🚨 G12 ဖြေမယ့်သူတွေ ဒီအချက်ကို သေချာဖတ်ပါ!
(ဖတ်ဖြစ်အောင်ဖတ်ပေးပါ)
“ဘာသာစုံကို အမှတ်ကောင်းအောင်လုပ်မှ ရမယ်” ဆိုပြီး အားလုံးကို တစ်ပြိုင်နက်တည်း ဖိလုပ်နေရတာမျိုး မလုပ်ပါနဲ့။
ကိုယ်သွားချင်တဲ့ Line / University ကို အရင်ဆုံးသိထားပါ။ ❤️
ကိုယ်က Medical / Technological Line သွားချင်တယ်ဆိုရင် ကိုယ့် Line အတွက် အဓိကဖြစ်တဲ့ ဘာသာရပ်တွေကို ပိုပြီး ဦးစားပေးလုပ်ပါ။
🩺 Medical University
➡️ EBC = 260 ဝန်းကျင်နှင့်အထက်ကို ရည်မှန်းပါ။
⚙️ Technological University
➡️ EMCP = 240 နှင့်အထက်ကို ရည်မှန်းပါ။
🏫 COE ကို ရည်မှန်းထားရင်
➡️ EMCP = 300 ကျော်ကို ရည်မှန်းပါ။
📌 ISO ကျောင်းတွေကတော့ ကျောင်းနဲ့ မြို့အလိုက် လိုအပ်တဲ့အမှတ်တွေ ကွာနိုင်တာကြောင့် နောက်ဆုံးထုတ်ပြန်တဲ့ ဝင်ခွင့်သတ်မှတ်ချက်ကို သေချာစစ်ဆေးပါ။
အဓိကက—
❌ ဂုဏ်ထူးအများကြီးရဖို့အတွက်ပဲ အားမကုန်ပါနဲ့။
✅ ကိုယ်သွားချင်တဲ့ Line အတွက် အရေးကြီးတဲ့ ဘာသာရပ်တွေမှာ အမှတ်ကောင်းအောင်လုပ်ပါ။
တခြားသူတွေပြောတာနားယောင်ပြီး
“ဒါလည်းလုပ်ရမယ်၊ ဟိုဟာလည်းလုပ်ရမယ်” ဆိုပြီး ဟိုယောင်ယောင် ဒီယောင်ယောင် မဖြစ်ကြပါနဲ့။
ကိုယ့်အကြောင်းကိုယ်သိပါ။
ကိုယ့်ရည်မှန်းချက်ကိုယ်သိပါ။
ကိုယ့်အချိန်နဲ့ အင်အားကို မှန်မှန်ကန်ကန် ခွဲသုံးပါ။ 💪🏻📚
အဓိက ၃/၄ ဘာသာမှာ အမှတ်ကောင်းလာရင် Total အမှတ်ကလည်း သူ့အလိုလို တက်လာမှာပါ။
ဒါကတော့ G12 ဖြေပြီးထားတဲ့ ကျောင်းသူတစ်ယောက်အနေနဲ့ အကြံပေးတာပါ။
လုပ်တာ၊ မလုပ်တာကတော့ မင်းတို့ရဲ့ တာဝန်ပါ။ အမက အကြံပေးရုံပါ။ 🤍
ကိုယ်သွားချင်တဲ့နေရာကို အရင်ဆုံးရွေးပါ။
ပြီးရင် အဲ့ဒီနေရာကို ရောက်အောင် စနစ်တကျကြိုးစားပါ။ 🌷
#studywithus03
@studywithus03
@Khinii08

❤9🥰2
G-12 study group 2026-2027 pinned «🚨 G12 ဖြေမယ့်သူတွေ ဒီအချက်ကို သေချာဖတ်ပါ! (ဖတ်ဖြစ်အောင်ဖတ်ပေးပါ) “ဘာသာစုံကို အမှတ်ကောင်းအောင်လုပ်မှ ရမယ်” ဆိုပြီး အားလုံးကို တစ်ပြိုင်နက်တည်း ဖိလုပ်နေရတာမျိုး မလုပ်ပါနဲ့။ ကိုယ်သွားချင်တဲ့ Line / University ကို အရင်ဆုံးသိထားပါ။ ❤️ ကိုယ်က Medical / Technological…»
❤3
🧬 Bio အောင်မှတ်ဖို့ ဘယ်လောက်ကျက်ရမလဲ?
