Forwarded from Horror Movie 🇲🇲
IMDB ( 7.2 )
https://t.me/+fdoM7RwLwQM2YTY1
https://t.me/c/2177896296/326
Review
------------
စကားလုံးတွေ ကင်းမဲ့နေတဲ့ New Orleans မြို့ရဲ့
ညနေခင်းတစ်ခုရဲ့ မြစ်ရေပြင်ကို သူမနေတဲ့ Apartment ခန်းလေးကနေလှမ်းမြင်နေရတယ်။ ဒါပေမဲ့ သူမကတော့ ထိုရှုခင်းလေးကို ခံစားဖို့စိတ်မဝင်စား။ ခရီးဆောင်အိတ် အဝတ်အစားတစ်ချို့ခပ်မြန်မြန်သွပ်ထည့်နေလေတယ်။ အနီးအနားမှာ ရှိတဲ့ ပေကြိုးနှစ်ကြိုးစ သုံးကြိုးစကို လှမ်းမြင်ရတော့ သူမသည် အဝတ်အထည်ချုပ်ခြင်းစသော Designer အလုပ်ကိုလုပ်ကိုင်သူ (သို့မဟုတ်) စိတ်ဝင်စား လေ့လာနေသောသူတစ်ယောက်ဖြစ်နိုင်သည် ဆိုသည်ကို ခန့်မှန်းနိုင်ပေတယ်။ ကဗျာကယာ ထုပ်ပိုးပြီး ခရီးဆောင်အိတ်ကို ဆွဲပြီး အခန်းထဲက ထွက်သွားတော့ စားပွဲပေါ်မှာ တင်ထားခဲ့တာက စေ့စပ်လက်စွပ် (သို့မဟုတ်) လက်ထပ်လက်စွပ် တစ်ကွင်းနဲ့အိမ်သော့တစ်ချောင်း .
ညက မှောင်သထက်မှောင်လာတယ်။ သူမတစ်ယောက်တည်း မောင်းနေတဲ့ကားဘီးလေးက Louisiana ရဲ့တောလမ်းကတ္တရာပေါ်မှာ။ ထိုစဉ် Phone call တစ်ခုဝင်လာတယ်။ (နာမည်က Ben တဲ့)။ သူမ ကိုင်လိုက်ပါတယ်။ စကားကတော့ တစ်ခွန်းမှ မပြောဘူး။ သူမက ကားမောင်းနေတော့ Phone Speaker ထားတာကြောင့် Ben ဆိုတဲ့ ဟိုဘက်ကလူပြောတဲ့ စကားတွေကတော့ အတိုင်းသားကြားနေရတယ်။ "Michelle, please come back.” ထို့နောက်ဆက်ပြောတာက "Running away isn't going to help anything.” တဲ့။ ချစ်သူရည်းစား ထွက်သွားတော့ ပြန်လာဖို့ကို Boyfriend လုပ်သူက သနားကြင်နာစွာနဲ့တောင်းဆိုနေဟန်ပါပဲ။ သူမ Phone ကို ချလိုက်တယ်။ နောက်တစ်ခါ Phone ပြန်ဝင်လာတော့ သူမမျက်ဝန်းမှာ မျက်ရည်တွေပြည့်နေပြီ။ အာရုံတွေ ထွေပါးလာပြီး စဉ်းစားရကြပ်နေတုန်း အချိန်မှာ သူမကားကို တစ်ခြားကားတစ်စီးက ဝင်တိုက်လိုက်တယ်။ ကစဉ့်ကလျားဖြစ်သွားတဲ့ သူမရဲ့ကားလေး လမ်းမပေါ်ကနေထိုးကျပြီး အမှောင်ထုထဲသို့မှောက်ကျသွားတယ်။ (10 Cloverfield Lone)
သူမ သတိရလာတော့ အခန်းကျဉ်းလေးတစ်ခုတည်းရဲ့ အိပ်ယာလေးပေါ်မှာ ရောက်နေတယ်။ သူမ ဒဏ်ရာရရှိနေတဲ့ ခြေထောက်တစ်ဖက်ကိုပတ်တီးစည်းထားပေမဲ့ ရုန်းဖို့ကြိုးစားလိုက်တဲ့အခါ သူမရဲ့ခြေထောက်ကို နံရံနဲ့ခြေထိပ်ခတ်ထားတယ်ဆိုတာ သိလိုက်ရတယ်။ သူမရဲ့မလှမ်းမကမ်းနားမှာ ရှိနေတဲ့ သူမရဲ့ပစ္စည်းတွေထဲက ဖုန်းကိုရအောင်ယူနိုင်ပေမဲ့ Signal မရှိသောကြောင့် မည်သူ့ကိုမှ အကူအညီခေါ်ရန်မဖြစ်နိုင်တော့။ ထိုစဉ် သူမရဲ့ထိုအခန်းလေးကို သော့ခတ်ထားတဲ့ လေးလံသော သံတံခါးကြီး ပွင့်လာတော့ လူဝကြီးတစ်ယောက် ဝင်လာတယ်။ “ရှင် ကျွန်မကို ဘာလုပ်မှာလဲ?" လို့ မေးလိုက်တဲ့ သူမရဲ့ မေးခွန်းကို ထိုလူဝကြီး ဖြေလိုက်တဲ့ အဖြေက "ငါ မင်းကို အသက်ရှင်အောင် ထားဖို့”တဲ့။ ထို့နောက် ထိုလူကြီးကရှင်းပြတယ်။ အပြင်မှာ တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့တယ်တဲ့။ ကြီးမားတဲ့ တစ်ခုပဲတဲ့။ ဘယ်သူတွေလဲတော့အတိအကျမပြောနိုင်ဘူးတဲ့။ Chemical စစ်ပွဲ (ဒါမှမဟုတ်) Nuclear စစ်ပွဲကြီးတစ်ခု ဖြစ်နိုင်တယ်တဲ့။ သေချာတာ တစ်ခုကတော့ အပြင်မှာ ရှိတဲ့ လူသားတွေအကုန်လုံးသေကုန်ကြပြီတဲ့။ အခု သူမရောက်ရှိနေတဲ့ နေရာက စစ်ပွဲတွေရဲ့ ရန်ကို ရှောင်ပုန်းနေထိုင်ရန် တည်ဆောက်ထားသော Bunker တစ်လုံးပဲဖြစ်တယ်ဆိုပြီး ပြောပြတယ်။ အခန်းထဲက ထိုလူကြီးထွက်သွားတော့ သူ့နာမည်ကို လှမ်းပြောပြတယ်။ “Howard” တဲ့။
