၁ ပါး ပျံလွန်တော်မူကာ ၄ပါး ဒဏ်ရာရရှိခဲ့သလို လူထရပ်ကွက်ရှိ အဖွားအို တဦးနှင့် ကလေးငယ် တဦး သေဆုံးခဲ့ကြောင်း၊ မိုးကုတ်မြို့ အနောက်ပိုင်း အောင်သုခရပ်ကွက်အတွင်း လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် အမျိုးသမီးတဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် ၁၃ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း TNLA က ပြောသည်။
တိုက်ပွဲပြင်းထန်နေသောကြောင့်လည်း ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်မြို့နယ်များရှိ ဒေသခံ သောင်းချီ ဘေးလွတ်ရာ တိမ်းရှောင်နေကြရပြီး နောင်ချိုမြို့တွင်လည်း ဇွန်လ ၂၈ ရက်က လက်နက်ကြီး ထိမှန်မှုကြောင့် အမျိုးသမီး ၂ ဦး သေဆုံးကာ အမျိုးသားတဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယခု ဇွန်လ ၂၅ရက်နှင့် ၂၆ ရက်နေ့ကလည်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် အရပ်သား ၆ ဦးသေဆုံးပြီး ၂၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း TNLA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဓာတ်ပုံ-The Ta’ang Post
#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

Clickandpledge
The Irrawaddy
ထိခိုက်သေဆုံးတဲ့သတင်းက နေ့တိုင်းကြားနေရတယ်။ မြို့ပေါ်မှာ တထိတ်ထိတ် တလန့်လန့်ပဲ။ ဘယ်အချိန် ကိုယ့်ခေါင်းပေါ်ကျမလဲ၊ ထမင်းစားတောင် မဖြောင့်တော့ဘူးလေ။ မနေ့ညက ပိုဆိုးတယ် ဒရုန်းတွေနဲ့ဗုံးလာကြဲတာ။ မှောင် မဲနေပြီဗျာ၊ သူတို့ပစ်မှတ်ဘယ်လိုရှာပြီး ဘယ်လိုကြဲလဲတော့မသိဘူး။ အုံးခနဲ့ကျလိုက်တာ ကိုယ်နားလေးတုန်သွားတယ်
Website တွင် ဖတ်ရန် https://bit.ly/45I6tGl
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
Website တွင် ဖတ်ရန် https://bit.ly/45I6tGl
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
ဧရာဝတီ
ရှမ်းမြောက်တိုက်ပွဲ အရပ်သားအများစု ပိတ်မိနေပြီး ထိခိုက် သေဆုံးမှုရှိ
အချင်းချင်း သတင်းဖလှယ်သည့် ကျောက်မဲမြို့သူ မြို့သားများ၏ လူမှုကွန်ရက်များတွင် လူနေရပ်ကွက်များ အပေါ် ဗုံးများ ကြဲချနေသဖြင့် သာသနိက အဆောက်အအုံများ ပျက်စီးကြောင်း၊ မြို့လူထု ကြောက်ရွံတုန်လှုပ်၍ ပုန်းအောင်း နေရကြောင်း၊ မြို့မှ ထွက်ခွာရန် မလွယ်ကူသည့် အခြေအနေကြောင့်…
အရှေ့တောင်အာရှ ဒုတိယ အကြီးဆုံး စီးပွားရေး ဈေးကွက်ဖြစ်တဲ့ ထိုင်းနိုင်ငံမှာလည်း တရုတ်က EV ကားသစ် ထုတ်လုပ်မှု အတွက် အမေရိကန် ဒေါ်လာ ၁ ဒသမ ၄၄ ဘီလီယံကျော် ရင်းနှီးထားကာ ဦးဆောင်မှု အပိုင်းမှာ ရှိနေတယ် လို့လည်း…
Website တွင် ဖတ်ရန် https://bit.ly/4eKdCdh
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
Website တွင် ဖတ်ရန် https://bit.ly/4eKdCdh
