𝗧𝗲𝗰𝗵𝟰𝗨 𝗠𝘆𝗮𝗻𝗺𝗮𝗿
5.59K subscribers
650 photos
40 videos
11 files
370 links
Programming • Networking • Database • Cybersecurity 🛡️

New tutorials and updates posted daily!

✅ Click to learn more.

https://youtube.com/@tech4u-mm?si=ZK9X8GQ0nn7sG2oZ
Download Telegram
🎓 𝗖𝗼𝗺𝗽𝘂𝘁𝗲𝗿 𝗦𝗰𝗶𝗲𝗻𝗰𝗲 ကို 𝗛𝗮𝗿𝘃𝗮𝗿𝗱, 𝗦𝘁𝗮𝗻𝗳𝗼𝗿𝗱, 𝗠𝗜𝗧 နဲ့ 𝗚𝗼𝗼𝗴𝗹𝗲 တို့ကနေ Free လေ့လာမယ်😍

World-class Computer Science courses တွေကို သင်ရဖို့ ပိုက်ဆံတစ်ပြားမှပေးစရာမလိုပါဘူး 🌐

Top institutions တွေဖြစ်‌တဲ့ Harvard, Stanford, MIT, နဲ့ Google တို့က သင့်ရဲ့ Tech Skills တွေကို ကျွမ်းကျင်စေမယ့် high-quality learning resources တွေကို free ပေးနေပါပြီ။👨‍🎓📌

𝐋𝐢𝐧𝐤👇:-

ဒီကစတင်လေ့လာပါ

Perfect for students, self-learners, and career switchers✅️

#computerscience
#freelearning
❤3⚡1
📢 ၄ နှစ်စာ ကွန်ပျူတာသိပ္ပံဘွဲ့ကို အခမဲ့ ကိုယ်တိုင် လေ့လာနိုင်မယ့် Open Source Society University (OSSU) Path 🚀

💻 ပိုက်ဆံမကုန်ဘဲ 2013 CS Curriculum Guidelines နဲ့အညီ ကွန်ပျူတာသိပ္ပံဘာသာရပ်ကို လေ့လာချင်သူတွေအတွက် အခွင့်အလမ်းကောင်းတစ်ခုဖြစ်ပါတယ်။!

🎯 OSSU ဆိုတာဘာလဲ?
Open Source Society University (OSSU) ဆိုတာက MIT, Stanford, Harvard အစရှိတဲ့ ကမ္ဘာ့ထိပ်တန်တက္ကသိုလ်တွေရဲ့ သင်ရိုးညွှန်းတမ်းတွေကို အခြေခံပြီး အခမဲ့ အွန်လိုင်းမှာ ကိုယ်တိုင် Computer Science ဘာသာရပ်ကို စနစ်တကျ လေ့လာနိုင်အောင် စီစဉ်ပေးထားတဲ့ ပညာရေးလမ်းညွှန်တစ်ခုဖြစ်ပါတယ်။

🔍 2013 CS Curriculum Guidelines ဆိုတာ ဘာလဲ?
ဒါက ACM (Association for Computing Machinery) နဲ့ IEEE-CS (IEEE Computer Society) တိုပူးပေါင်းပြီး ရေးဆွဲထားတဲ့ ကွန်ပျူတာသိပ္ပံဘွဲ (Undergraduate Degree) အတွက် နိုင်ငံတကာအသိအမှတ်ပြု သင်ရိုးညွှန်းတမ်း ဖြစ်ပါတယ်။

🔍 OSSU Path မှာ ဘာတွေပါလဲ?
✔️ Computer Science အခြေခံမှ အဆင့်မြင့်အထိ လေ့လာနိုင်မယ့် သင်ရိုးအစီအစဉ်
✔️ MIT, Princeton, UC Berkeley စတဲ့ တက္ကသိုလ်ကြီးတွေရဲ့ အခမဲ့ Online Course တွေ (MOOCs) ကို စနစ်တကျ စုစည်းပေးထားတာ
✔️ Programming, Algorithms, AI, Data Science, Cybersecurity အစရှိတဲ့ ခေတ်ပေါ် Tech Fields တွေကို လေ့လာနိုင်မယ်
✔️ လက်တွေ့ Project တွေ လုပ်ရမယ် (ဒါကြောင့် Job Ready ဖြစ်မယ်!)

📊 OSSU ရဲ့ CS Curriculum အပြည့်အစုံကတော့

1️⃣ Prerequisites ( ဒီ topic တွေက ရပြီသာဆိုကျော်လို့ရပါတယ်)
- သင်္ချာအခြေခံ (Algebra, Calculus)
- အခြေခံ programming logic (Pseudocode, Flowcharts)
- အင်္ဂလိပ်စာ (Technical Documentation ဖတ်နိုင်ရန်)

2️⃣ Intro CS
- Computer Science နယ်ပယ်အကျဉ်း
- Computational Thinking
- CS သမိုင်းကြောင်း

