ThayNinGa Institute
1.94K subscribers
3.56K photos
197 videos
43 files
52 links
Official Channel of TISS
Download Telegram
👍12❤5
တရုတ်က Type 055 အတန်းအစား ဖျက်သင်္ဘောသစ်နှစ်စင်းကို ထုတ်ဖော်ပြသခြင်း

နိဒါန်း

တရုတ်နိုင်ငံပိုင် ရုပ်မြင်သံကြားလိုင်းတွင် Type 055 အတန်းအစား ဖျက်သင်္ဘောသစ်နှစ်စင်းဖြစ်သည့် Dongguan (၁၀၉) နှင့် Anqing (၁၁၀) တို့ကို ရေတပ်လေ့ကျင့်ခန်းတစ်ခုအတွင်း ပြသခဲ့ရာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရေတပ် (PLAN) တွင် ယင်းအတန်းအစား စစ်ရေယာဉ် စုစုပေါင်း ၁၀ စင်းအထိ ရှိလာပြီဖြစ်သည်။ အဆိုပါ စစ်ရေယာဉ် နှစ်စင်းကို အရှေ့ပိုင်းစစ်နယ်ဝှမ်း ကွပ်ကဲမှုဌာနချုပ်၏ ရေတပ်သို့ တာဝန်ပေးအပ်ထားခြင်းဖြစ်ပြီး၊ ယခုအခါ တရုတ်ရေတပ်၏ စစ်နယ်ဝှမ်းကွပ်ကဲမှုဌာနချုပ် သုံးခုစလုံးတွင် Type 055 ဖျက်သင်္ဘောများ တပ်စွဲထားရှိပြီး ဖြစ်သည်။

သမိုင်းကြောင်း

တရုတ်ရေတပ်သည် ၁၉၆၀ ပြည့်လွန်နှစ်များ နှောင်းပိုင်းကတည်းကပင် ဖျက်သင်္ဘောကြီးများကို စိတ်ဝင်စားခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် "055" ဟု ကုဒ်အမည်ပေးထားသော တီထွင်ရေးအစီအစဉ်တစ်ခု စတင်ခဲ့သော်လည်း စက်မှုလုပ်ငန်း တိုးတက်မှုနည်းပါးခြင်းကြောင့် ကြုံတွေ့ရသည့် နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများကြောင့် ၁၉၈၃ ခုနှစ်တွင် ဖျက်သိမ်းခဲ့ရသည်။ ဥပမာအားဖြင့် လိုအပ်သော ဂက်စ်တာဘိုင် အင်ဂျင်များကို ပြည်တွင်း၌ မထုတ်လုပ်နိုင်သလို၊ ပြည်ပမှလည်း သင့်တင့်သော ဈေးနှုန်းဖြင့် တင်သွင်းနိုင်ခြင်းမရှိခဲ့ပေ။

၂၀၁၄ ခုနှစ်၊ ဧပြီလတွင် ဝူဟန်ရှိ တရုတ်ရေတပ် အီလက်ထရွန်းနစ်စမ်းသပ်ရေးကွင်း၌ ရေဒါနှင့် အခြားအီလက်ထရွန်းနစ်ပစ္စည်းများအတွက် ပေါင်းစပ်ထားသော Mast တိုင်ပါဝင်သည့် Type 055 ၏ ပုံစံတူ အစစ်အမှန်အရွယ်အစားကို ပြသခဲ့သည်။ ဤအတန်းအစား၏ ပထမဆုံးစစ်ရေယာဉ်ဖြစ်သည့် Nanchang ကို ၂၀၁၄ ခုနှစ်တွင် ရှန်ဟိုင်းရှိ Jiangnan သင်္ဘောကျင်း၌ စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၂ ရက်တွင် တပ်တော်ဝင်ခဲ့သည်။ တပ်တော်ဝင်ခြင်းမပြုမီ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့တွင် ကျင်းပသည့် တရုတ်ရေတပ် (PLAN) ၏ နှစ် (၇၀) ပြည့် အထိမ်းအမှတ် စစ်ရေးပြပွဲတွင် လူသိရှင်ကြား ပထမဆုံးအကြိမ် ပြသခဲ့သည်။ စတင်မိတ်ဆက်ချိန်တွင် Nanchang သည် ဒုတိယကမ္ဘာစစ်အပြီး အရှေ့အာရှတွင် တည်ဆောက်ခဲ့သည့် အကြီးဆုံး စစ်ရေယာဉ်များထဲတွင် ပါဝင်သည်။

စစ်ရေယာဉ်အသစ်များ ထုတ်ဖော်ပြသခြင်း

ကိုယ်ထည်အမှတ် (Hull) ၁၀၉ Dongguan နှင့် ၁၁၀ Anqing ဟု ခေါ်ဆိုသည့် Type 055 အမျိုးအစား ဖျက်သင်္ဘောကြီးနှစ်စင်းသည် ရေတပ်လေ့ကျင့်ခန်းတစ်ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် တရားဝင် ပေါ်ထွက်လာခဲ့ပြီး၊ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရေတပ် (PLAN) ၏ တန်ချိန် ၁၀,၀၀၀ ရှိ စစ်ရေယာဉ်အုပ်စုကို ရှစ်စင်းမှ ဆယ်စင်းအထိ တိုးမြှင့်လိုက်ခြင်း ဖြစ်သည်။

အဆိုပါ စစ်ရေယာဉ်များသည် အခြားသော ရေတပ် ရေယာဉ်များနှင့်အတူ ပူးတွဲလေ့ကျင့်ခန်းများ ပြုလုပ်နေပုံကို CCTV ရုပ်မြင်သံကြားက ထုတ်လွှင့်သည့် Xinwen Lianbo သတင်းအစီအစဉ်တွင် ပြသခဲ့သည်။ ယခုထုတ်လွှင့်ချက်သည် အဆိုပါ ဖျက်သင်္ဘောနှစ်စင်းကို တရားဝင်မီဒီယာ သတင်းတစ်ခုတွင် ပထမဆုံးအကြိမ် ပြသခြင်းဖြစ်သည်။

တရုတ်စစ်ရေးလေ့လာသူများ၏ အဆိုအရ Type 055 ဖျက်သင်္ဘောသည် လက်ရှိတွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရေတပ်မှ အသုံးပြုနေသည့် အစွမ်းထက်ဆုံး ရေပြင်သွား စစ်ရေယာဉ်အမျိုးအစားများထဲတွင် ပါဝင်သည်။

CCTV ၏ သတင်းတွင် အဆိုပါ သင်္ဘောများသည် တိုက်ပွဲဝင်ရန် အသင့်ဖြစ်မှုနှင့် အခြားရေတပ် ယူနစ် စစ်ရေယာဉ်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှုကို စမ်းသပ်ရန် ရည်ရွယ်သည့် ပူးတွဲလေ့ကျင့်ခန်းများတွင် ပါဝင်နေပုံကို ပြသထားသည်။

"ဒါဟာ ဒီစစ်ရေယာဉ်သစ်နှစ်စင်းကို တရားဝင် သတင်းအစီရင်ခံချက်မှာ ပထမဆုံးအကြိမ် ဖော်ပြခြင်းဖြစ်သလို၊ တရုတ်ရဲ့ Type 055 တန်ချိန် ၁၀,၀၀၀ အဆင့် ဖျက်သင်္ဘောအရေအတွက် ရှစ်စင်းကနေ ၁၀ စင်းအထိ တိုးလာတာကို ပြသတာပဲဖြစ်ပါတယ်" ဟု ဖော်ပြထားသည်။

ဤဖျက်သင်္ဘောသစ်များ ထပ်မံရောက်ရှိလာခြင်းသည် လေယာဉ်တင်သင်္ဘောတိုက်ခိုက်ရေးအုပ်စုများနှင့်အတူ ပူးတွဲလုပ်ဆောင်နိုင်ပြီး ရေကြောင်းခရီးဝေး တာဝန်များကို ထမ်းဆောင်နိုင်သည့် တရုတ်နိုင်ငံ၏ ကြီးမားသော ရေပြင်သွား စစ်ရေယာဉ်အုပ်စုကို ပိုမိုအားကောင်းလာစေသည်။

တရုတ်နိုင်ငံပိုင် မီဒီယာများ၏ ယခင်အစီရင်ခံစာများအရ၊ တာဝန်ထမ်းဆောင်နေပြီးဖြစ်သည့် Type 055 ဖျက်သင်္ဘော ရှစ်စင်းမှာ ကိုယ်ထည်အမှတ် ၁၀၁ Nanchang ၊ ၁၀၂ Lhasa ၊ ၁၀၃ Anshan ၊ ၁၀၄ Wuxi ၊ ၁၀၅ Dalian ၊ ၁၀၆ Yan’an၊ ၁၀၇ Zunyi နှင့် ၁၀၈ Xianyang တို့ ဖြစ်ကြသည်။

အဆိုပါ ရေယာဉ်များကို လက်ရှိတွင် တရုတ်ရေတပ်၏ အဓိကစစ်ဆင်ရေး ကွပ်ကဲဌာနချုပ် နှစ်ခုဖြစ်သည့် မြောက်ပိုင်းစစ်နယ်ဝှမ်းကွပ်ကဲမှုဌာနချုပ်၏ ရေတပ်နှင့် တောင်ပိုင်းနယ်ဝှမ်းကွပ်ကဲမှုဌာနချုပ်၏ ရေတပ်တို့တွင် တပ်စွဲထားရှိသည်။

တရုတ်မီဒီယာအစီရင်ခံစာများအရ အသစ်ထုတ်ဖော်ပြသလိုက်သည့် Dongguan (၁၀၉) နှင့် Anqing (၁၁၀) ဖျက်သင်္ဘောများကို အရှေ့ပိုင်းစစ်နယ်ဝှမ်းကွပ်ကဲမှုဌာနချုပ် ရေတပ်သို့ တာဝန်ပေးအပ်ထားကြောင်း သိရသည်။
👍6❤5
သင်္ဘောသစ်နှစ်စင်းကို တပ်စွဲလိုက်ခြင်းဖြင့် PLA ရေတပ်၏ အဓိက စစ်နယ်ဝှမ်းကွပ်ကဲမှုဌာနချုပ် သုံးခုစလုံးတွင် Type 055 အတန်းအစား ဖျက်သင်္ဘောများကို အသုံးပြုနေပြီဖြစ်ပြီး၊ ၎င်းသည် တရုတ်ရေတပ်ဖွဲ့စည်းပုံအတွင်း ယင်းသင်္ဘောအတန်းအစားများ ပိုမိုကျယ်ပြန့်စွာ တပ်ဖြန့်ထားရှိမှုကို ထင်ဟပ်နေသည်။

စစ်ရေယာဉ်ဆိုင်ရာ အချက်အလက်များ

Type 055 ၏ ကိုယ်ထည်အား ရေဒါပေါ်တွင် ပေါ်နိုင်ခြေ (Radar Cross-section) ကို လျှော့ချပေးနိုင်သည့် ရေဒါပျောက် (Stealth) နည်းပညာဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။ ၎င်းသည် ယခင် Type 052C/D ဖျက်သင်္ဘောများနှင့် ဒီဇိုင်းဆင်တူသည်။ တရုတ်တို့၏ အဆိုအရ ဤဒီဇိုင်းသည် ရေဒါ၊ ဆူညံသံ၊ အနီအောက်ရောင်ခြည်နှင့် လျှပ်စစ်သံလိုက် ရောင်ခြည်ဖြာထွက်မှုတို့ကို လျှော့ချပေးနိုင်သည့် အဆင့်မြင့် Stealth ဒီဇိုင်းဖြစ်သည်ဟု ဆိုသည်။

