G-12 study group 2026-2027
220 subscribers
21 photos
1 video
3 files
3 links
G12 မှာတခြားစာတွေလုပ်နေရလို့
၁မှတ်တန်လုပ်ဖို့အချိန်မရှိဖြစ်နေပါသလား~
Studywithus channel ကိုသာအပြေးလာခဲ့ပါ

For objective(G-12 only)
Tg-Khinii08
Download Telegram
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
Multiple choice လေးလုပ်ပေးထားတယ် ဖြေကြည့်ကြနော် ကလေးတို့🫶
📚 1 Mark ကို ဦးစားပေးမယ်

အမတို့ရဲ့ TG Channel လေးမှာ G12 ကျောင်းသား/သူတွေအတွက် 1 Mark Questions တွေကို ဦးစားပေးပြီး လေ့ကျင့်ပေးသွားမှာပါ 🤍

G12 မှာ 1 Mark ဆိုတာ သေးသေးလေးလို့ထင်ရပေမယ့် စုစုပေါင်းအမှတ်အတွက် အရမ်းအရေးကြီးပါတယ်။ ဒါကြောင့် မေးခွန်းဟောင်းတွေ၊ အရေးကြီးတဲ့ 1 Mark Questions တွေ၊ သိထားသင့်တဲ့ အချက်လေးတွေကို တစ်ဆင့်ချင်းစီ တင်ပေးသွားမယ်နော်။


Channel လေးမှာလည်း ပုံမှန်ဝင်ကြည့်ပြီး တင်ပေးသမျှကို လိုက်လုပ်ပေးကြပါနော် 🫶🏻✨


#studywithus03
@studywithus03
💯3❤2
ဒီChannel လေးမှာ အမနဲ့အတူ—

🏅 Total – 525 | 6D ဂုဏ်ထူးရှင် တစ်ယောက်
🏅 Total – 439 | 2D ဂုဏ်ထူးရှင် တစ်ယောက်
စုစုပေါင်း-All D၁ယောက်၊2D ၂ယောက်

တို့က G12 နဲ့ပတ်သက်ပြီး ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေ၊ စာကျက်နည်းတွေ၊ စာမေးပွဲနဲ့ပတ်သက်တဲ့ အရေးကြီးတဲ့ Tips & Tricks တွေကို မျှဝေပေးသွားမှာပါရှင့် 🤍📚

G12 ဖြေမယ့် ညီမလေး၊ မောင်လေးတွေအတွက် အတတ်နိုင်ဆုံး အထောက်အကူဖြစ်စေမယ့်အရာလေးတွေကို အတူတူမျှဝေပေးသွားမှာပါနော် 🫶🏻✨


@studywithus03
❤7🎉1
G-12 study group 2026-2027
Ch_1 Phys.pdf
Physics
chapter-1 blanks👏
ဒါကတော့ အမတို့ကိုယ်တိုင်လေ့ကျင့်ခဲ့တဲ့ physics မေးခွန်းလေးပါရှင့်

ဖြေကြည့်ကြနော်
Physics မှာ၁မှတ်တန်က ၄၀ဖိုး(အောင်မှတ်)ပါနေတာမို့ ၁မှတ်တန်လေးများများလေ့ကျင့်စေလိုပါတယ် 🤍

Answer key လေးတွေမနက်ဖြန်cmမှာတင်ပေးပါ့မယ်ရှင့်

#studywithus03
@studywithus03
❤6
မြန်မာစာဂုဏ်ထူးထွက်ချင်တယ်… ဒါပေမဲ့ လက်ရေးမလှလို့ စိတ်ပူနေတယ်ဆိုရင်? 🥹

မြန်မာစာဂုဏ်ထူးထွက်ဖို့က ခက်တယ်၊ လက်ရေးမလှရင် မထွက်ဘူး၊ စာမသပ်ရပ်ရင် အမှတ်လျော့တယ်ဆိုပြီး စိတ်ပူနေကြလား? 👀

မပူပါနဲ့နော် 🤍

မြန်မာစာဂုဏ်ထူးထွက်ဖို့ အင်မတန်ကြီးခက်ခဲတာ မဟုတ်ပါဘူး။
အမကိုယ်တိုင်လည်း လက်ရေးအရမ်းလှတဲ့သူထဲမှာ မပါပါဘူး။
ဒါပေမဲ့ Final Exam မှာ မြန်မာစာ 75 မှတ်နဲ့ ဂုဏ်ထူးထွက်ခဲ့ပါတယ်။🏅