Bio က Chapter တစ်ခန်းချင်းစီမှာ—
- 1 မှတ်တန် — 5 ပုဒ်
- 5 မှတ်တန် — 1 ပုဒ်
- 10 မှတ်တန် — 1 ပုဒ်
စုစုပေါင်း 20 မှတ်ဖိုး မေးပါတယ်။
Bio မှာ Chapter 6 ခန်း ရှိတဲ့အတွက်
20 × 6 = 120 မှတ်ဖိုး မေးထားတာပါ။
ဒါပေမယ့် အမတို့ဖြေရမှာက 100 မှတ်ဖိုး ပဲ ဖြစ်ပါတယ်။
📌 Section A
1 မှတ်တန် — 30 မှတ်
📌 Section B
5 မှတ်တန် — 30 မှတ်
→ Choice မရှိပါဘူး။
10 မှတ်တန် — 40 မှတ်
→ မေးတာက 60 မှတ်ဖိုး ဖြစ်ပြီး
“Answer any four questions” လို့ မေးထားတာကြောင့် 6 ခန်းထဲက ကိုယ်အပိုင်နိုင်ဆုံး၊ အသေချာဆုံး 4 ပုဒ်ကို ရွေးဖြေရမှာပါ။
ဒါကြောင့် Bio မှာ Chapter 6 ခန်းလုံးကို အပြည့်အဝကျက်နိုင်ဖို့ မလွယ်တဲ့သူတွေအတွက် စာကျက်တဲ့ Strategy က အရေးကြီးပါတယ်။
🎯 အောင်မှတ်လောက်ပဲ လိုချင်တဲ့သူ
အောင်မှတ်ရဖို့ ရည်ရွယ်ထားတယ်ဆိုရင် Chapter 3 ခန်းလောက်ကို အရကျက် ထားသင့်ပါတယ်။
အထူးသဖြင့် 5 မှတ်တန်နဲ့ 10 မှတ်တန်တွေကို အပိုင်နိုင်အောင် လေ့လာထားဖို့ လိုပါတယ်။
🌟 80/90 ကျော် ရချင်တဲ့သူ
Chapter 5 ခန်းလောက်ကို အပြတ်ပိုင်အောင် ကျက်ထားသင့်ပါတယ်။
Chapter 5 ခန်းကို သေချာပိုင်နိုင်ထားမယ်ဆိုရင် 95 မှတ်ဝန်းကျင်အထိ ရနိုင်မယ့် အခြေအနေကောင်း ရှိပါတယ်။
ဒါပေမယ့် ကိုယ်ချန်ထားတဲ့ Chapter ကိုတော့ လုံးဝမထားခဲ့ပါနဲ့။
အနည်းဆုံး 1 မှတ်တန် Questions တွေကို သေချာလေ့လာထားပါ။
👉 အဓိကက Chapter အများကြီးကို မကျက်နိုင်တာထက် ကိုယ်ကျက်ထားတဲ့ Chapter တွေကို သေချာပိုင်နိုင်အောင် ကျက်ထားတာ ပိုအရေးကြီးပါတယ်။
(နောက်ပိုင်းအောင်ချက်မြင့်မားရေးဆိုပြီးပေးပါလိမ့်မယ် အောင်ချက်မြင့်မားရေးကိုပိုင်ထားမယ်ဆိုရင် ၅၀လောက်ကသေချာပါတယ်)
Bioကိုမကြောက်ကြပါနဲ့🤍
@studywithus03
#Biology

❤2
တခြားလူတွေ Physics ဂုဏ်ထူးများဝေဆာနေချိန် မင်မင် ၇၃ ပဲရခဲ့တဲ့အကြောင်းရင်း 🥲
Physics မဖြေခင် တစ်ရက်အလိုမှာ ကျောင်းပိတ်ပါတယ်။ မင်မင်လည်း မနက်စောစော ၅ နာရီလောက်ထပြီး စာထလုပ်ပါတယ်။