စွမ်းအင်စနစ်

သင်္ဘော၏ စွမ်းအင်ကို ၂၈ မဂ္ဂါဝပ် (MW) ရှိသော QC-280 ဂက်စ်တာဘိုင် လေးလုံးဖြင့် မောင်းနှင်သည်။ ထပ်ဆောင်းစွမ်းအင်အတွက် ၅ မဂ္ဂါဝပ် (MW) ရှိသော QD-50 ဂက်စ်တာဘိုင် ခြောက်လုံးကို အသုံးပြုနိုင်သည်။ အမြင့်ဆုံးအမြန်နှုန်းမှာ တစ်နာရီလျှင် ရေမိုင် ၃၀ (knots) ခန့် ရှိသည်ဟု ခန့်မှန်းရသည်။

အီလက်ထရွန်းနစ်စနစ်

Type 055 ၏ တိုက်ပွဲစီမံခန့်ခွဲမှုစနစ်သည် လေယာဉ်တင်သင်္ဘောတိုက်ခိုက်ရေးအုပ်စုများနှင့် ပေါင်းစပ်ဆောင်ရွက်နိုင်ရန် ဒီဇိုင်းထုတ်ထားသည်။ ပေါင်းစပ်ထားသော တိုင်တွင် X-band ရေဒါများ တပ်ဆင်ထားနိုင်သည်။ သင်္ဘော ကိုယ်ထည်တွင် Type 346B အမျိုးအစား AESA ရေဒါပြား လေးခုကို တပ်ဆင်ထားနိုင်သည်။ ယခင် Type 346 သည် S နှင့် C band ရေဒါဖြစ်သော်လည်း Type 346B တွင် X-band ရေဒါ ပါဝင်ပြီးဖြစ်သည့်အတွက် S-band သီးသန့် ဖြစ်နိုင်ချေရှိသည်။

လက်နက်တပ်ဆင်မှု

အဓိက လက်နက်မှာ ဒုံးပျံ ၁၁၂ ခု တင်ဆောင်နိုင်သည့် ဒေါင်လိုက်ပစ်လွှတ်စနစ် (VLS) ဖြစ်ပြီး ရှေ့တွင် ၆၄ ခုနှင့် နောက်တွင် ၄၈ ခု ပါဝင်သည်။ Type 055 သည် တပ်တော်ဝင်ပြီးနောက် HHQ-9 လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်များ၊ YJ-18 သင်္ဘောဖျက်ဒုံးကျည်များ၊ CJ-10 ကုန်းမြေတိုက်ခိုက်ရေးဒုံးကျည်များနှင့် ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ဒုံးပျံများကို တင်ဆောင်နိုင်မည် ဖြစ်သည်။

အနာဂတ် တိုးတက်မှုများ

အနာဂတ်မျိုးကွဲများတွင် လေဆာလက်နက်များ သို့မဟုတ် လျှပ်စစ်သံလိုက် အမြောက်များ (Railguns) တပ်ဆင်လာနိုင်ခြေရှိသည်။ လက်ရှိဒီဇိုင်းတွင် လျှပ်စစ်မောင်းနှင်စနစ် (Integrated Electric Propulsion) မပါဝင်သေးသောကြောင့် အနာဂတ်တွင် စွမ်းအင်လိုအပ်ချက်များအတွက် လျှပ်စစ်မောင်းနှင်စနစ် ထည့်သွင်းရန် လိုအပ်မည် ဖြစ်သည်။ VLS စနစ်ကြောင့် နောင်တွင် ဒုံးကျည်ကာကွယ်ရေး (ABM) ဒုံးကျည်များကိုလည်း သယ်ဆောင်လာနိုင်မည်ဖြစ်သည်။

နိဂုံး

Type 055 ဖျက်သင်္ဘောသည် လက်ရှိ တရုတ်ရေတပ်တွင် အသုံးပြုနေသည့် အကြီးဆုံး ရေပြင်သွား စစ်ရေယာဉ်အမျိုးအစားဖြစ်သည်။ တန်ချိန် ၁၀,၀၀၀ ခန့်ရှိသည့် ဤသင်္ဘောများကို လေကြောင်းရန်ကာကွယ်ရေး၊ ရေပြင်စစ်ဆင်ရေးနှင့် မြေပြင် တိုက်ခိုက်ရေးစသည့် ဘက်စုံသုံး ပလက်ဖောင်းများအဖြစ် ဒီဇိုင်းထုတ်ထားသည်။ Type 055 ကဲ့သို့သော ကြီးမားသည့် ဖျက်သင်္ဘောများကို လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်များ၊ သင်္ဘောဖျက် ဒုံးကျည်များနှင့် ကုန်းမြေတိုက်ခိုက်ရေး လက်နက်များအပါအဝင် ဒုံးကျည်အမျိုးမျိုးကို သယ်ဆောင်ပစ်ခတ်နိုင်သည့် ဒေါင်လိုက်ပစ်လွှတ်စနစ် (Vertical Launch Systems) များဖြင့် တပ်ဆင်ထားသည်။ ဤအတန်းအစား စစ်ရေယာဉ်များသည် လေယာဉ်တင်သင်္ဘောများနှင့်အတူ လိုက်ပါဆောင်ရွက်ရန် ဒီဇိုင်းထုတ်ထားပြီး၊ လေကြောင်းရန်ကာကွယ်ရေးနှင့် လေယာဉ်တင်သင်္ဘောအုပ်စုအတွက် အင်အားဖြည့် တိုက်ခိုက်နိုင်စွမ်းကို ပေးစွမ်းနိုင်သည်။ Type 055 ကို ရေကြောင်းရေးရာ လေ့လာသူများက အခြားသော အဓိက ရေတပ်အင်အားကြီးနိုင်ငံများမှ အသုံးပြုသည့် ကြီးမားသော ဒုံးပျံတင်ဖျက်သင်္ဘောများနှင့် ခရူဇာသင်္ဘောများနှင့် နှိုင်းယှဉ်လေ့ရှိကြသည်။
ဒေါက်တာနိုင်ဆွေဦး
#NaingSweOo
[10032026]

ကိုးကား
- China reveals two new Type 055 super destroyers, Daisuke Sato, The Defense Blog, March 9, 2026
- Type 055 Class Chinese Guided Missile Destroyer, Operational Environmental Data Integration Network (ODIN), March 9, 2026
👍9❤3
👍13❤6
(မြန်မာ့ရေးရာ အမှတ် (၃၄) ဇန်နဝါရီ ၂၀၂၆ တွင် ဖော်ပြပါရှိသော မျက်နှာဖုံးဆောင်းပါး ဖြစ်ပါသည်။)
ရွေးကောက်ပွဲအလွန် မြန်မာနိုင်ငံက ကျင့်သုံးဆောင်ရွက်သင့်သည့် နိုင်ငံတော် တည်ဆောက်ရေး မဟာဗျူဟာများ ဖော်ထုတ်ခြင်း

၁။        နိဒါန်း
အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲမှုမရှိပဲ၊ ပရမ်းပတာဖြစ်နေပြီး လိုက်နာရန်လည်း ဉပဒေနှင့် စည်းမျဉ်းစည်းကမ်းများ မရှိသည့် ကမ္ဘာတစ်ခုကို စိတ်ကူးကြည့်ပါ။ ကြောက်မက်ဖွယ်ရာ အိပ်မက်ဆိုးတစ်ခုကို မက်မြင်နေရဟု ထင်ရပါမည်။ လက်တွေ့တွင်၊ ဤပရမ်းပတာအခြေအနေသည် နိုင်ငံတော်တည်ဆောက်ရေး (State Building) ၏ အရေးပါပုံကို အလေးပေးဖော်ပြနေပါသည်။ ရှေးဟောင်းအင်ပါယာများမှသည် ခေတ်သစ် ဒီမိုကရေစီနိုင်ငံများအထိ၊ နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းစဉ်သည် လူ့အဖွဲ့အစည်းများတွင် စနစ်တကျရှိမှုနှင့် တည်ငြိမ်အေးချမ်းမှုကို ဖန်တီးရန်အတွက် မရှိမဖြစ် လိုအပ်ပါသည်။ ဤဆောင်ပါးတွင် နိုင်ငံတော်တည်ဆောက်ရေး၏ ရှုပ်ထွေးနက်နဲသော လုပ်ငန်းစဉ်၊ ၎င်း၏ အဓိကအစိတ်အပိုင်းများ၊ သမိုင်းဝင်ဥပမာများနှင့် အချုပ်အခြာ အာဏာကို စုစည်းခိုင်မာအောင်လုပ်ဆောင်ခြင်း၊ လူ့အဖွဲ့အစည်းကို ပေါင်းစည်းရာတွင် နိုင်ငံများ ရင်ဆိုင်ရသည့် စိန်ခေါ်မှုများနှင့် ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံက ကျင့်သုံးဆောင်ရွက်သင့်သည့် မဟာဗျူဟာများကို ဖော်ထုတ် လေ့လာသွားပါမည်။

၂။        နိုင်ငံတော်တည်ဆောက်ရေး၏ အနှစ်သာရ
နိုင်ငံတော်တည်ဆောက်ရေး (State Building) ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံကို တည်ဆောက်ခြင်း သို့မဟုတ် ပုံစံချခြင်း လုပ်ငန်းစဉ်ဖြစ်ပြီး၊ ယင်းတွင် အဖွဲ့အစည်းများ (Institutions) ဖွံ့ဖြိုးတိုးတက်စေခြင်း၊ အချုပ်အခြား အာဏာတည်ဆောက်ခြင်း၊ တရားဝင်မှုကို ရရှိစေခြင်းနှင့် အုပ်ချုပ်မှုအပေါ် လူ့အဖွဲ့အစည်း၏ ကျေနပ်မှုကို ရရှိစေခြင်းတို့ ပါဝင်သည်။ ၎င်းသည် ဘက်ပေါင်းစုံမှ လုပ်ဆောင်ရသော ကြိုးပမ်းမှုဖြစ်ပြီး အောက်ပါတို့ ပါဝင်သည်-
-       ဖွဲ့စည်းပုံများနှင့် အဖွဲ့အစည်းများ ဖန်တီးခြင်း။ ဤဖွဲ့စည်းပုံများသည် လူ့အဖွဲ့အစည်း၏ အပြုအမူကို စည်းမျဉ်းသတ်မှတ်ပြီး နိုင်ငံတော်၏ ထမ်းဆောင်ရမည့် လုပ်ငန်းဆောင်တာများအတွက် လိုအပ်သောအရင်းအမြစ်များကို ရယူ အသုံးပြုသည်။
-       အချုပ်အခြာအာဏာတည်ဆောက်ခြင်း။ နယ်နိမိတ် သတ်မှတ်ထားသည့် နယ်မြေတစ်ခုနှင့် ၎င်း၏လူဦးရေအပေါ် ထိန်းချုပ်မှုကို ရယူခြင်း ပါဝင်သည်။
-       တရားဝင်မှု ရရှိစေခြင်း။ နိုင်ငံတော်ကို ၎င်း၏နိုင်ငံသားများက တရားဝင်အာဏာပိုင်အဖြစ် အသိအမှတ်ပြုခြင်းခံရရမည်။
-       လူထုကျေနပ်မှုကို အာမခံခြင်း။ နိုင်ငံသားများသည် နိုင်ငံတော်က ၎င်းတို့၏ အကျိုးစီးပွားကို အမှန်တကယ် ဆောင်ရွက်ပေးနေပြီး လိုအပ်သော ဝန်ဆောင်မှုများကို ပေးနေသည်ဟု ခံစားစေရမည်။

