ဗုဒ္ဓဟူးမ
3.91K subscribers
1.1K photos
217 videos
622 links
Copyright Disclaimer
No copyright infringement intended. I do not own any of the video or music. Use only for the entertainment purpose only under the principal of Fair Use.
Download Telegram
ကိုရီယား ရုပ်ရှင်သမိုင်းမှာ လူကြည့်အများဆုံးနဲ့ နံပါတ် (၁) စံချိန်တင်ထားတဲ့ သမိုင်းနောက်ခံ ဇာတ်ကားကောင်းကြီး

𝐓𝐡𝐞 𝐀𝐝𝐦𝐢𝐫𝐚𝐥: 𝐑𝐨𝐚𝐫𝐢𝐧𝐠 𝐂𝐮𝐫𝐫𝐞𝐧𝐭𝐬(𝟐𝟎𝟏𝟒)

IMDb : 7.1/10

၁၅၉၇ ခုနှစ်၊ ဂျပန်က ကိုရီးယားကို ကျူးကျော်စစ် ထပ်မံဆင်နွှဲတယ်။ ကိုရီးယားရေတပ် ဗိုလ်ချုပ်ကြီး လီဆွန်ရှင်း (Choi Min-sik) ဟာ ရန်သူ့သင်္ဘော ၃၃၀ ကို သူ့မှာ ကျန်တဲ့ သင်္ဘော ၁၃ စီးနဲ့ ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်တယ်။
အားလုံးက "မဖြစ်နိုင်ဘူး" လို့ပြောကြတယ်။ ဒါပေမဲ့ လီဆွန်ရှင်းမှာ ရွေးချယ်စရာ နှစ်ခုပဲရှိတယ် – တိုက်ပြီး သေ၊ ဒါမှမဟုတ် မတိုက်ဘဲ သေ။မြေထဲကို ကျောခိုင်းပြီး ရန်သူကို ရေထဲ စီးဝင်လာအောင် စောင့်တဲ့ "မြင်းခွာကွင်း" စစ်ကြောင်းနည်းဗျူဟာနဲ့ သူဟာ ရာဇဝင်ကို ပြန်ရေးလိုက်တယ်။
မော်တယ်ကွန်ဘတ် ၂ (၂၀၂၆)
+++++++++++++++++

ကြည်တောက်ရှင်း (ရုံကူး)


ဇာတ်လမ်းအကျဉ်းကတော့ -

အာဏာကြီးစိုးနေတဲ့ ရှောင်ခန် ဟာ ဘုံတိုင်းကို လိုက်လံသိမ်းဆည်း စိုးစံနေပါတယ် ။ သူဟာ ညှာတာမှုမရှိဘဲ ရက်စက်စွာ သတ်ဖြတ်တတ်တဲ့လူပါ ။ တစ်နေ့ ကမ္ဘာမြေဘုံကိုပါ သိမ်းပိုက်ဖို့ မျက်စ ပစ်လာတဲ့ ရှောင်ခန် ကို

ကမ္ဘာမြေဘုံက ချန်ပီယံတွေဟာ ဒီတစ်ခေါက်ရှုံးတာနဲ့ ကမ္ဘာမြေဘုံကို ပေးလိုက်ရမှာဖြစ်တဲ့အတွက် ဂျော်နီ ကေခ်ျ့ ဆိုတဲ့ မင်းသားကို တိုက်ခိုက်ဖို့ ကမ်းလှမ်းပါတယ် ။ ဒါပေမဲ့ ဂျော်နီ ကေ့ခ်ျ က မယုံဘဲ နှတ်ထွက်ပေမဲ့ ပြိုင်ပွဲထဲကနေ ထွက်ခွင့်မရှိတော့တာကြောင့် မဖြစ်တော့တဲ့ အဆုံး ကမ္ဘာမြေကို ကယ်တင်ပြီး ရှောင်ခန် ကို အနိုင်ယူရပါတော့တယ်။
ဇွန်ဘီကားရှယ်ကြီး

A-r-m-y O-f T-h-e D-e-a-d

ဇာတ်လမ်းအညွန်း

လက်စ်ဗီးဂတ်စ်မြိ့မှာ ဇွန်ဘီးတစ်ကောင် လွတ်သွားရာကနေ
ထိန်းမရတော့ဘဲ တစ်မြို့လုံး ဇွန်ဘီးဖြစ်သွားပါတယ်။
ဒါနဲ့ တစ်မြို့လုံးကို ပိတ်ချထားရတာ ကြာပါပြီ။
အဲဒီမှာပဲ အမေရိကန်သမ္မတကြီးက လွတ်လပ်ရေးနေ့ အမှတ်တရအနေနဲ့
မြို့ကို အနုမြူဗုံးနဲ့ထုပြီး မျိုးဖြုတ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။
နောက်ထပ် ၄ ရက်အကြာမှာပေါ့။
အဲဒီမှာပဲ မြို့ရဲ့ ကာစီနိုအောက်မှာ ကျန်နေခဲ့တဲ့ ဒေါ်လာ သန်း ၂၀၀ ကို ယူပေးဖို့
အရင်က အထူးတပ်ဖွဲ့ဝင်ဟောင်း မစ္စတာ စကော့နဲ့အဖွဲ့ကို အလုပ်အပ်လာပါတယ်။
ဆုကြေးက ဒေါ်လာ သန်း ၅၀ ဖြစ်ပါတယ်။
သန်း ၂၀၀ ကို ယူလို့ရမှတော့ ဘာလို့ ၅၀ ပဲ ယူမှာလဲ တွေးလို့မရပါဘူး။
တရားဝင်ငွေ မဟုတ်လို့ပါ။
ဒီလိုနဲ့ ငွေလိုနေတဲ့ စစ်သားဟောင်းကြီးတွေနဲ့ လူတစ်စုဟာ ဗီးဂက်စ်မြို့ထဲကို ဝင်သွားတဲ့အခါ..

