Horror ဇာတ်ကားများ 🇲🇲
88.4K subscribers
793 photos
35 videos
857 links
ကြေငြာထည့်လိုပါက @sora_entertainment_adminn သို့ ဆက်သွယ်နိုင်ပါသည်
Download Telegram
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️The Killing Of A Sacred Deer (2017)

IMDB ( 7.0 )

📱 Channel အရင် Join ပါ
https://t.me/+fdoM7RwLwQM2YTY1

📱 ဇာတ်ကား Link
https://t.me/c/2177896296/599

Review
------------

အခုမိတ်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ၂၀၁၇ နိုဝင်ဘာမှာ အသစ်ထွက်လာတဲ့ The Killing of A Sacred Deer ဆိုတဲ့ ဇာတ်ကားလေးပါ။ ဒီကားမှာတော့ ဒေါက်တာစတီဗင်ဟာ သူ့ဇနီးရယ် ကလေးနှစ်ယောက်ရယ်နဲ့ အပြစ်ကင်းစင်တဲ့မိသားစုလေးကို အိမ်ထောင်ဦးစီးနေတဲ့ အောင်မြင်ကျော်ကြားတဲ့နှလုံးအထူးကုခွဲစိတ်ဆရာဝန်တစ်ယောက်ပါ။ တစ်နေ့မှာတော့ သူ့ဘဝထဲကို စိတ်အနှောင့်အယှက်ဖြစ်စရာနည်းလမ်းတွေနဲ့ တဖြည်းဖြည်းချင်းဝင်ရောက်လာတဲ့သူကတော့ အဖေမရှိတော့တဲ့ဆယ်ကျော်သက်ကောင်လေး မာတင်ပါ။

မကြာခင်မှာ မာတင်ဟာ သူတို့မိသားစုရဲ့ပျော်ရွှင်မှုလေးတွေကို ထာဝရဖျက်စီးပစ်မယ့် အတိတ်က အတော်ကြာမေ့ထားခဲ့တဲ့ သူ့ရဲ့အပြစ်ကျူးလွန်ခဲ့မှုကို ဖော်ထုတ်ချိန်မှာ မာတင်ရဲ့ရည်ရွယ်ချက်ဟာ လုံးလုံးလျားလျားပေါ်လွင်လာပါတယ်။ မာတင်က ဘယ်သူလဲ။ ဘာလို့ ဒေါက်တာစတီဗင်တို့ပျော်စရာမိသားစုလေးကို ဖျက်စီးဖို့ ကြိုးစားရတာလဲ။ ဒေါက်တာကရော ဘာအပြစ်တွေ ကျူးလွန်ခဲ့တာလဲ။ နောက်ဆုံးမှာ ဘယ်လိုတွေအဆုံးသတ်မလဲဆိုတာတော့ စောင့်မျှော်ကြည့်ရှုကြပါဦး

#uploadbyhoshiko
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️The Bar (2017)

IMDB ( 6.3 )

📱 Channel အရင် Join ပါ
https://t.me/+fdoM7RwLwQM2YTY1

📱 ဇာတ်ကား Link
https://t.me/c/2177896296/608

Review
------------

IMDb Rating (6.3) / Rotten Tomatoes (100 %) RT 100% Rating ရရှိထားတဲ့ ဒီစပိန်ကားကတကယ်ကို သည်းထိတ်ရင်ဖိုစိတ်လှုပ်ရှားရမယ့် Underrated ရုပ်ရှင်ကားတကားပါပဲ။

အေးချမ်းတဲ့ သာမန်နေ့ရက်တစ်ရက်မှာ စားသောက်ဆိုင်ဘားတခုထဲမှာ လူတစ်စုက အေးအေးချမ်းချမ်း ရှိနေချိန် ကံကြမ္မာဆိုးတစ်ခုနဲ့ ရင်ဆိုင်လိုက်ရပါတယ်။ ဒါကတော့ ဆိုင်အပြင်ဘက်ကို ထွက်သွားတဲ့ လူနှစ်ဦးရှေ့ဆင့်နောက်ဆင့်ဆိုသလို စနှိက်ပါသေနတ်နဲ့ပစ်သတ်ခံလိုက်ရတာကို ဘားထဲက လူအားလုံး မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရတာပဲဖြစ်ပါတယ်... အပြင်ဖက်ကလူတွေအားလုံးလဲ ထွက်ပြေးပျောက်ကွယ်ကုန်ပြီး ဖုန်းလိုင်းတွေပါဆက်မရဖြစ်သွားပါတော့တယ်။
စနှိုက်ပါသေနတ်သမားရှိနေတာကြောင့် ဘယ်သူမှ ဆိုင်အပြင်မထွက်ရဲတော့ချိန်မှာပဲ ထူးဆန်းစွာ ဆိုင်အပြင်ဖက်က အလောင်း၂လောင်းကပါ ထပ်မံပျောက်ဆုံးသွားတဲ့အခါမှာတော့…။

ဘာမဟုတ်တဲ့မနက်ခင်းလေးကနေ သေရေးရှင်ရေးထိ ဆွဲခေါ်ခံသွားရမယ့် ဒီရုပ်ရှင်ကားက အသည်းတယားယားအခန်းတွေနဲ့ ပဟေဠိတွေကို ထိုင်အဖြေရှာရမှာပါ။

#uploadbyhoshiko
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️The Ritual Killer (2023)

IMDB ( 6.3 )

📱 Channel အရင် Join ပါ
https://t.me/+fdoM7RwLwQM2YTY1

📱 ဇာတ်ကား Link
https://t.me/c/2177896296/609

Review
------------

မင်းသားကြီး Morgan Freeman ပါဝင်ထားတဲ့ Thriller ကားသစ်ထွက်လာလို့ တင်ဆက်ပေးလိုက်ပါပြီ။ ဇာတ်ကြောင်းကတော့ ရက်ရက်စက်စက် လူလိုက်သတ်တဲ့ကွင်းဆက်လူသတ်သမားအကြောင်းပေါ့လေ။

ဒီထဲမှာတော့ Morgan Freeman ဟာ ပရော်ဖက်ဆာတစ်ယောက်နေရာကနေ ပါဝင်ထားပါတယ်။ စုံထောက်ဘွိုက်ကတော့ သမီးလေးကို ဆုံးရှုံးထားရတဲ့ စိတ်ဒဏ်ရာနဲ့ဖခင်တစ်ယောက်ပါ။ တစ်နေ့ကျ ဟိုတစ်နေရာ ဒီနေရာကနေ ကျားမမရွေး အရွယ်စုံလူမျိုးစုံ လူသေအလောင်းတွေပေါ်လာပါတော့တယ်။ ပုံစံအနေအထားအရ လူတစ်ယောက်တည်းက လုပ်မှန်းထင်ရှားနေပါပြီ။ ရိုးရာသက်ဝင်ယုံကြည်မှုတွေပါ ပါလာတာကြောင့် ပရော်ဖက်ဆာနဲ့ စုံထောက်ကြီးတို့ပူးပေါင်းပြီး လူသတ်သမားကို ဖော်ထုတ်ကြတာပေါ့။

