Thai drama page
36.2K subscribers
2.71K photos
2.48K videos
1 file
2.02K links
Download Telegram
"နှလုံးသားခြွေယူမယ့်(၄၆)ရက်" 💚

ဇူလိုင်လ ၇ရက်နေ့ကစပြီး အပတ်စဉ် WEDNESDAY-THURSDAY ည 8.30 မှာ ထိုင်းက GMM25 နဲ့ AIS PLAY တွင် ထုတ်လွှင့်ပြသသွားမှာဖြစ်ပြီးမင်မင်တို့page က Ongoingအမှီ
မြန်မာစာတန်းထိုး တင်ဆက်ပြသသွားမှာပါ 💚

Trailer မြန်မာစာတန်းထိုး👇👇
https://fb.watch/6vG-Dj0rzt/

#ဇာတ်လမ်းအကျဉ်း
ဒီကားထဲမှာ Baifern နဲ့ Mild တို့ဟာ အချစ်ဆုံးBFF​​တွေပါ
တစ်နေ့တော့ နှစ်ယောက်သား ဗေဒင်သွားမေးကြရာ Mild တစ်ယောက်
ဒီနှစ်ထဲမှာ ဘဝလက်တွဲဖော်အစစ်နဲ့တွေ့ပြီး တစ်ခါတည်းအိမ်ထောင်ပါကျမည် ပြီးတော့ သူမရဲ့လက်တွဲဖော်က ဒေါက်တာတစ်ယောက်ဖြစ်တယ်လို့ဆိုတဲ့ ဗေဒင်ဆရာမရဲ့ဟောချက်ကြောင့် အသေပျော်ပြီး ဖူးစာဖက်ရှာပုံတော်စတင်ပါတော့တယ်

အဲ့လိုနဲ့ သိပ်မ​ကြာလိုက်ဘူး​ ရုပ်ချောပြီးပျော်ပျော်နေတတ်တဲ့ ဒေါက်တာလေးKorn(Nonkul)နဲ့တွေ့သွားတဲ့အခါ Mild တစ်ယောက် ဒေါက်တာလေးကို သူ့ဖူးစာဖက်အထင်နဲ့အပြတ်အသတ်ကြွေသွားပါတော့တယ်

ကဲ Mildရဲ့ ဒီဖူးစာဖက်ရှာပုံတော်မှာ အကျပ်ရိုက်​ပြီးတိုင်ပတ်သွားခဲ့ရသူကတော့ Baifern ပါပဲ အကြောင်းရင်းကတော့ BFF ဖြစ်တဲ့ Mildရဲ့ Crush ဒေါက်တာkorn(Nonkul)မှာ နှစ်အကြာကြီးတွဲထားတဲ့ချစ်သူရှိနေပြီး သူမနဲ့ပဲ(၄၆)ရက်အတွင်းမှာလက်ထပ်တော့မှာ​ကြောင့်ပါပဲကွယ်

ဒေါက်တာလေးကချစ်လာအောင်ကူညီပေးမှာလား... ဒါမှမဟုတ်
ငါ့အကြွေးတွေပြန်ဆပ်မလားလို့ Mildကဆိုလာတဲ့အခါ ....
Baifernလည်း သူငယ်ချင်းဖြစ်သူMildနဲ့ Mildရဲ့Crushကို အောင်သွယ်​​ပေးဖို့ကိုလက်ခံလိုက်ပါတော့တယ်

လက်ထပ်ပွဲမစခင် (၄၆)ရက်အတွင်း ... သူငယ်ချင်း Mild ကို
ဒေါက်တာလေး Korn(Nonkul)ကပြန်​ချစ်မိသွားအောင်
Baifern အောင်သွယ်နိုင်ပါ့မလား...?

(၄၆)ရက်ဆိုတဲ့အချိန်လေးအတွင်းမှာ ဒေါက်တာလေးရဲ့လက်ထပ်ပွဲကို
BFF နှစ်ယောက် ဘယ်လိုတွေကြံစည်ပြီး ရအောင်ဖျက်လေမလဲ..?
နှစ်ယောက်သားရဲ့ အဖျက်တော်ပုံကရောအောင်မြင်လေမလား..?

ဒေါက်တာလေးနဲ့ BFF ဖြစ်သူကိုအောင်သွယ်ရင်းကနေ
အောင်သွယ်တော်Baifern နဲ့ ဒေါက်တာလေးတို့ပဲချစ်မိသွား​မလား...?