2026ထွက် ဟက်ကာ ဇတ်ကားသစ်ကြီး

ーーーーーーーーーーーーーーーーー

W_a-r_d-r_i-v_e-r (20_26)


ဇာတ်လမ်းအကျဉ်းလေးကတော့ လူငယ်ဟက်ကာလေးဟာ ဘာမှမသိနားမလည်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဘဏ်အကောင့်ကို ဟက်ဖို့ သွေးဆောင်ဖြားယောင်းခံရရာကနေ စတင်ပါတယ်။

ဒါပေမဲ့ သူထင်သလို ရိုးရှင်းမနေဘဲ ဒေါ်လာသန်းချီတန်တဲ့ ဆိုက်ဘာဘဏ်ဓားပြတိုက်မှုကြီးထဲကို အတင်းအကျပ် ဆွဲသွင်းခံလိုက်ရတဲ့အခါ

စက္ကန့်နဲ့အမျှ အသက်လုရတဲ့ ကစားပွဲကြီးထဲမှာ ပိတ်မိသွားပြီး သူရေးလိုက်တဲ့ ကုဒ်တစ်ကြောင်းချင်းစီက သူ့အတွက် အသက်အန္တရာယ်ဖြစ်လာနိုင်မလားဆိုတာ ရင်တမမနဲ့ ကြည့်ရှုရမှာပါ။

အချိန် ၁ နာရီနဲ့ ၃၃ မိနစ် ကြာမြင့်ပြီး Violence, language နဲ့ drug use တွေကြောင့် R-rated သတ်မှတ်ထားတာမို့ အကြမ်းပတမ်းနဲ့ သည်းထိတ်ရင်ဖို အခန်းတွေကို စိတ်လှုပ်ရှားဖွယ် မြင်တွေ့ရမယ့် ဇာတ်ကားလေး ဖြစ်ပါတယ်။

H-a-c-k-e-r ဇာတ်လမ်းတွေရဲ့ ထုံးစံအတိုင်း အလန်းဇယား plot twist တွေနဲ့မလို့ အခုပဲ ရှုစားလိုက်ကြပါဦးခင်ဗျာ။
J-a_c-k R_y-a-n: G-h_o-s-t W-a_r (2-0-2-6)
==================================

"ရန်သူဆိုတာ အဝေးကြီးမှာရှိတာမဟုတ်ဘူး... ကိုယ်အယုံကြည်ရဆုံး နောက်ကျောမှာပဲ ပုန်းကွယ်နေတတ်တာမျိုး"

Action/Spy Thriller ကားကြမ်းကြမ်း မျှော်နေတဲ့ ဘော်ဒါတွေအတွက် ဂျက်ရိုင်ယန်ရဲ့ အမိုက်စား Comeback Movie အသစ်စက်စက်ကြီး ရောက်ရှိလို့ လာပါပြီခင်ဗျာ။

အရင်ထွက်ခဲ့တဲ့ စီးရီး (၄) ခုတုန်းက စားပွဲထိုင် Analyst ဘဝကနေ နိုင်ငံတကာ အကြမ်းဖက်သမားတွေကို လိုက်လံနှိမ်နင်းတဲ့ အတွေ့အကြုံရင့် Field Agent အဖြစ် ပြောင်းလဲလာတဲ့ ကျွန်တော်တို့ရဲ့ အချစ်တော် မင်းသားကြီး John Krasinski ကိုယ်တိုင် Jack Ryan အဖြစ် ပြန်လည်ခေါင်းဆောင် ပါဝင်ထားတဲ့ ဇာတ်ကားကြီးပဲ ဖြစ်ပါတယ်။

ဒီတစ်ခေါက် "Ghost War" မှာတော့ ဇာတ်လမ်းက ပိုပြီး မိုက်လာပါပြီ။ ဂျက်ရိုင်ယန်တစ်ယောက် အေးအေးဆေးဆေး နေမယ်ကြံတုန်းမှာပဲ၊ သူယုံကြည်ရတဲ့ CIA အဖွဲ့အစည်းကြီးရဲ့ အတွင်းပိုင်းအထိ စိမ့်ဝင်နေတဲ့ သစ္စာဖောက်မှုတွေ၊ လျှို့ဝှက်ပူးပေါင်းကြံစည်မှု ကွန်ရက်ကြီးတစ်ခုကို သွားပြီး အနံ့ခံမိရာကနေ ပြဿနာတွေ စတင်ပါတော့တယ်။
အာလူးမကြော်ဘဲ အပြတ်လှော်မဲ့ တရုတ် သူလျှိုအက်ရှင်ကားသစ်ကြီး

ーーーーーーーーーーーーーーーーー

S_c-a-r_e O-u_t (20_26)


အနီးဆုံးရန်သူက အနက်ဆုံးဓားချက်ကို ထိုးနိုင်တာတဲ့

ဇာတ်လမ်းက ဘယ်ကစလဲဆိုတော့... တရုတ်နိုင်ငံရဲ့ လျှို့ဝှက်အဆင့်ရှိတဲ့ ဆဌမမျိုးဆက် တိုက်လေယာဉ် နည်းပညာတွေနဲ့ ပတ်သက်တဲ့ အရေးကြီး သတင်းအချက်အလက်တွေ နိုင်ငံပြင်ပကို ပေါက်ကြားသွားရာကနေ စပါတယ်။

ဒီကိစ္စကို အမြန်ဆုံး ဖြေရှင်းဖို့ အမျိုးသားလုံခြုံရေးအဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ အသည်းအသန် လုပ်ပါတော့တယ်။ ဒါပေမဲ့ ပြဿနာက တရားခံကို ဖမ်းဖို့ စစ်ဆင်ရေးလုပ်တိုင်း တစ်ဖက်က ကြိုသိနေပြီး အဖမ်းအဆီးတွေ ဆက်တိုက် ကျရှုံးနေတာပါပဲ။

ဒီလိုနဲ့ အဖွဲ့ခေါင်းဆောင်ဖြစ်သူ ကျောက်ဟုန် တစ်ယောက် အမှန်တရားတစ်ခုကို ရိပ်မိသွားပါတယ်။ အဲဒါကတော့ သူတို့အဖွဲ့ထဲမှာတင် သတင်းတွေ ခိုးပေးနေတဲ့ သစ္စာဖောက် တစ်ယောက် ရှိနေတယ်ဆိုတာပါပဲ။

သံသယ အဝင်ခံရဆုံးကတော့ အဖွဲ့ရဲ့ အတော်ဆုံး အေးဂျင့်တွေဖြစ်တဲ့ ရန်တိနဲ့ ဟွမ်ခိုင်တို့ နှစ်ယောက်ပါ။

