𝗧𝗲𝗰𝗵𝟰𝗨 𝗠𝘆𝗮𝗻𝗺𝗮𝗿
5.59K subscribers
650 photos
40 videos
11 files
370 links
Programming • Networking • Database • Cybersecurity 🛡️

New tutorials and updates posted daily!

✅ Click to learn more.

https://youtube.com/@tech4u-mm?si=ZK9X8GQ0nn7sG2oZ
Download Telegram
Python Lesson-15 မှာတော့ Python Programming ရဲ့ စွမ်းအားအရှိဆုံး Data Structure တစ်ခုဖြစ်တဲ့ Lists အကြောင်းကို အပြည့်အစုံ ရှင်းပြပေးထားပါတယ်!

▶️ YouTube Video Link

ဘာတွေသင်ရမလဲဆိုတော့... ✨

📦 Lists ဆိုတာဘာလဲ? - Multiple items ကိုသိမ်းဆည်းနည်း
🔢 Creating Lists - Numbers, Strings, Mixed Data Types
🔍 Accessing Items - Indexing, Slicing, Negative Index
➕ Adding Items - Append(), Insert() methods
➖ Removing Items - Remove(), Pop(), Clear() methods
📊 Sorting & Reversing - Sort(), Reverse() methods
🔄 Looping Through Lists - For loops, Enumerate() function

Real-world Project အနေနဲ့:
• Shopping List Program တစ်ခုလုံးကို လက်တွေ့ရေးပြထားပါတယ်!

Lists ကိုနားလည်ပီဆိုရင် Data တွေကို စနစ်တကျ manage လုပ်တာ၊ process လုပ်တာတွေ အရမ်းလွယ်ကူသွားမှာနော်! 💪

📂 Source Code ကို Download ရယူရန် အောက်မှာ telegram channel ကိုပေးထားပါတယ် 👇
🔗 Source Code File
🔗 Note

#Python #PythonMyanmar #Programming
🍓5❤2💯2⚡1🥰1
Python Lesson-16 မှာတော့ Tuple ရဲ့ စွမ်းအားကို အပြည့်အစုံ ရှင်းပြပေးထားပါတယ်! 💫

▶️ YouTube Video Link

ဘာတွေသင်ရမလဲဆိုတော့...

🛡 Mutability Concept - Lists vs Tuples ကွာခြားချက်
📊 Tuple Methods - count(), index() အသုံးပြုနည်း
🔍 Accessing Data - Nested tuples များကိုအသုံးပြုနည်း
🎁 Tuple Unpacking - Multiple variable assignment technique
🛒 Real Project - Shopping App with tuples

📂 Source Code ကို Download ရယူရန် အောက်မှာ telegram channel ကိုပေးထားပါတယ် 👇
🔗 Source Code File
🔗 Note

Tuple ကိုနားလည်ပီဆိုရင် Data Integrity ကိုသေချာစေပြီး accidental data modification တွေကို ကာကွယ်နိုင်မှာနော်! 💪

#Python #PythonMyanmar #Programming
❤5🥰2💯2
🔑 Python ရဲ့ Key-Value Data Structure အကြောင်း လေ့လာချင်သေးလား?

Python Lesson-17 မှာတော့ Dictionaries ရဲ့ စွမ်းအားကို အပြည့်အစုံ ရှင်းပြပေးထားပါတယ်! 💫

▶️ YouTube Video Link

ဘာတွေသင်ရမလဲဆိုတော့...

📝 Dictionary Creation - {} နဲ့ dict() အသုံးပြုနည်း
🔍 Data Accessing - [] နဲ့ .get() method ကွာခြားချက်
➕ Adding Items - New key-value pairs ထည့်သွင်းနည်း
✏️ Updating Values - Existing data ပြင်ဆင်နည်း
🗑 Removing Items - pop(), del, clear() methods
🔄 Looping Techniques - items() နဲ့ efficient iteration

📂 Source Code ကို Download ရယူရန် အောက်မှာ telegram channel ကိုပေးထားပါတယ် 👇
🔗 Source Code File
🔗 Note

Dictionaries ကိုနားလည်ပီဆိုရင် Data ကို Organized Way နဲ့ Manage လုပ်တဲ့ Professional Programming Skill ရသွားမှာနော်! 💪

#Python #PythonMyanmar #Programming #DataStructures #Dictionaries
❤6⚡2💯1🏆1
Python Lesson - 18 | Set အကြောင်း

Lesson 18 မှာတော့ Python ရဲ့ အရေးပါတဲ့ Data Structure တစ်ခုဖြစ်တဲ့ Sets အကြောင်းကို သင်ယူရမှာဖြစ်ပါတယ်။ Sets တွေဟာ Data ထပ်နေတာ (Duplicates) ကို အလိုအလျောက် ရှင်းထုတ်ပေးနိုင်တဲ့ စွမ်းအားရှိလို Data စီမံခန့်ခွဲရာမှာ မရှိမဖြစ်ပါပဲ!

