G-12 study group 2026-2027
220 subscribers
21 photos
1 video
3 files
3 links
G12 မှာတခြားစာတွေလုပ်နေရလို့
၁မှတ်တန်လုပ်ဖို့အချိန်မရှိဖြစ်နေပါသလား~
Studywithus channel ကိုသာအပြေးလာခဲ့ပါ

For objective(G-12 only)
Tg-Khinii08
Download Telegram
G-12 study group 2026-2027
G12 Phys Ch2&3.pdf
Physics chapter-2+3

2က နည်းလို့ 3နဲ့တစ်ခါထဲပေါင်းပြီး မေးခွန်းထုတ်ပေးလိုက်ပါတယ်နော် 😚💕

keys လေးလိုချင်ရင်
@Khinii08 မှာလာတောင်းလို့ရပါတယ်ရှင့်🤍

#studywithus03
#physics
❤3💯1
📚 အမရဲ့ Final Exam Journey — Myanmar 🇲🇲

အမ Final Exam မှာ ကြုံခဲ့ရတဲ့ အခြေအနေတွေအကြောင်းလေးကို Sharing လုပ်ပေးချင်ပါတယ်

ကဲ… ဒါဆို မြန်မာစာကနေ စလိုက်ရအောင်နော် 🤍

📅 12.3.2026 — Myanmar Exam

ပထမဆုံးနေ့ဆိုတော့ အမလည်း အရမ်းကို စိတ်လှုပ်ရှားနေခဲ့ပါတယ်

မနက် ၄ နာရီလောက်ထပြီး စာထကျက်ခဲ့တယ်။
ပြီးတော့ မနက် ၇ နာရီခွဲလောက်မှာ အိမ်ကနေ စထွက်ခဲ့ပါတယ်

၈ နာရီ ၁၅ မိနစ်လောက်မှာ ကိုယ်ဖြေမယ့်ကျောင်းကို ရောက်ခဲ့ပါတယ်

အဲ့ဒီအချိန်မှာ လူကလည်း ပူထူနေပြီး Stress ပိနေတာရယ်၊ Exam အတွက် Excited ဖြစ်နေတာရယ် ပေါင်းသွားတော့…

ကျက်ထားသမျှတွေ အကုန်မေ့သွားပါတယ်🥹

အထူးသဖြင့် ကဗျာတွေဆို အကုန်လိုလို မေ့သွားတာပါ။

ကဒ်ယူဖို့ တန်းစီနေတဲ့အချိန်မှာတော့ မေးနိုင်လောက်မယ့် ကဗျာလေးတွေကို သူငယ်ချင်းတွေနဲ့အတူ ပြန်ဆိုရင်း Recall ပြန်ခေါ်ခဲ့ရပါတယ်

ပြီးတော့…

⏰ ၈ နာရီ ၃၀ မိနစ် — ပထမအကြိမ် ခေါင်းလောင်းထိုးပါတယ်။

ကိုယ်ဖြေမယ့် စာဖြေခန်းထဲဝင်ပြီး ကိုယ့်နေရာမှာ နေရာယူခဲ့ပါတယ်

အမအတွက်တော့ အဲ့ဒီအချိန်က တကယ်ကို ရင်ခုန်စရာအကောင်းဆုံးအချိန်ပါ

အရမ်းစိတ်လှုပ်ရှားလွန်းလို့ လက်တွေတောင် တုန်နေတဲ့အထိ ဖြစ်ခဲ့ပါတယ်

ဒါပေမယ့် အဲ့ဒီအချိန်မှာ မေမေပြောထားတဲ့အတိုင်း ဘုရားစာကို ဆက်တိုက်ရွတ်ပြီး မေတ္တာပို့နေခဲ့ပါတယ်။

“စိတ်တည်ငြိမ်ပါစေ… သိထားတာတွေကို မှန်မှန်ကန်ကန် ပြန်ရေးနိုင်ပါစေ” ဆိုပြီး ကိုယ့်စိတ်ကိုယ် ပြန်တည်ငြိမ်အောင် ကြိုးစားနေခဲ့ပါတယ် 🤍