၃။        နိုင်ငံတော်တည်ဆောက်ရေး၏ သမိုင်းဝင်ဥပမာများ
သမိုင်းတစ်လျှောက်တွင်၊ အမျိုးမျိုးသော အင်ပါယာများနှင့် နိုင်ငံများသည် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းစဉ်ကို လုပ်ဆောင်ခဲ့ကြပြီး၊ တစ်ခုချင်းစီတွင် ထူးခြားသော စိန်ခေါ်မှုများနှင့် အကောင်အထည်ဖော်ဆောင်သည့် နည်းလမ်းများရှိခဲ့သည်။ ထင်ရှားသော ဥပမာအချို့ကို အနီးကပ် လေ့လာကြည့်ကြပါမည်-

(က)     မောရိယအင်ပါယာ (The Maurya Empire)
ရှေးခေတ်အိန္ဒိယတွင်၊ မောရိယအင်ပါယာ (ဘီစီ ၃၂၂-၁၈၅) သည် အောင်မြင်သော နိုင်ငံတော်တည်ဆောက်ရေး၏ ထင်ရှားသော ဥပမာတစ်ခု ဖြစ်သည်။ စန္ဒြဂုပ္တမောရိယနှင့် ၎င်း၏အရိုက်အရာကို ဆက်ခံသူများ၏ ခေါင်းဆောင်မှုအောက်တွင်၊ အင်ပါယာသည် ဗဟိုချုပ်ကိုင်မှုရှိသော အစိုးရ၊ ကြီးမားသော ထောက်လှမ်းရေး သူလျှိုကွန်ရက်နှင့် ထိရောက်သော အုပ်ချုပ်ရေးစနစ်ကို ထူထောင်ခဲ့သည်။ မောရိယဘုရင်များသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ခရီးသွားလာရန် လမ်းများ တည်ဆောက်မှုနှင့် ကုန်သွယ်မှုတို့ကိုလည်း မြှင့်တင်ခဲ့သည်။ ဤဗဟိုချုပ်ကိုင်မှုရှိသော အာဏာနှင့် ထိရောက်သော အုပ်ချုပ်ရေးသည် မောရိယအင်ပါယာအား ကျယ်ပြန့်သော နယ်မြေနှင့် မတူကွဲပြားသော လူဦးရေအပေါ် ထိန်းချုပ်မှု ထိန်းသိမ်းရန် ကူညီပေးခဲ့သည်။

(ခ)       ရောမအင်ပါယာ (The Roman Empire)
ရောမအင်ပါယာ (ဘီစီ ၂၇-အေဒီ ၄၇၆) သည်လည်း နိုင်ငံတော်တည်ဆောက်ရေး၏ အခြားသော ဂန္ထဝင်ဥပမာတစ်ခု ဖြစ်သည်။ ရောမလူမျိုးများသည် ခေတ်မီဆန်းပြားသော ဥပဒေစနစ်၊ စနစ်တကျဖွဲ့စည်း ‌လေ့ကျင့် တည်ထောင်ထားသည့် တပ်မတော်၊ ကျယ်ပြန့်သော လမ်းမကြီးများနှင့် အခြေခံအဆောက်အအုံကွန်ရက်ကို တည်ထောင်ခဲ့ကြသည်။ ၎င်းတို့သည် ရောမနိုင်ငံသားဖြစ်ခွင့် ပေးအပ်ခြင်းနှင့် ဒေသခံအထက်တန်းလွှာများကို အင်ပါယာအုပ်ချုပ်ရေးတွင် ပေါင်းစည်းခြင်းဖြင့် သိမ်းပိုက်နယ်မြေများကို စုစည်းကာ အင်ပါယာနိုင်ငံတော်ကြီးကို တည်ထောင်ခဲ့ကြသည်။ ဤဥပဒေရေးရာ၊ စစ်ရေးနှင့် အခြေခံအဆောက်အအုံဆိုင်ရာ ခွန်အား သုံးရပ်ပေါင်းစပ်မှုက ရောမအင်ပါယာအား ရာစုနှစ်များစွာကြာအောင် ကျယ်ပြန့်၍ မတူကွဲပြားသော နယ်မြေကြီးတစ်ခုအဖြစ် ထိန်းချုပ်ထားနိုင်ခဲ့သည်။

(ဂ)       ခေတ်သစ် နိုင်ငံတော်တည်ဆောက်ရေးနှင့် အိန္ဒိယ
👍4❤1
၁၉၄၇ ခုနှစ်တွင် လွတ်လပ်ရေးရပြီးနောက်ပိုင်း အိန္ဒိယသည် မတူကွဲပြားသော ဘာသာစကား၊ ဘာသာရေးနှင့် တိုင်းရင်းသားလူမျိုးအုပ်စုများကို ပေါင်းစည်းခြင်းအပါအဝင် နိုင်ငံတော်တည်ဆောက်ရေးတွင် စိန်ခေါ်မှုများစွာကို ရင်ဆိုင်ခဲ့ရသည်။ အိန္ဒိယအစိုးရသည် ဒီမိုကရေစီမူဘောင်ကို လက်ခံကျင့်သုံးခဲ့ပြီး၊ ခိုင်မာသော ဥပဒေစနစ်ကို ထူထောင်ခဲ့ကာ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ခဲ့သည်။ ရွေးကောက်ပွဲကော်မရှင်၊ စီမံကိန်းကော်မရှင်နှင့် အမျိုးမျိုးသော ပြည်သူပိုင်လုပ်ငန်းများကဲ့သို့သော အဖွဲ့အစည်းများ ဖန်တီးခြင်းသည် နိုင်ငံတော်အာဏာကို စုစည်းခိုင်မာအောင် လုပ်ဆောင်ရာတွင်နှင့် လူ့အဖွဲ့အစည်းကို ပေါင်းစည်းရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ မျက်မှောက်ခေတ်တွင် စိန်ခေါ်မှုများ ကြုံတွေနေရဆဲ ဖြစ်သော်လည်း၊ အိန္ဒိယ၏ နိုင်ငံတော်တည်ဆောက်ရေး ကြိုးပမ်းမှုများသည် မတူကွဲပြားပြီး လူဦးရေများပြားသော နိုင်ငံတစ်ဝှမ်းတွင် စည်းလုံးညီညွတ်မှုနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းရာတွင် များစွာ အောင်မြင်ခဲ့သည်။

၄။        နိုင်ငံတော်တည်ဆောက်ရေး၏ အဓိကအစိတ်အပိုင်းများ
ဖွံ့ဖြိုးဆဲနိုင်ငံများတွင် မှီတင်းနေထိုင်သည် ပြည်သူလူထုအနေဖြင့် ကောင်းမွန်စွာ အလုပ်ဖြစ်ထွန်းသော နိုင်ငံများ (Well-Functioning States) လိုအပ်သည်ဟု ကျယ်ပြန့်စွာ ယုံကြည်ကြသည်။ ကောင်းမွန်စွာလည်ပတ်လုပ်ကိုင်နေသော နိုင်ငံများကသာလျှင် ၎င်းတို့ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးတိုးတက်ရေး ပန်းတိုင်များ (Sustainable Development Goals) ကဲ့သို့သော ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များကို အောင်မြင်စေနိုင်သည်။ ထို့ကြောင့် ဖွံ့ဖြိုးရေးအေဂျင်စီများနှင့် နိုင်ငံတကာအဖွဲ့အစည်းများသည် ယခုအခါ နိုင်ငံတော်တည်ဆောက်ရေး (State-Building) ကို အဓိကထား အာရုံစိုက်နေကြသည်ဖြစ်ရာ ဤသည်မှာ နိုင်ငံတော်၏ စွမ်းဆောင်ရည်၊ အဖွဲ့အစည်းများနှင့် တရားဝင်မှုတို့ကို မြှင့်တင်ရန် ဖြစ်သည်။
နိုင်ငံတော်တည်ဆောက်ရေးတွင် တည်ငြိမ်ပြီး လုပ်ငန်းဆောင်တာများ လုပ်နိုင်သည့် နိုင်ငံတစ်နိုင်ငံကို ဖန်တီးရန်အတွက် အတူတကွ လုပ်ဆောင်သော အဓိက အစိတ်အပိုင်းများစွာ ပါဝင်သည်။ ဤအစိတ်အပိုင်းများတွင် အောက်ပါတို့ ပါဝင်သည်-

(က)     အချုပ်အခြာအာဏာတည်ဆောက်ခြင်း
နိုင်ငံတော်တည်ဆောက်ရေး၏ အဓိကရည်မှန်းချက်များထဲမှ တစ်ခုမှာ နယ်မြေတစ်ခုနှင့် ၎င်း၏လူဦးရေအပေါ် အချုပ်အခြာအာဏာတည်ဆောက်ရန် ဖြစ်သည်။ ၎င်းတွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့များကို အသုံးပြုခြင်းများကဲ့သို့သော နည်းလမ်းများ အသုံးပြုကာ ထိန်းချုပ်မှု ရယူခြင်းနှင့် နိုင်ငံတော်၏ ဥပဒေများနှင့် မူဝါဒများကို ထိရောက်စွာအကောင်အထည်ဖော်ခြင်းတို့ ပါဝင်သည်။ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို တည်ဆောက်ရာတွင် ဒေသတွင်း စစ်ဘုရင်များ သို့မဟုတ် နိုင်ငံတော်မှ ခွဲထွက်ရေး လှုပ်ရှားမှုများကဲ့သို့သော ပြိုင်ဘက်အာဏာစင်တာများကို နိုင်ငံတော်က နှိမ်နင်းချေမှုန်းပစ်ရန် လိုအပ်လေ့ရှိသည်။
 
(ခ)       တရားဝင်မှု ရရှိစေခြင်း
နိုင်ငံတစ်နိုင်ငံ၏ လုပ်ငန်းများ ထိရောက်စွာဖြင့် လည်ပတ်နိုင်ရန်အတွက် နိုင်ငံတော်အစိုးရကို ၎င်း၏နိုင်ငံသားများက တရားဝင်အာဏာပိုင်အဖြစ် မှတ်ယူထားရမည်။ တရားဝင်မှုကို သမိုင်းဝင်အစဉ်အလာ၊ မှန်ကန် ထက်မြက်သော ခေါင်းဆောင်မှု သို့မဟုတ် ဒီမိုကရေစီ လုပ်ငန်းစဉ်များကဲ့သို့သော အရင်းအမြစ်မျိုးစုံမှ ရရှိနိုင်သည်။ ဒီမိုကရေစီနိုင်ငံများတွင်၊ တရားဝင်မှုကို လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများ၊ ဥပဒေ၏ အုပ်ချုပ်မှုနှင့် လူတစ်ဦးချင်း၏ အခွင့်အရေးများကို ကာကွယ်ခြင်းတို့မှတစ်ဆင့် ရရှိလေ့ရှိသည်။ ဒီမိုကရေစီမဟုတ်သော နိုင်ငံများတွင်၊ တရားဝင်မှုသည် ကွန်မြူနစ်ဝါဒ သို့မဟုတ် အမျိုးသားရေးဝါဒကဲ့သို့သော အယူဝါဒဆိုင်ရာ နိယာမများအပေါ် အခြေခံနိုင်သည်၊ သို့မဟုတ် ဆွဲဆောင်မှုရှိသော ခေါင်းဆောင်တစ်ဦး၏ ကိုယ်ပိုင်အာဏာအပေါ်တွင်လည်း အခြေခံနိုင်သည်။

