ဗုဒ္ဓဟူးမ
3.93K subscribers
1.05K photos
217 videos
617 links
Copyright Disclaimer
No copyright infringement intended. I do not own any of the video or music. Use only for the entertainment purpose only under the principal of Fair Use.
Download Telegram
အမဲလိုက်စက်ကွင်းသံသရာ
(追锋) Chase 2026 Movie 🔍🏺

ဇာတ်လမ်းအကျဉ်း 📝

ကျန်းယွမ်ခရိုင် ရဲမှူးကြီးဆီကို အထက်က အမိန့်တစ်ခု ရောက်လာတာကတော့ "Dr. T" လို့ အမည်ဝှက်ပေးထားတဲ့ ခေါင်းဆောင်ဦးဆောင်တဲ့ မြေအောက် ရှေးဟောင်းပစ္စည်း မှောင်ခိုဂိုဏ်းကို အမြစ်ပြတ်ချေမှုန်းဖို့ပါပဲ ဒီတာဝန်ကို ထက်မြက်တဲ့ ရဲအရာရှိ Lin Mumu ဦးဆောင်တဲ့ အထူးစုံထောက်အဖွဲ့က တာဝန်ယူလိုက်ရပါတယ်

အမှုကို လိုက်လံစုံစမ်းရင်းနဲ့ Lin MuMu ဟာ ဒီမှောင်ခိုဂိုဏ်းဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ဖြစ်ပွားခဲ့တဲ့ ရွှီမိသားစု လူသတ်မှုနဲ့ ဆက်နွှယ်နေတာကို ထူးဆန်းစွာ တွေ့ရှိခဲ့ပါတယ်

ရဲတပ်ဖွဲ့ရဲ့ မဆုတ်မနစ် ကြိုးစားမှုကြောင့် ခိုးယူခံထားရတဲ့ ရှေးဟောင်းပစ္စည်းတွေကို ပြန်လည်သိမ်းဆည်းနိုင်ခဲ့ရုံတင်မကဘဲ နှစ်ပေါင်းများစွာ ဖုံးကွယ်ခံထားရတဲ့ ရွှီမိသားစုအတွက် တရားမျှတမှုကိုပါ ပြန်လည်ဖော်ဆောင်ပေးနိုင်ခဲ့ပါတယ်
ဟုန်ရှီသောင်ပြင်တိုက်ပွဲ
(红石滩阻击战) The Battle of Hong Shi 2026 Movie

"အင်အားချင်းမမျှပေမဲ့ သတ္တိကတော့ အပြည့်ရှိတယ် ကွမ်ရှီးပြည်နယ်ရဲ့ ဟုန်ရှီသောင်ပြင်မှာ ရေးထိုးခဲ့တဲ့ သမိုင်းဝင် အောင်ပွဲတစ်ခု..."


ဇာတ်လမ်းအကျဉ်း 📝

၁၉၄၅ ခုနှစ် ကွမ်ရှီးပြည်နယ်ရှိ ချန်ကျန်းမြစ်ကမ်းဘေးက ဟုန်ရှီသောင်ပြင်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတစ်ခုအကြောင်းဖြစ်ပြီး
အင်အား ၃၀၀ ကျော်ရှိတဲ့ ဂျပန်စစ်တပ်ရဲ့ လက်ရွေးစင် တပ်ဖွဲ့ဝင်တွေကို ရင်ဆိုင်ဖို့အတွက် ကွမ်ရှီးဒေသခံ Volunteer တပ်ဖွဲ့ဝင်တွေဟာ အင်အားနည်းပေမဲ့ သူရဲကောင်းပီသစွာ ရင်ဆိုင်ခဲ့ကြပါတယ်

ဟုန်ရှီသောင်ပြင်ရဲ့ ပထဝီဝင် အနေအထားကို အသုံးချပြီး သေမင်းတမန် ထောင်ချောက် ဆင်ပြီး ၁၅ နာရီကြာအောင် ပြင်းပြင်းထန်ထန် ခုခံစစ် ဆင်နွှဲခဲ့ကြပါတယ်

ဒီတိုက်ပွဲမှာ ဂျပန်စစ်သား ၁၂၀ ကျော်ကို အသေသတ်နိုင်ခဲ့ပြီး အင်အားနည်းသူက အင်အားကြီးသူကို အနိုင်ယူပြခဲ့တဲ့ ဒီအောင်ပွဲဟာ ဒေသခံပြည်သူတွေရဲ့ မျိုးချစ်စိတ်ဓာတ်ကို အကြီးအကျယ် နှိုးဆော်ပေးနိုင်ခဲ့ပါတယ်
စိတ်ဝိညာဉ်မဲ့ ခရီးသည် (明日回游) Drunken Woman 2026 Movie

