မောင်သာဓူး
812 subscribers
4.98K photos
465 videos
2 files
279 links
"သစ္စာကိုအခြေခံ၊စည်းကမ်းကိုလမ်းညွှန်၊ဂုဏ်သိက္ခာကိုအသက်ရှင်စေသည်"
Download Telegram
ရေဘေးကြောင့် ပြည်သူတွေ အကူအညီလိုနေတဲ့အချိန်မှာတောင် ကယ်ဆယ်ရေးသွားတဲ့သူတွေကို အဆင့်ဆင့်စစ်ဆေး၊ တားဆီးနေတာတွေ ကြားရတယ်။

ဒီအခြေအနေက စစ်တပ်ဘက်က စိတ်မလုံခြုံမှု ဘယ်လောက်ရှိနေသလဲဆိုတာ ပေါ်လွင်စေပါတယ်။

ပြည်သူတွေ၊ ပရဟိတအသင်းတွေ၊ တော်လှန်ရေးရဲဘော်တွေ ရေဘေးအတွက် အတူတကွ လက်တွဲကူညီသွားမှာကို မလိုလားတာမျိုးပါ။

အခုလို အရေးပေါ်အချိန်မှာတော့ ဘယ်သူ့ဘက်၊ ဘယ်သူ့အဖွဲ့ဆိုတာထက် ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို အချိန်မီ ကူညီနိုင်ဖို့က ပိုအရေးကြီးတယ်လို့ မြင်ပါတယ်။
Crd OATLAS
👍3💩1
“.. ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းချက်နဲ့ ကစ္ဆပနဒီမြစ်ထဲက ၉၁၂​ယောက်..."

🔳
စစ်လော်ဘီတွေ ဒေါပွနေတဲ့ “ကစ္ဆပနီမြစ်ထဲက 8/2/2024 ရက်နေ့ ၉၁၂ ယောက်ကို လုံးဝ မမေ့” ကိစ္စကို ကျွန်တော်ကိုယ့်​တွေ့ ဖြစ်ရပ်နဲ့ ပြောပြချင်ပါတယ်..။ ရခိုင်နဲ့ ဗမာကို လူမျိုး​ရေး အမုန်းတရားသွင်းပြီး ဖြစ်နိုင်ရင် ရခိုင်ကို လူမျိုးတုန်း သတ်လို့ရ​အောင်ထိ ဝါဒဖြန့်​နေတဲ့ ကိစ္စပါ။ ​လော်တာကလည်း မျက်စိ​နောက်​လောက်​အောင် လွန်လာတယ်..။

ရခိုင်​လူတွေအများစုက ဗမာလူမျိုးကို မကြိုက်တာ မဟုတ်ဘူး ဒီမအလ စစ်တပ်ကို ဗိုလ်ကျအုပ်ချုပ်တာကို မကြိုက်တာက တစ်ရာမှာ တစ်ရာ့ငါးဆယ် ရာခိုင်းနှုန်း ပိုပါတယ်။ အနည်းစုက​တော့ ကြိုက်လို့လည်း မအလနဲ့ ​ပေါင်း​နေသူ​တွေ ရှိ​သေးတယ်။ ဒါက စကားချပ်ပါ။

ဖြစ်စဥ် အစ အဆုံးကို ကျွန်တော် အတိုင်းအတာတစ်ခုထိ မှီလိုက်တယ်..။ အခွင့်ကြုံရင် နောက်ပိုင်းမှာ သီးသန့် စာရေးဖို့ ​တေးထားတဲ့ ကိစ္စလည်းဖြစ်တယ်..။

🔳
အခုတော့ ကျွန်တော်တို့ ချစ်စနိုးနဲ့ ခေါ်ကြတဲ့ “မအလ” က ရခိုင်ပြည်ကို ပထမတုန်းက စစ်ရေတပ်နဲ့ ထိန်းချုပ်နိုင်မယ်လို့ တွက်ဆခဲ့တယ်..။ သူ့တွက်ဆချက်က တပ်မတော်ရေတပ်ဟာ တိုက်ပွဲ မဝင်ဖူးသေးဘူး..။ ရခိုင်က ကမ်းရိုးတန်း​ဒေသဖြစ်​တော့ ​​ရေတပ်ဟာ အလုပ်ဖြစ်မယ်လို့ ယူဆပုံရတယ်။ အဲဒီကာလက ရုရှ​ရေတပ်နဲ့ ​​လေ့ကျင့်လိုက်။ အိန္ဒိယနဲ့ ​လေ့ကျင့်လိုက်။ တရုတ်နဲ့ ​လေ့ကျင့်လိုက်။ ဟုတ်​နေ​ရော။ အား​မွေးလိုက် အလှဆင်လိုက် ဓါတ်ပုံရိုက်လိုက် ဆိုပါ​တော့။ မတို့ရ မထိရ​သေးတဲ့ အင်အားပြည့်နေတဲ့ ​ရေတပ်ဖြစ်တယ်..။ ဖြစ်ခဲ့သမျှ စစ်ပွဲတွေကလည်း ကုန်တွင်းပိတ်တွေဆိုတော့ ရေတပ်သင်္ဘောတွေက တိုက်ပွဲ မဝင်ရသေးဘူး..။ အမှန်ပြောရရင် ချိုတမြမြ ဂျိုတကြွကြွဆိုပါတော့..။

🔳
အဲဒီတုန်းကလည်း မင်းတို့ ရခိုင်ကို အေးဆေးပါ..။ အေအေဆိုတာ သူတို့အတွက် ဓာတ်ခဲထက်တော့ နည်းနည်းသာနေပြီ ဒါပေမယ့် ဘတ္ထရီအိုးအဆင့်လောက်ပဲ ထင်နေသေးတဲ့ အချိန်..။ ဒိုင်န​မော်တာ အဆင့်လို့ မသတ်မှတ်ချင်း​သေး။ ရေတပ်နဲ့ ထိန်းထားလို့ ရပါတယ်ကွာ..ဆိုတဲ့ အကွက်မျိုး ချိုးခဲ့ကြတယ်..။ အမှန်လည်း ဟုတ်တယ်လို့ ပြောရမယ်..။ 16/11/2023ရက်နေ့ ပေါက်တောမြို့စစ်ပွဲ စတင်တယ်..။ အဲဒီတုန်းက ပေါက်တောမြို့ကို ဝီရဌာနီမြို့လို့ နာမည် မပြောင်းရသေးသလို “အာရက္ခတပ်တော်” လည်း “ရက္ခိုင်တပ်တော်”လို့ သုံးစွဲတုန်း..။

🔳
အဲဒီ ​ပေါက်​တောမြို့ တိုက်ပွဲတုန်းက စစ်အင်အားကို ရေတပ် သင်္ဘောနဲ့ လာလိုက်.. ပေါက်တောမြို့ဘက်ကို အင်အားဖြည့်လိုက်..။ သင်္ဘောပေါ်က ပစ်ကူပေးလိုက်နဲ့ အာရက္ခတပ်တော်ကလည်း သင်္ဘောကို ကောင်းကောင်း မပစ်နိုင်သေးဘူး..။ ပစ်​တော့ ပစ်တယ် မထိ​ရောက်​သေး။ ဒီလိုနဲ့ ရေတပ်က အကောင်တွေက ပျော်ပျော်ကြီး အထင်တွေ ဇွတ်ကြီးပြီးတော့ ပေါက်တောမြို့ကို ပျော်ပျော်ကြီး တက်ကြိတ်လိုက်တာ .. ပေါက်တောမြို့ခဗျာမှာလည်း ဖွတ်ဖွတ်ကို ကြေလို့..။

