G-12 study group 2026-2027
220 subscribers
21 photos
1 video
3 files
3 links
G12 မှာတခြားစာတွေလုပ်နေရလို့
၁မှတ်တန်လုပ်ဖို့အချိန်မရှိဖြစ်နေပါသလား~
Studywithus channel ကိုသာအပြေးလာခဲ့ပါ

For objective(G-12 only)
Tg-Khinii08
Download Telegram
🌷 G12ers အားလုံးကို နွေးထွေးစွာ ကြိုဆိုပါတယ်ရှင့် 📚🤍

G12ers အားလုံးကို အမတို့ရဲ့ Channel လေးကနေ နွေးထွေးစွာ ကြိုဆိုပါတယ်ရှင့်။ 🫶🏻

အမက studywithus G12 study group channelရဲ့ founder KHINဖြစ်ပါတယ်ရှင့်။အမက 2025–2026 ပညာသင်နှစ်မှာ 2 ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့တဲ့ ကျောင်းသူတစ်ယောက် ဖြစ်ပါတယ်။ လက်ရှိမှာတော့ TR. SCARLETT Education Center မှာ Primary 3 Teacher အဖြစ် ရပ်တည်နေပါတယ်ရှင့်။ 👩🏻‍🏫✨

💌 ဒီ Channel ကို ဘာကြောင့် ဖွင့်ဖြစ်တာလဲ?

အမတို့ G12 တုန်းကလို ရှေ့ကနေ လမ်းညွှန်ပေးမယ့် Senior တွေ၊ ကိုယ်တွေ့အတွေ့အကြုံတွေ Share ပေးမယ့်သူတွေ မရှိတဲ့အတွက် စာသင်ရတာ၊ စာမေးပွဲအတွက် ပြင်ဆင်ရတာတွေမှာ အခက်အခဲတွေ ကြုံခဲ့ရပါတယ်။

ဒါကြောင့် အခု G12 တက်နေတဲ့ ကျောင်းသား/သူလေးတွေအနေနဲ့ စာတွေကို အခက်အခဲနည်းနည်းနဲ့ ချောချောမွေ့မွေ့ ဖြတ်သန်းနိုင်စေဖို့၊ အမတို့ရဲ့ personal experience တွေကို Sharing လုပ်ပေးဖို့ဒီ Channel လေးကို တည်ထောင်ဖြစ်ခဲ့တာပါ။ 🤍

တစ်ယောက်တည်း ရည်မှန်းချက်ပျောက်ပြီး Stress တွေ၊ စိတ်ဖိစီးမှုတွေကြားမှာ မပိမိစေဘဲ ကိုယ်လျှောက်ရမယ့်လမ်းကို စိတ်ဓာတ်မကျဘဲ တည့်တည့်မတ်မတ် လျှောက်နိုင်အောင် အမတို့က တတ်နိုင်သလောက် အတူတူကူညီပေးသွားပါမယ်။ 🌷

---
#G12study
#studywithus03

https://t.me/studywithus03
❤6👏2
📚 English Essay & Letter ကို မချန်ထားပါနဲ့နော်!

English Essay & Letter က အရမ်းခက်တယ်၊ ဘာရေးရမှန်းမသိဘူး၊ Vocab တွေလည်း သိပ်မကြွယ်ဘူးဆိုပြီး “Essay & Letter မရေးတော့ဘူး၊ ချန်ခဲ့လိုက်မယ်” ဆိုပြီး မလုပ်ကြပါနဲ့နော်။ 🥹

Essay & Letter က အောင်မှတ်ရနိုင်တဲ့ အရေးကြီးတဲ့အပိုင်းတစ်ခုပါ။ ဒါ့အပြင် ဂုဏ်ထူးရဖို့ ကြိုးစားနေတဲ့သူတွေအတွက်လည်း အဆုံးအဖြတ်ပေးနိုင်တဲ့ အပိုင်းတစ်ခုဖြစ်လို့ လုံးဝလွှတ်ထားလို့မရပါဘူးနော်။ 🤍

အမလည်း Essay & Letter ကို အစကတည်းက ကြောက်ခဲ့ဖူးပါတယ်။ ဘာရေးရမှန်းမသိ၊ ဘယ်ကနေစရေးရမလဲမသိနဲ့ Writing ပိုင်းဆို တော်တော်လေးအခက်တွေ့ခဲ့ဖူးပါတယ်။ ဒါပေမယ့် အတတ်နိုင်ဆုံး ကိုယ့်ဘာသာကိုယ် လေ့လာရင်း၊ ရေးရင်း၊ လေ့ကျင့်ရင်းနဲ့ တဖြည်းဖြည်း ရေးတတ်လာခဲ့ပါတယ်။ ✨

