Be My Angel (2025)
18.2K subscribers
1.01K photos
1K links
Download Telegram
The Gift (2026)
အတိတ်ပုံရိပ် (၂၀၂၆)

Ep-20
https://t.me/blackholethaifilm/686

Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာ‌မို့ joinထားကြပါနော်။

ကလူဝေ ဘွန်စီတာ အဖြစ် Garn Nuttacha
ရတ် ဝါရတ် ဝါနစ် အဖြစ် Thanwa Suriyajak

"အနာဂတ်ကို မြင်နိုင်သူနဲ့ အတိတ်မှာ ပိတ်မိနေသူတို့ရဲ့ရေစက်"

မွေးရာပါ အနာဂတ်နိမိတ်တွေကို ကြိုမြင်နိုင်စွမ်းရှိတဲ့ ဘွန်စီတာ

ဒါပေမဲ့ သူမရဲ့ထူးခြားတဲ့စွမ်းအင်တွေဟာ ဝါရတ်ဆိုတဲ့ အမျိုးသားနဲ့ ဆုံတွေ့လိုက်တဲ့အချိန်မှာတော့ ပြောင်းပြန်ဖြစ်သွားခဲ့တယ် အနာဂတ်အစား... သူနဲ့ပတ်သက်တဲ့အတိတ်တွေကိုသာ မြင်ယောင်လာတဲ့အခါ...

တစ်ဖက်မှာလည်း သရဲတစ္ဆေနဲ့ ဝိညာဉ်လောကကို လုံးဝမယုံကြည်ခဲ့သူ ဝါရတ်

ဒါပေမဲ့ ငယ်စဉ်ကတည်းက အိပ်မက်ထဲမှာ ထပ်ခါတလဲလဲ ပေါ်လာတတ်တဲ့ မိန်းကလေးတစ်ယောက်ကြောင့် သူ့ယုံကြည်မှုတွေ ယိုင်နဲ့လာခဲ့ရင်း

အိပ်မက်ထဲက မိန်းကလေးက အတိတ်ဘဝက ရေစက်တစ်ခုခုများလား...
အချစ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဖုံးကွယ်ထားတဲ့ အတိတ်ရဲ့လျှို့ဝှက်ချက်က ဘာလဲ
အမှန်တရားကို မသိရခြင်းရဲ့နာကျင်မှုကို ခံစားနေရတဲ့သူနဲ့ အဲဒီအမှန်တရားကို ဖော်ထုတ်ဖို့ ကြိုးစားနေသူတို့ရဲ့ အားပြိုင်မှု...
ဘယ်သူက ဖုံးကွယ်ပြီး ဘယ်သူက အမှန်တရားကို ရှာဖွေတွေ့ရှိသွားမလဲဆိုတာကိုတော့...
ဒီဇာတ်လမ်းလေးမှာ ရင်တမမနဲ့ စီးမျောခံစားရမှာမို့ အကောင်းမွန်ဆုံး ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်
#TheGift #thaiseries #ongoing #mmsub #blackhole
1
Forwarded from Heart Code (2026)
Hometown Romance (2026)

Ep-2
https://t.me/blackholethaifilm/691

Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာ‌မို့ joinထားကြပါနော်။

အားလုံးနဲ့လည်းသိပ်မစိမ်းတဲ့ Lookmheeတို့အတွဲရဲ့ GL ဇာတ်ကားသစ်လေးထွက်လာရှိလို့လာပါပြီ။

Si Sujinthraအနေနဲ့ Sonya Saranphat Pedersenနဲ့ Klao Klaokawiအနေနဲ့ Lookmhee Punyapat Wangpongsathapornတို့က အဓိဇာတ်ဆောင်တွေအဖြစ်ပါဝင်ထားပါတယ်။

<ဇာတ်လမ်းအကျဉ်း>

Siဟာ ချမ်းသာကြွယ်ဝတဲ့အသိုင်းအဝိုင်းက အမွေဆက်ခံသူတစ်ဦးဖြစ်ပြီး မိသားစုပိုင်ကုမ္ပဏီမှာ ဥက္ကဋ္ဌဖြစ်လာဖို့ အိပ်မက်မက်နေသူတစ်ယောက်ပါ ဒါပေမဲ့ သူမရဲ့မိဘတွေကတော့ Siကို အသုံးအဖြုန်းကြီးပြီး တာဝန်မယူတတ်တဲ့ ခပ်ဆိုးဆိုးကောင်မလေးလို့သတ်မှတ်ထားတာကြောင့် ကုမ္ပဏီရဲ့ ဥက္ကဋ္ဌရာထူးကို သူမရဲ့ ညီမဖြစ်သူကိုပဲလွှဲပေးလိုက်ပါတော့တယ်။

တစ်နေ့မှာတော့ မိသားစုစီးပွားရေးက အချက်အချာကျတဲ့မြေငှားရမ်းမှုပြဿနာနဲ့ရင်ဆိုင်ရပြီး လုပ်ငန်းတစ်ခုလုံးရပ်တန့်သွားမယ့်အကျပ်အတည်းဖြစ်လာပါတယ် ညှိနှိုင်းမှုတွေ အကြိမ်ကြိမ်မအောင်မြင်ဖြစ်နေချိန်မှာ မြေပိုင်ရှင်ဖြစ်တဲ့Klaokawi က မထင်မှတ်ထားတဲ့ကမ်းလှမ်းချက်တစ်ခုကိုလုပ်လာပါတော့တယ် အဲ့ဒါကတော့ မြေငှားစာချုပ်သက်တမ်းတိုးပေးဖို့အတွက် Siက သူမကိုလက်ထပ်ရမယ်ဆိုတဲ့အကြောင်းပါပဲ။

နေထိုင်မှုပုံစံနဲ့ အဆင့်အတန်းလုံးဝမတူညီတဲ့ မိန်းကလေးနှစ်ယောက်...တစ်ဖက်ကလည်း မြို့ပြရဲ့မင်းသမီးလေးSiနဲ့ တစ်ဖက်က ကျေးလက်ဒေသရဲ့ မြေပိုင်ရှင်မလေးKlaokawi...ဒီလိုထူးဆန်းတဲ့သဘောတူညီချက်ကနေတစ်ဆင့် သူတို့ကြားမှာ ရှုပ်ထွေးပြီးမမျှော်လင့်ထားတဲ့အချစ်ဇာတ်လမ်းတစ်ပုဒ်ဘယ်လိုစတင်လာမလဲဆိုတာကို...အပတ်စဉ်သောကြာနေ့တိုင်း လာရောက်ကြည့်ရှုအားပေးနိုင်ပါပြီ။


#HometownRomance #thaiseries #2026series #mmsub #GL
1
Money , My Love (2026)
သူဌေးလေးရဲ့ချစ်ဖူးစာ (၂၀၂၆)

Ep-19,20 ( The End )
https://t.me/blackholethaifilm/685

Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာ‌မို့ joinထားကြပါနော်။

တရိုင်အဖြစ် Kongthap Peak
ပက်ဘွန်းအဖြစ် Kaykai Nutticha Namwongတို့က main roleအဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဘီလျံနာသူဌေးသားတရိုင်တစ်ယောက် ပြည်ပကနေပြန်အလာမှာ သူ့ချစ်သူက ဖခင်ဖြစ်သူနဲ့ လက်ထပ်တော့မယ့်အဖြစ်နဲ့ကြုံခဲ့ရပါတယ် သစ္စာအဖောက်ခံရပြီး တိုက်ခိုက်ခံရတဲ့အချိန်မှာ သူဆင်းရဲမလေးပက်ဘွန်းက ကယ်တင်ခဲ့ရာကနေ ၂ယောက်သားချစ်ကြိုက်သွားကြပါတော့တယ်။

