ရေဦးဆုံမှတ်
1.08K subscribers
257 photos
4 videos
1 file
252 links
လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်ခွင့်တို့ကို အာမခံချက်ပေးသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု မုချပေါ်ထွန်းရမည်။

သတင်းများပို့ရန် @yeuscouts(or)
@SonemarkInfo
Download Telegram
ဒီတော့လည်း  နင့်ဘဝကို အပြစ်တွေနဲ့ မရှင်သန်ဘဲ လွတ်လပ်ပါစေလို့ ဆုတောင်းမိတယ်။ ငါတို့မှာ စကားသံရော စိတ်ဝိညဥ်ရော ကုန်ခမ်းနေပါပြီ။ ငါ့အော်သံရဲ့ အစွန်အဖျားကို နင် ကြားမိပါစေလို့ ဆန္ဒပြုလိုက်တယ်။

နောက်ဆုံးအနေနဲ့ "Bye Bye ပါ ကိုယ့်ရဲ့ Black Bird လေးရယ်" လို့ နှုတ်ဆက်ပါတယ်။ နင့်ဘဝဟာ ဒီ့ထက် ပိုကောင်းတာတွေနဲ့ ထိုက်တန်ပါတယ်။

Bye Bye Blackbird - Gene Austin`s Song (edited)
.
.
.
#ရာမွန်
#TheCall
#ခေါ်သံ
ဗဟို ကွပ်ကဲမှု ကင်းမဲ့‌နေခြင်း သည် အားနည်းချက်ဟု ဆိုသော်လည်း အားသာချက် ဖြစ်လာနေ
**

မြန်မာ စစ်ရေး လေ့လာနေသူ လေ့လာနေသူ ဒေါ်မီမီ ဝင်းဘတ် မှ The Diplomat စာစောင်တွင် အောက်ပါ အတိုင်း သုံးသပ် ရေးသားလာခဲ့သည်။

၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက်နေ့ စစ်တပ်မှ အာဏာသိမ်းယူ လိုက်သည့် အခါတွင်တော့ သမိုင်းတကျော့ ပြန်လည် လာပြီဟု အများက ယူဆခဲ့ကြသည်။ နိုင်ငံကို ဖိနှိပ် အုပ်ချုပ်ရာတွင် ဆယ်စု နှစ်ပေါင်းများစွာ အတွေ့အကြုံ ရှိထားပြီး ဖြစ်သည့်အပြင် လက်နက် အရာတွင်လည်း တောင့်တင်းလှသည် ဖြစ်၍ "အင်အားကြီးလွန်း၍ ကျရှူံးရန်" မဖြစ်နိုင်လောက်ဟု တွက်ဆ ထားကြ၍ ဖြစ်သည်။

ယခင် ၁၉၈၈ နှင့် ၂၀၀၇ အတွင်း အုံကြွ ကန့်ကွက်ခဲ့မှု များသည်လည်း ရက်ရက်စက်စက် ချေမှုန်းခံခဲ့ရ ပြီး ဖြစ်သည်။ သို့သော်လည်း ၎င်းတို့၏ အာဏာ သိမ်းမှု ကို ဆန့်ကျင် ကန့်ကွက်မှု များ က ၂၀၂၁ တွင် စတင်လာခဲ့ရာမှ လေးနှစ်အကြာ ယခု အချိန်တွင် ယခင်က ယူဆထားမှု များကို ချေဖျက် နိုင်ခဲ့ပြီး စစ်တပ်သည် အရေးနိမ့်သည်ထက် နိမ့်လာခဲ့သည်။

ဤသည်ကလည်း ဗဟိုကွပ်ကဲမှု မရှိသော်လည်း အခြေအနေ နှင့် လိုက်လျော ညီထွေစွာ လှုပ်ရှားနိုင်စွမ်း အားကောင်းလာခြင်း ကြောင့် အာဏာသိမ်း တပ်များသည် နယ်မြေ အမြောက်အမြားကို လက်လွှတ်ခဲ့ရသည်။

၂၀၂၃ နှစ်ကုန်ပိုင်း တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ တညီတညွတ် တည်း ထိုးစစ် ဆင်လာခဲ့၍ မဟာဗျူဟာ ကျသော စခန်းများ လက်လွှတ်ခဲ့ရသည်။ ၂၀၂၄ တွင် တော်လှန်ရေး တပ်များသည် နေပြည်တော်သို့ ဦးတည်ချီတက်လာနိုင်ပြီ ဖြစ်သည်။ လူများ၊ စစ်မြေပြင် အခြေအနေ နှင့် တော်လှန်ရေး၏ ပြောင်းလဲလာမှု များ နှင့် အတူ မဆုပ်မနစ် တွန်းလှန် တိုက်ခိုက်လာနိုင်ခဲ့ခြင်းကြောင့်လည်း ဖြစ်ပေသည်။

ဤသည်ကလည်း ငါးများ တ‌နေရာမှ တနေရာသို့ ကူးခတ်ရာတွင် တညီတညာတည်း ဟန်ချက်ညီညီ ကူးခတ်သလို မျိုး လှုပ်ရှားနိုင်ခဲ့ခြင်း ကြောင့်ပင် ဖြစ်သည်။ ဗဟိုကွပ်ကဲမှု မရှိသော်လည်း အခြေအနေ နှင့် အညီ လိုက်လျောညီထွေ ဖြစ်အောင် စီမံ နိုင်ခဲ့၍ စစ်တပ် အနေဖြင့် တချက်တည်း နှင့် အလဲ ထိုး နိုင်ဖို့ မဖြစ်နိုင်သည့် အခြေအ‌နေ ဆိုက်ခဲ့ရသည်။

