Techpantha
41 subscribers
3 links
Web Developer of Webdesign | It Knowledge computer Tips & Tricks Tutorials
Download Telegram
Channel created
Channel photo updated
iOS 16 တွင် iPhone 14 Pro ထက် Always-on display feature ပါဝင်
၁ ။ ခေတ်မှီရမယ်။
ခေတ်မဆန်ပါစေနှင့်။

၂ ။ ရဲရင့်ရမယ်။
မရဲတင်းပါစေနှင့်။

၃ ။ လှပအောင် ဝတ်စားပြင်ဆင်ရမယ်။
ယဉ်ကျေးမှုနဲ့ မဆန့်ကျင်ပါစေနှင့်။

၄ ။ ခြိုးခြံချွေတာရမယ်။
ကပ်စေးမနဲပါစေနှင့်။

၅ ။ တော်အောင် ကြိုးစားရမယ်။
မတရားနည်းနဲ့ မပြိုင်မိပါစေနှင့်။

၆ ။ ကောင်းတာတွေ အတုယူရမယ်။
ထိခိုက်အောင် မဝေဖန်မိပါစေနှင့်။

၇ ။ သည်းခံခွင့်လွှတ်ရမယ်။
လူညံ့ မဖြစ်ပါစေနှင့်။

၈ ။ ကျိုးနွံစွာ နေတတ်ရမယ်။
အစေအပါး မဖြစ်ပါစေနှင့်။

၉ ။ နေတတ်ထိုင်တတ်ရမယ်။
ဟန်မဆောင် မိပါစေနှင့်။

၁၀ ။ မိသားစုကို ချစ်ရမယ်။
ပတ်ဝန်းကျင်ကို
လစ်လျူမရှုမိပါစေနှင့်။

၁၁ ။ သတ္တိရှိရှိ နေတတ်ရမယ်
လူမိုက် မဖြစ်ပါစေနှင့်။

#Credit
YouTube မှာ အွန်လိုင်းဈေးဆိုင်များ ဖွင့်လှစ်မည်

ယခုအခါ Alphabet ဖြစ်နေပြီဖြစ်တဲ့ Google က ၂၀၀၆ မှာ YouTube ကို ကန်ဒေါ်လာ ၁.၆၅ ဘီလီယံဖြင့် ဝယ်ယူလိုက်တယ်။

Google က ဝယ်တဲ့အချိန်မှာ YouTube က အလွန်အမင်း ရေပန်းစားနေတယ်။

YouTube ကို ၂၀၀၅ ဖေဖော်ဝါရီလမှာ ထူထောင်ခဲ့ပြီး ဗီဒီယိုတွေတင်ပြဝေငှဖို့ စီစဉ်ပေးထားတယ်။ YouTube ကိုယ်တိုင် ဗီဒီယို ဖန်တီး ထုတ်လုပ်တင်ပြခြင်း မပြုဘူး။ နေရာ စီစဉ်ပေးထားရုံပဲ။

သုံးစွဲသူများက အခြင်းအရာတွေ တင်ပြကြတယ်။ လာကြည့်ကြတယ်။ စည်ကားသိုက်မြိုက်နေတယ်။

Google က YouTube ကို ဝယ်ယူတဲ့ ၂၀၀၆ နိုဝင်ဘာလမှာ တစ်ရက် ကြည့်ရှုသူဦးရေ သန်း ၁၀၀ ကျော် ရှိတယ်။ အခု တစ်ရက် ကြည့်ရှုသူဦးရေ ၅ ဘီလီယံနီးပါး ရှိတယ်။

YouTube ကြော်ငြာဝင်ငွေကို Google နှင့်အတူ တစည်းတလုံးတည်း ထားခဲ့ရာမှ ၂၀၁၉ မှာ YouTube ကြော်ငြာဝင်ငွေကို သီးခြားခွဲထုတ်လိုက်ပါတယ်။ ကြော်ငြာဝင်ငွေ ပမာဏက အံ့ဩရလောက်အောင် ကြီးမားနေလို့ တစ်စင်ထောင်ပေးလိုက်ပါတယ်။

၂၀၁၉ မှာ YouTube မှ ဝင်ငွေ ကန်ဒေါ်လာ ၁၅ ဘီလီယံ ရရှိပါတယ်။

ပြီးခဲ့တဲ့ ဒုတိယ၃လပတ်မှာ ကြော်ငြာဝင်ငွေ ကန်ဒေါ်လာ ၇.၃၄ ဘီလျံ ရရှိပါတယ်။

Alphabet က YouTube ထံမှ ဝင်ငွေတိုးအောင် YouTube ပေါ်မှာ ဈေးရောင်းဖို့ စီစဉ်ပါတယ်။

"YouTube မှာ ဈေးဝယ်ဖို့ အလားအလာ အများကြီးရှိပါတယ်။ ပြီးခဲ့တဲ့ အပတ်က Shopify နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကြေညာခဲ့ပါတယ်။ ဈေး‌ေရာင်းလိုသူများက သူတို့ရဲ့ စတိုးဆိုင်များကို YouTube နှင့် အလွယ်တကူချိတ်ဆက်ကာ သူတို့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုများနှင့် ဗီဒီယိုများတွင် စျေးဝယ်နိုင်စေရန် ကူညီပေးပါမယ်။ နောက်ထပ် လာမှာတွေ ရှိပါသေးတယ်" လို့ Alphabet ရဲ့ စီအီးအို Sundar Pichai က ပြောကြားပါတယ်။

နောက်ထပ်နည်းပညာသတင်း‌တွေတင်ရင်ဖတ်လို့ရ‌အောင် Page လေးကိုလည်း Like and Follow လုပ်ထားပြီးShareပေးကြပါအုံးခဗျ။
👍53