ဒီတစ်ခါတော့ ညဉ့်နက်ပိုင်းမှာ ကြည့်မိရင် တကယ့်ကို ကျောချမ်းသွားစေမယ့် Psychological Horrorကားလေးနဲ့ မိတ်ဆက်ပေးမယ်နော် ဒီကားက ကိုယ်ဝန်ဆောင်သည်တစ်ယောက်ရဲ့ အထီးကျန်မှုနဲ့ ကြောက်ရွံ့မှုကို အသုံးချပြီး ပရိသတ်ကို ခြောက်လှန့်မယ့် Thriller အမျိုးအစားပဲဖြစ်ပါတယ်

"လူတိုင်းက မင်းကို အကောင်းဆုံး ဂရုစိုက်ပေးနေပါတယ်လို့ ပြောနေကြပေမဲ့ တကယ်တမ်းမှာတော့ မင်းဟာ လှောင်အိမ်ထဲက သားကောင်တစ်ကောင်လို ပိတ်မိနေတာဆိုရင်ရော......"


ဇာတ်လမ်းအကျဉ်း 📝

မီးဖွားခါနီးဖြစ်နေတဲ့ Li Qing ကို သူမရဲ့ မိသားစုဝင်တွေက မြို့ပြင်က တိတ်ဆိတ်တဲ့ ဗီလာအိမ်ကြီးဆီကို အနားယူဖို့ ခေါ်ဆောင်သွားခဲ့ပါတယ် အပေါ်ယံကြည့်ရင်တော့ သူမကို သေချာဂရုစိုက်ပေးနေသလို ထင်ရပေမဲ့ တကယ်တမ်းမှာတော့ Li Qing ဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ ပူးပေါင်းကြံစည်မှုကြီးတစ်ခုထဲကို ရောက်ရှိနေတာပါ
ခိုးယူခံရ‌သော အရိပ်
(盗影迷局) The Lost Shadow 2026 Movie

"တစ်ခါတလေကျရင် ကျေးဇူးတရားဆိုတာ ဝတ်ရုံတစ်ခုလို ကိုယ့်ကို နွေးထွေးစေပေမဲ့ အဲဒီဝတ်ရုံကပဲ ကိုယ့်ကို အမှောင်ထုထဲ ဆွဲခေါ်သွားတဲ့ ကြိုးတစ်ချောင်းလည်း ဖြစ်နေရင်..."

လူ့သဘာဝရဲ့ အားနည်းချက်ကို အသုံးချပြီး လှည့်စားတတ်တဲ့ လောကကြီးအကြောင်းကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့် ကားမျိုးဖြစ်တာမို့ အကြိုက်တွေ့စေမှာပါ

ဇာတ်လမ်းအကျဉ်း 📝

Chen Jianye ဟာ လေဖြတ်နေတဲ့ မိခင်အိုကြီးကို အကောင်းဆုံး ပြုစုစောင့်ရှောက်ဖို့အတွက် ငွေကြေးအသည်းအသန် လိုအပ်နေသူတစ်ဦးပါ ဒီလိုအားနည်းချက်ကို သိတဲ့ Shi Daokuan ရဲ့ လှည့်စားမှုကို ယုံမိပြီး Chen JianYe ဟာ မတော်တဆ ကြီးလေးတဲ့ ခိုးမှုတစ်ခုထဲမှာ ပါဝင်ပက်သက်မိသွားပါတယ်

အမှားကို သိလို့ ရဲစခန်းမှာ ဝန်ခံဖို့ ပြင်ဆင်နေချိန်မှာပဲ Shi DaoKuan က သူ့အပေါ်မှာ ထားခဲ့တဲ့ အပေါ်ယံ ကျေးဇူးတရားတွေနဲ့ ပြန်လည်နှောင်ဖွဲ့လိုက်တာကြောင့် Chen JianYe ဟာ ပိုပြီး နက်ရှိုင်းတဲ့ ရာဇဝတ်မှုတွင်းထဲကို ကျဆင်းသွားခဲ့ရပါတယ်
ကောင်းကင်ကြီးလောက် အလိုလိုက်ပါ့မယ်
(宠它) Pet It 2026 Movie 🐍

ပေါ့ပေါ့ပါးပါးနဲ့ ရယ်မောရင်း ကြည့်ရှုရမယ့် ရုပ်ရှင်ကားသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်နော် လူမှုဘဝ အဆင့်အတန်း မတူညီတဲ့ လူငယ်နှစ်ယောက်ရဲ့ ကြားက သံယောဇဉ်ကို ဟာသနှောပြီး ရိုက်ပြထားတဲ့ လက်ရာလေးပါ