အမအတွက် Essay & Letter ရေးတဲ့နေရာမှာ အဓိကကြည့်တဲ့အချက် ၃ ချက် ရှိပါတယ်—

1️⃣ Structure & Format မှန်ဖို့

Essay ဆိုရင် Introduction, Body, Conclusion စတဲ့ Structure ကို သေသေချာချာနဲ့ ကျကျနနရေးတတ်ဖို့ လိုပါတယ်။ Letter ဆိုရင်လည်း Address, Date, Salutation, Body, Closing စတဲ့ သတ်မှတ်ထားတဲ့ Format ကို မမှားအောင် ရေးတတ်ဖို့ အရေးကြီးပါတယ်။

2️⃣ Grammar မှန်ဖို့

Vocab အများကြီးသိဖို့ထက် ကိုယ်သိထားတဲ့ Vocabulary တွေကို Grammar မှန်မှန်နဲ့ မှန်ကန်စွာအသုံးချနိုင်ဖို့ ပိုအရေးကြီးပါတယ်။ Basic Grammar တွေကို သေချာလေ့လာထားပြီး ကိုယ်ရေးတဲ့ Sentence တွေမှာ မှန်မှန်အသုံးချနိုင်အောင် လေ့ကျင့်ပါ။

3️⃣ ကိုယ်သိထားတဲ့ Basic တွေကို များများရေးနိုင်ဖို့

ဒီအချက်က တော်တော်အရေးကြီးပါတယ်နော်။ Vocab မကြွယ်လို့ Essay & Letter မရေးနိုင်ဘူးဆိုတာ မဟုတ်ပါဘူး။

ကိုယ်က Basic Vocabulary နဲ့ Basic Sentence တွေလောက်ပဲ တတ်ထားတယ်ဆိုရင်တောင် အဲ့ဒီ Basic တွေကို မှန်မှန်ကန်ကန်နဲ့ များများချဲ့ရေးနိုင်ရင် ရပါတယ်။ ကိုယ်သိတဲ့ စကားလုံးလေးတွေကိုပဲ Sentence အမျိုးမျိုးနဲ့ ချဲ့ပြီး ရေးတတ်အောင် လေ့ကျင့်ထားပါ။

အရေးကြီးတာက ခက်တဲ့ Vocabulary တွေ အများကြီးသုံးနိုင်ဖို့ မဟုတ်ဘဲ ကိုယ်သိတဲ့ Vocabulary ကို မှန်မှန်နဲ့ ထိထိရောက်ရောက် အသုံးချနိုင်ဖို့ပါ။ 🫶🏻

ဒါကြောင့် “Vocab မကြွယ်လို့ Essay & Letter မရေးနိုင်ဘူး” “ဘာရေးရမှန်းမသိလို့ ချန်ထားမယ်” ဆိုပြီး လုံးဝမတွေးကြပါနဲ့နော်။ 🥺

အစမှာ မရေးတတ်တာက ပုံမှန်ပါပဲ။ အမလည်း အဲ့လိုအချိန်တွေ ဖြတ်သန်းခဲ့ဖူးပါတယ်။ တဖြည်းဖြည်း လေ့လာမယ်၊ နည်းနည်းချင်းရေးမယ်၊ ကိုယ်ရေးထားတာတွေကို ပြန်ပြင်မယ်ဆိုရင် Writing Skill က တဖြည်းဖြည်း တိုးတက်လာမှာပါ။ 🌷

G12 ဆိုတာ အမှတ်လေးတစ်မှတ်၊ နှစ်မှတ်ကအစ အရေးကြီးတဲ့အချိန် ဖြစ်လို့ ရနိုင်တဲ့အမှတ်တွေကို မလွှတ်ထားကြပါနဲ့နော်။ 💗

Essay & Letter ကို မကြောက်ဘဲ အတူတူလေ့ကျင့်ကြမယ်။
ကိုယ်သိတာလေးနဲ့ စရေးပါ။ ရေးရင်းနဲ့ ပိုပိုတတ်လာပါလိမ့်မယ်။ 📖✨

#G12students
#english
@studywithus03
❤6🤩1
Unit-1 Good Manners initial✨

Unit အလိုက် initial လေးတွေတင်ပေးမယ်နော် answer တွေကို မနက်ဖြန်cmထဲမှာရေးပေးထားပါ့မယ်ရှင့်💞

ဖြေကြည့်ကြနော်🫶

#english
@studywithus03
❤4👏1
G12 လေးတွေရေ ညဆို နောက်ကျတဲ့ထိ စာမကျက်ကြနဲ့နော် အိပ်ရေးဝမှ စာကောင်းကောင်းလုပ်နိုင်ပြီး ဆရာ/ဆရာမ သင်တာတွေကို ‌သေချာနားထောင်နိုင်မှာဖြစ်တဲ့အတွက်ကြောင့် စောစောအနားယူကြပါနော်🌷