အမက မြန်မာစာမှာsolidပိုင်းအပြည့်ရအောင်ယူနိုင်ခဲ့ပါတယ်။စာစီစာကုံးနဲ့အဆိုဆွေးနွေးမှာအချိန်မလောက်တဲ့အခက်အခဲကြုံခဲ့ရတာကြောင့် ၇၅မှတ်ပဲရရှိခဲ့တာပါ။

ဒါကြောင့် “လက်ရေးမလှလို့ ဂုဏ်ထူးမထွက်နိုင်ဘူး” ဆိုပြီး ကိုယ့်ကိုယ်ကို မကန့်သတ်လိုက်ပါနဲ့။

အဓိကက—

📌 မေးခွန်းကို သေချာနားလည်ပြီး ဖြေတတ်ဖို့
📌 အမှတ်ပေးမယ့်အချက်တွေ မကျန်အောင် ရေးတတ်ဖို့
📌 စာကို ဖတ်ရလွယ်အောင် သပ်သပ်ရပ်ရပ်ရေးဖို့
📌 အရေးကြီးတဲ့အကြောင်းအရာတွေကို စနစ်တကျ ကျက်မှတ်ထားဖို့
📌 Past Questions တွေကို လေ့ကျင့်ပြီး ဖြေဆိုပုံကို ကျွမ်းကျင်အောင်လုပ်ဖို့ပါ။(solid ပိုင်းကိုအပြည့်ရအောင်ယူသင့်ပါတယ်)

လက်ရေးလှတာက အားသာချက်တစ်ခု ဖြစ်နိုင်ပေမဲ့ ဂုဏ်ထူးရဖို့အတွက် အဓိကကျဆုံးအရာတော့ မဟုတ်ပါဘူး။

အမ 75 မှတ်နဲ့ ဂုဏ်ထူးထွက်ခဲ့သလို မောင်လေး/ညီမလေးတို့လည်း သေချာပြင်ဆင်ရင် မြန်မာစာဂုဏ်ထူး ရနိုင်ပါတယ်နော်။ 🫶🏻

နောက်ပိုင်းမှာ အမက မြန်မာစာဂုဏ်ထူးရအောင် ဘာတွေကို ဦးစားပေးကျက်ရမလဲ၊ ဘယ်လိုဖြေရမလဲ၊ အမှတ်မလွတ်အောင် ဘယ်လိုရေးရမလဲ ဆိုတာတွေကို တစ်ဆင့်ချင်းစီ sharing လုပ်ပေးသွားမယ်နော်။ 🤍


#studywithus03
#myanmar
@studywithus03
❤8💯2
G-12 study group 2026-2027
Ch_1 Phys.pdf
Answer key လေး cm မှာတင်ထားပြီးပါပြီရှင့်
💯3
English Unit-2
Key To Happiness 💫

Answer key လေးတွေကို
ဒီ 👉@Khinii08 မှာလာတောင်းပေးကြနော် ချစ်‌တို့🙇‍♀🤍
❤2
အမကို ဘယ် subject နဲ့ပက်သက်ပြီးcontentလေးတင်စေချင်လဲရှင့်
Anonymous Poll
23%
Myanmar
33%
English
40%
Mathematics
31%
Chemistry
25%
Physics
15%
Bio
အမကို dmထိလာပြီး keys လေးတွေလာမေးကြတဲ့အတွက် ပီတိလဲဖြစ်သလို အမတို့ တင်သမျှကိုလဲ သေချာကြည့်ပြီးအတူတူလိုက်ဖြေပေးကြတဲ့ G12ers လေးတွေကိုလဲ ကျေးဇူးအထူးတင်ပါတယ်နော်🤍

နောက်ထပ်လဲ အမတို့ studywithus channelကနေ G12ကျောင်းသား/သူတိုင်းအတွက် လိုအပ်တဲ့အရာတွေကို နေ့စဉ် update လုပ်ပေးသွားမှာဖြစ်လို့ အမတို့channelလေးကို အမြဲမပြတ်စောင့်ကြည့်ပေးပြီး

သူငယ်ချင်းတွေကို sharing လုပ်ပေးဖို့တောင်းဆိုပါတယ်ရှင့်💁‍♀💞

#studywithus03
#G12Students
❤8❤‍🔥3🎉2
📌 Chemistry chapter-1
Chemical bonding and intermolecular forces