3️⃣ အခြေခံ CS (Core CS)
| အကြောင်းအရာ | သင်ခန်းစာများ |
|--------------------------|--------------------------------------------------|
| Core Programming | Python/Java, OOP, Algorithms, Data Structures |
| Core Math | Discrete Math, Probability, Linear Algebra |
| CS Tools | Git, Linux, CLI, IDEs (VS Code) |
| Core Systems | OS, Computer Architecture, Networking |
| Core Theory | Automata, Computability, Complexity |
| Core Security | Cryptography, Basic Cybersecurity |
| Core Applications | Web Dev, Databases, Software Engineering |
| Core Ethics | Privacy, AI Ethics, Professional Conduct |

4️⃣ အဆင့်မြင့် CS (Advanced CS)
| အကြောင်းအရာ | ဥပမာများ |
|----------------------------------|--------------------------------------------|
| Advanced Programming | Design Patterns, Parallel Computing |
| Advanced Systems | Distributed Systems, Cloud Architecture |
| Advanced Theory | Advanced Algorithms, ML Theory |
| Advanced Info Security | Pen Testing, Blockchain Security |
| Advanced Math | Numerical Analysis, Graph Theory |

5️⃣ Final Project)
- Capstone Project (6-12 လ)

တို့ပါဝင်ပါတယ်။ သင်ခန်းစာတွေကို တက္ကသိုလ်မှာ သင်ရသလိုမျိုး တစ်ဆင့်ချင်း တစ်ခုပြီးမှ တစ်ခု လေ့လာရမှာဖြစ်ပါတယ်။

🚀 ဘယ်လိုစလေ့လာမလဲ ဆိုတာကို ဒီမှာ အသေးစိတ်ပြောထားပါတယ်ဗျ
Click Here

#ComputerScience
#CSEducation
#ACM
#IEEECS
#TechCurriculum
#SelfTaughtCS
#MyanmarTech
❤13⚡1👍1🥴1
🎓
ကျွန်တော်အရင်က တင်ခဲ့တဲ့ ၄ နှစ်စာ Computer Science Degree ကို အခမဲ့ ကိုယ်တိုင် လေ့လာနိုင်မယ့် Open Source Society University (OSSU) Path နဲ့ ပတ်သက်ပြီး အမေးများတဲ့ အကြောင်းအရာတွေကို video လေးနဲ့ တဖန်ပြန်ပြီ ရှင်းပြပေးထားပါတယ်ဗျ။

▶️ YouTube Video Link

ဒီ Video လေးမှာ...

🤔 OSSU ဆိုတာ ဘာလဲ?
👉 OSSU အကြောင်း အပြည့်အစုံ
👉 CS 2013 စံချိန်တွေနဲ့ ကိုက်ညီတဲ့ ဘွဲ့ကြိုသင်ရိုး
👉 ဘယ်လိုစသင်ယူရမလဲ?
စသဖြင့် အပြည့်အစုံရှင်းပြပေးထားပါတယ်ဗျ။

👉 သိချင်တယ်ဆိုရင် Video ကို ကြည့်လိုက်ပါဗျ!

💡 Video ထဲမှာပါတဲ့ Links များ
✨ https://github.com/ossu/computer-science
✨ OSSU Curriculum Google Sheet ရယူရန်

အရင် post အဟောင်းကို ပြန်ဖတ်ရန် 👉 ဖတ်ရန်နှိပ်ပါ။

#OSSU #ComputerScience #FreeEducation #CodingMyanmar #TechInBurma
❤13💯2🍓2🎉1🏆1
📚 Programming ရဲ့ အခြေခံအရေးကြီးဆုံး Data Structure တစ်ခုကို ရောက်လာပြီ!

DSA Lesson - 5 မှာတော့ Stack အကြောင်းကို Real-life Examples တွေနဲ့အတူ အပြည့်အစုံ ရှင်းပြပေးထားပါတယ်! 🎯

▶️ YouTube Video Link

ဘာတွေသင်ရမလဲဆိုတော့...

🏗 What is a Stack? - LIFO (Last-In-First-Out) Concept
🍽 Real-life Examples - Plate stacking, Browser history, Undo operations
⚡️ Stack Operations - Push, Pop, Peek, isEmpty
🛡 Error Handling - Stack Overflow & Underflow
💻 Implementation - Java Class with Array

📂 Source Code ကို Download ရယူရန် အောက်မှာ telegram channel ကိုပေးထားပါတယ် 👇
🔗 Source Code File
🔗 Note

Stack ကိုနားလည်ပီဆိုရင် Algorithms & Problem Solving Skills တွေ အများကြီးတိုးတက်လာမှာနော်! 💪

#DSA #DataStructures #Stack #Programming #Java #LIFO #Algorithm #Coding #ComputerScience
❤10🥰1
ဒါကြောင့် Facebook တို့ YouTube တို့က အရမ်းမြန်နေတာပေါ့! Caching ရဲ့ လျှို့ဝှက်ချက်။ 💡

Programming ပဲလုပ်လုပ်၊ Web/App တွေပဲ သုံးသုံး "Caching" ဆိုတဲ့ စကားလုံးကို ခဏခဏ ကြားဖူးကြမှာပါ။ ဒါပေမဲ့ သူက ဘယ်လိုအလုပ်လုပ်ပြီး ဘယ်လိုမျိုး Speed တွေကို မြှင့်ပေးတာလဲဆိုတာ သိပြီးပြီလား? 🤔