ဇာတ်လမ်းအကျဉ်း

ပါဆယ်ပို့သမားလေးဖြစ်တဲ့ Liu Fengrui ဟာ မတော်တဆ ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက်မှာတော့ အခြေအနေတွေ ပြောင်းလဲကာ သူဌေးသမီးလေး Mengqi ရဲ့ အိမ်မွေးမြွေကို ပြုစုစောင့်ရှောက်ရမယ့် အိမ်မွေးမြွေထိန်းသူ ဖြစ်လာခဲ့ပါတယ်

White Snake လို့ အမည်ရတဲ့ အိမ်မွေးမြွေလေးကို စောင့်ရှောက်ရင်းနဲ့ Liu FengRui ဟာ Meng Qi ရဲ့ ရည်းစားဖြစ်သူရဲ့ အရေခြုံ လှည့်စားမှုတွေကို တဖြည်းဖြည်း မြင်တွေ့လာရသလို တစ်ဖက်မှာလည်း သူ့ရဲ့ ကိုယ်ပိုင်ရည်းစားနဲ့ ကြားမှာ အထင်လွဲမှားမှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်

နောက်ဆုံးမှာတော့ ဒီအိမ်မွေးမြွေလေးဟာ ဗီလိန်ရဲ့ လိမ်ညာမှုတွေကို ခွာချပစ်မယ့် အဓိက သော့ချက်ဖြစ်လာပြီး အဆင့်အတန်း ကွာခြားလှတဲ့ လူငယ်နှစ်ယောက်ဟာ ပျော်စရာ ဆူဆူညံညံ ဇာတ်လမ်းတွေကြားကနေ စစ်မှန်တဲ့ အချစ်ကို ရှာဖွေတွေ့ရှိသွားပါတော့တယ်
သိုင်းကမ္ဘာကိုကယ်တင်မဲ့ တေးဂီတ
(乐救武林) Music Saves The Martial Arts 2026 Movie

"သိုင်းပညာနဲ့ နှိမ်နင်းလို့ မရမှ‌တော့ ဂီတအစွမ်းနဲ့ပဲ ပြန်ချော့ရတော့မယ်... ..."

ဟောင်ကောင်နာမည်ကျော် ဒါရိုက်တာ Lai Shui-ching ရိုက်ကူးထားတဲ့ Action-Comedy ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်နော် ဇာတ်လမ်းက ပေါ့ပေါ့ပါးပါးနဲ့ ရယ်မောရင်း ကြည့်ရမယ့်အပြင် ဂီတနဲ့ သိုင်းပညာကို ဆန်းဆန်းပြားပြား ပေါင်းစပ်ပြထားတာပါ


ဇာတ်လမ်းအကျဉ်း 📝

သီချင်းဆိုရတာကို အသက်ထက်မြက်မြက် ဝါသနာပါတဲ့ Fang Zhan ဟာ သူငယ်ချင်းဟောင်းရဲ့ သိုင်းသင်တန်းကျောင်းဆီကို အလည်သွားခဲ့ပေမဲ့ သင်တန်းကျောင်းရဲ့ မျိုးဆက်သစ် ညီအစ်ကိုနှစ်ယောက်က ကျောင်းကို အဖတ်ဆယ်မရအောင် ရှုပ်ပွနေစေတာကို တွေ့လိုက်ရပါတယ်

ဒီအခွင့်အရေးကို အသုံးချပြီး သူတို့ရဲ့ အမြဲတမ်း ရည်မှန်းချက်ကြီးတဲ့ ဂျူနီယာမလေး Xin Zhinuo က လမ်းမှားလိုက်နေတဲ့ ကြံ့ခိုင်ရေးသင်တန်းကျောင်း တစ်ခုကို ဖွင့်လှစ်ကာ သိုင်းလောကရဲ့ အာဏာကို သိမ်းပိုက်ဖို့ ကြိုးစားပါတော့တယ်
အမှောင်ထုကြီးစိုးရာလမ်း
T-h_e R-e_m-n_a-n_t 2026 Movie

ဒီဇာတ်ကားလေးက ဟောင်ကောင်ရုပ်ရှင်ပွဲတော်တွေမှာပါ ပြသခွင့်ရခဲ့တဲ့ ကားကောင်းတစ်ကားဖြစ်ပြီး ဝါရင့်သရုပ်ဆောင်ကြီး Philip Keung ရဲ့ ဝါရင့်ပိရိလှတဲ့ သရုပ်ဆောင်ချက်တွေက ဇာတ်ကောင်ရဲ့ အတွင်းစိတ်ခံစားချက်ကို အမိအရ ပုံဖော်ပေးနိုင်ခဲ့သလို Cecilia Yip နဲ့ Fish Liew တို့ရဲ့ အားဖြည့်မှုတွေကလည်း ဇာတ်လမ်းကို ပိုမိုခိုင်မာစေတာမို့ ကြည့်ရတာ တကယ့်ကို တန်စေမှာပါနော်


