PSLF/TNLA News
32.5K subscribers
4.25K photos
225 videos
1 file
262 links
This is PSLF/TNLA News Official Channel.
Download Telegram
ကွတ်ခိုင်မြို့နယ်တွင် သားအမိနှစ်ဦး ဓားပြတိုက်ခံရ ဖုန်းနှင့် ပိုက်ဆံသိန်း (၄၀၀)ခန့်ပါသွား

ကွတ်ခိုင်၊ မေလ ၁၉ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၅)နယ်မြေ၊ ကွတ်ခိုင်ခရိုင် မိုင်းရပ်ကျေးရွာ လမ်းခုလတ်တွင် သားအမိနှစ်ဦး ဓားပြတိုက်ခံခဲ့ရသည်။

ဖြစ်စဉ်တွင် ပြီးခဲ့သည့် မေလ (၁၅)ရက် ညနေ (၄း၀၀)နာရီအချိန်တွင် တက္ကနိူင်းကျေးရွာမှ ကွတ်ခိုင်သို့ ကားဖြင့်မောင်းနင်းလာစဉ် မိုင်းရပ်ကျေးရွာရောက်ချိန်တွင် သေနတ်ကိုင်ဆောင်ထားသည့် အမျိုးသား (၃)ဦးမှ ဒေါ်အမ်နှင့် ဦးအယိုင် စီးလာသည့် ကားကိုသေနတ်ဖြင့် ခြိမ်းခြောက်ပစ်ခတ်ခဲ့သည်။

ထိုပစ်ခတ်မှုကြောင့် ၎င်းတို့နှစ်ဦးသည် ကားရပ်ပြီး အစစ်ဆေးခံနေချိန်တွင် အဆိုပါ အမျိုးသား (၃)ဦးက ပိုက်ဆံ သိန်း(၄၀၀)ခန့်နှင့် ဖုန်း (၄)လုံး လုယူသွားခဲ့သည်။

ထိုဓားပြတိုက်မှုနဲ့ပတ်သက်ပြီး ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/ TNLA၏ တအာင်းပြည်ရဲတပ်ဖွဲ့ မှ စုံစမ်းစစ်ဆေးရှာဖွေလျက်ရှိနေသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မန်တုံတွင်သက်တမ်းကုန်နေသည့် စားသောက်ကုန်ပစ္စည်းများကို PSLF/TNLAမှ စစ်ဆေးမှုပြုလုပ်ခဲ့

မန်တုံ၊ မေလ ၂၀ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၃)နယ်မြေ၊ မန်တုံမြို့အတွင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ မန်တုံမြို့စီမံအုပ်ချုပ်ရေးကော်မတီမှ သက်တမ်းကုန်နေသည့် စားသောက်ကုန်ပစ္စည်းများကို လိုက်လံစစ်ဆေးမှုပြုလုပ်ခဲ့သည်။

ထိုစစ်ဆေးမှုကို မြို့စီမံအုပ်ချုပ်ရေးကော်မတီမှ မေလ (၁၈)ရက်တွင် မြို့တွင်းရှိ ဆိုင်များကို လိုက်လံစစ်ဆေးခဲ့ပြီး သက်တမ်းကုန်နေသည့်ပစ္စည်းများကိုလည်း စစ်ဆေးတွေ့ရှိခဲ့ပါသည်။

အဆိုပါ စစ်ဆေးတွေ့ရှိထားသည့် ပစ္စည်းများကိုလည်း သိမ်းဆည်းသွားခဲ့ပြီး မီးရှို့ဖျက်စီးပစ်ခဲ့ပါသည်။ ပြီးခဲ့သည့် ဧပြီလည်း ၎င်းကော်မတီမှ မြို့တွင်းရှိ ဆေးဆိုင်များတွင် သက်တမ်းကုန်ဆုံးသည့် ‌ဆေးဝါးများကိုလည်း လိုက်လံစစ်ဆေးမှုပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။

