Horror ဇာတ်ကားများ 🇲🇲
87.6K subscribers
836 photos
35 videos
900 links
ကြေငြာထည့်လိုပါက @sora_entertainment_adminn သို့ ဆက်သွယ်နိုင်ပါသည်
Download Telegram
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️Father's haunted house (2024)

IMDB (7/10)

📱Channel အရင် join ပါ။

https://t.me/+fdoM7RwLwQM2YTY1

😍ဇာတ်ကား link

https://t.me/c/2177896296/462

Review
--------
တောခေါင်းကြီးရဲ့အိမ်မှာ ကိုယ်တွေ့ကြုံခဲ့ရတဲ့ သရဲ ဇာတ်လမ်းကို တောခေါင်းရဲ့သားဖြစ်သူကဇာတ်လမ်းပြန်ပြောင်းပြောပြထားတာဖြစ်ပြီး ဟာသ ဆိုပေမဲ့လည်းရယ်ရတဲ့နေရာမှာ ရယ်ရပြီး လန့်စရာနေရာမှာ လန့်ရ တဲ့ကားလေးဖြစ်ပါတယ်။ဒိုဒစ်, အဖေ, အမေရယ်, အစ်ကိုဒေဝီနဲ့ အစ်ကို့မိန်းမ လစ်စ်တို့ဟာ သာယာတဲ့မိသားစုလေးတစ်ခုပါ။ ဒေဝိုနဲ့ လစ်စ်တို့မှာ သားသမီးရတနာလေးကိုကိုယ်ဝန်လွယ်ထားရပါသေးတယ်။ ဒီလို သာယာတဲ့ မိသားစုလေးဟာ အဖေဖြစ်သူရဲ့ရာထူးတိုးအတွက် နယ်ဘက်က သစ်တောကြိုးဝိုင်း မှာ တာဝန်ကျလာတဲ့အခါမှာတော့ အဖေဖြစ်သူကို အစိုးရကချထားပေးတဲ့ အိမ်လေး မှာ မိသားစုလိုက်သွားရောက်နေထိုင်ဖို့ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ အဖေ့အိမ်လေးကို ရောက်တဲ့အချိန်မှာတော့

အိမ်ဝင်းထဲမှာ သစ်ခိုးသမားတွေကို အပြစ်ပေးဖို့ အတွက် ပြုလုပ်ထားတဲ့တဲလေးတစ်လုံးလည်းရှိနေပါသေးတယ်။ ဒီအိမ် လေးထဲမှာ နေလာရင်းနဲ့ ထူးဆန်းမှုတွေကြုံလာခဲ့ရပါတော့တယ်။ ဒီထက် ထူးခြားတာက ပုံ မှန်နေ့တွေဆိုရင် အရမ်းမဆိုးဘဲကလီဝန်သောကြာနေ့ဆိုရင် သိသိသာသာကိုပဲ ဆိုး ဆိုးဝါးဝါးခြောက်တာမျိုးကို ခံကြရတာပါပဲ။ဒီလိုနဲ့ ဒီမိသားစု‌ေလစအဖေ့ရဲ့သရဲခြောက်တဲ့အိမ်ကြီးမှာ ဘာတွေဘယ်လို ဆက်ဖြစ်မလဲခြောက်နေတဲ့သရဲကရော နောက်ကွယ်မှာ ဘယ်လို ဇာတ်ကြောင်းတွေရှိနေမလဲဆိုတာကို အခွံလေးနဲ့ကြည့်ရှုရမယ့် သရဲဇာတ်လမ်း လေးဖြစ်ပါတယ်။


#uploadbyhsukaykhaing
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️Meanwhile on Earth (2024)

📱 6.1

📱 Channel အရင် Join ပါ
https://t.me/+fdoM7RwLwQM2YTY1

📱 ဇာတ်ကား Link
https://t.me/c/2177896296/461

Review

ဒီကားလေးက ဒါရိုက်တာ Jeremy Clapin ရိုက်ကူးထား ပြီးမင်းသမီး Megan Northam က အဓိကပါဝင် သရုပ်ဆောင်ထားတာပါ။

ကိုယ်ချစ်တဲ့သူတစ်ယောက်ကို ကယ်တင်နိုင်ဖို့ တစ်ခြားသူ တွေကိုပျောက်ကွယ်သွားအောင်လုပ်ရမယ်ဆို ဘာကိုရွေးကြမှာလဲ။

ကာတွန်းဇာတ်ကောင်တွေကိုဖန်တီးပြီး ဇာတ်လမ်းလေးတွေ ရေးတတ်တဲ့အယ်ဇာမှာ အာကာသယာဉ်မှူး ဖရန့်ခ်ဆိုတဲ့အကိုတစ်ယောက် ရှိပါတယ်။အယ်ဇာနဲ့ဖရန့်ခ်ကငယ်ငယ်ထဲကအာကာသထဲခရီးထွက်ဖို့အိပ်မက်မက်ခဲ့ကြတယ်။ အိပ်မက်တွေကို ပြည့်ဝအောင်လုပ် နိုင်ဖို့အချင်းချင်းကတိတွေထားခဲ့ကြတယ်။

ဖရန့်ခ်ကအာကာသယာဉ်မှူးဖြစ်လာခဲ့ပြီး အာကာသထဲကို ခရီးထွက်သွားတဲ့နောက် သဲလွန်စရှာမရပဲနဲ့ ပျောက်ဆုံးသွားခဲ့ပြီး သေဆုံးသွားပြီလို့ သတ်မှတ်ခဲ့ကြပါတယ်။ရည်မှန်းချက်တွေမရှိတော့တဲ့ အယ်ဇာတစ်ယောက် အဘိုးအဘွားတွေကိုစောင့်ရှောက်တဲ့သူလုပ်ရင်း တစ်နေ့မှာ ဖရန့်ခ်ရဲ့အသံကိုပြန်ကြားခဲ့ရပါတယ်...အစေ့တစ်စေ့ကနေ ဆက်သွယ်မှုအရ အမည်မသိတည်ရှိမှု တစ်ခုကဖရန့်ခ်ကိုပြန်ခေါ်လာပေးဖို့ အပေးအယူလုပ်လာခဲ့ပါတယ်။

အယ်ဇာ့ရဲ့ခေါင်းထဲကိုဝင်နေတဲ့ အမည်မသိတည်ရှိမှုက သူ တို့ကိုကမ္ဘာမြေပေါ်ခေါ်ပေးမှ ဖရန့်ခ်ကိုပြန်ခေါ်နိုင်မယ်ပြောလာတဲ့ အခါ...ဖရန့်ခ်ကိုပြန်ခေါ်နိုင်ဖို့ လူငါးယောက်က ကမ္ဘာပေါ်က ပျောက်ကွယ်ပေးရမဲ့အခါ...အယ်ဇာက ဘာကိုရွေးချယ်မလဲ...ဖရန့်ခ်လား...သူစိမ်းငါး ယောက်လား.... နောက်ဆုံးအယ်ဇာက ဖရန့်ခ်ကိုပြန်ခေါ်နိုင်မလားဆိုတာကို တော့ဒီစိတ်လှုပ်ရှားစရာ ပြင်သစ်သိပ္ပံကားကောင်းလေးမှာ ဆက်လက်ကြည့်ရှုလိုက်ပါ။

#uploadbyshoonshoon
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️28 days later (2002)

IMDB (7.5/10)

