ThayNinGa Institute
2.3K subscribers
2.65K photos
174 videos
43 files
51 links
Official Channel of TISS
Download Telegram
Forwarded from Dr. Naing Swe Oo
နိုင်ငံတော်အဆင့်ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက် (The Day of National Mourning) သတ်မှတ်ကြေညာခြင်း

၂၀၂၅ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ မြန်မာစံတော်ချိန် ၁၂ နာရီ ၅၁ မိနစ်၊ ၀၂ စက္ကန့်တွင် ပြင်းအား ၇.၇ ရစ်(ခ်)တာစကေးရှိ အလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အသက် ဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများတွက် စာနာနားလည်မှုများနှင့်အတူ ထပ်တူခံစားလျက် နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်အဖြစ် ၃၁ - ၃-၂၀၂၅ ရက်မှ ၆ -၄ -၂၀၂၅ ရက်အထိ (၇)ရက်အား သတ်မှတ်ကြေညာလိုက်သည်။ ထိုရက်များအတွင်း နိုင်ငံတော်အလံအား တိုင်ဝက်လျှော့ချ၍ လွှင့်ထူကြရန်ဖြစ်ပါသည်။

မင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
နိုင်ငံတော်ဝန်ကြီးချုပ်
Forwarded from Dr. Naing Swe Oo
Media is too big
VIEW IN TELEGRAM
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများ၊ တပ်မတော်သားများနှင့် မိသားစုဝင်များအား သွားရောက်ကြည့်ရှုအားပေး
Forwarded from Dr. Naing Swe Oo
ဖိလစ်ပိုင်မှ မြန်မာသို့

မတ်လ ၃၁ ရက်က ထွက်ခွါလာသည့် ဖိလစ်ပိုင် ရှာဖွေကယ်ဆယ်ရေး အဖွဲ့တွင်
- အမှတ် (၅၀၅) ရှာဖွေကယ်ဆယ်ရေးအဖွဲ့ (505th Search and Rescue Group, SRG),
- လေတပ် လေကြောင်းဆေးကုသရေး အဖွဲ့များ (PAF Aeromedical Teams) နှင့်
- အမှတ် (၇၁၀) လေတပ် အထူးစစ်ဆင်ရေးအုပ်စု မှ လေကြောင်း လုံခြုံရေးအဖွဲ့များ (Aircraft Security Teams from the 710th Special Operations Wing, SPOW) ပါဝင်ပြီး ၎င်းတို့အား
အမှတ် (၂၂၀) လေကြောင်းသယ်ယူပို့ဆောင်ရေး အုပ်စု (220th Airlift Wing) မှ C-130 လေယာဉ်ဖြင့် သယ်ဆောင်လာခြင်း ဖြစ်သည်။
#NaingSweOo
News & Photos source: Philippines Air Force
Forwarded from Dr. Naing Swe Oo
မနေ့က တရုတ်ကအပြန် ယူနန်ပြည်နယ် ကူမင်းလေဆိပ်မှာ တရုတ် Tenacious Unstoppable Rescue (TUR) ကယ်ဆယ်ရေး အဖွဲ့ဝင်အချို့ကို တွေ့တာနဲ့ ဓာတ်ပုံ ရိုက်ယူထားမိပါတယ်။ အဲဒီအဖွဲ့က ကျွန်တော်နဲ့ လေယာဉ်တစ်စီးတည်းအတူ ရန်ကုန်ကို လိုက်ပါလာတာ တွေ့ရပါတယ်။
နိုင်ဆွေဦး
#NaingSweOo
[01042025]
Forwarded from Dr. Naing Swe Oo
Media is too big
VIEW IN TELEGRAM
နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ် ဦးညွှတ် ဂါရဝပြုလုပ်
ဧပြီ ၁ ရက်
Forwarded from Dr. Naing Swe Oo
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မြေငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးမှုစာရင်း။
Forwarded from Dr. Naing Swe Oo
Media is too big
VIEW IN TELEGRAM
ဧပြီ ၁ ရက်က ထပ်မံရောက်ရှိလာသည့် ရုရှား မြို့ပြကာကွယ်ရေး၊ အရေးပေါ်နှင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး ဝန်ကြီးဌာနမှ ကယ်ဆယ်ရေးအဖွဲ့များ