ဒေါက်တာလေးKorn(Nonkul)မှာက ​​ဒေါက်တာ Offဆိုတဲ့
သူငယ်ချင်းတစ်ယောက်ပါရှိနေတဲ့အခါ....

ဒီ(၄၆)တာအတွင်းမှာ ဘယ်သူကဘယ်သူရဲ့ နှလုံးသားကိုခြွေယူသွား​နိုင်ပြီး ဘယ်သူကကျန်ရစ်ဖြစ်လေမလဲဆိုတာကို .....👉 အရမ်းရိုပြီး ရယ်ရမယ့်ကားလေးမို့ Thai Drama Page ရဲ့တင်ဆက်မှုနဲ့အတူ ဒီ"နှလုံးသားခြွေယူမယ့်(၄၆)ရက်"ဇာတ်လမ်းတွဲထဲမှာ စောင့်မျှော်အားပေးကြပါအုံးနော်
ဇာတ်လမ်းအကျဉ်းရေးသူကတော့ "Khin Lae Lae Kyaw"ပဲဖြစ်ပါတယ်💚
Note ဇာတ်ကောင်နာမည်တွေကိုမဖော်ပြထားသည့်အတွက်
မူရင်းမင်းသား/မင်းသမီးနာမည်များဖြင့်ရေးသားထားပါသည်။

Title - "နှလုံးသားခြွေယူမယ့်(၄၆)ရက်"
Translated By - 👇👇👇👇👇👇👇
Thaw Tar/ Pan Ka Lay/ Khin Lae Lae Kyaw
Encoded By Thaw Tar
Thai Drama Page မှ Ongoingအမှီ
မြန်မာစာတန်းထိုး တင်ဆက်ပြသသွားမည်

Casts

Baifern & NonKul
Off & Mild

#ThaiDramaPage
#KLLK
ခုတလော တာဇံကားလေးတွေပဲသဘောတွေကျနေတယ် 😁
ထိုင်းမှာ ပြတာနဲ့ မင်မင်တို့ Thai Drama Page မှ Ongoing အမှီ မြန်မာစာတန်းထိုး တင်ဆက်ပြသပေးသွားမယ့်ကားလေးပါ

Ch7 မှာ 2011က ပြသခဲ့ဖူးပြီး တဟုန်ထိုးပေါက်ခဲ့တဲ့ ကားလေးကို
Remake Version နဲ့ ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်

" တောပျော်မယ်ရဲ့ချစ်ခရီး "

ဇာတ်လမ်းအကျဉ်း

Iyawadi ခေါ် Mangalia ဆိုတဲ့ကောင်မလေးဟာ ငယ်ငယ်လေးကတည်းက တောထဲကိုရောက်ရှိနေပြီး မျောက်မကြီးရဲ့စောင့်ရှောက်ပေးမှုနဲ့ကြီးပြင်းခဲ့ရတာကြောင့် သူ့ကိုယ်သူ မျောက်မကြီးရဲ့သမီးလို့ပဲထင်နေခဲ့သူလေးပါ တောကိုခင်တွယ်ပြီး တောထဲကသတ္တဝါတွေနဲ့ပဲအကျွမ်းဝင်တဲ့ တောပျော်မယ်လေးပေါ့ တောအနီးနားက ရွာသားတွေကတော့ သူမကို လူရိုင်း / သရဲ/ကျား /မကောင်းဆိုးဝါး စသည်ဖြင့်အမျိုးမျိုးခေါ်ကြပါတယ်

Pana ဆိုတဲ့ ကောင်လေးကတော့ သဘာဝတရားကိုချစ်မြတ်နိုးပြီး စွန့်စားရတာကိုနှစ်သက်တဲ့လူငယ်လေးပါ Pana တစ်ယောက် တောကိုရောက်လာခဲ့ပြီး Iyawadi နဲ့ တွေ့ဆုံကြတဲ့အခါ....

ဒီလိုနဲ့ Iyawadi နဲ့ Pana တို့ နှစ်ယောက်ဟာ တန်ဖိုးကြီးလှတဲ့ပန်းရောင်စိန်ကိုလိုက်ရှာနေတဲ့သူခိုးတွေနဲ့ရင်ဆိုင်ရပြီး ဘယ်လိုတွေလွတ်မြောက်အောင်ကြိုးစားကြမလဲ ❓