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
ဧရာဝတီ
အရှေ့တောင်အာရှ EV ကား ဈေးကွက်ကို တရုတ် BYD သိမ်းပိုက်ထား
BYD ဟာ ဒေသတွင်း ရောင်းအား အကောင်းဆုံး ဖြစ်ပြီး EV ကားဈေးကွက်ရဲ့ ၄၇ ရာခိုင်နှုန်းကို ထိန်းချုပ်ထားလျက် ရှိကြောင်း…
ချင်းမိုင်တွင် မြန်မာနှင့် တရုတ်ပါသော အွန်လိုင်းငွေလိမ်အဖွဲ့ကို ဖမ်းဆီး
ဧရာဝတီ၊ ဇွန် ၂၉၊ ၂၀၂၄
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့စွန် ဒွိုင်စကက်မြို့နယ်တွင် ဆိုက်ဘာမှုခင်းစုံစမ်း စစ်ဆေးရေး ဗျူရို (CCIB) က မြန်မာနိုင်ငံသား ၆ ဦး၊ တရုတ်နိုင်ငံသား ၇ ဦး ပါဝင်သော အွန်လိုင်းငွေလိမ်အဖွဲ့ကို ယမန်နေ့ နံနက် ၁၀ နာရီခန့်က ဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။
အဆိုပါဖမ်းဆီးမှုတွင်ပါဝင်သော ရဲအရာရှိက ထိုင်းနိုင်ငံတောင်ပိုင်းမှ တရုတ်နိုင်ငံသား လိမ်လည်သူတဦးအား စုံစမ်း ဖော်ထုတ်ရာမှတဆင့် ထပ်မံ၍ အထက်ပါ အွန်လိုင်းငွေလိမ်အဖွဲ့အား ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မိုင်ဘိုင်းလ်ဖုန်း ၉၄ လုံး၊ လက်တော့ ၈ လုံး၊ ဖုန်းခေါ်ဆိုမှုနှင့်ဆက်စပ်ကိရိယာများကို သိမ်းဆည်းရမိခဲ့ကြောင်း The Pattaya News က ရေးသားထားသည်။
ချင်းမိုင်မြို့ အိမ်ရာဝန်းတခုအတွင်းရှိ တရုတ်အမျိုးသားနေထိုင်သော အိမ်တအိမ်သည် ခြံစည်းရိုးပတ်ပတ်လည် ကင်မရာမီးများ တပ်ဆင်ထားပြီး တညလုံး မီးများကို ဖွင့်ထားကြောင်း၊ ထိုင်းရဲတပ်ဖွဲ့အနေဖြင့် ဝင်ရောက်စီးနင်းခြင်းမပြုမီ သက်သေများကို လုံလောက်စွာ စုဆောင်းခဲ့ပြီးတရားရုံးမှ ရှာဖွေဝရမ်းယူကာ စီးနင်းခဲ့သည်ဟု ဆိုသည်။
ယင်းအွန်လိုင်းငွေလိမ်အဖွဲ့သည် တရုတ်နိုင်ငံသားများကို ရေရှည်ရင်းနှီးမြှုပ်နှံမှုနှင့် အာမခံသက်တမ်းတိုးရန် အတွက် လိမ်လည်မှု အစီအစဉ်တခု ရေးဆွဲလုပ်ဆောင်ပြီး တရက်လျှင် ဘတ်ငွေ တသန်းကျော် ရရှိကာ တနေ့လျှင် လူ ၁၀ ဦးထက်မနည်း လိမ်လည်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ဖမ်းဆီးထားသူများအား နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွင် ပူးပေါင်းပါဝင်မှု၊ တရားမဝင် လျှို့ဝှက်စုဝေးမှု၊ လိမ်လည်ဖြားယောင်းမှု အစရှိသောအမှုများဖြင့် ထိုင်းရဲတပ်ဖွဲ့က တရားစွဲဆိုထားသည်။
ဓာတ်ပုံ-The Pattaya News
#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
ဧရာဝတီ၊ ဇွန် ၂၉၊ ၂၀၂၄
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့စွန် ဒွိုင်စကက်မြို့နယ်တွင် ဆိုက်ဘာမှုခင်းစုံစမ်း စစ်ဆေးရေး ဗျူရို (CCIB) က မြန်မာနိုင်ငံသား ၆ ဦး၊ တရုတ်နိုင်ငံသား ၇ ဦး ပါဝင်သော အွန်လိုင်းငွေလိမ်အဖွဲ့ကို ယမန်နေ့ နံနက် ၁၀ နာရီခန့်က ဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။