ဒါကိုစုံစမ်းဖို့ ကျောက်ဟုန်ကိုပဲ တာဝန်ပေးလာတဲ့အပြင် ရန်တိနဲ့ဟွမ်ခိုင်ဆိုတာ သူ့အတွက် မောင်တွေလို လုပ်ဖော်ကိုင်ဖက်လို ရင်းနှီးခဲ့သူတွေ ဖြစ်နေတဲ့အခါ…

High-tech နည်းပညာတွေ၊ Drone တွေ၊ CCTV တွေနဲ့ အမဲလိုက်သလို လိုက်ရှာကြမယ့်အပြင်၊ သေနတ်နဲ့ ဘတစ်ပြန်ကျားတစ်ပြန် ချတာထက် ဉာဏ်စမ်းပြီး အကွက်ချ ချကြတဲ့ Psychological War မျိုး သွားထားတာပါ။

Infernal Affairs လိုမျိုး သူလျှိုကားတွေ ကြိုက်တဲ့သူတွေ၊ Cat-and-Mouse လိုက်တမ်းပြေးတမ်း Thriller Vibe မျိုးကို ခိုက်တဲ့သူတွေဆိုရင် သဘောကျမယ့် ကားလေးပါပဲ။

ယုံကြည်မှုတွေ၊ သံယောဇဉ်တွေနဲ့ သစ္စာဖောက်မှုတွေကြားထဲက အသံတိတ်တိုက်ပွဲကြီးမှာ ဘယ်သူက တကယ့် သစ္စာဖောက် လဲဆိုတာကတော့
မိုးကြိုးပစ်ခံရပြီး အစွမ်းတွေရသွားတဲ့အခါ အူတက်နေရမယ့်ဟာသကား 🤣

ーーーーーーーーーーーーーーーーー

T_h-u-n_d-e_r-s_t-r_u-c_k C_o-p (2025)


ဖခင်တာဝန်နဲ့ ရဲအရာရှိအလုပ်တွေကို ညီမျှအောင် ထမ်းဆောင်နေရတဲ့ မင်ဟျွန်းဂျွန်း (Shin Hyun Joon) ကို သမီးဖြစ်သူ မင်ဟယ်ရီဟာ ကိစ္စတစ်ခုကြောင့် စကားမပြောဆိုခဲ့ ၅ နှစ်ဆိုတဲ့ အချိန်တစ်ခု ရှိနေပါပြီ။

တစ်နေ့မှာတော့ မင်ဟျွန်းဂျွန်းတစ်ယောက် စိတ်ရှုပ်ထွေးမှုတွေကို ဖြေဖျောက်ဖို့အတွက် ခေါင််မိုးပေါ်တက် ဆေးလိပ်သောက်ရင်း မိုးကြိုးအပစ်ခံလိုက်ရကာ အစွမ်းတစ်ခုရလာတဲ့အခါ…

သူ့လိုပဲ အစွမ်းတွေရသွားတဲ့သူတွေကို လိုက်လံရှာဖွေကာ ရာဇဝတ်သားတွေကို ဘယ်လိုရင်ဆိုင်သွားမှာလဲ?

တစ်ဖက်မှာလည်း အဲဒီလို ရင်ဆိုင်ဖြေရှင်းရင်းနဲ့ သမီးဖြစ်သူနဲ့ ပြန်အဆင်ပြေအောင် ဘယ်လိုများ ကြိုးစားသွားမလဲဆိုတာကိုတော့ ဟာသလေးနှောပြီး ရိုက်ကူးထားတာမို့ ကြည့်ရှုပေးကြပါဦးနော်။
ဂျပန်ဟော်ရာကားသစ်ကြီး
T_h_e Co_nv_en_ien_ce St_o_re (2026)

ဒီတစ်ခါ အသစ်ထွက်ရှိလာတဲ့ ဂျပန် Supernatural Horror ကတော့ သဲထိတ်ရင်ဖို
ထူးဆန်းတဲ့ အဖြစ်အပျက်နောက်ခံ ဇာတ်လမ်းတွေကို နှစ်ခြိုက်တဲ့ ပရိသတ်တွေအကြိုက်ဖြစ်ပြီး
လက်ရှိအချိန်ထိ IMDb 5.5/10 ရရှိထားပါတယ်။

ဒါရိုက်တာ Jirô Nagae ရဲ့လက်ရာဖြစ်ပြီး Kotona Minami ၊Terunosuke Takezai နဲ့
Tetta Seki တို့အဓိက ပါဝင်ထားကြပါတယ်။ ကုန်စုံဆိုင်မှာ ညဘက်အချိန်ပိုင်းအလုပ်လုပ်နေတဲ့
ကျောင်းသူလေးနဲ့ လူသတ်မှုရဲ့ကျူးလွန်သူ မရရအောင် စုံစမ်းထောက်လှမ်းမယ့်စုံထောက်တို့ ဘယ်လိုဆန်းကြယ်တဲ့
အဖြစ်အပျက်တွေ ကြုံရမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ရှုစားကြည့်လိုက်ရအောင်ပါ။

ဇာတ်လမ်းအကျဉ်း

နေ့ည ၂၄နာရီဖွင့်တဲ့ ကုန်စုံဆိုင်မှာ ဖူနာဟာရှီနဲ့ ယုကီနိုတို့ဟာ ညဘက်အဆိုင်း တာဝန်ကို အချိန်ပိုင်း လုပ်နေကြပါတယ်။
သူတို့  အလုပ်လုပ်နေတဲ့ ကုန်စုံရဲ့ မန်နေဂျာ ဆူရူကာဝါတိုရှိရို ထူးဆန်းစွာ အသတ်ခံပြီး ရဲတွေ စုံထောင်တွေကလည်း
ဒီအမှုကို လိုက်လံစုံစမ်းနေကြပါတယ်။
De_se_rt Wa_rr_io_r (20 26)

ဒီတစ်ခါတော့ သမိုင်းဝင် အက်ရှင်ကား ကြိုက်တဲ့သူတွေအတွက် ဆော်ဒီအာရေဗျရဲ့ ဘတ်ဂျက်အကြီးဆုံး ရုပ်ရှင်ကားကြီး တင်ပေးထားပါတယ်။

ဇာတ်လမ်းအကျဉ်း ....