📱Channel အရင် join ပါ။

https://t.me/+fdoM7RwLwQM2YTY1

😍ဇာတ်ကား link

https://t.me/c/2177896296/473

Review
--------
Jim (Cillian Murphy) a courier ယောက်ဟာ ဆေးရုံမှာ ၂၈ ရက်ကြာ Coma နေရာ ကနေ နိုးလာတဲ့အခါLondon မြို့ကြီး လူသူကင်းမဲ့နေတာကို တွေ့ရှိရပါ တယ်။"Rage virus" ဆိုတဲ့ ဗိုင်းရပ်စ်ကြောင့် လူတွေ အကြမ်းဖက်သတ္တဝါတွေဖြစ်ကုန်ကြတာကို တွေ့ လိုက်ရတဲ့ အခါမှာJim ɔɔ Selena (Naomie Harris)। Frank (Brendan Gleeson) & Hannah (Megan Burns) တို့နဲ့ တွေ့ဆုံပြီး အသက်ရှင်ရပ်တည်ဖို့ ကြိုးစားရပါတော့တယ်ဒီဇာတ်ကားမှာပါတဲ့ infected တွေဟာ ရိုးရိုး zombie တွေလို နှေးကွေးစွာ မလှုပ်ရှားဘဲ အလွန် မြန်ဆန်ပြီး ကြမ်းတမ်းကြပြီးတော့Digital Video ကင်မရာသုံးထားတာကြောင့် ပိုမို realistic ဖြစ်စေပြီး documentary ပုံစံမျိုး ခံစား ရမှာပါPost-apocalyptic London یနာမည်ကြီး tourist နေရာတွေမှာ အစစ်အမှန် ရိုက်ကူးထားပါတယ်။28 Days Later o zombie genre မှတ်တိုင်ထူနိုင်ခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါ တယ်။

လူသားတွေရဲ့ survival instinct၊ လူ့အဖွဲ့အစည်း ပြိုကွဲသွားတဲ့အခါ ဖြစ်ပေါ်လာနိုင်တဲ့ ပဋိပက္ခတွေကို ထိထိမိမိ တင်ပြထားပါတယ်။နောက်ပိုင်းထွက်ရှိလာတဲ့ zombie ဇာတ်ကားတွေ အပေါ် လွှမ်းမိုးမှုရှိခဲ့ပြီး ခေတ်သစ် horror genre ကိုပြောင်းလဲစေခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ် ပါတယ်။


#uploadbyhsukaykhaing
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️Sinakagon (2024)

IMDB (7.2/10)

📱Channel အရင် join ပါ။

https://t.me/+fdoM7RwLwQM2YTY1

😍ဇာတ်ကား link

https://t.me/c/2177896296/483

Review
--------
ကီနိုအင်ဂန်နဲ့ ဆူမွန်ဒူတို့က လူသားတွေရဲ့ဖန်ဆင်း ရှင်ဖြစ်ပြီး သူတို့မှာ ပိုနွမ်ပူလန်ဆိုတဲ့ သားတစ်ယောက်နဲ့ ယောက်ရှိပါတယ်။ ပိုနွမ်ပူအန်ဆိုတဲ့သမီးတစ်နေ့မှာ ပိုနွမ်ပူလန်က သူ့ရဲ့ မိဘတွေဖြစ်တဲ့ ဖန်ဆင်းရှင်နဲ့ လူသားတွေကိုရန်တိုက်ပေးပြီး န်ကန်ဖို့ ကြိုးစားရာကနေ ဖန်ဆင်းရှင်ကီနိုအင်ဂန် က အမျက်တော်ရှပြီး သားကိုလည်း ပြည်နှင်ဒဏ်ပေးခဲ့သလို လူသားတွေကိုလည်း ကျိန်စာဆိုး ၇ ခု သက်ရောက်စေခဲ့ပါသတဲ့။ ဒီထဲက နောက်ဆုံးကျိန်စာက ရေရှားပါးပြီး ငတ်မွတ်ခေါင်းပါးစေတဲ့ကပ်ဘေးပါပဲ။

ဒီကျိန်စာဆိုးကိုပယ်ဖျက်ဖို့ သမီးတော် ပိုနွမ်ပူအန် ကိုစတေးလိုက်ရပြီး သူ့ရဲ့ဝိညာဉ်ကနေ ဟူမီနိုဒွန်ဆိုတဲ့ ဆန်နတ်ရယ်လို့ ဖြစ်လာတာဖြစ်ပြီး ဟူမီနိုဒွန်ကို ကိုးကွယ်ရင် ကောက်နှံအထွက်တိုးတယ်ဆိုတဲ့ အယူအဆလည်းရှိ ပါတယ်။အခုဒီဇာတ်ကားလေးမှာတော့ အိဗ်တစ်ယောက် ဟူမီ နိုဒွန်အထိမ်းအမှတ်အနေနဲ့နှစ်စဉ်ကောက်ရိတ်သိမ်းပွဲမှာ ကျင်းပတဲ့ အလှမယ် ပြိုင်ပွဲမှာ အနိုင်ရလာပြီးသူငယ်ချင်းဖြစ်သူ လီဆာဆီကို အလည်ရောက်လာ ပါတယ်။ ဒီအချိန်မှာပဲ ရွာမှာကြက်တွေအစုအပြုံလိုက်သေတာကစလို့ ကပ်ဆိုက် သလိုဖြစ်စဉ်တွေ ဆက်တိုက်ဆိုသလိုဖြစ်လာတဲ့အတွက် လီဆာရဲ့အဖေ နတ်ဆရာကြီး လည်း ခေါင်းခဲနေတာပေါ့။ဒီအချိန်မှာ အသံတစ်သံက ကပ်ဘေးကိုရပ်တန့်ချင် ရင် ဟူမီနိုဒွန်ရဲ့မျိုးဆက်ကို စတေးရမယ်။

ဒီဟူမီနိုဒွန်ရဲ့မျိုးဆက်က သူတို့ထဲမှာပဲရှိနေတယ်လို့ ပြောလိုက်ချိန်မှာတော့ဘာတွေဆက်ဖြစ်မယ်ဆိုတာကြည့်လိုက်ကြပါဦး

#uploadbyhsukaykhaing
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️The Caller (2011)

IMDB ( 6.0 )

📱 Channel အရင် Join ပါ
https://t.me/+fdoM7RwLwQM2YTY1

📱 ဇာတ်ကား Link
https://t.me/c/2177896296/482

Review
------------

မေရီဟာ နှိပ်စက်တတ်တဲ့ ခင်ပွန်းသည်နဲ့တရားရင်ဆိုင်ကွာရှင်းပြီးကာစ ပူပူနွေးနွေး မုဆိုးမလေးတစ်ယောက်ဖြစ်ပြီး ကိစ္စတွေ ရှင်းပြီးပြီးချင်းတိုက်ခန်းတွဲဟောင်းကြီးတစ်ခုမှာ ရရာအခန်းတစ်ခန်းကိုငှားနေခဲ့ပါတယ်။ အဲ့ဒီအခန်းကိုရောက်ပြီး မကြာမှီမှာပဲ အမည်မသိထူးဆန်းတဲ့ မိန်းမတစ်ယောက်ဆီက ဖုန်းခေါ်ဆိုမှုတွေကိုသူ စပြီး လက်ခံရရှိလာပါတော့တယ်။ အဲ့ဒီအမျိုးသမီးဟာ "ဘော်ဘီရှိလား ဘော်ဘီနဲ့ စကားပြောချင်လို့” ဆိုတဲ့ မေးခွန်းကိုတွင်တွင်မေးပြီး မေရီက ဒီတိုက်ခန်းကို သူအခုမှပြောင်းလာတာဖြစ်ပြီး ဘော်ဘီဆိုတာကိုမသိသလို ဘော်ဘီဆိုတာလည်းမရှိကြောင်းပြောပေမယ့်လက်မခံပါဘူး။ တစ်ခါတစ်လေဆိုရင် ဘော်ဘီကို မနေ့ညကတောင် ပြတင်းပေါက်မှာ ရပ်နေတာတွေ့လိုက်သေးတယ်ဆိုတာမျိုးလည်းပြောတတ်ပါသေးတယ်။ မေရီက မယုံသင်္ကာပြန်မေးစမ်းတဲ့အခါမှာလည်း သူနေတဲ့ လိပ်စာ အခနအစရှိတာတွေမှန်သမျှ ကွက်တိမှန်နေတတ်ပါသေးတယ်။