ငန်းအုပ်များ ပျံသန်း ကြသလို ‌ခေါင်းဆောင်မှု အလှည့် အပြောင်း နှင့် တော်လှန်ရေး အရှိန်အဟုန်ကို ဆက်၍ ထိန်းထား နိုင်ခဲ့သည်။ ထိုကဲ့သို့ ပုံ‌ သေ မဟုတ်ဘဲ လိုအပ်လျင် လိုအပ်သလို ဖွဲ့စည်း တည်ဆောက်လာမှု သည် ဖရိုဖရဲ ဟု ယူဆထားသော အနေအထားကို အားသာချက် အဖြစ် ပြောင်းလဲပစ်နိုင်ခဲ့သည်။ စစ်ကောင်စီ အားလည်း ဖိအား ဆက်တိုက်ဆိုသလို ပေးနိုင်ခဲ့ပြီး တရုတ်ကဲ့သို့ အင်အားကြီး နိုင်ငံများ၏ ကြိုးကိုင် ချယ်လှယ်နိုင်မည့် အလားအလာများ ကို ဖယ်ရှားနိုင်ခဲ့သည်။

မြန်မာတို့၏‌ တော်လှန်ရေးသည် တစုတစည်းတည်း ကွပ်ကဲမှု မရှိဘဲ ပြည်သူ့ကာကွယ်ရေး တပ်များ၊ တိုင်းရင်းသား တပ်များ၊ ဒေသခံ ကာကွယ်ရေး တပ်များ၊ အမျိုးသား ညီညွတ်ရေး အစိုးရ အစရှိသဖြင့် အကွဲကွဲ အပြားပြား ဖြစ်နေပုံရသည်။ တဦးတည်း ခေါင်းဆောင်မှု၊ ဌာနချုပ်ဟူ၍လည်း သတ်သတ်မှတ်မှတ် မရှိပေ။

သို့သော်လည်း ထိုအနေအထားသည် အားနည်းချက် ဖြစ်မလာဘဲ အားသာချက် ဖြစ်လာရသည်။ ငါးအုပ်များကဲ့သို့ပင် ကိုယ့်အုပ်စု နှင့် ကိုယ် ရည်ရွယ်ချက် တူညီစွာ လှုပ်ရှား‌ နေကြပြီး ထောက်လှန်းရေး သတင်းများ ဖလှယ်ခြင်း၊ ရှိထားသော အရင်းအမြစ်များ ဝေငှခြင်း အစရှိသည့် နည်းလမ်းများ နှင့် လှုပ်ရှား နေကြခြင်း ဖြစ်သည်။

ယင်းသည် တပန်းသာသည့် အကျိုးကျေးဇူး များစွာ ထွက်ပေါ်လာသည်။ ပထမ အချက် အနေဖြင့် အာဏာသိမ်း အဖွဲ့ အနေဖြင့် ခေါင်းဆောင် ဆိုသည်ကို ပစ်မှတ်ထား ရှင်းလင်းနိုင်စွမ်း မရှိ ဖြစ်နေသည်။ တပ်မှုး တယောက် ကျဆုံးခြင်း သို့မဟုတ် ဖမ်းဆီးခံရခြင်းကြောင့် တော်လှန်ရေးသည် ယိမ်းယိုင်သွားနိုင်ခြင်း မရှိ၊ ဒုတိယ အချက် အနေဖြင့် ဌာနချုပ်ဟူ၍ မရှိသဖြင့် ၎င်းတို့အဖို့ ချေမှုန်းရန် အခွင့်မသာ ဖြစ်လာရသည်။ တော်လှန်ရေး တပ်များက နေရာ အနှံ့ ပြန့်ကျဲ နေ၍ ထိုးစစ်ကြီးတရပ် ဆင်နွှဲဖို့ ခက်ခဲလာရသည်။ တတိယ အချက် အနေဖြင့် တော်လှန်ရေး တပ်များက စစ်မြေပြင် အနေအထားကို ကြည့်၍ မိမိတို့ သ‌ ဘော အတိုင်း လိုက်‌လျော ညီထွေ ပြောင်းလဲ ကျင့်သုံးနိုင်ခြင်းပင် ဖြစ်သည်။ တနေရာတွင် နှေး‌ကွေးသွားပါက အခြား တနေရာတွင် အရှိန်မြှင့် တိုက်နိုင်၍ စစ်ကောင်စီတပ်များ ဟန်ချက်ပျက်ပြားခဲ့ရသည်။

ထို့အတွက် တော်လှန်ရေး တပ်များ ရေရှည် စစ်ပွဲ ဆင်နွှဲလာနိုင်ပြီး စစ်ကောင်စီ တပ်များ၏ လက်နက် အင်အား နှင့် အရင်းအမြစ်များ အသာစီး ရနေမှု ပျက်ပြုန်း သွားစေခဲ့သည်။

အခြားသော တော်လှန်ရေး များ နှင့် မတူပဲ ပျံသန်းနေသော ငန်းအုပ်များလို တိုက်ပွဲ အခြေအ‌နေကို ကြည့်၍ ခေါင်းဆောင် ကို အလှည့်ကျ ပြောင်းလဲပစ်နိုင်စွမ်း ရှိနေသည်။

ပျံသန်းနေသော ငန်းများကဲ့သို့ ခေါင်းဆောင်မှု အလှည့် အပြောင်း လေးမျိုး ရှိနေသည်ကို တွေ့ရသည်။

(၁) ၂၀၂၁-၂၂ တော်လှန်ရေး၏ အစောပိုင်း အဆင့် တွင်  NUG သည် နိုင်ငံရေး လမ်းညွှန်မှု ပေးလာပြီး PDF သည် မြို့ပြ ပျောက်ကျား အသွင့်ဖြင့် လှုပ်ရှားလာနိုင်ခဲ့ခြင်းကြောင့် စစ်တပ်၏ ထိန်းချုပ်မှု ဖရိုဖရဲ ဖြစ်လာပြီး ထိုးစစ်များ ဆင်နွှဲ နိုင်သည့် အဆင့် ရောက်လာအောင် ဖန်တီးပေးနိုင်ခဲ့သည်။
Hla Soewai
ဒီအချိန်မှာ တက်ကြွတဲ့လူငယ်တွေသာရှိစမ်းပါ