🔳
အာရက္ခစစ်သည်တော်တွေကလည်း ရသလို ကြံကြ ဖန်ကြ..။ ညာဏ်နီ ညာဏ်နက် ညာဏ်ဝါ အမျိုးမျိုးနဲ့ ကြံဆခဲ့ကြတယ်..။ သင်္ဘောကို တခါတလေ RPG နဲ့ လှမ်းထုတာတောင် ဟိုကလည်း ဝဲသီးကုတ်ခံတာလောက်ပဲ ရှိတော့ အေးဆေးပေါ့..။ “တာ တာ့”တောင်ပြသေးတယ်..။ စစ်တွေမြို့နဲ့ ပေါက်တောမြို့ကို အေး​အေး​ဆေးဆေး မာမာအေး ဆိုပါတော့..။ အာရက္ခတပ်တော်ဘက်ကလည်း ဒေါတွေ ကီးပြီး ဘာမှ မတတ်နိုင်..။ ကြံစမ်း..။ နောက်ပိုင်းတော့ သင်္ဘောကို မမြုတ်နိုင်တဲ့ အာရက္ခတပ်တော်ကတော့ အကြောတွေ နပ်လာခဲ့တယ်..။ နောက်ဆုံး သင်္ဘောတွေက ရေထဲကို မမြုတ်နိုင်ပေမယ့် ကုန်ပတ်ကို ဒေါက်တင်​အောင် လုပ်ခဲ့ရတယ်..။ ရေမချနိုင်တဲ့ သင်္ဘောတွေ ရှိ​အောင် လုပ်လာနိုင်တယ်..။

🔳
ဒီကြားထဲ အာရက္ခတပ်တော်က စစ်သင်္ဘောကို မနစ်မြုတ်နိုင်ဘူးကွာ ဆိုတဲ့ ဘဝင်တွေ လေဟတ်ပြီးတော့ ကစ္ဆပနီမြစ်ကို အဆီးအတားမရှိ စစ်တွေ to ကျောက်တော်မြို့အခြေစိုက် စကခ၉ ကို ပျော်ပျော်ကြီး တက်သွားလိုက်..။ ဆင်းလာလိုက်နဲ့..။ တက်လာသမျှ သင်္ဘော်​တွေကလည်း မြစ်တလျောက်လုံး ဘေးဘီ ဝဲယာက ရွာတွေကို လက်နက်ကြီး နက်ငယ် အသွယ်သွယ်နဲ့ လက်တည့်စမ်းပစ်ခတ်သွားကြတယ်..။ ပြည်သူတွေမှာ သင်္ဘောလို့ အသံကြားရင် ပြေးတော့ပဲ..။ အခု လေယဥ်လာသလိုပဲ အသံကြားရင် ဗုံးခိုကျင်းဝင်ရသလိုမျိုး..။ စိမ်းပြေးတမ်း ကစားရသလိုမျိုး ပျော်ပျော်ကြီး ပြေးရတယ်..။ သင်္ဘောက ဝင်လာလိုက်.. အာရက္ခတပ်တော်ဘက်ကလည်း လိုက်ပစ်လိုက်..။ ဟိုက အေးဆေးပဲ..။

🔳
ဒီလိုနဲ့ ပလက်ဝမြို့သိမ်း စစ်ပွဲက​နေ ကျောက်တော်မြို့သိမ်းတိုက်ပွဲဘက်ကို ကူးလာတယ်။ စစ်ပွဲက ပြင်းထန်လာတယ်..။ စကခ၉ ကို အာရက္ခတပ်တော်က အားနဲ့ ဝင့်ဆောင့်တော့ ခံနိုင်ရိုးလား ဒဿ..။ နောက်ဆုံး စစ်ရှုံးတော့ စကခ၉ မှူး၊ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ( ဇော်မဲလုံးနဲ့တောင် နာမည်က တူလိုက်သေးတယ်) ဦးဆောင်ပြီး သင်္ဘောနဲ့ ပြေးတာပေါ့..။ ဒီ​ကောင်လည်း ​လေယဥ်ပစ်ကူကို ​ဖော​ဖောသီသီ​ခေါ်နိုင်စွမ်းရှိတယ်။ စစ်ပွဲဖြစ်နေတုန်းမှာလည်း မကြာခဏဆိုသလို စစ်သင်္ဘောတွေနဲ့ လာပြီးတော့ အင်အား လာဖြည့်ပေးသေးတယ်..။ လက်နက် အင်အား၊ လူအင်အားဆိုပါတော့..။
🔳
သူတို့ကလည်း သင်္ဘောအားကိုးနဲ့ အေအေဆို တနားဒယ်ပေါ့..။ ဒီကလည်း ဘယ်ရမလဲ..။ လောင်းမရရင် တက်နဲ့ လှော်မယ်..။ မရရင် ရတဲ့ ပုံစံနဲ့ ဖက်ကိုက်မယ်ဆိုတဲ့ လူတွေပဲ..။ ​နောက်ဆုံး စကခ၉ ရှုံး​တော့ သင်္ဘောသုံးစင်းနဲ့ စကခ၉ ကနေထွက်ပြေးပါ​လေ​ရော။ ထွက်​ပြေးတဲ့ အချိန်မှာလည်း လာလိုက်တဲ့ လေယဥ်..။ ဂျက်၊ Y12 အပြင် စစ်တွေမြို့က ဒုံးတွေ၊ ဘူးသီးတောင်မြို့ အခြေစိုက်တပ်ရင်းတွေက ဒုံးလက်နက်တွေ မြစ်ကမ်းဘေးက ရွာကို တိုက်ရိုက်ပဲ..။ ကစ္ဆပနဒီ ဘေးဘီဝဲယာက ရွာတွေ ဘယ် ပြည်သူ နေရဲမလဲ..။ အကုန်လုံး ပြေးပဲ..။ အကုန်လုံး စစ်ဘေးရှောင်ပဲ..။ ဟို..ကျော်မျိုးမင်းတို့လို လဒတွေ ပြောသလို သင်္ဘောက အ​ကောင်​တွေကို သတ်ဖို့ မပြောနဲ့ သူတို့ သင်္ဘောတွေက လက်နက်ပစ်တာနဲ့ လေယဥ်နဲ့ ပစ်တာနဲ့ ပြည်သူတွေမှာ ဖဝါးနဲ့ တင်သား တသားတည်း ပြေးပဲ..။ ဘယ်လို ​နေရဲမလဲ။ အဲဒါကိုပဲ ရွာသားတွေက သတ်သလို ဖြတ်သလို ဝါဒဖြန့်တာလည်း နင့်အမေလွှားပဲ..။

🔳
ကျောက်ဖြူရွာ၊ နေပူခံရွာ၊ အပေါက်ဝရွာတွေဆိုရင် လေယဥ်နဲ့ ဆော်လို့ ရွာတဝက်လောက်ကို ပျက်လို့ပဲ..။ ကျွန်တော်တောင် ဓာတ်ပုံရိုက်ထားတာ ရှိတယ်..။ စကားက ဘယ်ရောက်သွားလဲ မသိ..။ ဟုတ်ပြီး..။ ချစ်စရာကောင်းတဲ့ ဇော်မင်းထွန်းကြီးက သင်္ဘောဝမ်းထဲမှာ အေးဆေး..။ အပေါ်က အကောင်တွေသာ အေအေဘက်က ချတဲ့ ဒရုန်းစာ မိလိုက်..။ RPG စာ မိလိုက်နဲ့..။ မသာတွေ အကောင်လိုက်ကို ထပ်လို့..။ ဟိုကလည်း မခံဘူး..။ ဒီအကောင်တွေကလည်း လက်နက်တွေ ပေါတာကို..။ ပြန်ဆော်တာပေါ့..။ သူတို့ကလည်း ဆောင်းရာသီဆိုတော့ မဲမဲမြင်ရာကို ပစ်တာပဲ.။ ရွာတွေက အိမ်တိုင်း ကျဥ်းဆံမထိတဲ့ အိမ်မရှိဘူး..။