နောက်ပိုင်းမှာတော့ တရိုင်ရဲ့အဖေလုပ်ကြံခံရလို့ တရိုင်က ဒီလုပ်ငန်းကို လက်လွှဲယူရင်း တရားခံကိုရှာပါတယ် မိထွေးပါသားရာချမ်နဲ့ တခြားပြိုင်ဘက်ရှင်တွေကိုသံသယဝင်နေချိန်မှာ ပက်ဘွန်းကလည်း ရာချမ်ဆီမှာ အလုပ်လုပ်နေရတာကြောင့် သူတို့ချစ်ခြင်းမှာ သံယောဇဉ်နဲ့ သံသယကြားလွန်ဆွဲလာရပါပြီ။

ငွေကြေးနဲ့ အာဏာမက်မောသူတွေကြား‌မှာ သူတို့ရဲ့အချစ်ကို ဘယ်လိုတည်ဆောက်သွားမလဲဆိုတာကို အပတ်စဉ်ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့တို့မှာ Ash Channelတွင် ကြည့်ရှုအားပေးနိုင်ပါပြီ။


#MoneyMyLove #thaiseries #ongoing #mmsub #blackhole
Forwarded from Girl Rules (2026) GL
Play Park (2026)

Ep-8 ( The End )
https://t.me/blcopyright/22

Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာ‌မို့ joinထားကြပါနော်။

အင်အင်း အဖြစ် Yada Narliya
လီလင်း အဖြစ် Tan Duangkaew

"မတူညီတဲ့ကမ္ဘာနှစ်ခုက လူနှစ်ယောက် မမျှော်လင့်ဘဲ ဆုံတွေ့ကြတဲ့အခါ..." 

ဘဝကို ကြိုးကြိုးစားစား ရုန်းကန်ဖြတ်သန်းနေရတဲ့ ကစားကွင်းမန်နေဂျာ Single Mom လေး အင်ရဲ့ငြိမ်းချမ်းနေတဲ့ ဘဝထဲကို မုန်တိုင်းတစ်ခုလို ရုတ်တရက် ဝင်ရောက်လာတဲ့…..

ချမ်းသာတဲ့စီးပွားရေးလုပ်ငန်းရှင် မိသားစုကနေ ဆင်းသက်လာပြီး အလုပ်လုပ်ရာမှာ ပြတ်သားထက်မြက်လွန်းတဲ့ သူဌေးသမီးလေး လင်း

အင် အလုပ်လုပ်နေတဲ့ ကစားကွင်းကို လင်းတို့မိသားစုက လွှဲပြောင်းဝယ်ယူလိုက်တဲ့အခါမှာတော့ လုံးဝကို ဆန့်ကျင်ဘက်ဖြစ်နေတဲ့ သူတို့နှစ်ယောက်ရဲ့ကမ္ဘာလေးနှစ်ခု စတင်ဆုံတွေ့ပါတော့တယ်

အစပိုင်းမှာတော့ အရာရာကွာခြားလွန်းတဲ့ သူတို့နှစ်ယောက်ကြားမှာ အေးစက်စိမ်းသက်မှုတွေပဲ ရှိနေပေမယ့် နေ့စဉ်နဲ့အမျှ အနီးကပ် အတူတူအလုပ်လုပ်ရရင်းကနေတဆင့် တဖြည်းဖြည်းနဲ့ မတူညီတဲ့ကွာဟချက်တွေကြားကနေ ရင်ခုန်စရာ သံယောဇဉ်တွေအဖြစ် ပြောင်းလဲလာတဲ့အခါ...

တအားကို ကွာခြားလွန်းတဲ့ ဘဝနှစ်ခုက လူနှစ်ယောက်ရဲ့အချစ်က တကယ်ပဲ လက်တွေ့ဆန်ဆန် ခိုင်မြဲနိုင်ပါ့မလား
ကြိုတင်သတိပေးချက်မရှိဘဲ ရုတ်တရက်ဝင်လာတဲ့ ဒီအချစ်အတွက် သူတို့နှစ်ယောက် ဘယ်လို အတားအဆီးတွေကို ရင်ဆိုင်ကျော်ဖြတ်ကြမလဲ

Single Mom တစ်ယောက်ရဲ့ ဘဝရုန်းကန်မှုတွေနဲ့ ထက်မြက်တဲ့ Boss Lady လေးတို့ကြားက ရင်ခုန်စရာကောင်းပြီး ကြည့်ရတာတန်စေမယ့် ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်...


#PlayPark #thaiseries #2026series #mmsub
Forwarded from My Stubborn (2025)
Only Friends: Dream On (2026)

Ep-7
https://t.me/blackholethaifilm/684

Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာ‌မို့ joinထားကြပါနော်။

ဒင် အဖြစ် Mix Sahaphap Wongratch
ဂျက် အဖြစ် Earth Pirapat Watthanasetsiri
အာနိုး အဖြစ် Joss Way-ar Sangngern
တူအာ အဖြစ် Gawin Caskey
ရုမ်း အဖြစ် Aou Thanaboon Kiatniran
လာဖီ အဖြစ် Boom Tharatorn Jantharaworakarn

ဇာတ်လမ်းအကျဉ်း

ပြဇာတ်၊ ဒါရိုက်တာ၊ ပန်းချီ၊ ဂီတနဲ့ အက မေဂျာအသီးသီးက ကျောင်းသားတွေဟာ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေ၊ ခဏတာသာယာတဲ့ လိင်ဆက်ဆံမှုတွေနဲ့ ထိခိုက်လွယ်တဲ့ စိတ်ခံစားချက်တွေကြားမှာ ရှုပ်ထွေးပွေလီစွာ ပတ်သက်နေကြတယ်

ဂျက် က သူ့ရဲ့ရည်းစားဟောင်း ဒင် ကို စင်တင်ပြဇာတ်တစ်ခုမှာ ဒါရိုက်တာအဖြစ် တာဝန်ယူရိုက်ကူးပေးနေတယ်

လာဖီ ဟာလည်း ဒင် ရဲ့နေရာကို အသည်းအသန်လိုချင်နေတဲ့အတွက် ဘယ်လိုဇာတ်လမ်းတွေဖြစ်လာမလဲ...

ဒင် ဟာ ဂျက် ရဲ့ ညီဖြစ်သူ ရုမ်း ကို အသုံးချပြီး လာဖီ ကို သူ့ဘဝထဲကနေ အပြီးတိုင် ဖယ်ထုတ်ပစ်ဖို့ ကြိုးစားနေတဲ့အတွက် ဒင် ရဲ့အစီအစဉ်တွေ အောင်မြင်သွားမလား...

တစ်ဖက်မှာလည်း ရိုမီရိုနဲ့ရိုမီရို ပြဇာတ်ထုတ်လုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ တူအာ ဟာ အဓိကဇာတ်ဆောင်နဲ့ အကပညာရှင်ဖြစ်သူ အာနိုး အပေါ်မှာ တိတ်တခိုးအချစ်စိတ်တွေ ရှိနေတဲ့အတွက် အာနိုး က တူအာ ရဲ့ အချစ်တွေကို သတိထားမိလာမလား...

ဒီဇာတ်လမ်းဟာတော့ Only Friends ရဲ့ ထုံးစံအတိုင်း Toxic Relationships တွေနဲ့ Drama အလှည့်အပြောင်းတွေကိုဪ အသားပေးရိုက်ကူးထားတာဖြစ်တဲ့အတွက် Ash Channel ကိုအားပေးနေတဲ့ ပရိတ်သတ်ကြီးတို့ အကြိုက်တွေ့စေမယ့်ကားလေးဖြစ်မှာ အသေအချာပါပဲရှင်

ဒါကြောင့် Only Friends: Dream On ဆိုတဲ့ အချစ်ဒရာမဇာတ်လမ်းတွဲလေးကို အပတ်စဉ်သောကြာနေ့တိုင်းမှာ တင်ဆက်ပေး‌တော့မှာဖြစ်တဲ့အတွက် စောင့်မျှော်ကြည့်ရှုအားပေးဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ရှင်


#OnlyFriendsDreamOn #thaiseries #2026series #mmsub #BL
Forwarded from Love Upon A Time (2026)
Love Upon A Time (2026)