Goodnight everyone 🌙✨
❤6🍓1
Unit-1 GOOD MANNERS ရဲ့ answer လေးcmမှာတင်ထားပြီးပြီနော်🎀
❤1
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
Multiple choice လေးလုပ်ပေးထားတယ် ဖြေကြည့်ကြနော် ကလေးတို့🫶
📚 1 Mark ကို ဦးစားပေးမယ်

အမတို့ရဲ့ TG Channel လေးမှာ G12 ကျောင်းသား/သူတွေအတွက် 1 Mark Questions တွေကို ဦးစားပေးပြီး လေ့ကျင့်ပေးသွားမှာပါ 🤍

G12 မှာ 1 Mark ဆိုတာ သေးသေးလေးလို့ထင်ရပေမယ့် စုစုပေါင်းအမှတ်အတွက် အရမ်းအရေးကြီးပါတယ်။ ဒါကြောင့် မေးခွန်းဟောင်းတွေ၊ အရေးကြီးတဲ့ 1 Mark Questions တွေ၊ သိထားသင့်တဲ့ အချက်လေးတွေကို တစ်ဆင့်ချင်းစီ တင်ပေးသွားမယ်နော်။


Channel လေးမှာလည်း ပုံမှန်ဝင်ကြည့်ပြီး တင်ပေးသမျှကို လိုက်လုပ်ပေးကြပါနော် 🫶🏻✨


#studywithus03
@studywithus03
💯3❤2
ဒီChannel လေးမှာ အမနဲ့အတူ—

🏅 Total – 525 | 6D ဂုဏ်ထူးရှင် တစ်ယောက်
🏅 Total – 439 | 2D ဂုဏ်ထူးရှင် တစ်ယောက်
စုစုပေါင်း-All D၁ယောက်၊2D ၂ယောက်

တို့က G12 နဲ့ပတ်သက်ပြီး ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေ၊ စာကျက်နည်းတွေ၊ စာမေးပွဲနဲ့ပတ်သက်တဲ့ အရေးကြီးတဲ့ Tips & Tricks တွေကို မျှဝေပေးသွားမှာပါရှင့် 🤍📚

G12 ဖြေမယ့် ညီမလေး၊ မောင်လေးတွေအတွက် အတတ်နိုင်ဆုံး အထောက်အကူဖြစ်စေမယ့်အရာလေးတွေကို အတူတူမျှဝေပေးသွားမှာပါနော် 🫶🏻✨


@studywithus03
❤7🎉1
G-12 study group 2026-2027
Ch_1 Phys.pdf
Physics
chapter-1 blanks👏
ဒါကတော့ အမတို့ကိုယ်တိုင်လေ့ကျင့်ခဲ့တဲ့ physics မေးခွန်းလေးပါရှင့်

ဖြေကြည့်ကြနော်
Physics မှာ၁မှတ်တန်က ၄၀ဖိုး(အောင်မှတ်)ပါနေတာမို့ ၁မှတ်တန်လေးများများလေ့ကျင့်စေလိုပါတယ် 🤍

Answer key လေးတွေမနက်ဖြန်cmမှာတင်ပေးပါ့မယ်ရှင့်

#studywithus03
@studywithus03
❤6
မြန်မာစာဂုဏ်ထူးထွက်ချင်တယ်… ဒါပေမဲ့ လက်ရေးမလှလို့ စိတ်ပူနေတယ်ဆိုရင်? 🥹

မြန်မာစာဂုဏ်ထူးထွက်ဖို့က ခက်တယ်၊ လက်ရေးမလှရင် မထွက်ဘူး၊ စာမသပ်ရပ်ရင် အမှတ်လျော့တယ်ဆိုပြီး စိတ်ပူနေကြလား? 👀

မပူပါနဲ့နော် 🤍

မြန်မာစာဂုဏ်ထူးထွက်ဖို့ အင်မတန်ကြီးခက်ခဲတာ မဟုတ်ပါဘူး။
အမကိုယ်တိုင်လည်း လက်ရေးအရမ်းလှတဲ့သူထဲမှာ မပါပါဘူး။
ဒါပေမဲ့ Final Exam မှာ မြန်မာစာ 75 မှတ်နဲ့ ဂုဏ်ထူးထွက်ခဲ့ပါတယ်။🏅

အမက မြန်မာစာမှာsolidပိုင်းအပြည့်ရအောင်ယူနိုင်ခဲ့ပါတယ်။စာစီစာကုံးနဲ့အဆိုဆွေးနွေးမှာအချိန်မလောက်တဲ့အခက်အခဲကြုံခဲ့ရတာကြောင့် ၇၅မှတ်ပဲရရှိခဲ့တာပါ။