(ဂ)       အဖွဲ့အစည်းများ တည်ဆောက်ခြင်း
ထိရောက်သော နိုင်ငံတော်တည်ဆောက်ရေးသည် လူ့အဖွဲ့အစည်း၏ အပြုအမူကို စည်းမျဉ်းသတ်မှတ်နိုင်ပြီး အရင်းအမြစ်များ ရယူနိုင်သည့် အဖွဲ့အစည်းများ (Institutions) ဖန်တီးရန် လိုအပ်သည်။ ဤအဖွဲ့အစည်းများတွင် အောက်ပါတို့ ပါဝင်သည်-
နိုင်ငံရေးအဖွဲ့အစည်းများ။        ၎င်းတို့တွင် အစိုးရ၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်များအပြင် နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲစနစ်များ ပါဝင်သည်။

စီးပွားရေးအဖွဲ့အစည်းများ။     ၎င်းတို့တွင် ဘဏ္ဍာရေးဆိုင်ရာအဖွဲ့အစည်းများ၊ စည်းမျဉ်း၊ စည်းကမ်း သတ်မှတ်ရေး အေဂျင်စီများ၊ အရင်းအမြစ်ခွဲဝေမှုနှင့် ဖြန့်ဝေရေးဆိုင်ရာ ယန္တရားများ ပါဝင်သည်။

လူမှုရေးအဖွဲ့အစည်းများ။ ၎င်းတို့တွင် ပညာရေးစနစ်များ၊ ကျန်းမာရေးစောင့်ရှောက်မှု စနစ်များနှင့် လူမှုဖူလုံရေး အစီအစဉ်များ ပါဝင်သည်။
ခိုင်မာသော အဖွဲ့အစည်းများ တည်ဆောက်နိုင်ခြင်းသည် နိုင်ငံတော်အတွင်း စနစ်တကျရှိမှုကို ထိန်းသိမ်းရန်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်နှင့် လူမှုစည်းလုံးညီညွတ်မှုကို အာမခံရန်တို့အတွက် မရှိမဖြစ်လိုအပ်ပါသည်။
👍5
(ဃ)     လူထုကျေနပ်မှုကို အာမခံခြင်း
နိုင်ငံတော်တည်ဆောက်ရေး၏ အဓိကရှုထောင့်တစ်ခုမှာ နိုင်ငံသားများက ၎င်းတို့၏အစိုးရ၏ လုပ်ဆောင်မှုအပေါ် ကျေနပ်မှုရှိစေရန် အာမခံခြင်း ဖြစ်သည်။ ၎င်းတွင် ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြေခံအဆောက်အအုံကဲ့သို့သော မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများ ပေးအပ်ခြင်းနှင့် နိုင်ငံသားများ၏ လိုအပ်ချက်များနှင့် စိုးရိမ်ပူပန်မှုများကို ဖြေရှင်းပေးခြင်းတို့ ပါဝင်သည်။ လူထုကျေနပ်မှုကို ထိရောက်သော အုပ်ချုပ်မှု၊ ပွင့်လင်းမြင်သာမှုနှင့် လူထု၏ တောင်းဆိုမှုများကို တုံ့ပြန်မှုတို့မှတစ်ဆင့် ရရှိနိုင်သည်။ နိုင်ငံသားများက ၎င်းတို့၏အစိုးရသည် ၎င်းတို့၏ အကျိုးစီးပွားအတွက် လုပ်ဆောင်နေသည်ဟု ခံစားရသောအခါ၊ ၎င်းတို့သည် နိုင်ငံကို ပိုမိုထောက်ခံပြီး ၎င်း၏ ဥပဒေများနှင့် မူဝါဒများကို လိုက်နာရန် ပိုမိုဖြစ်နိုင်ချေရှိပါသည်။

(၅)       နိုင်ငံတော်တည်ဆောက်ရေးတွင် စိန်ခေါ်မှုများ
နိုင်ငံတော်တည်ဆောက်ရေးသည် ရှုပ်ထွေးပြီး မကြာခဏဆိုသလို စိန်ခေါ်မှုများ ရှိသည့် လုပ်ငန်းစဉ်ဖြစ်သည်။ အဓိက စိန်ခေါ်မှုအချို့မှာ အောက်ပါအတိုင်း ဖြစ်သည်-

(က)     တိုင်းရင်းသားနှင့် ဘာသာရေး ကွဲပြားမှု
နိုင်ငံများစွာတွင်၊ တိုင်းရင်းသားလူမျိုးစုများနှင့် ဘာသာရေးဆိုင်ရာ ကွဲပြား ခြားနားမှုများသည် နိုင်ငံတော်တည်ဆောက်ရေးအတွက် သိသာထင်ရှားသော စိန်ခေါ်မှုများကို ဖြစ်ပေါ်စေနိုင်သည်။ မတူကွဲပြားသော လူ့အဖွဲ့အစည်းများတွင် ယှဉ်ပြိုင်နေသော အကျိုးစီးပွားများနှင့် ကိုယ်ပိုင်လက္ခဏာများ ရှိတတ်သောကြောင့် အမျိုးသားစည်းလုံးညီညွတ်မှုနှင့် လူမှုစည်းလုံးညီညွတ်မှုကို ရရှိရန် ခက်ခဲစေသည်။ ထိုသို့သောအခြေအနေများတွင်၊ နိုင်ငံတော်တည်ဆောက်သူများသည် ဘုံအမျိုးသားရေးလက္ခဏာကို မြှင့်တင်ရင်း ကွဲပြားမှုကို လိုက်လျောညီထွေဖြစ်အောင် နည်းလမ်းများ ရှာဖွေရမည် ဖြစ်သည်။ ၎င်းတွင် ဗဟိုချုပ်ကိုင်မှု လျှော့ချရေး၊ အာဏာခွဲဝေရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အသိအမှတ်ပြုရေး မူဝါဒများ အကောင်အထည်ဖော်ခြင်း ပါဝင်နိုင်သည်။

(ခ)       စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံတော်တည်ဆောက်ရေး၏ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး၊ ၎င်းသည် အဖွဲ့အစည်းများတည်ဆောက်ရန်နှင့် လူထုကျေနပ်မှုကို အာမခံရန် လိုအပ်သော အရင်းအမြစ်များကို ထောက်ပံ့ပေးသောကြောင့် ဖြစ်သည်။ သို့သော်၊ အထူးသဖြင့် အရင်းအမြစ်အကန့်အသတ်ရှိသော၊ အခြေခံအဆောက်အအုံ အားနည်းသော သို့မဟုတ် ကျယ်ပြန့်သော ဆင်းရဲနွမ်းပါးမှုရှိသော နိုင်ငံများတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ရရှိရန် စိန်ခေါ်မှုများ ရှိနိုင်သည်။ နိုင်ငံတော်တည်ဆောက်သူများသည် ပညာရေးနှင့် အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို အားပေးခြင်းနှင့် ဈေးကွက်နှင့်ကိုက်ညီသော မူဝါဒများ အကောင်အထည်ဖော်ခြင်းကဲ့သို့သော စီးပွားရေးတိုးတက်မှုကို မြှင့်တင်ရန် မဟာဗျူဟာများကို ဖော်ဆောင်ရမည်။

(ဂ)       ပြင်ပဩဇာလွှမ်းမိုးမှုများ
နိုင်ငံတော်တည်ဆောက်ရေးကို နိုင်ငံခြားက ဝင်ရောက်စွက်ဖက်မှု၊ စီးပွားရေး ကမ္ဘာလုံးဆိုင်ရာဖြစ်ပေါ်ပြောင်းလဲမှု (Economic Globalization) နှင့် နိုင်ငံဖြတ်ကျော် တရားမဝင် အဖွဲ့အစည်းများကဲ့သို့သော ပြင်ပအချက်များက ဩဇာလွှမ်းမိုးနိုင်သည်။ ဤပြင်ပဩဇာလွှမ်းမိုးမှုများသည် နိုင်ငံတော်တည်ဆောက်ရေး ကြိုးပမ်းမှုများကို အထောက်အကူပြုနိုင်သလို အတားအဆီးလည်း ဖြစ်စေနိုင်သည်။ ဥပမာအားဖြင့်၊ နိုင်ငံခြားအကူအညီနှင့် နည်းပညာအကူအညီများသည် အဖိုးတန်သော အရင်းအမြစ်များနှင့် ကျွမ်းကျင်မှုများကို ထောက်ပံ့ပေးနိုင်သော်လည်း၊ နိုင်ငံခြားဝင်ရောက်စွက်ဖက်မှုနှင့် စီးပွားရေး မှီခိုမှုသည် နိုင်ငံတော်အချုပ်အခြာအာဏာနှင့် တရားဝင်ဖြစ်မှုကို ထိခိုက်စေနိုင်သည်။ နိုင်ငံတော်တည်ဆောက်သူများသည် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းစဉ်ကို အပြုသဘောဆောင်သော ပံ့ပိုးမှုဖြစ်စေရန်အတွက် ဤပြင်ပဩဇာလွှမ်းမိုးမှုများကို ဂရုတစိုက် ကိုင်တွယ်ဖြေရှင်းရမည်။

၆။       မြန်မာနိုင်ငံက ကျင့်သုံးသွားသင့်သည့် မဟာဗျူဟာများ ဖော်ထုတ်ခြင်း
မြန်မာနိုင်ငံ၏ အနာဂတ်အစိုးရတစ်ရပ်အတွက် ရွေးကောက်ပွဲအလွန် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ဦးစားပေးကိစ္စရပ်များသည် ကမ္ဘာပေါ်တွင် ဖြစ်ပေါ်ပြောင်းလဲနေသော ပထဝီနိုင်ငံရေးဆိုင်ရာ ပြိုင်ဆိုင်မှုများ၊ ‌ဒေသတွင်း ပဋိပက္ခများ၊ သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် ပြည်တွင်း အကြမ်းဖက်သောင်းကျန်းသူများ၏ လုပ်ဆောင်မှုများကြောင့် ကြီးမားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ နိုင်ငံ၏ သမိုင်းကြောင်းနှင့် လက်ရှိအခြေအနေများအရ တည်ငြိမ်မှုနှင့် ဒီမိုကရေစီ တိုးတက်မှုကို လိုလားသော မည်သည့်အစိုးရမဆို အနာဂတ်မြန်မာနိုင်ငံတော် တည်ဆောက်ရေးအတွက် မရှိမဖြစ်လိုအပ်သော မဟာဗျူဟာများကို ကဏ္ဍကြီး (၃) ရပ်ခွဲခြား၍ အကောင်အထည်ဖော်ဆောင်သွားသင့်ကြောင့် လေ့လာတွေ့ရှိရပါသည်။ ၎င်းတို့မှာ-

(က)     အနာဂတ်အစိုးရသစ်တစ်ရပ်အတွက် ဦးစားပေး မူဝါဒနှင့် လုပ်ငန်းစဉ်များ
👍4
အစိုးရသစ်အနေဖြင့် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးနှင့် လူမှုစီးပွားဆိုင်ရာ စိန်ခေါ်မှုများကို ကျော်လွှားရန် ပထမ ရက် (၁၀၀) အတွင်း အောက်ပါမဏ္ဍိုင်ကြီး (၄) ရပ်ကို အခြေခံဆောင်ရွက်သင့်ပါသည်။

(ကက) ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး
အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်များ (EAOs) နှင့် အရပ်ဘက်အဖွဲ့အစည်းများ ပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများကို ငြိမ်းချမ်းရေးလမ်းပြမြေပုံအတိုင်း ဆက်လက်အကောင်အထည် ဖော်ဆောင်သင့်ပါသည်။ သို့သော် အားလုံးပါဝင်ခြင်း (All Inclusive)  ဟူသည် လက်တွေ့ မကျပါ။

