𝗧𝗲𝗰𝗵𝟰𝗨 𝗠𝘆𝗮𝗻𝗺𝗮𝗿
5.59K subscribers
650 photos
40 videos
11 files
370 links
Programming • Networking • Database • Cybersecurity 🛡️

New tutorials and updates posted daily!

Click to learn more.

https://youtube.com/@tech4u-mm?si=ZK9X8GQ0nn7sG2oZ
Download Telegram
🎁 အသုံး၀င်စေမဲ့ Web API (၅) ခု
Get Here

#api
4
🔐 JSON Web Token (JWT) ဆိုတာဘာလဲ?

JWT ဆိုတာ အင်တာနက်မှာ လုံခြုံစွာ အချက်အလက်ဖလှယ်ဖို့သုံးတဲ့ Token တစ်မျိုးပါ။
JWT ကို စနစ်တကျအသုံးပြုခြင်းဖြင့် Web/Mobile App တွေကို လုံခြုံစေပါစေတယ်။ 🔐

JWT အကြောင်းကို ပိုပြီသိချင်ရင်တော့ ဒီနေရာကိုနှိပ်ပြီးအပြည့်အစုံဖတ်လို့ရပါတယ်ဗျ၊

#JWT
#WebSecurity
#API
#Authentication
#Programming
#MyanmarTech
1
JSON Lesson - 1 | Introduction to JSON

ဒီ Video သင်ခန်းစာမှာတော့ JSON ရဲ့ အခြေခံအကြောင်းကို အပြည့်အစုံ ရှင်းပြပေးထားပါတယ်။

▶️ YouTube Video Link

📌 JSON ဆိုတာဘာလဲ? - JavaScript Object Notation ရဲ့ အခြေခံ
⚡️ ဘာကြောင့်သုံးကြတာလဲ? - Lightweight & Human-readable data format
🔍 XML နဲ့ ဘာကွာလဲ? - Comparison with other data formats
🚀 Real-world Applications - API, Config Files, Data Storage

စတဲ့ Concept‌ တွေကို Code Example တွေနဲ့အတူ လက်တွေ့လုပ်ကြည့်ရင်းသင်ကြားပေးထားပါတယ်။
JSON ကိုနားလည်ပီဆိုရင်တော့ Web APIs, Mobile Apps, Server Communications တွေအတွက် Data Exchange လုပ်ရတာ အရမ်းလွယ်ကူသွားမှာနော်! 💪

📂 Source Code ကို Download ရယူရန် အောက်မှာ telegram channel ကိုပေးထားပါတယ် 👇
🔗 Source Code File
🔗 Note

#JSON #JavaScript #WebDevelopment #API #DataExchange
🥰32🍓2
🌐 Real-world APIs တွေနဲ့ JSON Data ဘယ်လိုအလုပ်လုပ်လဲ?

JSON Lesson - 3 မှာတော့ APIs တွေနဲ့ JSON Data Fetching အကြောင်းကို အပြည့်အစုံ လက်တွေ့သင်ကြားပေးထားပါတယ်! 🚀

▶️ YouTube Video Link

ဘာတွေသင်ရမလဲဆိုတော့...

🛒 Fake Store API - Product data fetching & display
👥 Random User API - User information retrieval
🔗 Fetch API Usage - Modern JavaScript fetching techniques
📦 JSON Data Processing - API responses ကို process လုပ်နည်း
🎯 DOM Manipulation - Fetched data ကို webpage မှာပြသနည်း

📂 Source Code ကို Download ရယူရန် အောက်မှာ telegram channel ကိုပေးထားပါတယ် 👇
🔗 Source Code File
🔗 Note
🔗 API links များ

API နဲ့ JSON ကိုနားလည်ပီဆိုရင် Real-world Web Applications တွေ တည်ဆောက်ဖို့ အခြေခံအုတ်မြစ်ခိုင်ခိုင်ရသွားပြီ! 💪

#JSON #API #JavaScript #WebDevelopment #FetchAPI
🍓53🏆21🥰1💯1
🚀 "Software တစ်ခု ဘယ်လိုတည်ဆောက်ထားလဲ? Layers (၅) ခုအကြောင်း" 💻

Software တစ်ခုကို သုံးရတာ လွယ်ကူချောမွေ့နေပေမယ့် သူ့ရဲ့နောက်ကွယ်မှာတော့ အဆင့်ဆင့် ချိတ်ဆက်ထားတဲ့ Layers တွေ ရှိနေပါတယ်။ ဒါကို ပိုမြင်သာအောင် "စားသောက်ဆိုင်" တစ်ခုရဲ့ လုပ်ငန်းစဉ်နဲ့ ဥပမာပေးပြီး ရှင်းပြပေးပါမယ်။ 👇