ညတွင်းချင်း မန်းလေးဆင်းကြမယ့်လူတွေက ထောင်နဲ့ချီရှိလိမ့်မယ်
အမြန်လမ်းသွားလို့မရပါဘူးဆိုတာတောင်
လူငယ်တွေရဲ့ ဇောနဲ့ လူငယ်တွေရဲ့မာနနဲ့
" ရအောင်သွားမယ်ကွာ " ဆိုပြီး
တာဝန်ရှိတဲ့လူကြီးတွေကိုတောင်ရန်တွေ့ပြီးသွားကြမှာ ။

ကျောင်းတွေပိတ်နေချိန်လေ
အရမ်းတွေအားနေတဲ့အချိန်ပေါ့

အရမ်းကိုတက်ကြွနေတဲ့အရွယ်လေ
အရမ်းကို အားကောင်းတဲ့အရွယ်
မိုးတိမ်ကိုတောင် ဒူးနဲ့တိုက်မယ့်အရွယ်တွေပေါ့

မန်းလေးမလိုက်နိုင်တဲ့လူတွေက
မနက်ဖြန်လောက်ဆို အလှူငွေကောက်ဖို့တာဝန်
လိုအပ်တာဝယ်ပြီး အထုပ်ကြီးအထုပ်ငယ်အသွယ်သွယ်နဲ့ ပို့ဖို့ကူဖို့လှူဖို့ plan တွေချနေလောက်ပြီပေါ့

" မန္တလေးရေ အားမငယ်နဲ့ ငါတို့ရှိတယ်" ဆိုတာမျိုး
" စစ်ကိုင်းရေ ငါတို့လာပြီဟေ့ " ဆိုတာမျိုး
" ပျဉ်းမနားရေ ခနလေးစောင့် ငါတို့လာပြီ" ဆိုတာမျိုး ပလူပျံနေမှာအသေအချာပဲပေါ့
ဘယ်မြို့ကို ငါတို့သွားကြမလဲ
ဘယ်မြို့ကိုအရင်ကူမလဲဆိုတာရွေးရင်း
ရန်တွေလည်းဖြစ်နေလောက်ရောပေါ့ ....

ပေါ်ပင်ပဲပြောပြော တကယ်လို့ပဲဆိုဆို
ငါ့ညီ ငါ့ညီမတို့ ပြာယာတွေခတ်နေမှာပဲ 😟

ကိုဗစ်ပထမလှိုင်းတုန်းက
လူငယ်တွေရဲ့အင်အားကို မြင်ခဲ့ရတာ
ကြက်သီးတောင်တဖြန်းဖြန်းထခဲ့ရတဲ့အထိ

အခုတော့ ငါ့ညီ ငါ့ညီမတို့ရေ
မင်းတို့ထဲက တချို့တွေလည်းမရှိတော့သလို
တချို့တွေလည်း မသိနိုင်ကြတော့ဘူးမဟုတ်လား

လွမ်းတယ်ကွယ်
ငါ့ညီ ငါ့ညီမတို့

ကလေးတို့လည်း ရောက်ရာအရပ်ဘေးကင်းပါစေ
ငါတို့လည်း ဘေးကင်းပါစေ
မြန်မာပြည်ကြီးလည်း ဘေးကင်းပါစေ ။

Min Yel Kyaw Swar
အမျိုးသားညီညွတ်ရေးအစိုးရက ယာယီအပစ်အခတ်ရပ်စဲရေးကာလကို ၁ ပတ်ထပ်မံတိုးမြှင့်

ရန်ကုန်၊ဧပြီ ၁၃

အမျိုးသားညီညွတ်ရေးအစိုးရ-NUGက ယာယီအပစ်အခတ်ရပ်စဲရေးကာလကို ၁ ပတ်ထပ်မံတိုးမြှင့်လိုက်ကြောင်း NUG က တရားဝင်သတင်းထုတ်ပြန်သည်။

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ငလျင်ဒဏ်သင့် ဒေသများနှင့် ဆက်စပ်သော ခရိုင်များအတွင်း ခုခံကာကွယ်စစ်မှလွဲ၍ ထိုးစစ်အားလုံး ရက်သတ္တ နှစ်ပတ်ကြာ မတ်လ ၃၀ ရက်နေ့ မှ ဧပြီ ၁၂ ရက်နေ့အထိ ရပ်ဆိုင်းထားရန်ကြေညာခဲ့ကြောင်း၊ ယင်းနောက် ငလျင်ကြောင့် အသက်အိုးအိမ် ထိခိုက်ဆုံးရှုံးမှု ကြီးမားခဲ့သော မြန်မာပြည်သူများအား နှစ်သိမ့်အားပေးမှု ပြုနိုင်ရန် ရည်ရွယ်၍ အမျိုးသားညီညွတ်ရေးအစိုးရက ဧပြီလ ၁၃ ရက်မှ ၂၀ ရက်အထိ ကာလကို "နိုင်ငံလုံးဆိုင်ရာ ဝမ်းနည်းကြေကွဲမှုနှင့် နှစ်သိမ့်အားပေးမှု ရက်သတ္တပတ်” အဖြစ် သတ်မှတ်ခဲ့ကြောင်း၊ ထို့ကြောင့် အဆိုပါ ရက်သတ္တပတ်အတွင်း လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဆိုင် ရာ လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန်အလို့ငှါ ငလျင်ဒဏ်သင့်ဒေသများနှင့် ဆက်စပ်သော ခရိုင်များတွင် ဧပြီ ၁၃ ရက်မှ ၂၀ ရက်အထိ ခုခံကာကွယ်စစ်မှလွဲ၍ ထိုးစစ်အားလုံး ဆက်လက် ရပ်ဆိုင်းထားရန်နှင့် ပြည်တွင်းပြည်ပ ကူညီကယ်ဆယ်ရေးအဖွဲ့များအား လိုအပ်သောအကူအညီနှင့် ကာကွယ်စောင့်ရှောက်မှုပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနက အထူးညွှန်ကြားချက် (၃/၂၀၂၅) ဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များအား ညွှန်ကြားလိုက်ကြောင်း သိရှိရသည်။