ဇာတ်လမ်းက ၇ ရာစု အာရေးဗီးယားကျွန်းဆွယ်ကို အခြေခံထားတာပါ။ အဲဒီခေတ်က မျိုးနွယ်စုတွေကြားမှာ အာဏာလုပွဲတွေ၊ စစ်ပွဲတွေ အမြဲဖြစ်နေတဲ့ အချိန်ပေါ့။

ရက်စက်တဲ့ ဧကရာဇ် ကစ်စရာ က ရဲရင့်တဲ့ မင်းသမီးလေး ဟင်ဒ် ကို မယားငယ်အဖြစ် သိမ်းပိုက်ဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ မင်းသမီးက လက်မခံဘဲ သူ့အဖေ ဘုရင်ကြီးနဲ့အတူ အဆုံးအစမရှိတဲ့ ကန္တာရထဲကို ထွက်ပြေးပါတော့တယ်။

ဧကရာဇ်ကလည်း လက်မလျှော့ဘဲ ကြေးစားသမား ဂျလာဇင်း နဲ့ သူ့ရဲ့ သွေးဆာနေတဲ့ စစ်တပ်ကို လွှတ်ပြီး လိုက်ဖမ်းခိုင်းပါတယ်။ ကန္တာရထဲမှာ ဒုက္ခရောက်နေတဲ့ သူတို့သားအဖဟာ နာမည်ကြီး ဓားပြသမား ဟန်ဇာလာ နဲ့ ဆုံတွေ့ပြီး ယုံကြည်အားကိုးခဲ့ရပါတယ်။

ဒီကားထဲမှာ မင်းသမီးလေးက ထွက်ပြေးပုန်းရှောင်နေရတဲ့ ဘဝကနေ ရဲရင့်တဲ့ စစ်သည်တော်တစ်ယောက်အဖြစ် ပြောင်းလဲလာတာကို မြင်တွေ့ရမှာပါ။
1
ခု review ပေးထားတဲ့ကားလေးတွေ တင်ပေးထားပါတယ်


https://t.me/recapmm/441
Bad Boys (1) (1995)

လူတိုင်းရင်းနှီးပြီးသား မင်းသားတွေဖြစ်တဲ့ Will Smith နဲ့ Martin Lawrence တို့ပါဝင်သရုပ်ဆောင်ထားတဲ့ Action , Comedy , Crime ဇာတ်ကားပါ

ဇာတ်လမ်းအကျဉ်းလေးကတော့ မင်းသားနှစ်ယောက်ဖြစ်တဲ့ Will Smith နဲ့ Martin Lawrence တို့က မိုက်ခ်နဲ့ မားကပ်စ်ဆိုတဲ့ မိုင်ယာမီမူ-းယ-စ်တို-က်ဖျ-က်ရေးမှု-ခ'င်-းရဲ-တွေပါ

တစ်နေ့ သူတို့ ဌာနမှ ထိန်းသိမ်းထားတဲ့ ကို-က-င်းတွေကို အဖောက်ခံလိုက်ရပါတယ် အဲ့လိုအဖောက်ခံလိုက်ရတော့ သူတို့ရဲ့ခေါင်းဆောင်ဟောင်း ဝဒ်က သူတို့ကို ကို ပြန်ရှာခိုင်းပါတယ်

ဒီလိုနဲ့ မိုက်ခ်နဲ့ မားကပ်စ်က သူတို့နဲ့အရင်က ဇာတ်လမ်းတွေရှိခဲ့ဖူးတဲ့ ဆေ-းသမား ပြ-ည့်-တ-န်-ဆာတွေနဲ့ပူးပေါင်းပြီးတော့ သတင်းယူပြီး ဒီအ-မှုကိုလိုက်တာကနေ တစ်ကားလုံး သဘောကျစရာကောင်းလောက်အောင်ကို သရုပ်ဆောင်ပြသွားတာပါ
Giant Fish 2 ( 2024 )

ကျန်းချန်ဆိုတဲ့လူကတော့ မအိုဆေးကိုသုတေသနလုပ်တာ အောင်မြင်သွားပေမဲ့လည်းဘေးထွက်ဆိုးကျိုးရှိနေတာကြောင့် ဈေးကွက်ထဲကို
မဖြန့်ပဲနေလိုက်ရာ လျော်ကြေးအကြွေးတွေတင်နေခဲ့တာကြောင့် အရူံးသမားလို့ကိုယ့်ကိုယ်ခံယူနေခဲ့တယ်။

သူ့နဲ့ (၁၇) နှစ်ကြာပေါင်းသင်းခဲ့တဲ့မိန်းမ ယန်ထုံကတော့ငယ်ရွယ်ပြီးလှပတဲ့မိန်းကလေးတစ်ယောက်ပေါ့။
တနေ့မှာမိန်းမဖြစ်သူက ဖောက်ပြန်တယ်လို့သံသယဝင်ပြီးမိန်းမရှိတဲ့နိုင်ငံခြားကိုသွားပြီးလက်ပူးလက်ကြပ်မိအောင်
ဖမ်းဖို့နိုင်ငံခြားကို ကျန်းချန်နဲ့သူ့သူငယ်ချင်းသာ့ဖေးတို့ ထွက်ခဲ့ကြတယ်။

ယန်ထုံအလုပ်လုပ်တဲ့နေရာကတော့
ဟေးဟူလို့အမည်တွင်ပြီး ဟေးဟူဆိုတာကမိန်းကလေးဧည့်သည်တွေကို အထူးပစ်မှတ်ထားတဲ့အသားအရည်ထိန်းသိမ်းရေးစင်တာဖြစ်တယ်။

ဒါပေမဲ့ဒီဟေးဟူရဲ့ထူးဆန်းစေတဲ့အရာတစ်ခုကတော့ သူတို့ချပေးတဲ့
ငါးအသားကိုစားလိုက်ရုံနဲ့ အိုမင်းနေတဲ့အသားအရည်ကနေ
ငယ်ရွယ်နုပျိုတဲ့အသားအရည်အဖြစ်ပြောင်းလဲသွားစေပြီးဟေးဟူကိုတည်ထောင်တဲ့ မီယာမိန်းကလေးကိုလာရောက်တဲ့ဧည့်သည်တွေကနတ်ဘု-ရာ-းသဖွယ်ကိုးကွယ်နေကြတာဖြစ်တယ်။

ဒီလိုနဲ့ကျန်းချန်နဲ့သာ့ဖေးတို့က ယန်ထုံအလုပ်လုပ်တဲ့ဟေးဟူကိုမိန်းကလေးပုံစံအဖြစ်ဟန်ဆောင်ဝင်ရောက်သွားပြီးယန်ထုံဖောက်ပြန်မှုကိုဖော်ထုတ်ရန်ကြိုးစားပါတော့တယ်။
Qifarah (2025)

အတိတ်က ဝဋ်ကြွေး

"အတိတ်က ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေဟာ အချိန်တန်ရင် သင့်ဆီကို အမှောင်ထုအနေနဲ့ ပြန်လာလိမ့်မယ်..."

