"မိန်းကလေးတွေ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်တစ်ခု "
ကိုယ့်ဖြစ်တည်မှုကို သူများမကြိုက်တာနဲ့ပဲ ပြောင်းလဲပေးဖူးလား။
တကယ်ဆို ကိုယ်ရဲ့ဖြစ်တည်မှုကို ဘယ်သူ့အတွက်ကြောင့်နဲ့မှ ပြောင်းလဲပေးစရာမလိုဘဲ ကိုယ့်ပုံစံ နဲ့ ကိုယ်ပဲဆက်နေသွားသင့်တယ် ဆိုတဲ့ မက်ဆေ့လေးကို ဒီရုပ်ရှင်လေးမှာ အကောင်းဆုံးဖော်ပြထားပါတယ်။
ပြီးတော့ မိန်းကလေးတွေအတွက် အတုယူစရာလေးတွေများတာမလို့ ဒီနေ့အတွက် တင်ဆက်ပေးချင်ပါတယ်။
ဇာတ်လမ်းကတော့ Ellen Woods ဆိုတဲ့ကောလိပ်ကျောင်းသူရဲ့ အကြောင်းလေးပဲ ဖြစ်ပါတယ်။Ellen Woods က Emmett ဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ ရည်းစားတွေဖြစ်ပေမယ့် Emmett ဖက်ကပဲ Ellen Woods ကိုလမ်းခွဲသွားပါတယ်။
အကြောင်းကတော့ Emmett မိသားစုရဲ့ အစဉ်အဆက်လက်ဆင့်ကမ်းခဲ့တဲ့ Harward Law တက္ကသိုလ် ၀င်ခွင့်ရဖို့ နှင့် Ellen Woods ထပ်ပိုပြီး ထက်မြတ်တဲ့ မိန်းကလေးမျိုးလိုချင်လို့ဖြစ်ပါတယ်။
ဒါပေမယ့်လည်း Ellen က Emmett မှ Emmett ဖြစ်နေတော့ မခွဲနိုင်တဲ့အဆုံး သူကပါ Harward Law ဝင်ခွင့်ရအောင်လုပ်ပါတော့တယ်။ဒီလိုနဲ့ သူများအတွက်လိုက်လုပ်ရင်း Ellen ပြန်ရလိုက်ကတော့ သူ့ကိုယ်သူပဲဖြစ်ပါတယ်။
Movie Link
https://t.me/rainbowmoviechannel1/3192
📹 Rainbow's Channel 📹

Please open Telegram to view this post
VIEW IN TELEGRAM
❤4
ခင်ဗျားတို့ရော ဘဝတစ်ခု ကဗျာတစ်ပုဒ်ကို
ဘယ်လိုများတိုင်းတာကြလဲ။
အသုံးဝင်မှုတန်ဖိုးနဲ့လား အရည်အသွေးတန်ဖိုးနဲ့လား…
ဘာနဲ့မှ မတိုင်းတာပါနဲ့
ကဗျာတစ်ပုဒ်ရဲ့ တန်ဖိုးဟာ ကဗျာကိုရေးထားတဲ့
စည်းမျဉ်းစည်းကမ်းလည်းမဟုတ်သလို
သူ့ရဲ့ ကျန်တဲ့ စံညွှန်းတွေလည်း မဟုတ်ပါဘူး။
ကဗျာတစ်ပုဒ်ရဲ့တန်ဖိုးဟာ နှလုံးသားကခံစားရတဲ့
ခံစားချက်ပါပဲ။ ဒီလိုပါပဲ ဘဝတစ်ခုရဲ့တန်ဖိုးဟာ
ကျွန်တော်တို့ရဲ့ တော်နေတတ်နေမှု အသုံးဝင်မှုတွေ
ကျွန်တော်တို့ ဘာကောင်ကြီးဆိုတာတွေ မဟုတ်ပါဘူး။
ကျွန်တော်တို့ရဲ့ လွတ်လပ်မှုတွေ ဆန္ဒတွေ
ကျွန်တော်တို့ချစ်တဲ့ ကျွန်တော်တို့ကို ချစ်တဲ့လူတွေပါပဲ။
ဘာကောင်ကြီးဆိုတာအောက် ပိတ်မိမသွားကြဖို့
ကျွန်တော့်ကိုယ်ကျွန်တော်တို့ ရှာဖွေကြဖို့
ကျွန်တော်တို့ ဘာလုပ်သင့်တယ်ဆိုတာကိုသိဖို့
တွေးခေါ်တတ်ဖို့ ဘဝရဲ့တန်ဖိုးကို သိဖို့….