တစ်နေ့တော့ စကားစပ်မိရင်း စပ်မိရင်း သိလိုက်ရတာက အဲ့ဒီအမျိုးသမီးဟာ အသက် ၄၀ အရွယ်မိန်းမတစ်ယောက်ဖြစ်ပြီး ၁၉၇၀ ဝန်းကျင်က သူနေတဲ့တိုက်ခန်းမှာနေ သွားခဲ့ဖူးတယ်ဆိုတာပါပဲ။ သူ့အနီးဝန်းကျင်မှာစုံစမ်းခဲ့မိတော့ အဲ့ဒီအမျိုးသမီးရဲ့ နာမည်အပြည့်အစုံနဲ့ဇာတ်ကြောင်းကိုပါသိခွင့်ရခဲ့ပြီး ဒီတိုက်ခန်းထဲမှာပဲဖုန်းကြိုးနဲ့ဆွဲကြိုးချပြီးသတ်သေသွားခဲ့တာကိုပါ ထိတ်လန့်ဖွယ်သိရှိခဲ့ရပါတော့တယ်။

သူနဲ့နေ့တိုင်းဖုန်းပြောတတ်တဲ့ မိန်းမဟာ သူနဲ့တစ်ချိန်တည်းတစ်ပြိုင်တည်း ၁၉၇၀ ကျော်ကာလမှာ သက်ရှိထင်ရှားရှိနေဆဲလား? ဒါမှမဟုတ် တစ်ချိန်က ဒီတိုက်ခန်းထဲမှာပဲ ဆွဲကြိုးချသေဆုံးခဲ့တဲ့ ဝိဉာဉ်ရဲ့ခြောက်လှန့်မှုတွေလား? အစရှိတဲ့ ပဟေဠိတွေနဲ့အတူ၊ အတိတ်ကာလမှာနေထိုင်ဆဲဖြစ်တဲ့ အမျိုးသမီးဟာ သူနေတဲ့လက်ရှိမျက်မှောက်ခေတ်ကာလအထိအန္တရာယ်ပြုဖို့ ကြိုးစားလာတာတွေကို တစ်ကိုယ်တည်းရင်ဆိုင်ရဖို့ ဖြစ်လာပါတော့တယ်။ The Caller ဟာ ဗြိတိန်ဟော်ရာဇာတ်ကားတစ်ကားဖြစ်ပြီး Jump scare မပါသလောက်နဲ့ဇာတ်လမ်းဇာတ်အိမ်၊ လှည့်ကွက်ကောင်းကောင်းကိုအဆုံးသတ်ထိ သည်းထိတ်ရင်ဖို့ကြည့်ရှုရမယ့် ကားဟောင်းကားကောင်းတစ်ကားဖြစ်ပါတယ်။

#uploadbyhoshiko
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️Dark City (1998)

IMDB (7.6/10)

📱Channel အရင် join ပါ။

https://t.me/+fdoM7RwLwQM2YTY1

😍ဇာတ်ကား link

https://t.me/c/2177896296/494

Review
--------
Knowing (2009) The Crow(1994), Gods of Egypt (2016) တို့လို နာမည်ကြီးကားကောင်းတွေ ကိုရိုက်ကူးထားတဲ့ ဒါရိုက်တာ Alex Proyas ရဲ့လက်ရာ ဖြစ်ပြီး မင်းသားကြီး Rufus Sewell နဲ့ Jennifer Connelly o ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီကားထဲမှာ မမ က အပြုံးအရယ်အခန်းတွေ နည်း ပြီး အမှိုင်ဇာတ်ရုပ်ဖြစ်ပေမယ့် လှမြဲလှနေဆဲပါ။ သူ သီချင်းဆိုတဲ့အခန်းလေးတွေ အားရဖို့ အရမ်း ကောင်းချက်။

ဇာတ်လမ်းအကြောင်းက Mystery ဆန်လွန်းတော့ အပေါ်ယံလောက်ပဲ ပြောပြပါရစေ။လူတစ်ယောက် ဟိုတယ်ခန်းထဲမှာ ရုတ်တရက် နိုး လာတယ်။ သူ့ကိုယ်သူ ဘယ်သူ ဘယ်ဝါမှန်းမသိ ဘယ်ရောက်နေမှန်းလဲ လုံးဝ မှတ်ညဏ်ပျောက်ဆုံး နေတဲ့ လူတစ်ယောက်။ သူသိတာဆိုလို့ဟိုတယ်မန်နေဂျာ သူ့ကို လှမ်းခေါ်တဲ့ မစ္စတာ မားရ် ဒေါ့ဂ် ဆိုတဲ့ နာမည်ပဲ။မစ္စတာမားရ်ဒေါဂ် လို့ပဲ သူ့ကိုယ်သူ သိထားတဲ့ မှတ် ညဏ်ပျောက်နေတဲ့ ထိုလူဟာသူဘယ်သူဘယ်ဝါလဲ ဆိုတာ သိအောင် အသဲအသန် စုံစမ်းပါတော့တယ်။ အဲ့ဒီနောက်ဘာတွေဆက်ဖြစ်မယ်ဆိုတာဆက်ကြည့်လိုက်ကြပါဦး


#uploadbyhsukaykhaing
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️A Quiet Place Part II (2020)

📱 7.2

📱 Channel အရင် Join ပါ
https://t.me/+fdoM7RwLwQM2YTY1

📱 ဇာတ်ကား Link
https://t.me/c/2177896296/504

Review

Quiet Place 2 လာပါပြီ။

အသံထွက်တာနဲ့ ချက်ချင်းလာသတ်တဲ့ ဂြိုလ်သားလို သတ္တဝါဆိုးတွေကို မှတ်မိဦးမှာပါ။

အပိုင်း ၁ မှာတုန်းကတော့ အသက်ရှင်သန်ဖို့ အဓိက ကြိုးစား နေရတာဖြစ်ပြီးနောက်ဆုံးမှာတော့ ပြန်တိုက်ခိုက်နိုင်မယ့်နည်းကို တွေ့သွားခဲ့ ပါပြီ။

အခု အပိုင်း ၂ မှာတော့ ကျန်ခဲ့တဲ့ မိသားစုဝင်လေးဟာ အခြားနေရာတစ်ခုကို ရွှေ့ဖို့ ကြိုးစားရင်းလူအသစ်တွေနဲ့ တွေ့ပြီး လွတ်မြောက်နယ်မြေတစ်ခုကို ရောက်နိုင်မယ့် သဲလွန်စ တွေ့လာတဲ့အခါ....။

ပထမရုပ်ရှင်က ဇာတ်ကောင်တွေဖြစ်တဲ့ Emily Blunt နဲ့ သူ့ကလေးတွေပါဝင်ထားပြီး Cillian Murphy က အသစ် ပါဝင်ထားပါတယ်။

#uploadbyshoonshoon
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️The Platform Aka El Hoyo (2019)

IMDB ( 7.0 )

📱 Channel အရင် Join ပါ
https://t.me/+fdoM7RwLwQM2YTY1

📱 ဇာတ်ကား Link
https://t.me/c/2177896296/503

Review
------------

ဒီရုပ်ရှင်ကတော့ Netflix က စပိန်ရုပ်ရှင်ကားပါ။ တကယ့်ကို မှောင်မိုက်တဲ့ Thriller အမျိုးအစားဖြစ်လို့ကလေးတွေ မကြည့်သင့်ပါဘူး။