⏰ ၈ နာရီ ၄၅ မိနစ် — ဒုတိယအကြိမ် ခေါင်းလောင်းထိုးပါတယ်။

စာရွက်တွေ ဝေပြီး Exam စတင်တော့မယ့်အချိန်ရောက်ပါပြီ

အဲ့ဒီအချိန်ထိ လက်တွေက တုန်နေတုန်းပါပဲ။

ဒါကြောင့် စာရွက်ဘေးမျဉ်း တားတဲ့အချိန်မှာတောင် လက်တုန်နေတဲ့အရှိန်ကို ထိန်းရင်း စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင်ထားပြီး ဖြည်းဖြည်းချင်း တားခဲ့ပါတယ်

အဲ့ဒီအချိန်မှာတော့ အမသိလိုက်ပါပြီ…

Exam မှာ ကိုယ်ကျက်ထားတာတင်မကဘူး၊ ကိုယ့်စိတ်ကိုယ် ထိန်းနိုင်ဖို့လည်း အရမ်းအရေးကြီးတယ်ဆိုတာကိုပါ🤍

ဒါကတော့ အမရဲ့ Myanmar Exam Day အစပိုင်းအတွေ့အကြုံလေးပါ

နောက်ထပ် မေးခွန်းတွေ စဖြေတဲ့အချိန်မှာ ဘာတွေဖြစ်ခဲ့လဲ၊ ဘယ်လိုအခြေအနေတွေနဲ့ စာဖြေခဲ့ရလဲ ဆိုတာကို ဆက်ပြီး Sharing လုပ်ပေးသွားပါမယ် 🌷

#studywithus03
@studywithus03
❤11
📢📝 G12 မှာ Essay & Letter မရေးတတ်သေးတဲ့သူတွေအတွက် အထူးသတင်းကောင်းလေးလာပါပြီ! 🤍

Essay ကို ဘယ်ကနေစရေးရမလဲ မသိဘူးလား?
Letter Format ကို နားမလည်သေးဘူးလား?
Vocabulary မလုံလောက်လို့ စာမရေးရဲဘူးလား?
Essay Question တွေ့ရင် စိတ်ရှုပ်ပြီး ဘာရေးရမလဲ မသိဖြစ်နေသလား?

ဒါဆို ဒီ Class လေးက သင့်အတွက်ပါ! ✨

📚 G12 ESSAY & LETTER ပညာဒါန FREE CLASS
🗓️ Duration — 10 Days
💯 Fees — Completely FREE

ဒီ 10 ရက်တာအတွင်း Essay နဲ့ Letter ကို Basic ကနေစပြီး တစ်ဆင့်ချင်း သင်ပေးသွားမှာပါ 🤍


📌 သင်ခန်းစာရှင်းပြခြင်း 📖
➡️ Example ပြခြင်း ✍️
➡️ ကိုယ်တိုင်ရေးခိုင်းခြင်း 📝
➡️ Practice လုပ်ခြင်း
➡️ Feedback ပေးခြင်း ✅

ဆိုတဲ့ပုံစံနဲ့ Essay နဲ့ Letter မရေးတတ်သေးတဲ့သူတောင် Basic ကနေ နားလည်ပြီး ကိုယ်တိုင်ရေးနိုင်အောင် အတူတူလေ့လာသွားမှာပါ 💪🤍

📢 ဒီ Class လေးကို လူအကန့်အသတ်နဲ့သာ လက်ခံသွားမှာဖြစ်လို့ စိတ်ဝင်စားတဲ့ G12 Students တွေ နာမည်စာရင်း အမြန်လာပေးထားကြနော်! 🤍📝

💯 ပညာဒါန Free Class ဖြစ်ပေမယ့် တကယ်စာလေ့လာချင်ပြီး 10 ရက်လုံး အတူတူကြိုးစားနိုင်မယ့်သူတွေကို ဖိတ်ခေါ်ပါတယ် 📚✨

📌 လူဦးရေပြည့်သွားရင် Registration ပိတ်သွားမှာဖြစ်လို့ နေရာမလွတ်ခင် နာမည်စာရင်းလာပေးထားကြတော့နော်! 🥰🤍