ကျွန်တော်တို့ ပညာတွေသင်နေ အသိညဏ်တွေ
ရှာနေကြရတာပါပဲ။ ဒီရုပ်ရှင်ဟာ ခင်ဗျားတို့တည်ဆောက်ရမဲ့
ကိုယ်ပိုင်အတွေးအခေါ်တွေအတွက်
အုပ်တစ်ချပ်သဲတစ်ပွင့် ဖြစ်ပါစေလိမ့်မယ် ထင်ပါတယ်။
Dead Poet Society (1989)💡
Movie Link
https://t.me/rainbowmovie_channel1/2646

Dead Poet Society (1989)
Movie Link
https://t.me/rainbowmovie_channel1/2646
Please open Telegram to view this post
VIEW IN TELEGRAM
❤3
ဂျူးလူမျိုးနဲ့ နာဇီတို့ရဲ့ အကြောင်း
ရိုက်ကူးထားတဲ့ ရုပ်ရှင်ဆို
အရမ်းကောင်းတဲ့ ပညာပေးခန်းတွေပါသလို
မျက်ရည်တွေပါ လှိုင်လှိုင်ကျရတတ်ပါတယ်။
Life Is Beautiful (1997)
IMDB: 8.6/10
ဇာတ်လမ်းအကျဉ်း
ဒီရုပ်ရှင်ဟာ ဒုတိယကမ္ဘာစစ်အတွင်း ဂျူးပေါင်း ၁ သန်းကျော် အသတ်ခံခဲ့ရတဲ့ ဂျာမန်တွေရဲ့ ငရဲခန်းလို့ တင်စားကြတဲ့ Auschwitz အကျဉ်းစခန်းထဲက လွတ်မြောက်လာခဲ့သူ အီတလီ ဂျူးလူမျိုး Rubino Romeo Salmoni ရဲ့ ဖြစ်ရပ်မှန်ဘဝဇာတ်ကြောင်းအပေါ် အခြေခံထားပါတယ်။ သူဟာ အသက် ၉၁ နှစ် ( ၂၀၁၁ ) မှာ ကွယ်လွန်သွားခဲ့ပါတယ်။Romeo Salmoni ဟာ ၁၉၄၄ ခုနှစ်မှာ ဖမ်းဆီးခြင်းခံခဲ့ရပြီး အသက် ၂၄ နှစ်အရွယ်မှာ Auschwitz အကျဉ်းစခန်းကို ရောက်ခဲ့တယ်။ သူလွတ်မြောက်လာချိန်မှာ သူ့ညီ နှစ်ယောက်စလုံးက အသတ်ခံခဲ့ရတယ်ဆိုတာ သိခဲ့ရတယ်။ ဒါပေမယ့် သူ့မိဘတွေနဲ့တော့ ပြန်ဆုံခဲ့တယ်။
ဒီဇာတ်ကားကို ရိုက်တဲ့ဒါရိုက်တာ Roberto Benigni ရဲ့ အဖေဟာ မဟာမိတ်အီတလီစစ်တပ်မှာ တာဝန်ထမ်းဆောင်နေတုန်း နာဇီတွေရဲ့ စစ်သုံ့ပန်းအဖြစ် အဖမ်းခံရပြီး အလုပ်သမားအကျဉ်းစခန်းမှာ ၂ နှစ် နေခဲ့ရတယ်လို့ ဆိုတယ်။ ဒါကြောင့် ဒါရိုက်တာက သူ့အဖေရဲ့ ဘဝအတွေ့အကြုံပေါ်မှာလည်း အခြေခံပြီး ဇာတ်ညွန်းရေးခဲ့တယ်လို့ ဆိုတယ်။ဒီဇာတ်ကားမှာ ဂွီဒိုအဖြစ် ပါဝင်ထားတဲ့ မင်းသား Roberto Benigni ဟာ ကိုယ်တိုင်ဒါရိုက်တာလုပ်၊ ဇာတ်ညွန်းရေးပြီး ရိုက်ခဲ့ပါတယ်။
Movie Link
https://t.me/theclassicalmovie/8224
Please open Telegram to view this post
VIEW IN TELEGRAM
❤6
ကျောင်းတွေ ပိတ်သခိုက် စာအုပ်ဖတ်ချင်တဲ့ သူလေးတွေ
Rainbow's Bookshelf မှာ အိမ်ရောက်ငွေချေနဲ့ မှာ၀ယ်လို့ ရနေပြီနော်။
မကြာခင်
စာအုပ် (၅) အုပ် Giveaway လဲ ရှိပါမယ်။
https://t.me/rainbowbookshelf1📍
📖 Rainbow's Bookshelf 📖
Rainbow's Bookshelf မှာ အိမ်ရောက်ငွေချေနဲ့ မှာ၀ယ်လို့ ရနေပြီနော်။
မကြာခင်
စာအုပ် (၅) အုပ် Giveaway လဲ ရှိပါမယ်။
https://t.me/rainbowbookshelf1
Please open Telegram to view this post
VIEW IN TELEGRAM
❤🔥5❤3💘2
၂၅ နှစ်ကျော် လမ်းပျောက်နေခဲ့ခြင်း
Lion (2016)
📱 IMDb Rating _8.0/10, Rotten _84%
Nominated for 6 Oscars. Another 59 wins & 98 nominations
လူဦးရေ သိပ်သည်းဆ များပြားပြီး ဆင်းရဲနွမ်းပါးသူပေါများတဲ့ အိန္ဒိယမှာ နှစ်စဉ် ကလေးပျောက်မှု ၈၀၀၀၀ လောက် ပျမ်းမျှ ဖြစ်ပွားလေ့ရှိသတဲ့။ Saroo ရဲ့ ကြေကွဲဖွယ်ဖြစ်ရပ်ဟာ အဲဒီလို ဖြစ်စဉ်ပေါင်းများစွာထဲက တစ်ခုပါ။