၁။ Hosting — အချက်အလက်များ သိမ်းဆည်းထားရာနေရာ (Where Data Is Stored)
ဒါက စားသောက်ဆိုင်ဖွင့်ထားတဲ့ "ဆိုင်ခန်း/အဆောက်အအုံ" နဲ့ တူပါတယ်။

🔹Software ရဲ့ Code တွေနဲ့ Data အားလုံးကို အင်တာနက်ပေါ်မှာ တည်ရှိနေအောင် လက်ခံသိမ်းဆည်းပေးထားတဲ့ နေရာဖြစ်ပါတယ်။

၂။ Database — အချက်အလက်များကို စနစ်တကျ စီစဉ်ထားပုံ (How Data Is Sorted)
ဆိုင်ရဲ့ "ကုန်လှောင်ရုံ သို့မဟုတ် ရေခဲသေတ္တာ" လိုပါပဲ။

🔹ဟင်းချက်စရာတွေကို အမျိုးအစားအလိုက် စနစ်တကျ ခွဲခြားသိမ်းဆည်းထားသလိုမျိုး၊ Software ထဲက အချက်အလက်တွေကို လိုအပ်သလို အလွယ်တကူ ပြန်ထုတ်သုံးလို့ရအောင် စီစဉ်ပေးထားတဲ့ Layer ဖြစ်ပါတယ်။

၃။ Logic — အချက်အလက်များကို တွက်ချက်လုပ်ဆောင်ပုံ (How Data Is Processed)
ဒါကတော့ ဟင်းချက်နည်းအတိုင်း ချက်ပြုတ်ပေးတဲ့ "စားဖိုမှူး (Chef)" ရဲ့ အလုပ်ပါ။

🔹User ဆီက ရလာတဲ့ Data တွေကို ဘယ်လိုတွက်ချက်မလဲ၊ ဘယ်လိုအလုပ်လုပ်မလဲဆိုတဲ့ အဓိက ဦးနှောက်အပိုင်း (Backend logic) ဖြစ်ပါတယ်။

၄။ API — အချက်အလက်များကို သွားရောက်ယူပေးခြင်း (How Data Is Fetched)
Customer ဆီက မှာယူမှုကို မီးဖိုချောင်ဆီ ပို့ပေးပြီး ဟင်းပွဲပြန်သယ်ပေးတဲ့ "စားပွဲထိုး (Waiter)" နဲ့ တူပါတယ်။

🔹Frontend နဲ့ Backend ကြားမှာ အချက်အလက်တွေကို အပြန်အလှန် ပို့ဆောင်ဆက်သွယ်ပေးတဲ့ တံတားတစ်ခု ဖြစ်ပါတယ်။

၅။ UI (User Interface) — အချက်အလက်များကို ပြသပုံ (How Data Is Presented)
ဖောက်သည် ရှေ့မှောက်ကို ရောက်လာတဲ့ "အရသာရှိတဲ့ ဟင်းပွဲ အပြင်အဆင်" ပါပဲ။

🔹User တွေ တိုက်ရိုက်မြင်တွေ့ရပြီး အသုံးပြုရတဲ့ အရောင်၊ ပုံစံနဲ့ ခလုတ်လေးတွေ ပါဝင်တဲ့ အပြင်ပန်း အသွင်အပြင်ဖြစ်ပါတယ်။

နိဂုံးချုပ်ရရင်...
Software တစ်ခု ကောင်းကောင်းအလုပ်လုပ်ဖို့ဆိုတာ ဒီ Layers (၅) ခုစလုံးက ဟန်ချက်ညီညီ ချိတ်ဆက်နေဖို့ လိုအပ်ပါတယ်ဗျ။ 💡

Developer တစ်ယောက်ဖြစ်ဖို့ ကြိုးစားနေသူတွေအတွက် ဒီအဆင့် ၅ ဆင့်ထဲက ဘယ်အပိုင်းကို အစိတ်ဝင်စားဆုံးလဲ? Comment မှာ ဆွေးနွေးသွားလို့ ရပါတယ်ဗျ! 👇

#Tech4UMyanmar #SoftwareEngineering #WebDevelopment #Hosting #Database #API #UIUX #ProgrammingTips #MyanmarTech #SoftwareArchitecture
10🍓2