ဇာတ်ညွှန်းကို ဒီမှာတင်ပဲရပ်ပါရစေ အများကြီးရေးရင် ပေါ့သွားမှာစိုးလို့ ပရိတ်သတ်ကြီးတို့ ကိုယ်တိုင်ပဲ ကြည့်လိုက်ကြပါတော့။

#uploadbyhoshiko
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️Veronica (2017)

IMDB (6.2/10)

📱Channel အရင် join ပါ။

https://t.me/+fdoM7RwLwQM2YTY1

📱ဇာတ်ကား link

https://t.me/c/2177896296/620

Review
--------
စပိန်နိုင်ငံ၊မက်ဒရစ်မြို့မှာ 1991၊ဇွန်လ ၂၅ရက်နေ့ မှာဖြစ်ပွားခဲ့တဲ့ အမှုတွဲတစ်ခုအပေါ်အခြေခံပြီး ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်သရဲဇာတ်လမ်းကောင်း လေးဖြစ်ပါတယ်။ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်သလို Horrorခန်းတွေ လည်းအများအပြားပါဝင်တာမို့ Horrorပရိတ်တွေ လည်းလက်မလွတ်သင့်ဇာတ်ကားမျိုးပါ။မက်ဒရစ်မြို့မှာ ဗာရိုနီကာဆိုတဲ့ကောင်မလေးတစ် ယောက်ဟာ သူ့အဖေသေဆုံးပြီးနောက်ပိုင်း၊ အမေ ဖြစ်သူ အန်နာနဲ့ မွေးချင်သုံးယောက်ဖြစ်တဲ့ ညီကို မောင်နှမတွေနဲ့အတူတူနေထိုင်ကြပါတယ်။ဖခင်မရှိတဲ့နောက်ပိုင်း သားသမီးလေးယောက်ကို ရှာဖွေကျွေးနိုင်ဖို့ အမေဖြစ်သူမှာ နေ့မနားညမနား အိမ်တောင်မပြန်နိုင်ပဲစားသောက်ဆိုင်တစ်ခုမှာ အလုပ်လုပ်ရရှာပါတယ်။

ဒီတော့ မိသားစုရဲ့ကိစ္စရေးရာတွေက အကြီးဆုံး ဖြစ်သူ ဗာရိုနီကာ အပေါ်ကျရောက်လာပါတော့ တယ်။ဗာရိုနီးကာမှာ မွေးချင်းတွေဖြစ်တဲ့ ညီမနှစ်ယောက် နဲ့ အငယ်ဆုံးလေးဖြစ်တဲ့မောင်လေး အန်သိုနီတို့ရဲ့ ကိစ္စအဝအဝကိုဆောင်ရွက်ပေးပြီးမှ မောင်နှမ လေးယောက်တို့ကျောင်းအတူတူသွားကြပါတယ်။ဒီလိုနဲ့ 1991ခုနှစ်၊ဇွန်လ ၁၂ရက်မှာ မက်ဒရစ်မြို့မှာ နေအပြည့်ကြတ်တာနဲ့ကြုံရပြီး စာသင်ကျောင်း တွေမှာ နေကြတ်ခြင်းသင်ခန်းစာကိုသင်ကြားပြီး၊ နေကြတ်တာကိုလေ့လာကြပါတယ်။ကျောင်းသားတွေအားလုံး နေကြတ်တာကိုထွက် ကြည့်နေကြချိန်မှာ ဗာကိုနီကာက သူ့သူငယ်ချင်း တွေနဲ့ ဝိဉာဏ်ခေါ်ကားချပ်ပြားကို ကစားမိခဲ့ကြပါ တယ်။ဗာရိုနီကာကတော့ သေဆုံးသွားတဲ့သူ့အဖေနဲ့ စကားပြောလိုတာကြောင့် ဝိဉာဏ်ခေါ်ကားချပ်ပြား နဲ့ကစားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီမှာတင်ပဲ ဝိဉာဏ်တစ်ကောင်ရောက်လာပြီး သူ နဲ့အတူတူအိမ်ကိုကပ်ပါလာပါတော့တယ်။အဲ့အခါမှာ ဝိဉာဏ်ကောင်က ဗာကိုနီကာနဲ့သူရဲ့ မောင်နှမတစ်သိုက်ကိုစတင်ခြောက်လှန့်ပါတော့ တယ်။အဲ့အကြီးဆုံးလည်းဖြစ်တဲ့ ဗာရိုနီကာဟာ သူ့ရဲ့ ညီမလေးတွေ၊မောင်လေးတွေ ဘေးကင်းဖို့အတွက် တာဝန်ယူရပါတော့တယ်ဗာရိုနီကာအတူတူကပ်ပါလာတဲ့ ဝိဉာဏ်ဟာ သူ့ အဖေပဲဖြစ်နေမလာ၊တခြားသူစိမ်းသူပဲဖြစ်နေမ လား……..။

ဗာရိုနီကာကလည်း သူ့မောင်လေး၊ညီမလေးတွေကို ဘေးကင်းအောင်ဘယ်လိုကာကွယ်သွားမလဲဆိုတာ ကိုတော့ ဒီဇာတ်လမ်းကလေးမှာ စိတ်ဝင်စား ဖွယ်ရာဆက်လက်ကြည့်ရှု့ရမှာဖြစ်ပါတယ်။


#uploadbyhsukaykhaing
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️The Shining 1980

IMDB ( 8.4/10)