“ထိုးစစ်ကို ၂ ပတ် ကျနော်တို့ ရပ်နားတာဖြစ်ပါတယ်။ ၂ ပတ်ရပ်နားတာကတော့ ၃၀ ရက်နေ့ (မတ်လ ၃၀ ရက်) ကနေစတယ်ပေါ့။ စပြီးတော့ ကျနော်တို့ ၁၂ ရက်နေ့ဆိုရင် ပြည့်ပြီပေါ့နော်။ ပြည့်တဲ့အတွက်ကြောင့် ကျနော် တို့ နောက်ထပ် ၇ ရက်ပေါ့။ ၇ ရက်တာ ကာလကိုလည်း ကျနော်တို့ နိုင်ငံလုံးဆိုင်ရာ ပြည်သူလူထုဝမ်းနည်းကြေကွဲမှုနေ့ နှစ်သိမ့်အားပေးမယ့် ရက်သတ္တပတ်ဆိုပြီးတော့လည်း ဒါ NUG က ကြေညာထားတာရှိပါတယ်။ အဲဒီအတွက်ကြောင့်မို့ ဒီနောက်ထက်တစ်ပတ်ပေါ့နော် ၁၃ ရက်နေ့ ကနေပြီးတော့ နောက်ထပ်တပတ်ကို ထိုးစစ်ရပ်စဲရေးအတွက် ဆက်လက်ပြီးတော့ ကာလတိုးချဲ့သွားဖို့" ဟု NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီကလည်း ဧပြီလ ၂ ရက်နေ့မှ ဧပြီလ ၂၂ ရက်နေ့အထိ ယာယီအပစ်အခတ်ရပ်စဲရေး ကြေညာထားသော်လည်း ထိုးစစ်များ ဆင်နွှဲခြင်း၊ လေယာဉ်များဖြင့် ဗုံးကျဲခြင်းများ ဆက်တိုက် လုပ်ဆောင်နေကာ ပြည်သူများ ထိခိုက်သေဆုံးမှုများ ဆက်တိုက်ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။
လေကြောင်းတိုက်ခိုက်မှုခံရချိန်မှာ ဒါတွေမလုပ်ပါနဲ့

(၁) ကြောက်လန့်တကြား၊ ဦးတည်ရာမဲ့ ထွက်မပြေးပါနဲ့။
(၂) လေကြောင်းတိုက်ခိုက်မှုကို ထွက်မကြည့်ပါနဲ့။ ဗီဒီယို/ဓါတ်ပုံရိုက်တာတွေမလုပ်ပါနဲ့။ မိမိလုံခြုံရေးကိုသာ အထူးဂရုစိုက်ပါ။
(၃) မာကျောတဲ့နံရံတွေကို မှီနေတာ/မြေကြီးမှာခေါင်းကိုကပ်ထားတာမျိုး စတာတွေ မလုပ်ပါနဲ့။
(၄) မှန်တွေပေါက်ကွဲလွင့်စင်လာပြီး အန္တရာယ်ဖြစ်စေနိုင်တာကြောင့် မှန်တွေ/ပြတင်းပေါက်တွေ အနီးမှာ မနေပါနဲ့။
(၅) ဗုံးခိုကျင်းမဟုတ်ရင် အထူးသဖြင့် အဆောက်အအုံပြင်ပမှာ လူအများစုမနေပါနဲ့။

NUG’s Ministry of Defence နှင့် PVTV(Public Voice Television) တို့ပူးပေါင်းဖန်တီးတင်ဆက်ပါသည်။
ကာတွန်းသရုပ်ဖော် - KST Studio
အသံ - ဦးကျော်သက်လင်း
Animation - Badnana

(မည်သူမဆို လွတ်လပ်စွာ အသုံးပြုနိုင်ပါသည်)
"နွေဦးအလွန် ပြန်ဆုံကြတဲ့အခါ
အချစ်တွေပြိုင်တာထက်
တော်လှန်ရေးမှာ
ငါဘာလုပ်ခဲ့လည်းဆိုတာ
ပြိုင်ကြရအောင်ချစ်သူ