Horror နဲ့ Thriller ကားကောင်းကောင်း မျှော်နေတဲ့ ပရိသတ်တွေအတွက် ဇာတ်အိမ်ခိုင်ခိုင်နဲ့ ကျောချမ်းစေမယ့် ဇာတ်ကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။

ဇာတ်လမ်းအကျဉ်းလေးကတော့...အကြောင်းအရင်းမဲ့ အိမ်ကနေ နှင်ထုတ်ခံလိုက်ရပြီး မိသားစုနဲ့ အဆက်အသွယ်ဖြတ် နိုင်ငံခြားမှာ နေထိုင်နေတဲ့ သားဖြစ်သူ ယူစွတ်တစ်ယောက် သေမလုမျောပါးဖြစ်နေတဲ့ ဖခင်ရဲ့ နောက်ဆုံးအချိန်ကိုမီဖို့ ဇာတိမြေကို ပြန်လာရာကနေ စတင်ပါတယ်။

ဒါပေမဲ့ အိမ်ပြန်ရောက်တဲ့အခါ သူထင်ထားသလို ရိုးရှင်းမနေခဲ့ပါဘူး။

ဖခင်ဖြစ်သူရဲ့ နောက်ဆုံးအချိန်တွေမှာ သူ့မိသားစုရဲ့ အတိတ်ရော ပစ္စုပ္ပန်ကိုပါ လွှမ်းမိုးနေတဲ့ အလွန်မှောင်မိုက်ပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ လျှို့ဝှက်ချက်ဆိုးကြီးတွေကို တဖြည်းဖြည်း ရှာဖွေတွေ့ရှိသွားတဲ့အခါ...

မိသားစုရဲ့ နောက်ကွယ်က ဆိုးရွားလှတဲ့ လျှို့ဝှက်ချက်တွေက ဘာတွေများဖြစ်မလဲ။

ယူစွတ်တစ်ယောက် အတိတ်က အရိပ်မည်းကြီးတွေဆီကနေ အသက်ရှင်လျက် ရုန်းထွက်နိုင်ပါ့မလားဆိုတာ ရင်တထိတ်ထိတ်နဲ့ ရှုစားလိုက်ရအောင်ပါ။
PANOR (2025)
ထိုင်းကားကိုမှ စုန်းအောက်လမ်းအတတ်ပညာတွေ ကြိုက်နှစ်သက်တဲ့ ထိုင်းဟော်ရာ Fans တွေ လက်မလွတ်တန်း ကြည့်သင့်တဲ့ကား

PANOR (2025)

ဇာတ်လမ်းအကျဉ်း

ရွာတစ်ရွာမာ ဖန်နော် ဆိုတဲ့ကောင်မလေးကအောက်လမ်းနည်းပညာတွေ ပေါများတဲ့ကာလမာဖွေးဖွားလာပြီး သူမရဲ့အသွေးအသားထဲမာလည်းအောက်လမ်းဓာတ်တွေရှိနေတဲ့အတွက်သူမ အမေအပါအဝင်တစ်ရွာလုံးကဝိုင်းပြီးသူမကိုရွံရှာစွာနဲ့ဖယ်ကြဉ်ကြပါတယ် ။
သူမနဲ့ပတ်သက်မိတဲ့သူတိုင်းအသေဆိုးနဲ့သေရတယ်ဆိုပြီးကောလဟာလတွေဟာတစ်ရွာလုံးကိုပြန့်နှံ့နေခဲ့ပါတယ်။
တစ်နေ့မာတော့သူမရဲ့သူငယ်ချင်းသေဆုံးမှုကိုစုံစမ်းနေတဲ့အချိန်မာ သူမဘယ်လိုဒီလိုအောက်လမ်းနည်းပညာကြီးကိုရခဲ့တာလဲ??? သူမသူငယ်ချင်းကိုရော ဘယ်သူတွေကသတ်လိုက်တာလဲ???? ဆိုတာကို
" Vengeance " (2006)

ဇာတ်လမ်းအကျဉ်း...

ရဲအရာရှိအဖွဲ့တစ်ဖွဲ့ဟာအန္တရာယ်များတဲ့ ရာဇဝတ်သားအုပ်စုတစ်စုကို ဖမ်းဆီးဖို့ လိုက်လံရှာဖွေနေရပါတယ်။အဲ့ရာဇဝတ်သားတွေကကျိန်စာသင့်နေတဲ့ လျှို့ဝှက်တောတစ်ခုအတွင်း ဝင်ရောက်သွားကြတယ်။

တောထဲသို့ ဝင်သွားပြီးနောက် ရဲအရာရှိများနှင့် ရာဇဝတ်သားများသည် ဒဏ္ဍာရီထဲက သတ္တဝါများတည်ရှိနေတဲ့ထူးဆန်းတဲ့ ကမ္ဘာတစ်ခုကို တွေ့ရှိလာကြတဲ့ဇာတိကားကောင်းလေးပဲဖြစ်ပါတယ်။
" Oh My Ghost 4 " (2015)

ပန်ကိတ် အဖြစ် Kohtee Aramboy
မော့ဒန် အဖြစ် Ekachai Srivichai
တာအို အဖြစ် Jaturong Mokjok
ကာတွန်း အဖြစ် Yingsak Jonglertjesdawong

ဇာတ်လမ်းအကျဥ်း...