ဒီရုပ်ရှင်ဟာ ကာယကံရှင် Saroo Brierly ရေးတဲ့ A long way home စာအုပ်ကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ရုပ်ရှင်အစအဆုံး ဇာတ်ဝင်ခန်းတွေ တစ်ခန်းချင်း ကြည့်နေရင်း တကယ့် ဖြစ်ရပ်ပါလားဆိုတဲ့ အသိကြောင့် ကာယကံရှင်တွေရဲ့ သောကဗျာပါဒမီးဟာ ကြည့်ရှူသူကိုပါ အရှိန်ဟပ်စေပါလိမ့်မယ်။
မိသားစုနဲ့ခွဲနေရလို့ အိမ်လွမ်းသူ ကျွန်တော့်အဖို့လည်း သေမှန်းမသိ၊ ရှင်မှန်း မသိ ရှင်ကွဲကွဲနေရတဲ့ သူတို့မိသားစုထက်စာရင် တော်ပါသေးလားလို့ ဖြေတွေးတွေးရပါတယ်။ ကိုယ်တွေရဲ့ အလွမ်းဟာ Saroo နဲ့ ယှဉ်ရင် ကလေးကစားစရာလောက်ပဲ ဖြစ်နေမလားဘဲ။
Dev Patel၊ Rooney Mara၊ Nicole Kidman စတဲ့ သရုပ်ဆောင်ကောင်းများ ပါဝင်ထားပြီး အော်စကာတစ်ကြို ၆ ဆု စာရင်းပါခဲ့တဲ့ကားပါ။ ကလေးသရုပ်ဆောင်များရဲ့ သဘာဝကျကျ သရုပ်ဆောင်မှုများကလည်း ချီးကျူးထိုက်ပါတယ်။
ဝတ္ထုပုံပြင်တွေထက် ဆန်းကြယ်တဲ့ တကယ့် ဘဝဖြစ်ရပ်မှန် ဇာတ်လမ်းကောင်တစ်ကားမို့ ကြုံကြိုက်ရင် ကြည့်ဖြစ်အောင် လက်တို့ညွှန်းဆိုလိုက်ပါတယ်။
Movie Link
https://t.me/theclassicalmovie/8258

❤2🥰1
အကောင်းဆုံးနှင့် အကြမ်းဆုံး အက်ရှင်များ
The Raid [ 1 + 2 ]
📱 IMDb Rating 7.6/10, Rotten 87%
အင်ဒိုနီးရှားမင်းသား Iko Uwais ရဲ့ အကောင်းဆုံးနဲ့အကြမ်းဆုံး အက်ရှင်ဇာတ်ကားပါ။
ဇာတ်လမ်းကတော့…အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့က အဆောက်အအုံကြီးတခုမှာ အလွန်ရက်စက်ပြီး အာဏာလဲရှိတဲ့မူးယစ်ဂိုဏ်းခေါင်းဆောင် တာမာနဲ့ သူ့အဖွဲ့သားတွေကိုဖမ်းဆီးဖို့အတွက်
SWAT အဖွဲ့က အဆောက်အဆုံထဲချိုးဖောက်ဝင်ရောက်လာတဲ့ အခန်းနဲ့စတင်ထားတဲ့ ဒီဇာတ်ကားလေးက အင်ဒိုနီးရှားကရိုက်ကူးထားတာဆိုပေမဲ့ အနောက်တိုင်းအက်ရှင်တွေအတိုင်း တကားလုံးကိုအပစ်အခတ်အသတ်အပုတ်တွေနဲ့ အတော်လေးကြည့်ကောင်းပါတယ်
အဆောက်အအုံထဲတိတ်တဆိတ်ဝင်လာတဲ့ SWAT အဖွဲ့ကို cctv ကတဆင့်သိသွားတဲ့တာမာက သူ့အဖွဲ့သားတွေလွှတ်ပြီး ဝင်ပေါက်ထွက်ပေါက်တွေအကုန်ပိတ်ချလိုက်တဲ့အခါ SWAT တဖွဲ့လုံး တိုက်ရဲ့၇ထပ်မြောက်မှာပိတ်မိသွားပါတော့တယ်
အဲ့အခန်းကစပြီး သေနတ်တင်မက ဓားတုတ်တွေ့ရာလက်နက်နဲ့ အသက်လုပြီးတိုက်ပွဲဝင်ရတဲ့ SWATအဖွဲ့ကိုစတင်ရှုစားရမှာဖြစ်ပြီး
သာမန် SWAT အဖွဲ့ဝင်လေး ရာမရဲ့အစွမ်းသတ္တိတွေကိုပါ အားရပါးရရှုစားရမဲ့ ဇာတ်ကြမ်းကားလေးဖြစ်ပါတယ်…
Movie Link
https://t.me/rainbowmovie_channel1/2657

❤2
This media is not supported in your browser
VIEW IN TELEGRAM
တောသားပြစ်မှား ငရဲလား 🐶
Please open Telegram to view this post
VIEW IN TELEGRAM
🤣21
English စာ လေ့လာနေသူတွေအတွက်
English subtitles နဲ့ ရုပ်ရှင်တွေ စုတင်ပေးထားတယ်နော်။
https://t.me/+jm3dkRdAkRc5NGU1
📹 Rainbow's Channel 📹
English subtitles နဲ့ ရုပ်ရှင်တွေ စုတင်ပေးထားတယ်နော်။
https://t.me/+jm3dkRdAkRc5NGU1
Please open Telegram to view this post
VIEW IN TELEGRAM
❤5
" ပါးစပ်မပိတ်ရလောက်အောင်တစ်ကားလုံးရယ်နေရမဲ့စတီဗင်ချောင်ရဲ့ အချစ်ဟာသကားလေး "
Look Out, Officer!