တောပျော်မယ်လေး Iyawadi ရဲ့ ဘဝအမှန်ကရော ဘာဖြစ်မလဲ ❓

အဲ့စိန်ကရော Iyawadi ရဲ့ တကယ့်ဘဝအမှန်နဲ့ သက်ဆိုင်နေတာလား ❓

Pana နဲ့ Iyawadi မြို့ပေါ်ရောက်လာတဲ့အခါမှာတော့ လူ့သဘာဝ လူသားတွေရဲ့ရှင်သန်နေထိုင်ပုံ ပြောဆိုဆက်ဆံပုံတွေနဲ့ အကျွမ်းမဝင်ခဲ့ရှာတဲ့ Iyawadi လေး ကို Pana တစ်ယောက် လူသားတစ်ယောက်လို​ရှင်သန်နေထိုင်တတ်လာဖို့ သင်ပေးရင်း တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်ကနေအချစ်ကိုပြောင်းလဲသွားမှာလားဆိုတာကို ရိုမန်တစ်ဆန်ဆန်နဲ့ဟာသနှောပြီးကြည့်ရမှာမို့ စောင့်မျှော်အားပေးကြပါအုံးနော်
(ဇာတ်လမ်းအကျဉ်းရေးသူကတော့ Khin Lae Lae Kyaw ပါ )

Thai Drama Page မှ Ongoing အမှီ မြန်မာစာတန်းထိုး တင်ဆက်ပြသပေးသွားမှာဖြစ်ပါတယ်

Casts

Pana အဖြစ် Mek Juti Jumroenketpratip
Iyawadi အဖြစ် Pin Charinporn Ngerncharoen

(Note** ဇာတ်ကောင်နာမည် အပြောင်းအလဲရှိနိုင်ပါတယ်)

#KLLK
#ThaiDramaPage
" တမ်းတမိတဲ့ငယ်ချစ်ဦးလေး "

ဒီတစ်ခါမှာတော့ နာမည်ကြီး Kdrama "she was pretty"ကို Thai Version remake အနေနဲ့ ပြန်လည်ရိုက်ကူးထားတဲ့
" တမ်းတမိတဲ့ငယ်ချစ်ဦးလေး" ထိုင်းဇာတ်လမ်းတွဲကို မြန်မာစာတန်းထိုးနဲ့ တင်ဆက်သွားမှာပါ

ဇာတ်လမ်းအကျဉ်း

လူတိုင်းနီးပါးမှာ အချစ်ဦးလို့ဆိုလိုက်တာနဲ့ ပြေးမြင်မိတတ်တဲ့ အဖိုးတန်လူသားလေးတစ်ယောက်တော့ရှိဖူးကြမှာပါ မှန်ပါတယ် ဒီကားထဲက Kevin ဆိုတဲ့ ကောင်လေးအတွက်လည်း အဲ့လိုအဖိုးတန်အချစ်ဦးတစ်ယောက်ရှိခဲ့ဖူးသတဲ့

" Kevin " ဆိုတဲ့ကောင်လေးဟာ ငယ်ငယ်တုန်းက ရုပ်ဆိုးဝတုတ်ခဲ့တာကြောင့် အတန်းဖော်တွေရဲ့ အထင်သေးအနိုင်ကျင့်ခြင်းခံရခဲ့ရသူလေးပါ
ဒါပေမဲ့ " Ploypailin " ဆိုတဲ့ ကောင်မလေးကတော့ သူ့ကိုကယ်တင်ပေးခဲ့ပြီး နွေးထွေးကြင်နာမှုတွေပေးခဲ့ရှာတယ် အဲ့အချိန်ကတည်းက " Kevin " ဟာ " Ploypailin " ကို ချစ်မိနေခဲ့တယ်ဆိုပါတော့

" Ploypailin " ဆိုတာကတော့ အတန်းထဲကောင်လေးတွေရဲ့အသည်းစွဲအလှပဂေးလေးပါ ရုပ်လှရုံသာမက စိတ်ထားကလေးကပါဖြူစင်ပြီး ပြည့်စုံကြယ်ဝတဲ့မိသားစုဘဝကိုပိုင်ဆိုင်ထားတဲ့ ချစ်စရာကောင်မလေးပေါ့

ဒါပေမဲ့ ကံကြမ္မာဆိုတာမျိုးက လူသားတွေကို လှည့်စားကျီစယ်တတ်သတဲ့ အရာရာပြီးပြည့်စုံနေတဲ့ " Ploypailin " တစ်ယောက် ကံကြမ္မာအလှည့်အပြောင်းမှာ ဘဝတစ်ခုလုံးပြောင်းပြန်လှန်သွားခဲ့ရတော့တယ်
" Ploypailin " တို့ရဲ့ မိသားစုဟာ စီးပွားရေးအရှူံးပေါ်ပြီးဒေဝါလီခံလိုက်ရတဲ့အခါမှာတော့.....