သူပုန်ဖြူ ကဗျာစာအုပ်မှ
Dr ညိုထွန်းအောင်

~~~~~~~~~~~~~~~~~~~~~~~~
■ကဗျာ

'အိမ်တက်မင်္ဂလာ’

◼️နေဘုန်းလတ်

ကျောပိုးအိတ်ကိုလွယ်
ဘွတ်ဖိနပ်ကိုစီး
အမေ့ဖုန်းနံပါတ်ကိုအလွတ်ကျက်ပြီး
ဒီခရီးကို စခဲ့ကြ
အချို့ဆို ...
နှုတ်ဆက်ချိန်တောင်မရခဲ့ဘူး။

ပန်းတိုင်လည်းရှိတယ်
လမ်းလည်းသိတယ်
ဒါပေမယ့် ...
ပန်းတိုင်ကို ဘယ်အချိန်ရောက်မှာလဲ
ဒီလမ်းကို ဘယ်လောက်လျှောက်ရမလဲ
သိခြင်းတချို့နဲ့ မသိခြင်းတဝက်
ဒီလိုပဲ ငါတို့ ထွက်ခွာခဲ့ကြတယ်
... ... ...
အမေ့အိမ်ကနေ
မိသားစုတွေဆီကနေ
ပျော်စရာ အခိုက်အတန့်တွေကနေ ...။

ပြန်တွေ့ကြတာပေါ့လို့တွေး
ကိုယ့်အသက်ကိုယ်မွေးကြရင်း
အပြီးအပိုင်ဝေးဝေးသွားကြတဲ့ ကြယ်တွေ
ပြန်ဆုံကြတဲ့အခါ ...
အရင်လို လူစုံကြပါတော့မလား
အဲဒီ့လိုစိုးရိမ်စိတ်တွေနဲ့ပဲ ...။ 

မပြီးသေးတဲ့ခရီး
ရေမြေအဆုံးစီးဆင်းကြရုံပေါ့
ငါတို့ပြန်လာခဲ့မှာပါ
... ... ... ...
အဲဒီအချိန်အခါဟာ
ငါတို့ရဲ့ အိမ်တက်မင်္ဂလာ
တယောက်အမာရွတ်ကို
တယောက်ကပွတ်သပ်ရင်း
ပြန်မလာနိုင်တော့သူတွေအကြောင်း
နေစောင်းတဲ့အထိ ပြောကြရင်း
ဒဏ်ရာတွေနဲ့ တည်ခင်းမယ့်ညစာ
မင်းလဲ ငါ့ကိုဖိတ်ပါ
ငါလဲ မင်းကိုဖိတ်မှာ ... ။       ။

The Call - ​ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှ ကူးယူဖော်ပြပါသည်။
ကမ်းလက်ထောက်ပံံ့ရေးအဖွဲ့သို့လှူဒါန်းလိုသော အလှူရှင်များအနေဖြင့်
@kannlet02
တွင်ဆက်သွယ်မေးမြန်း၍ NUG pay/K pay/Wave pay မိမိတို့ အဆင်ပြေသော ငွေလွဲappများဖြင့် ယုံကြည်စိတ်ချစွာ
ဆက်သွယ်လှူဒါန်းလို့ရပါတယ်။

ဝိုင်းဝန်းလှူဒါန်းပေးကြဖို့လည်းဖိတ်ခေါ်ပါတယ်ဗျ။

https://t.me/kannlet
ဒေသအများစု တကျော့ပြန် မိုးကောင်းနိုင်

ဇွန်-၉၊၂၀၂၅။အိမ်သွင်/People's Spring

မုတ်သုန်လေအားကောင်းနေ၍ အလယ်ပိုင်းဒေသများအပါအဝင် မြန်မာနိုင်ငံနေရာအနှံ့၌ မိုးပြန်ကောင်းလာနိုင်ပြီး  ရေဘေးနှင့်မြေပြိုမှု ဘေးသတိပြုရန်အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က သတ်ိပေးထားသည်။

ဇွန်လ ၉ရက်မှ ဇွန်လ ၁၅ရက်အတွင်း မိုးကောင်းနိုင်ခြင်းနှင့်အတူ ရေဘေးသတိပေးချက် ထုတ်ပြန်ခြင်းဖြစ်သည်။ အဆိုပါကာလအတွင်း ဒေသအ
များအပြား၌မိုးကောင်းပြီး နေရာကွက်မိုးကြီးနိုင်ကြောင်း သတိပေးထားသည်။

ရွှေဘိုမြို့အပါအဝင်စစ်ကိုင်းတိုင်းအတွင်းမြို့နယ်အချို့တွင် ဇွန်လ ၈ရက်မှစ၍ မိုးကောင်းခဲ့သည်။ ရွှေဘိုမြို့ မြေနိမ့်ပိုင်းရပ်ကွက်များတွင် ရေဝင်
နေ၍ လူသုံးကုန်ပစ္စည်းများနေရာရွှေ့ပြောင်းနေရသည်ဟု ဒေသခံအချို့ကပြောသည်။

လာမည့် ဇွန်လ ၁၃ရက်မှစ၍  မိုးပိုကောင်းလာနိုင်ပြီး ဧရာ၀တီတိုင်း၊ ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကာ  လေပြင်းတိုက်ခတ်ခြင်း၊ နေရာကွက်၍ မိုးကြီးခြင်း၊လျှပ်စီးလက်ခြင်း၊မိုးကြိုးပစ်ခြင်း၊ လျှပ်
တပြက်ရေကြီးခြင်း၊ ကမ်းပါးပြိုခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ အထူးသတိပြုနေထိုင်ကြရန် MOHADMက သတိပေးထားသည်။

ဇွန်လ ၁၆ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်သော်လည်း ဆက်
လက်အားကောင်းနိုင်ခြင်းမရှိကြောင်းလည်ခန့်
မှန်းထားသည်။

ငလျင်ဘေးသင့်ဒေသများ၌လည်း မြေကျွံခြင်း၊ မြေပြိုခြင်းနှင့် ယိုင်နဲ့နေသည့် အဆောက်အအုံပြိုကျခြင်းများသတိပြုကြရန်လည်း သတိပေးထားသည်။

ပြီးခဲ့သည့်မေလနောက်ဆုံးပတ်က ဘင်္ဂလားဒေ့ရှ်ကို ဝင်သည့် မုန်တိုင်းမြန်မာ-အိန္ဒိယနယ်စပ်အနီးအထိ ကုန်းတွင်း လေဖိအားနည်းရပ်ဝန်းအဖြစ်ဖြတ်စဥ် ကချင်ပြည်နယ်တွင် မိုးကြီးခဲ့သည်။မြစ်ကြီးနားမြို့၊ ဝိုင်းမော်မြို့၊ ဆွမ်ပရာဘွမ်မြို့၊ ချီဖွေမြို့၊ ပူတာအိုမြို့၊ စစ်ကိုင်းတိုင်းမှ နာဂဒေသတို့တွင် ရေဘေးနှင့် မြေပြိုမှု ဘေးရင်ဆိုင်ခဲ့ရသည်။ ဧရာဝတီမြစ်ရေလည်း  မြစ်ကြီးနားမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ မြင့်တက်ခဲ့သည်။