🔳
ဟို ပစ်..။ ဒီလို ပစ်နဲ့ နောက်ဆုံး သင်္ဘောကြီး ဗိုက်ပေါက်ပြီးတော့ 7/2/2024ရက်မှာ နှစ်စင်းမြုတ်ရော..။ ဒီ​ရှေ့မှာ တခါမှ မမြုတ်ဖူးတဲ့ သင်္ဘော​တွေ ဒီတခါ​တော့ မြုတ်ပြီ။ အမှန်က ကစ္ဆပနီမြစ်အလယ်မှာ ကျွန်းရှိတယ်.။ ဒီအကောင်တွေက လမ်းမကျွမ်းတာလည်း ပါပုံပေါက်တယ်..။ သင်္ဘောက အဲဒီကျွန်းမှာ တင်ရော့..။ ရှေ့လည်း သွားလို့မရ..။ နောက်လည်း ဆုတ်လို့ မရ..။ အေအေ အတွက် စိတ်ကြိုက်ဖြစ်သွားတာပေါ့..။ အဲဒီအချိန် ကောင်းကင်က လေယဥ်တွေက သုံးတဲ့ လက်နက်က အမျိုးမျိုးပဲ..။ မီးလောင်းဗုံးတွေကစ ပါတယ်..။ ​ရေထဲမှာ​တောင် မီးထ​တောက်တယ်တဲ့။ တစ်နေ့လုံး တစ်ညလုံး ပစ်ကြ ခတ်ကြနဲ့ နောက်တစ်နေ့ကျတော့ ဇော်မင်းထွန်းကြီး ပါလာတဲ့ သင်္ဘောလည်း လာရော့ အဲဒီအနားမှာပဲ ထပ်ပြီးတော့ ဖင်ပွင့်ပြီး ဗိုက်ပေါက်သွားရော့..။ ဘယ်လိုက ဘယ်လို အေအေဘက်က ဆော်ထည့်လိုက်မှန်းမသိ..။ သင်္ဘောကြီး စက်တွေ ပျက်ပြီး မြစ်ထဲမှာ ရေစုံမျောပေါ့..။

🔳
အေအေဘက်ကလည်း လက်နက်ချဖို့ အော်တယ်..။ ဇော်မင်းထွန်းကြီးကလည်း မချဖို့ တားတယ်..လို့ သိရတယ်..။ ဒီလိုနဲ့ နောက်ဆုံး သင်္ဘောက မြုတ်ပါလေရော..။ ဆောင်းရာသီဆိုတော့ အချိန်ကလည်း ညနေ ၆ နာရီလောက် ဖြစ်သွားတော့ ဝေခွဲရခက်..။ သင်္ဘောက ပျက်..။ ဒီဘက်မှာလည်း ရွာသားတွေ ထွက်ပြေးနေကြတော့ စက်လှေတွေ၊ လှေတွေ ဘယ်က ရမလဲ..။ လိုက်ရှာ..။ စစ်ပွဲကနေ ကူညီ ကယ်ဆယ်ရေးတွေကို ဖြစ်လို့..။ ဇော်မင်းထွန်းကြီးလည်း အဖမ်းခံ..။ ခွေးငယ်၊ ခွေးထီး၊ ခွေးမ စုံရော..။ ဖမ်း။ ထမင်းကျွေး..။ ဇော်မင်းထွန်းကြီးလည်း မိုက်ရော့ ဝန်ထမ်းလစာ သိန်းလေးသောင်းကို မီးချို့ခိုင်းလို့ ပိုက်ဆံတွေလည်း မီးလောင်း..။ ​ဇော်မင်းထွန်းကြီးနဲ့ ​နောက်လိုက် တသိုက်လည်း ​အေ​အေ ​ကျွေးတဲ့ ထမင်းကိုစားပြီး သုံ့ပန်ဘဝနဲ့ တရား​တွေ ရ​နေ​လောက်ပြီ။ သူတို့ ဝါဒဖြန့်သလို ၉၁၂​ယောက်ကို သတ်တာတို့ ဘာတို့က မျည်ရည်ရှုတာ။ ​နောက်ဆို တစ်ချူး​ပေးအုံ့မယ်။

🔳
ဒီလိုနဲ့ အေအေဘက်ကလည်း နောက်တစ်နေ့ 9/2/2024ရက်​နေ့မှာ သင်္ဘောပျက်ကြီး​ပေါ်မှာ ဓာတ်ပုံ လှလှတွေ ရိုက်ပြီးတော့ သတင်းထုတ်ပြန်..။ စစ်သင်္ဘောသုံးစင်းကို နစ်မြုတ်လိုက်ပြီးပေါ့..။ အောင်ပွဲကို မောင်းတီးပြီးတော့ ရှယ်တီးကြတာ..။ ဝှဲချဲ ​အောင်ပွဲခံကြတယ်။ လစ်ကုန်ပဲဆိုပါ​တော့..။ ဘုမသိ ဘမသိ ကျွန်တော်တောင်ပါလိုက်သေးတယ်..။

🔳
ကဲ ဒီနေရာမှာ ပြောချင်တာက ဇာတ်လိုက်ကျော် မင်းအောင်လှိုင်က ရခိုင်ပြည်မှာ ငါတို့ ရေတပ်နဲ့ ထိန်းလို့ မရတော့ဘူး..။ အခြေအနေ မဟန်ဘူးဆိုပြီးတော့ 8ရက်​နေ့ သင်္ဘောမြုတ်၊ ၉ရက်​နေ့မှာ ​အေ​အေဘက်က သတင်းထုတ်ပြန်တာကို အားကျပြီး​တော့ 10/2/2024ရက် ည ၈နာရီသတင်းမှာ “ပြည်သူ့စစ်မှုထမ်းဥပဒေကို အတည်ပြု ပြဌာန်း”ချက်ကို အတည်ပြုကြောင်း ကြော်ငြာသွားတာပဲ..။ ကဲ သဘောပါသလား..။ အဲဒါပဲ..။ ​ရေတပ်က စစ်ရှုံးလို့ ထုတ်ပြန်လိုက်ရတဲ့ အမိန့်ဖြစ်တယ်..။

​အေ​အေအတွက်က ​အောင်ပွဲ​နေ့။ ဟိုအ​ကောင်​တွေအတွက်က ကမ္ဘာပျက်တဲ့ ​နေ့ ဆိုပါ​တော့။

အခုတော့ ပေါ်တာဆွဲလို့ ကောင်းတဲ့ ဥပဒေ ဖြစ်သွားရော..။ အဲဒါကြောင်း ဒီကောင်တွေ ဒေါပွကြတာ..။ အခဲမ​ကျေတာလည်း မ​ပြောနဲ့။ ကဲ .. ဒီလောက်ဆိုရင် လိုရင်းရောက်ပြီး ထင်ပါတယ်..။

​ဝေဟင်​အောင်
2/10/206
❤5
“စစ်ကောင်စီ၏ ကြောက်မက်ဖွယ်ရာ ဝါဒဖြန့်ချီနည်း-
လုပ်ဇာတ်အတုဖန်တီးခြင်းဖြင့် အစုလိုက်အပြုံလိုက်လူသတ်မှုကို တရားဝင်အောင်လုပ်ခြင်း”