ရက်စက်တဲ့ကံတရားအလှည့်အပြောင်းမှာ " Ploypailin " တစ်ယောက် ရုန်းကန်လှုပ်ရှားရင်း နဂိုရှိခဲ့တဲ့ထည်ဝါလှပမှုတွေအကုန်အကျည်းတန်ပြီး ရုပ်ဆိုးမကလေးဖြစ်သွားပါတော့တယ်

" Kevin " ကတော့ ခန့်ညားချောမောတဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးဖြစ်လာခဲ့ပါတယ် လက်ရှိမှာ နာမည်ကြီးမဂ္ဂဇင်းကုမ္ပဏီရဲ့တည်းဖြတ်သူအဖြစ် အလုပ်လုပ်နေသူပေါ့

" Ploypailin " ကတော့ " Kevin "လုပ်တဲ့ ကုမ္ပဏီမှာ အလုပ်သင်ဖြစ်လာခဲ့တယ် ဒါပေမဲ့ အလုပ်မှာလွဲချော်မှုတွေလုပ်မိရင်း ကုမ္ပဏီမှာ စီနီယာဖြစ်နေတဲ့ " Kevin " ဆီမှာ ခဏခဏအဆူခံထိတော့တယ်

ကုမ္ပဏီတစ်ခုတည်းမှာအလုပ်အတူတူလုပ်နေကြပေမဲ့ အလုပ်မှာ ခဏခဏလွဲချော်မှုတွေလုပ်တတ်တဲ့ Ploypailin ဟာ သူ့အသည်းထဲစွဲနေတဲ့ငယ်ငယ်တုန်းကသူ့ရဲ့အချစ်ဉီးဖြစ်နေတာကို Kevin သိသွားပါ့မလား ငယ်စဉ်တုန်းနဲ့ခုချိန်မှာ မိုးနဲ့မြေလိုကွာခြားသွားတဲ့ အချစ်ဦးကိုရော Kevin က အရင်လိုချစ်မြဲချစ်နေအုံးမှာလားဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရမှာမို့ စောင့်မျှော်အားပေးကြပါအုံးနော်
(ဇာတ်လမ်းအကျဉ်းရေးသူကတော့ Khin Lae Lae Kyaw ပါ )

Thai Drama Page မှ Ongoing အမှီ မြန်မာစာတန်းထိုး တင်ဆက်ပြသပေးသွားမှာဖြစ်ပါတယ်

Casts

Kevin အဖြစ် Pae Arak Amornsupasiri
Ploypailin အဖြစ် Fang Dhanantorn Neerasingh

#KLLK
#ThaiDramaPage
" စီရင်မရသောကံကြမ္မာ " HD Version⬇⬇

https://t.me/thaidramapageVol2/7

တပတ် ၂ပိုင်း လာပါမယ်နော် (Telegram စဆုံးလင့်ကို ဒီမှာပဲဆက်ဖြည့်ပေးပါမယ်)

#KLLK
#ThaiDramaPage
မကြာခင်ပြီးစီးတော့မယ့် ထုံးဖွဲ့ကားအစား နောက်အပတ်မှာမြန်မာစာတန်းထိုးတင်ဆက်သွားမှာကတော့........
နာမည်ကြီးတွေဖြစ်တဲ့ Pancake ,Om, Pooklook ,Grace တို့
ပါဝင်ထာ​ပြီး ခေတ်၂ခေတ်ကြားကချစ်ခြင်းကိုရိုက်ထားတဲ့ကားလေး

"တော်ဝင်မှန်ရဲ့ချစ်ဖူးစာ" မြန်မာစာတန်းထိုး မကြာမီလာမည်.....

ဇာတ်လမ်းအကျဉ်း

"မန်နီချန်မနိုဝမ်"ဆိုတဲ့ ကောင်မလေးဟာ ၂၁ရာစုခေတ်မှာနေတဲ့ ခေတ်မီတဲ့မိန်းကလေးတစ်ယောက်ပါ ခေတ်ရေစီကြောင်းနဲ့လိုက်ဖက်အောင်နေထိုင်တဲ့ လှသွေးကြွယ်တဲ့ပန်းလေးတစ်ပွင့်ပေါ့နော်