ကျောင်းမိတ်ဆုံစားပွဲမှာ မိန်းကလေးတစ်ယောက်ရဲ့အကူညီတောင်းမှုကြောင့် တာအိုတို့အခြောက်မတစ်သိုက်ဟာ ယောကျ်ားလေး ကျောင်းတစ်ခုကို ဆရာမအဖြစ် ရောက်လာခဲ့ကြပါတယ်။ အသတ်ခံရပြီး မကျွတ်မလွတ်တဲ့ သရဲမလေး ဆုန်ကင်အတွက် လူသတ်တရားခံကို ရှာပေးကြဖို့ လာခဲ့ကြတာပါ။ အဲ့ဒီကကျောင်းအုပ်ဆရာမကြီးမှာ သမီးတစ်ယောက်နဲ့ ညီမတစ်ယောက်ရှိပါတယ်။ ဒါပေမဲ့ ကျောင်းအုပ်ဆရာမကြီးညီမနဲ့ တာအိုတို့အဖွဲ့က မတည့်ကြပါဘူး။

ကျောင်းအုပ်ဆရာမကြီးညီမက တာအိုတို့အဖွဲ့နဲ့ ကျောင်းသားတွေကို ကျောင်းနားက အဆောက်အအုံဟောင်းဆီမသွားဖို့ တားမြစ်ခဲ့ပါတယ်။ အစကတော့ ကျောင်းသားတွေလည်း အဲဒီအဆောက်အအုံဟောင်းဆီကို မသွားရဲခဲ့ပါဘူး။ ဒါပေမဲ့ တစ်ညမှာတော့ ကျောင်းသားတစ်ယောက်က အဆောက်အအုံဟောင်းကြီးကို အိမ်မက်မက်ရင်း လန့်နိုးလာပါတယ်။ အဲဒီအိမ်မက်ကြောင့်ပဲ ကျောင်းသားတစ်သိုက်ဟာ
A-l-a-s-R-o-b-a-n-2026.
==================
IMDb Rating (6.0)

ဒီတစ်ခါတော့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလထဲမှာ ရုံတင်ထားတဲ့ အင်ဒိုနီးရှား သရဲကားအသစ်လေး Alas Roban တင်ပေးထားပါတယ်။ အင်ဒိုနီးရှား သရဲကားတွေကတော့ သိတဲ့အတိုင်းပဲ သူတို့ရဲ့ ရိုးရာယုံကြည်မှုတွေ၊ ပယောဂတွေနဲ့ဆိုတော့ တော်တော်လေး ကြည့်လို့ကောင်းတယ်။ ဒီကားကလည်း အင်ဒိုနီးရှား ဂျာဗားကျွန်းအလယ်ပိုင်းက နာမည်ကြီး သရဲခြောက်တဲ့ တောလမ်းကြီးဖြစ်တဲ့ Alas Roban ကို အခြေခံပြီး ရိုက်ထားတာပါ။

ဇာတ်လမ်းအကျဉ်း

ဆီတာ ဆိုတဲ့ မိခင်တစ်ယောက်နဲ့ သမီးလေး ဂျန်ဒစ် တို့ သားအမိနှစ်ယောက် Alas Roban လမ်းမကြီးပေါ်မှာ ကားပျက်ပြီး သောင်တင်သွားရာကနေ ဇာတ်လမ်းစထားတယ်။ အဲဒီလို သောင်တင်နေရင်း ညဘက်ကြီးမှာ ထိတ်လန့်စရာကောင်းတဲ့ ခြောက်လှန့်မှုတွေ အများကြီးနဲ့ ကြုံလာရတာပေါ့။နောက်ပိုင်းကျမှ ဘာသွားသိရလဲဆိုတော့ သမီးလေးဟာ အရင်က မေ့လျော့နေခဲ့တဲ့ ရိုးရာပူ-ဇေ-ာ်ပ-သမှု ကတိတစ်ခုကြောင့် ဒေဝီရာရက်စ် ဆိုတဲ့ နာမ်လောကသားတစ်ယောက်ရဲ့ ပစ်မှတ်ထားတာကို ခံနေရတာ ဖြစ်နေတယ်။

ဒါနဲ့ပဲ သမီးလေးကို ကယ်ဖို့အတွက် ဆီတာ တစ်ယောက် သူ့ရဲ့ ဝမ်းကွဲညီမ တီကာ၊ Alas Roban တောလမ်းရဲ့ အကြောင်းတွေကို ကောင်းကောင်းသိတဲ့ လူနာတင်ယာဉ်မောင်း အန်တို နဲ့ လောကီပညာရှင် အန်တီကြီး ဘူအီမာ တို့နဲ့ ပူးပေါင်းပြီး အဲဒီတောကြီးထဲကို ပြန်သွားရပါတော့တယ်။ သမီးလေးကို ကယ်ဖို့ သတ်မှတ်ထားတဲ့ ညမတိုင်ခင် နောက်ဆုံးပူဇော်ပသမှုကို လုပ်နိုင်ပါ့မလားဆိုတာ ရင်တမမနဲ့ ဆက်ကြည့်ရမယ့် ကားလေးပါ။

Alas Roban တောလမ်းကြီးရဲ့ ကျောချမ်းစရာ တကယ့်ဖြစ်ရပ်မှန်များ

ကိုလိုနီခေတ်က သွေ-းစွ-န်းခဲ့တဲ့ လမ်းမကြီး: Alas Roban လမ်းမကြီးကို နယ်သာလန် (ဒတ်ချ်) ကိုလိုနီခေတ်က ဖောက်လုပ်ခဲ့တာပါ။ အဲဒီအချိန်က ဒေသခံ အင်ဒိုနီးရှားလူမျိုးတွေကို အတင်းအကျပ် လုပ်အားပေးခိုင်းစေခဲ့တယ်။ အလုပ်ကြ-မ်းဒ-ဏ်၊ င-တ်မွ-တ်မှုနဲ့ ရောဂါဘယတွေကြောင့် အလုပ်သမား ထောင်ပေါင်းများစွာ ‌ေ-သဆုံးခဲ့ရပြီး သူတို့ရဲ့ အလော-င်းတွေကို ဒီတောကြီးထဲမှာပဲ ဒီအတိုင်း ပစ်ထားခဲ့ကြတယ်လို့ သမိုင်းမှတ်တမ်းတွေက ဆိုပါတယ်။