Ep-3
https://t.me/blackholethaifilm/690

Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာ‌မို့ joinထားကြပါနော်။

ဖော့ အဖြစ် Net Siraphob
ကလောင် / နာခွန် အဖြစ် JJ Radchapon
ဂျုမ် အဖြစ် Latte Thanutchon
ကယ်ဝို အဖြစ် Kim Pongsaton

နတ်တွေ တစ္ဆေတွေ အယူသီးတာတွေကို လုံးဝ လုံးဝခေါင်းထဲမထည့်တဲ့ လက်တွေ့သမား အသက် ၂၀ အရွယ် လူငယ်လေး နာခွန်

ဒါပေမဲ့ ကံကြမ္မာက သူ့ကိုမှကျီဆယ်လိုက်တဲ့အခါ... မျက်စိတစ်မှိတ်အတွင်းမှာပဲ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀ အယုဒ္ဓယခေတ်ကြီးထဲကို ဗြုန်းကနဲ ရောက်သွားပါတော့တယ် စိမ်းသက်လှတဲ့ ခေတ်ဟောင်းကြီးထဲမှာ လမ်းပျောက်နေတုန်း... အယုဒ္ဓယခေတ်က ပျောက်ဆုံးနေတဲ့ ကလောင်ဆိုတဲ့ လူငယ်လေးနဲ့ ရုပ်ချင်းအင်မတန် ဆင်တူလှတော့ အိမ်ပြန်လမ်းရှာဖို့နဲ့ အသက်ရှင်ဖို့အတွက် နာခွန်တစ်ယောက် မတတ်သာဘဲ ကလောင်အဖြစ် ဟန်ဆောင်ပြီး အတိတ်ကမ္ဘာမှာ ရှင်သန်ဖို့ ကြိုးစားရင်း တစ်ဖက်မှာလည်း တကယ့် ကလောင် အစစ်က ဘာဖြစ်သွားတာလဲဆိုတဲ့ လျှို့ဝှက်ချက်ကိုပါ လိုက်လံစုံစမ်းရတဲ့အခါ...

ပြောင်းလဲသွားတဲ့ ကလောင်က သူသိခဲ့တဲ့ ညီလေးကလောင်မဟုတ်ဘူးဆိုတာကို အခိုင်အမာ ယုံကြည်နေပြီး အမှားတစ်ခုလုပ်မိတာနဲ့ ဖမ်းမိဖို့အတွက် နာခွန်ရဲ့ခြေလှမ်းတိုင်းကို အရိပ်လိုလိုက်ကြည့်နေတဲ့ အယုဒ္ဓယခေတ်က သခင်လေးဖော့

လျှို့ဝှက်ချက်ကိုဖုံးကွယ်ချင်သူနဲ့ အမှန်တရားကို ဖော်ထုတ်ချင်သူ နှစ်ယောက်... အမြဲတမ်း အကဲခတ် စောင့်ကြည့်နေရင်းကနေ သံသယတွေက အချစ်အဖြစ် ဘယ်လိုမျိုး အသွင်ပြောင်းသွားမလဲ နာခွန်ကရော လက်ရှိသူရဲ့ပစ္စုပ္ပန်ကာလကို ပြန်ရောက်နိုင်ပါ့မလား...ဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမယ့် BL ဇာတ်ကားလေးမို့ အတူတူကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်


#LoveUponATime #thaiseries #2026series #mmsub #BL
Klin Mali (2026)
မာလီပန်းရဲ့လျှို့ဝှက်ရနံ့ (၂၀၂၆)

Ep-14 ( The End )
https://t.me/blackholethaifilm/683

Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာ‌မို့ joinထားကြပါနော်။

အင်ထရဘိုဒီ အဖြစ် Tono Phakin
မာလီ အဖြစ် Richy Oranate
ဖိမ့် အဖြစ် TongTong

စစ်သည်တော်နှစ်ဦးကြားက ချိုမြိန်တဲ့အချစ်ရနံ့နဲ့ ပြည့်ဝစေမယ့် ဒရာမာဇာတ်လမ်းတစ်ခု ဖြစ်ပါတယ် ။အင်ထရဘိုဒီ ဆိုတဲ့ မင်းသားက မာလီကို ရှာဖွေနေပုံ၊ ဆွဲဆောင်မှုအပြည့်ရှိတဲ့ ရနံ့ရှိတဲ့ လှပတဲ့အမျိုးသမီး ကို ငယ်ငယ် ကတည်းက လူယုတ်မာတစ်စုဖြစ်တဲ့ နန်းဆောင်ထဲက မသမာသူလက်ထဲက ကယ်တင်ထားခြင်းဖြစ်ပါတယ် ။

မင်းသမီးမာလီ ရဲ့ အမေ အငယ်နှောင်း မယ်ဘူငှာ ရဲ့ သမီးလေးဖြစ်ပြီး ကြာပန်းသဏ္ဏန် အဆင်းလှ အနံ့တွေနဲ့ ပြည့်စုံ ပြီး မွေးထုတ်ပေးထားတာဖြစ်တာကြောင့် ခမည်းတော်ရဲ့ အသည်းကြော် သမီးလေးဖြစ်နေတာပေါ့ ။ မာလီအ‌မေ ကို လုပ်ဇတ်ခင်းပြီး နန်းဆောင်က နှင်ချခံရတဲ့ အချိန်မှာ မာလီ တစ်‌ယောက် အပြင်လောကမှာဘယ်လိုရှင်သန်ပြီး ဘယ်လို ကျင်လဲ မလဲဆိုတာ ဆက်ကြည့်ပေးပါနော်။

ရုပ်အဆင်းအလှပနဲ့ ကြီးပြင်းလာတော့ တစ်ဖက်မှာ မင်းသမီးရဲ့ပုလဲဆွဲကြိုး‌နဲ့ ရှာနေတဲ့ မင်းသားအင်ထရက တွေ့ရှိမှာလား ? ဒါမှ မဟုတ် ဒီရွှေကြာနန်းဆောင် မှာ လေးလံတင် အရောင်းစားပြည့်တန်ဆာဘ၀နဲ့ နေသွားရမှာလားဆိုတာ ရင်ခုန်စွာနဲ့ စောင့်မျှောပေးပါဦးနော်


#KlinMali #thaiseries #2026series #mmsub #blackhole
1
Club Friday Love Status: Red Flag (2026)
အန္တရာယ်ဇုန်ထဲကအချစ် (၂၀၂၆)

Ep-2
https://t.me/blackholethaifilm/689

Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာ‌မို့ joinထားကြပါနော်။

Club Friday Love Status: Red Flag ဆိုတာ "အန္တရာယ်ဇုန်ထဲကအချစ်" (Toxic Relationship) ထဲကို သိသိကြီးနဲ့ ရုန်းမထွက်နိုင်ဘဲ နက်နက်ရှိုင်းရှိုင်း ကျဆုံးသွားတဲ့ မိန်းကလေးတစ်ယောက်ရဲ့ စိတ်လှုပ်ရှားဖွယ် ဇာတ်လမ်းပါ။
ဒီဇာတ်လမ်းမှာ အဓိကဇာတ်ကောင်ဟာ သူမချစ်မိတဲ့သူဆီမှာ လိမ်ညာတာ၊ ထိန်းချုပ်ချင်တာနဲ့ သစ္စာဖောက်တာမျိုးလို Red Flags (သတိပေးလက္ခဏာတွေ) အထင်အရှားရှိနေတာကို တွေ့ရပေမဲ့၊ အချစ်ရဲ့ မျက်ကန်းယုံကြည်မှုကြောင့် "သူ ငါ့အတွက်တော့ ပြောင်းလဲသွားမှာပါ" ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရှေ့ဆက်ခဲ့ပါတယ်။ ဒါပေမဲ့ အချစ်ဆိုတာထက် ပိုင်ဆိုင်လိုစိတ်နဲ့ အနိုင်ယူလိုစိတ်တွေကြားမှာ သူမရဲ့ စိတ်ပိုင်းဆိုင်ရာတွေ ဘယ်လိုပြိုလဲပျက်စီးသွားသလဲ၊ အဆုံးသတ်မှာ အဲ့ဒီအန္တရာယ်ဇုန်ထဲကနေ အသက်ရှင်လျက် ထွက်ခွာနိုင်ပါ့မလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့် Psychological Drama အမျိုးအစား ဖြစ်ပါတယ်။