📱Channel အရင်join ပါ

https://t.me/+kCL2wmUR_sY4NjNl

📱ဇာတ်ကားlink

https://t.me/c/2274736087/978

Review
~~~~~~~
ဒီဇာတ်ကားဟာ နာမည်ကျော် TheShawshank Redemption မူရင်းစာရေးဆရာ Steven King ရဲ့ နာမည် ကျော် စာအုပ်တစ်အုပ်ကိုရုပ်ရှင်အဖြစ်ပြန်လည် ရိုက်ကူးထားတာဖြစ် ပါတယ်။Rating အရ IMDb 8.4/10 နဲ့ RT 84% ရရှိထားတဲ့Old but Gold

ဇာတ်လမ်းကတော့…ဘဝမှာ အောင်မြင်မှု မရခဲ့တဲ့ ကျောင်းဆရာလူထွက် ဖခင်တစ် ယောက်..ခင်ပွန်းနဲ့သားကို ချစ်တတ်လွန်းတဲ့ မိခင်တစ်ယောက်....

ထူးခြားတဲ့ပါရမီတစ်ခုကို ပိုင်ဆိုင်ထားပြီးချစ် ရာကောင်းတဲ့ ကောင်လေးတစ် ယောက်...အဲဒီသုံးယောက်ပေါင်းစပ်ထားပြီး မပြည့်စုံတဲ့ မိသားစုတစ်ခုဟာ
မကြာသေးမီအချိန်ကပဲ ဆိုးရွားတဲ့လူသတ်မှု တစ်ခု ဖြစ်ပွားခဲ့တဲ့၊ ရာသီဥတုဆိုးတဲ့ ဆောင်းတွင်း ကာလမှာပိတ်ထားရပြီး အင်ဒီး ယန်းတွေရဲ့ သုဿန်မြေဟောင်းပေါ်မှာတည်ဆောက်ထားတဲ့ ကော်လိုရာဒိုက ရှေးဟောင်းဟိုတယ်တစ်ခုမှာ ဆောင်းတွင်း ဘက် ဟိုတယ်အစောင့်အလုပ်ကို လက်ခံခဲ့ ပြီးတဲ့နောက်မှာတော့…..

#uploadedbyyumyatmin
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️Alien (1979)

IMDB (8.5/10)

📱Channel အရင် join ပါ။

https://t.me/+kCL2wmUR_sY4NjNl

😍ဇာတ်ကား link

https://t.me/c/2274736087/979

Review
---------
ဂန္ဓဝင် စိတ်ကူးယဉ်သိပ္ပံရုပ်ရှင်တစ်ကားဖြစ်တဲ့ Alien ကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။"အာကာသမှာ သင့်အော်သံကို မည်သူမှ မကြားနိုင် " ပါ။

၁၉၇၉ လို ကာလမှာ အဲဒီလို မားကတ်တင်းဆင်းခဲ့ တဲ့ ဇာတ်ကားဟာ ဂြိုဟ်သားရှေ့ပြေးရုပ်ရှင်ဖြစ်ခဲ့ ပြီးနောက်ဆက်တွဲရုပ်ရှင်တွေအများကြီးထွက်တဲ့ အထိ ဆက်လက်အောင်မြင်ခဲ့တယ်။ဇာတ်လမ်းအကျဉ်းကတော့ လုပ်ငန်းသုံး Nostromo အာကာသယာဉ်တစ်စင်းမှာ လိုက်ပါ လာတဲ့ အဖွဲ့သားတွေ လုပ်ငန်းစဉ်တွေအားလုံးပြီးလို့ အိမ်ပြန်မယ့်ဆဲဆဲ။သူတို့ကို အလုပ်ခန့်အပ်ညွှန်ကြားသူ "Mother" က နေ အရင်းအမြစ်တစ်ခုကို အပြင်ထွက်ပြီးရှာဖွေခိုင်း လာပြီး အမိန့်မလိုက်နာရင် ဝေစုမရဘူးဆိုတာ ဖြစ်လာပါတယ် ဒီကနေ အဆင့်မြင့်သက်ရှိတစ်မျိုး ဖြစ်ပြီး ဝန်းကျင်နဲ့ လိုက်လျောညီထွေအောင် ပြင်ဆင်ပြောင်းလဲတတ်ရုံသာမက ရန်လိုပြီးရိုင်းစိုင်း တဲ့ Alien နဲ့ အတွေ့မှာတော့နောက်ဆက်တွဲကားတွေလို action ရုပ်ရှင်မဟုတ် ဘဲ horror ကားတစ်ကားလို ခံစားရမယ့် ဒီ ခေတ်ဟောင်းကားလေးကို ပရိသတ်အတွက် တင် ဆက်ပေးလိုက်ရပါတယ်

#uploadbyhsukaykhaing
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️American Psycho (2000)

IMDB (7.6/10)

📱Channel အရင် join ပါ။

https://t.me/+kCL2wmUR_sY4NjNl

😍ဇာတ်ကား link

https://t.me/c/2274736087/993

Review
---------
အမေရိကန် ပြည်ထောင်စု ၉၀နှစ်ဝန်းကျင်မှာ ကုမ္ပဏီ လူကြီးမင်းတွေကြားက အချင်းချင်း ပြိုင်ဆိုင်မှုတွေ မနာလိုမှုတွေ အဆင့်အတန်းခွဲ ခြား မှုတွေပြည့်နှက်နေခဲ့တယ် ။ရယ်မောစကားပြောနေပေမယ့် အတွင်းစိတ်က မုန်းတီးနေကြတဲ့ ပတ်ဝန်းကျင်တစ်ခု၊ဒီလိုအနေအထားမှာ ပက်ထရစ် ဘိတ်မန်း တစ် ယောက် သူကြည့်မရတဲ့ လုပ်ဖော်ကိုင်ဘက်ကို သတ် ပစ်ခဲ့တယ် ။သူ့လုပ်ရပ်တွေက အကုန်အဆန်းတွေကြီးပဲ...

ဒီကားဟာ TOP IMDB ထဲမှာပါသလို ရုပ်ရှင်ဝေဖန် ရေးသမားတွေအသိအမှတ်ပြုဇာတ်ကားတစ်ကား ဖြစ်တယ်။.ဒီကားကိုကြည့်တဲ့သူတွေအဖို့ ဘိတ်မန်းရဲ့ စရိုက် အမူအကျင့်တွေ ပတ်ဝန်းကျင်ကို ဆက်ဆံပုံတွေ အသေးစိတ် မျက်ခြေမပြတ်လိုက်ရပါ့မယ်။သူလုပ်ရပ်တွေဟာ အမှန်တကယ်ဖြစ်ခဲ့တာ လား...