ငယ်ဘဝအမှတ်တရတွေဖြစ်လာခဲ့ပြီ။ငယ်ဘဝတစ်ခုလုံးကို သူ့ရဲ့ဟာသကားတွေနဲ့ စိုးမိုးခဲ့တဲ့ ချောင်ရဲ့ ဇာတ်ကားတွေဟာ အခုဆိုရင် အမှတ်တရတွေဖြစ်လာခဲ့ပြီ။ပေါ့ပေါ့ပါးပါးအချစ်ဇာတ်လမ်းလေးကို ဟာသအမှုအရာအပြောအဆိုတွေနဲ့တင်ဆက်ထားပြီး မိုးအေးအေးလေးနဲ့ Chill လိုက်ပါအုန်း ။
Movie Link
https://t.me/rainbowmoviechannel1/3201
📹 Rainbow's Channel 📹
Look Out, Officer!
ငယ်ဘဝအမှတ်တရတွေဖြစ်လာခဲ့ပြီ။ငယ်ဘဝတစ်ခုလုံးကို သူ့ရဲ့ဟာသကားတွေနဲ့ စိုးမိုးခဲ့တဲ့ ချောင်ရဲ့ ဇာတ်ကားတွေဟာ အခုဆိုရင် အမှတ်တရတွေဖြစ်လာခဲ့ပြီ။ပေါ့ပေါ့ပါးပါးအချစ်ဇာတ်လမ်းလေးကို ဟာသအမှုအရာအပြောအဆိုတွေနဲ့တင်ဆက်ထားပြီး မိုးအေးအေးလေးနဲ့ Chill လိုက်ပါအုန်း ။
Movie Link
https://t.me/rainbowmoviechannel1/3201
Please open Telegram to view this post
VIEW IN TELEGRAM
❤5
ကမ္ဘာ့အတော်ဆုံး သင်္ချာပါမောက္ခတွေတောင်
ခေါင်းစားနေရတဲ့ ပုစ္ဆာကို
ဖြေရှင်းနိုင်ခဲ့တဲ့ ဉာဏ်ကြီးရှင်မလေး
ဖရန့် နဲ့ မေရီဆိုတဲ့ သားအဖ ၂ ယောက်တည်း အတူနေကြတယ်ဗျာ။ သမီးလေး ၇ နှစ်ပြည့်ချိန်မှာ ကျောင်းကိုလွှတ်တာကနေ စပါတယ်။ သူတို့ ၂ ယောက်ကို သံယောဇဉ်ဖြစ်နေတဲ့ အိမ်နီးချင်းမိန်းမကြီးကတော့ တားပါတယ် ကလေးကို ကျောင်းကိုမလွှတ်ပါနဲ့ပေါ့။ ဘာလို့ပါလိမ့်။ ကျောင်းမှာအဖြေပေါ်လာတာပါပဲ ကလေးက ပါရမီရှင် master brain ဖြစ်နေလို့ပါ။ ကလေးအကြောင်းသိသွားရင် သူတို့ ၂ ယောက်ကို ခွဲမယ့်သူတွေ ပေါ်လာမှာ စိုးရိမ်လို့ တားမိတာပါပဲ။ တကယ်လည်း ကလေးကို ခွဲမယ့်သူ ပေါ်လာပါတယ်၊ အဲဒါကတော့ သူတို့ကို ၇နှစ်လုံး ပစ်ထားခဲ့တဲ့ မေရီရဲ့အဘွားပါပဲ။ တကယ်တော့ မေရီလေးရဲ့ အမေဟာ သချာၤဉာဏ်ကြီးရှင်ပါပဲ။ မပြီးဆုံးသေးတဲ့ အလုပ်တစ်ခုကို ထားခဲ့ပြီး သူ့ကိုယ်သူ သတ်သေသွားခဲ့တာပါ။ မေရီအမေ ထားခဲ့တဲ့ ပုစ္ဆာဟာ millennium problems တွေထဲက တစ်ခုပါ။ Millennium problems တွေဆိုတာ ၂၀၀၀ ခုနှစ်တုန်းက Clay သချာၤတက္ကသိုလ်ကြီးကနေ သက်သေပြပေးဖို့ ထုတ်ခဲ့တဲ့ ပုစ္ဆာ ၇ ပုဒ်ပါ။ အဖြေရှာနိုင်သူဟာ ဒေါ်လာသန်းချီပြီး ဆုရရှိမယ့်အပြင် ဆုတံဆိပ်တွေနဲ့ နိုဘယ်ဆုအထိကို မှန်းနိုင်ပါလိမ့်မယ်
Movie Link
https://t.me/rainbowmoviechannel1/3203

"ဟံသာဝတီရဲ့နောက်ဆုံးသောစီးချင်းထိုးပွဲ "
ဇာတ်သိမ်းပိုင်းထိ ရပါပြီ။
စစ်မြေပြင်မှာတော့ သူရဲကောင်းဆိုတာ တစ်ယောက်ပဲ ရှိရမယ်!