ဇာတ်လမ်းအကျဉ်း 📝

အတိတ်က သွေးစွန်းခဲ့တဲ့ လူမိုက်လောကကနေ အပြီးအပိုင်အနားယူပြီး သာမန်အရပ်သားတစ်ဦးလို အေးအေးချမ်းချမ်း နေထိုင်နေတဲ့ အဖွဲ့အစည်းခေါင်းဆောင်ဟောင်းကြီးတစ်ဦး ရှိပါတယ် သူဟာ မြို့ပြရဲ့ ရပ်ကွက်ဟောင်းလေးတစ်ခုမှာ အတိတ်ကိုဖျောက်ပြီး အိမ်နီးနားချင်းတွေနဲ့အတူ သဟဇာတဖြစ်အောင် နေထိုင်နေခဲ့တာပါ

ဒါပေမဲ့ တစ်နေ့မှာတော့ လောဘဇောတက်နေတဲ့ အိမ်ခြံမြေလုပ်ငန်းစုကြီးတွေနဲ့ ခေတ်သစ်လူမိုက်တွေပူးပေါင်းပြီး အဲဒီရပ်ကွက်ဟောင်းကို မတရားဈေးနှိမ်သိမ်းယူဖို့ ဖျက်ဆီးဖို့ ကြိုးစားလာကြပါတယ်
Wild Nights, Tamed Beasts (2026)
၂၇ ကြိမ်မြောက် Shanghai international ရုပ်ရှင်ပွဲတော်မှာဆုကြီးရရှိထားပြီးတော့ ဇာတ်ဆောင်မင်းသမီးဖြစ်တဲ့ Regina Wanကလဲ ဒီဇာတ်ကားနဲ့ပဲ အကောင်းဆုံးအမျိုးသမီး
သရုပ်ဆောင်ဆုကိုရခဲ့တဲ့ ဒရာမာရုပ်ရှင်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းလေးကတော့ ယဲ့ရှောင်လင်ဆိုတဲ့ သက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်ပေးတဲ့
အိမ်အကူတစ်ယောက်အကြောင်းပဲဖြစ်ပါတယ်။ ယဲ့ရှောင်လင်က သက်ကြီးရွယ်အိုတွေရှိတဲ့ အိမ်ကိုအိမ်အကူအနေနဲ့ဝင်ရောက်လုပ်ကိုင်ပြီး သူ့ရဲ့တကယ့်ရည်ရွယ်ချက်ကတော့ အဲဒီအိမ်မှာလူသတ်မှုကျူးလွန်ဖို့ပါပဲ
သူ့ရဲ့အစီအစဉ်တွေက တိရိစ္ဆာန်ထိန်းတစ်ယောက်ဖြစ်တဲ့ မာသယ်ယုံနဲ့ တွေ့ပြီးနောက်ပိုင်းမှာတော့ ပြောင်းလဲသွားခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့တွေ့ဆုံမှုကြောင့် ယဲ့ရှောင်လင်ရဲ့
နဂိုဘဝဟန်ချက်တွေပျက်ပြီး သူ့ရဲ့ရာဇဝတ်မှုအစီအစဉ်တွေကလဲလွဲချော်ကုန်ပါတယ်။ တစ်ဖက်မှာလဲရဲအရာရှိ ကျိုးဖျင်ကလဲ အမှုတစ်ခုကိုစုံစမ်းရင်း သူတို့၂ယောက်ဆီကို
တိုက်တိုက်ဆိုင်ဆိုင်ရောက်လာပါတယ်။ ဒီလိုနဲ့ မတူညီတဲ့ရည်ရွယ်ချက်တွေ မတူညီတဲ့ဘဝနောက်ကြောင်းတွေနဲ့ သူတို့(၃)ယောက်ရဲ့ကံကြမ္မာတွေဟာ
ဒီအမှုကြီးထဲမှာထူးဆန်းစွာပဲ တစ်ခုနဲ့တစ်ခုရစ်နွယ်ချည်နှောင်မိသွားကြပါတယ်
ခု review ပေးထားတဲ့ကားတွေတင်ပေးထားပါတယ်
https://t.me/recapmm/384
Wild Nights, Tamed Beasts (2026)
၂၇ ကြိမ်မြောက် Shanghai international ရုပ်ရှင်ပွဲတော်မှာဆုကြီးရရှိထားပြီးတော့ ဇာတ်ဆောင်မင်းသမီးဖြစ်တဲ့ Regina Wanကလဲ ဒီဇာတ်ကားနဲ့ပဲ အကောင်းဆုံးအမျိုးသမီး
သရုပ်ဆောင်ဆုကိုရခဲ့တဲ့ ဒရာမာရုပ်ရှင်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းလေးကတော့ ယဲ့ရှောင်လင်ဆိုတဲ့ သက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်ပေးတဲ့
အိမ်အကူတစ်ယောက်အကြောင်းပဲဖြစ်ပါတယ်။ ယဲ့ရှောင်လင်က သက်ကြီးရွယ်အိုတွေရှိတဲ့ အိမ်ကိုအိမ်အကူအနေနဲ့ဝင်ရောက်လုပ်ကိုင်ပြီး သူ့ရဲ့တကယ့်ရည်ရွယ်ချက်ကတော့ အဲဒီအိမ်မှာလူသတ်မှုကျူးလွန်ဖို့ပါပဲ
သူ့ရဲ့အစီအစဉ်တွေက တိရိစ္ဆာန်ထိန်းတစ်ယောက်ဖြစ်တဲ့ မာသယ်ယုံနဲ့ တွေ့ပြီးနောက်ပိုင်းမှာတော့ ပြောင်းလဲသွားခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့တွေ့ဆုံမှုကြောင့် ယဲ့ရှောင်လင်ရဲ့
နဂိုဘဝဟန်ချက်တွေပျက်ပြီး သူ့ရဲ့ရာဇဝတ်မှုအစီအစဉ်တွေကလဲလွဲချော်ကုန်ပါတယ်။ တစ်ဖက်မှာလဲရဲအရာရှိ ကျိုးဖျင်ကလဲ အမှုတစ်ခုကိုစုံစမ်းရင်း သူတို့၂ယောက်ဆီကို
တိုက်တိုက်ဆိုင်ဆိုင်ရောက်လာပါတယ်။ ဒီလိုနဲ့ မတူညီတဲ့ရည်ရွယ်ချက်တွေ မတူညီတဲ့ဘဝနောက်ကြောင်းတွေနဲ့ သူတို့(၃)ယောက်ရဲ့ကံကြမ္မာတွေဟာ
ဒီအမှုကြီးထဲမှာထူးဆန်းစွာပဲ တစ်ခုနဲ့တစ်ခုရစ်နွယ်ချည်နှောင်မိသွားကြပါတယ်
ပရောဂျက် ဟေးလ်မယ်ရီ (သို့မဟုတ်) အာကာသထဲက ဂြိုလ်သားလေးနှင့် လူသား တို့ကြားက ခင်မင်မှု