#ClubFridayLoveStatusRedFlag #thaiseries #2026series #mmsub
Forwarded from Girl Rules (2026) GL
Girl Rules (2026)

Ep-5
https://t.me/blackholethaifilm/655

Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာ‌မို့ joinထားကြပါနော်။

ရည်းစားဟောင်းတွေကို စက်ဝိုင်းပုံစံ မုအွန်နေကြတဲ့ gl ပရိသတ်တို့ အစောင့်ဆိုင်းရဆုံး girl rules ဟာဆိုရင်ဖြင့် ယနေ့မှာတော့ ထွက်ရှိလို့လာပါပြီ။

GMM ရဲ့ ထိပ်တန်း GL CP တွေဖြစ်တဲ့ Milk-Love Namtam-Film View-Mimတို့ အပြိုင်ကြဲထားတဲ့အပြင် ဇာတ်ကောင်တွေရဲ့ ရှုပ်ထွေးလှတဲ့ Relationship တွေကြောင့် ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှု မြင့်တက်နေတဲ့ ကားလေးပါ။

ပရင်အဖြစ် Namtan Tipnaree
ဘမ်ဘီးအဖြစ် Film Rachanun
ရှာရှာအဖြစ် Milk Pansa Vosbein
ဂိုယာအဖြစ် Love Pattranite
မင်အဖြစ် View Benyapa Jeenprasom
ပရယ်အိုအဖြစ် Mim Rattanawadee

ဇာတ်လမ်းအစမှာတော့ ပရင်နဲ့မင်တို့ သူငယ်ချင်းနှစ်ယောက် ကြော်ငြာကုမ္ပဏီတစ်ခုကို အတူတူ ဦးစီးလုပ်ကိုင်နေကြရာကနေ စတင်ပါတယ်။ အရာအားလုံး အေးအေးဆေးဆေး ဖြစ်နေချိန်မှာပဲ ပရင်ရဲ့ ရည်းစားဟောင်းဖြစ်သူ ဘမ်ဘီး ရုတ်တရက် ပြန်ပေါ်လာပြီး အချစ်ဟောင်းကို ပြန်ဆက်ချင်တယ်လို့ ဆိုလာတဲ့အခါမှာတော့ သူတို့ရဲ့ သူငယ်ချင်းအသိုင်းအဝိုင်းလေးထဲမှာ မုန်တိုင်းစတင် တိုက်ခတ်ပါတော့တယ်။

ဒီအရှုပ်အထွေးက ဒီလောက်နဲ့ မပြီးသေးပါဘူး။ သူတို့ရဲ့ အချစ်ရေး ကွန်ရက်ထဲကို ထပ်ပြီး ဝင်ရောက်လာသူတွေကတော့…

ပရင်မ်နဲ့ ပိုပြီး နက်ရှိုင်းတဲ့ ဆက်ဆံရေးကို လိုချင်နေတဲ့ စတိုင်လစ် ကောင်မလေး ဂိုယာ

ဆွဲဆောင်မှု အပြည့်ရှိပြီး ပွေရှုပ်တတ်တဲ့ မော်ဒယ်မလေး ရှာရှာ

ဂျယ်လီပေတံဖြစ်နေတဲ့ မင်အမြဲသွားနေကျ ဘားက တိမ်ထူဓာတ်ပုံဆရာမလေး ပရယ်အိုတို့ပဲ ဖြစ်ပါတယ်။

မိန်းကလေးတွေချည်းပဲ စုနေတဲ့ ဒီအသိုင်းအဝိုင်းလေးထဲမှာ... အချစ်၊ သံယောဇဉ်၊ မနာလိုမှုနဲ့ ရှုပ်ထွေးလှတဲ့ ဆက်ဆံရေးတွေကို ဘယ်လိုတွေ မြိုင်မြိုင်ဆိုင်ဆိုင် ဒရာမာခင်းပြသွားမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမဲ့အပြင် အပိုင်း (၁၂) ပိုင်းပဲ ပါဝင်တဲ့ Standard Series ဖြစ်လို့ အချစ်ရေး အရှုပ်အထွေး Drama တွေကို သဘောကျတဲ့သူတွေ လုံးဝ လက်မလွှတ်သင့်တဲ့ စီးရီးသစ်လေးမို့ အခုပဲ ရှုစားလိုက်ကြပါဦး။


#GirlRules #thaiseries #2026series #ongoing #mmsub
MuTeLuv: Love Me if You Swear (2026)

Ep-4 ( The End )
https://t.me/blackholethaifilm/411

Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာ‌မို့ joinထားကြပါနော်။

တမ် အဖြစ် Surf Patchara Silapasoonthorn
အို အဖြစ်  Java Bhobdhama Hansa

ဇာတ်လမ်းအကျဉ်း

ကျောင်းလူမိုက်လောကမှာ ဆရာတစ်ဆူဖြစ်နေတဲ့ ကောင်လေးတစ်ယောက် တနေ့တော့ ပြိုင်ဖက်ပေါ်လာခဲ့တဲ့အခါ..

တမ် ကတော့ နူအာအင်ဂိုဏ်းရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး အာဏာအရှိဆုံးဂိုဏ်အဖြစ်လည်း တံဆိပ်ပေးခံထားရတဲ့အထိ နာမည်ကြီးတာဖြစ်ပါတယ်...

ဒါပေမယ့် ဂိုဏ်းခေါင်းဆောင်ဖြစ်ပြီး နောက်ပိုင်းမှာတော့ ကံဆိုးမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်လာခဲ့ပါတယ် အဆိုးဆုံးကတော့ ပထုမ်ဖိုင်ဆန်ဂိုဏ်းနဲ့ ထိပ်တိုက်ဆုံလာရတာပါပဲ

သူတို့ဖက်ကလည်း ဒီတံဆိပ်ကို ရထိုက်တယ်လို့ထင်ပြီး စိန်ခေါ်မှုတွေ ပြင်းထန်လာခဲ့တယ် သူသူကိုယ်ကိုယ် ရန်ဖြစ်ရတဲ့အခါတွေမှာ ကံဆိုးနေတဲ့ တမ် တို့အဖွဲ့ကတော့ အမြဲရှုံးနေရတော့တာပေါ့

အဲလိုနဲ့ တမ် တစ်ယောက်ပြန်တွေးကြည့်ရင်း နတ်ဘုရားဆီ ပေးခဲ့တဲ့ကတိ မတည်ရသေးတာကို သွားသတိရပါတော့တယ်..အဲအတွက် အဖွဲ့ရဲ့ဂုဏ်ကို ပြန်အနိုင်ယူနိုင်ဖို့ ကံဆိုးတွေပြေဖို့အတွက် ဘုရားကျောင်း (၉)ကျောင်း ပတ်ဖူးကာ ကုသိုလ်ပြုရပါတော့မယ်

ဒါပေမယ့် အကြံတူနေတာကတော့ ပထုမ်ဖိုင်ဆန်ရဲ့ဂိုဏ်းခေါင်းဆောင် အိုပဲဖြစ်ပါတယ် ဒီလိုနဲ့ပဲ ဘုရားဖူးလမ်းစဉ်တစ်လျောက် မတည့်အတူနေ နှစ်ယောက် ရန်သတ်ရင်း စရင်းနဲ့ သံယောဇဉ်တွယ်မိလာတဲ့အခါမှာ...ဘယ်လိုတွေဆက်ဖြစ်မလဲဆိုဝာာကို အပတ်စဉ် စောင့်မျော်ကြည့်ရှုလိုက်ရအောင်ပါ။


#MuTeLuvLoveMeifYouSwear #thaiseries #2026series #ongoing #mmsub #BL #blackhole
Friends On Fire (2026)
မီးနဲ့ကစားတဲ့နှင်းဆီ (၂၀၂၆)