ငယ်စဉ်ကတည်းက ဟံသာဝတီမှာ ဓားစာခံအဖြစ် ကြီးပြင်းခဲ့ရတဲ့ ဗြနရဲ နဲ့ ဘုရင့်နောင်မင်းတရားကြီးရဲ့ မြေးတော် မင်းကြီးစွာ...။ တစ်ယောက်က ရဲရင့်ဖျတ်လတ်ပြီး တိုက်ခိုက်ရေးမှာ ပြိုင်ဘက်ကင်းသလို၊ နောက်တစ်ယောက်ကတော့ တည်ငြိမ်အေးဆေးပြီး အနုပညာကို မြတ်နိုးသူ ဒီလိုဆန့်ကျင်ဘက်စရိုက်တွေရှိပေမဲ့ သူတို့ကြားက သံယောဇဉ်ကတော့ ညီအစ်ကိုအရင်းထက်တောင် ပိုပြီး ခိုင်မြဲခဲ့ပါတယ်။
ဒါပေမယ့်... ကံကြမ္မာရဲ့ အလှည့်အပြောင်းက သူတို့ကို ရွေးချယ်ခွင့်မပေးခဲ့ဘူး။ အမိမြေရဲ့ တာဝန်ကို ထမ်းဆောင်ဖို့ ရောက်လာတဲ့အခါမှာတော့ တစ်ချိန်က ချစ်လှစွာသော ညီအစ်ကိုတွေဟာ ယုဒ္ဓသံသရာ စစ်ပွဲကြီးထဲမှာ တစ်ယောက်ကိုတစ်ယောက် အသေသတ်ရမယ့် ရန်သူတော်ကြီးတွေ ဖြစ်လာခဲ့ရပါတယ်။
ငယ်သူငယ်ချင်း မိတ်ဆွေရင်းအဖြစ်ကနေ နိုင်ငံနှစ်ခုရဲ့ အနာဂတ်အတွက် ဆင်စီးချင်းထိုးပြီး အဆုံးအဖြတ်ပေးရမယ့် "နောက်ဆုံးတိုက်ပွဲ" က ဘယ်လိုနိဂုံးချုပ်မလဲ? သမိုင်းဝင် စစ်ပွဲကြီးနောက်ကွယ်က မသိသေးတဲ့ ဒရာမာတွေနဲ့ အားမာန်ပါပါ တိုက်ကွက်တွေကို ရှုစားရတော့မှာပါ။
ဇာတ်ကားလင့်ကို comment မှာ ယူနော်။

အော်စကာရသွားတဲ့ ရုပ်ရှင်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ 1962ခုနှစ်ဆိုတာလူမည်းတွေအတွက်တော့အရမ်းကောင်းတဲ့ခေတ်မဟုတ်ပါဘူး ဘတ်စ်ကားကအစ၊အိမ်သာကအဆုံးခွဲခြားဆက်ဆံတာခံနေရတဲ့အချိန်မှာ
အီတာလီလျံဖြစ်တဲ့တိုနီလစ်နဲ့လူမည်းစန္ဒယားပညာရှင်ဒွန်တို့ဟာ အကြောင်းအမျိုးမျိုးကြောင့်အလုပ်ရှင်နဲ့အလုပ်သမားအဖြစ်တွေ့ကြရပါတော့တယ် ဒွန်ဟာလူမည်းဖြစ်ပေမယ့်လူဖြူစရိုက်အပြည့်နဲ့ဖြစ်ပြီး တိုနီဟာလည်းလူဖြူဖြစ်နေပေမယ့်လူမည်းစရိုက်နဲ့ဘဲဆိုးကြီးပါ သူတို့နှစ်ယောက်ရဲ့အလုပ်ကတော့ဒွန်ရဲ့နယ်လှည့်ဖျော်ဖြေပွဲကို တိုနီကကားမောင်းပြီးလိုက်ပို့ရတာပဲဖြစ်ပါတယ် စရိုက်ချင်းဆန့်ကျင်ဘက်ဖြစ်နေတဲ့အရောင်မတူတဲ့လူ၂ယောက်ဟာ ခရစ်စ်မတ်မတိုင်ခင်အမှီအိမ်ပြန်ရောက်ပါတော့မလားဆိုတာကိုတော့ အခုပဲဒေါင်းလုပ်ဆွဲပြီးကြည့်လို့ရပါပြီ
Green Book (2018)
Movie Link
https://t.me/rainbowmovie_channel/151
📹 Rainbow's Channel 📹
အီတာလီလျံဖြစ်တဲ့တိုနီလစ်နဲ့လူမည်းစန္ဒယားပညာရှင်ဒွန်တို့ဟာ အကြောင်းအမျိုးမျိုးကြောင့်အလုပ်ရှင်နဲ့အလုပ်သမားအဖြစ်တွေ့ကြရပါတော့တယ် ဒွန်ဟာလူမည်းဖြစ်ပေမယ့်လူဖြူစရိုက်အပြည့်နဲ့ဖြစ်ပြီး တိုနီဟာလည်းလူဖြူဖြစ်နေပေမယ့်လူမည်းစရိုက်နဲ့ဘဲဆိုးကြီးပါ သူတို့နှစ်ယောက်ရဲ့အလုပ်ကတော့ဒွန်ရဲ့နယ်လှည့်ဖျော်ဖြေပွဲကို တိုနီကကားမောင်းပြီးလိုက်ပို့ရတာပဲဖြစ်ပါတယ် စရိုက်ချင်းဆန့်ကျင်ဘက်ဖြစ်နေတဲ့အရောင်မတူတဲ့လူ၂ယောက်ဟာ ခရစ်စ်မတ်မတိုင်ခင်အမှီအိမ်ပြန်ရောက်ပါတော့မလားဆိုတာကိုတော့ အခုပဲဒေါင်းလုပ်ဆွဲပြီးကြည့်လို့ရပါပြီ