စိတ်ကူးယဉ်သက်သက်လား….သူစီစဉ်ခဲ့တာ တွေဟာဘာအတွက်လဲ... ဘာကြောင့်လဲ...ဒီကားက အတော် ကို ခေါင်းစားပါတယ်။.နောက်ပြီးအဖော်အချွတ်အခန်းတစ်ချို့ ပါလို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး။ဆိုတော့ ဒီကားကိုကြည့်ပြီးခေါင်းစားလိုက်ကြပါဦး။

#uploadbyhsukaykhaing
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️    I Am Legend (2007)

IMDB (7.2)

📱 Channel အရင် Join ပါ
https://t.me/+kCL2wmUR_sY4NjNl

📱 ဇာတ်ကား Link
https://t.me/c/2274736087/992

Review
----------

သရုပ်ဆောင် Will Smith ပါဝင်သရုပ်ဆောင်ထားတဲ့ I am Legend(2007) ဇာတ်ကားကို တော်တော်များများကြည့် ဖူးကြမှာပါ။

ဒါပေမဲ့ ဒီဇာတ်ကားက နောက်ထပ် ဇာတ်သိမ်းတစ်မျိုးနဲ့ ထပ်ထွက်သေးတယ်ဆိုတာကိုတော့ သိပ်မသိကြပါဘူး။ ဇာတ်လမ်းကတော့ ပုံစံတူတူပါပဲ။ ကမ္ဘာတစ်ခုလုံးကို ဗိုင်း ရပ်ပျံ့နှံ့သွားပြီး သူတစ်ယောက်တည်းကျန်နေခဲ့တာပါ။ ဗိုင်း ရပ်ကို ကုသဖို့ နည်းလမ်းရှာနေရင်း သူ့ရဲ့ နောက်ဆုံး အဖော် အဖက်ဖြစ်တဲ့ ခွေးလေး ဆမ် သေသွားတဲ့အချိန်မှာ သူ့ကိုသူ သတ်သေဖို့ ကြိုးစားခဲ့ပါတယ်။ သေလုဆဲဆဲမှာအမျိုးသမီး တစ်ယောက်လာရောက် ကယ်တင်တာကိုခံခဲ့ရပါတယ်။ ကမ္ဘာပေါ်မှာ သူတစ်ယောက်တည်း ကျန်ခဲ့တာ မဟုတ်ဘူးဆို တာကို သိလာရပါတယ်။ ဒီအမျိုးသမီးက ဘာလို့သူ့ဆီကို ရောက်လာတာလဲ။ ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာက ပထမ ဇာတ်ကားနဲ့ ကွဲသွားမှာပါ။ Rating ကတော့ IMDb 7.2 ချင်း တူတူပါပဲ။

#uploadbykevinaris
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️Psycho (1960)

IMDB ( 8.5 )

📱 Channel အရင် Join ပါ
https://t.me/+kCL2wmUR_sY4NjNl

📱 ဇာတ်ကား Link
https://t.me/c/2274736087/1007

Review
------------

အကောင်းဆုံး Horror ဇာတ်ကားဆိုပြီးရှာလိုက်ရင် စာရင်းအတော်များများရဲ့ ထိပ်ဆုံးကနေ အမြဲလိုရပ်တည်နေတဲ့ ဂန္ဓဝင်ကားကောင်းတစ်ကားဖြစ်လို့ အထူးတလည်ညွှန်းနေစရာတော့ မလိုတော့ပါဘူး။ ခင်ဗျားဟာ ဘယ်လောက်ပဲဇာတ်ကားတွေကြည့်ခဲ့ ကြည့်ခဲ့ ဒီဇာတ်ကားဟာ ခင်ဗျားတို့ကို အချိန်ပြည့် ပါးစပ်အဟောင်းသားဖြစ်သွားစေလိမ့်မယ်လို့လည်း တော်တော်များများက ညွှန်းဆိုကြတယ်...

ဇာတ်လမ်းသွားအရတော့ မာရီယွန်ကရိန်းဆိုတဲ့ အတွင်းရေးမှူးကောင်မလေးတစ်ယောက် သူ့အလုပ်ရှင်ဆီက ငွေတွေကို အပျောက်ရိုက်ပြီးအသွား လူသူမနီးတဲ့မိုတယ်တစ်ခုမှာ ဝင်တည်းမိပါတယ်။ အဲ့ဒီမိုတယ်ရဲ့ပိုင်ရှင် မန်နေဂျာတစ်ယောက်ဖြစ်တဲ့ နော်မန်ဘိတ်စ် ဆိုတဲ့လူနဲ့ အတွေ့မှာ သူ့ဘဝတစ်ဆစ်ချိုးဖို့ ဖြစ်လာပါတော့တယ်။ ရုပ်ရှင်သမိုင်းတစ်လျှောက် ဩဇာအကြီးမားဆုံးတွေထဲက တစ်ယောက်ဖြစ်ပြီး ထိတ်လန့်သည်းဖိုဘုရင်တစ်ပါးလို့ တင်စားကြတဲ့ဒါရိုက်တာကြီး Alfred Hitchcock ရဲ့ နာမည်ကျော်ဖန်တီးမှုလက်ရာတစ်ခုပါပဲ။ Imdb rating ကတော့ (8.5) ရရှိထားပါတယ်။Spoiler ဖြစ်မှာစိုးလို့ ဒီလောက်ပဲရေးပါရစေ.... အော်စကာ(၄)ဆုရရှိထားပြီး အခြားဆု(၁၀)ဆုအတွက်လည်း ဆန်ကာတင်စာရင်းဝင်ပါသေးသတဲ့...

#uploadbykevinaris
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️World War Z (2013)

IMDB (7/10)

📱Channel အရင် join ပါ။

https://t.me/+kCL2wmUR_sY4NjNl

😍ဇာတ်ကား link

https://t.me/c/2274736087/1006

Review
---------
မြောက်ကိုရီးယားကနေ ပိုးတစ်မျိုး ပြန့်ပွားလာတာ ဖြစ်ပြီး စက္ကန့်ပိုင်း မိနစ်ပိုင်း အတွင်းမှာ အယောက်ပေါင်း ထောင်ချီ သိန်းချီ ကူးစက်နိုင်တဲ့ ရောဂါဖြစ်ပွား လာပါတယ်.. ရောဂါဟာ စက္ကန့်ပိုင်း အတွင်း ဖြစ်သလို ရောဂါ ပြန့်ပွားမှု နှုန်းကလည်း မြန်လွန်းတဲ့ အတွက် ကမ္ဘာပေါ်က နိုင်ငံ တစ်နိုင်ငံပြီး တစ်နိုင်ငံ မျိုးတုံး သွားနိုင်မဲ့ အခြေ အနေ ရှိနေပါတယ်.. ခနတွင်းမှာ အခြေအနေတွေက အရမ်းဆိုးရွားသွားခဲ့ ပြီး