ဒါကြောင့် “လက်ရေးမလှလို့ ဂုဏ်ထူးမထွက်နိုင်ဘူး” ဆိုပြီး ကိုယ့်ကိုယ်ကို မကန့်သတ်လိုက်ပါနဲ့။

အဓိကက—

📌 မေးခွန်းကို သေချာနားလည်ပြီး ဖြေတတ်ဖို့
📌 အမှတ်ပေးမယ့်အချက်တွေ မကျန်အောင် ရေးတတ်ဖို့
📌 စာကို ဖတ်ရလွယ်အောင် သပ်သပ်ရပ်ရပ်ရေးဖို့
📌 အရေးကြီးတဲ့အကြောင်းအရာတွေကို စနစ်တကျ ကျက်မှတ်ထားဖို့
📌 Past Questions တွေကို လေ့ကျင့်ပြီး ဖြေဆိုပုံကို ကျွမ်းကျင်အောင်လုပ်ဖို့ပါ။(solid ပိုင်းကိုအပြည့်ရအောင်ယူသင့်ပါတယ်)

လက်ရေးလှတာက အားသာချက်တစ်ခု ဖြစ်နိုင်ပေမဲ့ ဂုဏ်ထူးရဖို့အတွက် အဓိကကျဆုံးအရာတော့ မဟုတ်ပါဘူး။

အမ 75 မှတ်နဲ့ ဂုဏ်ထူးထွက်ခဲ့သလို မောင်လေး/ညီမလေးတို့လည်း သေချာပြင်ဆင်ရင် မြန်မာစာဂုဏ်ထူး ရနိုင်ပါတယ်နော်။ 🫶🏻

နောက်ပိုင်းမှာ အမက မြန်မာစာဂုဏ်ထူးရအောင် ဘာတွေကို ဦးစားပေးကျက်ရမလဲ၊ ဘယ်လိုဖြေရမလဲ၊ အမှတ်မလွတ်အောင် ဘယ်လိုရေးရမလဲ ဆိုတာတွေကို တစ်ဆင့်ချင်းစီ sharing လုပ်ပေးသွားမယ်နော်။ 🤍


#studywithus03
#myanmar
@studywithus03
❤8💯2
G-12 study group 2026-2027
Ch_1 Phys.pdf
Answer key လေး cm မှာတင်ထားပြီးပါပြီရှင့်
💯3
English Unit-2
Key To Happiness 💫

Answer key လေးတွေကို
ဒီ 👉@Khinii08 မှာလာတောင်းပေးကြနော် ချစ်‌တို့🙇‍♀🤍
❤2
အမကို ဘယ် subject နဲ့ပက်သက်ပြီးcontentလေးတင်စေချင်လဲရှင့်
Anonymous Poll
23%
Myanmar
33%
English
40%
Mathematics
31%
Chemistry
25%
Physics
15%
Bio
အမကို dmထိလာပြီး keys လေးတွေလာမေးကြတဲ့အတွက် ပီတိလဲဖြစ်သလို အမတို့ တင်သမျှကိုလဲ သေချာကြည့်ပြီးအတူတူလိုက်ဖြေပေးကြတဲ့ G12ers လေးတွေကိုလဲ ကျေးဇူးအထူးတင်ပါတယ်နော်🤍

နောက်ထပ်လဲ အမတို့ studywithus channelကနေ G12ကျောင်းသား/သူတိုင်းအတွက် လိုအပ်တဲ့အရာတွေကို နေ့စဉ် update လုပ်ပေးသွားမှာဖြစ်လို့ အမတို့channelလေးကို အမြဲမပြတ်စောင့်ကြည့်ပေးပြီး

သူငယ်ချင်းတွေကို sharing လုပ်ပေးဖို့တောင်းဆိုပါတယ်ရှင့်💁‍♀💞

#studywithus03
#G12Students
❤8❤‍🔥3🎉2
📌 Chemistry chapter-1
Chemical bonding and intermolecular forces

1.1 Basic concept to understand chemical bonding

တူတူဖြေကြည့်ကြမယ်နော် ကလေးတို့💕


အမဒီနေ့တနေ့လုံး အလုပ်များနေလို့ English Unit-3လေးတင်ဖို့ မအားတဲ့အတွက် တောင်းပန်ပါတယ်နော်😭🌷 ‌

နောက်နေ့ပုံမှန်လေး တင်ပေးမှာမို့ channel လေးကို နေ့စဉ်ဝင်ကြည့်ပြီး အမနဲ့တူတူလိုက်ဖြေဖို့မမေ့နဲ့နော်💁‍♀

Keys တွေကို ဒီ
@Khinii08 လေးမာပဲလာတောင်းပေးကြနော် ချစ်တို့😝💞
❤3