Green Book (2018)
Movie Link
https://t.me/rainbowmovie_channel/151
Please open Telegram to view this post
VIEW IN TELEGRAM
❤3
၁၈ နှစ်အရွယ်ကောင်မလေးကိုမှ
ချစ်မိသွားတဲ့ အသက် ၇၀
အဖိုးအိုတစ်ယောက်အကြောင်း
ဇာတ်လမ်းလေးကတော့ အသက် ၇၀ အရွယ် ကဗျာဆရာအိုကြီးရဲ့ အချစ်ဇာတ်လမ်းလေးပါ
သူ့မှာ အသက် ၃၀ အရွယ် သူ့အချစ်ဆုံးသဘောအကျရဆုံး တပည့်တစ်ယောက်ရှိပါတယ်
တစ်နေ့မှာ ကဗျာဆရာကြီးဟာ
မမျှော်လင့်ဘဲ အသက် ၁၇ နှစ်အရွယ် အထက်တန်းကျောင်းသူလေးနဲ့ ချစ်မိသွားပြီး သူ့အကြောင်းကို ဝတ္ထုတိုလေးရေးဖို့ စိတ်အားထက်သန်နေပါတယ်
ဒါကိုသူ့တပည့်ကမနာလိုဖြစ်ပါတော့တယ်
ဒီလိုနဲ့ သူတို့နှစ်ယောက်ရဲ့ဘဝထဲကို အထက်တန်းကျောင်းသူလေး
ဝင်ရောက်လာချိန်မှာ သူတို့ရဲ့စိတ်တွေ လိင်အာသီသတွေဟာ နိုးကြားလာခဲ့ရာက ဘာတွေဆက်ဖြစ်ဦးမလဲဆိုတာတော့ စောင့်မျှော်ကြည့်ရှုကြပါ။
Movie Link
https://t.me/rainbowmoviechannel1/3202
Please open Telegram to view this post
VIEW IN TELEGRAM
❤2
ပိန္နဲသီး သရဲကားSathu (2009)
****
ပိန္နဲသီး သရဲကားဆိုပြီး နာမည်ကြီးနေတဲ့ ထိုင်းသရဲကားဖြစ်ပါတယ်။ပုံမှန်သရဲကားတွေနဲ့ မတူတဲ့အချက်တွေ အများကြီးပါဝင်ပါတယ်။တွေ့နေကြ သရဲကားတွေထက် ပိုပြီး အဓိပ္ပါယ်ရှိတဲ့ ဇာတ်ကားပါ။
ဟာသတွေ ပါတယ်….ကြောက်လန့်စရာတွေ ပါတယ်….ကြည်နူးဖွယ်ရာတွေပါတယ်။အကောင်းဆုံးအချက်ကတော့ တရားသဘောနဲ့ ပတ်သတ်တဲ့ အယူအဆလေးတွေ ပါဝင်ထားပါတယ်။ရသစုံတဲဇာတ်ကား
ပါ။
ထူးခြားတဲ့ ဆက်တင်, Effect, ဇာတ်ဆောင် တွေမပါဝင်ဘဲ ဇာတ်လမ်းတစ်ခုလုံးကို အကောင်းဆုံးတင်ဆက်သွားနိုင်တာကိုတော့ မြန်မာဇာတ်ကားဖန်တီးသူတွေ အတုယူသင့်ပါတယ်။
Movie Link
https://t.me/rainbowhorrormovie/372

❤4🔥1
ရာသီဉတုဖောက်ပြန်ပြီး
ရေခဲခေတ်ပြန်ရောက်သွားသောအခါ
အာတိတ်ဒေသမှာသုတေသနလုပ်နေတဲ့ ပါမောက္ခ ဂျက်(ခ်)ဟော(လ်) နဲ့အဖွဲ့ဟာ ရာသီဥတု ဖောက်ပြန်ပျက်စီး မှု တစ်ခုကို အမှတ်မထင် ကြုံတွေ့ခဲ့ရတယ်
ဒါကို နယူးဒေလီမှာပြုလုပ်တဲ့ ကမ္ဘာကြီး ပူနွေးလာမှုနဲ့ ပတ်သက်တဲ့နှီးနှော ဖလှယ်ပွဲတစ်ခုမှာ ဂျက်(ခ်) ကိုယ်တိုင်ပြောပြခဲ့ပေမဲ့ ဘယ်သူကမှ အလေးမထားခဲ့ကြပါဘူး
နောက်ပိုင်းမှာ ရေကြောင်းပြ ဗော်ရာ တွေမှာ အပူချိန်ကျဆင်းလာတာကြောင့် ပါမောက္ခ ရပ်ဆန် လည်း သတိထားမိခဲ့ပြီး ဂျက်(ခ်) နဲ့အတူ ပူးပေါင်းလုပ်ဆောင်ခဲ့ကြပါတယ်