ထို့အပြင်ရခိုင်ပြည်နယ်တွင်လည်း မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ကျောက်တော်၊ မြောက်ဦး၊ သံတွဲ၊ အမ်းနှင့်‌ တောင်ကုတ်မြို့တို့တွင် ရေကြီးနစ်မြုပ်မှုဖြစ်ခဲ့သည်။
Breaking News- စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းတွင် စစ်တပ်တိုက် လေယာဉ် ၁ စီးကို ပစ်ချ

ရန်ကုန်၊ ဇွန် ၁၀

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကန်ဒေါင့် ရဲစခန်းသိမ်းတိုက်ပွဲအတွင်း ဗုံးလာကျဲသည့် အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးကို ပစ်ချ နိုင်ခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - People's Liberation Army - PLA မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇွန်လ ၁၀ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် ပုလဲမြို့နယ်၊ ကန့်ဒေါင့် ရဲစခန်းသိမ်း တိုက်ပွဲကို ဗုံးလာကျဲသည့် အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က ပစ်ချ နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"PLA ကနေပြီးတော့ ဒီနေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်မှာ ရန်သူ့ ဂျက်ဖိုက်တာ ၁ စီးကို ပုလဲမြို့နယ် ကန်ဒေါင့် ရဲစခန်သိမ်း တိုက်ပွဲမှာ ပစ်ချလိုက်တယ်။ ရန်သူ့ ဂျက်ဖိုက်တာ ၁ စီး ပျက်ကျသွားပါတယ်။ အဲတာဟုတ်ပါတယ် မှန်ကန်ပါတယ်။ နောက်ဆက်တွဲ သတင်းကို ပြန်လည် ထုတ်ပြန်သွားပါ့မယ်" ဟုပြည်သူ့လွတ်မြောက်ရေးတပ်မတော် - People's Liberation Army - PLA မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ ဂျက်ဖိုက်တာသည် ပုလဲမြို့နယ်၊ စပါးစေ့ရွာပေါ်ကို ပျက်ကျသွားကြောင်း Union Liberation Front တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကလည်း ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ အတည်ပြုပြောဆိုသည်။

လေကြောင်းသတင်းအချက်အလက်တချို့အရ ပစ်ချခံရသော တိုက်လေယာဉ်သည် မှော်ဘီလေတပ်စခန်းမှ ဖြစ်ကြောင်း သိရှိထားရသော်လည်း ရန်ကုန်ခေတ်သစ်အနေဖြင့် ဆက်လက် အတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်သည်။
ပညာတတ်တွေပဲ
သူပုန် ထထလုပ်နေရတဲ့ နိုင်ငံ

မတတ်နိုင်ဘူး
အသိပညာ တတ်လာတော့လည်း
ပုန်ကန်ရကောင်းမှန်း သိလာတယ်။ ။

#ခွန်ဟိဏ်း(Yesagyo)
ခေါင်းမာကြတယ်...

မအလ မင်းအောင်လှိုင် မဟုတ်ဘူး...ဒီကောင့်မှာ ဇ မရှိဘူး...စောက်ကျင့်ယုတ်ဖို့ပဲ တတ်တဲ့ကောင်...

သူ့အောက်က စစ်ခွေးတွေ ခေါင်းမာနေလို့သာ...တချို့လည်း သတင်းတွေနဲ့ အဆက်ပြတ်နေတယ်...မျက်ကန်းလို ဖြစ်နေကြတယ်...

မအလက "မလုပ်ရဲတာ ဘာမှမရှိ" ဆိုတာ အောက်က စစ်ခွေးတွေအားကိုးနဲ့ ပြောခဲ့တဲ့စကား...

အခု အားကိုးရတဲ့ ခေါင်းမာနေတဲ့ စစ်ခွေးတွေ တပြေးတည်းပြေး တသေတည်းသေနေတော့ မလုပ်ရဲတာ ဘာမှမရှိတဲ့ ကောင်ကတော့ နောက်ဆုံး ပြေးလည်းပြေးရဲတယ်လို့ ပြောသွားအုံးမှာပဲ...

မအလဟာ အောက်က ကောင်တွေ ခေါင်းမမာရင် သူ ဘာမှလုပ်မရဘူး...ဒါကြောင့် မအလ ရှေ့မှာရှိနေတဲ့ ခေါင်းမာတဲ့စစ်ခွေးတွေကို ချေမှုန်းရှင်းလင်း နေရတာ...

အခုတော့ ဘယ်နေရာတိုက်လိုက်တိုက်လိုက် အပုံလိုက်သေနေတာဆိုတော့...အထိုင်ခုခံမယ့် ခွေးတွေရော...စစ်ကူလာမယ့် ခွေးတွေရော တုန်လှုပ်နေကြပြီ...

တုန်လှုပ်နေမှတော့ ရပ်တည်ဖို့တောင် ဘယ်လွယ်ပါ့မလဲ...

အောက်ကနေ ဘယ်လောက်ပဲ စစ်သတင်းတွေ ရေခဲပါလို့ လိမ်တင်တင် လိမ်မရတဲ့အခြေအနေတွေမှာ အမှန်အတိုင်းတင်ပြကြရတာပဲ...ဒီလိုအခြေအနေမှာ စစ်ခွေးတပ်ဟာ စုတ်ပြတ်သတ်အောင် အခြေအနေဆိုးနေပါပြီ...

စစ်ခွေး သေဆုံးတွေရဲ့ လစာတွေ လိမ်စားနေပြီး ချမ်းသာနေတဲ့ စစ်ခွေးတပ်မှူးတွေဟာ စခန်းကျလို့ ခုံရုံးတင်ခံရတဲ့အချိန်မှာ အားလုံး လိမ်စားထားတာတွေ ပေါ်တော့တာပဲ...ဒါနဲ့ တပ်အားလုံးစစ်ဆေး ဆိုတော့ ရလာတဲ့အဖြေက...မအလ ပြေးမှဖြစ်တော့မယ့် အခြေအနေရောက်နေပါပြီ...

