ThayNinGa Institute
1.94K subscribers
3.56K photos
197 videos
43 files
52 links
Official Channel of TISS
Download Telegram
👍7❤1
Forwarded from Dr. Naing Swe Oo
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ
ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေ
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဥပဒေ အမှတ်၊ ၃ / ၂၀၂၆
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၂ ရက်
( ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက် )
👍6❤2
Forwarded from Dr. Naing Swe Oo
Media is too big
VIEW IN TELEGRAM
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီ အတွင်းရေးမှူး H.E.Mr. Sergey SHOIGU ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံသည်။ နေပြည်တော်၊ ဖေဖော်ဝါရီလ ၃ ရက်
👍4❤1
Forwarded from Dr. Naing Swe Oo
This media is not supported in your browser
VIEW IN TELEGRAM
ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူး မစ္စတာ ဆာဂေးရွှိုင်းဂူ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ သူရဲကောင်းဗိမာန်(နေပြည်တော်)သို့ သွားရောက် ဂုဏ်ပြုပန်းခြင်းချ အလေးပြုသည်။ နေပြည်တော်၊ ဖေဖော်ဝါရီလ ၃ ရက်
❤6👍1
ရုရှားနိုင်ငံက ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံပေါင်း (၃၀) သို့ ဒေါ်လာ (၁၅) ဘီလီယံတန်ဖိုးရှိ လက်နက်များ တင်ပို့ခဲ့ကြောင်း အတည်ပြုခြင်း

အဓိကအချက်များ

- ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံပေါင်း (၃၀) ကျော်သို့ လက်နက်များ တင်ပို့ရောင်းချခဲ့ပြီး ဝင်ငွေ ဒေါ်လာ (၁၅) ဘီလီယံကျော် ရရှိခဲ့ကြောင်း သမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့သည်။
- အာဖရိကဒေသမှ မှာယူမှုများနှင့် လေကြောင်းဆိုင်ရာ စနစ်များမှာ မှာယူမှုအများဆုံး ကဏ္ဍများ ဖြစ်လာပြီး၊ စစ်ဘက်ဆိုင်ရာ ပို့ကုန်များ တိုးမြှင့်ရန်အတွက် ၂၀၂၆ ခုနှစ် စီမံကိန်းကို ကရင်မလင်နန်းတော်က အတည်ပြုခဲ့သည်။

ရုရှားနိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် နိုင်ငံပေါင်း (၃၀) ကျော်သို့ စစ်ဘက်ဆိုင်ရာ ထုတ်ကုန်များ ပေးပို့ခဲ့ပြီး လက်နက်တင်ပို့ရောင်းချမှုမှ နိုင်ငံခြားငွေ ဒေါ်လာ (၁၅) ဘီလီယံကျော် ရရှိခဲ့ကြောင်း သမ္မတ ဗလာဒီမာပူတင်က နိုင်ငံခြားတိုင်းပြည်များနှင့် စစ်ဘက်-နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် အစည်းအဝေးတွင် ဇန်နဝါရီ ၃၀ ရက်နေ့က ပြောကြားခဲ့သည်။

အစည်းအဝေးတွင် ပူတင်က ရုရှား၏ စစ်ဘက်-နည်းပညာ ပူးပေါင်းဆောင်ရွက်မှုစနစ်သည် မော်စကို၏ မိတ်ဖက်များအပေါ် ကာကွယ်ရေးကုန်သွယ်မှု ပျက်ပြားစေရန် ရည်ရွယ်သည့် အနောက်နိုင်ငံများ၏ ဖိအားများ တိုးလာသော်လည်း ဆက်လက်လည်ပတ်နေကြောင်း ပြောဆိုခဲ့သည်။

"လွန်ခဲ့တဲ့ကာလတွေမှာ စစ်ဘက်-နည်းပညာ ပူးပေါင်းဆောင်ရွက်မှုစနစ်ဟာ ခက်ခဲတဲ့ အခြေအနေတွေကြားက ဆက်လက်လည်ပတ်ခဲ့တယ်ဆိုတာ ကျွန်တော် သတိပြုမိပါတယ်" ဟု ပူတင်က ပြောသည်။ "ရုရှားနဲ့ စီးပွားရေးအဆက်အသွယ်တွေကို နှေးကွေးစေဖို့နဲ့ ပိတ်ဆို့ဖို့ ကျွန်တော်တို့ရဲ့ မိတ်ဖက်တွေအပေါ် အနောက်နိုင်ငံတွေရဲ့ ဖိအားပေးမှုတွေဟာ ရှိနေရုံတင်မကဘဲ တိုးလာနေပါတယ်။"