နိုင်ငံရေးဆွေးနွေးပွဲ၏ ရလဒ်များအပေါ်အခြေခံ၍ ဒီမိုကရေစီနှင့် ဖယ်ဒရယ်စနစ်တို့အပေါ် အခြေခံတည်ဆောက်သည့် ပြည်ထောင်စုစနစ်ဖြစ်ပေါ်လာစေရန် လမ်းကြောင်းပေါ်သို့ ဉီးတည်သွားသင့်ပါသည်။
ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန်အတွက် နိုင်ငံတစ်ဝန်းလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်ခြင်း၊ တင်းမာမှုလျှော့ချရေးနှင့် စောင့်ကြည့်ရေး ယန္တရားများကို ထိရောက်စွာ တည်ထောင်ခြင်းတို့ကို လုပ်ဆောင်သွားသင့်ပါသည်။

ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို လက်မခံပဲ စကားဝိုင်း ဆွေးနွေးပွဲများဆီသို့ ရောက်လာခြင်းမရှိသည့် အဖွဲ့အစည်းများကို လိုအပ်ပါက ပြည်ထောင်စု တည်တံ့ခိုင်မြဲရေးကို ဉီးတည်လျက် တိုက်ခိုက်ချေမှုန်းသွားရပါမည်။ ၎င်းအပြင် အကြမ်းဖက်မှုများနှင့် Online လိမ်လည်မှုများတွင် ပါဝင်ပတ်သက်နေကြသော အဖွဲ့အစည်းများအား ပြတ်သားစွာ ရှင်းလင်းပစ်ရန်လည်း လိုအပ်ပါသည်။

(ခခ)     အုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေး
            ဒီမိုကရေစီအဖွဲ့အစည်းများနှင့် ဥပဒေမူဘောင်ကို ခိုင်မာအားကောင်းစေခြင်းသည် နိုင်ငံတော် တည်ငြိမ်မှုအတွက် မရှိမဖြစ်လိုအပ်ပါသည်။ အစိုရသစ်အနေဖြင့် အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများအား ခိုင်မာတောင့်တင်းစေရန် လုပ်ဆောင်သွားရပါမည်။ တနည်းအားဖြင့် Institutionalization ကို ပီပြင်စွာအကောင်အထည်ဖော်သင့်ပါသည်။ တဖန် e-Government စနစ်အား ပီပြင်စွာ ဖြစ်ပေါ်လာရေး ဉီးတည်ကြိုးပမ်းသင့်ပါသည်။  á€Ąá€™á€ťá€Źá€¸á€•ဟည်သူဥဏး ဝန်ဆောင်မှုပေးနေရသည့် ဝန်ကြီးဌာနများနှင့် အစိုးရအေဂျင်စီများအနေဖြင့် Online  မှ ဝန်ဆောင်မှုပေးအပ်ခြင်းကို ယခုထက် ပိုမိုပီပြင်စွာ လုပ်ဆောင်သင့်ပါသည်။ သို့မှသာ  á€Ąá€€á€ťá€„အ်ပဝက်ခဟစဏးမသုမဝဏး (Corruptions) အား လျှော့ချနိုင်မည် ဖြစ်ပါသည်။

            အုပ်ချုပ်ရေးမဏ္ဍိုင်တွင် ဖြစ်ပေါ်လေ့ရှိသည့် အကျင့်ပျက်ခြစားမှုများ (Corruptions) အား ထိရောက်ပြင်းထန်သည့် ပြစ်ဒဏ်များ ချမှတ်အရေးယူသွားရပါမည်။ ဥပမာအားဖြင့် အချို့သော နိုင်ငံများတွင် အကျင့်ပျက် ခြစားမှုများအား သေဒဏ်အထိ ချမှတ် အပြစ်ပေးလေ့ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် ဆရာဝန်တစ်ဉီး အမှားပြုလုပ်မိပါက တစ်ကြိမ်လျှင် လူနာတစ်ဉီး အသက်အန္တရာယ်ကျရောက်တတ်သော်လည်း ဝန်ထမ်းတစ်ဉီး အကျင့်ပျက်ခြစားပါက နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် လူဉီးရေ သိန်းသန်းချီ၌ ပျက်စီးဆုံးရှုံးရလေ့ရှိသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် အဂတိလိုက်စားမှုကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ခိုင်မာသော အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေများနှင့် အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော်ခြင်းတို့ လုပ်ဆောင်သွားသင့်ပါသည်။

တရားဥပဒေစိုးမိုးရေးကို အာမခံရန်နှင့် ပြည်သူ့အခွင့်အရေးများကို ကာကွယ်ရန် တရားစီရင်ရေး၏ လွတ်လပ်မှုနှင့် ထိရောက်မှုကို အားကောင်းစေရန် လုပ်ဆောင်သွားရပါမည်။ တရားစီရင်ရေးမဏ္ဍိုင်တွင် ဖြစ်ပေါ်နေသည့် အကျင့်ပျက်ခြစားမှုများ (Corruptions) အား ထိရောက်ပြင်းထန်သည့် ပြစ်ဒဏ်များ ချမှတ်အရေးယူသွားရပါမည်။
သတင်းမီဒီယာလွတ်လပ်ခွင့်ကို ခွင့်ပြုပေးရပါမည်။ သို့သော် နိုင်ငံတော်နှင့် ပြည်သူလူထု၏ အကျိုးစီးပွားကို ပျက်စီးစေလိုသည့် ပြည်ပအထောက်အပံ့ခံ မီဒီယာများအား ထိရောက်စွာ အရေးယူသွားရန် လိုအပ်ပါသည်။

(ဂဂ)    စီးပွားရေး ပြုပြင်ပြောင်းလဲရေး
စီးပွားရေးကဏ္ဍ ဘက်စုံပြုပြင်ပြောင်းလဲရေးကို ဉီးတည်ဆောင်ရွက်ပေးသွားသင့်ပါသည်။ ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများ ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ခြင်းနှင့် အသစ်ဖွဲ့စည်းများ လုပ်ဆောင်ခြင်း၊ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုအသစ်များနှင် အခြေခံအဆောက်အဉီများ တည်ဆောက်ပေးခြင်းတို့ကို ဆောင်ရွက်သင့်ပါသည်။ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေများနှင့် စည်းမျည်း၊ စည်းကမ်းများအား ပြန်လည် သုံးသပ်သင့်ပါသည်။ ပြည်ပ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (Foreign Direct Investment) သည် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အရေးကြီးသည့် မောင်းနှင်အား ဖြစ်ရာ ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများအား ဆွဲဆောင်နိုင်ရေး အစီအစဉ်များ ချမှတ် လုပ်ဆောင်သင့်ပါသည်။

စစ်ဘေးဒဏ်သင့် ပြည်သူများနှင့် အောက်ခြေ လက်လုပ်လက်စား လူတန်းစားများအတွက် ပညာရေး၊ ကျန်းမာရေးနှင့် ထောက်ပံ့ကြေး အစီအစဉ်များ ချမှတ်ခြင်းကို သင့်လျော်သလို ဆောင်ရွက်ပေးသွားသင့်ပြီး၊ လူမှုဖူလုံရေးစနစ်အား ပိုမိုပီပြင်စွာ အကောင်အထည်ဖော်သင့်ပါသည်။

(ဃဃ) နိုင်ငံတကာ ဆက်ဆံရေး
👍5
ဧရာဝတီတိုင်းအား နိုင်ငံ၏ စပါးကျီ အဖြစ်သာမကဘဲ စိုက်ပျိုးရေးအခြေခံ တန်ဖိုးမြင့် ထုတ်ကုန်များ (Agro-Processing) နှင့် ရေလုပ်ငန်း ဗဟိုချက်ဖြစ်ပြီး ထုတ်ကုန်များ ပိုမိုတိုးတက်စေရန် အားပေးသွားသင့်ပါသည်။ ငါး၊ ပုစွန် မွေးမြူရေးကို ခေတ်မီနည်းပညာဖြင့် တိုးချဲ့ပြီး ပြည်ပပို့ကုန် တိုးမြှင့်ရေးကို ဦးတည်ရပါမည်။ ယခုအခါ စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်ကို ဖွင့်လှစ်ထားပြီး ဖြစ်ပါသည်။ ခရီးသွားလုပ်ငန်း ဖွံဖြိုးတိုးတက်ရေးတွင် အရေးပါသည့် လှပသော ကမ်းခြေများတည်ရှိရာလည်းဖြစ်ရာ ကမ္ဘာလှည့်ခရီးသွားများ ပိုမိုလာရောက်စေရန် မီဒီယာအား ပိုမိုတွင်ကျယ်စွာ အသုံးပြု၍ ဖိတ်ခေါ်မှုများ ပြုလုပ်သွားသင့်ပါသည်။

(ခခ)     တောင်ဘက်စွန်း အဏ္ဏဝါစီးပွားရေးဇုန် (Southern Blue Economy Zone)
မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်စေရန် သီးခြား မောင်းနှင်အားတစ်ခုအဖြစ် တနင်္သာရီတိုင်းဒေသကြီးကို ရွေးချယ်သင့်ပါသည်။ တနင်္သာရီတိုင်းသည် ပထဝီဝင်အနေအထားအရ ထိုင်းနိုင်ငံနှင့် ထိစပ်နေပြီး ပင်လယ်ကမ်းရိုးတန်း ရှည်လျားသောကြောင့် ပြည်မကြီးနှင့် မတူညီသော သီးခြားမဟာဗျူဟာဖြင့် ဖွံ့ဖြိုးတိုးတက်စေသင့်ပါသည်။ ရည်ရွယ်ချက်မှာ ကမ်းရိုးတန်းနှင့် ကျွန်းစုများကို အခြေခံ၍ သီးခြားလွတ်လပ်သော စီးပွားရေးဇုန်အဖြစ် ဖော်ဆောင်ရန် ဖြစ်ပါသည်။

ထားဝယ် အထူးစီးပွားရေးဇုန်သည် အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာကို ဆက်သွယ်မည့် ကုန်းလမ်းတံတား (Land Bridge) စီမံကိန်းအဖြစ် အလားအလာကောင်းများ ရှိနေပါသည်။

မြိတ်ကျွန်းစုကို အခြေခံသည့် သဘာဝအခြေခံ ခရီးသွားလုပ်ငန်း (Eco-tourism) ဖွံ့ဖြိုးရေး လုပ်ဆောင်သင့်ပါသည်။

ရာဘာနှင့် ဆီအုန်းတို့အား မဟာဗျူဟာကုန်ကြမ်းများအဖြစ် သတ်မှတ်ကာ နိုင်ငံတကာသို့ တန်ဖိုးမြင့်ထုတ်ကုန်များ တင်ပို့နိုင်ရန် ကြိုးပမ်းလုပ်ဆောင်သင့်ပါသည်။

(ဂဂ)    ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး စီးပွားရေးစင်္ကြံ
မဟာဗျူဟာအမြန်လမ်းမကြီးကို သာမန် လမ်းကြောင်းတစ်ခုအဖြစ်မှ နိုင်ငံ၏ စီးပွားရေးကျောရိုး (Economic Corridor) အဖြစ် ပြောင်းလဲမည့် အစီအစဉ်များ ရေးဆွဲဆောင်ရွက်သင့်ပါသည်။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးအား ဇုန်များ ခွဲခြားသတ်မှတ်ကာ ဖွံ့ဖြိုးတိုးတက်ရေးကို ဉီးတည်လုပ်ဆောင်သင့်ပါသည်။
 