၆ နာရီလောက်ကျတော့ မင်မင်ကိုဖုန်းဆက်ပြီး သူငယ်ချင်းတစ်ယောက်က Chemistry မေးခွန်းလာတိုက်ပါတယ်။ သူက သူဘာတွေမှားခဲ့တယ်ဆိုပြီး ပြောပြတော့ မင်မင်လည်း ကိုယ်ဖြေခဲ့တာတွေ ပြန်မှတ်မိပြီး ၈ မှတ်လောက်မှားခဲ့တာ သိသွားပါတယ်။
အဲ့ဒီကနေစပြီး စိတ်ဓာတ်ကျလာပါတော့တယ်။
အဲ့ချိန် အမေ့ဖုန်းကို အပြေးယူပြီး Online ပေါ်က Tarot တွေ လျှောက်မေးရင်း ၁ နာရီလောက် အချိန်ကုန်သွားပါတယ်။
နောက်တော့ ကိုယ့်စိတ်ကိုယ်လျှော့ပြီး
“ပြင်လို့မှမရတော့တာပဲ၊ အခုရှိတဲ့အချိန်မှာ စာကိုပဲ ဆက်လုပ်ရမယ်” ဆိုပြီး စာပြန်လုပ်ပါတယ်။
ဒါပေမယ့် စိတ်က အရင်လိုမကောင်းတော့တာကြောင့် စာကို ကောင်းကောင်းမလုပ်နိုင်ပါဘူး။
လုပ်ရင်းလုပ်ရင်းနဲ့ နေ့လည်ထမင်းစားချိန်ရောက်သွားပါတယ်။ အဲ့ချိန် အဖေက ငါးခေါင်းဟင်းရည်လေး ဝယ်လာတော့ မင်မင်လည်း တစ်ငုံလောက် သောက်လိုက်ပါတယ်။
ဘုရားစူး တကယ်တစ်ငုံထဲပါ။ 😭
သောက်ပြီး ခဏလောက်ကြာတော့ ဗိုက်က တအားအောင့်လာပါတယ်။ အရင်က အစပ်ဆို အရမ်းစပ်တာစားတာတောင် အဲ့လိုမျိုး တစ်ခါမှ မအောင့်ဖူးပါဘူး။ အဲ့နေ့ကျမှ အရမ်းအောင့်လာလို့ ဆေးခန်းသွားပြရပါတယ်။
ဆေးခန်းနဲ့အိမ်နဲ့က နီးတော့ ၁၅ မိနစ်လောက်နဲ့ သွားပြပြီး ပြန်လာပါတယ်။ ပြန်လာတော့လည်း ဗိုက်အောင့်နေတာနဲ့ စာမလုပ်နိုင်တော့ဘဲ ၃ နာရီလောက် အိပ်လိုက်ပါတယ်။
နိုးလာတော့ ၄ နာရီကျော်နေပါပြီ။ အဲ့တာနဲ့ ထပြီး စာဆက်လုပ်ပါတယ်။
စာလုပ်နေတဲ့အချိန်မှာ မင်မင်က “မကျက်နိုင်တော့ဘူး” ဆိုပြီး ပယ်ထားခဲ့တဲ့ အပုဒ်လေးတွေ ၂ ပုဒ်၊ ၃ ပုဒ်လောက်ရှိပါတယ်။
ကံမကောင်းစွာနဲ့ပဲ…
အဲ့ဒီအပုဒ်လေးတွေက စာမေးပွဲမှာ ပါလာခဲ့ပါတယ်။ 🥲
ညရောက်တော့လည်း စာတွေက မပြတ်သေးတော့ စိတ်ဓာတ်က တော်တော်ကျလာပါတယ်။ အဲ့ချိန် သူငယ်ချင်းတွေနဲ့ စိတ်ပြေလက်ပျောက် Video Call ခေါ်ပြီး အတူတူစာလုပ်ခဲ့ပါတယ်။ နောက်ဆုံး ည ၁ နာရီလောက်မှ အိပ်ဖြစ်ပါတယ်။
မနက်ကျတော့ ၄ နာရီလောက်ထပြီး ၁ မှတ်တန်တွေနဲ့ ပုံတွေကို ကြည့်ပဲကြည့်လိုက်ပါတယ်။
၇ နာရီလောက်မှာတော့ Chapter 11 မှာရှိတဲ့ Simple Transfer ပုံ ကို ကြည့်ဖို့လုပ်နေတုန်း အဖေက—
“သမီး စာအုပ်ပိတ်ပြီး မနက်စာစားတော့၊ နောက်ကျနေပြီ”
ဆိုလို့ အဲ့ဒီပုံကို မကြည့်လိုက်ရတော့ပါဘူး။
ဖြေဖို့သွားတဲ့လမ်းမှာလည်း ပြန်ကြည့်ဖို့ လုံးဝကို စိတ်မရတော့ပါဘူး။
နောက်ပြီး Chapter 12 မှာရှိတဲ့ Active and Passive Electrical Components ဆိုတဲ့အပုဒ်ကိုလည်း
“ဒါလောက်တော့ မမေးလောက်ပါဘူး” ဆိုပြီး မကြည့်သွားခဲ့ပါဘူး။
တကယ်တော့ အဲ့ဒါတွေက မင်မင် အရင်က ကျက်ထားခဲ့ပြီးသားတွေပါ။
ဖြေမယ့်ညမှာ ပြန်မနွေးမိလိုက်တာပါ။
ဒီလိုနဲ့ စာမေးပွဲဖြေပြီးတဲ့အခါ…
သူများတွေ Physics ဂုဏ်ထူးအများကြီးထွက်နေချိန်မှာ မင်မင်ကတော့ ၇၃ မှတ်ပဲ ရခဲ့ပါတယ်။
ဒီအတွေ့အကြုံကို ပြန်ကြည့်လိုက်ရင် မင်မင်အမှတ်နည်းသွားတာက စာမသိလို့ တစ်ခုတည်းမဟုတ်ဘဲ စာမေးပွဲမတိုင်ခင် နောက်ဆုံးတစ်ရက်မှာ ဖြစ်သွားတဲ့အရာတွေ အများကြီးကလည်း သက်ရောက်ခဲ့ပါတယ်။
အထူးသဖြင့် ကိုယ်ပြင်လို့မရတော့တဲ့ Chemistry အမှတ်ကို ပြန်တွေးပြီး စိတ်ပူနေမယ့်အစား အဲ့ဒီအချိန်ကို Physics အတွက် အသုံးချနိုင်ခဲ့ရင် ပိုကောင်းခဲ့မှာပါ။
ဒါကြောင့် G12 လေးတွေ—
စာမေးပွဲမဖြေခင်မှာ ဖြစ်ပြီးသွားတဲ့အရာတွေကို ပြန်တွေးပြီး အချိန်မကုန်ကြပါနဲ့။ ကိုယ်လုပ်နိုင်သေးတဲ့အရာကိုပဲ အာရုံစိုက်ကြပါ။
ပြီးတော့ “ဒါမမေးလောက်ပါဘူး” ဆိုပြီး ကိုယ်ကျက်ထားပြီးသားအပုဒ်တွေကို လုံးဝမပယ်ထားကြပါနဲ့။
Exam မှာ ဘာပါလာမလဲဆိုတာ ကြိုမသိနိုင်လို့ပါ။ ❤️
အမကတော့ ကံအရမ်းဆိုးခဲ့ပါတယ်။ ကိုယ်တစ်နှစ်လုံးအပင်ပန်းခံပြီးကျက်ထားခဲ့သမျှ အချိန်မရလို့ ပြန်မနွေးခဲ့ရဘူးဆိုတဲ့အသိနဲ့ အမှတ်နည်းခဲ့ရတဲ့အတွက် အရမ်းနောင်တရသလို အရမ်းလဲဝမ်းနည်းပါတယ်။(ကိုယ့်လိုမဖြစ်စေချင်တဲ့ စေတနာနဲ့ ဒီ postလေးတင်တာပါနော်)🤍
@studywithus03
https://t.me/studywithus03

💔10😢1😭1
G12 bio နဲ့ chemistry textbook စုတ်ပြတ်နေတာမြင်ရင်တော်တော်ခံစားရတယ် ဘယ်လောက်လုပ်လုပ် ၇၆ပဲရခဲ့လို့🥲
(အပြင်မှာတော်တော်စုတ်ပါတယ်)
(အပြင်မှာတော်တော်စုတ်ပါတယ်)
😢5❤1
⚡ G12 Physics Formula တွေ အများကြီးဖြစ်လို့ မမှတ်မိဘူးလား?