သို့သော်လည်း ရုရှား၏ ပို့ကုန်စာချုပ်များကို မျှော်မှန်းထားသည့်အတိုင်း အများအားဖြင့် ပြီးမြောက် အောင်မြင်ခဲ့ကြောင်း ပူတင်က ပြောကြားခဲ့သည်။

"ပြီးခဲ့တဲ့နှစ်က ရုရှားစစ်ဘက်ထုတ်ကုန်တွေကို နိုင်ငံပေါင်း (၃၀) ကျော်ဆီ ပေးပို့နိုင်ခဲ့ပြီး နိုင်ငံခြားငွေဝင်ငွေ ဒေါ်လာ (၁၅) ဘီလီယံကျော် ရရှိခဲ့ပါတယ်" ဟု သူက ဆိုသည်။

ပူတင်၏ အဆိုအရ ဤဝင်ငွေများသည် ရုရှားနိုင်ငံအနေဖြင့် ကာကွယ်ရေးစက်မှုလုပ်ငန်းများကို ခေတ်မီအောင် ဆောင်ရွက်ခြင်း၊ ထုတ်လုပ်မှုစွမ်းရည် တိုးချဲ့ခြင်းနှင့် အနာဂတ် သုတေသနအစီအစဉ်များကို ဘဏ္ဍာငွေ ထောက်ပံ့ခြင်းတို့ ပြုလုပ်နိုင်စေသည်။

ကာကွယ်ရေးပစ္စည်းစက်ရုံများမှ ထုတ်လုပ်မှု အများစုသည် စစ်ဘက်ဆိုင်ရာ စနစ်များအပြင် အရပ်ဘက်သုံး ထုတ်ကုန်များလည်း ပါဝင်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ရုရှားသမ္မတက ပြီးခဲ့သည့်နှစ်အတွင်း ပို့ကုန်အမှာစာအသစ် အများအပြား ရရှိခဲ့ကြောင်းနှင့် အစည်းအဝေးတွင် အတည်ပြုခဲ့သည့် ၂၀၂၆ ခုနှစ် စီမံကိန်းအရ ပို့ကုန်ပမာဏများ ထပ်မံမြင့်တက်လာရန် ရှိကြောင်းလည်း ပြောကြားခဲ့သည်။

"ဒီနေ့ ကျွန်တော်တို့ အပြီးသတ် အတည်ပြုလိုက်တဲ့ ၂၀၂၆ ခုနှစ် စီမံကိန်းနဲ့အညီ စစ်ဘက်ဆိုင်ရာ ပို့ကုန်ပမာဏတွေ တိုးလာမှာဖြစ်ပါတယ်" ဟု ပူတင်က ပြောသည်။

ရုရှားနိုင်ငံသည် လက်ရှိတွင် နိုင်ငံပေါင်း (၁၄) နိုင်ငံနှင့် ပူးတွဲ စစ်ဘက်-နည်းပညာ စီမံကိန်း (၃၄၀) ကျော်ကို အကောင်အထည်ဖော်နေကြောင်း သို့မဟုတ် ရေးဆွဲနေကြောင်း ကရင်မလင် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဤအစီအစဉ်များတွင် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် လက်ရှိလက်နက်များကို တိုးတက်ကောင်းမွန်စေပြီး ကမ္ဘာ့ဈေးကွက်အတွက် ရည်ရွယ်သည့် စနစ်သစ်များ ပေါ်ထွက်လာစေမည်ဖြစ်ကြောင်း ပူတင်က ပြောကြားခဲ့သည်။

ရုရှားတာဝန်ရှိသူများက နိုင်ငံအလိုက် ပေးပို့မှုစာရင်းအင်းကို ထုတ်ပြန်ခြင်း မရှိသော်လည်း တရားဝင်သတင်းရင်းမြစ်များမှ ရရှိသော ကုန်သွယ်မှုအချက်အလက်များနှင့် ကာကွယ်ရေးဆိုင်ရာ အစီရင်ခံစာများအရ ၂၀၂၂ ခုနှစ်မှစ၍ ရုရှား၏ လက်နက်တင်ပို့မှု ပထဝီဝင်အနေအထား ပြောင်းလဲသွားကြောင်း ညွှန်ပြနေသည်။ အထူးသဖြင့် နိုင်ငံတကာ ပိတ်ဆို့အရေးယူမှု ခံထားရသော သို့မဟုတ် အနောက်တိုင်း ကာကွယ်ရေးပစ္စည်းများ ရရှိရန် အခက်အခဲရှိသော အာဖရိကနိုင်ငံများသည် ယခုအခါ ရုရှား၏ ရောင်းချမှုတွင် ဝေစုပိုမို ရယူလာကြသည်။

စက်မှုလုပ်ငန်းဆိုင်ရာ အချက်အလက်များအရ ရုရှား၏ ပို့ကုန်အမှာစာ ပုံစံတွင်လည်း ပြောင်းလဲမှုများ ရှိနေကြောင်း ပြသနေသည်။