ဒါပေမဲ့ "မန်နီ"ဟာ ဟိုးငယ်ငယ်လေးကတည်းက ခုအရွယ်ရောက်ချိန်ထိ အိပ်မက်တစ်ခုကိုပဲ မပြောင်းလဲဘဲမက်လာခဲ့တယ် သူမရဲ့အိပ်မက်ကတော့ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာက ရှေးခေတ်ကိုရောက်သွားတာမျိုးပေါ့ အဲ့မှာ သူမနာမည်ကိုခေါ်နေတဲ့လူတစ်ယောက်လည်းရှိသတဲ့.... "မန်နီ"ကို လက်ရှိမှာပိုးပန်းတဲ့သူရှိနေပေမဲ့ မန်နီကတော့ ဘယ်သူဘယ်ဝါမှန်းတောင်မသိတဲ့အိပ်မက်ထဲကလူကို စိတ်ထဲစွဲလမ်းမိနေပါတယ်

တစ်နေ့မှာ မန်နီတစ်ယောက် မထင်မှတ်ဘဲ ရှေးဟောင်းပစ္စည်းဆိုင်တစ်ဆိုင်ကနေ အက်ကွဲနေတဲ့ရှေးဟောင်းမှန်တစ်ချပ်ကို ဝယ်လာခဲ့ပြီးသူမရဲ့အခန်းထဲမှာ ထားလိုက်ပါတော့တယ်

ဇာတ်လမ်းက အဲ့မှာစတာပဲ အဲ့ဒီမှန် သူမရဲ့အခန်းထဲကိုရောက်လာတဲ့နေ့ကစပြီး မှန်ထဲကနေတဆင့် လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာက ရှေးခေတ်ကိုရောက်ရောက်သွားတော့တာပဲ ရှေးဟောင်းမှန်ကြီးက မန်နီကို ထိုင်းဘုရင်ခေတ်အရာရှိတစ်ဦးဖြစ်တဲ့"ခွန်လွန်ဧက္ကရာထေ့ဝါရကွန်"ရဲ့အိမ်တော်ကိုခေါ်ဆောင်‌သွားသတဲ့

"မန်နီ"ရဲ့လျှို့ဝှက်ဆန်းကြယ်စွာရောက်ရှိလာမှုက "‌ထေ့"နဲ့အိမ်တော်တစ်ခုလုံးကလူတွေကို ထိတ်လန့်စေခဲ့ပါတယ် ဒါပေမဲ့ ခေတ်သစ်ကအသိဉာဏ်ကြွယ်ဝမှုကြောင့် မန်နီကိုလူတိုင်းက ထောက်ခံကြပါတယ် ဒီလိုနဲ့ မှန်ကိုဖြတ်ပြီး ရှေးခေတ်ကိုရောက်ရောက်သွားရင်း "မန်နီ" နဲ့ "ဧက္ကရာထေ့"တို့ နှစ်ယောက်ကြား ရင်နှီးမှုကနေ ခံစားချက်တစ်စုံတစ်ရာပေါက်ဖွားလာတော့တာပေါ့

ဒါပေမဲ့ "မန်နီ"ကို ဘယ်အရာက အတိတ်ခေတ်ကိုခရီးသွားစေခဲ့တာဖြစ်မလဲ ဘာလို့ "မန်နီ"ကို အချိန်ခရီးသွားစေဖို့ရွေးချယ်ခဲ့ရတာလဲ ....?
ပြီးတော့ သူမရောက်သွားခဲ့တဲ့အချိန်က ထိုင်းနိုင်ငံဟာ ကိုလိုနီနယ်ချဲ့တွေရဲ့ဖိနှိပ်မှုကိုခံနေရတဲ့အချိန်ဖြစ်နေတော့ , ခေတ်သစ်ကအသိပညာကိုအသုံးချပြီး မန်နီဟာ နိုင်ငံတော်ကို ကူညီကယ်တင်နိုင်ပါ့မလား ....

ဒီလိုနဲ့ပဲ ရှေးခေတ်က ပြသနာတွေကိုဖြေရှင်းရင်း"မန်နီ" ရင်ဆိုင်ရတဲ့ နောက်ထပ်ပြသနာတစ်ခုပေါ်လာတော့တယ် အဲ့တာကတော့ "မန်နီ"ကို ရှေးခေတ်သို့အချိန်ခရီးသွားစေတဲ့မှန်ကြီးဟာ စပြီးကွဲအက်ပျက်စီးလာတာပါပဲ