ရာသီဥတု ဖောက်ပြန်ပျက်စီးမှုက တစ်စတစ်စ ပိုမိုဆိုးရွားလာခဲ့ပေမဲ့ ဂျက်(ခ်) ရဲ့ သတိပေးမှုတွေကို တာဝန်ရှိသူတွေက လျစ်လျူရှုခဲ့ကြပါတယ်။
Movie Link
https://t.me/rainbowmovie_channel/155

ဘီလူးစီးတာကိုလူတိုင်းနီးပါးတစ်ကြိမ်တစ်ခါတော့ခံစားဖူးကြမှာပါ
ဒါပေမယ့် အဲ့ဒါက သာမန်သွေးလေချောက်ခြားလို့ဖြစ်တာမဟုတ်ရင်ကော
ကလေးဘဝတုန်းက အစ်ကိုဖြစ်သူကို ထူးထူးဆန်းဆန်းဆုံးရှုံးလိုက်ရတဲ့ စိတ်ဆရာဝန် အဲလစ်
သူ့ဆီကိုတူညီတဲ့ဖြစ်စဉ်တွေနဲ့ရောက်လာတဲ့မိသားစုတစ်စု
သူတို့တွေကြုံတွေ့နေရတဲ့အရာတွေက သမားရိုးကျမဟုတ်ပဲ အသက်အန္တရာယ်ပါပေးလာတဲ့အခါမှာတော့
ထိုမိသားစုကိုအဲလစ်ကပဲကာကွယ်ပေးနိုင်မလား ဒါမှမဟုတ်
Horror ကားကြိုက်သူတွေကတော့ တော်တော်ကြီးကြည့်လို့ကောင်းမှာပါ
လောလောဆယ်မှာ IMDb Rating 4.7 ရရှိထားပါတယ်။
Movie Link
https://t.me/rainbowhorrormovie/373
📹 Rainbow's Channel 📹
ဒါပေမယ့် အဲ့ဒါက သာမန်သွေးလေချောက်ခြားလို့ဖြစ်တာမဟုတ်ရင်ကော
ကလေးဘဝတုန်းက အစ်ကိုဖြစ်သူကို ထူးထူးဆန်းဆန်းဆုံးရှုံးလိုက်ရတဲ့ စိတ်ဆရာဝန် အဲလစ်
သူ့ဆီကိုတူညီတဲ့ဖြစ်စဉ်တွေနဲ့ရောက်လာတဲ့မိသားစုတစ်စု
သူတို့တွေကြုံတွေ့နေရတဲ့အရာတွေက သမားရိုးကျမဟုတ်ပဲ အသက်အန္တရာယ်ပါပေးလာတဲ့အခါမှာတော့
ထိုမိသားစုကိုအဲလစ်ကပဲကာကွယ်ပေးနိုင်မလား ဒါမှမဟုတ်
Horror ကားကြိုက်သူတွေကတော့ တော်တော်ကြီးကြည့်လို့ကောင်းမှာပါ
လောလောဆယ်မှာ IMDb Rating 4.7 ရရှိထားပါတယ်။
Movie Link
https://t.me/rainbowhorrormovie/373
Please open Telegram to view this post
VIEW IN TELEGRAM
❤6
စစ်ပွဲကြီးအတွင်းမှ လက်နက်ရောင်း၀ယ်သူများ
War Dogs … မြန်မာလိုဘာသာပြန်ရင် လက်နက်ရောင်းဝယ်သူလို့ အမည်ရပါတယ်။
ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတဲ့ Documentary အမျိုးအစားဖြစ်ပြီး ထူးခြားတာက ပျင်းစရာမကောင်းတာပါပဲ။ တစ်ခြားသော ဇာတ်ကားအမျိုးအစားတွေနဲ့ မတူပဲ တစ်ကားလုံး စိတ်ဝင်စားဖို့ကောင်းပြီး အဆုံးထိဆွဲဆောင်နိုင်တဲ့ ကားတစ်ကားပါ။
ဇာတ်လမ်းကြောရိုးကတော့ မိုင်ယာမီမှာ သမရိုးကျ အနှပ်သည်လုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေတဲ့ လူငယ်လေးတစ်ယောက်ဟာ မွေးရပ်မြေကို ပြန်လည်ရောက်ရှိလာတဲ့ ငယ်သူငယ်ချင်းတစ်ယောက်နဲ့ ပေါင်းမိပြီး အန္တရာယ်များတဲ့ လက်နက်ရောင်းဝယ်ရေးလုပ်ငန်းကို ခြေချမိရာကနေပြီး သူမမျှော်မှန်းထားတဲ့ အခြေအနေကို ရောက်ရှိသွားတာကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။