တိုက်လေယာဉ်များ၊ အမောင်းသင် လေ့ကျင့်ရေးဂျက်တိုက်လေယာဉ်များ၊ မောင်းသူမဲ့လေယာဉ်များ (UAVs) နှင့် အာကာသဆိုင်ရာ ဝန်ဆောင်မှုများ အပါအဝင် လေကြောင်းဆိုင်ရာ စနစ်များသည် ယခုအခါ စာချုပ်များ၏ ကြီးမားသော အစိတ်အပိုင်း ဖြစ်လာသည်။ တစ်ချိန်တည်းမှာပင် သံချပ်ကာယာဉ်များနှင့် ဒုံးကျည်စနစ်များ တင်ပို့မှုသည် စစ်မဖြစ်မီ အဆင့်များနှင့် နှိုင်းယှဉ်ပါက သိသိသာသာ ကျဆင်းသွားသည်။
👍4❤2
ရုရှားနိုင်ငံသည် ပြည်တွင်းစစ်ဘက် လိုအပ်ချက်များအတွက် ကာကွယ်ရေးထုတ်လုပ်မှုကို ဦးစားပေးနေစဉ်မှာပင် ပြည်ပတွင် ဝင်ငွေနှင့် သြဇာလွှမ်းမိုးမှု ရရှိစေမည့် ပို့ကုန်လုပ်ငန်းများကို ထိန်းသိမ်းထားချိန်၌ ဤအစည်းအဝေးကို ကျင်းပခဲ့ခြင်း ဖြစ်သည်။ ပြည်ပရောင်းချမှုများသည် ၎င်း၏ ကာကွယ်ရေးစက်မှုလုပ်ငန်းကို ထောက်ပံ့ရန်နှင့် ရေရှည် စက်မှုစွမ်းရည်အတွက် ဘဏ္ဍာငွေ ရှာဖွေရာတွင် မဟာဗျူဟာမြောက် ကိရိယာတစ်ခုအဖြစ် ဆက်လက်ရှိနေကြောင်း မော်စကိုက အကြိမ်ကြိမ် ပြောကြားခဲ့သည်။
ဒေါက်တာနိုင်ဆွေဦး
#NaingSweOo
[05022026]
ကိုးကား
- Russia confirms $15B arms exports to 30 countries, Dylan Malyasov, Defence Blog, February, 2026
👍11❤2
အမေရိကန်ရေတပ်နှင့် A-10 Warthog တိုက်ခိုက်ရေးလေယာဉ်များ ပူးတွဲပစ်ခတ်မှု လေ့ကျင့်ခန်း ပြုလုပ်ခြင်း

အမေရိကန်တပ်မတော် အလယ်ပိုင်းကွပ်ကဲမှု ဌာနချုပ်၏ ရေတပ်ဖွဲ့နှင့် အမှတ် (၅) ရေတပ်တော်တို့၏ တနင်္ဂနွေနေ့က ထုတ်ပြန်ချက်အရ Independence အတန်းအစား ကမ်းလွန်တိုက်ခိုက်ရေး ရေယာဉ် USS Santa Barbara (LCS 32) ပေါ်မှ ရေတပ်သားများသည် ပြီးခဲ့သည့်အပတ်က အာရေးဘီးယားပင်လယ်ကွေ့အတွင်း ကျည်စစ်ကျည်မှန်ဖြင့် ပစ်ခတ်မှုလေ့ကျင့်ခန်းတွင် ပါဝင်ခဲ့ကြောင်း သိရသည်။ အဆိုပါလေ့ကျင့်ခန်းတွင် "Warthog" ဟု လူသိများသော အမေရိကန်လေတပ်မှ A-10 Thunderbolt II တိုက်လေယာဉ်များက အနီးကပ်လေကြောင်းပစ်ကူ ပေးခဲ့သည်။

စစ်ဌာနချုပ်၏အဆိုအရ Exercise Killer Tomato ဟုခေါ်သော ဤလေ့ကျင့်ခန်းကို အလယ်ပိုင်းကွပ်ကဲမှု ဌာနချုပ်၏ လေတပ်ဖွဲ့ (U.S. Air Forces Central Command) က ဦးဆောင်ကာ CENTCOM ၏ စိုးမိုးနယ်မြေအတွင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

လေ့ကျင့်ခန်းတွင် Independence အတန်းအစား ကမ်းလွန်တိုက်ခိုက်ရေးရေယာဉ်၏ ရေပြင်ပစ်ခတ်မှုနှင့် A-10 လေယာဉ်များ၏ အကြိမ်ရေများစွာ အနီးကပ် ပစ်ကူပေးမှုတို့ကို ပေါင်းစပ်ကာ ရေကြောင်းနှင့် လေကြောင်း ပူးပေါင်းပစ်ခတ်မှုများကို လေ့ကျင့်ခဲ့ကြသည်။