@Khinii08 ဒီaccမှာ နာမည်စာရင်းလာပေးကြပါ။

#studywithus03
@studywithus03
❤11
Class‌လေး လူပြည့်သွားပါပြီရှင့်

နာမည်စာရင်းပေးပြီး မရလိုက်တဲ့ ကလေးတွေ
မတို့ကနောက်လဲ ဒီလို ပညာဒါန free class လေးတွေ ထပ်လုပ်ပေးမှာမို့ မတို့ channel ကို အမြဲစောင့်ကြည့်ပေးဖို့ မမေ့ပါနဲ့နော်❤️

#studywithus03
❤9
📚🇬🇧 G12 English အောင်မှတ်အတွက်

မကို English စာနဲ့ပတ်သက်ပြီး လာမေးကြတဲ့သူတွေ တော်တော်များလို့ English အောင်မှတ်အတွက် ဘယ်အပိုင်းတွေကို အဓိကထားလုပ်သင့်လဲ ဆိုတာ အရင်ပြောပြပေးမယ်နော် 🤍

📌 English မှာ မေးခွန်းအလိုက် အမှတ်ခွဲဝေမှုကတော့—

Q1. Initial — 10 Marks
Q2. Multiple Choice — 10 Marks
Q3. Grammar — 10 Marks
Q4 (A). Poem — 5 Marks
 (B). Short Questions — 5 Marks
Q5. Seen Passage — 10 Marks
Q6. Unseen Passage — 15 Marks
Q7 (A) & (B). Functional Language — 10 Marks
Q8. Letter — 10 Marks
Q9. Essay — 15 Marks

✨ Total = 100 Marks

━━━━━━━━━━━━━━━

💡 ကိုယ်က English မှာ အောင်မှတ်ပဲ ရည်ရွယ်ထားတယ်ဆိုရင်တော့ အောက်ကအမှတ်တွေကို ရအောင် အဓိကထားလုပ်စေချင်ပါတယ်👇

✅ Q1. Initial — 3 Marks
✅ Q2. Multiple Choice — 5 Marks
✅ Q3. Grammar — 4 Marks
✅ Q4 (A). Poem — 5 Marks
✅ Q4 (B). Short Questions — 1.5 Marks
✅ Q5. Seen Passage — 5 Marks
✅ Q6. Unseen Passage — 6 Marks
✅ Q7. Functional Language — 6 Marks
✅ Q8. Letter — 3 Marks
✅ Q9. Essay — 3 Marks

🎯 Target Total = 41.5 Marks

📖 ဒီအပိုင်းတွေကို သေချာနားလည်အောင် လေ့ကျင့်ပြီး သတ်မှတ်ထားတဲ့အမှတ်တွေကို ရအောင် အဓိကထားလုပ်မယ်ဆိုရင် English အောင်မှတ်ရဖို့ ပိုလွယ်သွားမှာပါ 🤍

အထူးသဖြင့် Grammar, Passage, Functional Language, Letter နဲ့ Essay တွေကို ပုံမှန်လေ့ကျင့်ပေးဖို့ အရေးကြီးပါတယ်နော် 🥰📚


အမသတိပေးချင်တာ English က text book ထဲက 60% ပြင်ပက40%လောက်မေးပါတယ်နော် ကိုယ်ကငယ်ငယ်ထဲက English စာကို basicလောက်ကျွမ်းကျင်ထားရင်ကို အဆင်ပြေပါပြီ။100ဖိုးကြီးတောင်ပေးထားတာပဲ ၄၀‌ဖိုးလောက်ကအသာလေးပေါ့ အမှတ်ကိုရနိုင်သလောက်များများယူသင့်ပါတယ်။

မသိတာရှိရင်cmမှာမေးထားလို့ရပါတယ်💞

#studywithus03
@studywithus03
❤5
TINH_VỆ__精卫__-_JAPANDEE_REMIX(128k)
<unknown>
ဒီ remixစောစောမသိခဲ့တာ တော်တော်နောင်တရမိတယ်
စာမလုပ်ခင်နားထောင်ကြည့်ကြနော် ပြီးရင် editထဲရောက်ပြီ All Dထွက်တယ်လို့ခံစားကြည့်😝

1:58ကအသက်ပဲဟေးး👏
🍓6🔥3
အမ ခုရက်ပိုင်း အလုပ်အရမ်းရှုပ်နေတာမို့ ၁မှတ်တန်‌လေးတွေ မတင်ဖြစ်သေးတာပါ အမ နောက်ပိုင်းမှန်မှန်လေးတင်ပေးပါ့မယ်နော် 🥺💞
❤4
မြန်မာစာဂုဏ်ထူးလိုချင်သူများအတွက်‼️‼️