Ep-18
https://t.me/blackholethaifilm/668

Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာ‌မို့ joinထားကြပါနော်။

အွမ် အဖြစ် Pupe Kessarin
မင့် အဖြစ် Pinkploy Paparwadee
ရတ်ဒေါင် အဖြစ်Jean Chertinnara
ထနွန် အဖြစ် Thanwa Suriyajak
 
အွမ်, မင့် နှင့် ရတ်ဒေါင် တို့ဟာ စိတ်သဘောထားခြင်း မတူညီကွဲပြားကြတဲ့ သူငယ်ချင်းကောင်းတွေဖြစ်ကြပါတယ်။ သူတို့ဘဝမှာ မဖြေရှင်းနိုင်တဲ့ မိသားစုပြသာနာတွေ ပြည့်နှက်နေပေ့မယ်လဲ တစ်ယောက်အစားတစ်ယောက် သေပေးနိုင်တဲ့ ခင်မင်မှု တစ်ခုသည်သာ သူတို့ဘဝရဲ့ အားထားရာဖြစ်လာခဲ့သည်။ “ထာဝစဉ် အမြဲ သူငယ်ချင်းကောင်း”တွေ ဖြစ်သွားကြမယ်လို့ ကတိသစ္စာဆိုထားကြတဲ့သူတွေလဲဖြစ်တယ်။

တစ်နေ့သော် ကြော်ငြာကုမ္ပဏီပိုင်ရှင် ထနွန် ဘန်ကောက်မြို့ရဲ့ ဆူညံသံနဲ့ဝေးရာ ဖူးခက်ဆီသို့ အလည်ထွက်ရာ ကျောင်းပိတ်တုန်းနေရပ်ဆီကိုပြန်လာတဲ့ အွမ်နဲ့တွေ့ဆုံပြီး ခင်မင်သွားခဲ့ကြသည်။ အွမ်ကနေတစ်ဆင့် မင့်နဲ့ဒေါင်တို့ ခွန်ထနွန်နဲ့သိလာခဲ့သည်။ မြင်မြင်ချင်းမှာ ခွန်ထနွန် ကိုသဘောကျနေမိတဲ့ မင့်နဲ့ဒေါင်တို့ခံစားချက်ကို သိနေသော အွမ်သည် မိမိနှလုံးသား တောင်းဆိုအသံကိုမျိူသိမ့်ပြီး ခင်မင်မှုမပျက်ပြားသွားအောင် ကြိုးစားနေရှာသည်။

သို့သော် မင့်နဲ့ဒေါင်တို့ရဲ့ ခွန်ထနွန် အပေါ်ထားရှိတဲ့ ခံစားချက်တွေဟာ တစ်ဖြည်းဖြည်းနဲ့ ပြင်းပြလာရာ အွမ်ရဲ့ကြိုးစားမှုဟာ အရာမရောက်ပဲအခက်တွေ့နေခဲ့သည်။တစ်နေ့မှာ မင့်နဲ့ဒေါ။သ င်တို့ နားလည်မှုယူဖို့လုပ်ကြရင်းနဲ့ မတော်တဆမှုကြောင့် ဒေါင်ဆုံးပါးသွားခဲ့ရသည်။ ဒီလိုနဲ့ အသက်ကိုတောင်ရင်းပြီး ခင်မင်ကြတဲ့ ရင်းနှီးမှုဟာလမ်းဆုံးကိုရောက်လာတော့သည်။ အက်ကွဲသွားသောဖန်စဟာ ပြန်စပ်လို့မရနိုင်သလို
လောင်မြိုက်နေသောအငြိုးဟာလဲ အနိုင်ရခြင်းနဲ့ အဆုံးသတ်မှဖြစ်တော့မည်။

အွမ်ဟာ မိမိသူငယ်ချင်း ဒေါင်အတွက် မင့်ကို လက်စားချေနိုင်ဖို့ ခွန်ထနွန်ကို အသုံးချပါလေရော့။ ကြင်နာမှု, တွယ်တာမှု နှင့် ခင်မင်မှုနဲ့ဖွဲ့သော သူငယ်ချင်းကနေ အမုန်း, အတ္တ နဲ့ အငြိုးနဲ့ ဖွဲ့သောရန်ဖက်တွေ ဖြစ်လာခဲ့သည်။ ဤလက်စားချေပွဲမှာ ဘယ်သူက အနိုင်ရသွားမလဲ... ဘယ်လိုမျိူးနဲ့အဆုံးသတ်သွားမှာလဲ ဆိုတာကို အပတ်စဉ် တနင်္လာနေ့နဲ့ အင်္ဂါနေ့တို့မှာ တင်ဆက်ပေးသွားမှာဖြစ်လို့ ဒီဒရာမဇာတ်လမ်းတွဲကို စောင့်မျှော်ကြည့်ရှူလိုက်ရအောင်နော်...


#FriendsOnFire #thaiseries #2026series #ongoing #mmsub #blackhole
Forwarded from Heart Code (2026)
Heart Code (2026)

Ep-7 ( The End )
https://t.me/blackholethaifilm/481

Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာ‌မို့ joinထားကြပါနော်။

ထာရာကရာဟန်က ရာဇဝတ်မှုအထူးနှိမ်နှင်းရေးအဖွဲ့ဝင်ဖြစ်တဲ့ ဒုရဲမှူးတယောက်ဖြစ်ပါတယ် တနေ့မှာတော့ တာရာရဲ့အထက်လူကြီးက သူ့သမီးဖြစ်သူ ဝစ်ကီဟာ အထူးလေ့ကျင့်ရေးသင်တန်းဆင်းရတော့မှာမလို့ ဝစ်ကီကိုစောင့်ရှောက်ပေးရန်အတွက် ထာရာကို တာဝန်ပြင်ကနေညွှန်ကြားလိုက်ပါတယ်...

ဝစ်ကီတယောက် အထူးလေ့ကျင့်ရေးသင်တန်းလာတက်ရတာဟာ သူ့အဖေက တက်ခိုင်းလို့ဖြစ်ပြီး တကယ်တမ်းတက်ရတဲ့အခါမှာတော့ ပင်ပန်းမှုဒဏ်ကိုမခံနိုင်ဘဲ သင်တန်းကနေထွက်ဖို့ပြင်နေပါတော့တယ်... ဒါပေမဲ့ ဝစ်ကီကို စောင့်ရှောက်ဖို့တာဝန်ခံပေးခံထားရတဲ့ ထာရာက အဲဒီကိစ္စကိုသိသွားတဲ့အခါမှာတော့ ဝစ်ကီကို တားဖိုးကြိုးစားရင်း တယောက်နဲ့တယောက်သံယောဇဉ်ကြီးထွားလာကြပါတော့တယ်

သင်တန်းဆင်းရတဲ့အခါမှာတော့ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ အရင်တုန်းကအတိုင်းပဲဆက်ရှိနေပြီး ဝစ်ကီက ထာရာအပေါ်ယုံကြည်မှုတွေတိုးလာပါတော့တယ်... တကယ်တမ်းမှာတော့ ထာရာက သူ့အဖေအတွက် ဝစ်ကီရဲ့ အဖေကို လက်စားချေဖို့ ကြိုးစားနေတဲ့သူဖြစ်ပါတယ် လက်စားချေချင်ရတဲအကြောင်းရင်းကတော့ ထာရာရဲ့အဖေဟာ ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတာဖြစ်ပြီး သတ်သေသွားရတဲ့အကြောင်းရင်းက ဝစ်ကီအဖေတင်သွင်းလိုက်တဲ့ သက်သေတွေကြောင့်မလို့ပဲဖြစ်ပါတယ်...

ထာရာက သူ့ကိုအသုံးချပြီး သူ့အဖေကိုလက်စားချေဖို့ကြိုးစားနေတာကို ဝစ်ကီသိသွားတဲ့အခါမှာတော့သူတို့ရဲ့ဆက်ဆံရေးက အရင်လိုပဲရှိနေမလား လက်စားချေတာကရော အောင်မြင်သွားမလားဆိုတာကတော့ သောကြာနေ့တိုင်းပြသပေးတော့မှာမလို့ လာရောက်ကြည့်ရှုကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်..