"မန်နီ"အတွက် ပြတ်သားတဲ့ဆုံးဖြတ်ချက်တစ်ခုချရမယ့်အခြေအနေပေါ့ နောက်ဆုံးမှာ "မန်နီ" ဘာကိုရွေးချယ်မှာလဲ
ရှေးခေတ်ကချစ်ရတဲ့သူနဲ့ပဲ သက်ဆုံးတိုင်နေထိုင်သွားမလား ...?
ပစ္စုပ္ပုန်ခေတ်သစ်ကိုပဲပြန်လာပြီး ပုံမှန်ဘဝနဲ့ပဲနေထိုင်သွားမလား?
ဆိုတာကို ပစ္စုပ္ပုန်နဲ့အတိတ်ခေတ်ကြားက ကွာခြားတဲ့ချစ်ခြင်းကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးမို့
Thai Drama Page မှာ စောင့်မျှော်အားပေးကြပါအုံးနော်
(ဇာတ်လမ်းအကျဉ်းရေးသူကတော့ Khin Lae Lae Kyaw ပါ )


#KLLK
#ThaiDramaPage
"မနောဖြူတဲ့တောသူမလေး" Ch3 ရဲ့ သရုပ်ဆောင် မင်းသမီးကြီး Taew Nataporn ရဲ့ အကယ်ဒမီဆုများစွာ ရရှိခဲ့တဲ့ ဇာတ်ကားကောင်းလေးပါ

Casts
Bomb Tanin as Khun Chai Rachanon/Khun Chai Lek
Taew Nataporn as Soifah
Top Jaron Sorat as Chatchavee Teawaprom
Ploy Pattrakorn Tungsupakul as Janta
Toey Pongsakorn as Joi

"မနောဖြူတဲ့တောသူမလေး" HD Version

ဇာတ်လမ်းအကျဉ်း



ဂုဏ်သရေရှိနာမည်ကြီး
ဂျူထာထေ့မိသားစုကြီးရဲ့သခင်လေး(၅)ယောက်ကို
အဖွား၂ယောက်က မိဘတွေလက်ထက်က
ထားခဲ့တဲ့ကတိစကားအရ သူတိုသဘောကျတဲ့မိသားစုကမိန်းကလေးတွေနဲ့လက်ဆက်ပေးဖိုကြိုးစားရာကနေ ဒီဇာတ်လမ်းလေးစတင်လာခဲ့တာပေါ့နော်
ဂျူထာထေ့သခင်လေး(၅)ယောက်လုံး ဥစ္စာပေါရုပ်ချောပညာတတ်တွေဆိုတော့ မိန်းကလေးတိုင်းက သူတိုကိုလက်ထပ်ချင်ကြသတဲ့ အစ်ကိုတွေတုန်းကမအောင်မြင်ခဲ့တဲ့ဒီလက်ထပ်ခြင်းကတိဟာ "ခွန်ချိုင်ရတ်ချနွန်"(ခွန်ချိုင်လက်)ဆိုတဲ့ ၄ယောက်မြောက်သခင်လေးဆီကို
ပုံအောကျရောက်လာပါတော့တယ် မိသားစုချင်းထားတဲ့ကတိအရ "ခွန်ချိုင်လက်"ဟာ ထယ်ဝါဖွန်မိသားစုရဲ့သမီး "စီနီနွတ်"ဆိုသူနဲ့လက်ထပ်ရမှာဖြစ်ပါတယ် လွတ်လွတ်လပ်လပ်နဲ့ပျော်ပျော်နေတတ်တဲ့ ခွန်ချိုင်လက်ဟာ ဒီလိုမချစ်မနှစ်သက်ဘဲကတိကြောင့်လက်မထပ်ချင်တာကြောင့်
စေ့စပ်ပွဲပါတီကျင်းပတဲ့နေ့မှာပဲ မြိုကနေဝေးလံတဲ့နေရာကိုထွက်ပြေးသွားခဲ့ပါတော့တယ်