#uploadbyhoshiko
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from CLUB388 အွန်လိုင်းဂိမ်း
အပေးကြမ်းကြမ်း အနိုင်တွေလန်းတဲ့
စိတ်ကြိုက်၀ိုင်းပြောင်းပြီး ဆော့လို့ရတဲ့ ဖဲဂိမ်းဆို
တိုက်ရိုက်ဂိမ်း၀ဘ်ဆိုက်လင့်
ဘောနပ်အစီစဥ်များသိရန်
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
https://t.me/+fdoM7RwLwQM2YTY1
https://t.me/c/2177896296/335
Review
ဇာတ်လမ်းအကျဉ်းကတော့ သတင်းထောက်တစ်ယောက်က နေ ဗင်ပိုင်းယားတစ်ကောင်ကို အင်တာဗျူးတဲ့ဇာတ်လမ်း လေးပါ။
ဗင်ပိုင်းယားဇာတ်ကားဆိုပေမယ့် သွေးသံတရဲရဲနဲ့ Horror အငွေ့အသက်ပြည့်နေမယ့်ဇာတ်ကားမျိုးတော့မဟုတ်ပါဘူး။ဗင်ပိုင်းယားတစ်ကောင် သူ့ရဲ့ထာဝရသက်တမ်းတစ်လျှောက် မှာ ကြုံတွေ့ခဲ့ရတဲ့ သံယောဇဉ်၊ အချစ်၊ သစ္စာဖောက်မှု၊အထီးကျန်မှု နဲ့သွေးဆာမှုတွေအကြောင်း သာမန်လူတစ်ယောက်ကို ပြန် ပြောင်းရင်ဖွင့်ပြတဲ့ Drama ဇာတ်ကားမျိုးပါ။
ဒီဇာတ်ကားထဲက Cast List ကလဲ ထိပ်ထိပ်ကြဲတွေပါပဲ။သတင်းထောက်အဖြစ်က Christian Slater အဓိကဇာတ်ဆောင် ဗင်ပိုင်းယားနှစ်ကောင်အဖြစ်ကတော့ Tom Cruise နဲ့ Brad Pitt တို့အပြင်Antonio Banderas နဲ့ကလေးသရုပ်ဆောင်ကတော့Spider-Man Trilogyရဲ့မင်းသမီးချော Kirsten Dunst တို့ပဲဖြစ်ပါတယ်။
#uploadbyshoonshoon
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
IMDB (7.1/10)
https://t.me/+fdoM7RwLwQM2YTY1
https://t.me/c/2177896296/336
Review
--------
တစ်နေ့သော ညမှာ မြို့ငယ်လေး တစ်ခုရဲ့ ဆိုးရွား လှတဲ့ မုန်တိုင်းဝင်ရောက် တိုက်ခက်တဲ့ အချိန်ရေကန်ငယ်လေး ရဲ့ နံဘေးကပန်းချီဆရာ ဒေးဗစ် ရဲ့ အိမ်ကိုသစ်ပင်ပိကာ Studio ခန်း ပြိုကျသွားခဲ့ပါတယ်မနက်ခင်း မှာတော့ ဒေးဗစ် တို့ မိသားစုနိုးလာတဲ့ အခါမှာတော့ အရာအားလုံးဟာမြူခိုးစတွေ ဖုံးလွှမ်းနေတာကို တွေ့ရပြီးအပျက်အစီးတွေကို ရှင်းလင်းကြရပါတယ်
သဘာ၀ ဘေးကို ရင်ဆိုင်ဖို့ အတွက်အစားအသောက်က အရေးကြီးတာကြောင့်အိမ်နီးချင်း အိမ်နီးချင်း တစ်ဦး ရယ် ဒေးဗစ် နဲ့ သူ့ရဲ့ သားငယ်မြို့ထဲက တစ်ခုထဲသော စူပါမားကတ် ကို ထွက်လာ ခဲ့ပါတယ်လူတိုင်းဟာ အလကား ရသကဲ့သို့ တိုးဝှေ့အလုအယက်ဝယ်နေကြပါတယ် ဒါ့အပြင် မြူခိုးတွေ အကြောင်းနဲ့ မြို့လေးရဲ့ တောင်ထိပ်မှာ စစ်တပ်မှ စမ်းသပ်နေတဲ့အနုမြူဓါတ်ပေါင်းဖို ပေါက်ကွဲတာ ဖြစ်နိုင်ကြောင်း အထင်အမြင်များ ဖလှယ်ကြ ပြောကြ နဲ့စကားများ ဖောင်းပွလျက် ရှိပါတယ် ဒီလို နဲ့ သိပ်မကြာခင်ပဲ မြူခိုးများ တစ်ဖြေးဖြေး များလာတော့ တစ်ချို့က အိမ်မပြန်ရဲတော့ပဲ စူပါမားကတ် အတွင်းကသာမြူခိုးများ ပျောက်မလားဆိုပြီး စောင့်နေကြပါတယ်ဒါပေမယ့် သူတို့ ထင်သလို မြူခိုးများ မပျောက်ပဲကြောက်မက်ဖွယ်ကောင်းသော အကောင်များ သူတို့ဆီ ရောက်ရှိလာမယ်ဆိုတာကို မသိခဲ့သော အခါဆက်လက်ကြည့်လိုက်ကြပါဦး