▶️ YouTube Video Link

ဘာတွေသင်ရမလဲဆိုတော့...

🔹 Set ဆိုတာဘာလဲ? - Unique Elements တွေသာ လက်ခံပုံ။
🔹 Sets ဖန်တီးနည်း - {} နဲ့ set() ကို အသုံးပြုပုံ။
🔹 Elements ထည့်သွင်း/ဖယ်ရှားခြင်း - .add(), .update(), .remove(), .discard() တိုရဲ့ ကွာခြားချက်။
🔹 Set Operations - .union(), .intersection(), .difference() တိုဖြင့် Data စစ်ထုတ်နည်း။
🔹 ✅ လက်တွေ့ Tool - Sets ကိုသုံးပြီး Duplicate Remover Tool ဘယ်လိုရေးမလဲဆိုတာ သင်ပြပေးထားပါတယ်ဗျ။


📂 Source Code ကို Download ရယူရန် အောက်မှာ telegram channel ကိုပေးထားပါတယ် 👇
🔗 Source Code File
🔗 Note

Data တွေ ထပ်နေတာကို အလိုအလျောက် ရှင်းလင်းပေးနိုင်တဲ့ Professional Skill ကို ရယူလိုက်ပါ။

#Python #PythonMyanmar #Sets #DataStructures #PythonTutorial #Coding #LearnPython #BeginnerFriendly
❤8👍1🥰1👏1🏆1🍓1
Python Lesson - 19 | Filter Function အကြောင်း

▶️ YouTube Video Link

ဒီ Lesson 19 မှာတော့ Python ရဲ့ Built-in Function တစ်ခုဖြစ်တဲ့ filter() function အကြောင်းကို အသေးစိတ်လေ့လာကြပါမယ်။
filter() ဟာ List, Tuple, Set စတဲ့ Iterable တွေထဲက Data တွေကို Condition အတိုင်း စစ်ထုတ် (Filter) ပေးနိုင်တဲ့ အလွန်အစွမ်းထက်တဲ့ Function တစ်ခုပါ။

---
✨ filter() ဆိုတာ ဘာလဲ?
✨ Condition ကို Lambda Expression ဖြင့် ရိုးရှင်းလွယ်ကူစွာ ရေးသားပြီး အသုံးပြုနည်း။
✨ Data Type အမျိုးမျိုးဖြင့် filter လုပ်ခြင်း:

---
🚀 filter() ကို နားလည်ခြင်းဖြင့်...
Data ကို စစ်ထုတ်တဲ့ အလုပ်တွေမှာ Loop တွေ အရှည်ကြီး ရေးစရာမလိုဘဲ Code တွေကို ပိုမိုရှင်းလင်းမြန်ဆန်အောင် (Functional Programming Style) ရေးနိုင်မှာပါ။

📂 Source Code ကို Download ရယူရန် အောက်မှာ telegram channel ကိုပေးထားပါတယ် 👇
🔗 Source Code File
🔗 Note

#Python #PythonMyanmar #FilterFunction #Lambda
❤7👍2💯1
Python Lesson - 20 | Map Function အကြောင်း

▶️ YouTube Video Link

ဒီ Lesson 20 မှာတော့ Python ရဲ့ Built-in Function တစ်ခုဖြစ်တဲ့ map() function အကြောင်းကို ရှင်းလင်းလွယ်ကူတဲ့ နည်းလမ်းတွေနဲ့ အသေးစိတ် ရှင်းပြပေးထားပါတယ်။

map() function ကို အသုံးပြုပြီး List တွေ၊ Tuples တွေနဲ့ တခြား Iterable data တွေထဲမှာရှိတဲ့ Element တစ်ခုချင်းစီကို Function တွေ ဒါမှမဟုတ် Lambda expressions တွေနဲ့ ဘယ်လိုမျိုး ပြောင်းလဲ (Transform) လုပ်ရမလဲဆိုတာကို လေ့လာရမှာဖြစ်ပါတယ်ဗျာ။

---
🚀 ဘာကြောင့် map() ကို အသုံးပြုသင့်တာလဲ?
map() function ကို အသုံးပြုခြင်းဖြင့် Loop တွေ အရှည်ကြီးရေးစရာမလိုဘဲ Data တွေကို Transform လုပ်နိုင်မှာဖြစ်ပါတယ်။

📂 Source Code ကို Download ရယူရန် အောက်မှာ telegram channel ကိုပေးထားပါတယ် 👇
🔗 Source Code File
🔗 Note