ဇာတ်လမ်းကတော့...
Goreng ဆိုတဲ့လူဟာ သဘောတူညီချက်တစ်ခုနဲ့ အကျဉ်းထောင်တစ်ခုကို လေ့လာဖို့ရောက်ရှိလာပါတယ်.. ဒေါင်လိုက်ဖန်တီးထားတဲ့ အကျဉ်းထောင်တစ်ခု၊ တစ်ဆင့်ချင်းစီက အကျဉ်းခန်းတွေမှာ လူနှစ်ယောက်စီကိုနေရာချပေးတဲ့ ငရဲတွင်းပေါက်ကြီး... သာမန်ထောင်မဟုတ်ဘဲ လူတွေရဲ့ စိတ်တွေဝိဉာဉ်တွေကို ချေမွှထားတဲ့ လောဘတွေနဲ့လှောင်ပိတ်ထားတဲ့ ငရဲ။

Goreng တစ်ယောက် အဲ့ဒီနေရာမှာ ရှင်သန်နိုင်ဖို့ဘယ်လိုကြိုးစားမလဲ။ အဲ့ဒီနေရာရဲ့ အဓိက ရည်ရွယ်ချက်ကဘာလဲ။ ကျဉ်းကျပ်ခက်ခဲတဲ့ အခြေအနေစနစ်ကိုလိုက်ပြီး လူတွေရဲ့စိတ်တွေ ပြောင်းလဲတာတွေ... အခြေအနေဘယ်လိုပဲဖြစ်ဖြစ် လူသားဆန်ဆန် အဆုံးစွန်ထိ တွန်းလှန်တိုက်ခိုက်တာတွေ.. လူလူချင်းထားရှိရမယ့် Sharing is Caring ဓမ္မတွေ...စတဲ့တွေးစရာလေးတွေနဲ့ ဒီရုပ်ရှင်ကားကို ထူးဆန်းပြီး ပြောင်မြောက်တဲ့ တင်ဆက်မှုတစ်ခုအဖြစ် အကြိုက်တွေ့ခဲ့ကြပါတယ်။

#uploadbyhoshiko
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️Dawn of the Dead 2004

IMDB (7.2/10)