#uploadbyhsukaykhaing
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
IMDB ( 7.2 )
https://t.me/+fdoM7RwLwQM2YTY1
https://t.me/c/2177896296/347
Review
------------
၁၉၉၆ က Action,Crime,Horror ဇာတ်ကားလေးတစ်ကားပါ။ IMDB Rating 7.3 ရရှိထားပြီး Rotten Tomatoes 63%ရရှိထားပါတယ်။ မင်းသားကြီး Gorge Clooney ပါဝင်သရုပ်ဆောင်ထားပြီး စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်ကားလေးပါ။ ရိုးရိုး Action ကားပုံစံကနေ Horror ပုံစံကိုချိုးချပြောင်းလဲသွားတာကလည်းတစ်မျိုးလေးစွဲဆောင်မှုရှိစေပါတယ်။
လူသတ်မှုပေါင်းများစွာကိုကျူးလွန်ထားတဲ့ဘဏ်ဓားပြညီအစ်ကိုနှစ်ယောက်၊ စိတ်ပုံမှန်မဟုတ်တဲ့ညီကြောင့် ကျင့်ဝတ်စောင့်ထိန်းတတ်တဲ့ သူခိုးတစ်ယောက် ပြဿနာတွေတက်နေတဲ့ကြားကယုံကြည်ချက်ပျောက်ဆုံးနေတဲ့ တရားဟောဆရာတစ်ယောက်နဲ့သူ့ရဲ့ မိသားစုအကူအညီကိုယူပြီး နိုင်ငံထဲကထွက်ပြေးလွတ်မြောက်သွားပေမယ့် သူတို့ နောက်ထပ်ရင်ဆိုင်ရမယ့်သဘာဝလွန်ဖြစ်ရပ်တွေ၊ အရင်ကဇာတ်ကားဆိုတော့ Effect တွေကသိပ်မကောင်းပေမယ့်ဇာတ်လမ်းလေးကလှပြီး Country သီချင်းလှလှ လေးတွေအများကြီးပါပြီးတော့ကျွန်တော်အကြိုက်ဆုံး ဇာတ်ဝင်ခန်းလေးကတော့အမျိုးသမီးတစ်ယောက်မြွေနဲ့ကတဲ့အခန်းပါ။ တကယ်ကိုရင်သပ်ရှုမောစရာပါပဲဗျာ။
#uploadbyhoshiko
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from CLUB388 အွန်လိုင်းဂိမ်း
ဂိမ်းဆိုက်တွေဘယ်လောက်များများ ဂိမ်းဆိုက်မပြောင်းပဲဆော့နေကျတဲ့
မန်ဘာဟောင်းများရဲ့ လျို၀ှက်ချက်ကဘာတွေကြောင့်လို့ထင်လဲ
တိုက်ရိုက်ဂိမ်း၀ဘ်ဆိုက်လင့်
ဘောနပ်အစီစဥ်များသိရန်
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
IMDB (7.3/10)
https://t.me/+fdoM7RwLwQM2YTY1
https://t.me/c/2177896296/356
Review
~~
တစ်ခုလပ် အမျိုးသမီးတစ်ဦးနဲ့ သားသမီး ၄ ယောက် ပြောင်းရွှေ့လာတဲ့ အိမ်မှာ ကြောက်စရာ ဖြစ်ရပ်တွေ စတင်လာခဲ့ပြီး လူတွေနဲ့ မီဒီယာတွေ အာရုံစိုက်မှု ရလာတဲ့အခါ ဘုရား ကျောင်းရဲ့ အကူအညီတောင်းမှုအရ ဝါရမ် လင်မယား လာရောက်စုံစမ်းရတာပါပဲ။ ဒီအမှုကိုတော့ သူတို့လင်မယားလိုက်ခဲ့တဲ့ အမှုတွေထဲက ကြောက်စရာ အဆိုးရွားဆုံး တွေထဲက တစ်ခုလို့ အပြင်မှာ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ မထင်မှတ်တဲ့ လှည့်ကွက်တစ်ခုနဲ့ တန်ဆာ ဆင်ထားတာကိုလည်း တွေ့ရပါလိမ့်မယ်။ ဇာတ်လမ်းအဆုံးမှာလည်း တကယ့် ဖြစ်ရပ် မှန်အသံသွင်းတိပ်ခွေကို ဘာသာပြန်ထားတာ လေးနားထောင်ကြည့်ဖို့ မကျန်ခဲ့ဖို့နဲ့မူရင်း ဓာတ်ပုံတွေကိုလည်း တွေ့ရှိနိုင်ကြောင်း ပြောပြရင်း တင်ပေးလိုက်ပါပြီ။
#uploadedbyyumyatmin
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
IMDB ( 7.1 )