အခု​တော့ တဖြည်းဖြည်းနဲ့ ခေါင်းမာတဲ့ ခွေးအင်အား  နည်းလာနေပါပြီ...

အကြောက်တရားက ခွေးတွေကို လိမ္မာအောင် သွန်သင်နေပါပြီ...

ခေါင်းမာနေတဲ့ အရာရှိပေါက်စတွေကြောင့်သာ နည်းနည်း ပိုကြာနေတာပါ...

ဆရာ ဇော်ဝေစိုး ပြောသလို မြေပြင်ရောက်မှ နိုင်ဖို့ပိုသေချာသွားတယ် ဆိုသလို တော်လှန်ရေးတပ်ဖွဲ့ အင်အားက ကြောက်စရာကြီးနော်...

ပိုကြောက်ဖို့ ကောင်းနေတာက ခွေးဆိုတဲ့ အသံကြားတာနဲ့ သွား ဗျင်းမယ် ဆိုတဲ့ စိတ်ဓာတ်တွေက တော်လှန်ရေးရဲ့ အနှစ်သာရပါပဲ...

ပြည်သူတွေ မရပ်တန့်လိုက်ပါနဲ့...

မင်းအောင်လှိုင်မှာ ဟန်ပဲ ရှိပါတော့တယ်...

အနိုင်ရဖို့ကလည်း လက်တစ်ကမ်းပဲ လိုပါတော့တယ်...

#htainlinnay
"ဘောမလော်ဘီများသို့ အိတ်ဖွင့်မေးစာ"
(ပေးစာမဟုတ်- မေးတာ)

တနိုင်ငံလုံးအနှံ့ ဘယ်နေရာကြည့်ကြည့် စစ်ခွေးလေးတွေ စစ်ခွေးကြီးတွေ အပြိုင်အဆိုင် ဂန့်နေ၊ လက်နက်ချနေကြတာချည်းပဲ။ လေယာဉ်နဲ့ ဗုံးကျဲပြီးလည်း ဘယ်နေရာမှ နိုင်နေတာ မရှိဘူး။ ဒါကို မြင်လည်း မြင်နေရ၊ သိလည်း သိနေရတာကို NUG PDF က စစ်ရှုံးနေပြီဆိုပဲ။ ဘယ်နေရာ သွား ရှုံးနေတာလဲ ဖြေပေးကြပါဦးဟ။

ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်က စစ်တပ်ဝင်းကြီးတွေနဲ့ မနီးမဝေးမှာရှိတဲ့ ရဲစခန်းက ရဲခွေးတွေတောင် မျက်နှာဇီးရွက်နဲ့ ဒူးလေးတွေ ထောက်နေရတာကို ဘယ်က NUG-PDF က စစ်ရှုံးနေတာလဲ ပြောပါဦး။

ဘာလဲ ရဲခွေးတွေမို့ အဖက်မတန်လို့ ရဲစခန်းတွေ အတိုက်ခံရချိန် စစ်ကူမပေးဘဲ စစ်တပ်ဝင်းထဲ ခေါင်းပြားအောင် အိပ်နေကြတာလား။ ဒါဆိုလည်း ရဲခွေးလေးတွေရေ.. ကိုယ့်ဘဝ ကိုယ့်အခြေအနေ သိကြတော့ဟ။

ဒါမှ မဟုတ်ရင်လည်း စစ်တပ်ဝင်းကြီးက အခွံပဲကျန်ပြီး အထဲမှာ အတည်မဖြစ်တော့မယ့် ပရီမတွေနဲ့ ခွေးပေါက်လေးတွေပဲ ရှိကြလို့လား?

ဒီလို သိသိကြီးနဲ့တောင် စစ်ခွေးတပ်က စစ်နိုင်နေတယ် ပြောထွက်တာ ယဉ်ယဉ်လေး ရူးနေလို့လား ပြောကြပါဦး။ ယုံတဲ့သူကကော? အေးကွာ.. မင်းတို့ ဆက်ပြီးနိုင်နေအောင် ဆက်အိပ်နေကြကွာ။ ထ မလာနဲ့။

မင်းတို့ အိပ်မက်ထဲတော့ မင်းတို့ နိုင်ချင်ရင်လည်း နိုင်လို့ရတာပေါ့.. 😜

✍️ Veo

#4C_TruthNews
တိုင်းနဲ့ ပြည်နယ် တချို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်
===========
၃၀၊ ဇွန်၊ ၂၀၂၅။
Zalen


ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနဲ့ ဆက်စပ်နေရှိတဲ့ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေတို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် ဇွန် ၃၀ က နေ ဇူလိုင် ၄ ရက်အထိ တစ်နိုင်ငံလုံး နီးပါး နေရာကွက်ကြား မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက မနေ့က သတင်းထုတ်ပြန်ပါတယ်။


လာမယ့် ၅ ရက်အတွင်း တိုင်းနဲ့ ပြည်နယ်တွေမှာ ဒေသအလိုက် မိုးကြီးနိုင်တာကြောင့် သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်တယ်လို့ သတိပေးထားပါတယ်။

လက်ရှိမှာ လေဖိအားနည်းရပ်ဝန်းဟာ အနောက်-အနောက်မြောက်ဘက်ကို ဖြည်းညှင်းစွာ ရွေ့လျားနိုင်ပြီး၊ အိန္ဒိယနိုင်ငံ၊ ဩရိဿ ပြည်နယ်မြောက်ပိုင်းနဲ့ အနောက်ဘင်္ဂလားပြည်နယ်တို့ကို ဖြတ်ကျော်နိုင်သလို ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းရာကနေ အားအလွန်ကောင်းနေတယ်လို့ ဆိုပါတယ်။

မိုးသည်းထန်ပြီး လေပြင်းတိုက်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာ၊ မိုးသီးကြွေတာ၊ လျှပ်တစ်ပြက်ရေကြီးတာနဲ့ မြေပြိုတာတွေ ဖြစ်နိုင်တယ်လို့ မိုးဇလဌာနက ပြောထားပါတယ်။

ဒါကြောင့် ကုန်းမြင့်ဒေသနေသူတွေ မြေပြိုတဲ့အန္တရာယ်သတိထားဖို့နဲ့ မြစ်ဘေး၊ချောင်းဘေးနေသူတွေ ရေဘေးသတိရှိကြဖို့၊ ကြိုတင်ရှောင်ရှားဖို့ သတိပေးထားပါတယ်။