မြန်မာစာဂုဏ်ထူးလိုချင်လျှင် အရေးကြီးတာကစာကို ဖတ်ရလွယ်အောင်၊ သပ်သပ်ရပ်ရပ်နဲ့ သန့်သန့်ရှင်းရှင်း ရေးနိုင်ဖို့ပါ။

စာမဖြေခင်မှာ ကိုယ်ဖြေမယ့် အဖြေလွှာမှာ ဘေးမျဉ်းလေးအရင်ထားပြီး ‌ ဘေးမျဉ်းနဲ့၁လက်မအကွာမှာ နောက်ထပ်မျဥ်းတစ်‌ကြောင်းကို ခဲတံနဲ့ ဖွဖွလေး ထပ်တားထားပါ။ ✏️ ဒါဆို စာဖြေတဲ့အချိန် စာပိုဒ်ခွဲတဲ့နေရာတွေ၊ အဖြေတစ်ခုနဲ့တစ်ခုကြားမှာ နေရာချထားတာတွေ ပိုပြီးညီညာသပ်ရပ်လာပါတယ်။

ဘာလို့လဲဆိုတော့ မြန်မာစာက အချိန်မလောက်တဲ့ဘာသာ ဖြစ်တာကြောင့် လက်ရေးလှအောင် တစ်လုံးချင်းစီ အချိန်ယူပြီးရေးဖို့က အဆင်မပြေပါဘူး။ ဒါကြောင့် လက်ရေးလှဖို့ထက် သပ်သပ်ရပ်ရပ်နဲ့ အသန့်ရှင်းဆုံးဖြစ်အောင် ရေးပြီး အဖြေတွေကို အချိန်မီပြီးအောင် ဖြေနိုင်ဖို့ ပိုအရေးကြီးပါတယ်။ 🤍(ဖွဖွလေးတားထားတဲ့မျဉ်းကို လိုက်ဖျက်ပေးဖို့လဲ မမေ့နဲ့နော် မဟုတ်ရင် အမှတ်အသားလုပ်တယ်ဆိုပြီး စာဖြေဖို့၁နှစ်အနားခံရမယ်🥹)

လက်ရေးမလှလို့ ဂုဏ်ထူးမထွက်နိုင်ဘူးဆိုပြီး မတွေးပါနဲ့နော်။ ကိုယ်သိထားတာတွေကို အမှတ်ရအောင် ဖြေတတ်ပြီး အဖြေလွှာကို သပ်သပ်ရပ်ရပ်ဖြေနိုင်ရင် ဂုဏ်ထူးအတွက် လုံလောက်ပါတယ်။ 🫶🏻

(အမ final exam မှာ ကျင့်သုံးတဲ့နည်းလမ်းလေးပါ။ဒီနည်းလမ်းလေးကိုလဲ အမတို့CAEကျောင်းရဲ့ မြန်မာဆရာဦးဝင်းအောင်အကြံပေးခဲ့တဲ့နည်းလမ်းလေးပါရှင့်။ဆရာ့အကြံပေးချက်တွေကို ခုလိုသေချာလိုက်မှတ်ပြီးလုပ်ခဲ့လို့ မြန်မာစာ Dထွက်လာတာပါ။ဆရာ့ကျေးဇူးကြောင့်ပါ။)💞

#studywithus03
@studywithus03
❤12🥰2
[ ထပ်မံအသိပေး ကြေညာခြင်း]
❤3
Chemistry chapter-1.3 covalent bonding ⚗️🧪

#studywithus03
@studywithus03
❤6
🧪 Chemistry မေးခွန်းပုံစံ

1 T/F 10
2 Fill up 10
3 Choose 10

🔴 4(a) Chap - 1 5
🔴 4(b)(c) Chap - 2 + 3 + 4 10
⚪ 4(d) Chap - 8 5
⚪ 4(e) Chap - 7 5