https://t.me/+fdoM7RwLwQM2YTY1
https://t.me/c/2177896296/357
Review
------------
Marvel ဟာ Comic Book တွေ ရောင်းအားကျလို့ ဒေဝါလီခံရလုနီးပါးဖြစ်နေတဲ့အချိန် သူတို့ကိုကယ်တင်ခဲ့တာ ပထမဆုံးစူပါဟီးရိုးလူမည်းရုပ်ရှင်ဖြစ်တဲ့ကတော့ Blade ရုပ်ရှင်ပါပဲ။ Blade ဟာ ရုံတင်ဝင်ငွေပိုင်းမှာရော ပရိတ်သတ်အားပေးမှုအပိုင်းမှာရော အောင်မြင်ခဲ့တာကြောင့် Marvel ကုမ္ပဏီအနေနဲ့ အမြတ်အစွန်းများစွာရရှိခဲ့ပြီး MCU ကဲ့သို့ စူပါဟီးရိုး Universe ကိုပါ ပရိတ်သတ်တွေ ဆက်လက်ကြည့်ရှုခံစားခွင့်ရရှိခဲ့တာပါ။ Blade နေရာမှာ မင်းသားကြီး Wesley Snipes က လုံးဝပီပြင်စွာ သရုပ်ဆောင်ထားပြီး Blade ၃ ကားထွက်ရှိခဲ့ပါတယ်။
Blade ဟာ သွေးစုပ်ဖုတ်ကောင် vampire သွေး
တစ်ဝက်ပါတဲ့ စူပါဟီးရိုးဖြစ်ပြီး လူသားကမ္ဘာကိုချုပ်ကိုင်လွှမ်းမိုးမယ့် vampire ဗီလိန်ကောင်တွေကို ရင်ဆိုင်တိုက်ခိုက်တာကို အမိုက်စားကြည့်ရှုခံစားရမှာပါ။ စူးရှတဲ့ ဇာတ်ကောင်တွေ ၊ ပုံစံမျိုးစုံနဲ့မိစ္ဆာကောင်တွေ ၊ အသတ်အဖြတ်ကြမ်းကြမ်းတွေနဲ့ Marvel ရဲ့ ခြေလှမ်းအစကို ပြန်လည်ခံစားကြည့်ကြပါဦး။
#uploadbykevinaris
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
IMDB ( 7.0 )
https://t.me/+fdoM7RwLwQM2YTY1
https://t.me/c/2177896296/368
Review
------------
လူငယ်ဇာတ်ကားကောင်းဟောင်းလေးတစ်ကားတင်ပေးချင်ပါတယ်။ ၂၀၁၁ခုနှစ်ထွက် Science Fiction/Thriller ကားကောင်းလေးဖြစ်ပြီး ငွေကြေးပိုင်းဆိုင်ရာတွင်အောင်မြင်မှုများစွာရရှိခဲ့ပြီး ဒေါ်လာသန်း၂၆၀အထိ ရုံဝင်ငွေရရှိ ခဲ့ပါတယ်။ ထို့အပြင် များစွာသောဆုတွေရရှိခဲ့ပြီး အထူးသဖြင့် နည်းပညာပိုင်းဆိုင်ရာနှင့် ကွန်ပျူတာအထူးပြုလုပ်ချက်၊ ဂီတပိုင်းဆိုင်ရာနှင့် သရုပ်ဆောင်မှုများတွင် ဝေဖန်မှုကောင်းကောင်းရခဲ့တဲ့ကားလေး ဖြစ်ပါတယ်။
ဇာတ်အိမ်ကိုတော့ ၁၉၇၉ခုနှစ် နယ်မြို့လေးတစ်မြို့ကိုအခြေတည်ထားပါတယ်။ နယ်ထိန်းရဲတစ်ယောက် ဖြစ်တဲ့ ဂျက်နှင့် သူ့သားဖြစ်သူ ဂျိုးတို့ဟာ စတီးမိုင်းတစ်ခုမှ မတော်တဆမှုကြောင့် မိခင်ဖြစ်သူ အယ်လီဇဘယ် သေဆုံးသွားတဲ့အတွက် ပူဆွေးဝမ်းနည်းနေခဲ့ ရပါတယ်။ ဒါတွေအားလုံးဟာ သူမရဲ့လုပ်ဖော်ကိုင်ဖက်ကြောင့်ဆိုပြီး အပြစ်တင်နေခဲ့ပါတယ်။ ဒီလိုနဲ့လေးလလောက်ကြာတဲ့အခါမှာဂျိုးရဲ့သူငယ်ချင်းဖြစ်သူချားစ်က နိုင်ငံတကာရုပ်ရှင်ပွဲတော်ပြိုင်ပွဲအတွက် ရုပ်ရှင်အတိုလေးတစ်ခုရိုက်ကူးရန် စတင်လုပ်ဆောင်ပါတော့တယ်။ ဇာတ်လမ်းကအဲဒီမှာစတာပါပဲ။
အခြားသောသူငယ်ချင်းများရဲ့အကူအညီနဲ့အတူ ချားစ်တစ်ယောက်ဇာတ်လမ်းတိုလည်းစရိုက်ပါတယ်။ တစ်နေ့ ညအချိန်ကြီး မီးရထားဘူတာအနီးတွင် ရိုက်ကွင်းတစ်ခုရိုက်ရန်လုပ်နေကြပါတယ်။ အစမ်းလေ့ကျင့်နေကြစဉ်မှာပဲ အနီးနားက ဖြတ်သွားတဲ့ရထားကို ပစ်ကပ်ကားအဖြူတစ်စီး ပြေးဝင်သွားရကစပြီး ရထားတွဲလည်းပြိုလဲသွားကာ ဂျိုးစ်တို့သူငယ်ချင်းတစ်စုလည်း ပေါက်ကွဲမှုအရှိန်ကြောင့်တကွဲတပြားစီဖြစ်ကုန်ပါတယ်။ အဲဒီနောက် လူတွေပြန်စုမိပြီး လူငယ်တွေသဘာဝအတိုင်း