1.1 Basic concept to understand chemical bonding

တူတူဖြေကြည့်ကြမယ်နော် ကလေးတို့💕


အမဒီနေ့တနေ့လုံး အလုပ်များနေလို့ English Unit-3လေးတင်ဖို့ မအားတဲ့အတွက် တောင်းပန်ပါတယ်နော်😭🌷 ‌

နောက်နေ့ပုံမှန်လေး တင်ပေးမှာမို့ channel လေးကို နေ့စဉ်ဝင်ကြည့်ပြီး အမနဲ့တူတူလိုက်ဖြေဖို့မမေ့နဲ့နော်💁‍♀

Keys တွေကို ဒီ
@Khinii08 လေးမာပဲလာတောင်းပေးကြနော် ချစ်တို့😝💞
❤3
သူများတွေကြိုးစားနေကြပြီနော် ညကြီးမင်းကြီး ထဖြေနေကြတယ်။🤧

၁မှတ်လေးကို အချိန်ရသလောက်များများလေးဖြေပေးကြပါနော် ဒါမှ Final examအတွက် အထောက်အကူပြုမာပါ။‼️‼️

ကျန်းမာရေးလဲဂရုစိုက်ကြပါနော် ညဘက်တွေလဲ အရမ်းနောက်ကျတဲ့ထိစာတွေသိပ်မလုပ်ကြပါနဲ့ လူကတစ်နေ့လုံး စာသင်/စာလုပ်နေရတော့ ဦးနှောက်ကခံနိုင်ရည်မရှိတော့ပါဘူး အဲ့တာကြောင့် ကိုယ့်ဦးနှောက်လေးကို သနားညှာတာသောအားဖြင့် အချိန်နဲ့ပဲ စာလုပ်ကြပါကလေးတို့ရေ🤍
❤3💘1
📌၁မှတ်တန်ဖြေနည်း🌟

-Chapter အလိုက်၁မှတ်တန်မဖြေခင်မှာ အရင်ဆုံး ဖြေမယ့် chapter ကို အစအဆုံး၁ခေါက်လောက်(ဂျောင်ဂျိုဂျောင်ကြားအကုန် အသေးစိတ်) ‌ဘာသာပြန်ပြီး concept မိအောင် ဖတ်သင့်ပါတယ်။

-ဖတ်နေရင်းမေးနိုင်ခြေရှိတဲ့ စကားလုံးတွေဆို highlightနဲ့တားထားရင် နောက်tutorial နဲ့ exam ရှိတဲ့အခါ highlightတားထားတဲ့ စကားလုံးတွေကိုပဲ အဓိကထားကြည့်ရင်ကို အချိန်ကုန်သက်သာစေပါတယ်။ 📝

ကိုယ်စိတ်ကြိုက်အကုန်ဖတ်ပြီးမှ chapter အလိုက်ထုတ်ထားတဲ့၁မှတ်တန်ကို ဖြေကြည့်ဖို့ ‌တိုက်တွန်းပါတယ်။ဒါမှသာ concept လဲမိပြီး ပိုနားလည်မှာပါ။🫶
#studywithus03
@studywithus03
❤5
📌 G12 Mathematics အောင်မှတ်အတွက် Chapter အလိုက် လေ့လာရမယ့်အပိုင်းများ

G12 Math မှာ အောင်မှတ်ကို ရည်ရွယ်ထားသူများအတွက် အောက်ပါ Chapter တွေကို အဓိကထားပြီး လေ့လာရပါမယ်👇

✅ Chapter 1 – Complex Numbers
✅ Chapter 2 – Mathematical Induction
✅ Chapter 3 – Analytical Solid Geometry + Chapter 4 – Vector Algebra
✅ Chapter 6 – Conic Sections
✅ Chapter 7.1 – Graphs of Sine Functions + Chapter 7.2 – Graphs of Cosine Functions
✅ Chapter 8.1 – Logarithmic Functions + Chapter 8.3 – Exponential Functions


---

📖 Chapter 1 – Complex Numbers

🔹 1 မှတ်တန် — 1 ပုဒ်
🔹 2 မှတ်တန် — 1 ပုဒ်
🔹 3 မှတ်တန် — 1 ပုဒ်
🔹 5 မှတ်တန် — 1 ပုဒ်