#HeartCode #thaiseries #2026series #ongoing #mmsub #GL #blackhole
Finding The Last Note (2026)
မှေးမိန်သွားသောသံစဉ် (၂၀၂၆)

Ep-7
https://t.me/blackholethaifilm/695

Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာ‌မို့ joinထားကြပါနော်။

"ဂီတဟာ မိသားစုကို စုစည်းပေးခဲ့သလို... အချိန်တစ်ခုမှာတော့ သူတို့ကြားကို ဝေးကွာသွားစေခဲ့ပြန်တယ်"
မိသားစုရဲ့ အရာရာဖြစ်တဲ့ အမေ ဆုံးပါးသွားပြီးနောက် အားလုံး ဝမ်းနည်းပူဆွေးကာ လမ်းပျောက်နေကြတဲ့အချိန်...

ဘဝကို အသည်းအသန် ရုန်းကန်နေရတဲ့ ဂီတသမားဟောင်း အဖေတစ်ယောက်။

ကိုယ်ပိုင်ကမ္ဘာလေးထဲမှာပဲ ပိတ်လှောင်နေတတ်တဲ့ အော်တစ်ဇင်သမီးလေး
ကံကြမ္မာကို နာကျည်းပြီး အားလုံးအပေါ် ဒေါသထွက်နေတဲ့ ဆယ်ကျော်သက်သားလေး
ပြိုလဲနေတဲ့ မိသားစုအပေါ် ကံကြမ္မာဆိုးက ထပ်မံရိုက်ခတ်လိုက်တာကတော့ အဖေဖြစ်သူမှာ နောက်ဆုံးဆင့် ကင်ဆာဝေဒနာ ခံစားနေရတယ်ဆိုတာ သိလိုက်ရချိန်ပါပဲ။ ဒီလိုနဲ့ သမီးဖြစ်သူ "ခင်" ရဲ့ ထူးခြားတဲ့ အဆိုအသံကို တိုက်တိုက်ဆိုင်ဆိုင် ရှာဖွေတွေ့ရှိသွားတဲ့အခါ... မိသားစုကို ကယ်တင်ဖို့အတွက် မောင်နှမနှစ်ယောက်ဟာ ဖခင်ဖြစ်သူ ရေးစပ်ထားတာမပြီးဆုံးသေးတဲ့ သီချင်းလေးနဲ့အတူ နိုင်ငံတော်အဆင့် သီချင်းဆိုပြိုင်ပွဲကြီးဆီကို ခြေလှမ်းလှမ်းခဲ့ကြပါတယ်။

ဒီသီချင်းသံစဉ်တွေက သူတို့ရဲ့ ပြိုကွဲနေတဲ့ နှလုံးသားတွေကို ပြန်လည်ဆက်စပ်ပေးနိုင်မလား? ရှင်သန်ခြင်းရဲ့ အဓိပ္ပာယ်ကို ဂီတနဲ့အတူ ဘယ်လိုရှာဖွေမလဲဆိုတာ... အတူတူ စောင့်မျှော်ကြည့်ရှုလိုက်ကြရအောင်။
#FindingTheLastNote #thaiseries #2026series #mmsub
Forwarded from Broken Of Love (2026)
Broken Of Love (2026)

Ep-3
https://t.me/blackholethaifilm/692

Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာ‌မို့ joinထားကြပါနော်။

GL ဇာတ်ကားကောင်းကောင်းလေးတွေမှ ကြည့်ချင်ပါတယ်ဆိုတဲ့ ပရိသတ်ကြီးအတွက် အချစ်နဲ့ အမုန်းကြားက ဒရာမာခပ်ကြမ်းကြမ်း လွန်ဆွဲမှုတွေကို မြင်တွေ့ရမယ့် "Broken of Love (2026)" ဆိုတဲ့ ထိုင်းGL Revenge Drama စီးရီးသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။

ဒီကားလေးဟာ ကျွန်တော်တို့ Daddy Faye အချိန်အတော်ကြာ ကိုယ်တိုင် ကြိုးစားအားထုတ် ရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်တဲ့အပြင် Faye- Atom CPရဲ့ ပွဲဦးထွက်ဇာတ်ကားလည်းဖြစ်တာမလို့ အတော်လေး မျှော်လင့်ရတဲ့ဇာတ်ကားဆိုလည်း မမှားပါဘူး။

အာရီဆာ အဖြစ်  Faye Peraya
လာလင် အဖြစ် Atom Pariya

အမေဖြစ်သူကို သတ်သွားတဲ့သွေးကြေးကိုဆပ်ဖို့ နောက်ကွယ်ကကြိုးကိုင်သူ စီးပွားရေးအင်ပါယာပိုင်ရှင်ကြီးကို တစ်ကိုယ်တည်းတိုက်ခိုက်ဖို့ ကြိုးစားနေတဲ့ အာရီဆာ

အမုန်းနဲ့ကလဲ့စားက ဝါးမြိုနေတဲ့ အာရီဆာရဲ့ နှလုံးသားထဲကို မဖိတ်ခေါ်ဘဲ ဝင်ရောက်လာသူလေးကတော့ လာလင်ဆိုတဲ့ကောင်မလေး

ချစ်ခြင်းနဲ့မေတ္တာတို့ အချိန်အတော်ကြာ ပျောက်ဆုံးခဲ့ရပြီးမှ အချစ်ဆိုတဲ့အရာကို ပြန်လည်ထိတွေ့ချိန်မှာ လာလင်က ရန်သူတော်ကြီးရဲ့သမီး ဖြစ်နေတဲ့အခါ…

အသိစိတ်ကိုလိုက်နာရမလား နှလုံးသားစေရာလိုက်ရမလား ဝေခွဲမရဖြစ်နေတဲ့အာရီဆာနဲ့ လာလင်တို့နှစ်ယောက်ကြားမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ အပတ်စဉ်စနေနေ့တိုင်း အချိန်နဲ့တပြေးညီ တင်ဆက်ပေးသွားမှာဖြစ်လို့ ရှုစားကြပါဦး။


#BrokenOfLove #thaiseries #2026series #mmsub #GL
Kaew Na Mah (2026)
မြင်းမျက်နှာနဲ့မိန်းကလေး (၂၀၂၆)

Ep-16,17
https://t.me/blackholethaifilm/697

Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာ‌မို့ joinထားကြပါနော်။

ဇာတ်လမ်းအကျဉ်း

ဇာတ်လမ်းလေးကတော့ မွေးလာကတည်းက မြင်းနဲ့တူတဲ့ မျက်နှာပေါက်၊ ထိုးထွက်နေတဲ့ သွားတွေကြောင့် လူတကာရဲ့ လှောင်ပြောင် ကဲ့ရဲ့မှုကို ခံနေရတဲ့ "ကဲရောင်" (Kaew) ဆိုတဲ့ မိန်းကလေးကနေ စတင်ထားပါတယ်။ ရုပ်သာဆိုးပေမယ့် ကလောင်းဟာ စိတ်ထားဖြူစင်ပြီး ခွန်အားကြီးမားတဲ့အပြင် ထူးခြားတဲ့ မှော်အစွမ်းတွေလည်း ရှိသူပါ။
တစ်နေ့မှာတော့ တိုင်းပြည်က မင်းသားချော "ပင်ထုန်" (Phra Pin Thong) လွှင့်လိုက်တဲ့ စွန်ဟာ ကလောင်းဆီကို ပြုတ်ကျလာပါတော့တယ်။ ကဲရောင်က အဲဒီစွန်ကို ပြန်ပေးဖို့အတွက် "မင်းသား ကိုယ့်ကို လက်ထပ်ရမယ်" လို့ ရဲရဲဝံ့ဝံ့ တောင်းဆိုရာကနေ ဇာတ်လမ်းစပါတော့တယ်။ မင်းသားက ရုပ်ဆိုးလွန်းတဲ့ ကဲရောင်ကို လုံးဝသဘောမကျဘဲ အမြဲရှောင်ပြေး၊ နှိမ်ချဆက်ဆံရာကနေ ကလောင်းကရော မင်းသားကိုဆက်ချစ်နိုင်မလား ?မင်းသားကရောသူ့ကိုပြန်ချစ်လာမှာလား?ဒီဟာသအချစ်ဇာတ်လမ်းလေးကို ကြည့်လိုက်ရအောင်!!