ဖြစ်ပျက်ရသည့်အကြောင်းအရာကိုသွားစပ်စုကြည့်တဲ့အခါမှာတော့ ကားမောင်းသူမှ သူတို့ရဲ့ ဇီဝဗေဒဆရာဒေါက်တာဝုဒ်ဝေါ့ဒ်ပဲဖြစ်နေပါတယ်။ အသက်မနည်းရှုနေရတဲ့ ဒေါက်တာဝုဒ်တစ်ယောက် လူငယ်တွေကိုသေနတ်တလက်နဲ့ချိန်ရင်း သူတို့ မြင်ခဲ့သမျှတွေကိုဘယ်သူ့ကိုမှပြောဖို့ ပြောရင်တမိသာစုလုံး ဒုက္ခရောက်မယ်ဆိုပြီးခြိမ်းခြောက်ပါတော့တယ်။ ကံကောင်းတာကတော့ အဲဒီလိုဖြစ်သွားချိန်ကို ရုပ်ရှင်ရှိုက်နေသည့်ကင်မရာမှအမှတ်မထင်မှတ်တမ်းတင်ထားပြီးဖြစ်နေပါတယ်။ ထို့နောက်အမေရိကန်စစ်တပ်ကပါဝင်ရောက်စွက်ဖက်လာပြီး အဲဒီနယ်မြေကိုအတင်းအကျပ် ချုပ်ကိုင်ဖို့ကြိုးစားပါတော့တယ်။
ရထားထဲမှာဘာတွေပါလို့လဲ။ ဒါက်တာဝုဒ်ရဲ့ရောဘယ်လိုဆက်စပ်နေလဲ။ အစိုးရစစ်တပ်ကပါ ဖုံးဖုံးဖိဖိ ကြိတ်ဖြေရှင်းဖို့ကြိုးစားရလောက်အောင် နောက်ကွယ်ကဘယ်လိုကိစ္စရပ်တွေရှိနေလဲဆိုတာကတော့ စိတ်ဝင်စားစရာပါ။ Rating အနေနဲ့လည်း 7အထိရရှိ ထားတဲ့အတွက် လူငယ်ကားလေးတွေ၊ လျို့ဝှက်ဆန်းကြယ်ဇာတ်ကားတွေကိုကြိုက်နှစ်သက်သူများအတွက် ဇာတ်ကားကောင်းလေးပါပဲ။
#uploadbykevinaris
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from CLUB388 အွန်လိုင်းဂိမ်း
ဆော့ကစားပြီး
တိုက်ရိုက်ဂိမ်း၀ဘ်ဆိုက်လင့်
ဘောနပ်အစီစဥ်များသိရန်
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
https://t.me/+fdoM7RwLwQM2YTY1
https://t.me/c/2177896296/377
Review
လူသားတွေကိုဖန်ဆင်းခဲ့တဲ့ ဘုရားသခင်ဟာ အာဒမ်နဲ့အတူလီလီ ဆိုတဲ့အမျိုးသမီးကိုပါ ဖန်းတီးခဲ့တာဖြစ်ပါတယ်။လီလီ ဟာ သန်မာတယ် စိတ်ဓာတ်ကြံ့ခိုင်တယ်။ပြီးတော့ အကြောက်အရွံကင်းမဲ့ပါတယ်။
လီလီကို ဖောက်ပြန်တယ် မကောင်းတဲ့မိန်းမဆိုပြီးစွပ်စွဲချက်တွေနဲ့ ဘုရားသခင်ကငရဲကိုပို့ပါတယ်။အဲ့နောက်မှာ နောက်ထပ်အမျိုးသမီးတစ်ဦးကိုဖန်ဆင်းရာမှာတော့ အာဒမ်ရဲ့ နံရိုးတစ်ချောင်းကို ယူပြီးဖန်ဆင်းခဲ့တာဖြစ်ပါတယ် ဟုတ်ပါတယ်။
သူကတော့ ဧဝ ပါ ဒါပေမဲ့ ဧဝက အားနည်းတယ်။ကြောက်တတ်တယ် သူ့ဘဝ မှာအမျိုးသားရဲ့အားပေးမှု လမ်းညွှန်မှုတွေတော့လိုအပ်နေပါတယ် ဒါကတော့ ဇာတ်လမ်းထဲမှာပါတဲ့ ဒဏ္ဍာရီ လေးပေါ့။
ဇာတ်လမ်းအကျဉ်းကတော့ သူတို့နိုင်ငံမှာက အဖေနဲ့သမီး တွေအတွက်သမီးတွေလက်မထပ်မချင်း ကျင်းပပေးတဲ့ အပျိုစင်ကပွဲ တစ်ခုရှိပါတယ်။သမီးများနေ့မှာလုပ်တဲ့ အဲ့ကပွဲကို ပထမဆုံး တက်ရောက်လာ သူကတော့ ရှေး ပါ။ရှေးက ကိုင်းလ် ရဲ့အရင်မိန်းမရဲ့သမီးဖြစ်ပြီးတော့မိန်းမဖြစ်သူသေဆုံးပြီးမှသမီးဖြစ်သူကိုခေါ်လိုက်တာပါ။
အဲ့ကပွဲကိုလာကြတဲ့ သမီးတွေနဲ့ အဖေတွေက သမီးတွေရဲ့ ထိန်းသိမ်းထားတဲ့အပျိုစင်ဖြစ်မှုကို လက်မှတ်ထိုးအသိအမှတ်ပြုကြပါတယ်။ကပွဲမတိုင်ခင်မှာ ကောင်မလေးတစ်စုက လီလီ ကို တောထဲ မှာဆင့်ခေါ်ပြီးသရဲခေါ်တမ်းကစားကြပါတယ်။အဲ့လိုခေါ်တာက နှစ်တိုင်းလုပ်နေကြဖြစ်ပြီးတော့အဲ့နေ့မှာတော့ ထူးခြားမှုတွေဖြစ်ခဲ့ပါတယ်။
ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ဆက်လက်ကြည့်ရှုပြီးဇာတ်ကားကြည့်ရင်းကြောက်နိုင်ပါပြီ.....
#uploadbyshoonshoon
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
IMDB ( 6.4 )
https://t.me/+fdoM7RwLwQM2YTY1
https://t.me/c/2177896296/378
Review
------------
ဟော်ရာရုပ်ရှင်အသစ်လေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ်။ အာဖရိက ကနေ အသက်စွန့်ပြီး အင်္ဂလန်ကို ကူးလာတဲ့ မိသားစုတစ်စုဟာ လမ်းခရီးမှာ ရေနှစ်ပြီး သူတို့သမီးလေးကို အသေခံခဲ့လိုက်ရပါတယ်။ ဒုက္ခသည်တွေအဖြစ် နိုင်ငံရေးခိုလှုံသူ ကာလမှာ အစိုးရက ချပေးတဲ့ အိမ်ဟောင်းတစ်ခုမှာလင်မယားနှစ်ယောက်ဘဝသစ်ပြန်စဖို့ ကြိုးစားပေမယ့် တမလွန်ကသမီးရဲ့အသံနဲ့အတူ မကောင်းဆိုးဝါးတစ်ကောင်ကဆက်တိုက် နှောက်ယှက်လာတဲ့အခါ…
#uploadbykevinaris
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
IMDB ( 6.8 )
https://t.me/+fdoM7RwLwQM2YTY1
https://t.me/c/2177896296/389
Review
------------
၁၉၉၀ ခုနှစ်ပိုင်း ကွန်မြူနစ်ခေတ်ကုန်ကာလ . ဆလိုဗက်ကီးယားနိုင်ငံမှာ အကြောက်ရဆုံးဖြစ်တဲ့ မာဖီးယားခေါင်းဆောင်တစ်ဦး ပေါ်ပေါက်ခဲ့ပါတယ်။ သူ့နာမည်က Miki
Miki ဟာ အရင်က သစ်တောထဲမှာ အလုပ်လုပ်တဲ့ အလုပ်သမားတစ်ယောက်ပါ။ အရမ်းချမ်းသာချင်တဲ့ Miki ဟာ အဲဒီဘဝကနေ ရုန်းထွက်ဖို့ ကြိုးစားရင်း လောဘတက်ပီး အာဏာတွေ .. သစ္စာရှိ အရိုသေခံမှုတွေကို ရှာဖွေရင်း မာဖီးယားလောကထဲကိုရောက်သွားပါတယ်။ သူလုပ်နေတဲ့ မာဖီးယား အလုပ်တွေကို သူ့မိန်းမနဲ့ သူ့အမေ မသိအောင် ဘယ်လိုကျူးလွန်ခဲ့သလဲဆိုတာ ရင်တမောမောနဲ့ ကြည့်ရှုရမယ့် ဇာတ်ကားဖြစ်ပါလို့ ပြောရင်း .. ဘာတွေ ဆက်ဖြစ်မလဲဆိုတာကတော့ ဇာတ်ကားထဲမှာပဲကြည့်ရှု ခံစားလိုက်ပါတော့။
#uploadbykevinaris
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from CLUB388 အွန်လိုင်းဂိမ်း
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
https://t.me/+fdoM7RwLwQM2YTY1
https://t.me/c/2177896296/398
Review
ဒီကားကတော့ 2023 ခုနစ်ကထွက်ထားတဲ့ ပိုလန်လျှို့ဝှက် ဆန်းကျယ်ဇာတ်ကားလေးပါ။
အဓိက သရုပ်ဆောင်တွေအနေနဲ့ ကတော့ ပိုလန်နာမည်ကြီး မင်းသားမင်းသမီး တွေဖြစ်တဲ့ Magdalena Kolesnik, Andrzej Seweryn, Piotr Trojanအဓိကပါဝင်သရုပ်ဆောင်ထားပြီးဒါရိုက်တာကတော့ Piotr Adamski ဖြစ်ပါတယ်။
Julia Wójcicka ဆိုတဲ့ သတင်းထောက်မလေးက နာမည်ကြီး တီဗီအစီအစဉ်တင်ဆက်သူတစ်ယောက်ရဲ့ သေဆုံးမှုဟာအာဏာပိုင်တွေကြေညာခဲ့သလို မတောတဆ သေဆုံးမှုမဟုတ်ပဲ သေသေချာချာစီစဉ်ထားခဲ့တဲ့ ကျူးလွန်မှုတစ်ခု ဖြစ်တယ်ဆိုတာကို ယုံကြည်ခဲ့တဲ့အတွက် စုံစမ်းဖို့ ဖြစ်လာပါ တော့တယ်။
အမှန်တရားကို ရှာဖွေတွေ့ရှိဖို့ နီးကပ်လာတာနဲ့ အမျှ Julia ကိုပါအသက်အန္တရာယ်ဖြစ်လာစေပါတော့တယ်။
တစ်စုံတစ်ယောက်က သူမကို အမြဲစောင့်ကြည့်နေပြီးတော့ Julia ရဲ့ ရှက်စရာလျှို့ဝှက်ချက်များကိုပါ သိထားကာ သူမ ရဲ့လှုပ်ရှားမှုများကိုပါ ကြိုတင်သိရှိနေခဲ့ပါတယ်။