ရောဂါဇစ်မြစ်အမျိုးအစားကို ဖော်ထုတ်ဖို့နဲ့ ကာကွယ်ဆေးထုတ်နိုင်ဖို့ ဘရတ်ပစ်တို့တသိုက် ဘယ်လိုကြိုးစားကြမလဲဆိုတာ..။ အားရစရာကတော့ ဇာတ်လမ်းရဲ့အဆုံးမှာ "စစ်ပွဲက အစပဲရှိပါသေးတယ်တဲ့" ....World War Z အဆက် တွေ ဆက်ထွက်လာဖို့ရှိပါတယ်။

#uploadbyhsukaykhaing
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️Zombieland (2009)

IMDB (7.5/10)

📱Channel အရင် join ပါ။

https://t.me/+kCL2wmUR_sY4NjNl

😍ဇာတ်ကား link

https://t.me/c/2274736087/1022

Review
---------
ကိုလမ်ဘတ်(စ်) လို့ခေါ်တဲ့ လူငယ်လေးတစ် ယောက်ဟာသူအသက်ရှင်နေထိုင်နိုင်ဖို့အတွက် သူ့ ကိုယ်တိုင်ထုတ်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေကိုတိတိကျကျ လိုက်နာပြီး Zombie တွေသာကျန်ရှိ တော့တဲ့ တိုင်းပြည်မှာ ရှင်သန်နေထိုင်လျှက်ရှိပါ တယ်အမေရိကန်ပြည်မှာ ရောဂါပိုး ကူးစက်ခံရတာကနေ တစ်ဆင့်လူတွေအားလုံးဟာ ဖုတ်ကောင်တွေအဖြစ် ပြောင်းလဲသွားကြပါတယ်ဒီအချိန်မှာတော့ လူငယ်လေးကိုလမ်ဘတ်(စ်)တစ် ယောက် သူ့ရဲ့စည်းမျဉ်းစည်းကမ်းတွေနဲ့အတူ ဆက်လက်ရှင်သန်နိုင်ခဲ့ပါတယ်

တစ်နေ့မှာတော့ သူ့လိုပဲ အသက်ရှင်ကျန်ရစ်တဲ့ တယ်လာဟေဆီ ဆိုတဲ့ဖုတ်ကောင်တွေသတ်ရာမှာ အလွန်ကျွမ်းကျင်တဲ့ လူတစ်ယောက်နဲ့ဆုံတွေ့ခဲ့ပြီး အိုဟိုင်းရိုး ပြည်နယ်ကို ခရီးဆက်ခဲ့ကြပါတယ်ဒီလိုနဲ့ ခရီးဆက်ရင်း သူ။တို့ဟာ ဈေးဝယ်စင်တာ တစ်ခုမှာလိုအပ်တဲ့ ရိက္ခာတွေ ဖြည့်တင်းရင်းကနေမှ အသက်ရှင်ကျန်ရစ်နေသေးတဲ့ညီအမနှစ်ဦးနဲ့တွေ့ခဲ့ ပြီး နှစ်ကြိမ်တိုင်တိုင် အလိမ်ခံခဲ့ရပါတယ်။နောက်ပိုင်းမှာတော့ သူတို့၄ ယောက်ပေါင်းမိသွားကြ ပြီးလိုရာခရီးကို ဆက်သွားခဲ့ကြတယ်နောက်ပိုင်းမှာတော့ မျှော်လင့်ချက်မဲ့နေတဲ့ သူ တို့၄ယောက်ဖုတ်ကောင်တွေ မဝင်ရောက်သေးဘူး လို့သူတို့ထင်နေခဲ့ကြတဲ့ပစိဖိတ် ပေးလန်း(ဒ်)ကစားကွင်းကို သွားဖို့ဆုံးဖြတ်လိုက်ကြတယ်

ဒါပေမဲ့ သူတို့ထင်ထားခဲ့သလိုတွေ မဖြစ်လာခဲ့ပဲ ဖုတ်ကောင်မြောက်မြားစွာနဲ့ရင်ဆိုင်တိုက်ခိုက်ခဲ့ရ တာတွေကို ရိုက်ကူးပုံဖော်ထားတဲ့Zombie ဇာတ်ကားကောင်းတစ်ခု ဖြစ်တာကြောင့် ပရိသတ်များလက်မလွှတ်သင့်တဲ့ ဇာတ်ကားတစ် ကား ဖြစ်ပါတယ်

#uploadbyhsukaykhaing
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️Get Out (2017)

IMDB ( 7.8 )

📱Channelအရင်  join ပါ
https://t.me/+kCL2wmUR_sY4NjNl

📱ဇာတ်ကား link
https://t.me/c/2274736087/1021

Review
----------

လူမည်းအမျိုးသား ခရစ်တစ်ယောက် သူ့ ချစ်သူ လူဖြူမလေး ရို့စ် ရဲ့မိဘအိမ်ကို သွား ဖို့သူ့ချစ်သူက တောင်းဆိုလာတဲ့အခါမှာ သူ မ ငြင်းဆန်ပဲ လိုက်သွားခဲ့ပါတယ်သူတို့နှစ် ယောက် အဲ့ဒီအိမ်ကို ရောက်သွားတဲ့အချိန်မှာ တော့ ရို့စ် ရဲ့ မိဘတွေက သူ့ကို ဖော်ဖော်ရွေ ရွေပဲ ဆက်ဆံပါတယ် … ဒါပေမဲ့ ထူးခြားတာ တစ်ခုကတော့အိမ်အကူတွေပါ … ခရစ် လည်း ဒါကို သတိထားမိပါတယ် ဒီလိုနဲ့တစ်နေ့မှာ တော့ သူတို့အိမ်မှာ နှစ်တိုင်းကျင်းပနေကျ ဖြစ်တဲ့ ပါတီပွဲတစ်ခုလုပ်ပါတယ် … အဲ့ဒီမှာ တော့ လွန်ခဲ့တဲ့ ၆လလောက်က ပျောက်ဆုံးခဲ့ တဲ့အန်ဒရီ ဟေးဝေ့ါသ် နဲ့ဆုံခဲ့ပါတယ် ... မြင်မြင် ချင်းမှာ သူလည်းမမှတ်မိပေမဲ့ နောက်ပိုင်း သတိထားမိလာတဲ့အခါမှာတော့ ... အာမီတေ့ ဂျ် မိသားစုရဲ့
မသင်္ကာဖွယ်ရာတွေကို သူ ကြောက်လန့်လာ ပြီး ထွက်ပြေးဖို့ ကြိုးစားပါတော့တယ် သူ အဲ့ ဒီလို ထွက်ပြေးဖို့ ကြိုးစားတာက အောင်မြင် ပါ့မလားသူ့ချစ်သူ ရို့စ် ကကော … သူ့ရဲ့မိသားစုဝင် တွေဘက်ကဖြစ်မလား ဒါမှမဟုတ် သူ့ချစ်သူ ခရစ် ဘက်ကဖြစ်မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ရှုစားနိုင်ပါ Horror/Mystery/Thrillerအစားဖြစ်ပြီး IMDB rating လည်း 7.7 ထိ ရထားတာဖြစ်တာကြောင့် Sora fan များ ကြိုက်နှစ်သက်မယ်ထင်ပါတယ်