🟠 5(a) Chap - 6 5
⚪ 5(b) Chap - 8 5
🟠 5(c) Chap - 5 5

⚪ 6(a) Chap - 8 5
🟠 6(b) Chap - 6 5
🔴 6(c) Chap - 2 + 3 + 4 5

🔴 7(a) Chap - 1 5
🔴 7(b) Chap - 2 + 3 + 4 5
⚪ 7(c) Chap - 8 5

📌 Total Marks

Given Marks — 100
At least — 45

🔴 အဓိက — Chap 1, 2, 3, 4
🟠 ဒုတိယဦးစားပေး — Chap 5, 6
❤9🔥3
ခုရက်ပိုင်း G12 ကလေးတော်တော်များများ မဆီလာပြီး ရင်လာဖွင့်ကြတယ်။

“အမရေ… စိတ်ညစ်တယ်။”
“Pressure တွေ အရမ်းများတယ်။”
“စာလုပ်နေတာပဲ၊ ဘာလို့ မရသေးတာလဲ မသိဘူး…”
“သူများတွေ ရနေတာကိုယ်ကျ မရဘူးဆိုပြီး စိတ်ဓာတ်ကျတယ်…”

မင်းတို့အခုလို ခံစားနေရတာ မင်းတို့ညံ့လို့ မဟုတ်ပါဘူးနော်။

G12 ဆိုတာ ဒီလိုပဲ။
စာလုပ်နေရင်းနဲ့တောင် “ငါတကယ်ရပါ့မလား” ဆိုတဲ့စိတ်တွေ ဝင်လာတတ်တယ်။
Result မကောင်းရင် စိတ်ဓာတ်ကျတယ်။
သူများတွေကောင်းတာမြင်ရင် ကိုယ့်ကိုယ်ကို ပြန်နှိုင်းယှဉ်မိတယ်။
ပြီးတော့ မနက်ဖြန်အတွက် စိုးရိမ်ရင်း ဒီနေ့ကိုပါ ပျော်မနေနိုင်တော့ဘူး။

ဒါတွေက မင်းတို့တစ်ယောက်တည်း ခံစားနေရတာမဟုတ်ပါဘူး။

ဒါကြောင့် အမက မင်းတို့ကို ပြောချင်တာက—

G12 မှာ ကိုယ့်စိတ်ကို ကိုယ် မနိုင်မနင်း ဖိအားမပေးကြပါနဲ့။

မဖြစ်သေးတဲ့အရာတွေကို ကြိုတွေးပြီး မပူပါနဲ့။
မရသေးတာကို “ဘယ်တော့မှ မရတော့ဘူး” လို့ မတွေးပါနဲ့။

🙏 ဘုရားတရားလည်း မမေ့ကြနဲ့နော်။
စိတ်ပူတဲ့အချိန်မှာ ကိုယ့်စိတ်လေးကို အေးအေးချမ်းချမ်းထားဖို့ ကိုယ့်ယုံကြည်ရာကို အားယူပါ။(G12ကအင်မတန်မှနတ်ကြီးပါတယ်နော် ဒါကြောင့် ဘုရားတရားပိုလုပ်ပေးဖို့တကယ်တိုက်တွန်းပါတယ်။)

🫶 ကျန်းမာရေးလည်း ဂရုစိုက်ပါ။
စာအတွက်နဲ့ ကိုယ့်ကိုယ်ကို မပင်ပန်းလွန်းစေပါနဲ့။
အိပ်ပါ။ စားပါ။ နားပါ။
ပြီးရင် ပြန်ကြိုးစားပါ။

📚 တစ်နေ့စာ တစ်နေ့လုပ်ပါ။
ဒီနေ့လုပ်ရမယ့်စာကို ဒီနေ့ပြီးအောင် ကြိုးစားပါ။
မနက်ဖြန်စာကို ဒီနေ့ကတည်းက ကြောက်မနေပါနဲ့။(အထူးသဖြင့် bio)

ပြီးတော့ အခုရနေတဲ့ Result တစ်ခုကြောင့် ကိုယ့်အနာဂတ်ကို မဆုံးဖြတ်လိုက်ပါနဲ့။

ဒီနေ့ Result မကောင်းတာက
မင်းတို့ရဲ့ နောက်ဆုံး Result မဟုတ်ပါဘူး။

ဒီနေ့ မရသေးတာက
ဘယ်တော့မှ မရတော့ဘူးဆိုတဲ့ အဓိပ္ပာယ်လည်း မဟုတ်ပါဘူး။

တကယ်အရေးကြီးတာက တက္ကသိုလ်ဝင်စာမေးပွဲမှာ မင်းတို့ ဘယ်လိုဖြေဆိုနိုင်မလဲဆိုတာပါ။

ဒါကြောင့် အခု Result ကောင်းရင်လည်း အရမ်းအပျော်မလွန်နဲ့။
မကောင်းရင်လည်း အရမ်းဝမ်းမနည်းနဲ့။