ထိုအဖွဲ့သည် ဧပြီလ ၂ ရက်တွင် နေပြည်တော်မှ မန္တလေးသို့ ထွက်ခွါသွားပြီ ဖြစ်သည်။ ယခုအခါ ရုရှား ကယ်ဆယ်ရေးအဖွဲ့ဝင် ၂၇၀ ခန့် မြန်မာနိုင်ငံတွင် ရောက်ရှိကာ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေကြသည်။
#NaingSweOo
Source: Russian Embassy in Myanmar
Forwarded from Dr. Naing Swe Oo
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် ထုတ်ပြန်ချက်

(မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက်)

၂၀၂၅ ခုနှစ် ၊ ဧပြီ ၂ ရက်

၁။ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိစေရန်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ပိုမို တိုးမြှင့်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ တပ်မတော်အနေဖြင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်မှစ၍ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် ထုတ်ပြန်ချက်ပေါင်း(၂၂)ကြိမ် ထုတ်ပြန်ခဲ့သည်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့ တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ကမ်းလှမ်းဖိတ်ခေါ်ခဲ့သည်။

၂။ လက်ရှိအချိန်တွင် မတ် ၂၈ ရက်နေ့တွင်ဖြစ်ပေါ်ခဲ့သည့် အင်အားအလွန် ပြင်းထန် သော မြေငလျင်နှင့် နောက်ဆက်တွဲငလျင်ငယ်များလှုပ်ရှားမှုကြောင့် ငလျင်ဒဏ်သင့် ဒေသများ၌ လမ်းတံတား၊ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရကာ ပြည်သူများ အသက် သေဆုံးခဲ့ရမှုများနှင့် ထိခိုက်ဒဏ်ရာ ရရှိမှုများဖြစ်ပေါ်ခဲ့ရသည်။ ထိုကဲ့သို့သော ထိခိုက် ပျက်စီးခဲ့ရမှုများနှင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများကြောင့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို နိုင်ငံတော်အနေဖြင့် အင်တိုက်အားတိုက် ဆက်လက် ဆောင်ရွက်လျက်ရှိသည်။

၃။ ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားနေရသော တစ်နိုင်ငံလုံးရှိ ပြည်သူလူထုအား စာနာ ထောက်ထားနားလည်သောအားဖြင့်လည်းကောင်း၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်လျက် လည်း ကောင်း တည်ငြိမ်အေးချမ်းမှုကို ရှေးရှုလျက် တပ်မတော်အနေဖြင့် ၂၀၂၅ ခုနှစ် ဧပြီ ၂ ရက်မှ ၂၂ ရက်အထိကာလကို ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ် ထုတ်ပြန် လိုက်သည်။

၄။ ယာယီပစ်ခတ်တိုက်ခိုက်မှု ထုတ်ပြန်ကြေညာထားသည့်ကာလအတွင်း တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များနှင့် အခြားလက်နက်ကိုင်အဖွဲ့များအနေဖြင့် အများပြည်သူ သွားလာအသုံးပြုလျက်ရှိသည့် ဆက်သွယ်ရေးလမ်းကြောင်းများအား နှောင့်ယှက်တိုက် ခိုက်ခြင်းနှင့် ထိခိုက်ပျက်စီးစေခြင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက် ပျက်စီးစေခြင်း၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံ ရေးတပ်ဖွဲ့ဝင်များ၏ တပ်စခန်းများအား တိုက်ခိုက်ခြင်း၊ တပ်ဌာနချုပ်များကိုနှောင့်ယှက် တိုက်ခိုက်ခြင်းများ၊ ငြိမ်းချမ်းရေးကို ထိခိုက်ပျက်စီးစေမည့် အင်အားစုဆောင်းခြင်း၊ ပြင် ဆင်စုဖွဲ့ခြင်း၊ နယ်မြေချဲ့ထွင်ခြင်းများကိုမပြုရန်နှင့် ထိုကဲ့သို့ ဆောင်ရွက်လာပါက တပ်မတော်အနေဖြင့် ပြည်သူလူထုအားကာကွယ်သောအားဖြင့် လိုအပ်သည့်အရေးယူ တုန့်ပြန်မှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး