Forwarded from Dr. Naing Swe Oo
စစ်ရေးပြတပ်ဖွဲ့မှူးများအား လိုက်လံနှုတ်ဆက်နေသော ရုရှား သမ္မတ ဗလာဒီမာ ပူတင်
#NaingSweOo
Photos by Dr. Naing Swe Oo
#NaingSweOo
Photos by Dr. Naing Swe Oo
Forwarded from Dr. Naing Swe Oo
ဗန်းမော်မြို့နယ်အတွင်း တပ်မတော်မှ ရဟတ်ယာဉ်တစ်စင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် စက်ချွတ်ယွင်း၍ ပျက်ကျမှုဖြစ်စဉ်ဖြစ်ပွား
နေပြည်တော် မေ ၂၀
ယနေ့ မွန်းလွဲပိုင်းတွင် တပ်မတော်မှ သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်များသည် ဗန်းမော်မြို့နယ်အတွင်းရှိ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးတာဝန်များ ထမ်းဆောင်နေသည့် တပ်မတော်ရှေ့တန်းလုံခြုံရေးစခန်းများရှိ တပ်ဖွဲ့ဝင်များအတွက် လိုအပ်သည့် အုပ်ချုပ်မှုဆိုင်ရာထောက်ပံ့ပစ္စည်းများ သွားရောက်ပို့ဆောင်ခဲ့ပြီး ပြန်လည်ထွက်ခွာလာစဉ် ရဟတ်ယာဉ်တစ်စင်းသည် ဗန်းမော်မြို့၏ အနောက်တောင်ဘက်မီတာ ၁၄၀၀၀ ခန့်အကွာသို့ ရောက်ရှိစဉ် ရုတ်တရက်စက်ချွတ်ယွင်းမှုဖြစ်ပွားကာ မတော်တဆပျက်ကျမှုဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
အဆိုပါရဟတ်ယာဉ်ပျက်ကျခဲ့မှုအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ရဟတ်ယာဉ်ပျက်ကျသည့် နေရာတစ်ဝိုက်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်ကာ ရှာဖွေကယ်ဆယ်ရေးနှင့် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်

အမေရိကန်ဒေါ်လာ ၁၇၅ ဘီလီယံ တန်ကြေးရှိ Golden Dome အလွှာစုံ ဒုံးပျံကာကွယ်ရေးစနစ် အစီအစဉ်ကို ထရမ့်က တရားဝင် ထုတ်ပြန်ကြေညာခြင်း
မေလ ၂၀ ရက်က အိမ်ဖြူတော် ဘဲဥပုံရုံးခန်းမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရမ့်က အမေရိကန်ဒေါ်လာ ၁၇၅ ဘီလီယံ တန်ကြေးရှိ Golden Dome အလွှာစုံ ဒုံးပျံကာကွယ်ရေးစနစ် အစီအစဉ်ကို တရားဝင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီစနစ် အကြောင်းကို ထရမ့်က သူ့မိန့်ခွန်းတွေထဲမှာ မကြာခဏ ထုတ်ဖော် ပြောကြားလေ့ရှိပါတယ်။
အစ္စရေးလုပ် Iron Dome စနစ်ရဲ့ တစ်စိတ်တစ်ပိုင်းကို ပုံတူ ရယူထားတဲ့ ဒီပရောဂျက်ဟာ ထရမ့်ရဲ့ သမ္မတသက်တမ်းမကုန်မီ စတင် အသုံးပြုနိုင်မှာ ဖြစ်ကြောင်း သိရှိရပါတယ်။ ဆိုလိုတာ လာမယ့် ၃ နှစ်တာ ကာလအတွင်း ဖြစ်ပါတယ်။
Golden Dome စီမံကိန်းကို ကြီးကြပ်ဖို့ အာကာသတပ်ဖွဲ့ မှ ဒုတိယ ဦးစီးချုပ် (Vice Chief of Space Operations) ဗိုလ်ချုပ်ကြီး Michael Guetlein ကို ခန့်အပ် တာဝန်ပေးခဲ့ပါတယ်။
ထရမ့်က အဲဒီစနစ်မှာ အာကာသအခြေပြု အာရုံခံကိရိယာများနဲ့ ကြားဖြတ်တိုက်ခိုက်ရေးစနစ်များအပါအဝင် ကုန်းမြေ၊ ရေပြင်နဲ့ အာကာသတစ်ဝှမ်းမှာ ဖြန့်ကြက်ထားမယ့် မျိုးဆက်သစ်နည်းပညာများ ပါဝင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ပစ်မှတ်ကို ထိရောက်မှု ၁၀၀ ရာခိုင်နှုန်းနီးပါးရှိမယ့် Golden Dome ဟာ Iron Dome ထက် အဆပေါင်းများစွာ ပိုမိုကြီးမားပါတယ်။ ကြီးမားကျယ်ပြန့်တဲ့ ရန်သူ့ခြိမ်းခြောက်မှု နည်းလမ်းပေါင်းစုံဖြစ်တဲ့ အသံလွန်ဒုံးပျံများ (Hypersonic Missile)၊ ဒုံးလိမ္မာများ (Cruise Missile) နဲ့ အာကာသအတွင်းမှ ဒုံးပျံထိပ်ဖူးများကို ပစ်လွှတ်တိုက်ခိုက်နိုင်တဲ့ Fractional Orbital Bombardment Systems (FOBS) များရဲ့ ရန်က ကာကွယ်ရန် ဒီဇိုင်းထုတ်ထားတယ်လို့ လေ့လာတွေ့ရှိရပါတယ်။
ဒီစီမံကိန်းအတွက် ကနဦးအဖြစ် ဒေါ်လာ ၂၅ ဘီလီယံကို ကွန်ဂရက်က ရေးဆွဲနေတဲ့ Big Beautiful Bill ဥပဒေကြမ်းတွင် ထည့်သွင်းမှာ ဖြစ်ကြောင်း ထရမ့် က ပြောကြားခဲ့ပါတယ်။
ကနေဒါအနေနဲ့ ဒီစနစ်ကို စိတ်ဝင်စားနေကြောင်းနဲ့ ဒီစနစ်ရဲ့ အကာအကွယ်ကို ရယူလိုတယ်ဆိုရင် တန်ရာတန်ကြေးပေးရမယ်လို့လဲ ထရမ့်က ဆိုပါတယ်။
သမ္မတရေဂင်က စစ်အေးတိုက်ပွဲကာလအတွင်း အလားတူအရာတစ်ခုကို တည်ဆောက်ချင်သော်လည်း အဲဒီကာလက နည်းပညာ မရှိကြောင်း၊ ယခုတော့ အမေရိကန်မှာ နည်းပညာရှိနေပြီ ဖြစ်ကြောင်း ထရမ့်က ပြောကြာသွားပါတယ်။ ထရမ့်ဆိုလိုတာက ၁၉၈၃ ခုနှစ်မှာ ရေဂင် အဆိုပြုခဲ့တဲ့ အာကာသအခြေစိုက် ဒုံးပျံကာကွယ်ရေးစနစ် Strategic Defense Initiative (SDI) သို့မဟုတ် Star Wars ကို ဆိုလိုတာ ဖြစ်ပါတယ်။
နိုင်ဆွေဦး
#NaingSweOo
[21052025]
Source: Trump unveils $175-billion plan for Golden Dome, says Canada will have to pay if they want to be covered, Times of India

Media is too big
VIEW IN TELEGRAM
BCM စီးပွားရေးစင်္ကြန်သည် မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံများပါ အကျိုးဖြစ်ထွန်းနိုင်ဟု ဒေါက်တာနိုင်ဆွေဦး ပြော
"မြန်မာနိုင်ငံက ပထဝီမဟာဗျူဟာအရ ကမ္ဘာ့အင်အားကြီးတဲ့နိုင်ငံတွေနဲ့ လူဦးရေများပြားတဲ့ နိုင်ငံတွေကြားမှာတည်ရှိ နေတာကြောင့် ပထဝီမဟာဗျူဟာတန်ဖိုး ပြောင်းလဲသွားဖို့လိုပါတယ်။ ဘင်္ဂလားဒေ့ရှ်-တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်ကနေ
မြန်မာနိုင်ငံ အပါအ၀င်အခြားအိမ်နီးချင်း နိုင်ငံတွေကပါ အကျိုးစီးပွားဖြစ်ထွန်းစေမယ်လို့ယုံကြည်ပါတယ်"
Dr. Naing Swe Oo
Senior Advisor
Myanmar Institute of Strategic and International Studies
Source: Popular News
"မြန်မာနိုင်ငံက ပထဝီမဟာဗျူဟာအရ ကမ္ဘာ့အင်အားကြီးတဲ့နိုင်ငံတွေနဲ့ လူဦးရေများပြားတဲ့ နိုင်ငံတွေကြားမှာတည်ရှိ နေတာကြောင့် ပထဝီမဟာဗျူဟာတန်ဖိုး ပြောင်းလဲသွားဖို့လိုပါတယ်။ ဘင်္ဂလားဒေ့ရှ်-တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်ကနေ
မြန်မာနိုင်ငံ အပါအ၀င်အခြားအိမ်နီးချင်း နိုင်ငံတွေကပါ အကျိုးစီးပွားဖြစ်ထွန်းစေမယ်လို့ယုံကြည်ပါတယ်"
Dr. Naing Swe Oo
Senior Advisor
Myanmar Institute of Strategic and International Studies
Source: Popular News
Forwarded from Dr. Naing Swe Oo
Media is too big
VIEW IN TELEGRAM
ကျွမ်းကျင်ပညာရှင်များ၏ အကြံဉာဏ်ကောင်းများသည် နိုင်ငံတော်မူဝါဒရေးဆွဲရာ အထောက်အကူပြုဟု ဒေါက်တာနိုင်ဆွေဦးပြော
"အခုလို Forum တွေမှာ ကျွန်တော်တို့တွေက သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေကို ဖိတ်ခေါ်ဆွေးနွေးပြီး ရလာတဲ့အကြံဉာဏ်ကောင်းတွေနဲ့ နိုင်ငံတော်ရဲ့ မူဝါဒတွေ ချမှတ်ရာမှာ၊ မဟာဗျူဟာရေးဆွဲရာမှာ အထောက်အကူပြုစေဖို့ ဒီလိုပွဲမျိုးတွေကို ပုံမှန်ပြုလုပ်သွားဖို့ရှိပါတယ်။ ပြည်သူလူထု၊ သက်ဆိုင်ရာအစိုးရနဲ့ ဝန်ကြီးဌာန၊ လုပ်ငန်းရှင်တွေရယ် အားလုံးထိတွေ့မှုရှိမှ မြေပြင်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေမှန်ကို သိရှိနားလည်ပြီး အထောက်အကူပြုစေမယ့် မူဝါဒတွေကို ချမှတ်နိုင်မှာပါ"
ဒေါက်တာနိုင်ဆွေဦး (မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့)

နေပြည်တော်ရှိ Park Royal Hotel တွင် ဇွန်လ ၁ ရက်က မြန်မာ-တရုတ် သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပသည့်
နှစ်နိုင်ငံ မီဒီယာဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးခဲ့ပါသည်။
ဒေါက်တာနိုင်ဆွေဦး
#NaingSweOo
Photos: Popular News