ခရီးသွားရင်း "ခွန်ချိုင်လက်"ဟာ "ဗင်ဖူခမ်"တွေနေတဲ့ ဝလာဟိုရွာကိုရောက်သွားပါတယ် တကယ်တော့ "ဗင်ဖူခမ်"နေရာဟာ လျှိဝှက်ဆန်းကြယ်တဲ့နေရာတစ်ခုပါ လွန်ခဲ့တဲ့၁၈နှစ်က အဲ့နေရာမှာ ဗိုလ်ချုပ်ဆေ့ကွန်ဆိုသူဟာ "ဗင်ဖူခမ်"ဘုရင် "ဆီရီယာဝွန်း"ကိုနန်းချပြီး
တိုင်းပြည်ကိုသိမ်းပိုက်လိုက်တဲ့အခါ ပြည်သူတွေခက်ခဲ့ကြရတယ် ဘုရင် "ဆီရီယာဝွန်း"ဟာ သူရဲ့သားတော်,သမီးတော်လေးနဲ့အတူ ဒီတောထဲမှာပုန်းခိုနေတယ်ဆိုတဲ့ပြောစမှတ်တွေလည်းရှိကြတဲ့နေရာဆိုပါတော့ "ဝလာဟိုရွာ"ရဲ့ဆန်းကြယ်မှုကတော့ ဝင်ပေါက်ကိုအပြင်လူတွေမမြင်ရအောင်
ကာဆီးထားတာပါပဲ ဒါပေမဲ့ "ခွန်ချိုင်လက်"တစ်ယောက်ကတော့ ထူးခြားစွာ ရွာဝင်ပေါက်မြင်နေခဲ့ရပါတယ်

တောနားမှာ စားသောက်ဆိုင်လေးဖွင့်ပြီး မွေးစားအဖေနဲ့အတူနေတဲ့ "ဂျန်ထာ"ဆိုတဲ့ကောင်မလေးကို ဗင်စစ်သားတွေအနိုင်ကျင့်တာကြောင့် "ခွန်ချိုင်လက်"က ကူညီပေးခဲ့ပြီး လူဆိုးတွေကိုရဲလက်အပ်ပေးလိုက်ပါတယ်
အဲ့တာကိုမကျေနပ်တဲ့ဗင်စစ်သားတွေ လိုက်သတ်တာကြောင့် "ခွန်ချိုင်လက်"ဟာ သေနတ်မှန်ပြီးရေထဲကျသွားတဲ့အခါမှာတော့..... ဆွိင်း(ဆွိင်ဖာ)ဆိုတဲ့ဝလာဟိုရွာသူလေးက ကယ်တင်ပေးလိုက်ပါတယ်

"ဆွိင်ဖာ"လေးကတော့ ဝလာဟိုရွာသူကြီး"ဖောယိုင်"ရဲ့သမီးလေးပါ "ဆွိင်ဖာ"လေးဟာ စိတ်ရင်းသဘောထားကောင်းပြီး ပွင့်လင်းရိုးသားသလောက် အားနွဲတဲ့မိန်းမငယ်လေးတော့မဟုတ်ရှာပါဘူး ဓားလှံတွေနဲ့ရင်းနှီးကျွမ်းဝင်ပြီး
အတိုက်အခိုက်ဝါသနာအိုးလေး, ကောင်လေးလိုပြင်ဆင်နေထိုင်တဲ့စပ်စလူးစိန်မလေးပေါ့နော် သူတိုလူမျိုးတွေကိုဒုက္ခပေးတဲ့ ဗိုလ်ချုပ်ဆေ့ကွန်နဲ့ဗင်စစ်သားတွေကိုအရမ်းမုန်းတီးပြီး သူမရဲ့အဖေ"ဖေသံယောဇဉ်တွယ်မိသွားကြမလားာယိုင်"ဟာ "ဘုရင် "ဆီရီယာဝွန်း"ကိုကူညီဖို
လျှိဝှက်အစီအစဉ်ရှိတယ်လိုယုံကြည်နေတဲ့မျိုးချစ်စိတ်လည်းပြင်းထန်သူလေးပေါ့

မြိုသား"ခွန်ချိုင်လက်"နဲ့ ခပ်စွာစွာတောသူလေး "ဆွိင်ဖာ"တို မတည့်အတူနေရင်းကနေ ဆန်းကြယ်တဲ့တောနက်ရဲ့လျှိဝှက်ချက်က "ဆွိင်ဖာ"လေးနဲ့ရော သက်ဆိုင်နေမလားဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးမို
Thai Drama Page မှာ စောင့်မျှော်အားပေးကြပါအုံးနော်
(ဇာတ်လမ်းအကျဉ်းရေးသူကတော့ Khin Lae Lae Kyaw ပါ )

#KLLK
#ThaiDramaPage
မကြာခင်မှာ မင်မင်တို့TDPမှ မြန်မာစာတန်းထိုးတင်ဆက်တော့မယ့်
ကောင်းပေ့ဇာတ်ကား(၃)ကားပါ

"ကြယ်စင်သီတဲ့နှောင်ကြိုးဖြူ"ကားလေးကတော့ 11ရက်နေ့ဆို ကြည့်ရတော့မှာဖြစ်ပြီး ကျန်၂ကားကတော့... Coming soon နော်