လွန်ခဲ့သော စက်တင်ဘာ ၂၈ ရက်နေ့၊ ကျောက်တော်အိန္ဒိ‌စျေးလူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွင် အပြစ်မဲ့ပြည်သူပေါင်း ၅၀ သေဆုံးခဲ့ပြီး၊ ၆၀ ခန့် ဒါဏ်ရာရရှိခဲ့သည်ကို ပြည်တွင်း၊ ပြည်ပ လေ့လောစောင့်ကြည့်သူမှလည်း စက်ဆုပ်ဖွယ်ရာ၊ ရင်နင့်ဖွယ်ရာ ယဉ်ကျေးသောလူ့ကမ္ဘာတွင် လက်ခံ၍ မရသောလုပ်ရပ်အဖြစ် တစ်ဦးတစ်ညွတ်တည်းနှင့် ဝေဖန်၊ ရှုတ်ချခဲ့ကြသည်။ သို့သော် ကျူးလွန်သူ အကြမ်းဖက်စစ်တပ်ဖက်မှ တရားဝင်ထုတ်ဖော်ပြောကြားချက်အား ယနေ့အချိန်ထိ မတွေ့ရသေးပေ။ ယင်းအစား ၎င်းတို့ကို ထောက်ခံသူ၊ နောက်လိုက်နောက်ပါများမှသာ ပုံစံအမျိုးမျိုးဖြင့် ဝါဒဖြန့်ချီပြောဆိုနေပြီး၊ အဆိုပါ ရက်စက်မှုကြီးကို ဥပဒေနည်းလမ်းများအတိုင်းလုပ်သယောင်၊ တရားဝင်မှုရှိသယောင် ရေးသားပြောဆိုမှုများ ပျံနှံ့လာသည်။

ထိုအထဲတွင် ဖက်ဆစ်တပ်၏ သံယောင်လိုက်အဖွဲ့ဖြစ်သော ‘သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့’ (ThayNinGa Institute for Strategic Studies) ၏ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးမှ နိုင်ငံတော်ကာကွယ်ရေးကိုဆောင်ရွက်နေသော အဖွဲ့အစည်းတစ်ခုအနေဖြင့် လက်လွတ်စပယ် မလုပ်ကြောင်း၊ အထောက်အထားရှိလို့လုပ်တာဖြစ်ကြောင်း၊ အရပ်သားလား၊ စစ်သားလား ခွဲခြားဖို့ ခက်ခဲကြောင်း စသည်ဖြင့် ငါ့စကားနွားရ ဆင်ခြေပေးပြီး ဘီဘီစီ (မြန်မာပိုင်း) သို့ စက်တင်ဘာ ၃၀ ရက်နေ့တွင် ဖြေကြားခဲ့သည်ကို တွေ့ရသည်။

၎င်းဖြေကြားချက်ထဲတွင် ပါဝင်သော အထောက်အထား ဟူသည်ကို မည်ကဲ့သို့ အထောက်အထားမျိုးဖြစ်သနည်းဟု ဆက်လက်မေးမြန်းရန်လိုအပ်ပါသည်။ သေချာနေသည်မှာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ တွင်း မြောက်ဦးပြည်သူ့ဆေးရုံကြီး တိုက်ခိုက်ခံရစဉ်ကကဲ့သို့ လူမူကွန်ယက်စာမျက်နှာ (Facebook) ထက်တွင် အကောင့်တုများဖန်တီးပြီး၊ အေအေတပ်ဖွဲ့ဝင်များမှ ဝန်ခံပြောဆိုနေသယောင်၊ အေအေတပ်ဖွဲ့ဝင်များသေဆုံးမှုကြောင့် ဝမ်းနည်းနေကြသယောင် အတုများဖန်တီးပြီး၊ အစိုးရတရားဝင်မီဒီယာထက်တွင် အရှက်မဲ့လိမ်လည်ထုတ်ပြန်မှုမျိုးထက် ပိုသော အထောက်အထားဟုတ်ဟန် မတူပေ။

ဦးသိန်းထွန်းဦးထက်ပို၍ ဆိုးရွှားသော စစ်လော်ဘီများလည်းရှိသေးသည်။ ထိုအထဲကတစ်ယောက်မှာ NP news မှ ကျော်မျိုးမင်းဆိုသူဖြစ်ပြီး၊ ၎င်းမှ စစ်တပ်သည် လေယာဉ်ရှိ၍ လေယာဉ်နှင့်တိုက်ခြင်းဖြစ်ကြောင်း၊ မည်သည့် မှားယွင်းမှုမှ မရှိသယောင် နေ့ခင်းကြောင်တောင် ပြည်သူ ၅၀ ကျော်ကို သတ်ဖြတ်မှုကို ဂုဏ်ယူဝင့်ကြွားစွာပင် ထုတ်ပြောခဲ့သည်။

ယင်းအပြင် ကျောက်တော်သတ်ဖြတ်မှုနှင့် ပတ်သတ်သော သတင်းစာမျက်နှာများအောက် စစ်အစိုးရ၊ ပြန်ကြားရေးဝန်ကြီးဌာနမှ ငွေပေးငှားရမ်းထားသည့် အကောင့်တုများသည် ‘တူညီသော လုပ်ကြံဇာတ်ကြောင်းတစ်ခုကို’ ဖော်ပြပြီး၊ အဆိုပါ လုပ်ရပ်မှာ တရားမျှတမှု ရှိသယောင် ဖြန့်ဝေလာကြသည်။ အဆိုပါ လူသတ်ပွဲလုပ်ဇာတ်အတုမှာ ‘၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက်’ နေ့တွင် ကျောက်တော်မှ စစ်သင်္ဘော (၂) စီး၊ ဇက်သင်္ဘော (၁)ဖြင့် ဆုတ်ခွာလာသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များ နှင့် မိသားစုဝင် ၉၁၂ ကျော်အား အေအေ နှင့် ဘေးနားပတ်ဝန်းကျင်ရှိ ရခိုင်လူမျိုးများမှ ရက်စက်စွာ သတ်ဖြတ်ခဲ့သည်ဟူသော လုပ်ဇတ်ပင်ဖြစ်သည်။

စစ်ကောင်စီလော်ဘီများသည် အဆိုပါ အဖြစ်အပျက်နှင့် ပတ်သတ်၍ ရခိုင်လူမျိုးများ လူမျိုးရေးအရ အမုန်းတရားကြီးလာအောင်၊ ရခိုင်-ဗမာလူမျိုးရေးတင်းမားမှုမြင့်တက်လာအောင်၊ ၎င်းတို့မှ ပြည်သူများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများကို တရားဝင်သယောင်၊ ဆေးရုံး၊ စာသင်ကျောင်း နှင့် စျေးများကဲ့သို့ အများပြည်သူစုဝေးရာနေရာများကို မဆီမဆိုင် ဦးတည်တိုက်ခိုက်ရန် လှုံဆော်လာကြည်။ လွန်စွာ ကောက်ကျစ်ယုတ်မာသော ကြံစည်အားထုတ်မှုပင်ဖြစ်သည်။

စစ်လော်ဘီများ ပြောသော ကစ္ဆပနဒီမြစ်တွင်း လူသတ်မှု

ဖြစ်စဉ်မှာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက် နေ့တွင် ဖြစ်သည်ဟုဆိုသည်။ ၎င်းတို့၏ အဆိုအရ အေအေအပါအဝင်၊ ချင်းတပ်ဖွဲ့၊ PDF မကွေး အပြင် ညီနောင်သုံးဖွဲ့လုံး ပါဝင်တိုက်ခိုက်ခဲ့သောကြောင်း တပ်/ရဲ/မှီခိုမိသားစုဝင်တွေ၊ ဒါဏ်ရာရလူနာများပါသည့် ကမ်းထိုးရေယာဉ် (3) စီးဖြင့် ဖေဖော်ဝါရီ ၇ ရက်နေ့မှ စ၍ ဆုတ်ခွာခဲ့သည်။ တဖက်တွင် အေအေဖက်မှ မြစ်ကမ်းစပ်များမှ ပစ်ခတ်ပြီး၊ ၈ ရက်နေ့ ညနေပိုင်း ၃ နာရီခန့်မှာ ကျောက်တော်မြို့နယ် အပေါက်ဝ၊ ကျောက်ဖြူ ကျေးရွာများတဝိုက်တွင် စစ်ရေယာဉ် အာလုံး တိုက်ခိုက်ခံခဲ့ရပြီး၊ စစ်ရေယာဉ်နစ်မြှပ်လာသောကြောင့် အနီးအနားကပ်ရန် အလံဖြူထောင်၊ ကမ်းကပ်ခဲ့သော်လည်း အေအေတပ်ဖွဲ့ဝင်များမှ ပစ်ခတ်တိုက်ခိုက်ခြင်း နှင့် ရခိုင်ရွာသားများမှ ဓါးများဖြင့် သတ်ဖြတ်ခြင်းမျာကို ခံခဲ့ရသည်ဟုဆိုသည်။