Physics Formula တွေကို အလွတ်ကျက်ရုံနဲ့ မလုံလောက်ပါဘူး။
Formula တစ်ခုကို မှတ်တဲ့အခါ ဘာကိုရှာဖို့သုံးတာလဲ၊ Symbol တစ်ခုချင်းစီက ဘာကိုဆိုလိုတာလဲ၊ ဘယ်လို Question မှာသုံးရမလဲ ဆိုတာပါ သိထားဖို့လိုပါတယ်။
📌 Formula မှတ်တဲ့အခါ—
1️⃣ Formula ကို မှတ်ပါ
2️⃣ Symbol တစ်ခုချင်းစီရဲ့ Meaning ကို သိပါ
3️⃣ ဘယ်အချိန်မှာ သုံးရမလဲ သိပါ
4️⃣ Question လေးတွေနဲ့ လေ့ကျင့်ပါ
5️⃣ စာအုပ်ပိတ်ပြီး ကိုယ်တိုင်ပြန်ရေးကြည့်ပါ ✍️
💡 ဥပမာ —
v = u + at
ဒီ Formula ကို မြင်တာနဲ့—
v = Final velocity
u = Initial velocity
a = Acceleration
t = Time
ဆိုတာ သိထားရပါမယ်။
ဥပမာ Question မှာ—
Initial velocity u = 5 m/s
Acceleration a = 2 m/s²
Time t = 3 s
ပေးထားပြီး Final velocity (v) ကို ရှာခိုင်းရင်—
v = u + at
v = 5 + (2 × 3)
v = 11 m/s
ဆိုပြီး Formula ကို အသုံးချရမှာပါ။
ဒါကြောင့် Formula ကို အလွတ်ကျက်ထားရုံမဟုတ်ဘဲ
“ဒီ Formula ကို ဘယ် Question မှာ သုံးရမလဲ?” ဆိုတာပါ နားလည်အောင် လေ့ကျင့်ပါ။ ⚡📚
Formula သိတာထက် Formula ကို မှန်မှန်အသုံးချတတ်တာက ပိုအရေးကြီးပါတယ်။ 🤍
#G12 #Physics #PhysicsFormula #StudyTips

❤5🔥1
📚 G12 ကျောင်းသားတွေ စာကျက်တဲ့အခါ မလုပ်သင့်တဲ့အချက် ၅ ချက်
G12 ရောက်လာရင် စာတွေများလာတာနဲ့အမျှ စာကျက်ပုံကလည်း အရေးကြီးလာပါတယ်။ တစ်နေ့လုံးစာကြည့်နေပေမယ့် ထိရောက်မှုမရှိတာမျိုး မဖြစ်အောင် ဒီအချက်လေးတွေ သတိထားပါ။
❌ 1. စာအများကြီးကို တစ်ခါတည်းကျက်ခြင်း
အချိန်ကြာကြာထိုင်ကျက်တာထက် အပိုင်းလေးတွေခွဲပြီး ကျက်တာက ပိုမှတ်မိလွယ်ပါတယ်။
❌ 2. နားမလည်ဘဲ အလွတ်ကျက်ခြင်း
အရင်ဆုံး အဓိပ္ပာယ်ကိုနားလည်အောင်လုပ်ပြီးမှ ကျက်ပါ။
❌ 3. စာဖတ်ပြီးတာနဲ့ ကိုယ်သိပြီလို့ထင်ခြင်း
စာအုပ်ပိတ်ပြီး ကိုယ်တိုင်ပြန်ပြောနိုင်လား၊ ပြန်ရေးနိုင်လား စမ်းကြည့်ပါ။
❌ 4. Question မဖြေဘဲ စာပဲကျက်နေခြင်း
Exam မှာ မေးခွန်းကို ဘယ်လိုအသုံးချရမလဲ သိဖို့ Practice လုပ်ဖို့လိုပါတယ်။(tutorial များများဖြေသင့်ပါတယ်)
❌ 5. ကိုယ်မှားတာတွေကို ပြန်မကြည့်ခြင်း
မှားတဲ့ Question တွေကို ပြန်လေ့လာတာက နောက်တစ်ခါ ထပ်မမှားအောင် အများကြီးကူညီပေးပါတယ်။
✨ စာကျက်တာမှာ အရေးကြီးတာက အချိန်အများကြီးထိုင်တာမဟုတ်ဘဲ ကိုယ်ကျက်တဲ့အချိန်ကို ထိထိရောက်ရောက် အသုံးချနိုင်ဖို့ပါ။
#G12 #G12Students #StudyTips #ExamTips@studywithus03

❤1