📱Channel အရင်join ပါ

https://t.me/+fdoM7RwLwQM2YTY1

📱ဇာတ်ကားlink

https://t.me/c/2177896296/515

Review
~~~~~~~
ကြောက်တက်သူများ ကြည့်ဖို့မသင့်တော်ပါ ဘူး သွေးသံရဲရဲတွေနဲ့ သဘာဝကျစွာပုံဖေါ်ထားတာဖြစ်လို့ Horror ကြိုက်သူတို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းလေး ပါ။

ဇွန်ဘီကားဆိုပေမဲ့ ဖြစ်သလိုဇာတ်အိမ်ဖွဲ့ထား တာမျိုးမဟုတ်ပဲ သဘာဝကျကျ ဖွဲ့ထားပါ တယ်။

သေချာခံစားပြီးကြည့်ရင် သင်ကိုယ်တိုင် ဇာတ်လမ်းထဲမှာ စီးမျောနေသယောင်ခံစားရ ပါလိမ့်မယ်။

ဘဝကို ရိုးရှင်းစွာဖြတ်သန်းနေတဲ့ သူနာပြုမ လေးတစ်ယောက်။

တစ်နေ့ဂျူတီပြီးလို့ အိမ်အပြန် ညနေပိုင်း လောက်မှာ မိန်းကလေးတစ်ယောက် တံခါးဝ မှာရပ်နေပါတယ်...

ကလေးရဲ့ ပါးစပ်မှာသွေးတွေပေနေပြီး လူက လောက်ကျောက်ရုပ်လိုငြိမ်သက်နေပါတယ်ဂါဝန်အဖြူမှာလည်း သွေးတွေစွန်းထင်းနေပါ တယ်။

သူမကိုမြင်တော့ အကူညီလိုနေတယ်ထင်လို့အနားသွားလိုက်တဲ့အခါမှာတော့.. ကမောက်ကမတွေဖြစ်ကုန်ပါတယ်...

အသက်ရှင်ကျန်ရစ်သူ သူနာပြုမလေး ကတော့ ခြေဦးတည့်ရာပြေးရင်းလွှားရင်း လူတစ်စုနဲ့ပေါင်းမိပြီး မော လ်ကြီးတစ်ခုထဲကို ရောက်ရှိသွားပါတယ်။

အဲဒီမောလ်ကြီးဟာ အသက်ရှင် ကျန်ရစ်တဲ့ သူတွေအတွက် မှီခိုရာနေရာလေးဖြစ်သွားပါ တော့တယ်..။

တစ်ကယ်တော့ သူတို့တွေအားလုံးက ဇွန်ဘီ ကောင်တွေရဲ့ သဘောသဘာဝကို မသိကြပါ ဘူးဘယ်လိုကူးစက်လဲဆိုတာကိုလည်းမသိကြပါ ဘူး..။

တစ်နေ့မှာ မောလ်ထဲကို လူသစ်တွေထပ် ရောက်လာပါတယ် သူတို့ထဲက တစ်ယောက် ကအကိုက်ခံထားရပြီး အခြေနေက အတော် ဆိုးရွားနေပါပြီ။

သူ..သေသွားပြီး တစ်ဖန်ပြန်ထလာကာ တွေ့ တဲ့လူကို လိုက်ကိုက်ပါတော့တယ်။အဲဒီအချိန်မှာပဲ အကိုက်ခံရရင် ကူးစက်တယ် ဆိုတာ သိရှိကြပါတော့တယ်...။

ဒါပေမဲ့ သူတို့သိတာနောက်ကျခဲ့ပါပြီ…။

တစ်ကယ်လို့များ အဲဒါကို အစကတည်းကသိ ခဲ့ကြရင်..။

ရင်တစ်ထိတ်ထိတ် သဲတဖိုဖိုနဲ့ အူယားစရာ ကောင်းအောင်းကြည့်ရှု့ခံစားရမဲ့
ဟောင်းပေမဲ့ ကောင်းနေဆဲ ဇာတ်ကားလေး ဖြစ်တာကြောင့် တင်ဆက်ပေးလိုက်ပါတယ်။


#uploadedbyyumyatmin
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️Train to Busan (2016)

📱 7.6

📱 Channel အရင် Join ပါ
https://t.me/+fdoM7RwLwQM2YTY1

📱 ဇာတ်ကား Link
https://t.me/c/2177896296/524

Review

ဂုံယူ, မာဒုံဆော့, ချွဲအူရှစ် စတဲ့မင်းသားကြီးတွေပါဝင်ထားပြီးဇွန်ဘီကားလို့ ပြောလိုက်တာနဲ့ အရင်ဆုံး ပြေးမြင်မိလောက် တဲ့အထိ အောင်မြင်ပြီးတေ့ာ ဆုကြီးတွေ အများကြီးရရှိခဲ့တဲ့"Train to Busan" ရုပ်ရှင်ကားကြီးကို ပြန်လည် တင်ဆက် ပေးလိုက်ပါတယ်။

ဇာတ်လမ်းကတော့

ဆော့ဝူ(Gong Yoo)ဟာ ငွေကြေးစီမံမန်နေဂျာတစ် ယောက်ဖြစ်ပြီး အလုပ်ကိုပဲ အရမ်းဦးစားပေးလွန်းတဲ့ အတွက်သမီးလေးကို အချိန်မပေးနိုင်ဖြစ်နေပါတယ်။

တစ်နေ့မှာတော့ သမီးဖြစ်သူက သူ့မွေးနေ့မှာ ဘူဆန်မှာရှိတဲ့ အမေဆီကို သွားချင်တယ်လို့ အတင်းပူဆာတဲ့အတွက်အလုပ်တွေကိုပစ်ပြီး လိုက်ပို့ရပါတော့တယ်။အဲဒီနေ့မှာပဲ ဇွန်ဘီပိုးက နိုင်ငံအနှံ့စတင်ပျံ့နှံ့နေပြီးသူတို့စီးတဲ့ ရထားပေါ်မှာလည်း ဇွန်ဘီအကိုက်ခံထားရတဲ့သူ တစ်ယောက် ပါလာပါတယ်။

အဲဒီသူကနေတစ်ဆင့် ရထားတစ်စီးလုံးနီးပါးပါ ဇွန်ဘီပိုးကူး စက်သွားတဲ့အတွက်သူတို့ ဒီရထားပေါ်ကနေ လွတ်မြောက်အောင် ဘယ်လို ကြိုးစားကြမလဲမင်းသား၃ယောက် ပူးပေါင်းပြီး ဇွန်ဘီတွေကို ဘယ်လို တိုက်ခိုက်တိုက်ခိုက်သွားမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ရသပေါင်းစုံပေးစွမ်းနိုင်တဲ့ရုပ်ရှင်ကားကောင်းလေးဖြစ်ပါ တယ်..

#uploadbyshoonshoon
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️Light House 2019

IMDB (7.4/10)

📱Channel အရင်join ပါ

https://t.me/+fdoM7RwLwQM2YTY1

📱ဇာတ်ကားlink

https://t.me/c/2177896296/525

Review
~~~~~~~
ဒီဇာတ်ကားလေးထဲမှာတော့ နာမည်ကြီး သရုပ်ဆောင်ဖြစ်တဲ့ ရောဘတ်ပတ်တီဆန် (Twilight ထဲကမင်းသား) နဲ့ မင်းသားကြီး ဝီ လီယံဒတ်ဖို (Spiderman 2002 ထဲဗီလိန် မင်းသားကြီး) နှစ်ယောက်တည်းသာလျှင် တစ်ကားလုံးမှာ သရုပ်ဆောင်ထားတာတွေ့ရ မှာပါ မင်သားနှစ်ယောက်တည်းနဲ့တင် တစ် ကားလုံးကိုတဖြည်းဖြည်းနဲ့ဆွဲဆောင်ထား တာပါ ဒီဇာတ်ကားကိုကြည့်ပြီးရင်တော့ ခေါင်းထဲမှာအတွေးတွေတစ်သီချည်းကျန်ခဲ့ စေမယ့်ဇာတ်ကားမျိုးပါ ဇာတ်လမ်းအကျဉ်း ကတော့ ၁၉ရာစု New England ကမ်းရိုးတန်းကမီးပြတိုက်တစ်ခုမှာ အခြေတည်ရိုက်ထားပါတယ် အီဖရန်ဝင်းစလို လူငယ်လေးတစ်ယောက်ဟာ သောမတ်စ်ဝိတ်ဒ် ဆိုတဲ့ မီးပြတိုက် စောင့်ရှောက်သူအဖိုးကြီးရဲ့လက်အောက်မှာ လေးပတ်လောက်အလုပ်လုပ်ဖို့တာဝန်ကျလာ ပါတယ် စစရောက်ချင်းနေမှာပဲ သူ့အိပ်ရာထဲ ကနေ ရေသူမအရုပ်လေးတစ်ရုပ်ကိုတွေ့ခဲ့ပြီး သိမ်းထားခဲ့ပါတယ် အီဖရန် သူတို့နေထိုင်တဲ့ နေရာအတွက် အလုံးစုံအကုန်လုံးကိုလုပ်ရပါ တယ် သောမတ်စ်ဝိဒ်ကတော့ညဖက် မီးပြတိုက်ရဲ့ထိပ်ဆုံးအပေါ်ထပ်မှာပဲအလုပ် လုပ်ပါတယ် နေ့ဖက်တွေအလုပ်လုပ်ပြီး ည ဖက်ဆိုအီဖရန်ရဲ့အတွေးတွေက ကယောက် ခြောက်ခြားဖြစ်တယ် တွေးမိတွေးရာတွေ လျှောက်တွေး ဖြစ်တာများတယ် တစ်နေ့ည ဖက် ညစာစားခဲ့တဲ့အခါ အီဖရန်ဟာလမ်းညွှန်စာအုပ်မှာက အလုပ်ကိုအလှည့်ကျ လုပ်ရမယ်လို့ရေးထားတယ်အဲ့ဒါကြောင့်သူ လဲ မီးပြတိုက်အပေါ်ဆုံးမီးအိမ်ကြီးရှိတဲ့နေရာ မှာအလုပ်လုပ်ချင်တယ်လို့ပြောပါတယ် ဒါပေ မယ့် သောမတ်စ်ကလက်မခံပါဘူး သူတစ်ဦး တည်းသာလျှင်အဲ့အလုပ်လုပ်မယ်ဘယ်သူမှ လုပ်လို့မရဘူးဆိုပြီးငြင်းခဲ့ပါတယ် အီဖရန် လည်း စီနီယာအထက်လူကြီးဖြစ်နေအတွက် ကြောင့် ပထမအကြိမ်လက်လျှော့ခဲ့ပါတယ် ညစာစားနေရင်းနဲ့သောမတ်စ်ကအီဖရန်ကို ဒီ နေရာမှာရှိတဲ့အယူအဆတစ်ချို့ကိုပြောပြခဲ့ ပါတယ် ပင်လယ်ဇင်ရော်ငှက်တွေကိုမသတ်ရ ဘူး သတ်ရင်ဒုက္ခရောက်မယ်ဆိုတာတွေ အခြားအရာတွေရောပေါ့ ဒီလိုနဲ့ သောက်ရင်း စားရင်းနေလာလိုက်တာ တစ်နေ့တော့ အီဖရန်တို့သောက်နေတဲ့ရေကန်
ထဲကိုဇင်ရော်ငှက်တစ်ကောင်ကျပြီးသေနေပါ တယ် အီဖရန်ဟာ ဒေါသထွက်ပြီး အနားမှာရှိတဲ့ ဇင်ရော်ငှက်တစ်ကောင်ကို စိတ်လိုက်မန်ပါ သတ်လိုက်ပါတော့တယ်...အဲ့ဒီနောက် ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစား ကြည့်လိုက်ပါဦး….အညွှန်းက ရှည်လို့ စပွိုင် လာလို့မထင်လိုက်ပါနဲ့

နောက်ပိုင်းဆက်ဖြစ်တဲ့ဟာတွေက တကယ့် ကိုအဆန်းကြီးတွေပဲမို့ပါ…


#uploadedbyyumyatmin
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️The Invisible Man (2020)

IMDB ( 7.1 )

📱 Channel အရင် Join ပါ
https://t.me/+fdoM7RwLwQM2YTY1

📱 ဇာတ်ကား Link
https://t.me/c/2177896296/536

Review
------------

ဒီကားကလည်း ပရိတ်သတ်အကြိုက်ဖြစ်စေခဲ့တဲ့ နောက်ထပ် ဟော်ရာ ရုပ်ရှင်ကားကောင်းတစ်ကားပါပဲ။ ဇာတ်ကားက နာမည်အတိုင်းပါပဲ ကိုယ်ပျောက်နိုင်တဲ့လူတစ်ယောက်အကြောင်းပါ။

ဇာတ်လမ်းအစမှာ ဆယ်စီလီရယ် ဆိုတဲ့မိန်းကလေးဟာ သူ့ကို အရာရာချုပ်ကိုင်ထားချင်တဲ့ ရည်းစားဖြစ်သူ ဒရီယန်ကို အတင်းစွန့်ခွာထားခဲ့ပါတယ်။ အေဒရီယန်ဟာ အမြင်အာရုံပိုင်းကင်မရာပိုင်းမှာ ကမ္ဘာ့အတော်ဆုံးလို့ပြောလို့ရတဲ့သိပ္ပံပညာရှင်ပါ။ အေဒရီယန်ဟာ အစွဲအလန်းကြီးပြီး ခေါင်းမာလွန်းတဲ့သူ ဖြစ်တာမို့ ဆယ်စီလီရယ်ကို အလွတ်မပေးခဲ့ပါဘူး။

ဒါပေမယ့် အေဒရီယန် သေဆုံးသွားခဲ့ပြီးနောက်မှာတော့ ဆယ်စီလီရယ်တစ်ယောက် ဘဝသစ်ကို စိတ်ရှင်းရှင်းနဲ့စနိုင်လာခဲ့ပါပြီး။ ဒါပေမယ့် အေဒရီယန်ဟာ တကယ်သေတာမဟုတ်သလို ဆယ်စီလီရယ်ကို ဒုက္ခမျိုးစုံပေးပြီး သူ့ဆီကိုပြန်ရောက်လာဖို့ ကြောက်စရာကောင်းတဲ့လုပ်ရပ်တွေလုပ်လာတဲ့အခါမှာတော့ ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှု ရမှာပဲဖြစ်ပါတယ် . . .