အဆိုပါ ကိစ္စနန့် ပတ်သတ် စစ်လော်ဘီများသည် ပုံစံအမျိုးမျိုုးဖြင့် ဝါဒဖြန့်လှုံ့ဆော်နေသော်လည်း စစ်ကောင်စီ အာဘော်အလိုက်ရေးသားသည့် Eleven Media Group တွင် ဖော်ပြချက်အရ လူဦးရေးမှာ ၇၀၀ မှ ၉၀၀ ကြားရှိနိုင်သည်ဟု ဆိုထားပြီး၊ အေအေ နှင့် ရခိုင်ရွာသားမှ တိုက်ခိုက်သည်ဟု ယေဘုယျဖော်ပြထားသည်။ ယင်းအပြင် နောက်ထပ် စစ်တပ်လော်ဘီမီဒီယာတစ်ခုဖြစ်သော NP News မှ လူ ၆၀၀ ထက် မနည်း သေဆုံးခဲ့သည်ဟု ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင်
ဖော်ပြထားသည်။ ဖော်ပြပါ အကြောင်းအရာများမှာ စစ်ကောင်စီဖက်မှ အဆိုပါ ကျောက်တော် ကစ္ဆပနဒီမြစ်တွင်း ဖြစ်စဉ်နှင့် ပတ်သတ်၍ စွပ်စွဲဖော်ပြထားချက်များဖြစ်သည်။

အာရက္ခတပ်တော်၏ တရားဝင်ဖော်ပြချက်

အထက်ပါ ဖေဖော်ဝါရီ ၈ ရက် ဖြစ်စဉ်နှင့် ပတ်သတ်၍ အာရက္ခတပ်တော်၏ တရားဝင်ထုတ်ပြန်ချက်ကို ‘ရေကြောင်းတိုက်ပွဲထုတ်ပြန်ချက်’ ခေါင်းစဉ်ဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်နေ့ တွင် တွေ့နိုင်သည်။ အဆိုပါ ထုတ်ပြန်ချက်တွင် ကျောက်တော်ဖြစ်စဉ်နှင့် တိုက်ရိုက်ပတ်သတ်သော အကြောင်းအရာတချို့ကို အောက်ပါအတိုင်းတွေ့နိုင်သည်။

“၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမရက်သတ္တပတ်အတွင်းဖြစ်ပွားခဲ့သော ရေကြောင်းတိုက်ပွဲတွင် ရန်သူ၏ စစ်သင်္ဘောများအား မိမိတို့ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့မှ ဗျူဟာမြောက်စွာ တိုက်ခိုက်ထားနိုင်ခဲ့သည်။ ဖေဖော်ဝါရီလ (၇/၈) ရက်များအတွင်း၌ စစ်ကောင်စီ၏ စစ်သင်္ဘော (၂) စီး၊ ဇက်သင်္ဘော (၁) စီးတို့အား ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး၌ အပြတ်အသတ် တိုက်ခိုက်နိုင်ခဲ့ပြီး အဆိုပါ သင်္ဘော (၃) စီးစလုံးအား ရေထဲနစ်မြုပ်အောင် ပြုလုပ်နိုင်ခဲ့သည်။ ထို့အပြင် ဤသင်္ဘော (၃) စီးအား ကယ်တင်ရန်ထပ်မံ၍ လာခဲ့သော အခြားသော စစ်သင်္ဘော (၄) စီးကိုလည်း အနားကပ်၍ မရနိုင်အောင် လမ်းခုလတ်၌ပင် တိုက်ခိုက်နိုင်ခဲ့သည်။”

“ဖေဖော်ဝါရီလ (၇/၈) ရေကြောင်းတိုက်ပွဲတွင် မိမိတို့၏ ဗျူဟာမြောက်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ၏ စစ်သင်္ဘော (၃) စီးစလုံးသည် ချက်ကောင်းကိုထိ၍ အထိနာခဲ့သည်။ သင်္ဘောများ စင်းလုံးပြတ် နစ်မြုပ်ရန် ဖြစ်နေသော အချိန်တွင် မိမိတို့မှ လက်နက်ချ အညံ့ခံရန်၊ အလံဖြူထောင်ရန် လော်စပီကာများဖြင့် (၃) ကြိမ်တိုင် ပြောကြားခဲ့သော်လည်း နားထောင်ခြင်းမရှိဘဲ မိမိတို့အား တန်ပြန်ခုခံတိုက်ခိုက်နေသေးသည့်အပြင် လေကြောင်းမှ ဒရော့ဗုံးများဖြင့် အပြင်းအထန်ခုခံကာကွယ်ရန် ကြိုးစားသည့် လုပ်ရပ်ကိုသာ ပြုလုပ်နေခဲ့သည်။

မိမိတို့မှ အဆိုပါသင်္ဘော (၃) စီးပေါ်တွင် လိုက်ပါလာသောသူများ အသက်ချမ်းသာရာရရှိမည့် အခွင့်အရေးအဖြစ် နောက်ဆုံးအကြိမ် အချိန်နာရီဝက် (မိနစ် ၃၀) ထပ်ပေးသည့်အချိန်တွင်လည်း ရန်သူသည် မိမိတို့အား ဒရော့ဗုံးများဖြင့် စုပြုံပစ် လာရောက်တိုက်ခိုက်နေခဲ့သောကြောင့် မိမိတို့တပ်ဖွဲ့ဝင် (၁၀) ကျော်ထိခိုက်ဒဏ်ရာရခဲ့ပြီး ကျဆုံးသူအချို့ရှိခဲ့သည်။ အကယ်၍ မိမိတို့မှ လက်နက်ချအညံ့ခံရန် ပြောကြားသည်ကို နားထောင်ခဲ့ပါက သင်္ဘောပေါ်ပါလာသောသူများမှာ အသက်ချမ်းသာခွင့် ရရှိကြမည်ဖြစ်သည်။ အမှန်တကယ်လည်း အဆိုပါဖြစ်စဉ်၌ အသက်မသေဘဲ ရေကူးလွတ်မြောက်လာသောသူများစွာတို့အား မိမိတို့မှ ကယ်တင်ထားနိုင်ခဲ့သည်။ ဤကဲ့သို့ ကယ်တင်ရာတွင် အာရက္ခစစ်သည်တစ်ဦး အသက်ဆုံးရှုံးခဲ့ရသည်။”

အထက်ပါ အာရက္ခတပ်တော်၏ ဖော်ပြချက်အရ ဖြစ်စဉ်တစ်ခုလုံးကို နိုင်ငံတကာစစ်ဥပဒေ၊ လူသားချင်းစာနာမှုဆိုင်ရာဥပဒေများအတိုင်း ကိုင်တွယ်ခဲ့ကြောင်းတွေ့ရသည်။ ယင်းအပြင် အဆိုပါ ဖေဖော်ဝါရီ ၈ ရက်နေ့ ဖြစ်စဉ်နှင့် ပတ်သတ်၍ အင်တာနတ်စာမျက်နှာပေါ်တွင် ပျံနှံလာသော ဓါတ်ပုံ၊ ဗွီဒီယိုဖိုင်များအရလည်း စစ်ကောင်စီလော်ဘီများပြောသကဲ့သို့ စစ်တပ် နှင့် မိသာစုဝင်များ လက်နက်ချအညံ့ခံနေသည်ကို အေအေတပ်ဖွဲ့ဝင်များ၊ ရခိုင်ရွာသားများမှ တိုက်ခိုက်နေသည်ကို မတွေ့ရဘဲ၊ ကယ်ဆယ်ရေးလုပ်နေသည့်ပုံများ၊ ဆက်လက်မတိုက်ခိုက်ရန် တားဆီးနေသည့် အသံဖိုင်များကိုသာ တွေ့ရပါသည်။