မင်မင်တို့ရဲ့ TDP Fan တို့တွေ ဘယ်ကားကိုအမျှော်ဆုံးလဲ
Commentမှာဖြေခဲ့ပေးနော်

ThaiDramaPage ရဲ့ ဇာတ်လမ်းတွဲများတွင်ကြော်ငြာများ
ထည့်သွင်းလိုပါက Page Cb သို့ဆက်သွယ်ပေးပါနော် 💚

#KLLK
#ThaiDramaPage
Ch7 မှာ 2011က ပြသခဲ့ဖူးပြီး တဟုန်ထိုးပေါက်ခဲ့တဲ့ ကားလေးကို
Remake Version နဲ့ ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်

" တောပျော်မယ်ရဲ့ချစ်ခရီး "

ဇာတ်လမ်းအကျဉ်း

Iyawadi ခေါ် Mangalia ဆိုတဲ့ကောင်မလေးဟာ ငယ်ငယ်လေးကတည်းက တောထဲကိုရောက်ရှိနေပြီး မျောက်မကြီးရဲ့စောင့်ရှောက်ပေးမှုနဲ့ကြီးပြင်းခဲ့ရတာကြောင့် သူ့ကိုယ်သူ မျောက်မကြီးရဲ့သမီးလိုပဲထင်နေခဲ့သူလေးပါ တောကိုခင်တွယ်ပြီး တောထဲကသတ္တဝါတွေနဲ့ပဲအကျွမ်းဝင်တဲ့ တောပျော်မယ်လေးပေါ့ တောအနီးနားက ရွာသားတွေကတော့ သူမကို လူရိုင်း / သရဲ/ကျား /မကောင်းဆိုးဝါး စသည်ဖြင့်အမျိုးမျိုးခေါ်ကြပါတယ်

Pana ဆိုတဲ့ ကောင်လေးကတော့ သဘာဝတရားကိုချစ်မြတ်နိုးပြီး စွန့်စားရတာကိုနှစ်သက်တဲ့လူငယ်လေးပါ Pana တစ်ယောက် တောကိုရောက်လာခဲ့ပြီး Iyawadi နဲ့ တွေ့ဆုံကြတဲ့အခါ....

ဒီလိုနဲ့ Iyawadi နဲ့ Pana တို နှစ်ယောက်ဟာ တန်ဖိုးကြီးလှတဲ့ပန်းရောင်စိန်ကိုလိုက်ရှာနေတဲ့သူခိုးတွေနဲ့ရင်ဆိုင်ရပြီး ဘယ်လိုတွေလွတ်မြောက်အောင်ကြိုးစားကြမလဲ ❓

တောပျော်မယ်လေး Iyawadi ရဲ့ ဘဝအမှန်ကရော ဘာဖြစ်မလဲ ❓

အဲ့စိန်ကရော Iyawadi ရဲ့ တကယ့်ဘဝအမှန်နဲ့ သက်ဆိုင်နေတာလား ❓

Pana နဲ့ Iyawadi မြိုပေါ်ရောက်လာတဲ့အခါမှာတော့ လူ့သဘာဝ လူသားတွေရဲ့ရှင်သန်နေထိုင်ပုံ ပြောဆိုဆက်ဆံပုံတွေနဲ့ အကျွမ်းမဝင်ခဲ့ရှာတဲ့ Iyawadi လေး ကို Pana တစ်ယောက် လူသားတစ်ယောက်လို ရှင်သန်နေထိုင်တတ်လာဖို သင်ပေးရင်း တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်ကနေအချစ်ကိုပြောင်းလဲသွားမှာလားဆိုတာကို ရိုမန်တစ်ဆန်ဆန်နဲ့ဟာသနှောပြီးကြည့်ရမှာမို စောင့်မျှော်အားပေးကြပါအုံးနော်
(ဇာတ်လမ်းအကျဉ်းရေးသူကတော့ Khin Lae Lae Kyaw ပါ )

Thai Drama Page မှ Ongoing အမှီ မြန်မာစာတန်းထိုး တင်ဆက်ပြသပေးသွားမှာဖြစ်ပါတယ်

Casts

Pana အဖြစ် Mek Juti Jumroenketpratip
Iyawadi အဖြစ် Pin Charinporn Ngerncharoen

(Note** ဇာတ်ကောင်နာမည် အပြောင်းအလဲရှိနိုင်ပါတယ်)

#KLLK
#ThaiDramaPage