📌 1 + 2 + 3 + 5 = 11 မှတ်


---

📖 Chapter 2 – Mathematical Induction

❌ 1 မှတ် / 2 မှတ်တန် မမေးပါ

🔹 3 မှတ်တန် — 1 ပုဒ်
🔹 5 မှတ်တန် — 1 ပုဒ်

📌 3 + 5 = 8 မှတ်


---

📖 Chapter 3 – Analytical Solid Geometry + Chapter 4 – Vector Algebra (တွဲမေး)

🔹 1 မှတ်တန် — 1 ပုဒ်
🔹 2 မှတ်တန် — 1 ပုဒ်
🔹 3 မှတ်တန် — 2 ပုဒ်
🔹 5 မှတ်တန် — 1 ပုဒ်

📌 1 + 2 + 3 + 3 + 5 = 14 မှတ်


---

📖 Chapter 6 – Conic Sections

🔹 1 မှတ်တန် — 1 ပုဒ်
🔹 2 မှတ်တန် — 1 ပုဒ်
🔹 3 မှတ်တန် — 1 ပုဒ်
🔹 5 မှတ်တန် — 1 ပုဒ်

📌 1 + 2 + 3 + 5 = 11 မှတ်


---

📌 Chapter 7.1 + 7.2 နှင့် Chapter 8.1 + 8.3 ကိုပဲကြည့်မယ်ဆိုရင် အကုန်ပေါင်း 7 မှတ် ရမှာဖြစ်ပါတယ်။

ဒါမှမဟုတ် Chapter 7 ,8 ကို အခန်းပြတ်ကြည့်မယ်ဆိုရင်—


---

📖 Chapter 7 – Trigonometric Functions

🔹 1 မှတ်တန် — 1 ပုဒ်
🔹 2 မှတ်တန် — 1 ပုဒ်
🔹 5 မှတ်တန် — 1 ပုဒ်

📌 1 + 2 + 5 = 8 မှတ်


---

📖 Chapter 8 – Logarithmic and Exponential Functions

🔹 1 မှတ်တန် — 2 ပုဒ်
🔹 2 မှတ်တန် — 1 ပုဒ်
🔹 3 မှတ်တန် — 1 ပုဒ်

📌 1 + 1 + 2 + 3 = 7 မှတ်


---

📊 စုစုပေါင်း

Chapter ခေါင်းစဉ် ရနိုင်သောမှတ်

Chapter 1/11 မှတ်
Chapter 2 / 8 မှတ်
Chapter 3 + 4 /14 မှတ်
Chapter 6 / 11 မှတ်
Chapter 7 / 8 မှတ်
Chapter 8 /7 မှတ်


🎯 စုစုပေါင်း = 59 မှတ် ရနိုင်ပါတယ်။

📌 ဒါကြောင့် G12 Math အောင်မှတ်ကို ရည်ရွယ်ထားသူတွေက ဒီ Chapter တွေကို မလွတ်ဘဲ သေချာလေ့လာထားသင့်ပါတယ်နော်။ 📚✨
❤5
G-12 study group 2026-2027 pinned «📌 G12 Mathematics အောင်မှတ်အတွက် Chapter အလိုက် လေ့လာရမယ့်အပိုင်းများ G12 Math မှာ အောင်မှတ်ကို ရည်ရွယ်ထားသူများအတွက် အောက်ပါ Chapter တွေကို အဓိကထားပြီး လေ့လာရပါမယ်👇 ✅ Chapter 1 – Complex Numbers ✅ Chapter 2 – Mathematical Induction ✅ Chapter 3 – Analytical…»
Warning ‼️‼️‼️

အမတို့စာလေးတွေကို copyပြီး ကိုယ့်channelမှာတင်မယ်ဆိုရင် လေးစားသမှုဖြင့် အနည်းဆုံး crdလေးတော့ပေးသင့်ပါတယ်နော်။ အမတို့ဦးနှောက်ကြီးကလည်းရွှေချထားတဲ့ဦးနှောက်မဟုတ်တဲ့အတွက် ကိုယ့် content ကို ကိုယ်တိုင် အပင်ပန်းခံ၊အချိန်ကုန်ခံ၊ခေါင်းစားခံပြီး ရေးထားတာပါ။အဲ့အတွက်ကြောင့် ပြန်တင်မယ်ဆိုရင် crdလေးတော့ပေးပါရှင့်။🤗💗

#studywithus03
@studywithus03
❤7💯3