ဥပမာအားဖြင့် Tiktok ထက်တွင် ပျံနှံနေသည် ဗွီဒီယိုဖိုင်တစ်ခုတွင် မီခိုးအူအူထွက်နေသော စစ်ရေယာဉ်ထက်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အေအေတပ်ဖွဲ့ဝင်များကြားတွင် အပြန်အလှန်စကားပြောနေသည်ကို တွေ့ရသည်။ (ပုံ-၁)

အေအေတပ်ဖွဲ့ဝင် - ဝေးဝေး၊ အပစ်ရပ်၊ အပစ်ရပ်၊ မပစ်နဲ့တော့။
ဒီကိုလာခဲ့၊ ဒီကိုလာခဲ့။

ထိုစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များဖက်မှ လှမ်းပြောနေသည်။ သို့သော် အတိအကျ မကြားရ။

အေအေတပ်ဖွဲ့ဝင် - ကလေးတွေပါတယ်???

ထိုစဉ် သေနတ်သံများ ဆက်လက်ကြားနေရသည်။

အေအေတပ်ဖွဲ့ဝင် - ဝေးဝေး၊ မပစ်နဲ့တော့၊ မပစ်နဲ့တော့။

နောက်ထပ် အေအေတပ်ဖွဲ့ဝင်တစ်ဦး - ဟိုဖက်က ပစ်နေတာ၊ ဟိုဖက်က။

အေအေတပ်ဖွဲ့ဝင် - ခဏနေ၊ ခဏနေ။

အထက်ဖော်ပြပါ စကားအပြန်အလှန်ပြောဆိုမှုများအရ အေအေတပ်ဖွဲ့ဝင်များမှဖြစ်စေ၊ ရခိုင်ရွာသားများမှဖြစ်စေ စစ်တပ် နှင့် မိသားစုဝင်များကို အမုန်းတရား အခြေခံပြီး၊ ရက်ရက်စက်စက်သတ်ဖြတ်မှု ပြုလုပ်ခဲ့ကို မတွေ့ရှိရပေ။
နောက်ထပ် အင်တာနတ်စာမျက်နှာထက်တွင် ပျံနှံလာသည့် ဗွီဒီယိုဖိုင်တစ်ခုတွင်လည်း အေအေတပ်ဖွဲ့ဝင်များသည် စစ်ရေယာဉ်ပျက်ပြီး မျောပါလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များကို အင်တိုက်အားတိုက် ကူညီပေးနေသည်ကို တွေ့ရသည်။ (ပုံ-၂)


ယင်းနောက် မတ်လ ၄ ရက်နေ့တွင်၊ အာရက္ခတပ်တော်ဖက်မှ ကျောက်တော်ဖြစ်စဉ်တွင် ကယ်ဆယ်ခံခဲ့ရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လူသားချင်းစာနာစိတ်အပြည့်ဖြင့် ဆေးကုသပေးနေသည့်ပုံများ နှင့် ထမင်းကျွေးနေသည့် ပုံများ ကို ထုတ်ပြန်ခဲ့သည်။ ထိုအထဲတွင် အမျိုးသမီး၊ နှင့် ကလေးသူငယ်များအပါအဝင် လူ ရာ ဂဏန်းခန့်ပါဝင်ပေသည်။

ကျောက်တော်ဖြစ်စဉ် အကြောင်းပြ သွေးအေးအေးနှင့် ရက်စက်ယုတ်မာမှုများ
စစ်ကောင်စီသည် အထက်ပါ ကျောက်တော်ဖြစ်စဉ်နှင့် ပတ်သတ်၍ ကြောင်းကျိုးဆီလျှော်မရှိ၊ အထောက်အထားမရှိဘဲ စစ်မြေပြင်တွင် စစ်ရှုံးခြင်းကို လူမျိုးရေးဆန်ဆန် ပုံဖော်ပြီး၊ စိတ်ခံစားမှုကြီးလာအောင် ပုံဖော်ထားသော ဇာတ်ကြောင်း၊ ဇာတ်လမ်းများဖြင့် နောက်ဆက်တွဲ သွေးအေးအေးဖြင့် လုပ်ကြံသတ်ဖြတ်မှုများကို ကျူးလွန်ခဲ့သည်။ အဆိုပါ ကျူးလွန်မှုများထဲမှ အဓိက သိသာသောလုပ်ရပ်များမှာ-

၁) မင်းပြားမြို့နယ်၊ မင်းဖူးအရပ်ဘက်ဆေးရုံအား လေကြောင်းတိုက်ခိုက်ခြင်း (ဖေဖော်ဝါရီ ၂၇ ရက်၊ ၂၀၂၄ ခုနှစ်)
၂) စစ်တွေမြို့၊ ကိုးရီးယားဆိပ်ကမ်း ဈေးအတွင်းသို့ ရေတပ်မှ ပစ်ခတ်ပြီး အရပ်သားပြည်သူ ၁၂ ဦးအား သတ်ဖြတ်ခြင်း (ဖေဖော်ဝါရီ ၂၉ ရက်၊ ၂၀၂၄ ခုနှစ်)
၃) စစ်တွေမြို့၊ ဗျိုင်းဖြူရွှာထဲသို့ ဝင်ပြီး၊ ပြည်သူ ၇၆ ယောက်အား လက်ရဲဇာတ်ရဲသတ်ဖြတ်ခြင်း (မေ ၂၇ ရက်၊ ၂၀၂၄ ခုနှစ်)
၄) ကျောက်တော်မြို့နယ်၊ သရက်တပင်ရွာ၊ ကိုယ်ပိုင်ကျောင်းတစ်ခုမှ ကျောင်းသား/သူ ၂၂ ဦးကို လေကြောင်းတိုက်ခိုက်သတ်ဖြတ်ခြင်း (စက်တင်ဘာ ၁၂ ရက်၊ ၂၀၂၅ ခုနှစ်)
၅) မြောက်ဦးပြည်သူ့ဆေးရုံကြီးအား ဦးတည်ကာ ဗုံးကြဲသောကြောင်း ပြည်သူ/လူနာ ၃၃ ဦး သေဆုံးခြင်း (ဒီဇင်ဘာ ၁၀ ရက်၊ ၂၀၂၅ ခုနှစ်)
၆) ကျောက်တောမြို့အနီး၊ အိန္ဒိယဈေး သို့ ဦးတည် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၆၀ သေဆုံးခြင်း (စက်တင်ဘာ ၂၈ ရက်၊ ၂၀၂၆ ခုနှစ်)

အထက်ပါ ဖော်ပြမှုများမှာ ဖက်ဆစ်အကြမ်းဖက်တပ်မှ ၎င်းတို့ လုပ်ဇာတ်ဖန်တီးထားသော ကျောက်တော် ကစ္ဆပနဒီမြစ် ဖြစ်စဉ်ပြီးနောက် သွေးအေးအေးဖြင့် စစ်မြေပြင်နှင့်မဆိုင်ဘဲ ပြည်သူလူထုအား သီးသန့် ပစ်မှတ်ထားတိုက်ခိုက်သော ကျူးလွန်မှု ဖြစ်စဉ်များထဲမှ သိသာထင်ရှားသော လုပ်ရပ်တချို့ဖြစ်သည်။ တဖက်တွင် ပြည်သူလူထုအား နေ့စဉ်၊ အပတ်စဉ်၊ လစိုင် အကြမ်းဖက်ဦးတည်တိုက်ခိုက်မှုများမှာ မြို့၊ ရွာ အများအပြားတွင် တိုးမြှင့်လုပ်ဆောင်ခဲ့သည်။