#Python #PythonMyanmar #MapFunction
❤2🥰2💯1
Python Lesson - 21 | OOP သင်ခန်းစာ - အပိုင်း(၁)

▶️ YouTube Video Link

ဒီ Lesson 21 မှာတော့ Python ရဲ့ Object Oriented Programming (OOP) အခြေခံတွေဖြစ်တဲ့ Class နဲ့ Object အကြောင်းကို ရှင်းလင်းလွယ်ကူတဲ့ နည်းလမ်းတွေနဲ့ အသေးစိတ် ရှင်းပြပေးထားပါတယ်။

Class တစ်ခုကို ဘယ်လို Define လုပ်ရမလဲ၊ အဲဒီ Class ကနေ Object တွေကို ဘယ်လိုဆောက်ရမလဲဆိုတာအပြင် Python OOP မှာ အရေးကြီးတဲ့ init method နဲ့ self ရဲ့ အလုပ်လုပ်ပုံတွေကိုပါ လက်တွေ့ BankAccount Example နဲ့တကွ လေ့လာရမှာဖြစ်ပါတယ်။

🚀 ဘာကြောင့် OOP ကို လေ့လာသင့်တာလဲ? OOP ကို အသုံးပြုခြင်းဖြင့် မိမိရဲ့ Code တွေကို ပိုမိုစနစ်ကျစေပြီး၊ ပြန်လည်အသုံးပြုရ လွယ်ကူစေတဲ့ (Reusability) အကျိုးကျေးဇူးတွေကို ရရှိနိုင်မှာဖြစ်ပါတယ်။

#Python #PythonMyanmar #OOP
❤3💯1🍓1
Python Lesson - 22 | OOP သင်ခန်းစာ - အပိုင်း(၂)

▶️ YouTube Video Link

ဒီ OOP Lesson မှာတော့ Python OOP ရဲ့ အဆင့်မြင့်တဲ့ Concept တွေဖြစ်တဲ့ Encapsulation နဲ့ Inheritance အကြောင်းကို ဆက်လက်လေ့လာရမှာ ဖြစ်ပါတယ်။

Data တွေကို ပြင်ပကနေ တိုက်ရိုက် Access လုပ်လို့မရအောင် Private Variable (__variable) တွေနဲ့ ဘယ်လိုကာကွယ်ရမလဲ (Encapsulation) ဆိုတာနဲ့၊ Parent Class ရဲ့ Functionality တွေကို Child Class ကနေ ဘယ်လိုဆက်ခံယူရမလဲ (Inheritance) ဆိုတာကို လက်တွေ့ နမူနာတွေနဲ့ ရှင်းပြပေးထားပါတယ်။

---
🚀 ဒီ သင်ခန်းစာကနေ ဘာတွေသိလာမလဲ?

* Encapsulation: မိမိရဲ့ Data တွေကို ပိုမိုလုံခြုံအောင် Private လုပ်နည်း
* Inheritance: Code တွေကို ထပ်ခါထပ်ခါ မရေးရအောင် အဆင့်ဆင့် ဆက်ခံအသုံးပြုနည်းများ။

#Python #PythonMyanmar #OOP
❤7
Python Lesson - 21 | OOP သင်ခန်းစာ - အပိုင်း(၃)

▶️ YouTube Video Link

ဒီ Lesson မှာတော့ Python OOP ရဲ့ နောက်ထပ် အရေးကြီးတဲ့ Concept နှစ်ခုဖြစ်တဲ့ Polymorphism နဲ့ Abstraction အကြောင်းကို အသေးစိတ် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

Parent Class မှာရှိပြီးသား Method ကို Child Class ကနေ မိမိစိတ်ကြိုက် ပြန်လည်ပြင်ဆင်ရေးသားတဲ့ Method Overriding အကြောင်းနဲ့၊ မဖြစ်မနေ ပါဝင်ရမယ့် အချက်အလက်တွေကို သတ်မှတ်ပေးထားတဲ့ Abstract Base Class (ABC) တွေရဲ့ အသုံးဝင်ပုံကို ရှင်းလင်းပြသပေးထားပါတယ်ဗျ။

---
📁 Source Code ကို Download ရယူရန် အောက်မှာ telegram channel ကို ပေးထားပါတယ် 👇
🔗 Lesson - 21 Source Code File
🔗 Lecture Note

#Python #PythonMyanmar #OOP
❤7🍓2❤‍🔥1
🚀Python ကို ဘာလို့ နယ်ပယ်စုံမှာ သုံးကြတာလဲ?

Python ဆိုတာ ရိုးရှင်းရုံတင်မကဘဲ သူ့မှာရှိတဲ့ အားကောင်းတဲ့ Libraries တွေကြောင့် ကမ္ဘာ့နံပါတ် (၁) ဖြစ်လာတာပါ။ သင်က ဘယ် Tech Field ကိုပဲသွားသွား Python က အသင့်ရှိနေမှာပါ။

ဒီနေ့မှာတော့ Python ကို သုံးပြီး ဘယ်လိုနယ်ပယ်တွေမှာ ဘာတွေလုပ်လို့ရမလဲဆိုတာ လေ့လာကြည့်ရအောင်။

၁။ Machine Learning🤖

Data တွေနဲ့ ကစားချင်သူတွေ၊ AI တည်ဆောက်ချင်သူတွေအတွက် မရှိမဖြစ် Libraries တွေပါ။
🔹Numpy, Pandas: Data တွေကို စနစ်တကျ ကိုင်တွယ်ဖို့
🔹Tensorflow, Keras, PyTorch: Deep Learning နဲ့ Neural Networks တွေအတွက်
🔹Scikit-Learn: ပုံမှန် ML Algorithm တွေအတွက်
🔹Matplotlib, Seaborn: Data တွေကို Graph နဲ့ ပုံဖော်ဖို့

၂။ Web Development 🌐

Backend ပိုင်းကို Python နဲ့ မြန်မြန်ဆန်ဆန် တည်ဆောက်နိုင်ပါတယ်။
🔹Django: အကြီးစား Website တွေအတွက် Feature အပြည့်အစုံပါတဲ့ Framework
🔹Flask, Bottle: lightweight ဖြစ်ပြီ ရိုးရှင်းတဲ့ Web Apps လေးတွေအတွက်
🔹Dash: Data Dashboard တွေ ပြုလုပ်ဖို့

၃။ Automation Testing (စက်ရုပ်ဖြင့် စမ်းသပ်ခြင်း)🧪

Software တစ်ခုကို လူကိုယ်တိုင် စစ်စရာမလိုဘဲ အလိုအလျောက် စစ်ဆေးဖို့ သုံးပါတယ်။
🔹PyTest, PyUnit: Code တွေ မှန်မမှန် စစ်ဆေးဖို့
🔹Robot, Splinter: Browser တွေနဲ့ Automation လုပ်ဆောင်ဖို့

၄။ Web Scraping (အချက်အလက် စုဆောင်းခြင်း) 🕸

Website တွေပေါ်က Data တွေကို အလိုအလျောက် ဆွဲထုတ်ဖို့ သုံးပါတယ်။
🔹Beautiful Soup, Requests: Website contents တွေကို အလွယ်တကူ ဆွဲယူဖို့
🔹Scrapy, Selenium: အကြီးစား Web Scraping project တွေအတွက်

၅။ Game & Image Processing 🎮📸

🔹Game Dev: PyGame, PyOpenGL တို့နဲ့ ဂိမ်းတည်ဆောက်နိုင်ပါတယ်
🔹Image Processing: OpenCV, Scikit-Image တို့နဲ့ ပုံတွေကို တည်းဖြတ်ခြင်း၊ မျက်နှာမှတ်မိခြင်း (Face Recognition) စတာတွေ လုပ်ဆောင်နိုင်ပါတယ်

နိဂုံးချုပ်ရရင်...
Python ဟာ အိမ်သုံးဓားလိုပဲ နယ်ပယ်စုံမှာ အသုံးတည့်ပါတယ်။

#tech@tech4UMM
#python
#library
❤7🥰1
Media is too big
VIEW IN TELEGRAM
Programming လောကထဲကို ခြေလှမ်းစလှမ်းချင်သူများအတွက်... 🚀

"Programming ဆိုတာ ခက်ခဲတဲ့အရာမဟုတ်ဘဲ စနစ်တကျလေ့လာရင် ဘယ်သူမဆို တတ်မြောက်နိုင်တဲ့ Superpower တစ်ခုပါ! 💪"

ဒီ Video လေးမှာ Beginner တစ်ယောက်အတွက်...
🐍 ဘာကြောင့် Python နဲ့ စသင့်တာလဲ?
🧠 Logic First ဘယ်လိုလေ့ကျင့်မလဲ?
💻 လက်တွေ့နယ်ပယ်ထဲ ဘယ်လိုဝင်မလဲ?
ဆိုတဲ့ အချက်တွေကို Step-by-Step ရှင်းပြပေးထားပါတယ်။

ပြီးပြည့်စုံနေဖို့ မလိုပါဘူး၊ စတင်ဖို့ပဲ လိုတာပါ။ အခုပဲ Video လေးကို အဆုံးထိကြည့်ပြီး ပထမဆုံး Code တစ်ကြောင်းကို စရေးလိုက်ရအောင်! 🔥

#ProgrammingLife #Tech4UMyanmar #BeginnerGuide #Python #CodingJourney
❤13🥰2