ဇာတ်လမ်းအကျဉ်းကတော့ -

နေ တွေ ဂြိုလ်တွေဟာ ကူးစက်ရောဂါ ကူးခံနေရကာ နောက်နှစ်ပေါင်း သက်တန်းကြာရှည်လာတဲ့အခါမှာ အလင်း မှိန်ကျလာပြီး ကမ္ဘာသူ ကမ္ဘာသားဆို ဒုက္ခရောက်လာမှာဖြစ်တာကြောင့်

ကမ္ဘာပေါ်က သိပ္ပံပညာရှင်တွေဟာ ထိုဖြစ်စဉ်ကို စုံစမ်းဖို့အတွက် အာကာသ ထဲကို အာကာသ ယာဉ်မှုး သုံးယောက်ကို စေလွှတ်ခဲ့ပါတယ် ။

ထိုလူသုံးယောက်ဟာ သတင်းအချက်အလက်များကို စုဆောင်းပြီး ကမ္ဘာမြေသို့ပြန်ပို့ရမှာဖြစ်ပေမဲ့ ကမ္ဘာမြေပေါ်ကို ပြန်လာဖို့အတွက်တော့ လောင်စာဆီဟာ မလုံလောက်ခဲ့ပါဘူး

နောက်ဆုံးမှာတော့ အာကာသယာဉ်မှုးတစ်ယောက်ပဲကျန်ခဲ့ကာ နေကိုကူးစက်နေတဲ့ ပိုးမွှားကို အဖြေရှာဖို့ ထိုနည်းတူစွာ ဒုက္ခကြုံတွေ့နေရတဲ့ ဂြိုလ်သားလေးနဲ့ ဆုံတွေ့မိကာ သူငယ်ချင်းတွေဖြစ်သွားကြရင်း ကမ္ဘာကိုသာမက စကြာဝဠာ ပေါ်က ဂြိုလ်ကြီးများကိုပါ ကယ်တင်ဖို့ ကြိုးစားရပါတော့တယ် ။
တော်တော်နာမည်ကြီးနေတဲ့ သရဲကားအသစ်ကြီး

ーーーーーーーーーーーーーーーーー

T_h-e C_u-r_s-e_d M_a-s_k (20_26)