အဆိုပါဖမ်းဆီးမှုတွင်ပါဝင်သော ရဲအရာရှိက ထိုင်းနိုင်ငံတောင်ပိုင်းမှ တရုတ်နိုင်ငံသား လိမ်လည်သူတဦးအား စုံစမ်း ဖော်ထုတ်ရာမှတဆင့် ထပ်မံ၍ အထက်ပါ အွန်လိုင်းငွေလိမ်အဖွဲ့အား ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မိုင်ဘိုင်းလ်ဖုန်း ၉၄ လုံး၊ လက်တော့ ၈ လုံး၊ ဖုန်းခေါ်ဆိုမှုနှင့်ဆက်စပ်ကိရိယာများကို သိမ်းဆည်းရမိခဲ့ကြောင်း The Pattaya News က ရေးသားထားသည်။
ချင်းမိုင်မြို့ အိမ်ရာဝန်းတခုအတွင်းရှိ တရုတ်အမျိုးသားနေထိုင်သော အိမ်တအိမ်သည် ခြံစည်းရိုးပတ်ပတ်လည် ကင်မရာမီးများ တပ်ဆင်ထားပြီး တညလုံး မီးများကို ဖွင့်ထားကြောင်း၊ ထိုင်းရဲတပ်ဖွဲ့အနေဖြင့် ဝင်ရောက်စီးနင်းခြင်းမပြုမီ သက်သေများကို လုံလောက်စွာ စုဆောင်းခဲ့ပြီးတရားရုံးမှ ရှာဖွေဝရမ်းယူကာ စီးနင်းခဲ့သည်ဟု ဆိုသည်။
ယင်းအွန်လိုင်းငွေလိမ်အဖွဲ့သည် တရုတ်နိုင်ငံသားများကို ရေရှည်ရင်းနှီးမြှုပ်နှံမှုနှင့် အာမခံသက်တမ်းတိုးရန် အတွက် လိမ်လည်မှု အစီအစဉ်တခု ရေးဆွဲလုပ်ဆောင်ပြီး တရက်လျှင် ဘတ်ငွေ တသန်းကျော် ရရှိကာ တနေ့လျှင် လူ ၁၀ ဦးထက်မနည်း လိမ်လည်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ဖမ်းဆီးထားသူများအား နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွင် ပူးပေါင်းပါဝင်မှု၊ တရားမဝင် လျှို့ဝှက်စုဝေးမှု၊ လိမ်လည်ဖြားယောင်းမှု အစရှိသောအမှုများဖြင့် ထိုင်းရဲတပ်ဖွဲ့က တရားစွဲဆိုထားသည်။
ဓာတ်ပုံ-The Pattaya News
#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
Clickandpledge
The Irrawaddy
မှတ်သားစရာကောင်းသည်မှာ တရုတ်အစိုးရသည် လွန်ခဲ့သော နှစ်နှစ်အတွင်း ပြည်ထဲရေး ဝန်ကြီးအပါအဝင် စစ်ကောင်စီ၏ အဓိကဝန်ကြီး လက်တဆုပ်စာကို အခါအားလျော်စွာ ဖိတ်ကြားသော်လည်း စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် တရုတ်သို့ ဖိတ်ကြားမှု မရှိခြင်း ဖြစ်သည်။
Website တွင် ဖတ်ရန် https://bit.ly/45KeXwx
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
Website တွင် ဖတ်ရန် https://bit.ly/45KeXwx
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
ဧရာဝတီ
သမ္မတဟောင်း ဦးသိန်းစိန် တရုတ်သွားတဲ့အခါ
တရုတ်သည် ဦးသိန်းစိန်၊ အာဏာရှင်ဟောင်း ဦးသန်းရွှေ အပါအဝင် ဗိုလ်ချုပ်ဟောင်းများနှင့် ဆက်လက် ဆက်ဆံနေသည်။
လားရှိုးမြို့အနီး စစ်တပ်နှင့် MNDAA တိုက်ပွဲ စဖြစ်
မိုင်းခြိူဝ်းဇာရ်၊ ဇွန် ၂၉၊ ၂၀၂၄
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်-ရမခ တည်ရှိရာ လားရှိုးမြို့အနီး စစ်ကောင်စီတပ်နှင့် မြန်မာအမျိုးသားဒီမိုကရက်သစ် မဟာမိတ်တပ်မတော်(MNDAA)တို့ ယနေ့ မွန်းတည့် ၁၂ နာရီကျော်တွင် တိုက်ပွဲ စတင်ဖြစ်ပွားနေကြောင်း သိရသည်။