#uploadbykevinaris
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️Orphan 2009

IMDB (7/10)

📱Channel အရင်join ပါ

https://t.me/+fdoM7RwLwQM2YTY1

📱ဇာတ်ကားlink

https://t.me/c/2177896296/545

Review
~~~~~~~
ဒီတစ်ခေါက်တော့ IMDb 7 ရထားပြီး စိတ်လှုပ်ရှားဖွယ်..ခြောက်ခြားဖွယ်..ကားတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်...

ဂျွန်နဲ့ကိတ်ဆိုတဲ့မိသားစုမှာ ကလေးနှစ်
ယောက်ရှိပါတယ်..ကိတ်ရဲ့ တတိယမြောက် ကိုယ်ဝန်လွယ်ထားရတဲ့အချိန်မှာ. ကလေးပျက်ကျသွားခဲ့လို့..သူတို့ဇနီးမောင်နှံ နှစ်ယောက်လုံးမှာအကြီးအကျယ်ခံစားခဲ့ရပါ တယ်..ဒါကြောင့်မို့ဒီဝေဒနာကိုကုစားဖို့..
လင်မယားနှစ်ယောက်အတူတိုင်ပင် ပြီး.ကလေးတစ်ယောက်ကိုမွေးစားဖို့ဆုံးဖြတ် ခဲ့ကြပါတယ်..ဒီလိုနဲ့ မိဘမဲ့ကလေးဂေဟာကို ရောက်တော့
အရွယ်နဲ့မလိုက်အောင်ကိုရင့်ကျက်ပြီး ထူး ထူးဆန်းဆန်းစကားတွေပြောတဲ့စကားပြော ကောင်းလှတဲ့အက်စတာ ဆိုတဲ့ကလေးငယ်ကို သဘောကျသွားပြီးမွေးစားဖို့ခေါ်လာပါတော့တယ်အက်စကာ ရောက်လာတာကို သမီးအငယ်ကအဆင်ပြေ မယ့်သားကတော့သိပ်သဘောကျပုံမရပါ ဘူး...အစပိုင်းမှာအဆင်ပြေပေမယ့် နောက်ပိုင်းမှာ ကိတ်နဲ့ပါအဆင်မပြေဖြစ်လာပါတယ်..တစ်အိမ်လုံးနဲ့အဆင်ပြေပေမယ့် ကိတ်ရဲ့ယောက်ကျားဂျွန်နဲ့တော့ အက်စတာ ဟာအမြဲတမ်းအဆင်ပြေပါတယ်..ဒီလိုနဲ့တ ဖြေးဖြေးအက်စတာကို တိတ်ဟာ တဖြေးဖြေးသံသယ ဝင်စရာတွေများလာပါတယ်.အက်စတာရဲ့နောက်ကြောင်းကိုစုံစမ်းသိရှိပြီး သိလိုက်ရတဲ့ အချိန်မှာတော့.

#uploadedbyyumyatmin
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️The Descent (2005)

📱 7.2

📱 Channel အရင် Join ပါ
https://t.me/+fdoM7RwLwQM2YTY1

📱 ဇာတ်ကား Link
https://t.me/c/2177896296/546

Review

Horror ကားအများစုဟာ Rating နည်းကြပါတယ်

The Descent ကတော့ IMDb 7.2 ရရှိထားတာကြောင့် Horror ကားတစ်ကားအနေနဲ့ Rating မြင့်တယ်လို့ ဆိုနိုင် ပါတယ်

ဒီဇာတ်ကားကို ဒါရိုက်တာ Neil Marshall ရိုက်ကူးထားပြီး 2005 ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ် The Descent ရဲ့အဓိပ္ပါယ်က " ဆင်းသက်ခြင်း " ဖြစ်ပေမယ့် " သက်ဆင်းခြင်း " လို့ပြောမှ ပိုမှန်မယ် ထင်မိပါတယ် အန္တရာယ်တောထဲ သက်ဆင်းမိပြီး ထောင်ချောက်အတွင်း သက်ဆင်းမိကြတဲ့ အမျိုးသမီးတစ်စုအကြောင်းကို ထိတ်လန့်တုန်လှုပ်ဖွယ် ရိုက်ကူးတင်ပြထားတာပါ စွန့် စွန့်စားစားခရီးတွေကို ခုံမင်ကြတဲ့ အမျိုးသမီး ၆ ယောက်ဟာ လူမရောက်ဖူးသေးတဲ့ လှိုဏ်ဂူတစ်ခုထဲ ဆင်းသက်ဝင်ရောက်ခဲ့ကြပါတယ် ဂူနံရံတွေမှာ ဆွဲထားတဲ့ ရုပ်ပုံတွေကို မြင်ရတဲ့အခါမှ ဂူထဲမှာ သူတို့ချည်းပဲမဟုတ်ဘူးဆိုတာ သတိပြုမိခဲ့ကြပါ တော့တယ်။

အမှောင်ထဲမှာ နေထိုင်ကျက်စားကြတဲ့ အသားစားသတ္တတတွေဖြစ်ကြောင်း သိရှိလိုက်ရတဲ့အခါမှာတော့....Jump Scare(သွေးလန့်လို့ခုန်)အကွက်တွေ ဖောဖောသီသီ သုံးထားတာကြောင့် သည်းထိတ်ရင်ဖိုဇာတ်ကားကြိုက်ပရိသတ်တွေ ကျေနပ်ကြ ပါလိမ့်မယ်။သွေးထွက်သံယိုပြကွက်တွေ အများအပြားပါဝင်တာကြောင့် နှလုံးမခိုင်သူများ မကြည့်ရှုသင့်ပါ။

#uploadbyshoonshoon
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️Cube (1997)

📱 7.1

📱 Channel အရင် Join ပါ
https://t.me/+fdoM7RwLwQM2YTY1

📱 ဇာတ်ကား Link
https://t.me/c/2177896296/557

Review

Cube ကားတွေရဲ့ပထမဆုံးကားပဲဖြစ်ပါတယ်။ဒီကားက ၁၉၉၇ခုနှစ်ထွက် Mystery ဆန်ဆန်ဇာတ်ကား လေးတစ်ခုပဲဖြစ်ပါတယ်။ဒီကားလေးဟာနောက်ထပ် ၂ကားထပ်ထွက်ထားပါသေးတယ်။

ဇာတ်လမ်းအကျဉ်းလေးကတော့ ကုဗတုံးပုံအခန်းလေးတစ် ခန်းထဲကိုလူတစ်စုရောက်ရှိလာခဲ့ပါတယ်။ ရောက်လာပုံကလည်း ကာယကံရှင်တွေကိုယ်တိုင်ကတောင် ဘာမှန်းညာမှန်းမသိဘဲရောက်လာကြရ တာပါ။ထူးခြားတာကတော့ အဲဒီလူစုထဲမှာ ရဲတစ်ယောက်၊ သချာ် ကျွမ်းကျင်တဲ့ကျောင်းသူတစ်ယောက်၊ဖောက်ထွင်းဝိဇ္ဖာတစ်ယောက်၊ဗိသုကာပညာရှင်တစ်ယောက်၊ သိပ္ပံပညာရှင်တစ်ယောက်နဲ့စိတ်သိပ်မမှန်ပေမဲ့ထူးခြားတဲ့သူတစ်ယောက်တို့ကိုပေါင်းပြီးထည့်ထားပေးတာပဲဖြစ်ပါတယ်။ ရောက်ရောက်ချင်းရုန်းရင်းဆန်ခတ်တွေဖြစ်သွားခဲ့ကြတယ်ဆိုပေမဲ့...အခက်အခဲတွင်း ရောက်လာကြတော့အားလုံးဟာ ပင်ကိုယ်စရိုက်ကိုယ်စီနဲ့ဒီဝင်္ကပါကြီးထဲက နေထွက်ဖို့ဘယ်လိုလုံးပန်းကြမလဲ...အခက်အခဲတွေကြားရောက်တဲ့ အခါလူတွေရဲ့ စိတ်ဟာဘယ်လိုတွေပြောင်းလဲလာလဲ...ဘယ်လိုအခက်အခဲတွေကြုံတွေ့ရလဲဆိုတာကိုတွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။သူ့ခေတ်သူ့ခါအလိုက်စိတ်ဝင်စားစရာကောင်းတဲ့Mystery ဆန်ဆန်rating မြင့်ကားလေးပဲဖြစ်ပါတယ်။

#uploadbyshoonshoon
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️Prey 2022

IMDB (7.1/10)

📱Channel အရင်join ပါ

https://t.me/+fdoM7RwLwQM2YTY1

📱ဇာတ်ကားlink

https://t.me/c/2177896296/567

Review
~~~~~~~
Predator ရုပ်ရှင်စီးရီးထဲက အသစ်တစ်ကား လာပါပြီ။ ဒါကတော့ အခုခေတ်မဟုတ်ဘဲ ဟိုးအရင် ခေတ်တုန်းက ပရက်ဒေတာတွေ လူ တွေကိုအမဲလိုက်တဲ့အကြောင်းကို တင်ဆက် ထားတာပါ။

ဒီတော့ သေနတ်တွေနဲ့တောင် မနည်းချရတဲ့ ဂြိုလ်သားကို လွန်ခဲ့တဲ့ နှစ် ၃၀၀ က ကိုမန်ချီ လူမျိုးတွေ ပြင်သစ်မုဆိုးတွေ ရင်ဆိုင်ကြပုံ ကို ပြသထားပါတယ်။

အက်ရှင်အသားပေးမို့ တစ်ကားလုံးကြုံးနေ ကြတာပါပဲ။ ကြည့်လို့အတော်ကောင်းပါ တယ်။ ရိုက်ချက်တွေရော အက်ရှင်တွေရော မိုက်တယ် အားလုံးကြိုက်ကြမှာပါ။


#uploadedbyyumyatmin
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️Bram Stoker's Dracula (1992)

IMDB (7.4/10)

📱Channel အရင် join ပါ။

https://t.me/+fdoM7RwLwQM2YTY1

📱ဇာတ်ကား link

https://t.me/c/2177896296/566

Review
--------
နာမည်ကျော် စာအုပ်ဖြစ်တဲ့ Bram Stoker ရဲ့Dracula စာအုပ်ကိုရုပ်ရှင်အဖြစ် အသက်သွင်းထားတဲ့ဇာတ်ကားပါ။မင်းသား ကီနူးရိစ် နဲ့ တခြားမင်းသားမင်းသမီးကြီးတွေလဲ ပါဝင်ထားပါတယ်။Dracula ဇာတ်ကားတွေထဲမှာ တမူထူးခြားနာမည်ကြီးသလိုIMDb Rating (7.4) ထိရရှိထားတာမို့ကြည့်ဖို့သင့်တော်မယ့် ဇာတ်ကားဖြစ်ပါတယ်

#uploadbyhsukaykhaing
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️The Evil Dead 1981

IMDB (7.4/10)

📱Channel အရင်join ပါ

https://t.me/+fdoM7RwLwQM2YTY1

📱ဇာတ်ကားlink

https://t.me/c/2177896296/578

Review
~~~~~~~
ပျော်ရွှင်ဖွယ် ခရီးလေး ထွက်လာတဲ့ သူငယ်ချင်းတစ်စု တောင်တွေ ကာရံပြီး ချောက်ကမ်းပါး ခြားနေ တဲ့ တောတစ်ဖက်သို့ ခရော်နီခရောနဲ့ တံတားလေးကို ဖြတ်ပြီး တောထဲက အိမ်အိုကြီးကိုရောက်အသွားစပ်စုတတ်တဲ့ လူငယ်သဘာဝ ဗီဇအရ ပိတ် ထားတဲ့ မြေအောက်ခန်းထဲကို ရောက်သွားပြီး မူလ ဘိုးဘေးတွေ အသံသွင်းထားတဲ့ အသံဖမ်းစက် အဟောင်းကြီးကို ဖွင့်မိရာက အစ
သရဲများ နိုးထ စေသော ဂါထာ ကို အသံဖမ်းစက်မှ ပြန်လည်ကြားပြီး တောထဲတွင် ချူပ်နှောင်ထားသော သရဲများ လွတ်လာပြီးနောက် လူငယ်တစ်စုကို ပြန်ခွင့်မပေးတော့ပဲ မသေမ ချင်း သတ်ဖို့ ကြံစည်လေသောအခါ…


#uploadedbyyumyatmin
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️Sakaratul Maut (2024)

IMDB (6.6/10)

📱Channel အရင် join ပါ။

https://t.me/+fdoM7RwLwQM2YTY1

📱ဇာတ်ကား link

https://t.me/c/2177896296/588

Review
--------
ဝီရီယိုဟာ အဝေးမှာ အလုပ်လုပ်နေတဲ့ သူ့သမီးလေး ဆီကို မိန်းမနဲ့အတူ သွားလည်ရင်းနဲ့ အပြန်လမ်းမှာ ကားမတော်တဆမှုကြောင့်နဲ့ သေခါနီးအခြေအနေနဲ့ ကိုမာဝင်နေပါတယ်။

ဆေးရုံစရိတ်တွေက ကြီးတဲ့အပြင် မျှော်လင့်ချက်က လည်း မရှိသလောက်ဖြစ်နေလို မိသားစုဟာ ဝီရီယိုကို အိမ်မှာပဲ သက်သောင့်သက်သာနေရဖို ပြန်ခေါ်လာခဲ့တာပေါ့။သမီးဖြစ်သူဟာလည်း အဖေ့ကြောင့်နဲ့ နယ်ပြောင်း လျှောက်ပြီးတော့ အိမ်မှာပြန်လာနေရင်း အဖေ့ကိုစောင့်ရှောက်ဖို့ ဖြစ်လာခဲ့ပါတယ်။ ဒီအချိန်မှာ ဝီရီယိုရဲ့ ဒုတိယမိန်းမဖြစ်သူနဲ့ သားဖြစ် သူ တာဂျိုဟာလည်း ဝီရီယိုရဲ့အနားကို ရောက်လာခဲ့ပါ တော့တယ်။

တာဂျိုဟာ အဖေ့ကို စိတ်ပူလိုလာတာမျိုးထက် အဖေသေရင်ရမယ့်အမွေတွေအတွက် လာတယ်ဆို ရင် ပိုမှန်ပါလိမ့်မယ်။ဒုတိယမိန်းမကတော့ သူ့ယောက်ျားဘေးမှာနေရင်း ကုရ်အာန်ဖတ်လို့ပေးနေပါတော့တယ်။ သေအံ့ဆဲဆဲဖြစ်နေတဲ့ ဝီရီယိုတစ်ယောက်ကတော့ သူမသေခင် အမွေခွဲတဲ့ကိစ္စတွေကို ကြားပြီးတော့ အသေမဖြောင့်ပဲ ပြန်လည်နိုးထလာရင်းနဲ့ပဲ ဝီရီယိုတစ်ယောက် ပြန်လည်နိုးထလာခဲ့တာကောင်းသောနိုးထခြင်းမျိုးလားသူတိုအိမ်မှာရော ဘယ်လို ကြောက်ဖိုကောင်းတဲ့ အဖြစ်အပျက်တွေ ဖြစ်လာမလဲဆိုတာကို ကြည့်ရှုရမယ့် ဟော်ရာဒရာမာကားလေး ဖြစ်ပါတယ်။


#uploadbyhsukaykhaing
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️ Doctor Sleep (2019)

IMDB ( 7.3 )

📱 Channel အရင် Join ပါ
https://t.me/+fdoM7RwLwQM2YTY1

📱 ဇာတ်ကား Link
https://t.me/c/2177896296/587

Review
------------

IMDb 7.6 အထိရထားတဲ့ ဟော်ရာကားပါ။ 1980 မှာ ထွက်ခဲ့ပြီး IMDb 8.4 အထိ ရှိခဲတဲ့၊ အကောင်းဆုံးဟော်ရာကားတွေထဲကတစ်ကားဖြစ်တဲ့ The Shining ရုပ်ရှင်ရဲ့ အဆက်ပါပဲ။ ဒီရုပ်ရှင် ၂ ခုလုံးကိုတော့ ဟော်ရာဝတ္ထုတွေအရေးများတဲ့ စာရေးဆရာကြီးStephen King ကပဲ ရေးသားခဲ့တာပါပဲ။ မူလရုပ်ရှင် ရှိုင်းနင်းကို ကြည့်ဖူးမှအပြည့်အစုံနားလည်နိုင်မှာပါ။ မကြည့်ဖူးရင်တော့ အချို့အခန်းလေးတွေ နားမလည်တာ ဖြစ်နိုင်ပါတယ်။ ရှိုင်းနင်းကတော့ တစိမ့်စိမ့်တွေးကြောက်စရာတွေ၊ ဖုန်းဆိုးမြေတွေ၊ ကလေးငယ်တွေနဲ့ ပတ်သတ်တဲ့ ဟော်ရာတွေနဲ့ ဖန်တီးထားခဲ့တာဖြစ်ပြီး ဒီရုပ်ရှင်ကတော့ ပိုပြီးမှော်ဆန်တဲ့ စွမ်းအင်တွေနဲ့အက်ရှင်နည်းနည်းဆန်ဆန် ဖန်တီးထားတာပါ။

ဇာတ်လမ်းအကျဉ်းကိုတော့ ရှိုင်းနင်းကပဲ စကောက်ရပါလိမ့်မယ်။ အမေရိကန် လူနီတွေကို မြေမြှုပ်သင်္ဂြိုလ်ရာ သင်္ချိုင်းမြေပေါ်မှာ အိုဗာလွတ်ခ် ဆိုတဲ့ လူမနေတော့တဲ့ ဟိုတယ်ကြီးတစ်ခုရှိပါတယ်။ အဲဒီဟိုတယ်ကြီးမှာ အစောင့်အဖြစ်နေရင်း စာရေးဖို့ရောက်လာတဲ့ စာရေးဆရာမိသားစုကတော့ ဂျက်၊ ဝင်ဒီ နဲ့ သားဖြစ်သူ ဒန်နီတို့ပါပဲ။ အဲဒီဟိုတယ်ကြီးရဲ့ အရင်အစောင့်ဖြစ်သူကတော့ သူ့မိသားစုတစ်ခုလုံးကို ပြန်သတ်ပြီး သတ်သေသွားခဲ့ပါပြီ။ ကလေးငယ် ဒန်နီမှာ စိတ်စွမ်းအင်ဆက်သွယ်မှုတစ်မျိုးရှိပြီး ဟိုတယ်ရဲ့ စားဖိုမှူးကြီး ဒစ် ဟယ်လိုရန်ကလည်း သူ့လိုစွမ်းအင်ရှိသူမို့ သူတို့ ၂ ဦး စိတ်ထဲကနေ ဆက်သွယ်မိကြပါတယ်။

ဟယ်လိုရန်ကတော့ ဒန်နီကို ဒီစွမ်းအားဟာ shine တောက်ပမှုလို့ခေါ်တယ်လို့ ပြောခဲ့ပါတယ်။သူတို့ နေကြတဲ့ ဒီဟိုတယ်ကြီးထဲမှာ ဝိညာဉ်ပေါင်းအတော်များများရှိပြီးဒါတွေနဲ့ သူတို့မိသားစု ကြုံတွေ့လာရပါတယ်။ ဒါပေမယ့် ပြဿနာက သရဲရှိရုံတင်မဟုတ်ဘဲ ဟိုတယ်နဲ့ မြေကိုယ်တိုင်ကိုက မကောင်းဆိုးဝါးဓာတ်တွေရှိနေတာပါ။ ပြီးတော့ ဟိုတယ်ဟာ ဒန်နီလိုမျိုး အစွမ်းရှိသူရောက်လာလို့ ပိုနိုးကြားလာပြီး ပိုဆာလောင်လာပါတယ်။ ဒီဒဏ်ကိုခံလိုက်ရသူကတော့ဖခင်ဖြစ်တဲ့ ဂျက်ပါပဲ။ ဂျက်ဟာ တဖြည်းဖြည်းရူးသွပ်လာပြီး သူ့မိသားစုကို ပြန်သတ်ဖို့ ကြိုးစားပါတော့တယ်။ ရှိုင်းနင်းရဲ့အဆုံးမှာတော့ ဂျက်သေဆုံးသွားခဲ့ပြီး ဝင်ဒီနဲ့ ဒန်နီတို့ သားအမိလွတ်မြောက်လာခဲ့ပါတယ်။ဂျက်ရဲ့ပုံကတော့ ဟိုတယ်ရဲ့ အဖွဲ့ဓာတ်ပုံထဲမှာ ကျန်နေခဲ့ပြီး သူ့ဝိညာဉ်ဟာ မလွတ်မြောက်တော့တဲ့အဓိပ္ပါယ်နဲ့ အဆုံးသတ်သွားတာပါ။

ဒါမှမဟုတ် ဂျက်ဟာ ယခင်သေသွားတဲ့ ဟိုတယ်အလုပ်သမားသေလို့ ဝင်စားခဲ့သလားတော့ မသိပါဘူး။အခု ဒေါက်တာစလိ ရုပ်ရှင်မှာတော့ ဒန်နီလိုမျိုး အစွမ်းရှိတဲ့ သူတွေအများကြီးပါလာပါတယ်။ ဒီလိုအစွမ်းရှိတဲ့သူတွေကို စားသုံးပြီးအသက်ရှည်နေတဲ့အဖွဲ့တစ်ဖွဲ့ပါလာပါတယ်။ သူတို့တွေက အစွမ်းရှိတဲ့ကလေးတွေဆီကိုသတ်ပြီး အငွေ့တွေကို ရှုကြတယ်၊ သိမ်းထားကြတယ်ပေါ့။ ဒန်နီကတော့ အရွယ်ရောက်ပြီးသားလူကြီးဖြစ်နေခဲ့ပါပြီ။ တစ်နေ့မှာ သူနဲ့စိတ်ချင်းဆက်သွယ်မိတဲ့ ကလေးမလေးတစ်ယောက်နဲ့ တွေ့လာပြီး ဒီကလေးမလေးကို သတ်မယ့်အဖွဲ့လိုက်လာတာကိုသိတော့ သူတို့ ၂ ယောက်ရဲ့ အစွမ်းကိုသုံးပြီး ပြန်ရင်ဆိုင်ရပါတော့တယ်။

#uploadbykevinaris
Please open Telegram to view this post
VIEW IN TELEGRAM