နောက်ထပ်သားကောင်တစ်ယောက် မဖြစ်လာဖို့အတွက် Julia ဟာလဲ ဖုံးကွယ်ထားတဲ့ဆိုင်ဘာကွန်ရက် ထဲကို ဝင် ရောက်လာဖို့ ဖြစ်လာပြီးတော့သူမ မထင်မှတ်ထားတဲ့ လျှို့ဝှက်မှုတွေကို သိလာတဲ့ အခါမှာ တော့ ဘယ်လိုတွေဆက်ဖြေရှင်းသွားမလဲ ဆိုတာ စိတ် လှုပ်ရှားဖွယ်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။
#uploadbyshoonshoon
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
IMDB ( 7.6 )
https://t.me/+fdoM7RwLwQM2YTY1
https://t.me/c/2177896296/399
Review
------------
Rating မြင့်တဲ့ ဂျပန် horror ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်လမ်းကတော့ နာမည်သိပ်မကြီးသေးတဲ့ ဒါရိုက်တာရယ် ရှုတင်အဖွဲ့သားတို့ဟာ သူတို့မှာရှိတဲ့ Low Budget လေးနဲ့ပဲ ရုပ်ရှင်ကိုတန်းဝင်အောင်ရိုက်ကူးရတယ် အခုသူတို့ရိုက်ကူးမှာတော့ Zombie Movie ပေါ့။ ရိုက်ကူးရေးနေရာကို ရွေးချယ်ရာမှာတော့ ဒုတိယကမ္ဘာစစ်အတွင်းက စွန့်ပစ်ထားတဲ့ ဂျပန်စက်ရုံဟောင်းကြီးတနေရာကိုရွေးချယ်ပြီး ရိုက်ကူးလိုက်ကြတယ်.. အစပိုင်းမှာအဆင်ပြေပြေရိုက်ကူးနိုင်ပေမယ့် Zombie ရုပ်ရှင်ကိုရိုက်ကူးရင်း တကယ့် Zombie အစစ်တွေပါ ထွက်လာတဲ့အခါမှာတော့...။
#uploadbykevinaris
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
IMDB ( 6.9 )
https://t.me/+fdoM7RwLwQM2YTY1
https://t.me/c/2177896296/410
Review
------------
ဒီဇာတ်လမ်းကတော့ 2011 က ထွက်ရှိခဲ့တာဖြစ်ပါတယ်... လူတိုင်းမှာ ဝါသနာအမျိုးမျိုးရှိပါတယ်.. သီချင်းဆိုတာစိတ်ဝင်စားတာ.. ကွန်ပြူတာစိတ်ဝင်စားတာ...စသဖြင့် ဝါသနာကိုယ်စီရှိကြပါတယ်... ကလိုက်ဗ် နဲ့ ဂရမ်းဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ကတော့ ဂြိုဟ်သားရှိတာကိုယုံကြည်ပြီး ဂြိုဟ်တွေအကြောင်းကိုစိတ်ဝင်စားကြပါတယ်.. ဝါသနာတူသူငယ်ချင်းနှစ်ယောက်အမေရိကန်မှာကျင်းပတဲ့ သိပ္ပံရုပ်ပြပွဲကို သွားချိန်မှာဇာတ်လမ်းစတော့တာပါပဲ...
သူတို့နှစ်ယောက်ဟာ ဥက္ကာပျံတွေပျက်ကျတယ်ဆိုပြီး လူသိများတဲ့ နေရာတစ်ခုကို သွားရောက်လည်ပတ်ခဲ့ကြပါတယ်.. အဲ့အချိန် Paul လို့ အမည်ရတဲ့ ဂြိုဟ်သားဟာ FBI ကနေ ထွက်ပြေးလာချိန်ဖြစ်ပါတယ်... Paul ဟာ လွန်ခဲ့တဲ့ နှစ် ၆ဝ လောက်တည်းက ကမ္ဘာမြေပေါ်ယာဉ်ပျက်ကျကာ အစိုးရခိုင်းစေတဲ့ တာဝန်တွေကို အကြံပေးနေရသူပါ…. တစ်နေ့ သူ့ကိုသတ်မယ်ဆိုတဲ့ သတင်းကြားပြီးနောက်ထွက်ပြေးတိမ်းရှောင်ရပါတော့တယ်.. Paul ဟာ ဂရမ်း ကလိုက်ဗ်တို့နဲ့ ပတ်ပင်းတိုးပါတော့တယ်...
သူငယ်ချင်းနှစ်ယောက်ဟာ Paul ကို သူ့နေရပ်ကို ပြန်နိုင်ဖို့ ကူညီပေးခဲ့ပါတယ်... ဒီအပြန်ခရီးမှာတော့ ကြုံရတဲ့အလွဲတွေ.. ဟာသနှောထားတဲ့အဖြစ်အပျက်လေးတွေ..FBI ရဲ့ အနှောင့်အယှက်တွေ ဖြတ်ကျော်ပုံတွေကို စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်...