(ကကက)        ထောက်ပံ့ပို့ဆောင်ရေးနှင့် စက်မှုကဏ္ဍ (Industrial & Logistics)
ကုန်းတွင်းဆိပ်များ (Dry Ports)။          ပင်လယ်ထွက်ပေါက်မရှိသော မြို့များ (ဥပမာ - နေပြည်တော်) အတွက် ကုန်သေတ္တာများ စီမံခန့်ခွဲနိုင်သော ကုန်းတွင်း ကုန်သတ္တာစခန်းများ တည်ဆောက်သင့်ပါသည်။ မန္တလေးတိုင်းဒေသကြီး မြစ်ငယ်တွင် တည်ဆောက်ပြီး ဖြစ်ပါသည်။

အသေးစား စက်မှုဇုန်များ (Light Industrial Zones)။  သယ်ယူပို့ဆောင်ခ သက်သာစေရန် အမြန် လမ်းမကြီးဘေးတွင် အထည်ချုပ်စက်ရုံများ၊ အီလက်ထရွန်နစ် တပ်ဆင်ရေး စက်ရုံများနှင့် အခြားစက်ရုံများ တည်ထောင်ခြင်းတို့ကို လုပ်ဆောင်သွားသင့်ပါသည်။

(ခခခ)  စိုက်ပျိုးရေး တန်ဖိုးမြှင့် ကွင်းဆက် (Agro-Value Chain)
အအေးခန်း စနစ် (Cold Chain)။          သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ လတ်ဆတ်စွာ သယ်ယူနိုင်ရန် အအေးခန်း ဂိုဒေါင်များ တည်ဆောက်ခြင်းကို အမြန်လမ်းမကြီးပေါ်တွင် တည်ဆောက်သင့်ပါသည်။
အစားအသောက် ပြုပြင်ထုတ်လုပ်ရေး စက်ရုံများ။ လယ်ယာထွက်ကုန်များကို ကုန်ကြမ်းအတိုင်း သယ်ဆောင်ခြင်းထက် ဒေသထွက် သရက်သီး၊ စပျစ်သီးနှင့် အခြားကုန်ကြမ်းများကို ယို၊ စည်သွပ်ဗူးစသည့် တန်ဖိုးမြင့် ထုတ်ကုန်များအဖြစ် ပြုပြင်ထုတ်လုပ်သည့် စက်ရုံများကို စိုက်ပျိုးရေးထွက်ကုန် များရရှိနိုင်သော မြို့နယ်များအနီး (ဥပမာ ကျောက်ဆည်၊ တောင်ငူ ဝန်းကျင်) တွင် တည်ထောင်သင့်ပါသည်။

(ဂဂဂ) ဝန်ဆောင်မှုနှင့် ခရီးသွားကဏ္ဍ (Service & Tourism)
One-Stop Service Areas။ လက်ရှိ အမြန်လမ်းမကြီးပေါ်ရှိ စားသောက်ဆိုင်၊ ဆေးခန်း၊ မိုတယ်နှင့် ကားပြင်ရုံများ ပါဝင်သော လမ်းမကြီးများ ဥပဒေနှင့်အညီ နိုင်ငံတကာအဆင့်မီ နားနေစခန်းများအဖြစ် အဆင့်တိုးမြှင့် တည်ဆောက်သွားသင့်ပါသည်။

EV Charging Stations။ အမြန်လမ်းမကြီးတလျှောက်တွင် လျှပ်စစ်ကားများအတွက် အားသွင်းရုံများ ကွန်ရက် ဖြန့်ကြက် တည်ဆောက်သွားသင့်ပါသည်။

Transit Hotels။ ခရီးသွားများနှင့် ကုန်တင်ယာဉ်မောင်းများ အနားယူနိုင်ရန် ဈေးနှုန်းသက်သာပြီး သန့်ရှင်းသော မိုတယ် (Motel) သို့မဟုတ် Transit Hotel များကို အဓိက မြို့ကြီးများအနီးတွင် ခွင့်ပြုပေးသင့်ပါသည်။

(ဃဃဃ)        နည်းပညာနှင့် မြို့ပြစီမံကိန်း (Tech & Urban Planning)
မြို့ငယ်များ တည်ထောင်ခြင်း (Smart Eco-Towns)။ မြို့ကြီးများ၏ လူနေကြပ်တည်းမှုကို လျှော့ချရန် အမြန်လမ်းမကြီးတစ်လျှောက် စမတ်မြို့ငယ်များ ဖော်ဆောင်သွားသင့်ပါသည်။ အထူးသဖြင့် အမြန်လမ်းမကြီးမှ ဝင်/ထွက်ပေါက် (Interchange) ရှိသော နေရာများနှင့် ဆက်စပ်လျက် လူနေအိမ်ရာ စီမံကိန်းများကို စနစ်တကျ ဖော်ဆောင်သင့်ပါသည်။ (ဥပမာ - ဘောနပ်ကြီး၊ ဖြူး၊ မိတ္ထီလာ ပတ်ဝန်းကျင်)။
👍4
စွမ်းအင်နှင့် နည်းပညာ။ အမြန်လမ်းမကြီး လမ်းဘေးဝဲယာ မြေလွတ်များတွင် နေရောင်ခြည်စွမ်းအင် (Solar Farms) ထုတ်လုပ်ခြင်းနှင့် ဖိုင်ဘာအင်တာနက်ကွန်ရက် (Fiber Backbone) သွယ်တန်းခြင်းတို့ကို လုပ်ဆောင်သွားသင့်ပါသည်။ အမြန်လမ်းမကြီးအနီးရှိ မဟာဓာတ်အားလိုင်း၏ အောက်တွင်လည်း နေရောင်ခြည်စွမ်းအင်ထုတ်လုပ်သည့် Solar Farms များ တည်ဆောက်ကာ လျှပ်စစ်ဓာတ်အား ရရှိစေရန် လုပ်ဆောင်သင့်ပါသည်။

ဘေးကင်းလုံခြုံရေးနှင့် စီမံခန့်ခွဲမှု (Safety & Smart Management)။ အမြန်လမ်းမကြီးပေါ်တွင် Intelligent Transport System (ITS) တည်ဆောက်၍ CCTV ကင်မရာများ၊ အမြန်နှုန်းတိုင်း ကိရိယာများနှင့် ယာဉ်ကြောထိန်းချုပ်ရေး စနစ်များကို ဒစ်ဂျစ်တယ်စနစ်ဖြင့် (Control Center) တစ်ခုတည်းမှ စောင့်ကြည့်ထိန်းချုပ်ခြင်းတို့ကို ဆောင်ရွက်သွားသင့်ပါသည်။

(ဃဃ) ပဲခူးရိုးမ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ (Bago Yoma Development Strategy)
ပဲခူးရိုးမသည် မြန်မာနိုင်ငံ အလယ်ပိုင်း၏ အဓိက သဘာဝ အရင်းအမြစ်များထွက်ရှိရာ ဒေသဖြစ်သကဲ့သို့ ရန်ကုန်-မန္တလေး စီးပွားရေး စင်္ကြံ၏ ဘေးတိုက် တည်ရှိနေသော မဟာဗျူဟာမြောက် ဧရိယာတစ်ခုလည်း ဖြစ်ပါသည်။ သို့ဖြစ်၍ ရေရှည်တည်တံ့ပြီး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာ ဒေသခံပြည်သူများ၏ လူမှုစီးပွား တိုးတက်စေမည့် "ဂေဟစနစ်အခြေပြု ဖွံ့ဖြိုးတိုးတက်ရေး" (Ecosystem-Based Development) မဟာဗျူဟာကို အောက်ပါအတိုင်း ရေးဆွဲသင့်ပါသည်။
 
(ကကက)        သဘာဝ သယံဇာတ စီမံခန့်ခွဲမှုနှင့် ဂေဟစနစ် ထိန်းသိမ်းရေး
ပဲခူးရိုးမ၏ အဓိက အသက်သွေးကြောဖြစ်သည့် သစ်တောများနှင့် ရေအရင်းအမြစ်များကို ပြန်လည် ထူထောင်ထိန်းသိမ်းခြင်းများ လုပ်ဆောင်ရာတွင် သဘာဝ သစ်တောများ ပြုန်းတီးသွားသော နေရာများတွင် ဌာနေသစ်ပင်မျိုးစိတ်များကို အဓိကထား၍ ရေရှည်စီမံကိန်းဖြင့် ပြန်လည် စိုက်ပျိုးခြင်းဖြင့် သစ်မာစိုက်ခင်းများ စနစ်တကျ ပြန်လည်ဖော်ဆောင်ခြင်းများ ပြုလုပ်သင့်ပါသည်။ ရိုးမပေါ်ရှိ အဓိက မြစ်ချောင်းများ (ဥပမာ- စစ်တောင်း၊ ဧရာဝတီ မြစ်လက်တက်များ) ၏ ရေဝေရေလဲဒေသ (Watersheds) များကို အထူးဇုန်အဖြစ် သတ်မှတ်ကာ စိုက်ပျိုးရေး လုပ်ငန်းများကို စည်းကမ်းသတ်မှတ် ထိန်းချုပ်ခြင်းများ ပြုလုပ်သင့်ပါသည်။

တရားမဝင် သစ်ထုတ်လုပ်မှုနှင့် တောမီးများကို တားဆီးရန်အတွက် ရိုးမနှင့် နီးစပ်သော ကျေးရွာများကို "အသိုက်အဝန်းအခြေပြု သစ်တော စီမံခန့်ခွဲမှု (Community-Based Forest Management - CBFM)" တွင် ပါဝင်ခွင့်ပေးခြင်း လုပ်ဆောင်သင့်ပါသည်။

(ခခခ)  လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုနှင့် အစားထိုး အသက်မွေးဝမ်းကျောင်းမှု
သစ်တော အခြေခံ ထုတ်ကုန်များအပေါ် မှီခိုအားထားမှုကို လျှော့ချပြီး ရေရှည်တည်တံ့သော စီးပွားရေးကို တည်ဆောက်ခြင်းလုပ်ဆောင်သင့်ပါသည်။ ရိုးမ၏ အလှပဆုံးနေရာများ (ဥပမာ - ရေတံခွန်များ၊ တောင်ပေါ်မြင်ကွင်းများ) ကို ပဲခူးရိုးမ သဘာဝဥယျာဉ်ဇုန်များအဖြစ်သတ်မှတ်၍ သဘာဝပတ်ဝန်းကျင်ကို မပျက်စီးစေမည့် လမ်းလျှောက်ခရီးစဉ်များ၊ သဘာဝလေ့လာရေးစခန်းများ ဖန်တီးခြင်းဖြင့် ဂေဟစနစ် ခရီးသွားလုပ်ငန်း (Eco-Tourism)ကို ဖော်ဆောင်ပေးရပါမည်။ ရိုးမဒေသခံများ၏ နေအိမ်များကို အခြေခံ၍ ဝန်ဆောင်မှုပေးသည့် (Homestay) လုပ်ငန်းများကို လေ့ကျင့်ပေးခြင်း၊ ဒေသခံအစားအစာနှင့် လက်မှုပညာများကို မြှင့်တင်ပေးခြင်းတို့ကို ဆောင်ရွက်ပေးသင့်ပါသည်။

သစ်တောများကို ပျက်ဆီးစေနိုင်သော ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးခြင်းအစား ကော်ဖီ၊ လက်ဖက်၊ သစ်သီးခြံများကဲ့သို့ သစ်တောပတ်ဝန်းကျင်နှင့် လိုက်ဖက်သော နှစ်ရှည်ပင် စိုက်ပျိုးခြင်းကို အားပေးသင့်ပါသည်။ သစ်တောထွက်မဟုတ်သော ဝင်ငွေရရှိစေမည့် ထုတ်ကုန်များ (ဥပမာ- ပျားရည်၊ ဆေးဖက်ဝင်အပင်များ၊ ဒေသခံ ဝါးထည်ပစ္စည်းများ) ကို စနစ်တကျ ထုတ်လုပ်ကာ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး စီးပွားရေးစင်္ကြံနှင့် ချိတ်ဆက်၍ ရန်ကုန်-မန္တလေး ဈေးကွက်သို့ တင်ပို့ခြင်းများ လုပ်ဆောင်သင့်ပါသည်။