#uploadbyhoshiko
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️It (2017)

IMDB ( 7.3 )

📱 Channel အရင် Join ပါ
https://t.me/+kCL2wmUR_sY4NjNl

📱 ဇာတ်ကား Link
https://t.me/c/2274736087/1035

Review
----------

မိုးတွေတဖွဲဖွဲရွာနေတဲ့မနက်ခင်းတစ်ခုမှာ ၅နှစ်ခန့်အရွယ် ဂျော်ဂျီလေးဟာ သူ့အစ်ကိုမပါဘဲအပြင်သွားရဖို့ဖြစ်လာခဲ့တယ်…သူ့အစ်ကို ဘီလ်ကလည်းချောင်းတွေဆိုးပြီးဖျားနေခဲ့တာကိုး…  အစ်ကိုမပါလို့မသွားချင်သွားချင်ဖြစ်နေတဲ့ဂျော်ဂျီလေးကို ဘီလ်က လမ်းမှာဆော့သွားဖို့စက္ကူလှေလေးလုပ်ပေးပြီး နှစ်သိမ့်လိုက်တယ်…ဂျော်ဂျီလေး အိမ်ကထွက်လာပါပြီ…မိုးကာ အင်္ကျီအဝါရောင်လေးနဲ့ပေါ့… ဂျော်ဂျီလေးသာ ပြန်မလာနိုင်တော့မယ်မှန်းကြိုသိခဲ့ရင် ဘီလ့်အနေနဲ့ဘယ်လောက်ဖျားဖျားလိုက်သွားမိမှာပဲ…ဒါပေမယ့် အနာဂတ်ကိုကြိုမသိနိုင်တော့လည်း ဘီလ့်ခမျာ ချောင်းလေးတစ်ဟွတ်ဟွတ်ဆိုးရင်း မိုးရေထဲထွက်ခွာသွားတဲ့ ဂျော်ဂျီလေးကိုလှမ်းမျှော်ကြည့်ရင်းကျန်ခဲ့ပါတယ်…လမ်းတစ်လျှောက် မိုးရေစီးကြောင်းထဲမှာ လှေလေးကို ဆော့ရင်းထွက်သွားတဲ့ဂျော်ဂျီလေးဟာ အဲ့ဒီနေ့ကအိမ် ပြန်မလာခဲ့ပါဘူး…နောက်နေ့တွေလည်း ပြန်မလာခဲ့ဘူးလို့ပြောရင် ပိုမှန်မှာပေါ့…

ဘီလ်တစ်ယောက်ဟာ အချိန်တွေကြာလာပေမယ့် ဒီကိစ္စကိုသူ့အပြစ်လို ခံစားပြီး သူ့ညီလေး ပျောက်သွားနိုင်မယ့်နေရာကိုမှန်းဆပြီးမိဘတွေမသိအောင် ကြိတ်ရှာနေခဲ့တယ်…နွေကျောင်းပိတ်ရက် မစတင်ခင်တစ်နေ့မှာတော့ စိုးရိမ်တကြီးမျက်နှာနဲ့ ကြေငြာစာရွက်တွေလိုက်ကပ်နေတဲ့ အန်တီကြီးတစ်ယောက်ကိုတွေ့လိုက်ရတယ်…အလို… အခန်းထဲကကောင်မလေး ပျောက်သွားတယ်ဆိုပါလားနောက်နေ့တွေမှာလည်း လူပျောက်ကြေငြာစာရွက်တွေ တစ်ရွက်ပြီးတစ်ရွက်ပလူပြန်လာပြီ…ဒယ်ရီမြို့လေးမှာ ကလေးပျောက်တာတွေ များလာပါလား…ဘီလ်သံသယဝင်လာပါပြီ…

သူ့သူငယ်ချင်းတွေအဖွဲ့(ကျောင်း မှာအမြဲအနိုင်ကျင့်ခံရတဲ့ Loserအဖွဲ့)နဲ့ စုံစမ်းလိုက်တဲ့အခါ ၂၇ နှစ်ကြာတိုင်း တစ်ဖန်ပေါ်လာတတ်တဲ့ကလေးစားလူရွှင်တော် Pennywiseအကြောင်းကို သိလာခဲ့တယ်လွန်ခဲ့တဲ့၂၇နှစ်ကလည်း တစ်မြို့လုံးပြုတ်အောင် စားခဲ့တဲ့သက်သေတွေလည်း တွေ့လာခဲ့တယ်…ဘီလ်နဲ့သူ့သူငယ်ချင်းတွေကိုယ်တိုင်ကလည်း ခြောက်လန့်မှုတွေ အမျိုးမျိုးနဲ့ကြုံလာရတဲ့အခါ…သူတို့ကိုယ်တိုင်အတွက်နဲ့ ကျန်တဲ့ကလေးတွေ အန္တရာယ်ကိုကာကွယ်ဖို့ Pennywiseကြီးရှိရာ…အိမ်ပျက်ကြီးအောက်ခြေက ရေတွင်းပျက်ကြီးဆီချီတက်လာကြတဲ့အခါမှာတော့……”ငါအိမ်ပြန်ရောက်တိုင်း ဂျော်ဂျီရှိမနေဘူး…သူ့ရယ်သံလေးတွေလည်းမကြားရတော့ဘူး…သူကစားနေကျ ပေါကြောင်ကြောင် ဒိုင်နိုဆောကောင်တွေကပဲ ငါ့ကိုမော့ကြည့်နေကြတယ်..ကိုယ့်အိမ်ကိုယ်ပြန်ရတဲ့ခံစားချက်ဟာသိပ်ခြောက်ခြားစရာကောင်းတယ်…ဒါကြောင့် ဒီ pennywiseနေတဲ့အိမ်ပျက်ကြီးထဲဝင်ဖို့က ငါ့အိမ်ငါပြန်ဖို့ထက်တောင် ပိုလွယ်နေသေးတယ်”…ဒီစကားလေးကြောင့်ပဲ Itထဲမှာ ဘီလ်တစ်ယောက်ဘယ်လောက်သတ္တိရှိရှိနဲ့ Pennywiseကိုရင်ဆိုင်ခဲ့လဲဆိုတဲ့အချက်ကိုပေါ်လွင်စေခဲ့တယ်…ကဲ ပရိသတ်ကြီးရေ It ဘယ်လောက်နာမည်ကြီးတယ်Stephen Kingရေးတဲ့နာမည်ကြီးဝတ္ထုကိုရိုက်ထားတာ…ဝင်ငွေဘယ်လိုစံချိန်ချိုးခဲ့တာ ဘာညာကတော့ သိပြီးသားပါနော်…IMDb Rating ကတော့ 7.3/10 ပါ…  ကဲ မိုးအေးအေးနဲ့ ကြောက်လိုက်ကြပါဦး

#uploadbyhoshiko
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️The Conjuring (2013)

IMDB (7.5/10)

📱Channel အရင် join ပါ။

https://t.me/+fdoM7RwLwQM2YTY1

😍ဇာတ်ကား link

https://t.me/c/2177896296/209

Review
---------