"T-e-e Y-o-d" တို့ "T-h-e M-e-d-i-u-m" တို့လို ရိုးရာအစွဲအလန်းတွေကို အခြေခံထားတဲ့ ကားမျိုးတွေကို သဘောကျတဲ့သူတွေဆိုရင် ဒီကားက လုံးဝ အကြိုက်တွေ့စေမယ့် ဇာတ်ကားမျိုးပါပဲ။

ဇာတ်လမ်းကတော့ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းဒေသမှာ ကျင်းပလေ့ရှိတဲ့ တစ္ဆေမျက်နှာဖုံးစွပ် ပွဲတော်ကြီးကနေ အစပြုထားပါတယ်။

ဒန်စိုင်ဆိုတဲ့ရွာလေးမှာတော့ တံခွန်သရဲဆိုတာ ရွာသူရွာသားတွေရဲ့ ဘိုးဘေးဝိညာဉ်တွေလို့ယုံကြည်ပြီး ကိုးကွယ်ကြသလို နှစ်စဉ် တံခွန်သရဲစီတန်းလှည့်လည်ပွဲတွေ စည်စည်ကားကား လုပ်လေ့ရှိပါတယ် ဒီဒန်စိုင်မှာရှိတဲ့ ဂျွိင်တို့မိသားစုကတော့ ရွာသားတွေအကြားမှာ ကျိန်စာသင့်နေတဲ့အိမ်လို့ သမုတ်ခံထားရတာပေါ့။

အဲဒါကလည်း ဂျွိင်ရဲ့အဖေက ဒီတစ္တေပွဲတော်မှာသုံးတဲ့မျက်နှာဖုံးတွေ လုပ်တဲ့သူဖြစ်ပြီး မျက်နှာဖုံးစွပ်လျက် ရက်ရက်စက်စက် သေဆုံးသွားသူပါ။
ဂွမ်ဆူ ရဲ့ အသစ်ထွက် ဗီယက်နမ် မင်းသမီးနဲ့ အခွီးကားသစ်🤣🤣

ーーーーーーーーーーーーーーーーー

အလုပ်အကိုင်မရှိ၊ ပိုက်ဆံမရှိတဲ့ လူငယ်တစ်ယောက်ဟာ မမျှော်လင့်ဘဲ တိုင်းပြည်ခြားတစ်ခုမှာ မင်းသားလို သဘောထားခံရပြီး လူမှုအဆင့်အတန်းမြင့်တဲ့ ဘဝထဲကို ဆွဲထည့်ခံရပါတယ်။ အစပိုင်းမှာ အခွင့်အလမ်းကောင်းလို ထင်ရပေမယ့် စာရွက်စာတမ်း၊ ဗီဇာ၊ အထောက်အထား ပြဿနာတွေကြောင့် သူ့ဘဝဟာ ရယ်စရာကောင်းလောက်အောင် ခက်ခဲလာပါသည်။
နေ့စဉ်ဘဝကို ရှင်သန်ဖို့ ကြိုးစားရင်း မတူညီတဲ့ လူတွေ၊ အခြေအနေတွေကို ကြုံတွေ့ရပြီး အမှားအယွင်းတွေကနေ ကိုယ့်ကိုယ်ကို ပြန်ရှာဖွေသွားရပါတယ်။ ရယ်စရာအဖြစ်တွေ၊ စိတ်လှုပ်ရှားစရာအခန်းတွေကြားထဲမှာ လူတစ်ယောက်ရဲ့ အမှန်တကယ်တန်ဖိုးက ဘာလဲဆိုတာကို နူးညံ့သိမ်မွေ့စွာ ပြသထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။
“မောင်ပဲမြစ်ကလေးဆိုပြီးဝိုင်းလှောင်ခဲ့တဲ့ရွာကအမျိုးသမီးတွေကို ပြန်လက်စားချေခဲ့တဲ့ကောင်လေး ”



အပေါ့တစ်ခါသွားတာ မဟာပထဝီမြေကြီးသိမ့်သိမ့်တုန်ပြီး တောမီးပါငြိမ်းတဲ့အထိ စွမ်းအားမြင့်ဆေးတစ်ဖုံကိုသောက်ပြီး ရွာက ဝိုင်းလှောင်ခဲ့ကြ တဲ့ အမျိုးသမီးတွေကိုလက်စားပြန်ချေမယ့် မောင်ဖြူ

ဒီကားထဲမှာတော့ကိုရီးယားကားFanတွေနဲ့မစိမ်းတဲ့ ဇာတ်ပို့ဇာတ်ရံတွေ ပါဝင်သရုပ်ဆောင်ထားကြတဲ့ဇာတ်ကားဟောင်းလေးဖြစ်ပါတယ်
သရဲမ ထမိန် ကျွတ်ကျ တဲ့ အခန်းနဲ့ တင် အူတက်အောင် ရယ်ရတဲ့ ထိုင်းသရဲကား

➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪

ဝေးလံခေါင်သီလှတဲ့ ( ထွန့်မာဟွန် ) ဆိုတဲ့ ကျေးရွာလေးမှာ ( ဖုတ်ကောင် )တွေ ကျက်စားနေလို့ ထူးဆန်းတဲသတင်းကို ကြားခဲ့ရတယ် ။

ဒါကြောင့် အမှန်တရားကိုစုံစမ်းစစ်ဆေးရန်အတွက် မြို့မစခန်းမှုးမှ ကျွမ်းကျင်အရာရှိတပ်ကြပ် ဆတ်ဂျထွန် ကို သွားဖို့စေလွှတ်ခဲ့တယ် ။

တပ်ကြပ်ဆတ်ဂျထွန် က စုံစမ်းစစ်ဆေးရေးမှာ ကျွမ်းကျင်ပေမယ့် ထိုကျေးရွာမှ ကြားရတဲ့ ဆိုးရွားလှတဲ့သတင်းတွေကြောင့် သွားဖို့ တွန့်ဆုတ်နေတာပေါ့ ။

ဒါပေမယ့် နောက်ဆုံးမှာတော့ အဲ့ကျေးရွာမှာနေဖူးတဲ့ အိုက်ကင်မ် ကို အကူလက်ထာက်အဖြစ်ထည့်ပေးတာကြောင့် ငြင်းမရတော့ဘဲ သွားရပါတော့တယ် ။

သူတို့ရောက်ရောက်ချင်း နေ့မှာတော့ ကျေးရွာလေးက ပုံမှန်လိုပါပဲ
တဖြည်းဖြည်းနဲ့ ညဘက်ရောက်တဲ့အခါမှာတော့….ဘာတွေဖြစ်လာမလဲ…
တပ်ကြပ်ဆတ်ဂျထွန် နဲ့ သူ့တပည့်ကျော် အိုက်ကင်မ် တို့ ကြောက်ကြောက်နဲ့ စုံစမ်းနေပေမယ့် နောက်ဆုံး ဖော်ထုတ်ဖြေရှင်းနိုင်မလား…
သေးထွက်အောင် ခွီးရမယ့်ဇာတ်ကား🤣

ーーーーーーーーーーーーーーーーー

ဒီဇာတ်ကားလေးကတော့ စိတ်အမောတွေကို ပြေပျောက်သွားစေနိုင်တဲ့ ဟာသဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ မြှားပစ်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဂျိုဂျင်းဘုံကို လက်ရှိအလုပ်လုပ်နေတဲ့ကုမ္ပဏီက အမေ ဇုန်မှာရှိတဲ့ တာဂါအူရီရဲ့ ရွှေတူးဖော်ရေးပရောဂျက်ကို အရယူနိုင်ဖို့အတွက် မြှားပစ်ပြိုင်ပွဲမှာဆုတံဆိပ် ရဖို့အတွက် ဖိအားပေး ခဲ့ပါတယ် ဂျင်းဘုံတစ်ယောက် Boledorian လူမျိုးတွေနဲ့ အဖွဲ့ဖွဲ့ပြီးတော့ လေ့ကျင့်ရပါတော့တယ် ဂျင်းဘုံတို့အဖွဲ့ဘယ်လို မျိုး ယဉ်ကျေးမှုကွဲပြားမှုတွေကိုကြုံရမလဲ ပြိုင်ပွဲကိုရော အနိုင်ရနိုင်ပါ့မလား ဘယ်လိုမျိုးလှည့်ကွက်တွေရှိဦး မလဲဆိုတာကို တော့ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်ပါဗျ
မသေခင်စော်နဲ့ဘုချင်တဲ့ သူငယ်ချင်းရဲ့ ဆန္ဒလေးကို ဖြည့်ပေးဖို့ ကြိုးစားကြသောအခါ

တကားလုံးအူတက်အောင်ခွေရမယ့်ကား🤣
ーーーーーーーーーーーーーーーーー

တစ်သားလေးတစ် ယောက်ဟာ Lou Gehrig's Disease လို့ခေါ်တဲ့ ကြွက်သားအားနည်းတဲ့ရောဂါဖြစ်နေပြီး ၃ နှစ်ကြာ ဆေးရုံပေါ်မှာလှဲနေရတာပါ။
မကြာခင်သေရတော့မယ်ဆိုတာ ဆရာဝန်ပြောလိုက် ပြီးတော့နောက် သူ့မိဘတွေက ဂိုဟွမ်ပျော်အောင် ထားပေးဖို့ကြိုးစားပါတော့တယ်။
မိဘတွေရော သူ့သူငယ်ချင်းနှစ်ယောက်ကရောဂိုဟွမ် ကိုနည်းပေါင်းစုံနဲ့ ပျော်အောင်ထားပေးပေမယ့် ဂိုဟွမ် ကတော့ မပျော်နိုင်ဘူးဖြစ်နေပါတယ်။
သူငယ်ချင်းတွေက မေးလိုက်တဲ့အခါမှာတော့ ဂိုဟွမ် တစ်ယောက် မသေခင် စော်နဲ့နပ်ချင်နေတာဖြစ်နေပါတော့တယ်။
သရဲခြောက်တဲ့ ဟိုတယ် ကြီးကို ဝယ်လိုက်မိရာ ခြောက်ခံရတဲ့ ဟာသ သရဲဇာတ်လမ်း