#KaewNaMah #thaiseries #2026series #ongoing #mmsub #blackhole
4 Elements: The Water (2026)

Ep-4
https://t.me/blackholethaifilm/693

Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာ‌မို့ joinထားကြပါနော်။

“ ရန်သူ့ကုမ္ပဏီကို ဖျက်ဆီးဖို့ လာပါတယ်ဆိုမှ... ပင်လယ်နဲ့တူတဲ့ ရန်သူ့ရဲ့ အချစ်နွံထဲမှာ လှိုင်းငယ်လေး နစ်မျောသွားမိတဲ့အခါ..."

GL industry ရဲ့ အကြီးဆုံး Mega Project ကြီးရဲ့ ဒုတိယမြောက်ဇာတ်ကားဖြစ်တဲ့ The Water ကတော့ ယနေ့မှာထွက်ရှိလို့လာပါပြီ

ဒီကားမှာတော့ Girls' Love ပရိသတ်တွေ အသည်းစွဲ Englot (Engfa Waraha နဲ့ Charlotte Austin) တို့ရဲ့ Corporate Romance နဲ့ Enemies-to-Lovers Vibe လေးနဲ့ ပွဲထွက်လာမှာဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ စီးပွားရေးပြိုင်ဘက် ဝါထင်လုပ်ငန်းစုနဲ့ ဝပ်ချရာလုပ်ငန်းစုတို့ရဲ့ အားပြိုင်မှုတွေကြားမှာ သူဌေးကြီး ဖိင်ဒေ့ရဲ့ ဒုတိယသမီးဖြစ်တဲ့ ချွန်လာဒါ (Charlotte) ဟာ ရန်သူ့ကုမ္ပဏီကို ဖျက်ဆီးဖို့ နယ်ရုပ်လေးတစ်ခုအဖြစ် စေလွှတ်ခံလိုက်ရပါတယ်။

သူလျှိုအဖြစ်နဲ့ ဧည့်ကြိုရာထူးကို အသွင်ယူဝင်ရောက်လာတဲ့ ချန်လာဒါရဲ့ အဓိက ပစ်မှတ်ကတော့ ဝါထင်လုပ်ငန်းစုကို ဦးစီးနေတဲ့ တည်ကြည်ခန့်ညားတဲ့ သူဌေးမလေး အာပို (Engfa) ပါပဲ။

ကုမ္ပဏီကို ဒုက္ခပေးဖို့ ကြိုးစားရင်းနဲ့မှ... စည်းကမ်းကြီးတဲ့ အမှုဆောင်မလေးနဲ့ အသွင်ယူထားတဲ့ ဧည့်ကြိုမလေးတို့ကြားမှာ မထင်မှတ်ထားတဲ့ သံယောဇဉ်တွေ စတင်ဖြစ်တည်လာတဲ့အခါ…

စီးပွားရေး ပြိုင်ဆိုင်မှုတွေကြားမှာ သူတို့နှစ်ယောက်ရဲ့ အချစ်က ရှင်သန်နိုင်ပါ့မလား... လျှို့ဝှက်ချက်တွေ ပေါ်သွားတဲ့အခါ ဘာတွေ ဆက်ဖြစ်မလဲဆိုတာကိုတော့ အချိန်နဲ့တပြေးညီ တင်ဆက်ပေးသွားမှာဖြစ်လို့ ကြည့်ရှုအားပေးကြပါဦး။


#4ElementsTheWater #4Elements #TheWater #thaiseries #2026series #mmsub #GL
Forwarded from Yesterday (2026)
Yesterday The Series (2026)

Ep-10 ( The End )
https://t.me/blackholethaifilm/609

Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာ‌မို့ joinထားကြပါနော်။

Love Is In The Air မှာ နာမည်ကြီးလာတဲ့အတွဲလေးဖြစ်တဲ့ FortPeatတို့ရဲ့ BLကားသစ်လေးထွက်ရှိလာပါပြီ။

<ဇာတ်လမ်းအကျဉ်း>

Kelvinအဖြစ် Peat Wasuthorn Chaijindarနဲ့ Veirအဖြစ် Fort Thitipong Sangngeyတို့က အဓိကဇာတ်ဆောင်တွေအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဒီကားမှာတော့ VPG Groupရဲ့ အမွေဆက်ခံသူVeirဟာ KING Groupရဲ့ ဒုတိယမြောက်သားဖြစ်သူKelvinနဲ့ ဆုံတွေ့ခဲ့ပါတယ် Veirဟာ Kelvinကို သူ့ရဲ့ဖအေတူမအေကွဲအစ်ကိုဖြစ်သူKenရဲ့ အာဏာလုမှုတွေကြားကနေ ကူညီပေးခဲ့ပါတယ် ဒါပေမယ့် မမျှော်လင့်ဘဲသစ္စာဖောက်ခံရပြီးနောက်မှာ Veirက Nanaရဲ့အကူအညီနဲ့ ချင်းမိုင်မြို့ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတော့တယ်။

အချိန်တွေကြာပြီးတဲ့နောက်မှာတော့ Veirနဲ့ Kelvinတို့ပြန်ဆုံခဲ့ကြတယ် အဲ့အချိန်မှာ သူတို့ရဲ့ရန်သူKenက Lalinနဲ့ လက်ထပ်ထားပြီး LOYDE Groupကို အုပ်ချုပ်မင်းမူနေပါပြီ Veirနဲ့ Kelvinတို့၂ယောက်က သူတို့ရဲ့ဘဝတွေကိုရင်းပြီး Kenကို ပြန်လည်ရင်ဆိုင်အားပြိုင်ကြရ
တော့မယ့်အချိန်ရောက်လာပါပြီ။

စီးပွားရေးလောကရဲ့ ရက်စက်မှုတွေနဲ့ အတိတ်ကနာကျင်မှုတွေကြားမှာ သူတို့၂ဦးရဲ့အချစ်က ဘယ်လိုမျိုးအဆုံးသတ်မလဲဆိုတာကို အပတ်စဉ်တနင်္လာနေ့တိုင်း စောင့်မျှော်ကြည့်ရှုအားပေးနိုင်ပါပြီနော်။

#Yesterday #thaiseries #2026series #ongoing #mmsub #BL #blackhole
The Heart of Yiwha: Of Love & Vengeance (2026)
အချစ်ငြိုးမာန် (၂၀၂၆)

👇ကြည့်လိုပါက ချန်နယ်အရင်ဂျွိုင်းပေးပါ👇
https://t.me/+eodazhf5oAtmOTNl

Ep-23 ( The End )
https://t.me/c/3685287023/97


👇အပိုင်းဟောင်းများ ကြည့်ရန်👇

Ep-1
https://t.me/c/3685287023/3

Ep-2
https://t.me/c/3685287023/9

Ep-3
https://t.me/c/3685287023/13

Ep-4
https://t.me/c/3685287023/17

Ep-5
https://t.me/c/3685287023/21

Ep-6
https://t.me/c/3685287023/25

Ep-7
https://t.me/c/3685287023/29

Ep-8
https://t.me/c/3685287023/33

Ep-9
https://t.me/c/3685287023/37

Ep-10
https://t.me/c/3685287023/41

Ep-11
https://t.me/c/3685287023/45

Ep-12
https://t.me/c/3685287023/49

Ep-13
https://t.me/c/3685287023/53

Ep-14
https://t.me/c/3685287023/57

Ep-15
https://t.me/c/3685287023/62

Ep-16
https://t.me/c/3685287023/66

Ep-17
https://t.me/c/3685287023/71

Ep-18
https://t.me/c/3685287023/75

Ep-19
https://t.me/c/3685287023/80

Ep-20
https://t.me/c/3685287023/84

Ep-21
https://t.me/c/3685287023/89

Ep-22
https://t.me/c/3685287023/93
ယီဝါ အဖြစ် Amanda Chalisa
ယမ် အဖြစ် Pond Nawash

"ကိုယ့်ဓားသွားက ရန်သူ့လည်ပင်းကို ချိန်ရွယ်ထားချိန်… ကိုယ့်နှလုံးသားက ရန်သူ့သမီးဆီ ရောက်သွားတဲ့အခါ...”