လားရှိုး-သိန္နီ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မြို့ တောင်ဘက် ၁၂ မိုင်အကွာ တိမ်ဖြူစက်သုံးဆီဆိုင်အနီးတွင် စစ်ကောင်စီတပ်နှင့် MNDAAတို့ နှစ်ဘက်ထိတွေ့ တိုက်ပွဲဖြစ်ပွားနေပြီး မြို့ပေါ် ရမခ အမြောက်တပ်မှ လက်နက်ကြီး ၁၀ ကြိမ်ခန့် ပစ်ကူပေးနေကြောင်း လားရှိုးမြို့ခံ အမျိုးသားတဦးက ဧရာ၀တီကို ပြောသည်။
၎င်းက “ လားရှိုးလေဆိပ်နားက ရမခ ဌာနချုပ်ဝန်းထဲကနေ လက်နက်ကြီးတွေ ပစ်နေတာ။ အခုလည်း တလုံး ပစ်လိုက်တယ်။ မြို့တွင်းထဲကနေ ပစ်တော့ အသံအကျယ်ကြီးနဲ့ စိုးရိမ်စရာတွေ ဖြစ်တာပေါ့။ တိုက်ပွဲက ၁၂ မိုင်ကုန်းမှာ ဖြစ်နေတာ အခုထိပဲ” ဟု ပြောသည်။
အဆိုပါ တိုက်ပွဲဖြစ်ပွားသည့်နေရာတွင် တရုတ်လူမျိုးအများစု နေထိုင်ကြပြီး MNDAA မှ ၁၀၂၇ စစ်ဆင်ရေးတွင် ဝင်ရောက်လှုပ်ရှားလာသည့်နေရာဖြစ်ကာ စစ်ကောင်စီတပ်၏ ရှေ့တန်းခုခံစစ် ပြင်ဆင်ထားသည့်နေရာလည်း ဖြစ်သည်။ MNDAA မှ လတ်တလောအခြေနေများနှင့် ပတ်သတ်ပြီး သတင်းထုတ်ပြန်ခြင်းမရှိသေးသလို မည်သည့်အဖွဲ့က စတင်ထိုးစစ်ဆင်ခဲ့ကြောင်း ဧရာ၀တီက အတည် မပြုနိုင်သေးပေ။
မနက် ၁၁ နာရီခွဲကျော်ခန့်တွင်လည်း လားရှိုးမြို့လယ် အမှတ် ၁ ရပ်ကွက်ရှိ စစ်ကောင်စီလက်အောက်ခံ စုပေါင်းရုံးကြီး၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း၊ ရမခ အမြောက်တပ်မှ လက်နက်ကြီး အဆက်မပြတ် ပစ်ကူနေမှုကြောင့် လားရှိုးမြို့ခံများ စိုးရိမ်နေကြပြီး မြို့ပေါ် စျေးဆိုင်ခန်းများနှင့် မြို့မစျေးကြီးရှိ ဆိုင်ခန်းများ အလုအယက် ပိတ်သိမ်းနေကြောင်း မြို့ခံများက ပြောသည်။
လတ်တလော လားရှိုးမြို့ပေါ်တွင် ပုံမှန်သွားလာမှုများရှိနေပြီး စစ်ကောင်စီဘက်က စစ်ကားများဖြင့် မြို့တွင်း ကင်းလှည့်နေသည်။
ဇွန်လ ၂၃ ရက်တွင် လားရှိုးမြို့အရှေ့ဘက် ၁၀ မိုင်ကျော်အကွာ ပိန်းခမ်းကျေးရွာအနီး MNDAA တပ်ဖွဲ့ လှုပ်ရှားသည့်နေရာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ခဲ့သောကြောင့် ၁၅ မိနစ်ကျော်ခန့် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
ထို့နောက် ဇွန်လတတိယပတ်ခန့်တွင် စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်တို့ လားရှိုးမြို့အနီး ဗဟိုပြု စစ်ရေးတင်းမာလာခဲ့ရာ စစ်ကောင်စီဘက်က မြို့ကို ဝင်ရောက်နိုင်သည့်လမ်းများကို ဖျက်ဆီးပိတ်ဆို့ခဲ့သည်။
“ ၁၀၂၇ စစ်ဆင်ရေး” အပိုင်း ၂ ဟုခေါ်ဆိုပြီး ဇွန်လ ၂၅ ရက်တွင် TNLA ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့က လားရှိုး-ပြင်ဦးလွင်အကြားရှိ နောင်ချိုနှင့် ကျောက်မဲမြို့၊ မန္တလေးတိုင်း မိုးကုတ်မြို့တို့ကို စီးနင်းတိုက်ခိုက်ကာ နောင်ချိုနှင့် ကျောက်မဲမြို့ကို ထိန်းချုပ်ထားနိုင်ခဲ့သည်။