အလားတူ ပြီးခဲ့သည့် မေလ (၁၂)ရက်လည်း နမ့်ခမ်းခရိုင်၊ မိုင်းဝီးမြို့အတွင်း မြို့စီမံအုပ်ချုပ်ရေးကော်မတီမှသက်တမ်းကုန်ဆုံးနေသည့် ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်းများကို လိုက်လံစစ်ဆေးမှုပြုလုပ်ခဲ့သည်။

ထိုစစ်ဆေးမှုပြုလုပ်ရခြင်းသည် မိဘပြည်သူများမှ သက်တမ်းကုန်ဆုံးနေသည့် ဆေးနှင့် စားသောက်ကုန်ပစ္စည်းများကို မဝယ်မိစေရန်နှင့်ရောင်းသူများကိုလည်း နောက်နောင်မရောင်းရန် ပထမဆုံးအနေဖြင့် သတိများပေးခဲ့ပါသည်။ 

ဆေးဆိုင်နှင့် စားသောက်ကုန်ရောင်းနေသည့်ဆိုင်များအနေဖြင့် သက်တမ်းကုန်နေသည့် ပစ္စည်းများကို ထပ်မံတင်သွင်းရောင်းချပါက ထိုပစ္စည်းများ၏ တန်ဖိုးအတိုင်း ပြန်လျော်ပေးရမည်ဖြစ်ပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
အပစ်ရပ်ထားသည့် စစ်ကောင်စီတပ်မှ နောင်ချိုမြို့နယ်အတွင်းရှိ ရှဲဆန်သတ္တုကုမ္မဏီကို ဂျက်ဖိုက်တာဖြင့် ပေါင် (၅ဝဝ)ဗုံး (၂)လုံး လာရောက်ကြဲချ

နောင်ချို၊ မေလ ၂ဝရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ နောင်ချိုမြို့နယ်အတွင်းရှိ ရှဲဆန်သတ္တုကုမ္မဏီကို အပစ်ရပ်ထားသည့် စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဂျက်ဖိုက်တာဖြင့် ပေါင် (၅ဝဝ)ဗုံး (၂)လုံး လာရောက်ကြဲချခဲ့သည်။

ဖြစ်စဥ်တွင် ပြီးခဲ့သည့် မေလ (၁၁)ရက် မွန်းလွဲပိုင်း (၁၂း၃ဝ)နာရီအချိန်တွင်
စစ်ကောင်စီတပ်မှ ၎င်းကုမ္မဏီကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပါသည်။ ထိုဗုံးကျ‌ရောက်ပေါက်ကွဲမှုကြောင့်ကုမ္မဏီအသုံးပြုနေသော ဘတ်ဖိုး (၁)စီး၊ သတ္တုထုတ်စက် (၁)လုံး၊ စက်ပစ္စည်းများထားရှိသောဂိုဒေါင် (၁)လုံးနှင့်အခြားသောပစ္စည်းများစွာ ထိမှန်ပျက်စီးခဲ့ပြီး စုစုပေါင်းကာလတန်ဖိုး တရုတ်ငွေ (၁၆၈ဝဝဝဝ)ယွမ်
ပျက်စီးဆုံးရှုံးသွားခဲ့သည်။

အလားတူ မေလ (၁၈)ရက် ညနေ (၅း၃ဝ)နာရီအချိန်တွင် စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နောင်ချိုမြို့နယ်၊ ဒိုးပင်ကျေးရွာအုပ်စု၊ ရတနာသင်္ဂီကျေးရွာအနီးတွင် ဂျက်ဖိုက်တာဖြင့် ပေါင်(၂၅ဝ)ဗုံး  (၆)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီတပ်သည် မေလ (၆)ရက်မှ (၃၁)ရက်ထိအပစ်ခတ်ရပ်စဲရေးကာလ ထပ်မံတိုးထားသော်လည်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သောမြို့နယ်များကို မြေပြင်ထိုးစစ်ဆင်ခြင်း၊ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများပစ်ခတ်ခြင်း၊ဒရုန်းနှင့် လေကြောင်းဖြင့် နေ့စဉ်အသုံးပြုတိုက်ခိုက်လျက်ရှိသည်။

ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ လေကြောင်း၊
ဒရုန်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုရန်မှ ရှောင်ရှားနိုင်ရန်စစ်ရေးသတိအမြဲရှိရန်လိုအပ်သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
ပြိန်းအင်ကျေးရွာတွင် တအာင်းစာအဖွဲ့- TLAမှ အခြေခံတအာင်းရုံးသုံးစာသင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပပြီးစီးခဲ့

မိုင်းလုံ၊ မေလ ၂၁ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ မိုင်းလုံမြို့နယ်၊ ပြိန်းအင်ကျေးရွာတွင်
တအာင်းစာအဖွဲ့-TLAမှ အခြေခံတအာင်းရုံံးသုံးစာသင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပပြီးစီးခဲ့သည်။

အဆိုပါသင်တန်းဆင်းပွဲကို ပြီးခဲ့သည့် မေလ (၁၉)ရက် နံနက်(၉းဝဝ)နာရီအချိန်တွင် တအာင်းစာအဖွဲ့-TLAမှ ဦးစီးပြီး ကျင်းပပြုလုပ်ခဲ့ပါသည်။

ထိုသင်တန်းကို သင်တန်းသား (၂၆)ဦးနှင့် သင်တန်းသူ(၁၆)ဦး စုစုပေါင်း (၄၂)ဦးတို့ တက်ရောက်သင်ကြားခဲ့ပြီး ၎င်းတို့ကိုတအာင်းစာအဖွဲ့-TLAမှ သင်တန်းတက်ရောက်အောင်မြင်ပြီးမြောက်ကြောင်း သင်တန်းဆင်းလက်မှတ် (Certificates)များ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။ ၎င်းသင်တန်းဆင်းပွဲကိုသင်တန်းသား/သူများ၊ ဆရာ/မများနှင့် မိဘပြည်သူလူထုများအပါအဝင် စုစုပေါင်းလူဦးရေ (၈ဝ)ဦးတက်ရောက်ခဲ့ပါသည်။

တအာင်းစာအဖွဲ့-TLAသည် ပြီးခဲ့သည့် ဧပြီလအတွင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA
အုပ်ချုပ်သော မန်တုံ၊ နမ့်ခမ်း၊ မိုးကုတ်၊ မိုးမိတ်မြို့နယ်တို့မှ သင်တန်သား/သူစုစုပေါင်းလူဦးရေ (၅၆၅)ဦးတို့ကို အခြေခံတအာင်းရုံးသုံးစာသင်တန်းဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့သည်။

အခြေခံတအာင်းရုံးသုံးစာသင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်သည်
တအာင်းစာသည် တအာင်းပြည်ကို လွမ်းခြုံနိုင်ရေး၊ တအာင်းလူမျိုးအားလုံးတအာင်းစာများများဖတ်နိုင်ရန်အတွက် စာအုပ်များ ထုတ်လုပ်နိုင်ရေး၊ တအာင်းပြည်အတွင်း တအာင်းစာသင်တန်းကို ဖွင့်လှစ်နိုင်ရေးနှင့် တအာင်းလူမျိုးအားလုံး တအာင်းစာများကိုပြောတက်၊ ရေးတက်၊ ဆိုတက်၊ သုံးတက်နိုင်ရန်တို့ဖြစ်ပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
အပစ်ရပ်ထားသည့် စစ်ကောင်စီတပ်မှ ဟိုခိုကျေးရွာကို ဂျက်ဖိုက်တာဖြင့်ပေါင်(၂၅ဝ)ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်