ဒီဇာတ်လမ်းကို ကြည့်ပြီးချိန်မှာအတွေးတစ်ခုတော့ရလာမှာပါ... ပရိသတ်ကကော ဂြိုဟ်သားရှိတာကို ယုံလား... ဂြိုဟ်သားပုံစံတွေကကော ဘယ်ကရလာတာလဲ သိပ္ပံပညာရှင်တွေစိတ်ကူးယဉ်သက်သက်ဆွဲထားတာလား. ဇာတ်လမ်းထဲက မင်းသမီး ရုသ် ပြောသလို ဘုရားသခင်ဖန်ဆင်းထားတဲ့ ကမ္ဘာမြေတစ်ခုတည်းရှိတာလား.. ဂြိုဟ်သားဇာတ်လမ်းမျိုးစိတ်ဝင်စားတဲ့ ပရိတ်သတ်ကတော့ ဒီဇာတ်လမ်းလေးကို နှစ်ခြိုက်မယ်လို့ အာမခံပါတယ်... ကြည့်ရှုခံစားကြပါဦး
#uploadbyhoshiko
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from CLUB388 အွန်လိုင်းဂိမ်း
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
IMDB (7.5/10)
https://t.me/+fdoM7RwLwQM2YTY1
https://t.me/c/2177896296/419
Review
~~~~~~~
ဒီတစ်ခါ တင်ဆက်ပေးသွားမှာကတော့ ကျွန်တော်တို့ ငယ်ငယ်က ကြည့်ခဲ့ဖူးတဲ့Michael jackson x ကားလေး တင်ဆက်ပေးသွားမှာပါဒီဇာတ်လမ်းလေးကိုတော့ Michael Jackson နဲ့ The Shining တို့ IT တို့ကိုရေး တဲ့ စာရေးဆရာ Stephen King နှစ်ယောက် ရေးထား ပြီးTerminator of Jurassic Park Special effect Make up artist Stan Winston m
ဒါရိုက်တာ လုပ်ထားတဲ့ Short Film လေး ဖြစ်ပါတယ် ။
ဒီဇာတ်လမ်းမှာ Michael Jackson က မြို့ ထဲက အိမ်အကြီးကြီးမှာ နေတဲ့လူထူးဆန်း တစ်ယောက်ဖြစ်ပြီးသူ့ကိုမြို့ထဲကနေ မြို့တော်ဝန် ကမနေဖို့ လာ နှင်ထုတ်တဲ့ အကြောင်းပါ။
ဒီ ဇာတ်လမ်းတိုထဲမှာ Michael Jackson ရဲ့ သီချင်းသုံးပုဒ် ဖြစ်တဲ့ Ghosts, 2 Bad နဲ့ Is it scary? တို့ဘာပါပါတယ်။ဒီထဲမှာ Michael Jackson တစ်ယောက်သူ ရဲ့ သီချင်း အကတွေကို Short Film ထဲမှာ ဘယ်လိုပေါင်းစပ်ထားမလဲဆိုတာ ကြည့်ရှု လိုက်ပါ။
#uploadedbyyumyatmim
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
https://t.me/+fdoM7RwLwQM2YTY1
https://t.me/c/2177896296/420
Review
ဒီကားကို အစကထင်ထားတာ ကြမ်းကြမ်းရမ်းရမ်းလူသတ် ကားပေါ့....
ဇာတ်လမ်းအကြောင်း....
လာပါပြီ ဇာတ်ကားရဲ့ မိနစ်၂၀လောက်အရောက်မှာ သိသိ သာသာကြီးကို ကိုယ်ကဇတ်လမ်းထဲရောက်သွားသလိုပဲဘာလို့ဆိုကျွန်တော်တို့လက်ခံလို့ရလောက်တဲ့ ဖြစ်နိုင်ချေ တစ်ခုကို ဇာတ်လမ်းထဲပြထားတယ် Time travel လို့ဆိုရ မလားပဲသို့မဟုတ် ဖန်ဆင်းထားမှုတစ်ခုလား သို့တည်းမဟုတ် ထူး ကြယ်ဆန်းပြားမှုလား
ဇာတ်လမ်းအပြီးထိ တော်တော်စိတ်ဝင်တစားနဲ့ကြည့်ခဲ့ရတာပါ...
ဥပမာ ပြောရရင်....
ကျွန်တော်တို့ တစ်ခါမှ မလုပ်ဖူးတဲ့အလုပ်တစ်ခုကိုဒီနေ့စ လုပ်ပြီဆိုပါစို့....ဒါပေမဲ့....အဲဒီအလုပ်ကိုလုပ်နေတုန်း ငါအရင် လုပ်ဖူးသလိုပဲ အဲဒီလိုတွေ တွေးဖူးကြပါလိမ့်မယ် ပြောချင်တာက ဒီဇာတ်လမ်းကလည်း အဲဒီလိုသဘောတရား ကိုနည်းနည်းသက်ရောက်မှုရှိတယ်ဗျ အားလုံးကိုခြုံပြီးပြောရရင် တောစပ်နားကအိမ်ကြီးမှာ လာ နေတဲ့ လင်မယားနှစ်ယောက်ဆီမှာ အပေါ်ကကျွန်တော်ဆိုခဲ့ သလို ဖြစ်ရပ်ဆန်းကြီးကြုံခဲ့ရတာပါ..
တစ်ခါ တစ်ခါ အညွန်းကိုဒီလိုလေး မတင်း မလျှော့လေးပဲညွန်းတာကောင်းပါတယ် ကြည့်လိုက်ကြဦးနော်.....
#uploadbyshoonshoon
Please open Telegram to view this post
VIEW IN TELEGRAM