ーーーーーーーーーーーーーーーーー

ကမ်းခြေနားက စွန့်ပစ် ဟိုတယ် အဟောင်းတစ်ခုကို နက်ရော့ တစ်ယောက် ဝယ်လိုက်မိတဲ့နောက် ဗရုတ်ကျတဲ့ ဟာသ သရဲဇာတ်လမ်းတစ်ခု စတင်လာခဲ့ပါတော့တယ်...

အခွင့်အလမ်းမြင်တတ်တဲ့ နက်ရော့ ကတော့ ဇိမ်ခံ ဟိုတယ်ကြီးအဖြစ် ပြောင်းပြီး လူချမ်းသာတွေဆီက ငွေညှစ်ထုတ်ဖို့ ကြံရွယ်ခဲ့တာပေါ့..

ဒါပေမယ့် ဟိုတယ်ထဲမှာ သရဲတစ်ကောင် ခြောက်လန့်နေတယ်ဆိုတာ ဝယ်ပြီးမှပဲ သိလိုက်ရပါတယ်..
လာလီတာ ဆိုတဲ့ မူလ ပိုင်ရှင် အမျိုးသမီးက ဟိုတယ် ဝယ်သူတိုင်းကို အမျိုးမျိုး ခြောက်လန့် ရှင်းထုတ် တတ်တဲ့ အစွဲအလမ်းကြီးတဲ့ ပရလောကသား တစ်ဦး.. အဲအတွက် နက်ရော့လည်း အနယ်နယ် အရပ်ရပ်က နတ်ဆရာတွေ ဘုန်းကြီးတွေ ပင့်ပြီး ဟိုတယ်ကြီးကို သန့်စင်ဖို့ ကြိုးစားချိန်မှာ ရှင်လူနဲ့ သေလူကြားမှ တိုက်ပွဲကြီး စတင်လာတဲ့အခါ..
ခွေးမုန်းတဲ့သူကြီးတစ်‌ယောက် ခွေးဘာသာစကားကိုတတ်သွားသောအခါ

➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪

လူနဲ့တိရိစ္ဆာန်တွေကြားကအပြန်အလှန်ချစ်ခြင်းမေတ္တာနဲ့ဂရုဏာတရားကိုဖော်ကျူးပေးထားပြီး တိရိစ္ဆာန်တွေရဲ့ခံစားချက်ကို ပေါ်လွင်အောင်ရိုက်ပြထားတဲ့ ဟာသကားကောင်းလေးတစ်ကားပါ။

လျှို့ဝှက်အေးဂျင့်တယောက်ဖြစ်တဲ့ဂျူထယ်ဂျူက တိရိစ္ဆာန်တွေဆိုအရမ်းမုန်းတဲ့သူပေါ့…

တစ်နေ့သူ့သမီးလေးကကြောင်တစ်ကောင် သခင်ပျောက်နေတာကို ကယ်တင်ဖို့ အဖေဖြစ်သူဂျူထယ်ဂျူကိုသခင်ရှာပေးဖို့အကူအညီတောင်းလိုက်ပါတယ်။

တိရိစ္ဆာန်မုန်းသူကြီး ဂျူထယ်ဂျူဆိုသည်မှာလည်း အဲ့ကြောင်ကို သူလက်ထဲထည့်တာနဲ့ အမှိုက်ပုံးထဲပစ်ထည့်လိုက်တယ်။

အဲ့အချိန်ကစပြီးသူဘဝကအပြောင်းလဲကြီးပြောင်းလဲသွားခဲ့ပါတယ်။

တိရိစ္ဆာန်တွေရဲ့ခံစားချက်တွေ၊ပြောစကားတွေကိုနားလည်သွားပြီးနောက် ဂျူထယ်ဂျူတစ်ယောက် ဘယ်လိုပြောင်းလဲသွားမှာလဲဆိုတာကို တဟားဟားနဲ့ ရီရင်း အားပေးကြရမှာပါ။
ယနေ့တင်ပေးထားတဲ့ကားများဖြစ်‌ပါတယ်

https://t.me/recapmm/404