ဒီနေ့မှာတော့ Tech4U Myanmar ကနေပြီး Caching ရဲ့ အလုပ်လုပ်ပုံကို Beginner တွေပါ နားလည်လွယ်အောင် စာကြည့်တိုက် (Library) ဥပမာလေးနဲ့ ရှင်းပြပေးထားပါတယ်။ 📚✨

Developer တစ်ယောက်အနေနဲ့ ကိုယ့် App ကို Performance ကောင်းအောင် လုပ်ချင်ရင် Caching အကြောင်းကို မဖြစ်မနေ သိထားသင့်ပါတယ်ဗျ။ 💻💡

အသေးစိတ်ကို ပုံလေးတွေထဲမှာ ဖတ်ကြည့်လိုက်ပါဦးဗျ!

👉 အသေးစိတ်ဖတ်ရန်

📂 PDF file ရယူရန်

#Tech4UMyanmar #Caching #ComputerScience #WebDevelopment #BackendTips
❤9
Algorithm တွေကို ဘာလို့ Brain of Coding လို့ ခေါ်တာလဲ? 💡

ပုစ္ဆာတစ်ခုကို ဖြေရှင်းတဲ့နေရာမှာ 'ဘယ်လိုစဉ်းစားမလဲ' ဆိုတာက 'ဘယ်လိုရေးမလဲ' ဆိုတာထက် ပိုအရေးကြီးပါတယ်။ Algorithm ဆိုတာ Logic တွေရဲ့ အနှစ်သာရပါပဲ။

Coding ဆိုတာ Code ရေးတတ်ရုံနဲ့ မပြီးပါဘူး။ ထိရောက်တဲ့ Solution တွေ ထုတ်နိုင်ဖို့ Algorithm တွေကို နားလည်ထားဖို့ လိုပါတယ်။ အခုပြထားတဲ့ Algorithm (၆) မျိုးဟာ Programming လောကရဲ့ အခြေခံအကျဆုံးနဲ့ အရေးအကြီးဆုံး Brain တွေပဲ ဖြစ်ပါတယ်။

ဒီ Algorithm (၆) မျိုးကို နားလည်ထားရင် သင်ဟာ Coding ကို ပိုပြီး Master ဖြစ်လာမှာ အသေအချာပါပဲ။ Swipe လုပ်ပြီး တစ်ခုချင်းစီကို လေ့လာကြည့်လိုက်ပါ! ➡️

👉 အသေးစိတ်ဖတ်ရန်

#Algorithm101 #ComputerScience #TechMyanmar #CodeSmart #Logic #LearningProgramming
❤4🍓1
ဒီသင်ခန်းစာမှာတော့ လက်တွေ့ Hospital Database ဥပမာလေးသုံးပြီး Data တွေကို ဘယ်လို Sorting လုပ်ရမလဲဆိုတာကို ရှင်းပြပေးသွားမှာ ဖြစ်ပါတယ်။ 🏥💻

▶️ YouTube Video Link

ဒီသင်ခန်းစာမှာ -

👉 ORDER BY
👉 ASC & DESC
👉 Sorting patients by age
👉 Showing latest appointments first
👉 ORDER BY with JOIN queries

စတဲ့ command လေးတွေကို သုံးပြီး ကိုယ်လိုချင်တဲ့ Data တွေကို အစဉ်လိုက် စနစ်တကျ Sorting စီစဥ်ပုံကို လက်တွေ့လေ့လာရမှာပါ။


📁 Source Code နဲ့ Notes တွေကို Download ရယူရန် အောက်မှာ Telegram Channel ကို ပေးထားပါတယ် 👇

🔗 Source Code File ရယူရန်

#SQL #MySQL #Database #Programming #SQLTutorial #HospitalDatabase #ComputerScience
❤7🥰2
ဒီသင်ခန်းစာမှာတော့ လက်တွေ့ကျတဲ့ Hospital Database ဥပမာလေးသုံးပြီး Data တွေကို ဘယ်လိုမျိုး အုပ်စုခွဲ (Grouping) တွက်ချက်ရမလဲဆိုတာကို ရှင်းပြပေးသွားမှာ ဖြစ်ပါတယ်။ 🏥💻

▶️ YouTube Video Link

ဒီသင်ခန်းစာမှာ -

👉 GROUP BY
👉 COUNT()
👉 AVG()
👉 GROUP BY with JOIN
👉 ORDER BY grouped results

စတဲ့ command လေးတွေကို သုံးပြီး ကိုယ်လိုချင်တဲ့ Data တွေကို အုပ်စုအလိုက် စနစ်တကျ တွက်ချက်စစ်ထုတ်ပုံကို လက်တွေ့လေ့လာရမှာပါ။

📁 Source Code တွေကို Download ရယူရန် အောက်မှာ Telegram Channel ကို ပေးထားပါတယ် 👇

🔗 Source Code File ရယူရန်

#SQL #MySQL #Database #Programming #SQLTutorial #HospitalDatabase #ComputerScience
❤5🥰1