နောင်ချို၊ မေလ ၂၁ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ နောင်ချိုမြို့နယ်၊ ဟိုခိုကျေးရွာကို အပစ်ရပ်ထားသည့် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင်(၂၅ဝ) ဗုံး (၁)လုံးလာရောက်ကြဲချတိုက်ခိုက်ခဲ့ပါသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ ညနေ (၄းဝ၅)နာရီအချိန်တွင် PSLF/TNLA အုပ်ချုပ်သော ဟိုခိုကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကြဲချခဲ့သည်။ ထိုဗုံးကြောင့် ဒေသခံပြည်သူလူ၏ နေအိမ် (၁)လုံးထိမှန်ပျက်စီးဆုံးရှုံးသွားခဲ့သည်။

အလားတူ ပြီးခဲ့သည့် မေလ (၁၈)ရက်လည်း နောင်ချိုမြို့နယ်၊ဒိုးပင်အုပ်စု၊ ရတနာသင်္ဂီကျေးရွာအနီးတွင် ‌ပေါင်(၂၅ဝ)ဗုံး (၆)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီတပ်သည် မေလ (၆)ရက်မှ (၃၁)ရက်ထိ အပစ်ခတ်ရပ်စဲရေးကာလ ထပ်မံတိုးထားသော်လည်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သောမြို့နယ်များကိုမြေပြင်ထိုးစစ်ဆင်ခြင်း၊ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ ဒရုန်းနှင့် လေကြောင်းဖြင့် နေ့စဉ်အသုံးပြုတိုက်ခိုက်လျှက်ရှိသည်။

ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုရန်မှရှောင်ရှားနိုင်ရန်စစ်ရေးသတိအမြဲရှိရန်လိုအပ်သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မန်စပ်တွင် နေအိမ်များကို ဖောက်ထွင်းပြီးခိုးနေသည့် အမျိုးသားတစ်ဦးကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှဖမ်းဆီးရမိ

မိုင်းဝီး၊ မေလ ၂၁ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ(၁)နယ်မြေ၊ မိုင်းဝီးမြို့နယ်၊ မန်စပ်ကျေးရွာရှိနေအိမ်များကို ဖောက်ထွင်းပြီးခိုးနေသည့် အမျိုးသားတစ်ဦးကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ပါသည်။

အဆိုပါအမျိုးသားသည် အသက် (၁၉)နှစ်အရွယ် မိုင်းနိုင်ကျော်အောင်ဆိုသူဖြစ်ပြီး လွန်ခဲ့သည့် ၂ဝ၂၄ခုနှစ် ဖေဖော်ဝါရီလ(၂)ရက်တွင် ဦးအိုက်ထတို့၏နေအိမ်ကို ဖောက်ထွင်းပြီး ငွေ (၁ဝ)သိန်းကျပ် စတင်ခိုးယူသွားခဲ့ပါသည်။

ထိုအပြင် ကျေးရွာအတွင်းရှိနေအိမ်များကို မကြာခဏ လိုက်လံဖောက်ထွင်းပြီး နေအိမ်အတွင်းရှိ ပစ္စည်းများနှင့် ငွေများကို ခိုးယူနေသောကြောင့်‌ဒေသခံမိဘပြည်သူများအနေဖြင့် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့ထံ သွားရောက်တိုင်ကြားခဲ့သည်။

၎င်းနောက်တွင် မိုင်းဝီးမြို့ ရဲတပ်ဖွဲ့မှ ပြီးခဲ့သည့် မေလ (၁၇)ရက်တွင် ၎င်းအမျိုးသားကို သွားရောက်ဖမ်းဆီးခဲ့ပါသည်။ထိုအမျိုးသားသည် ကျေးရွာအတွင်း နေအိမ်များကို ဖောက်ထွင်းခိုးယူနေခြင်းသည် (၁ဝ)ကြိမ်မြောက်ရှိပြီးဖြစ်ကြောင့် ထွက်ဆိုထားပါသည်။

အဆိုပါအမျိုးသားကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ တအာင်းပြည်မြို့နယ်ရဲတပ်ဖွဲ့မှ ဥပဒေအရ အရေးယူဆောင်ရွက်သွားဖြစ်သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန