❤6
🧪 Chemistry မေးခွန်းပုံစံ
1 T/F 10
2 Fill up 10
3 Choose 10
🔴 4(a) Chap - 1 5
🔴 4(b)(c) Chap - 2 + 3 + 4 10
⚪ 4(d) Chap - 8 5
⚪ 4(e) Chap - 7 5
🟠 5(a) Chap - 6 5
⚪ 5(b) Chap - 8 5
🟠 5(c) Chap - 5 5
⚪ 6(a) Chap - 8 5
🟠 6(b) Chap - 6 5
🔴 6(c) Chap - 2 + 3 + 4 5
🔴 7(a) Chap - 1 5
🔴 7(b) Chap - 2 + 3 + 4 5
⚪ 7(c) Chap - 8 5
📌 Total Marks
Given Marks — 100
At least — 45
🔴 အဓိက — Chap 1, 2, 3, 4
🟠 ဒုတိယဦးစားပေး — Chap 5, 6
1 T/F 10
2 Fill up 10
3 Choose 10
🔴 4(a) Chap - 1 5
🔴 4(b)(c) Chap - 2 + 3 + 4 10
⚪ 4(d) Chap - 8 5
⚪ 4(e) Chap - 7 5
🟠 5(a) Chap - 6 5
⚪ 5(b) Chap - 8 5
🟠 5(c) Chap - 5 5
⚪ 6(a) Chap - 8 5
🟠 6(b) Chap - 6 5
🔴 6(c) Chap - 2 + 3 + 4 5
🔴 7(a) Chap - 1 5
🔴 7(b) Chap - 2 + 3 + 4 5
⚪ 7(c) Chap - 8 5
📌 Total Marks
Given Marks — 100
At least — 45
🔴 အဓိက — Chap 1, 2, 3, 4
🟠 ဒုတိယဦးစားပေး — Chap 5, 6
❤9🔥3
ခုရက်ပိုင်း G12 ကလေးတော်တော်များများ မဆီလာပြီး ရင်လာဖွင့်ကြတယ်။
“အမရေ… စိတ်ညစ်တယ်။”
“Pressure တွေ အရမ်းများတယ်။”
“စာလုပ်နေတာပဲ၊ ဘာလို့ မရသေးတာလဲ မသိဘူး…”
“သူများတွေ ရနေတာကိုယ်ကျ မရဘူးဆိုပြီး စိတ်ဓာတ်ကျတယ်…”
မင်းတို့အခုလို ခံစားနေရတာ မင်းတို့ညံ့လို့ မဟုတ်ပါဘူးနော်။
G12 ဆိုတာ ဒီလိုပဲ။
စာလုပ်နေရင်းနဲ့တောင် “ငါတကယ်ရပါ့မလား” ဆိုတဲ့စိတ်တွေ ဝင်လာတတ်တယ်။
Result မကောင်းရင် စိတ်ဓာတ်ကျတယ်။
သူများတွေကောင်းတာမြင်ရင် ကိုယ့်ကိုယ်ကို ပြန်နှိုင်းယှဉ်မိတယ်။
ပြီးတော့ မနက်ဖြန်အတွက် စိုးရိမ်ရင်း ဒီနေ့ကိုပါ ပျော်မနေနိုင်တော့ဘူး။
ဒါတွေက မင်းတို့တစ်ယောက်တည်း ခံစားနေရတာမဟုတ်ပါဘူး။
ဒါကြောင့် အမက မင်းတို့ကို ပြောချင်တာက—
G12 မှာ ကိုယ့်စိတ်ကို ကိုယ် မနိုင်မနင်း ဖိအားမပေးကြပါနဲ့။
မဖြစ်သေးတဲ့အရာတွေကို ကြိုတွေးပြီး မပူပါနဲ့။
မရသေးတာကို “ဘယ်တော့မှ မရတော့ဘူး” လို့ မတွေးပါနဲ့။
🙏 ဘုရားတရားလည်း မမေ့ကြနဲ့နော်။
စိတ်ပူတဲ့အချိန်မှာ ကိုယ့်စိတ်လေးကို အေးအေးချမ်းချမ်းထားဖို့ ကိုယ့်ယုံကြည်ရာကို အားယူပါ။(G12ကအင်မတန်မှနတ်ကြီးပါတယ်နော် ဒါကြောင့် ဘုရားတရားပိုလုပ်ပေးဖို့တကယ်တိုက်တွန်းပါတယ်။)
🫶 ကျန်းမာရေးလည်း ဂရုစိုက်ပါ။
စာအတွက်နဲ့ ကိုယ့်ကိုယ်ကို မပင်ပန်းလွန်းစေပါနဲ့။
အိပ်ပါ။ စားပါ။ နားပါ။
ပြီးရင် ပြန်ကြိုးစားပါ။
📚 တစ်နေ့စာ တစ်နေ့လုပ်ပါ။
ဒီနေ့လုပ်ရမယ့်စာကို ဒီနေ့ပြီးအောင် ကြိုးစားပါ။
မနက်ဖြန်စာကို ဒီနေ့ကတည်းက ကြောက်မနေပါနဲ့။(အထူးသဖြင့် bio)
ပြီးတော့ အခုရနေတဲ့ Result တစ်ခုကြောင့် ကိုယ့်အနာဂတ်ကို မဆုံးဖြတ်လိုက်ပါနဲ့။
ဒီနေ့ Result မကောင်းတာက
မင်းတို့ရဲ့ နောက်ဆုံး Result မဟုတ်ပါဘူး။
ဒီနေ့ မရသေးတာက
ဘယ်တော့မှ မရတော့ဘူးဆိုတဲ့ အဓိပ္ပာယ်လည်း မဟုတ်ပါဘူး။
တကယ်အရေးကြီးတာက တက္ကသိုလ်ဝင်စာမေးပွဲမှာ မင်းတို့ ဘယ်လိုဖြေဆိုနိုင်မလဲဆိုတာပါ။
ဒါကြောင့် အခု Result ကောင်းရင်လည်း အရမ်းအပျော်မလွန်နဲ့။
မကောင်းရင်လည်း အရမ်းဝမ်းမနည်းနဲ့။
“ငါဘယ်နေရာမှာ လိုသေးလဲ” ဆိုတာ သိပြီး ပြန်ပြင်ဖို့အတွက်ပဲ အသုံးချပါ။
ပြီးတော့ မင်းတို့မှာ အချိန်ရှိပါသေးတယ်။
ဒီလအပါအဝင် ၆ လလောက် ကျန်သေးတယ်ဆိုတာ
“၆ လပဲ” လို့ မတွေးပါနဲ့။
၆ လဆိုတာ အများကြီးပါ။
ဒီနေ့ကစပြီး နေ့တိုင်းနည်းနည်းချင်း ပုံမှန်ကြိုးစားသွားရင် ၆ လအတွင်း မင်းတို့ကိုယ်တိုင်တောင် မယုံနိုင်လောက်အောင် ပြောင်းလဲလာနိုင်ပါတယ်။
ဒါကြောင့်—
သူများနဲ့ မနှိုင်းယှဉ်ပါနဲ့။
သူများရတဲ့အချိန်နဲ့ ကိုယ်ရတဲ့အချိန် မတူပါဘူး။
ကိုယ့်လမ်းကိုယ် လျှောက်ပါ။
ကိုယ့်အရှိန်နဲ့ကိုယ် သွားပါ။
စိတ်ပျော်မှ စာလုပ်နိုင်မှာပါ။
စာလုပ်နေတဲ့အချိန်မှာ စာလုပ်ပါ။
နားတဲ့အချိန်မှာ နားပါ။
ပျော်တဲ့အချိန်မှာ ပျော်ပါ။
အမြဲတမ်း “ငါရပါ့မလား၊ ငါမရရင်ဘယ်လိုလုပ်မလဲ” ဆိုပြီး တွေးနေပြီး ကိုယ့်စိတ်ကို ကိုယ် မနှိပ်စက်ကြပါနဲ့နော်။
မင်းတို့အခု ဖြတ်သန်းနေရတဲ့ ဒီအချိန်က ဘဝတစ်ခုလုံး မဟုတ်ပါဘူး။
G12 ကာလတစ်ခုပဲ ဖြစ်ပါတယ်။
အချိန်တွေကုန်သွားတဲ့တစ်နေ့မှာ
အခုစိတ်ပူခဲ့တာတွေကို ပြန်ကြည့်ပြီး
“အဲ့ဒီတုန်းက ငါတော်တော်လေး စိုးရိမ်ခဲ့တာပဲနော်” လို့ ပြုံးနိုင်မယ့်နေ့ ရောက်လာမှာပါ။
ဒါကြောင့် အခုလေးတင်ပဲ—
အသက်ရှူပါ။
စိတ်လေးကို ဖြေလျှော့ပါ။
ဘုရားတရားလုပ်ပါ။
ကျန်းမာရေးဂရုစိုက်ပါ။
ပြီးတော့ ကိုယ့်စာကိုယ် ပုံမှန်လုပ်ပါ။
၆ လရှိသေးတယ်။
အချိန်ရှိသေးတယ်။
အခွင့်အရေးရှိသေးတယ်။
အမ ယုံတယ်။
မင်းတို့ လုပ်နိုင်ပါတယ်။ 🤍
မင်းတို့ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကို ယုံပေးကြပါနော်။ 🌷
#studywithus03
@studywithus03

❤14💘3⚡1
ခုရက်ပိုင်းတင်စရာ content လေးများနေလို့ ဘယ်ဟာအရင်တင်ပေးရမလဲ ရွေးပေးကြနော်🤍
Anonymous Poll
26%
Khin ရဲ့G12 journey လေးအကြောင်း👀
55%
G12များအတွက် စာကျက်ပုံ/စာကျက်နည်း🏆
47%
အမှတ်ပေးစည်းမျဉ်း နဲ့ အောင်မှတ် (ဒါလေးရွေးမယ်ဆို ဘယ် subjectကိုအရင်တင်စေချင်လဲ cmမှာရေးခဲ့ပေးပါ)💫
🧬 Bio ထိုင်ငိုသမားလေးတွေအတွက် စာကျက်ပုံ၊ စာကျက်နည်း 🥹📚
Bio က အရမ်းမများပါဘူး။
ဒါပေမယ့် ရှေ့ကျက် နောက်မေ့၊ နောက်ကျက် ရှေ့မေ့ ဖြစ်နေတတ်လို့ စိတ်ညစ်နေကြပြီလား? 😭
ဒီအချက် ၅ ချက် ကို သေချာလိုက်လုပ်ပေးမယ်ဆိုရင် Bio ကို ပိုမှတ်မိလွယ်လာနိုင်ပါတယ်။ 💯
1️⃣ ကျောင်းမှာ တစ်နေ့သင်လိုက်သမျှ မချန်ထားဘဲ အဲဒီနေ့မှာပဲ ပြန်ကျက်ပါ။
နေ့စဉ်သင်ခန်းစာကို မရွှေ့ထားဘဲ ပုံမှန်ပြန်လုပ်ပေးတာက နောက်ဆုံးစာမေးပွဲနီးမှ အများကြီးစုကျက်ရတာကို လျော့ချပေးနိုင်ပါတယ်။
2️⃣ Bio ကို မကျက်ခင် အစဆုံး ၂ ခေါက်လောက် စိတ်ဝင်တစား ဖတ်ပါ။
အဓိပ္ပာယ်ကို အရင်နားလည်အောင်ဖတ်ပြီးမှ ကျက်ရင် အလွတ်ကျက်တာထက် ပိုမှတ်မိလွယ်ပါတယ်။
3️⃣ မြန်မာလို အဓိပ္ပာယ်နဲ့ တွဲမှတ်ပြီး ကျက်ပါ။ 🇲🇲
English စာကြောင်းကိုပဲ အလွတ်ကျက်မယ့်အစား “ဒါက ဘာကိုဆိုလိုတာလဲ” ဆိုတာ မြန်မာလိုနားလည်အောင် တွဲမှတ်ပါ။
ဒါဆို စဉ်းစားလိုက်တာနဲ့ အကြောင်းအရာက ခေါင်းထဲ ပိုမြန်မြန်ပေါ်လာပါလိမ့်မယ်။
4️⃣ S / ES တွေကို အထင်ရှားလုပ်ထားပါ။ ✍️
Verb တွေရဲ့ s / es လို အလွယ်တကူမှားနိုင်တဲ့နေရာတွေကို မှင်နီ (သို့) မှင်ပြာနဲ့ highlight လုပ်ထားပါ။(အမကတော့ s/seတွေကိုမှင်နီနဲ့ဝိုင်းထားပါတယ်)
စာပြန်ကြည့်တဲ့အချိန်မှာလည်း အဲဒီနေရာတွေကို အထူးသတိထားနိုင်ပါတယ်။
5️⃣ ကျက်ပြီးတာနဲ့ ချက်ချင်းချရေးပြီး ပြန်စစ်ပါ။ 📝
ကိုယ်ရေးထားတာကို Text နဲ့ ပြန်တိုက်စစ်ပြီး
❌ မှားတဲ့နေရာ
❓ ဇဝေဇဝါဖြစ်တဲ့နေရာ
တွေကို မှင်ပြာနဲ့ မျဉ်းတားပြီး highlight လုပ်ထားပါ။
တစ်ခါမှားတဲ့နေရာကို “ဒီနေရာ ငါမှားတတ်တယ်” ဆိုပြီး သိထားရင် နောက်တစ်ခါပြန်ကျက်တဲ့အခါ ပိုသတိထားနိုင်ပါတယ်။ 💪
📌 နောက်ဆုံးအရေးကြီးဆုံးတစ်ချက် — Bio ကို တစ်ခန်းပြီးတစ်ခန်း သေချာကျက်ပြီး Active Recall နဲ့ ပြန်ရေးလေ့ကျင့်ပါ။(တစ်ခန်းပြတ်ကို ၄/၅နာရီအတွင်းအလွတ်ရေးပါ)
တစ်ခန်းကို အလွတ်ပြန်ရေးနိုင်တဲ့အထိ လေ့ကျင့်ထားရင် စာမေးပွဲမှာ မေးခွန်းတွေ့တဲ့အခါ ပြန်စဉ်းစားပြီး ဖြေနိုင်ဖို့ ပိုလွယ်လာပါလိမ့်မယ်။ 🧬✨
Bio က အလွတ်ကျက်ရုံနဲ့မပြီးဘူးနော် —
ဖတ် → နားလည် → ကျက် → မကြည့်ဘဲရေး → စစ် → မှားတာပြန်ပြင်
ဒီ cycle လေးနဲ့ သွားပါ။ ❤️
အမကိုယ်တွေ့မို့ ပြောတာပါနော် 🥹📚
ကြိုးစားထားရင် Bio က မကြောက်ရတော့ပါဘူး! 💯
#studywithus03
#Biology

❤4💯4
🚨 G12 ဖြေမယ့်သူတွေ ဒီအချက်ကို သေချာဖတ်ပါ!
(ဖတ်ဖြစ်အောင်ဖတ်ပေးပါ)
“ဘာသာစုံကို အမှတ်ကောင်းအောင်လုပ်မှ ရမယ်” ဆိုပြီး အားလုံးကို တစ်ပြိုင်နက်တည်း ဖိလုပ်နေရတာမျိုး မလုပ်ပါနဲ့။
ကိုယ်သွားချင်တဲ့ Line / University ကို အရင်ဆုံးသိထားပါ။ ❤️
ကိုယ်က Medical / Technological Line သွားချင်တယ်ဆိုရင် ကိုယ့် Line အတွက် အဓိကဖြစ်တဲ့ ဘာသာရပ်တွေကို ပိုပြီး ဦးစားပေးလုပ်ပါ။
🩺 Medical University
➡️ EBC = 260 ဝန်းကျင်နှင့်အထက်ကို ရည်မှန်းပါ။
⚙️ Technological University
➡️ EMCP = 240 နှင့်အထက်ကို ရည်မှန်းပါ။
🏫 COE ကို ရည်မှန်းထားရင်
➡️ EMCP = 300 ကျော်ကို ရည်မှန်းပါ။
📌 ISO ကျောင်းတွေကတော့ ကျောင်းနဲ့ မြို့အလိုက် လိုအပ်တဲ့အမှတ်တွေ ကွာနိုင်တာကြောင့် နောက်ဆုံးထုတ်ပြန်တဲ့ ဝင်ခွင့်သတ်မှတ်ချက်ကို သေချာစစ်ဆေးပါ။
အဓိကက—
❌ ဂုဏ်ထူးအများကြီးရဖို့အတွက်ပဲ အားမကုန်ပါနဲ့။
✅ ကိုယ်သွားချင်တဲ့ Line အတွက် အရေးကြီးတဲ့ ဘာသာရပ်တွေမှာ အမှတ်ကောင်းအောင်လုပ်ပါ။
တခြားသူတွေပြောတာနားယောင်ပြီး
“ဒါလည်းလုပ်ရမယ်၊ ဟိုဟာလည်းလုပ်ရမယ်” ဆိုပြီး ဟိုယောင်ယောင် ဒီယောင်ယောင် မဖြစ်ကြပါနဲ့။
ကိုယ့်အကြောင်းကိုယ်သိပါ။
ကိုယ့်ရည်မှန်းချက်ကိုယ်သိပါ။
ကိုယ့်အချိန်နဲ့ အင်အားကို မှန်မှန်ကန်ကန် ခွဲသုံးပါ။ 💪🏻📚
အဓိက ၃/၄ ဘာသာမှာ အမှတ်ကောင်းလာရင် Total အမှတ်ကလည်း သူ့အလိုလို တက်လာမှာပါ။
ဒါကတော့ G12 ဖြေပြီးထားတဲ့ ကျောင်းသူတစ်ယောက်အနေနဲ့ အကြံပေးတာပါ။
လုပ်တာ၊ မလုပ်တာကတော့ မင်းတို့ရဲ့ တာဝန်ပါ။ အမက အကြံပေးရုံပါ။ 🤍
ကိုယ်သွားချင်တဲ့နေရာကို အရင်ဆုံးရွေးပါ။
ပြီးရင် အဲ့ဒီနေရာကို ရောက်အောင် စနစ်တကျကြိုးစားပါ။ 🌷
#studywithus03
@studywithus03
@Khinii08

❤9🥰2
G-12 study group 2026-2027 pinned «🚨 G12 ဖြေမယ့်သူတွေ ဒီအချက်ကို သေချာဖတ်ပါ! (ဖတ်ဖြစ်အောင်ဖတ်ပေးပါ) “ဘာသာစုံကို အမှတ်ကောင်းအောင်လုပ်မှ ရမယ်” ဆိုပြီး အားလုံးကို တစ်ပြိုင်နက်တည်း ဖိလုပ်နေရတာမျိုး မလုပ်ပါနဲ့။ ကိုယ်သွားချင်တဲ့ Line / University ကို အရင်ဆုံးသိထားပါ။ ❤️ ကိုယ်က Medical / Technological…»
❤3
🧬 Bio အောင်မှတ်ဖို့ ဘယ်လောက်ကျက်ရမလဲ?
Bio က Chapter တစ်ခန်းချင်းစီမှာ—
- 1 မှတ်တန် — 5 ပုဒ်
- 5 မှတ်တန် — 1 ပုဒ်
- 10 မှတ်တန် — 1 ပုဒ်
စုစုပေါင်း 20 မှတ်ဖိုး မေးပါတယ်။
Bio မှာ Chapter 6 ခန်း ရှိတဲ့အတွက်
20 × 6 = 120 မှတ်ဖိုး မေးထားတာပါ။
ဒါပေမယ့် အမတို့ဖြေရမှာက 100 မှတ်ဖိုး ပဲ ဖြစ်ပါတယ်။
📌 Section A
1 မှတ်တန် — 30 မှတ်
📌 Section B
5 မှတ်တန် — 30 မှတ်
→ Choice မရှိပါဘူး။
10 မှတ်တန် — 40 မှတ်
→ မေးတာက 60 မှတ်ဖိုး ဖြစ်ပြီး
“Answer any four questions” လို့ မေးထားတာကြောင့် 6 ခန်းထဲက ကိုယ်အပိုင်နိုင်ဆုံး၊ အသေချာဆုံး 4 ပုဒ်ကို ရွေးဖြေရမှာပါ။
ဒါကြောင့် Bio မှာ Chapter 6 ခန်းလုံးကို အပြည့်အဝကျက်နိုင်ဖို့ မလွယ်တဲ့သူတွေအတွက် စာကျက်တဲ့ Strategy က အရေးကြီးပါတယ်။
🎯 အောင်မှတ်လောက်ပဲ လိုချင်တဲ့သူ
အောင်မှတ်ရဖို့ ရည်ရွယ်ထားတယ်ဆိုရင် Chapter 3 ခန်းလောက်ကို အရကျက် ထားသင့်ပါတယ်။
အထူးသဖြင့် 5 မှတ်တန်နဲ့ 10 မှတ်တန်တွေကို အပိုင်နိုင်အောင် လေ့လာထားဖို့ လိုပါတယ်။
🌟 80/90 ကျော် ရချင်တဲ့သူ
Chapter 5 ခန်းလောက်ကို အပြတ်ပိုင်အောင် ကျက်ထားသင့်ပါတယ်။
Chapter 5 ခန်းကို သေချာပိုင်နိုင်ထားမယ်ဆိုရင် 95 မှတ်ဝန်းကျင်အထိ ရနိုင်မယ့် အခြေအနေကောင်း ရှိပါတယ်။
ဒါပေမယ့် ကိုယ်ချန်ထားတဲ့ Chapter ကိုတော့ လုံးဝမထားခဲ့ပါနဲ့။
အနည်းဆုံး 1 မှတ်တန် Questions တွေကို သေချာလေ့လာထားပါ။
👉 အဓိကက Chapter အများကြီးကို မကျက်နိုင်တာထက် ကိုယ်ကျက်ထားတဲ့ Chapter တွေကို သေချာပိုင်နိုင်အောင် ကျက်ထားတာ ပိုအရေးကြီးပါတယ်။
(နောက်ပိုင်းအောင်ချက်မြင့်မားရေးဆိုပြီးပေးပါလိမ့်မယ် အောင်ချက်မြင့်မားရေးကိုပိုင်ထားမယ်ဆိုရင် ၅၀လောက်ကသေချာပါတယ်)
Bioကိုမကြောက်ကြပါနဲ့🤍

❤2
တခြားလူတွေ Physics ဂုဏ်ထူးများဝေဆာနေချိန် မင်မင် ၇၃ ပဲရခဲ့တဲ့အကြောင်းရင်း 🥲
Physics မဖြေခင် တစ်ရက်အလိုမှာ ကျောင်းပိတ်ပါတယ်။ မင်မင်လည်း မနက်စောစော ၅ နာရီလောက်ထပြီး စာထလုပ်ပါတယ်။
၆ နာရီလောက်ကျတော့ မင်မင်ကိုဖုန်းဆက်ပြီး သူငယ်ချင်းတစ်ယောက်က Chemistry မေးခွန်းလာတိုက်ပါတယ်။ သူက သူဘာတွေမှားခဲ့တယ်ဆိုပြီး ပြောပြတော့ မင်မင်လည်း ကိုယ်ဖြေခဲ့တာတွေ ပြန်မှတ်မိပြီး ၈ မှတ်လောက်မှားခဲ့တာ သိသွားပါတယ်။
အဲ့ဒီကနေစပြီး စိတ်ဓာတ်ကျလာပါတော့တယ်။
အဲ့ချိန် အမေ့ဖုန်းကို အပြေးယူပြီး Online ပေါ်က Tarot တွေ လျှောက်မေးရင်း ၁ နာရီလောက် အချိန်ကုန်သွားပါတယ်။
နောက်တော့ ကိုယ့်စိတ်ကိုယ်လျှော့ပြီး
“ပြင်လို့မှမရတော့တာပဲ၊ အခုရှိတဲ့အချိန်မှာ စာကိုပဲ ဆက်လုပ်ရမယ်” ဆိုပြီး စာပြန်လုပ်ပါတယ်။
ဒါပေမယ့် စိတ်က အရင်လိုမကောင်းတော့တာကြောင့် စာကို ကောင်းကောင်းမလုပ်နိုင်ပါဘူး။
လုပ်ရင်းလုပ်ရင်းနဲ့ နေ့လည်ထမင်းစားချိန်ရောက်သွားပါတယ်။ အဲ့ချိန် အဖေက ငါးခေါင်းဟင်းရည်လေး ဝယ်လာတော့ မင်မင်လည်း တစ်ငုံလောက် သောက်လိုက်ပါတယ်။
ဘုရားစူး တကယ်တစ်ငုံထဲပါ။ 😭
သောက်ပြီး ခဏလောက်ကြာတော့ ဗိုက်က တအားအောင့်လာပါတယ်။ အရင်က အစပ်ဆို အရမ်းစပ်တာစားတာတောင် အဲ့လိုမျိုး တစ်ခါမှ မအောင့်ဖူးပါဘူး။ အဲ့နေ့ကျမှ အရမ်းအောင့်လာလို့ ဆေးခန်းသွားပြရပါတယ်။
ဆေးခန်းနဲ့အိမ်နဲ့က နီးတော့ ၁၅ မိနစ်လောက်နဲ့ သွားပြပြီး ပြန်လာပါတယ်။ ပြန်လာတော့လည်း ဗိုက်အောင့်နေတာနဲ့ စာမလုပ်နိုင်တော့ဘဲ ၃ နာရီလောက် အိပ်လိုက်ပါတယ်။
နိုးလာတော့ ၄ နာရီကျော်နေပါပြီ။ အဲ့တာနဲ့ ထပြီး စာဆက်လုပ်ပါတယ်။
စာလုပ်နေတဲ့အချိန်မှာ မင်မင်က “မကျက်နိုင်တော့ဘူး” ဆိုပြီး ပယ်ထားခဲ့တဲ့ အပုဒ်လေးတွေ ၂ ပုဒ်၊ ၃ ပုဒ်လောက်ရှိပါတယ်။
ကံမကောင်းစွာနဲ့ပဲ…
အဲ့ဒီအပုဒ်လေးတွေက စာမေးပွဲမှာ ပါလာခဲ့ပါတယ်။ 🥲
ညရောက်တော့လည်း စာတွေက မပြတ်သေးတော့ စိတ်ဓာတ်က တော်တော်ကျလာပါတယ်။ အဲ့ချိန် သူငယ်ချင်းတွေနဲ့ စိတ်ပြေလက်ပျောက် Video Call ခေါ်ပြီး အတူတူစာလုပ်ခဲ့ပါတယ်။ နောက်ဆုံး ည ၁ နာရီလောက်မှ အိပ်ဖြစ်ပါတယ်။
မနက်ကျတော့ ၄ နာရီလောက်ထပြီး ၁ မှတ်တန်တွေနဲ့ ပုံတွေကို ကြည့်ပဲကြည့်လိုက်ပါတယ်။
၇ နာရီလောက်မှာတော့ Chapter 11 မှာရှိတဲ့ Simple Transfer ပုံ ကို ကြည့်ဖို့လုပ်နေတုန်း အဖေက—
“သမီး စာအုပ်ပိတ်ပြီး မနက်စာစားတော့၊ နောက်ကျနေပြီ”
ဆိုလို့ အဲ့ဒီပုံကို မကြည့်လိုက်ရတော့ပါဘူး။
ဖြေဖို့သွားတဲ့လမ်းမှာလည်း ပြန်ကြည့်ဖို့ လုံးဝကို စိတ်မရတော့ပါဘူး။
နောက်ပြီး Chapter 12 မှာရှိတဲ့ Active and Passive Electrical Components ဆိုတဲ့အပုဒ်ကိုလည်း
“ဒါလောက်တော့ မမေးလောက်ပါဘူး” ဆိုပြီး မကြည့်သွားခဲ့ပါဘူး။
တကယ်တော့ အဲ့ဒါတွေက မင်မင် အရင်က ကျက်ထားခဲ့ပြီးသားတွေပါ။
ဖြေမယ့်ညမှာ ပြန်မနွေးမိလိုက်တာပါ။
ဒီလိုနဲ့ စာမေးပွဲဖြေပြီးတဲ့အခါ…
သူများတွေ Physics ဂုဏ်ထူးအများကြီးထွက်နေချိန်မှာ မင်မင်ကတော့ ၇၃ မှတ်ပဲ ရခဲ့ပါတယ်။
ဒီအတွေ့အကြုံကို ပြန်ကြည့်လိုက်ရင် မင်မင်အမှတ်နည်းသွားတာက စာမသိလို့ တစ်ခုတည်းမဟုတ်ဘဲ စာမေးပွဲမတိုင်ခင် နောက်ဆုံးတစ်ရက်မှာ ဖြစ်သွားတဲ့အရာတွေ အများကြီးကလည်း သက်ရောက်ခဲ့ပါတယ်။
အထူးသဖြင့် ကိုယ်ပြင်လို့မရတော့တဲ့ Chemistry အမှတ်ကို ပြန်တွေးပြီး စိတ်ပူနေမယ့်အစား အဲ့ဒီအချိန်ကို Physics အတွက် အသုံးချနိုင်ခဲ့ရင် ပိုကောင်းခဲ့မှာပါ။
ဒါကြောင့် G12 လေးတွေ—
စာမေးပွဲမဖြေခင်မှာ ဖြစ်ပြီးသွားတဲ့အရာတွေကို ပြန်တွေးပြီး အချိန်မကုန်ကြပါနဲ့။ ကိုယ်လုပ်နိုင်သေးတဲ့အရာကိုပဲ အာရုံစိုက်ကြပါ။
ပြီးတော့ “ဒါမမေးလောက်ပါဘူး” ဆိုပြီး ကိုယ်ကျက်ထားပြီးသားအပုဒ်တွေကို လုံးဝမပယ်ထားကြပါနဲ့။
Exam မှာ ဘာပါလာမလဲဆိုတာ ကြိုမသိနိုင်လို့ပါ။ ❤️
အမကတော့ ကံအရမ်းဆိုးခဲ့ပါတယ်။ ကိုယ်တစ်နှစ်လုံးအပင်ပန်းခံပြီးကျက်ထားခဲ့သမျှ အချိန်မရလို့ ပြန်မနွေးခဲ့ရဘူးဆိုတဲ့အသိနဲ့ အမှတ်နည်းခဲ့ရတဲ့အတွက် အရမ်းနောင်တရသလို အရမ်းလဲဝမ်းနည်းပါတယ်။(ကိုယ့်လိုမဖြစ်စေချင်တဲ့ စေတနာနဲ့ ဒီ postလေးတင်တာပါနော်)🤍
@studywithus03
https://t.me/studywithus03

💔10😢1😭1
G12 bio နဲ့ chemistry textbook စုတ်ပြတ်နေတာမြင်ရင်တော်တော်ခံစားရတယ် ဘယ်လောက်လုပ်လုပ် ၇၆ပဲရခဲ့လို့🥲
(အပြင်မှာတော်တော်စုတ်ပါတယ်)
(အပြင်မှာတော်တော်စုတ်ပါတယ်)
😢5❤1
⚡ G12 Physics Formula တွေ အများကြီးဖြစ်လို့ မမှတ်မိဘူးလား?
Physics Formula တွေကို အလွတ်ကျက်ရုံနဲ့ မလုံလောက်ပါဘူး။
Formula တစ်ခုကို မှတ်တဲ့အခါ ဘာကိုရှာဖို့သုံးတာလဲ၊ Symbol တစ်ခုချင်းစီက ဘာကိုဆိုလိုတာလဲ၊ ဘယ်လို Question မှာသုံးရမလဲ ဆိုတာပါ သိထားဖို့လိုပါတယ်။
📌 Formula မှတ်တဲ့အခါ—
1️⃣ Formula ကို မှတ်ပါ
2️⃣ Symbol တစ်ခုချင်းစီရဲ့ Meaning ကို သိပါ
3️⃣ ဘယ်အချိန်မှာ သုံးရမလဲ သိပါ
4️⃣ Question လေးတွေနဲ့ လေ့ကျင့်ပါ
5️⃣ စာအုပ်ပိတ်ပြီး ကိုယ်တိုင်ပြန်ရေးကြည့်ပါ ✍️
💡 ဥပမာ —
v = u + at
ဒီ Formula ကို မြင်တာနဲ့—
v = Final velocity
u = Initial velocity
a = Acceleration
t = Time
ဆိုတာ သိထားရပါမယ်။
ဥပမာ Question မှာ—
Initial velocity u = 5 m/s
Acceleration a = 2 m/s²
Time t = 3 s
ပေးထားပြီး Final velocity (v) ကို ရှာခိုင်းရင်—
v = u + at
v = 5 + (2 × 3)
v = 11 m/s
ဆိုပြီး Formula ကို အသုံးချရမှာပါ။
ဒါကြောင့် Formula ကို အလွတ်ကျက်ထားရုံမဟုတ်ဘဲ
“ဒီ Formula ကို ဘယ် Question မှာ သုံးရမလဲ?” ဆိုတာပါ နားလည်အောင် လေ့ကျင့်ပါ။ ⚡📚
Formula သိတာထက် Formula ကို မှန်မှန်အသုံးချတတ်တာက ပိုအရေးကြီးပါတယ်။ 🤍
#G12 #Physics #PhysicsFormula #StudyTips

❤5🔥1