မိသားစုတစ်ခုလုံးကို ရက်ရက်စက်စက် သတ်ဖြတ်သွားတဲ့ ဓားပြအုပ်စုကို လက်စားချေဖို့ သာမန်လက်နက်တွေနဲ့ မနိုင်နိုင်တဲ့ ရန်သူတွေကို ရင်ဆိုင်ဖို့ ကြောက်မက်ဖွယ် အောက်လမ်းပညာကို ရွေးချယ်ခဲ့တဲ့ ယမ်

ဒါပေမဲ့ ကံကြမ္မာရဲ့ ဆန်းကြယ်တဲ့လှည့်ကွက်တစ်ခုကြောင့် သူအမုန်းဆုံး ရန်သူကြီးရဲ့သမီးဖြစ်သူ ယီဝါနဲ့ မမျှော်လင့်ဘဲ ဆုံတွေ့မိချိန်မှာပဲ ယမ်ရဲ့လက်စားချေခရီးစဉ်ကြီးဟာ ဇောက်ထိုးမိုးမျှော် ဖြစ်လာတဲ့အခါ….

မိသားစုအတွက်ပဲ အဆုံးစွန်ထိ လက်စားချေမလား
နှလုံးသားက တောင်းဆိုတဲ့ ချစ်သူကိုပဲ ရွေးချယ်မလား
ဒီဘေးကျပ်နံကျပ် အခြေအနေကို ယမ်တစ်ယောက် ဘယ်လိုဖြတ်ကျော်မလဲ

သည်းထိတ်ရင်ဖို အောက်လမ်းပညာတိုက်ပွဲတွေကြား နာကျည်းမှုနဲ့ အချစ်ကြားက လွန်ဆွဲပွဲကြီးကို အက်ရှင် ဒရာမာ သည်းထိတ်ရင်ဖိုဇာတ်ကွက်မျိုးစုံနဲ့ တဝကြီး ကြည့်ရှူ့ခံစားရမယ့် လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်တဲ့ အချစ်ငြိုးမာန် ဇာတ်လမ်းတွဲကို တင်ဆက်ပေးလိုက်ပါတယ်


#TheHeartofYiwhaOfLove&Vengeance #thaiseries #ongoing #mmsub #blackhole
Forwarded from My Stubborn (2025)
Duang with You (2026)

Ep-11
https://t.me/blackholethaifilm/696

Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာ‌မို့ joinထားကြပါနော်။

ဒူအန် အဖြစ် TeeTee Wanpichit Nimitparkpoom
ချင် အဖြစ် Por Suppakarn Jirachotikul

ဇာတ်လမ်းအကျဉ်း

ဒူအန် ဟာ အလှဆင်အနုပညာမေဂျာမှာ လူချစ်လူခင်များပြီး တက်ကြွတဲ့ကျောင်းသားတစ်ဦးပါ

ဒူအန် ဟာ ဂီတဌာနရဲ့နာမည်ကြီးဆိုပေမယ့် ရေခဲတုံးလေးလို အေးစက်‌လှတဲ့ ချင် ကိုတစ်ဖက်သတ် စွဲလန်း‌နေသူလည်းဖြစ်ပါတယ်

အချစ်ကို ဘယ်လိုဝန်ခံရမလဲဆိုတာကိုမသိတဲ့ ဒူအန် ရဲ့ ပထမဆုံးအကြိမ်ဖွင့်ဟဝန်ခံမှုဟာ ထင်သလောက်ခရီးမပေါက်ခဲ့ပေမယ့် ဒူအန် ကတော့အရှုံးမပေးဘဲ ချင် ရဲ့လျစ်လျူရှူမှုတွေကို ရင်ဆိုင်ရင်း ချင် ရဲ့အချစ်ကို အပိုင်ရဖို့ကြိုးစားခဲ့တယ်

ချင် ကတော့ စိတ်မပါတပါနဲ့ပဲ ကြိုးစားကြည့်လေ ဆိုတဲ့သဘောမျိုးနဲ့ ဒူအန် ကိုသူ့နောက်ကိုလိုက်ခွင့်ပြုထားခဲ့တယ်

အပြောင်းအလဲကတော့ သူတို့နှစ်ယောက်ကို ကျောင်းရဲ့ကထိကက Stage Performance တစ်ခုအတွက် အတွဲအဖြစ် သတ်မှတ်ပေးလိုက်တဲ့အချိန်မှာ စတင်လာပါတော့တယ်

အနုပညာကျောင်းသားလေး ဒူအန် တစ်ယောက် သူ့ရဲ့စိတ်ရှည်မှု‌တွေနဲ့ ချင် ဆိုတဲ့ရေခဲတုံးလေးကို အရည်ပျော်အောင် ဘယ်လိုလုပ်မလဲဆိုတာကို Ash Channel ကိုကြည့်ရှူအားပေးကြတဲ့ ပရိတ်သတ်ကြီးတို့ ကြည့်ရှူခံစားနိုင်ဖို့ Duang with You ဆိုတဲ့ BL ဟာသဒရာမဇာတ်လမ်းတွဲလေးကို ကျွန်မတို့ Ash Channel မှ အပတ်စဉ် စနေနေ့တိုင်းမှာ တင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက် စောင့်မျှော်ကြည့်ရှူအားပေးဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ရှင်
#DuangWithYou #thaiseries #ongoing #mmsub #BL #blackhole
Forwarded from Love Upon A Time (2026)
Love You Teacher (2026)

Ep-5
https://t.me/blackholethaifilm/694

Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာ‌မို့ joinထားကြပါနော်။

ဖော့မက် အဖြစ် Perth Tanapon Sukumpantanasan နဲ့ ဆိုလာအဖြစ်
Santa Pongsapak Udompoch တို့က ပါဝင်သရုပ်ဆောင်ထားတဲ့ GMM ရဲ့ကားအသစ် Love You Teacher ကတော့ထွက်ရှိလာပြီပဲဖြစ်ပါတယ်

မူကြိုကျောင်းမှာ ကျောင်းဆရာလုပ်နေတဲ့ ဖော့မက်ဟာ ကလေးမချစ်တဲ့သူတယောက်ဖြစ်ပြီး ကျောင်းဆရာဖြစ်တဲ့ သူ့ရည်းစားဆိုလာကတော့ ကလေးချစ်တဲ့သူတယောက်ဖြစ်ပါတယ်

တနေ့မှာတော့ ဆိုလာက ကားအက်စီးဒင့်ဖြစ်သွားပြီးတော့ မြန်မာကားတွေထဲကအတိုင်း အတိတ်မေ့သလိုရွှေပျောက်သလိုဖြစ်သွားပြီး သူ့ကိုယ်သူ ၇ နှစ်သားအရွယ်ဆန်းဆိုပြီးထင်နေတာ အတိတ်မေ့သွားပါတော့တယ်

ကလေးမချစ်တတ်တဲ့ ဖော့မက်တစ်ယောက် ကိုယ့်ကိုယ်ကိုယ် ၇ နှစ်သားကလေးလို့ထင်နေတဲ့ ဆိုလာကို ဘယ်လိုထိန်းကြောင်းသွားပြီး သူ့ကိုယ်သူပြန်ပြီးမှတ်မိလာအောင် ဘယ်လိုတွေကြိုးစားမလဲဆိုတာကိုတော့ စနေနေ့တိုင်းတင်ဆက်ပေးတော့မှာမလို့ လာရောက်ကြည့်ရှုကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်


#LoveYouTeacher #thaiseries #2026series #mmsub #BL