MNDAA ဘက်က “၁၀၂၇ စစ်ဆင်ရေး” အပိုင်း ၂ တွင် ပါဝင်နေကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုခြင်း မရှိသေးဘဲ လားရှိုးနှင့် သီပေါမြို့အနီး တပ်အင်အားအများအပြား တိုးချဲ့ထားသည်။
ပုံစာ- ၂၀၂၃ ခုနှစ်အတွင်းက ၁၀၂၇ စစ်ဆင်ရေးတွင် တွေ့ရသည့် MNDAA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - The Koekang)
#ကိုးကန့် #MNDAA #လားရှိုး

နောင်ချိုတိုက်ပွဲတွင် စစ်သားအလောင်း ၁၀ လောင်းနှင့် လက်နက်ခဲယမ်းများ ရရှိ
ဧရာဝတီ၊ ဇွန် ၂၉၊ ၂၀၂၄
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် ရှုခင်းသာရှိ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း-ခလရ ၁၄၆ တပ်စခန်းတွင် ယနေ့ နံနက် ၇ နာရီက တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီ အလောင်း ၁၀ လောင်းနှင့် လက်နက်ခဲယမ်းမျိုးစုံ သိမ်းဆည်းရမိခဲ့ ကြောင်း တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က ဓာတ်ပုံများနှင့်တကွ ယနေ့ ထုတ်ပြန်သည်။
အလားတူ နောင်ချိုမြို့ရှိ ခမရ ၆၀၆ ဒုံးတပ်ရင်း၌ ယနေ့ နံနက် ၄ နာရီ ၄၀ မိနစ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
နောင်ချိုဒေသခံ တဦးက “အခု ကျနော်တို့ကတော့ ပြေးရင်းလွှားရင်းနဲ့ မေမြို့ရောက်နေပြီ။ ကျနော့်အမတွေတော့ နောင်ချိုမှာ ကျန်ခဲ့တယ်။ တိုက်ပွဲထဲ ပိတ်မိနေတယ်။ အခုထိ အဆက်အသွယ် မရသေးဘူး။ ဖုန်းလိုင်းက တယ်လီနော လိုင်းတခုပဲ ရတယ်။ MPT ၊ မိုင်တဲလ်ဖုန်းလိုင်းတွေ ပြတ်နေတယ်။ အမက အမ်ပီတီပဲ ကိုင်တော့ ဆက်သွယ်လို့ မရသေးဘူး”ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် တိုက်ပွဲများပြင်းထန်နေသလို စစ်ကောင်စီဘက်မှလည်း လက်နက်ကြီး ပစ်ခတ်မှုများကြောင့် နောင်ချိုမြို့ပေါ် ရပ်ကွက်များ၌ ဒေသခံတချို့ ပိတ်မိနေကြောင်း သိရသည်။
အလားတူ” ၁၀၂၇ စစ်ဆင်ရေး” အပိုင်း ၂ အနေဖြင့် မိုးမိတ်မြို့နယ် ရွှေဆာလီကျေးရွာ ယနေ့ နံနက် ၅ နာရီ ၂၀ မိနစ်က TNLAနှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မိုးမိတ်မြို့နယ် လွယ်ဝိန်းတောင်ရှိ စကခ ၂၁၊ ခလရ ၂၂၃ တပ်စခန်းတို့၌ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLAက ထုတ်ပြန်ထားသည်။
ယမန်နေ့ ည ၇ နာရီ ၄၅ မိနစ်အချိန်ကလည်း ကျောက်မဲမြို့၊ အင်ကျင်းတောင်ရပ်ကွက်တွင် စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးဖြင့် တကြိမ်၊ ည ၁၂ နာရီ ၄၅ မိနစ်တွင် ကျောက်မဲမြို့နယ်၊ တော့ဆန်ရွာအား ဂျက်ဖိုက်တာဖြင့် ဗုံး ၃ လုံးကြဲချခဲ့ကြောင်း TNLA က ပြောသည်။
ပုံစာ- နောင်ချိုမြို့နယ် ရှုခင်းသာရှိ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း-ခလရ ၁၄၆ တပ်စခန်းမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ / TNLA