နိဂုံးချုပ်

လက်ရှိ အာရက္ခစစ်မြေပြင်၏ ၉၀ ရာခိုင်နုန်းကျော်ကို အာရက္ခတပ်တော်မှ ထိမ်းချုပ်ထားပြီး၊ ကျန်သော မြို့ ၃ ခုသာ အကြမ်းဖက် စစ်ကောင်စီ၏ လက်ထဲတွင် ကျန်နေတော့သည်။ စစ်အစိုးရသည် ရွှေးကောက်ပွဲနှင့် ဒီမိုကရေစီ အရေခြုံပြီး ဒေသတွင်း နှင့် နိုင်ငံတကာတွင် လူဝင်ဆန့်ရန် ကြိုးဖမ်းနေသော်လည်း ယခုကဲ့သို့ လုပ်ဇာတ်များဖန်တီးကာ လူအစုံလိုက်အပြုံလိုက် လေကြောင်းတိုက်ခိုက်သတ်ဖြတ်မှုများ ဆောင်ရွက်နေခြင်းသည် ၎င်းတို့၏ ဇာတိမှန်၊ သရုပ်မှန်ကို ဖုံးဖိ၍ မရလောက်အောင် ပြန်လည် ဖော်ပြနေခြင်းဖြစ်သည်။

စစ်ကောင်စီအစိုးရသည် နာကြေးဖွယ်ရာ ဇာတ်လမ်းအတုများကို မည်မျှပင် ဖန်တီးစေကာမှု နိုင်ငံတကာအသိုင်းအဝန်း နှင့် ပြည်သူလူထုတစ်ရပ်လုံးမှ တကယ့် လူဆိုးကြီး၊ မကောင်းဆိုးဝါးကြီး အစစ်အမှန်မှာ ၎င်းတို့သာဖြစ်ကြောင်းကို သူ၏ ကြမ်းကြုတ်သောလုပ်ရပ်များမှ ငြင်းမရအောင် သက်သေထူလျှက်ရှိပေသည်။ ကျောက်တော် ကစ္ဆပနဒီမြစ်တွင်းဖြစ်စဉ်ကဲ့သို့ ဖန်တီးခြင်းမျိုးကို အဓိက လုပ်ကြံရခြင်းမှာလည်း တပ်တွင်းစည်းလုံးညီညွတ်မှု နှင့် ၎င်းတို့၏ အမာခံနောက်လိုက်များ၏ ထောက်ခံမှုကို ရယူလိုခြင်းကြောင်း တဖက်သားကို အမုန်းတရားဖြန့်ဝေခြင်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိသာနေပေသည်။

(မှတ်ချက်- ကျောက်တော်ဖြစ်စဉ်အတွင်း ကယ်ဆယ်ခံလိုက်ရသည့် စစ်ကောင်စီတပ်ဖွဲ့များဝင်များ နှင့် မိသားစုဝင်များအား လူသားချင်းစာနာမှုအရ ဆေးကုသပေးပြီး၊ ထမင်းကျွေးနေသည့် ဓါတ်ပုံများကို comment box တွင် ဖော်ပြထားသည်)

မူရင်း-

https://www.globalarakannetwork.com/post/the-military-council-s-frightening-propaganda-tactics-legitimizing-mass-killings-by-fabricating-fals
❤4
▪ တိုက်ပွဲသတင်းထုတ်ပြန်ကြေညာချက်
▪ ၂၀၂၆ ခုနှစ် ၊ အောက်တိုဘာလ (၄) ရက်

အကြမ်းဖက်အာဏာသိမ်းစစ်တပ်သည် မတရားပေါ် တာဆွဲထားသော စစ်မှုထမ်း(ပစ) အများအပြားအား အသုံးချကာ ၊ သရက်ခရိုင် ၊ မင်းတုန်းမြို့နယ်အတွင်း ၊ ၎င်းတို့ လက်လွှတ်ထားရသော နယ်မြေများအား ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းများခွဲကာ ဖြန့်ကျက်စစ်ကြောင်းထိုလျှက်ရှိရာ ၊ မင်းတုန်းမြို့နယ် ၊ ကြိုးဝကျေးရွာအတွင်းဝင်ရောက်ပြီး ၊ သြဂုတ်လ (၃၁) ရက်နေ့မှ ၊ အောက်တိုဘာလ (၃)ရက်နေ့အထိ ၊ (၁)လကျော် အထိုင်ချတပ်စွဲထားသော အကြမ်းဖက်စစ်ကော်မရှင်လက်အောက်ခံ အင်အား (၁၅၀)ခန့်ပါ စစ်ကြောင်းအား ၊ ကျွန်ုပ်တို့ သရက်ခရိုင်စစ်ဌာန ၊ သရက်ခရိုင်အမှတ် - ၄ တပ်ရင်းမှ ၊ ပိတ်ဆို့ပြီး လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် အကြိမ်ကြိမ် ပစ်ခတ်တိုက်ခဲ့မှုများကြောင့် ၊ ကြိုးဝကျေးရွာမှာ မနေသာတော့ပဲ ပြန်လည်ဆုတ်ခွာလာစဥ် ၊ (၃.၁၀.၂၀၂၆)ရက်နေ့ ၊ နံနက် (၅)နာရီ (၅၅)မိနစ်အချိန်ခန့်မှာ ၊ ကျွန်ုပ်တို့မှ အသင့်စောင့်ကြို မိုင်းဆွဲတိုက်ခိုက်ရာ တိုက်ပွဲချိန် (၁၀)မိနစ်ခန့်အတွင်း ရန်သူအထိနာပြီး ၊ တိုက်ပွဲအတွင်း သေဆုံးသူများအား မြေမြုပ် ၊ ဒဏ်ရာရသူများအား ထမ်းပိုးကာ မင်းတုန်းမြို့ဘက်သို့ ဆုတ်ခွာသွားပါသည်။

၎င်းအကြမ်းဖက်စစ်တပ်စစ်ကြောင်း ၊ ကြိုးဝကျေးရွာအတွင်း အထိုင်ချတပ်စွဲထားသော (၁)လကျော်အတွင်း ၊ ကျွန်ုပ်တို့မှ ပိတ်ဆို့ပြီး လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှု (၁၁)ကြိမ် ၊ ထိတွေတိုက်ပွဲ (၂)ကြိမ်ဖြစ်ပွားခဲ့ပြီး ၊ ရန်သူ့ဘက်မှ (၇)ဦးသေဆုံး နှင့် ထိခိုက်ဒဏ်ရာ (၅)ဦးအထက်ရရှိနိုင်ကာ ၊ ကျွန်ုပ်တို့၏ ရဲဘော် (၁)ဦး တိုက်ပွဲအတွင်း မြင့်မြတ်စွာ အသက်ပေးကျဆုံးခဲ့ရပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်
သရက်ခရိုင်အမှတ်၄တပ်ရင်း
❤2👍1
Media is too big
VIEW IN TELEGRAM
တိုက်ပွဲမှတ်တမ်းရုပ်သံအရှည်အား ၊ ထပ်မံထုတ်ပြန်အပ်ပါသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်
သရက်ခရိုင်အမှတ်၄တပ်ရင်း
❤2👍1
မဂ်လာပါရှင် 🤗

ကျမတို့ချန်နယ်ကနေ ပူးပေါင်းပါဝင်ထားတဲ့ "ဖန်ခါးမြေ လွတ်မြောက်ဖို့ ဒရုန်း ၁၀၀" ကမ်ပိန်းလေးအတွက် ဒီည နောက်ဆုံးထား ကောက်ခံသွားမှာ ဖြစ်ပါတယ်ရှင် 🥰

နွေဉီးထီ ရောင်းရတဲ့ 25% Rewards နဲ့ တော်လှန်ပြည်သူတွေရဲ့ သီးသန့် ပါဝင်ထောက်ပံ့မှုရော နွေဉီးထီ ကံထူးရှင်တွေပါ ဆုကြေးထဲကနေ ပါဝင်ထားတာရောက အားရစရာပါ 🤩

မိတ်ဆွေတို့ရေ... ဒရူန်းတွေပေါ်မှာ မိမိလက်ဗွေရာလေး ထည့်ပေးလိုက်ချင်တယ် ဆိုရင် DM မှာ အခုပဲ စာရင်းပေးသွင်းလိုက်ပါရှင် 🥰

ဖန်းခါးမြေအတွက် ဒရုန်း ၁၀၀ ✅✊

Athena 👸NOH-900011
@c_admire
ကို စာပို့ပေးပါရှင့်။ 💞

#4C_TruthNews
Please open Telegram to view this post
VIEW IN TELEGRAM
❤8👍1😁1
Forwarded from Athena 👸 NOH-900011
"🎉 အောက်တိုဘာလအတွက် နွေဦးထီ စိတ်ကြိုက်ကံစမ်းနိုင်ပါပြီဗျို့!