ပဲခူရိုးမဒေသရှိ ကျေးရွာများအတွက် လမ်းပန်းဆက်သွယ်ရေး ကွန်ရက်ကို သဘာဝပတ်ဝန်းကျင် မထိခိုက်စေဘဲ အဆင့်မြှင့်တင်ခြင်းနှင့် လျှပ်စစ်မီး ရရှိရေးအတွက် ဆိုလာစွမ်းအင် (Solar Microgrids) ကဲ့သို့သော ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်စနစ်များ တပ်ဆင်ပေးခြင်း ဆောင်ရွက်သင့်ပါသည်။

ရိုးမ၏ ဇီဝမျိုးစုံမျိုးကွဲများကို လေ့လာစောင့်ကြည့်နိုင်ရန်၊ ရာသီဥတု ပြောင်းလဲမှု၏ သက်ရောက်မှုများကို သုတေသနပြုနိုင်ရန် နေပြည်တော် သို့မဟုတ် ပဲခူးရှိ တက္ကသိုလ်များနှင့် ချိတ်ဆက်ထားသော သဘာဝပတ်ဝန်းကျင် သုတေသနစင်တာငယ်များ တည်ထောင်ခြင်းတို့ကို လုပ်ဆောင်သင့်ပါသည်။

(ဂဂဂ) လုံခြုံရေး
ပဲခူးရိုးမဒေသသည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အကြမ်းဖက် အဖွဲ့အစည်းများ၏ လှုပ်ရှားရာ နယ်မြေဖြစ်ခဲ့ဖူးသောကြောင့် လုံခြုံရေးအစီအစဉ်များကို ဦးစားပေး ဆောင်ရွက်သွားသင့်ပါသည်။

၇။       သုံးသပ်ချက်
👍4
            ပြည်ထောင်စု၏ အဓိက ဖွံ့ဖြိုးရေး ၀င်ရိုးတန်း (Central Growth Axis)  á€Ąá€Źá€¸ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး စီးပွားရေးစင်္ကြံ၊ ပဲခူးရိုးမ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ (Bago Yoma Development Strategy) နှင့် တောင်ဘက်စွန်း အဏ္ဏဝါစီးပွားရေးဇုန် (Southern Blue Economy Zone) တို့ဖြင့် ချိတ်ဆက် အကောင်အထည်ဖော်သင့်ပါသည်။ ပြည်ထောင်စု၏ အဓိက ဖွံ့ဖြိုးရေး ၀င်ရိုးတန်း (Central Growth Axis)  á€žá€Šá€ş မြန်မာနိုင်ငံ၏ စီးပွားရေး အသက်ရှူလမ်းကြောင်း၊ နိုင်ငံရေးဗဟိုချက်နှင့် လူမှုအသိုက်အဝန်းကြီး စုဝေးရာနေရာ ဖြစ်သောကြောင့် ၎င်းကို ဦးစားပေး ခိုင်မာအောင် တည်ဆောက်မှသာ ကျန်ပြည်နယ်/တိုင်းဒေသကြီးများ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် ခိုင်မာသော အခြေခံအုတ်မြစ်တစ်ခုကို တည်ဆောက်နိုင်မည် ဖြစ်ပါသည်။ အထက်ပါ ‌ဒေသကြီးများကို ချိတ်ဆက်ခြင်းအားဖြင့် ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် Spill Over Effect ကို ရရှိကာ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများအား ဆက်လက်အကောင်အထည်ဖော်နိုင်မည် ဖြစ်ပါသည်။

၈။       နိဂုံး
နိုင်ငံတော်တည်ဆောက်ရေးသည် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲစေရန် တည်ဆောက်ခြင်း၊ အစိုးရအား တရားဝင်မှုရရှိစေခြင်း၊ အဖွဲ့အစည်းများ ဖွဲ့စည်းတည်ထောင်ခြင်းနှင့် လူထုကျေနပ်မှုကို အာမခံခြင်းတို့ ပါဝင်သည့် ဘက်ပေါင်းစုံမှ ရှုပ်ထွေးသော လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါသည်။ မောရိယအင်ပါယာ၊ ရောမအင်ပါယာနှင့် လွတ်လပ်ရေးရပြီးနောက်ပိုင်း အိန္ဒိယကဲ့သို့သော သမိုင်းဝင်ဥပမာများသည် ဤကြိုးပမ်းမှုတွင် နိုင်ငံများ ရင်ဆိုင်ခဲ့ရသော မတူကွဲပြားသော နည်းလမ်းများနှင့် စိန်ခေါ်မှုများကို ထင်ရှားစွာ ပြသနေပါသည်။ နိုင်ငံတော်တည်ဆောက်ရေးတွင် စိန်ခေါ်မှုများစွာ ရှိသော်လည်း၊ တည်ငြိမ်သော၊ လုပ်ဆောင်ရမည့် လုပ်ငန်းဆောင်တာများကို အလုပ်ဖြစ်အောင် လုပ်ကိုင်စွမ်းရှိနိုင်သော၊ သာယာဝပြောသော လူ့အဖွဲ့အစည်းများ ဖန်တီးရန်အတွက် မရှိမဖြစ် လိုအပ်ပါသည်။ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကာလတို၊ ကာလလတ်နှင့် ကာလရှည် စီမံကိန်းများကို တစိုက်မတ်မတ် အကောင်အထည်ဖော်ခြင်းသည်လည်း နိုင်ငံတော်တည်ဆောက်ရေးတွင် အရေးပါသော လုပ်ငန်းစဉ်ဖြစ်ပါသည်။ နိုင်ငံတော်တည်ဆောက်ရေး၏ ရှုပ်ထွေးနက်နဲမှုများကို နားလည်ခြင်းကာ အတိတ်နှင့် ပစ္စုပ္ပန် နိုင်ငံတော်တည်ဆောက်သူများ၏ ကြိုးပမ်းအားထုတ်မှုများကို တန်ဖိုးထား သင်ခန်းစာ ဖော်ထုတ်ခြင်းဖြင့် အနာဂတ်နိုင်ငံတော်ကြီးအား တည်ငြိမ်အေးချမ်း ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးအဖြစ် ဉီးတည်လျှောက်လှမ်းနိုင်မည် ဖြစ်ပါသည်။

ဒေါက်တာနိုင်ဆွေဉီး
သေနင်္ဂမဟာဗျူဟာ‌လေ့လာရေးအဖွဲ့

ကိုးကား။
-       The Complex Process of State Building, PolSci Institute, 31 October, 2025
-       State-building: a hot topic in governance, International Development Department, 6 September, 2010
👍4
            မြန်မာနိုင်ငံသည် ကမ္ဘာနိုင်ငံများအားလုံးနှင့် ချစ်ကြည်ရင်းနှီးစွဲ ရှိပြီး ဖြစ်ပါသည်။ လက်ရှိကျင့်သုံးနေသည့် လွတ်လပ်တက်ကြွပြီး ဘက်မလိုက်သည့် နိုင်ငံခြားရေး မူဝါဒကို ဆက်လက် ကျင့်သုံးသွားသင့်ပါသည်။ သို့သော် မိမိနိုင်ငံအတွက် အမြဲရပ်တည်ပေးနေပြီး၊ မိမိတို့နိုင်ငံ၏ အကျိုးစီးပွား ဖြစ်ထွန်းရေးကို အထောက်အကူဖြစ်စေသော နိုင်ငံများနှင့် ပိုမိုနီးကပ်စွာ ဆက်ဆံသွားသင့်ပါသည်။  အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ ထိုင်းတို့နှင့် ဟန်ချက်ညီစွာ ဆက်ဆံပြီး ဒေသတွင်း တည်ငြိမ်ရေးကို ပူးပေါင်းဆောင်ရွက်သွားရပါမည်။ မိမိတို့နိုင်ငံအား အန္တရာယ်ပြုရန် အလားအလာရှိသော နိုင်ငံများကိုလည်း မျက်ခြေမပြတ်စောင့်ကြည့် လေ့လာသွားရန် လိုအပ်ပါသည်။

နိုင်ငံတကာမှ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအထောက်အပံ့များကို လိုအပ်နေသူများထံ ရောက်ရှိရေးအား သက်ဆိုင်ရာနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်သွားရပါမည်။ သို့သော် ထိုအထောက်အပံ့များအား အကြမ်းဖက်အဖွဲ့အစည်းများထံ မရောက်ရှိရေး စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားရပါသည်။

(ခ)       ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ (Regional Development Strategy)
အနာဂတ်အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံ၏ ပထဝီအနေအထားအရ အချက်အချာကျသော ဒေသများကို ၀င်ရိုးတန်းနှင့် ဇုန်တို့ဖြင့် ခွဲခြား၍ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်သင့်ပါသည်။

(ကက) ပြည်ထောင်စု၏ အဓိက ဖွံ့ဖြိုးရေး ၀င်ရိုးတန်း (Central Growth Axis)
ပြည်ထောင်စု၏ အဓိက ဖွံ့ဖြိုးရေး ၀င်ရိုးတန်း (Central Growth Axis) တွင် ရန်ကုန်၊ ပဲခူး၊ နေပြည်တော်၊ မန္တလေးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ ပါဝင်သင့်ပါသည်။ ရည်ရွယ်ချက်မှာ နိုင်ငံ၏  á€œá€°á€Śá€¸á€›á€ąá€Ąá€‘ူထပ်ဆုလးနသငအ် စီးပွားရေးအချက်အချာကျဆုံး ဒေသများကို ဒေါင်လိုက်ချိတ်ဆက်ရန် ဖြစ်ပါသည်။

(ကကက)        ဘက်စုံ ပို့ဆောင်ဆက်သွယ်ရေး စနစ်ဖြင့် ချိတ်ဆက်ခြင်း (Multi-modal Connectivity)
ရန်ကုန်မှ မန္တလေးအထိ ရှည်လျားသော ဤဝင်ရိုးတန်းကို အမြန်လမ်းမကြီးများ၊ အဆင့်မြင့် မီးရထားလမ်းပိုင်းများဖြင့် တိကျခိုင်မာစွာ ချိတ်ဆက်ရပါမည်။ ရန်ကုန်-မန္တလေး စင်္ကြံအား ကုန်စည်စီးဆင်းမှု မြန်ဆန်စေရန် အဝေးပြေးလမ်းမကြီးများအပြင် လူစီးနှင့် ကုန်တင်ရထားလမ်းပိုင်းများကို အဆင့်မြှင့်တင်ရပါမည်။ ဧရာဝတီ မြစ်ကြောင်းစီမံကိန်းအနေဖြင့် ဧရာဝတီတိုင်းမှ ထွက်ရှိသော ကုန်စည်များကို မန္တလေးအထိ သယ်ဆောင်နိုင်ရန်နှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရန် မြစ်ကြောင်း ထိန်းသိမ်းရေးနှင့် ဆိပ်ကမ်းမြို့ငယ်များ ဖော်ဆောင်ရပါမည်။
 