ဇာတ်ဆောင်အားလုံးကလည်း လူငယ်တွေပေမယ့် အရမ်းပီပြင်ပြီး ဆုံးခန်းတိုင်အောင် စွဲဆောင်နိုင်တဲ့ ကားတစ်ကားပါ။ ဂျိုးနာ့ဟီလ် ဒီကားမှာ ဟာသသရုပ်ဆောင်ဖြစ်တဲ့ ဂျိုးနာ့ဟီလ်အပြင် ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ ဟာသကား Hangover ထဲက မင်းသားချော ဘရက်ဒလေကူးပါးလည်း ပါဝင်ထားတယ်။
ဒါပေမဲ့ အဓိက သရုပ်ဆောင်ကတော့ ဟာသ သရုပ်ဆောင်ဖြစ်တဲ့ ဂျိုးနာ့ဟီလ်ပဲ ဖြစ်ပါတယ်။ ဂျိုးနာ့ဆိုတာ တခြားသူ မဟုတ်ပါဘူး။ မင်းသားချော ချန်နင်တက်တွန်နဲ့ တွဲပြီး စုံထောက်ကားမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသားပဲ ဖြစ်ပါတယ်။
ဂျိုးနာ့ဟာ ဟာသသရုပ်ဆောင်ဆိုပေမယ့် ထူးချွန်တဲ့ သရုပ်ဆောင်ပါ။ ၂၀၁၃ခုနှစ်က The Wolf of Wall Street ကားနဲ့ အကောင်းဆုံးဇာတ်ပို့ မင်းသား အကယ်ဒမီဆုကို ဆွတ်ခူးရရှိခဲ့သူ ဖြစ်ပါတယ်။
ဖော်ဘီမဂ္ဂဇင်းကြီးက ဖော်ပြခဲ့တဲ့ ကမ္ဘာ့အနုပညာကြေးအမြင့်ဆုံးသရုပ်ဆောင်တွေထဲ မှာ အဆင့် ၂၈ချိတ်ခဲ့တဲ့သူလည်း ဖြစ်ပါတယ်။
Movie Link
https://t.me/rainbowmoviechannel1/3173
စာအုပ်ဆိုင်သို့သွားရန် နိပ်ပါ။⬅️

ဇာတ်ကားတွေကြည့်ရတာ အဆင်ပြေတယ် သဘောကျတယ်ဆိုရင်
ဒီရိန်းဘိုးစာအုပ်ဆိုင်လေးကို ပြန်ပြီး
အားပေးလို့ရပါတယ်ဗျ။✔️
စာအုပ်ဆိုင်သို့သွားရန် နိပ်ပါ။
Please open Telegram to view this post
VIEW IN TELEGRAM
❤5
ဒီကားလေးကတော့ ၂၀၁၄ မှာထွက်ရှိခဲ့တဲ့ Family/Fantasy အမျိုးအစား animation ကားကောင်းလေးတစ်ကားပါ။
Rating မှာလည်း MIDb 7.1 ထိရရှိထားပြီးတော့ ကလေးရောလူကြီးပါကြည့်လို့ကောင်းမယ့်ကားကောင်းလေးတစ်ကားပါ။
အချိန် ၁ နာရီကျော်လောက်ကြာပြီး ဇာတ်အိမ်ဖွဲ့ထားတာလေးက ချစ်ဖို့ကောင်းလွန်းတော့ အကြိုက်တွေ့မယ်ဆိုတာသေချာပါတယ်။
ဇာတ်လမ်းအစမှာ နေနဲ့လရဲ့စောင့်ရှောက်သူတွေဟာ ကမ္ဘာကြီးကိုဟန်ချက်ညီအောင်ထိန်းသိမ်းနေကြရတယ်။
နက်ခရော့ဆိုတဲ့ မိစ္စာတစ်ကောင်က စောင့်ရှောက်သူအသစ်ခန့်အပ်လွှဲပြောင်းပွဲအပြီးမှာ လူသစ်လေးတွေဖြစ်တာကိုအခွင့်ကောင်းယူပြီး နေကိုခိုးဖို့ကြိုးစားပါတော့တယ်။
အရည်ပျော်လိုက် ခဲလိုက်ဖြစ်နေတဲ့ ဖယောင်းကောင်မလေးက ဘယ်လိုတွေကူညီပေးနိုင်မလဲ။
စောင့်ရှောက်သူတွေဖြစ်တဲ့ မူရ် နဲ့ ဆိုဟွန်းတို့ဘယ်လိုတွေကြိုးစားပြီး ကမ္ဘာကြီးကိုကယ်တင်ကြမလဲဆိုတာ
ရင်ခုန်စရာလေးတွေ ဟာသလေးတွေရောပြီးမိသားစုနဲ့တူတူကြည့်ဖို့ အသင့်တော်ဆုံးကားလေးတစ်ကားပဲဖြစ်လို့ အခုပဲဒေါင်းထားလိုက်ကြတော့နော်
Movie Link
https://t.me/rainbowmovie_channel/142