ဒီကားက ၁၉၇၁ ခုနှစ်က Rhode Island မှာရှိတဲ့ အိမ်မှာထိတ်လန့်ခြောက်ခြားမှု ထိတ်လန့်ခြောက်ခြားမှုတွေ ဖြစ်ခဲ့တာကိုပြန်လည်ဖြစ်ရပ်မှန်ဇာတ်လမ်းပါ။ဒီအိမ်ကြီးက ယနေ့တိုင် ရှိပြီး ကမ္ဘာလှည့်ခရီးသည် များ။လည်ပတ်စရာ နေရာအဖြစ်ရှိဆဲပါ။ပရောဂဆရာမ Lorraine Warren နဲ့ သူ့အမျိုးသား Ed Warren တို့ဟာCarolyn and Roger Perron တို့ မိသားစု (သမီး ၅ယောက်နဲ့အတူ)ဒီအိမ်ကို ပြောင်းရွှေ့ပြီးကတည်းက ခြောက်ခြား စရာတွေ ဆက်တိုက်လိုကြုံတွေ့ရတာတွေကို ကူညီပေးရင်း ဘဝတစ်ပါးသို့ မကူးပြောင်းဘဲအိမ်မှာ ကျန်ရစ်နေတဲ့ ဝိဉာဏ်ဥစ္စာစောင့်နတ်ဆိုးကမိသားစုဝင်အားလုံးကို ဘယ်လိုအနှောင့်အယှက်ပေး တယ်၊ထိတ်လန့်မှုတွေပေးတယ်၊နောက်ဆုံးအသက်အန္တရာယ် စိုးရိမ်ရသည်အထိ ဒုက္ခပေးလာတယ် ဆိုတာ ရိုက်ပြထားတာပါ။ အရုပ်တရုပ်ကထူးဆန်းစွာသွားလာပြုမူနေတာကို ရှုစားရမှာပါ။ဒီအရုပ်က အပြင်မှာ တကယ်ရှိခဲ့တဲ့ အရုပ်ပါပဲ။

သရဲကားတွေရဲ့ ထုံးစံအတိုင်း တခါးက သူ့အလိုလိုဝုန်းခနဲ ပိတ်သွားတာ၊ သူ့အလိုလိုတအိအိ ပွင့်သွားတာမျိုး၊ အိပ်နေရင်း တယောက် ယောက်ကခြေထောက်ကို ရုတ်တရက် စောင့်ဆွဲသလိုမျိုး ပြ ကွက်တွေကို တွေ့ရမှာပါ။ဒီကားရဲ့ အဓိက ထူးခြားချက်ကတော့ လက်ခုပ်တီး တာပါပဲ။ကြည့်ရှုသူ ပရိသတ်တော်တော်များများ မျက်စိထဲ မှာစွဲကျန်အောင် လက်ခုပ်သံရဲ့ ခြောက်ခြားစရာကောင်းပုံကို ရိုက်ပြနိုင်တာကဒီကား ဒါရိုက်တာ တော်တယ်လို့ ပြောလို့ရပါတယ်။ Rated R ဆိုပေမဲ့ ဒီဇာတ်ကားမှာ သမီးရည်းစားခန်း အဖော်အချွတ်ခန်း တစ်ခန်းမှ မပါပါဘူး။ သာမန်ရိုးရှင်းတဲ့ ဇာတ်လမ်းတပုဒ်ပါပဲ။ စုန်းမပူးတဲ့ အခန်းတွေ၊သွေးထွက်သံရဲရဲဇာတ်ကွက်တွေကဇာတ်သိမ်းပိုင်း နားမှာအတော်လေးပါတာမို့ အသက် (၁၈)နှစ်အောက်မ ကြည့်သင့်တဲ့ စာရင်းထဲ ဝင်သွားတာပါ။

မိသားစုတူတူကြည့်ဖို့ အဆင်ပြေပါတယ်။ ဇာတ်စ၊လယ်၊ဆုံး ဆွဲဆောင်မှုရှိပါတယ်။ အဆုံးပိုင်းကို သိပ်သဘောမတွေ့ပေမဲ့ ရိုက်ချက်တွေက အတော်ကောင်းတာမို့ လူကြိုက်များတဲ့ ဇာတ်ကားဖြစ်ပါတယ်။သရဲကား ပရိတ်သတ်တွေလက်မလွှတ်သင့်တဲ့ကားတစ်ကားပါ။

#uploadbyhsukaykhaing
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️Saw (2004)

📱IMDB 7.6

📱 Channel အရင် Join ပါ
https://t.me/+fdoM7RwLwQM2YTY1

📱 ဇာတ်ကား Link
https://t.me/c/2177896296/221

Review

Sora ကနေ နာမည်ကျော် Saw ဇာတ်ကားတွေကို ဆင်ဆာမဖြတ်ထားတဲ့ Version တွေဖြစ်တဲ့ Unrated/Director's cut Version 6. ပြန်လည် Update လိုက်ပါတယ်။Saw ဇာတ်လမ်းတွေရဲ့အစကတော့ ရုပ်ရှင်ကျောင်း ကနေ သင်တန်းဆင်းလာတဲ့ ဒါရိုက်တာပညာသင် ထားတဲ့ James Wan နဲ့ ဇာတ်ညွှန်းပညာသင်ထား တဲ့ Leigh Whannell တို့ ၂ ယောက်ရုပ်ရှင်လောကထဲဝင်ဖို့ လုံလောက်တဲ့ ငွေကြေးမရှိ ရာကနေ စပါတယ်။ ရုပ်ရှင်ရိုက်ဖို့ ပိုက်ဆံမရှိတော့ ဘတ်ဂျက်နည်းနည်းနဲ့ Twist များတဲ့ ဇာတ်ညွှန်းကို နှစ်ယောက်သားဖန်တီးရိုက်ကူးခဲ့ရာကနေ Saw 2004 ပထမဆုံးရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ လူမငှား နိုင်လို့ ဇာတ်ညွှန်းဆရာ Leigh Whannell ကိုယ်တိုင်သရုပ်ဆောင်ဝင်ရိုက်ခဲ့ရပြီး အခန်းတစ် ခန်းအတွင်းမှာပဲ ရိုက်ကူးခဲ့ရတဲ့ Saw 2004 ရုပ်ရှင် ဟာ ဘတ်ဂျက် ၁ သန်းပဲ ကုန်ကျခဲ့ပေမယ့် ရုံတင် ဝင်ငွေ သန်း ၁ဝဝ ကျော်ပြန်လည်ရရှိသည်အထိ အောင်မြင်သွားခဲ့ပါတယ်။Saw ဟာ ဘယ်လိုရုပ်ရှင်တွေလဲဆိုတာကိုတော့….. (လူသာမန်ရဲ့ အညွှန်း နဲ့ညွှန်းခဲ့ချင်ပါတယ်။)ဆိုးဆိုးရွားရွား လူသတ်ပြတဲ့ဇာတ်ကွက်တွေ၊ သွေးထွက်သံယို ရာဇဝတ်မှုတွေကို အိပ်မက်ထဲအထိ သယ်ပိုးယူဆောင်ကာ လန့်နိုးတတ်သူတွေအတွက် SAW Series ကို လုံးဝ ရှောင်သင့်တယ်။ ကြည့်မိ ရင် ကာလတစ်ခုစာအထိ ရက်စက်တဲ့လူသတ်ပုံတွေကို မေ့နိုင်မှာမဟုတ်လို့ ဒီလိုဆိုရခြင်းပါ။ Horror