“ငါဘယ်နေရာမှာ လိုသေးလဲ” ဆိုတာ သိပြီး ပြန်ပြင်ဖို့အတွက်ပဲ အသုံးချပါ။

ပြီးတော့ မင်းတို့မှာ အချိန်ရှိပါသေးတယ်။

ဒီလအပါအဝင် ၆ လလောက် ကျန်သေးတယ်ဆိုတာ
“၆ လပဲ” လို့ မတွေးပါနဲ့။

၆ လဆိုတာ အများကြီးပါ။

ဒီနေ့ကစပြီး နေ့တိုင်းနည်းနည်းချင်း ပုံမှန်ကြိုးစားသွားရင် ၆ လအတွင်း မင်းတို့ကိုယ်တိုင်တောင် မယုံနိုင်လောက်အောင် ပြောင်းလဲလာနိုင်ပါတယ်။

ဒါကြောင့်—

သူများနဲ့ မနှိုင်းယှဉ်ပါနဲ့။
သူများရတဲ့အချိန်နဲ့ ကိုယ်ရတဲ့အချိန် မတူပါဘူး။

ကိုယ့်လမ်းကိုယ် လျှောက်ပါ။
ကိုယ့်အရှိန်နဲ့ကိုယ် သွားပါ။

စိတ်ပျော်မှ စာလုပ်နိုင်မှာပါ။

စာလုပ်နေတဲ့အချိန်မှာ စာလုပ်ပါ။
နားတဲ့အချိန်မှာ နားပါ။
ပျော်တဲ့အချိန်မှာ ပျော်ပါ။

အမြဲတမ်း “ငါရပါ့မလား၊ ငါမရရင်ဘယ်လိုလုပ်မလဲ” ဆိုပြီး တွေးနေပြီး ကိုယ့်စိတ်ကို ကိုယ် မနှိပ်စက်ကြပါနဲ့နော်။

မင်းတို့အခု ဖြတ်သန်းနေရတဲ့ ဒီအချိန်က ဘဝတစ်ခုလုံး မဟုတ်ပါဘူး။
G12 ကာလတစ်ခုပဲ ဖြစ်ပါတယ်။

အချိန်တွေကုန်သွားတဲ့တစ်နေ့မှာ
အခုစိတ်ပူခဲ့တာတွေကို ပြန်ကြည့်ပြီး
“အဲ့ဒီတုန်းက ငါတော်တော်လေး စိုးရိမ်ခဲ့တာပဲနော်” လို့ ပြုံးနိုင်မယ့်နေ့ ရောက်လာမှာပါ။

ဒါကြောင့် အခုလေးတင်ပဲ—

အသက်ရှူပါ။
စိတ်လေးကို ဖြေလျှော့ပါ။
ဘုရားတရားလုပ်ပါ။
ကျန်းမာရေးဂရုစိုက်ပါ။
ပြီးတော့ ကိုယ့်စာကိုယ် ပုံမှန်လုပ်ပါ။

၆ လရှိသေးတယ်။
အချိန်ရှိသေးတယ်။
အခွင့်အရေးရှိသေးတယ်။

အမ ယုံတယ်။
မင်းတို့ လုပ်နိုင်ပါတယ်။ 🤍

မင်းတို့ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကို ယုံပေးကြပါနော်။ 🌷
#studywithus03
@studywithus03
❤14💘3⚡1
This media is not supported in your browser
VIEW IN TELEGRAM
ကျက်စရာမဟုတ်ဘူးနော် သိပ်မမေးဘူးးးး
🤣9
ကလေးတို့စာတွေပိုင်နေကြပြီလား👀
Anonymous Poll
9%
Yes
61%
ပိုင်သလို/မပိုင်သလို မမဆောင်းပါပဲ
34%
No