ဒါကြောင့် ဒီနေရာမှာ အစိမ်း‌ေ-သ ‌ေ-သခဲ့ရသူတွေရဲ့ ဝိညာဉ်တွေ ကျက်စားနေတယ်လို့ ယုံကြည်ကြတာပေါ့။ ၁၉၈၀ ပြည့်လွန်နှစ်များက အလော-င်းစွန့်ပစ်ရာ နေရာ: အင်ဒိုနီးရှားမှာ ၁၉၈၀ ပြည့်လွန်နှစ်တွေတုန်းက ရာ-ဇ-ဝ-တ်ကောင်တွေကို လျှို့ဝှက်-တ်ဖြ-တ်တဲ့ စ-စ်ဆ-င်ရေ-း (Petrus လို့ခေါ်တယ်) တစ်ခု ရှိခဲ့ဖူးတယ်။ အဲဒီတုန်းက အ-တ်ခံရတဲ့ လူမိုက်တွေ၊ ရာ-ဇ-ဝ-တ်ကောင်တွေရဲ့ အလောင်းတွေကို ဒီ Alas Roban တောကြီးထဲမှာ လာလာပစ်လေ့ရှိတယ်လို့ နာမည်ကြီးတယ်။

မကြာခဏဖြစ်လေ့ရှိတဲ့ ယာဉ်တို-က်မှုများ: လမ်းက တောင်တက်တောင်ဆင်း ကြ-မ်းတ-မ်းပြီး အကွေ့အကောက်များတဲ့အပြင် ဘေးဘက်မှာလည်း ကျွန်းတောကြီးက အုပ်ဆိုင်းနေတော့ နေ့လယ်ဘက်တောင် မှောင်မိုက်နေတတ်ပါတယ်။ ယာ-ဉ်တို-က်မှုတွေ မကြာခဏ ဖြစ်တတ်ပြီး ဒေသခံတွေကတော့ ဒါဟာ လမ်းမှာရှိတဲ့ နာမ်လောကသားတွေက အသ-က်တောင်းတာ (သို့) ပူ-ဇေ-ာ်ပ-သမှု တောင်းတာလို့ ယုံကြည်ကြတယ်။

ယာဉ်မောင်းတွေရဲ့ ခြောက်လှန့်ခံရမှု အတွေ့အကြုံများ: ညဘက် ဒီလမ်းကို ဖြတ်မောင်းတဲ့ ယာဉ်မောင်းတော်တော်များများက ထူးဆန်းတဲ့ အရာတွေ ကြုံရလေ့ရှိတယ်လို့ ပြောကြတယ်။ ဥပမာ - ကားလမ်းကြုံလိုက်စီးချင်တဲ့ သရဲတွေ၊ ဖြတ်လျှောက်သွားတဲ့ အရိပ်မည်းကြီးတွေ၊ ဘာအကြောင်းမှမရှိဘဲ ကားရုတ်တရက် ထိုးရပ်သွားတာမျိုးတွေ မကြာခဏ ကြုံရတတ်ပါတယ်။

ဒီလိုမျိုး သွေ-းစွ-န်းခဲ့တဲ့ သမိုင်းကြောင်းတွေ၊ ဖြေရှင်းမရတဲ့ လျှို့ဝှက်ချက်တွေနဲ့ ဒေသခံတွေရဲ့ ပယောဂယုံကြည်မှုတွေကို အခြေခံပြီး ရိုက်ကူးထားတာမို့ Alas Roban ရုပ်ရှင်က ကြည့်ရတာ ပိုပြီး အသ-က်ဝင်နေတာပါ။

မင်းသမီး မီရှဲ ဇီယူဒစ် နဲ့ မင်းသား ရီယို ဒီဝမ်တို တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ Hadrah Daeng Ratu က ရိုက်ကူးထားတာပါ။ မိသားစု ဒရာမာလေးနဲ့ သရဲခြောက်လှန့်မှုတွေကို သေသေချာချာလေး ပေါင်းစပ်ထားလို့ ဇာတ်လမ်းက ကြည့်ရတာ မပျင်းဘူး။ အင်ဒိုနီးရှား သရဲကားအငွေ့အသက်တွေအတိုင်း လျှို့ဝှက်သည်းဖိုနဲ့ လန့်စရာကောင်းတဲ့ ကားမျိုးကိုမှ သဘောကျတဲ့ သူတွေဆိုရင်တော့ သေချာပေါက် ကြည့်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
B-e-f-o-r-e G-r-a-n-n-y G-e-t-s U-s (2026)
+++++++++++++++++++++++++++

အင်ဒိုနီးရှား သရဲကား အလန်းစားလေး တစ်ကားတင်ပေးထားပါတယ်။ သရဲကား ပရိသတ်တွေ အကြိုက်တွေ့စေမယ့် ကားသစ်လေးပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းချုပ်

အခြားအင်ဒိုနီးရှားရုပ်ရှင်တွေလိုပဲ ဒီဇာတ်ကားဟာ မိခင်တစ်ယောက်ရဲ့အိမ်၊ မိသားစုလျှို့ဝှက်ချက်တွေနဲ့ ကြောက်စရာကောင်းတဲ့ အဘွားအိုတစ်ယောက်အကြောင်းကို အဓိကထားပါတယ်။ ဇာတ်လမ်းဟာ မမျှော်လင့်ထားတဲ့အချိန်တွေမှာ ထူးဆန်းတဲ့ဖြစ်ရပ်တွေ ဖြစ်ပျက်နေတာနဲ့အတူ အဘွားအိုနဲ့ဆက်စပ်နေတဲ့ ကြောက်စရာကောင်းတဲ့ကောလာဟလတွေနဲ့ မှော်ပညာတွေနဲ့အတူ နောက်ခံမှာ ဖြစ်ပေါ်လာပါတယ်။

Jumpscares များ:ရုတ်တရက်
ထလန့် သွားစေမယ့် အခန်းတွေ တော်တော်လေး ပါ လို့သရဲကားကို အသဲတယားယားနဲ့ ကြည့် ချင်သူတွေအတွက် အိုကေပဲနော်

သရဲခြောက်တာသက်သက်တင် မဟုတ်ဘဲ ဒီလို ဖြစ်ရတဲ့ အကြောင်းရင်း၊ အတိတ်က အမှားတွေနဲ့ မိသားစု လျှို့ဝှက်ချက်တွေကိုပါ လိုက်တွေး ရမှာမို့ ဇာတ်လမ်းက မပျင်းရပါဘူး။

သရွဲ့ကား ကြိုက်တဲ့ သူတွေ၊ အထူးသဖြင့် အင်ဒိုနီးရှား ပယောဂ ဇာတ်လမ်းတွေ၊ အိမ် ဟောင်းကြီးတွေထဲက ခြောက်လှန့်မှုတွေ့ ကို သဘောကျတဲ့ သူတွေဆိုရင်တော့ ကြည့် ရတာ ရင်တုန်မယ့် ကားလေး တစ်ကားပါ။ အားလပ်ရက်မှာ သူငယ်ချင်းတွေ မိသားစု တွေနဲ့ စုပြီး မီးလေးပိတ်၊ စီပီကာ အသံလေး နည်းနည်းတင်ပြီး ကြည့်လိုက်ရင် တကယ် ကို လန့်စရာ ဖီလ်အပြည့် ရဲစေမှာ သေချာပါ တယ်။
A-gak La-en: M-eny-ala Pa-ntiku! (2026)
===============================
သူငယ်ချင်းလိုခင်ရတဲ့ ရဲ-တ-ပ်ဖွဲ့ဝင်စုံထောက်လေးယောက်တို့ဟာ မစ်ရှင်တိုင်းမှာ အမြဲအမှားလုပ်ပြီး ကျရှုံးနေကြတဲ့အတွက် အခုတစ်ကြိမ်မှာတော့ သူတို့အတွက် နောက်ဆုံးအခွင့်အရေးတစ်ခုပဲ ကျန်တော့ပါတယ်

သူတို့ရဲ့ မိသားစုအရေး ငွေကြေးအခက်အခဲကြောင့် ဒီမစ်ရှင်ကို မဖြစ်မနေ အောင်မြင်အောင်လုပ်ကြရမဲ့ ဖိအားရှိနေခဲ့ပါတယ်

အဲဒီမစ်ရှင်မှာ သူတို့ ၄ ယောက်ဟာ သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာတစ်ခုထဲကို လျှို့ဝှက်စွာ ဝင်ရောက်ပြီး မြို့တေ'ာ်ဝ'န်သား အသ-'တ်-ခံရမှုနဲ့ ဆက်နွယ်နေတဲ့ တ-ရာ-းခံကို ရှာဖွေရမှာပါ

ဒါပေမယ့် သူတို့ရဲ့ အလွဲအချော်အဖြစ်အပျက်တွေကြောင့် မစ်ရှင်က ပိုရှုပ်ထွေးလာပြီး အခြေအနေတွေ ဗြောင်းဆန်လာခဲ့ရပါတယ်

သူတို့လုပ်သမျှ အစီအစဉ်တိုင်းက လွဲချော်နေတတ်ပေမဲ့ မထင်မှတ်ထားတဲ့ အခွင့်အရေးတစ်ခုကြောင့် သူတို့ရဲ့ စွမ်းဆောင်ရည်တွေက ဝုန်းခနဲ တောက်ပလာတဲ့အခါ ....

သူတို့တွေ ဘယ်လိုလှည့်ကွက်တွေနဲ့ လူသ-တ်-သ-မားကို ရှာဖွေဖော်ထုတ်မလဲ....

သူတို့မစ်ရှင် အောင်မြင်မလား ရှုံးနိမ့်မလားဆိုတာ...

စိတ်အပန်းဖြေဖို့အတွက် ဟာသကားကောင်းကောင်း ရှာနေရင်တော့ မလွတ်တမ်းကြည့်ရှုဖို့ ညွှန်းဆိုပါရစေ
Food Truck: Stolen Love... and Moo Deng (2025)

မာမြောင် အဖြစ် Mario Maurer
ဂျတ် အဖြစ် Jack Chaleumpol
ဘော့ဘီ အဖြစ် Jazz ChuanChuen
ဆာရန်း အဖြစ် Chun Pachchun

အရင်က Sound Technician တစ်ယောက်ဖြစ်ပြီး အခုတော့ ASMR Influencer အဖြစ် အေးအေးဆေးဆေး ဘဝကို ဖြတ်သန်းနေတဲ့ မာမြောင်

တစ်ယောက်တည်းနေရတာကို နှစ်သက်တဲ့ သူ့ဘဝထဲကို မမျှော်လင့်ထားတဲ့ မုန်တိုင်းတစ်ခု ဝင်ရောက်လာပါတယ် အဲဒါကတော့ သူ့ရဲ့အတိတ်က အချစ်ဟောင်းတစ်ယောက်ရဲ့သားလေး ဆာရန်း

အမေဖြစ်သူရဲ့လျစ်လျူရှုမှုကို ခံနေရတဲ့ ကိုရီးယားကောင်လေး ဆာရန်းက အိမ်ကနေ ထွက်ပြေးပြီး အစားသောက်ကားတစ်စီးပေါ်ကို ခိုးတက်သွားရာကနေ အကုန်လုံး ရှုပ်ထွေးကုန်ပါတော့တယ်

ဒီကားကို မောင်းနှင်နေသူကတော့ ဆတ်ဆတ်ထိမခံတဲ့ဂျတ်ရယ် လမ်းမှာမှ ခရီးဖော်အဖြစ် ပါဝင်လာတဲ့ အနုပညာဒါရိုက်တာ ဘော့ဘီတို့နဲ့အတူ အဖွဲ့သားတွေ စုံသွားပါတော့တယ် အဆုံးဆုံးကတော့ နာမည်ကြီးရေမြင်းလေးမူဒန်ကပါ သူတို့ကားပေါ်မှာ ပါဝင်လာတဲ့အခါ...

မာမြောင်တစ်ယောက် ဘယ်လိုတွေခေါင်းကိုက်ပြီး ဒီခရီးစဉ်ကို အဆုံးသတ်မလဲဆိုတာကတော့ ကိုယ်တိုင်ပဲ ရယ်မောပျော်ရွှင်စွာနဲ့ကြည့်ရှုခံစားနိုင်ပါပြီရှင်
ခု review ပေးထားတဲ့ကားတွေ တင်ပေးထားပါတယ်

https://t.me/recapmm/479