ကိုယ်ယုံကြည်တဲ့ နံပါတ်တွေကို ရွေးမလား 🔢
ကိုယ်ချစ်ရတဲ့သူတွေအတွက် လက်ဆောင်ပေးမလား 🎁
ဒီအောက်တိုဘာမှာ ကိုယ့်အိပ်မက်တွေကို ကံစမ်းဖို့ အချိန်ကျပါပြီနော် ✨

နွေဦးထီလက်မှတ်တွေကို အခုပဲ ဝယ်ယူပြီး အောက်တိုဘာလရဲ့ ကံကောင်းခြင်းတွေကို ရင်ခုန်စွာ စောင့်မျှော်လိုက်ပါ 💫

Athena 👸NOH-900011
@c_admire
ကိုစာပို့ပေးပါရှင့်။💞
🥰4👍1
တူယှဉ်နွှဲပျော် သီတင်းကျွတ်ဈေးရောင်းပွဲတော်✨

🔥 10.10 SALES လာပြီနော်… ကိုယ်ကြိုက်တာတွေကို အခုမှ မယူရင် နောက်မှ “အဲ့တုန်းက ယူလိုက်ရမှာ…” ဖြစ်နေမယ်နော် 👀💙

Spring Galaxy Store ရဲ့ 10.10 Sales မှာ တော်လှန်အမှတ်တရတွေကို အထူးဈေးနဲ့ ကိုယ်တိုင်သိမ်းပိုက်နိုင်ပြီ 🛍️✨

🎒 $10.10 PICKS — Tote Bags • Baseball Caps • SpringBees Keychains
ကြိုက်တာရွေး… $10.10 နဲ့ အိမ်ခေါ်သွားလို့ရပြီ 😍

🎁 $18 BUY 1 GET 1 FREE
SpringBees Figurines • NOH Fluffy Keychain • S4 Fluffy Keychain
$18 ဖိုးဝယ်ယူတိုင်း Acrylic Keychain ၁ ခု FREE! 🐝✨

✨ ကိုယ်တိုင်သိမ်းထားဖို့ဖြစ်ဖြစ်
🎁 ချစ်ရသူကို လက်ဆောင်ပေးဖို့ဖြစ်ဖြစ်
ဒီ 10.10 မှာတော့ တော်လှန်အမှတ်တရတခု ကိုသိမ်းဆည်းလိုက်ပါ။

🔥အသေးစိတ်ကို Facebook တွင်ဖတ်ရှု့ရန်
https://web.facebook.com/share/p/1By9qKW96q/

🚩SpringZey ရဲ့ Free Delivery အကြောင်း ပိုမိုသိရှိရန်
https://www.facebook.com/share/1CiQx4m7v9/?mibextid=wwXIfr

#SpringGalaxyStore #SpringZey #1010Sale #NwayOoHti #WeDreamBold
👍3
မိုးမိတ် - မိုးကုတ်လမ်းပိုင်းမှာ တိုက်ပွဲဖြစ်နေ

အောက်တိုဘာ ၇၊၂၀၂၆။ရွှေပြည်စိုး/People's Spring

မိုးမိတ်-မိုးကုတ်လမ်းပေါ်က (၇)မိုင်အနီးမှာ တိုက်ပွဲပြင်းထန်နေပြီး ခရီးသွားတွေ လုံခြုံရေးသတိပြုကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်တွေနဲ့နီးစပ်တဲ့သတင်းရင်းမြစ်က ပြောပါတယ်။

မိုးမိတ်မြို့ မြစ်ဆုံကနေကျော်ရင် ရောက်ရှိတဲ့ (၇)မိုင်အနီးမှာ ဒီကနေ့အောက်တိုဘာ ၇ရက် မနက်စောပိုင်းကစပြီး တိုက်ပွဲပြင်းထန်နေတာပါ။

" မြို့နားမှာ ပစ်ခတ်သံတွေမကြားရတော့ဘဲ ၇မိုင်ဘက်ကို ရောက်သွားပြီ။ လက်နက်ကြီးပစ်ခတ်သံတွေကိုတော့ မြို့ထဲကနေကြားနေရတယ်"လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ပါဝင်တဲ့ မိုးမိတ်မြို့နဲ့ မန္တလေးတိုင်းမှာပါဝင်တဲ့ မိုးကုတ်မြို့ဟာ မိုင် ၃၀နီးပါး ကွာဝေးပြီး နယ်မြေချင်းဆက်စပ်နေပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့အနီးဝန်းကျင်မှာ စစ်တပ် ဗုံးကြဲလေယာဉ်ပျံနေသလို လက်နက်ကြီးလည်း ပစ်ခတ်နေတဲ့အတွက် ဒေသခံတွေ သတိပြုကြဖို့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

မိုးမိတ်မြို့၊ညောင်နီရွာအနီးမှာ စက်တင်ဘာ ၂၈ရက် မနက်ပိုင်းကစပြီး စစ်တပ် နဲ့ KIA ပူးပေါင်းတပ် တွေ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာပါ။အောက်တိုဘာ ၁ရက်မှာ‌တော့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေ စစ်အင်အား ၁၀၀၀ ကျော်ကို လေကြောင်းလုံခြုံရေးအကူအညီနဲ့ မန္တလေး - မတ္တရာ- သပိတ်ကျင်း-တကောင်း- ထီးချိုင့် - မိုးမိတ်လမ်းအတိုင်း ပို့ဆောင်ခဲ့ပါတယ်။ ပို့‌လိုက်တဲ့ စစ်အင်အားတွေကို မြို့အနှံ့ နေရာချထားတယ်လို့ သိရပါတယ်။

ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း စစ်တပ်အထိနာတဲ့ စက်တင်ဘာ၂၈ရက်၊ ၂၉ရက်၊အောက်တိုဘာ ၁ရက်နဲ့ အောက်တိုဘာ ၂ရက်တွေမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မိုးမိတ်မြို့အနီး၊ ညောင်နီကျေးရွာက ရွှေသမင်ကုန်း စစ်တပ်စခန်းကို စက်တင်ဘာ ၂၉ရက်မှာ တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

လတ်တလော ဒေသတွင်း စစ်ရေးအခြေအနေကြောင့် မိုးမိတ်မြို့နဲ့ ဆက်စပ်နေတဲ့ ရွှေကူ-ငါးအိုးလမ်းမကြီးကိုလည်း အသုံးမပြုဘဲ သတ်မှတ်ထားတဲ့လမ်းကနေသာ ပြည်သူတွေသွားလာကြဖို့ KIAကအောက်တိုဘာ ၅ရက်မှာ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

(၂၀၂၄ ဇူလိုင် ၃၁ ရက်မှာ မိုးမိတ်မြို့ကို ပူးပေါင်းတပ်များ သိမ်းပိုက်အပြီး တွေ့ရတဲ့ မန္တလေး PDF တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - MDY PDF)
❤4👍1