A-10 တိုက်လေယာဉ်များအား အနီးကပ်လေကြောင်းပစ်ကူပေးကဏ္ဍအတွက် အထူးတီထွင် ထုတ်လုပ်ထားခြင်း ဖြစ်ပြီး အနိမ့်ပျံသန်းကာ ပစ်မှတ်ပေါ်တွင် အချိန်ကြာရှည်စွာ နေနိုင်စွမ်းရှိသောကြောင့် အခြားလေယာဉ်များထက် ပိုမိုအသုံးပြုခဲ့ခြင်းဖြစ်သည်ဟု ရေတပ်အလယ်ပိုင်းစစ်ဌာနချုပ်က ပြောကြားသည်။ ၎င်း၏ အချိန် ကြာရှည်စွာ ပျံသန်းနိုင်မှု၊ မြေပြင်အဖွဲ့များနှင့် တိုက်ရိုက်ဆက်သွယ်နိုင်မှုနှင့် ပစ်မှတ်ကို မျက်မြင်အတည်ပြုနိုင်မှုတို့ကြောင့် အမြန်နှုန်းထက် ပူးပေါင်းဆောင်ရွက်မှုကို အလေးပေးသည့် ပူးတွဲလေ့ကျင့်ခန်းများတွင် အသုံးများခြင်း ဖြစ်သည်။

ဤလေ့ကျင့်ခန်းသည် ရေပြင်ပစ်ခတ်မှုစွမ်းရည် တိုးတက်စေရန်နှင့် လေကြောင်း-ရေကြောင်း ပူးပေါင်းဆောင်ရွက်မှုနှင့် တိုက်ပွဲဝင်အသင့်ရှိမှုကို အားကောင်းစေရန် ရည်ရွယ်သည်။ A-10 လေယာဉ်များ အကြိမ်များစွာ ပါဝင်ခြင်းကြောင့် ရေယာဉ်အဖွဲ့သားအနေဖြင့် ကွပ်ကဲမှုစနစ်များ၊ အချိန်ကိုက်ဆောင်ရွက်မှုများနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်မှုအတွက် အထူးထုတ်လုပ်ထားသည့် လေယာဉ်များနှင့် ဆက်သွယ်ရေးနည်းလမ်းများကို လေ့ကျင့်ခွင့်ရခဲ့သည်။

USS Santa Barbara သင်္ဘောသည် အရှေ့အလယ်ပိုင်းဒေသ ရေကြောင်းလုံခြုံရေးနှင့် တည်ငြိမ်ရေးကို အထောက်အကူပြုရန် အမေရိကန် အမှတ် (၅) ရေတပ်တော် နယ်မြေအတွင်း တာဝန်ထမ်းဆောင်နေခြင်းဖြစ်သည်။ ၎င်း၏ တာဝန်များတွင် ရေပြင်စစ်ဆင်ရေးနှင့် အမေရိကန်၏ မဟာမိတ်အင်အားစုများနှင့်အတူ ရေကြောင်းလုံခြုံရေးလုပ်ငန်းများ ပါဝင်သည်။

A-10 Thunderbolt II သည် အာရုံခံကိရိယာများ၊ စက်အမြောက်နှင့် တိကျပဲ့ထိန်း ခဲယမ်းများကို အသုံးပြု၍ တိုက်ပွဲဝင်နေသော တပ်ဖွဲ့များအား အနီးကပ်လေကြောင်း ပစ်ကူပေးရန် ဒီဇိုင်းထုတ်ထားခြင်းဖြစ်သည်။ Killer Tomato ကဲ့သို့သော လေ့ကျင့်ခန်းများတွင် ၎င်းကို ဆက်လက်အသုံးပြုနေခြင်းသည် ပစ်မှတ်ပေါ်တွင် အချိန် ကြာရှည်စွာရှိနေပေးရန်လိုအပ်ခြင်း၊ မျက်မြင်အတည်ပြုရန်လိုအပ်ခြင်းနှင့် လေကြောင်း ပစ်ကူတောင်းခံသည့် အဖွဲ့အစည်းများနှင့် တိုက်ရိုက်ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေများအတွက် ၎င်း၏ အရေးပါမှုကို ပြသနေခြင်းဖြစ်သည်။
ဒေါက်တာနိုင်ဆွေဦး
#NaingSweOo
[09022026]
ကိုးကား
- U.S. Navy conducts joint gunnery drill with A-10 Warthog, Colton Jones, The Defense Blog, February 8, 2026
👍6❤1
👍6❤2