(ခခခ)  ဒေသအလိုက် အထူးပြု လုပ်ငန်းစဉ်များ (Regional Specialization)
ပြည်ထောင်စုနယ်မြေ နေပြည်တော်သည် ပြည်ထောင်စုအစိုးရ၏ အုပ်ချုပ်ရေးယန္တရား ဗဟိုချက်ဖြစ်ခြင်း၊ စမတ်စီးတီးအဖြစ် အကောင်အထည်ဖော်ဆောင်နေခြင်း၊ ပညာရေးဗဟိုချက်အဖြစ် ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့် ခရီးသွားလုပ်ငန်း ဗဟိုချက်ဖြစ်လာခြင်းစသည့် အားသာချက်များ ရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီးသည် နိုင်ငံတကာ ကုန်သွယ်ရေး၊ ဘဏ္ဍာရေး (Financial Hub) အဖြစ်လည်းကောင်း၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ဗဟိုချက် (Technological  and Innovation Hub) အဖြစ်လည်းကောင်း တည်ထောင်ရပါမည်။ သီလဝါအထူးစီးပွားရေးဇုန်ကို အဆင့်မြှင့်တင်ပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရပါမည်။

မန္တလေးတိုင်းဒေသကြီးသည် တရုတ်၊ အိန္ဒိယတို့နှင့် ဆက်သွယ်ထားသော ကုန်းတွင်းပိုင်း ကုန်သွယ်ရေးနှင့် ယဉ်ကျေးမှု ဗဟိုချက် ဖြစ်ပါသည်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်နှင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီး ဖြတ်သန်းသွားရာ နေရာလည်း ဖြစ်ပါသည်။ ရည်မှန်းသတ်မှတ်ထားသည့် စီမံကိန်းများအား အမြန်ဆုံး စတင်နိုင်ရန် လုပ်ဆောင်သွားသင့်ပါသည်။

ပဲခူးတိုင်း‌ဒေသကြီးသည် ရန်ကုန်နှင့် အထက်မြန်မာပြည်ကို ချိတ်ဆက်ပေးမည့် ထောက်ပံ့ပို့ဆောင်ရေးနှင့် စက်မှုဗဟိုချက် (Logistics & Industrial Hub)အဖြစ် ဆောင်ရွက်နိုင်ပါသည်။ ထို့ကြောင့် ရန်ကုန်တွင် ပြည့်ကြပ်နေသော စက်ရုံ၊ အလုပ်ရုံများကို ပဲခူးရှိ စက်မှုဇုန်များသို့ ဖြန့်ခွဲနေရာချထားခြင်း၊ စက်မှုဇုန်အသစ်များ ဖော်ထုတ်ခြင်း၊ ကုန်းတွင်းဆိပ် (Dry Ports) များ တည်ဆောက်ခြင်းတို့ ပြုလုပ်သင့်ပါသည်။ ၎င်းအပြင် စိုက်ပျိုးမွေးမြူဇုန်များကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်နိုင်ရန် ကျယ်ပြန့်သော မြေအနေထားကို ပိုင်ဆိုင်ထားရာ ထိရောက်စွာ အကောင်အထည်ဖော်သင့်ပါသည်။ ရန်ကုန်အတွက် လိုအပ်လာနိုင်သည့် စားရေရိက္ခာဖူလုံရေးကို ပဲခူးက တစိတ်တပိုင်း ဖြည့်ဆည်းပေးနိုင်ပါမည်။
❤7👍5
👍8❤6
Forwarded from Dr. Naing Swe Oo
‎သတင်းထုတ်ပြန်ချက်

နေပြည်တော် မတ် ၂၃

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခါးကျီးပေါင်းရောဂါကြောင့် အာရုံကြောညပ်ခြင်း (Lumbar spondylosis with Spinal Stenosis) ဝေဒနာခံစားခဲ့ရသဖြင့် ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့တွင် အမှတ်(၂)တပ်မတော် ဆေးရုံကြီး (ခုတင် ၁၀၀၀) နေပြည်တော်၌ အိန္ဒိယနိုင်ငံမှ ပါရဂူများနှင့် မြန်မာ့တပ်မတော် ဆေးတပ်ဖွဲတို့ ပူးပေါင်း၍ အရေးပေါ်ခွဲစိတ်ကုသမှုအား ၂ နာရီကြာ ပြုလုပ်ခဲ့ပါသည်။

ခွဲစိတ်ကုသမှု အောင်မြင်ပြီး ယခုအခါ နိုင်ငံ့တာဝန်နှင့် တပ်မတော်တာဝန်များကို ကျန်းမာစွာ ထမ်းဆောင်လျက်ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

သတင်းထုတ်ပြန်ရေးအဖွဲ
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ
👍11❤2
၂၀၂၆ ခုနှစ် အမေရိကန်-အီရန် အကျပ်အတည်း၊ ပထဝီနိုင်ငံရေးနှင့် စွမ်းအင်လုံခြုံရေးဆိုင်ရာ အလှည့်အပြောင်း

ကျွန်တော်တို့ အခုမြင်တွေ့နေရတဲ့ အခြေအနေဟာ ရိုးရိုးပဋိပက္ခတစ်ခုထက် ပိုပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ကစတင်ခဲ့တဲ့ စစ်မီးဟာ ကမ္ဘာ့အခင်းအကျင်းကို အခြေခံကျကျ ပြောင်းလဲပစ်လိုက်ပြီလို့ ဆိုရမှာပါ။ အထူးသဖြင့် စီးပွားရေးပိတ်ဆို့မှုကနေ စစ်ရေးအရ တိုက်ရိုက် ထိပ်တိုက်ရင်ဆိုင်မှုဆီ ကူးပြောင်းသွားတာဟာ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ကဏ္ဍနဲ့ ထောက်ပံ့မှုကွင်းဆက်တွေကို အကြီးအကျယ် ရိုက်ခတ်နေပါတယ်။

စစ်မဟာဗျူဟာနှင့် အချိုးမညီသော တုံ့ပြန်မှုများ

ပဋိပက္ခရဲ့ အစောပိုင်းမှာ အမေရိကန်ရဲ့ Operation Epic Fury နဲ့ အစ္စရေးရဲ့ Operation Roaring Lion စစ်ဆင်ရေးတွေဟာ အီရန်ရဲ့ အဓိကကျတဲ့ နျူကလီးယားနဲ့ စစ်ရေးအခြေခံအဆောက်အအုံတွေကို အပြင်းအထန် ထိုးနှက်ခဲ့ပါတယ်။ အီရန်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်ပိုင်းပါ ထိခိုက်သွားခဲ့ပေမဲ့ အီရန်ဘက်က တုံ့ပြန်ပုံကတော့ သမားရိုးကျမဟုတ်တဲ့ Asymmetric Warfare (အချိုးမညီစစ်ပွဲ) ပုံစံကို ပြောင်းလဲကျင့်သုံးလာပါတယ်။

အထူးသဖြင့် ဒရုန်း (UAV) အုပ်စုတွေနဲ့ ပဲ့ထိန်းဒုံးကျည်တွေကို အသုံးပြုပြီး ဒေသတွင်းက အမေရိကန်စခန်းတွေသာမက GCC နိုင်ငံတွေရဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေကိုပါ ပစ်မှတ်ထားလာတာဟာ စစ်ပွဲရဲ့ နယ်ပယ်ကို ပိုမိုကျယ်ပြန့်စေခဲ့ပါတယ်။

ဟော်မုဇ်ရေလက်ကြားနှင့် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်အကျပ်အတည်း

ဒီပဋိပက္ခရဲ့ အဆိုးရွားဆုံး အချက်ကတော့ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) လုံးဝနီးပါး ပိတ်ဆို့သွားတာပါပဲ။ တစ်နေ့ကို ရေနံစည်ပေါင်း သန်း ၂၀ လောက် စီးဆင်းနေတဲ့ ဒီရေလမ်းကြောင်း ပိတ်သွားတာကြောင့် Brent ရေနံစိမ်းဈေးဟာ တစ်စည်ကို ၁၁၆ ဒေါ်လာအထိ ထိုးတက်သွားခဲ့ပါတယ်။

ဒါတင်မကသေးဘဲ ဥရောပက မှီခိုနေရတဲ့ ကာတာနိုင်ငံရဲ့ LNG တင်ပို့မှုတွေပါ ထိခိုက်လာတာကြောင့် သဘာဝဓာတ်ငွေ့ဈေးနှုန်းတွေဟာလည်း ပုံမှန်ထက် နှစ်ဆကျော် မြင့်တက်သွားပါတယ်။ ဤအချက်က ဘာကိုပြနေလဲဆိုရင် ကမ္ဘာ့စွမ်းအင်လုံခြုံရေးဟာ ရေကြောင်းအချက်အချာ တစ်နေရာတည်းအပေါ်မှာ ဘယ်လောက်အထိ ထိခိုက်လွယ်နေသလဲဆိုတာကို သတိပေးခေါင်းလောင်း ထိုးလိုက်တာပါပဲ။

ပထဝီစီးပွားရေးနှင့် အင်အားကြီးနိုင်ငံများ၏ အားပြိုင်မှု

ဒီနေရာမှာ စိတ်ဝင်စားစရာကောင်းတာက တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်ပါ။ တရုတ်ဟာ စွမ်းအင်စီးဆင်းမှု တည်ငြိမ်ရေးကို အလိုရှိပြီး အမေရိကန်ရဲ့ အင်အားသုံးဖြေရှင်းမှုကိုတော့ သဘောမတူပါဘူး။ ဒီအကျပ်အတည်းကြောင့်ပဲ အနောက်အုပ်စုရဲ့ ငွေကြေးစနစ်အပေါ် မမှီခိုတဲ့ CIPS လိုမျိုး နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုစနစ်တွေကို အရှိန်အဟုန်နဲ့ တည်ဆောက်လာကြပါတယ်။ ဒါဟာ ရေရှည်မှာ Petrodollar စနစ်ကိုပါ စိန်ခေါ်လာနိုင်တဲ့ အနေအထားပါ။ Petroyuan ဖြစ်လာနိုင်ပါတယ်။

သုံးသပ်ချက်

လက်ရှိမှာတော့ မတ်လ ၂၃ ရက်နေ့ကစပြီး ယာယီအပစ်ရပ်ထားတဲ့ ၅ ရက်တာကာလဟာ အလွန်အရေးကြီးပါတယ်။ ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်နိုင်ဖို့ သံတမန်ရေးအရ ကြိုးပမ်းနေကြပေမဲ့ အရှေ့အလယ်ပိုင်းရဲ့ လုံခြုံရေးပုံစံကတော့ အရင်လို ဘယ်တော့မှ ပြန်ဖြစ်မှာမဟုတ်တော့ပါဘူး။

နိုင်ငံကြီးတွေအနေနဲ့ အနာဂတ်မှာ စွမ်းအင်လမ်းကြောင်းတွေကို ခွဲထုတ်ဖို့ (Diversification) လုပ်ဆောင်လာကြပါလိမ့်မယ်။ ဟော်မုဇ်ရေလက်ကြားကို ရှောင်ကွင်းနိုင်မယ့် ပိုက်လိုင်းတွေနဲ့ ရေလမ်းကြောင်းသစ်တွေကို အသည်းအသန် ရှာဖွေလာပါလိမ့်မယ်။ The Northern Sea Route (NSR) ရဲ့ အရေးပါမှုကလည်း ပိုမို ထင်ရှား လာပါလိမ့်မယ်။

နည်းပညာမြင့် စစ်လက်နက်များနဲ့ ပတ်သက်ပြီးလည်း မျက်မှောက်ခေတ် စစ်မြေပြင်အခြေအနေဟာ ပြောင်းလဲသွားပြီ ဖြစ်တဲ့အတွက် ဒရုန်းနဲ့ ဒုံးကျည်ကာကွယ်ရေးစနစ်တွေအတွက် ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုမြင့်တက်လာပါလိမ့်မယ်။

ဒေါက်တာနိုင်ဆွေဦး
#NaingSweOo
[26032026]
👍10❤6