ရုပ်ရှင်တွေကို စွဲကြည့်တတ်သူတွေကတော့ SAW ကို လုံးဝ လက်မလွှတ်ကြ။Jigsaw ဆိုပြီး ရဲတွေက အမည်သညာပေးထားတဲ့ ကွင်းဆက်လူသတ်သမားရဲ့ ထူးခြားတဲ့စီမံမှုတွေ ကြား Jigsaw ရွေးချယ်ထားတဲ့လူတွေဟာ ရှင်သန် မှုအတွက် ပါဝင်ကစားကြရတယ်။ကစားကွင်းနယ်မြေကို Jigsaw ရွေးချယ်ထား တာဖြစ်ပြီး ပါဝင်ကစားသူတွေဟာလည်း နိုးလာတာ နဲ့ သူ့ကစားကွင်းထဲကို ရောက်နေကြရတာ ဖြစ် တယ်။ ထူးခြားတာက ဒီကစားပွဲမှာ ရှုံးရင် အသက် တွေ ပေးအပ်ကြရတာ။Jigsaw ဟာ သူ ရွေးချယ်လိုက်တဲ့လူတွေကို မေ့မြောနေတဲ့အချိန်မှာကတည်းက သတ်ဖြတ် ပစ်လိုက်လို့ရပေမယ့် မသတ်ဘူး။ သူ့ရည်ရွယ်ချက် က ကိုယ့်အသက်ရှင်သန်မှုအတွက် ကိုယ်တိုင် ပါဝင် ပြီး ရွေးချယ်ဆုံးဖြတ်ကြစေလိုတာပဲ။ သူက တိကျ တဲ့အချိန်တွေ သတ်မှတ်ပေးတယ်။ ရွေးချယ်ခွင့် တွေ ပေးတယ်။ လိုအပ်တဲ့တန်ဆာပလာတွေ ပေး တယ်။ ပေးထားချက်တွေကို ကိုယ် တတ်စွမ်းသမျှနဲ့ ဆောင်ရွက်ရင် အသက်ရှင်မယ်။ (တချို့သော ခန္ဓာကိုယ်အစိတ်အပိုင်းတွေတော့ ဆုံးရှုံးကောင်း ဆုံးရှုံးမယ်။)ပါဝင်ကစားရတဲ့သူတွေကလည်း အဆက်အစပ်မဲ့သူ တွေ မဟုတ်ကြ။ တစ်နည်းမဟုတ်တစ်နည်းနဲ့ ဘဝ မှာ ပတ်သက်ဖူးသူတွေကို ကွင်းတစ်ခုထဲ ချထား ပေးသလို သူက ရွေးချယ်ထားတာ။လူဖြစ်မှုနဲ့ပတ်သက်ပြီး Jigsaw ခံယူထားတာက " ကိုယ့်ရှင်သန်မှုကို တန်ဖိုးထား တွယ်တာမှ လူဟာ ရှင်သန်နေထိုင်သင့်တယ် " ဆိုတာပဲ။ ဒီ့အပြင် Jigsaw ဖော်ပြလိုတဲ့တခြားသောအရာတွေ ရှိသေး တယ်။ အထူးသဖြင့် ကလဲ့စားချေလိုမှုနဲ့ ခွင့်လွှတ်မှုပေါ့။နောက်မိသားစုဘဝနဲ့ရွေးချယ်ထားတဲ့အလုပ်ပေါ်တန်ဖိုးထားမှု။Jigsaw ဆိုတဲ့ ကွင်းဆက်လူသတ်သမား ဖြစ် ပေါ်လာရခြင်းအကြောင်းကလည်း စိတ္တဇလူသတ်သမားတွေဖြစ်ပေါ်လာတတ်တဲ့ အကြောင်းရင်းတွေအတိုင်းပါပဲ။ သို့သော် Jigsaw ရဲ့ ကြိုတင်စီမံမှုတွေကကျ တခြားလူသတ်သမား တွေထက် အဆင့်မြင့်တယ်။ မြင်နေကျ သာမန် သတ်ဖြတ်မှုပုံစံတွေလည်း မဟုတ်။ ရက်စက်လွန်း တဲ့သတ်ဖြတ်မှုပုံစံတွေဆိုတာကိုတော့ ပုံတွေ ကြည့် ရုံနဲ့တင် ခန့်မှန်းလို့ ရပါလိမ့်မယ်။ကမ္ဘာပေါ်မှာ သမ္မာကျမ်းစာ စာအုပ်တွေပြီးရင် ရောင်းအကောင်းဆုံးဖြစ်တဲ့စာအုပ်တွေက ဖြစ်ရပ် မှန် ရာဇဝတ်မှုတွေအကြောင်းကို ပုံတွေနဲ့တကွ သေသေချာချာ ဖော်ပြ ရေးသားထားတဲ့စာအုပ်တွေ ပါတဲ့။ ဒီရုပ်ရှင်ဟာ အဲဒီလို လူတွေ အကြိုက်ဆုံး ရုပ်ရှင်တွေထဲက တစ်ခုလို့ ဆိုကြတယ်။ တချို့လူတွေမှာ ဒီလိုအကြောင်းနဲ့ပတ်သက်ပြီး မေးခွန်းတစ်ခု ရှိတယ်။ ဒီလိုရက်ရက်စက်စက် ပြ ကွက်တွေ၊ ရေးသားချက်တွေကို လူတွေက ဘာလို့ ကြိုက်ကြတာလဲ တဲ့။ စိတ်ပညာရှုထောင့်အရတော့ လူမှာ အမြဲဒွန်တွဲနေလေ့ရှိတဲ့ဆန့်ကျင်ဘက် စိတ်နှစ်မျိုးအရ ဒီလိုကားတွေကို တချို့တွေ ကြိုက်ကြတာလို့ ဆိုတယ်။ လူ ဟာ သူတော်စင်လုပ်မလား၊မကောင်းဆိုးဝါးလုပ်မ လားဆိုတာကို ကိုယ်တိုင် ဆုံးဖြတ်ကြရတာပဲ။ သူတော်စင်ဘက် ယိမ်းသူက မကောင်းဆိုးဝါးကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ၊မကောင်းဆိုးဝါးဘက် ယိမ်းသူက သူတော်စင်ကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ။ တချို့တွေ ကတော့ သူ ဖြတ်သန်းနေရတဲ့ဘဝအခြေအနေအရ ဟိုဘက် ယိမ်းလိုက် ဒီဘက် ယိမ်းလိုက်ဖြစ်နေကြသူ တွေ။လူတွေဟာ ကိုယ်တိုင် လက်တွေ့ မလုပ်ရဲတာတွေကို စိတ်ကူးနဲ့ပဲ ပုံဖော်ကြရတယ်။ ကိုယ့်အပေါ် တစ်ခုခု မတရားကျူးလွန်ခဲ့သူကို လက်တွေ့ မှာ ပေါ်ပေါ်ထင် ထင် မသတ်ရဲကြပေမယ့် စိတ်ကူးနဲ့ နေ့စဉ် သတ်ဖြတ်နေသူတွေ၊ ဝဇီကံနဲ့ သတ်ဖြတ်နေသူတွေ မနည်းလှဘူး။ ဒီလူတွေကပဲ ဘဝမှာ ခံခဲ့ရတဲ့မ တရားမှုတွေ၊ အဆင်မပြေမှုတွေကို ဖြေဖျောက်ဖို့ အတွက် သူတို့လိုတွေးတဲ့တခြားစိတ်ကူးတွေကို ရှာဖွေကြတယ်။

#uploadbybhonemyatpaing
Please open Telegram to view this post
VIEW IN TELEGRAM