ဒီနေ့ ညနေအထိ မန္တလေးတိုင်း၊ မကွေးတိုင်းစစ်ကိုင်းတိုင်းအောက်ပိုင်းနဲ့ ကယားပြည်နယ်တို့မှာ နေရာကျဲကျဲ၊ ရှမ်းပြည်နယ် မြောက်နဲ့ တောင်ပိုင်းတို့မှာ နေရာစိပ်စိပ်၊ ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပါတယ်။


ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။


အခုရက်ပိုင်းမှာလည်း မိုးရွာသွန်းနေတာကြောင့် မြစ်ရေတွေလည်း မြင့်တက်နေတာပါ။

ဒီအတောအတွင်းမှာပဲ ဖောင်းပြင်မြို့ရှိ ချင်းတွင်းမြစ်ရေဟာ စိုးရိမ်ရေအမှတ်အထက် ၂ လက်မကိုရောက်နေပါတယ်။ 

မုံရွာမြို့မှာလည်း ချင်းတွင်းမြစ်ရေဟာ စိုးရိမ်ရေအမှတ်အောက် ၃ လက်မကိုရောက်နေတာကြောင့် နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်ရောက်လာနိုင်တယ်လို့ မိုးဇလက ဆိုပါတယ်။


စစ်တောင်းမြစ်ရေကလည်း မဒေါက်မြို့မှာ စိုးရိမ်ရေအမှတ်ထက် ပေ၀က်ခန့် ရောက်ရှိနေပါတယ်။


ပဲခူးမြစ်ရေလည်း ပဲခူးမြို့စိုးရိမ်ရေအမှတ်ကို ရောက်ဖို့ ၂ ပေခွဲပဲ လိုတော့ပြီး နောက် ၃၆ နာရီအတွင်း စိုးရိမ်ရေအမှတ်ရောက်လာမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

မိုးဇလကတော့ မုံရွာ၊ မဒေါက်နဲ့ ပဲခူးမြို့နယ်က မြစ်ကမ်းနားနဲ့ မြေနိမ့်ပိုင်းနေသူတွေ သတိပြုနေထိုင်ဖို့ ပြောပါတယ်။

Helen
ခွဲထွက် ဖို့ ဆိုရာဝယ်
****

မြန်မာ ရှိ စစ်အုပ်စုသည် ပြည်သူ များ အပေါ် မည်မျှ အထိ ဆိုးသွမ်း ရက်စက်လှသည် နှင့် ပြည်သူများက အမျိုးသား ညီညွတ်ရေး အစိုးရ အား မိမိတို့၏ ပြည်ထောင်စု အစိုးရ အဖြစ် ထောက်ခံမှု ပေးနေကြသည် ဆိုသည်ကို နိုင်ငံတကာ က သိရှိထားကြပြီး ဖြစ်သည်။

သို့သော် နိုင်ငံတကာ က ကြိုက်သည် ဖြစ်စေ မကြိုက်သည် ဖြစ်စေ လက်ရှိ စစ်အုပ်စု နှင့် သာ ဆက်ဆံ နေကြဆဲ ဖြစ်သည်က အထင်အရှားပင် ဖြစ်သည်။

ဆိုလိုချင်သည်က တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များ ၏ နိုင်ငံရေး ရည်မှန်းချက်များသည် ရှင်းလင်း ပြတ်သားဖို့ လိုအပ်လာသည်။ ခွဲ ထွက် ချင်သည်လား သို့မဟုတ် ဖက်ဒရယ် ပြည်ထောင်စု ထဲတွင် ပင် နေချင်ကြသည်လား ဆိုသည့် ရပ်တည်ချက်ကို မကြာမီ  တိတိကျကျ ဆုံးဖြတ် သတ်မှတ်ရတော့မည် ဖြစ်သည်။

လက်ရှိ အနေအထား အတိုင်းပင် ဆွေးနွေးရမည် ဆိုက နိုင်ငံတနိုင်ငံ မှ ခွဲထွက်ဖို့ နယ်မြေများ သိမ်းယူ ပြီးသည်နှင့် စစ်အုပ်စု ထံမှ ခွဲထွက် ဖို့ တောင်းဆိုမည်၊ ခွင့်ပြုမည်လည်း မဟုတ်၊ ခွင့်မပြုဟု ဆိုက ကိုယ့်သဘော နှင့် ကိုယ် လွတ်လပ်ရေး ကြေညာမည်။

ဤနေရာ တွင် ‌အောက်တွင် ဖေါ်ပြမည့် အချက်များကို သိနေရမည် ဖြစ်သည်၊ ထိုအချက်များကို တိုင်းရင်းသား တော်လှန်ရေး အဖွဲများ၏ ခေါင်းဆောင်ပိုင်းက မသိပဲ နေကြမည် မဟုတ်၊ ကောင်းစွာ သုံးသပ်ထားပြီး ဖြစ်သည်၊ သို့သော် တိုင်းရင်းသား ပြည်သူ များ က အလွယ်တကူ လုပ်၍ ရလိမ့်မည်ဟု ယူဆကောင်း ယူဆနေကြမည် ဖြစ်၍ အတန်ငယ် ရှင်းလင်းလိုပေသည်။

နိုင်ငံတစ်နိုင်ငံကနေ ခွဲထွက်ဖို့ဆိုသည်က ရှုပ်ထွေး‌လွန်းလှ‌ သော ကိစ္စရပ်တစ်ခု ဖြစ်သည်။ နိုင်ငံတကာဥပဒေအရ တိကျသေချာသည့် သတ်မှတ်ချက်များ မရှိသော်လည်း အောက်ပါအချက်များက အဓိကကျလာသည်။

* ပြည်သူလူထု၏ ဆန္ဒ (Self-Determination)
   * ပြည်သူလူထု၏ မိမိကံကြမ္မာကို မိမိဖန်တီးခွင့် (right to self-determination) ဆိုသည်က နိုင်ငံတကာဥပဒေ၏ အခြေခံမူတစ်ခု ဖြစ်သည်။

ဤနေရာတွင် လွတ်လပ်ရေးရဖို့ တစ်ခုတည်းသော နည်းလမ်းဟု မဆိုလို။ ကိုယ်ပိုင်အုပ်ချုပ်ခွင့် (autonomy)၊ ဖက်ဒရယ်စနစ် (federation) အစရှိသည် တို့လည်း ပါဝင်နိုင်သည်။

"ပြင်ပမှ " မိမိကံကြမ္မာကို မိမိဖန်တီးခွင့် (External Self-Determination) ဆိုသည်က ကိုလိုနီနယ်မြေတွေလိုမျိုး ပြင်းထန်စွာ ဖိနှိပ်ခံရသည့် အခြေအနေများ၊ သို့မဟုတ် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ အရမ်းဆိုးရွားနေသည့် အခြေအနေများတွင်သာ ခွဲထွက်ခွင့်ကို အသိအမှတ်ပြုကြလေ့ ရှိသည်။

* နိုင်ငံအသိအမှတ်ပြုခံရမှု (Recognition of Statehood)
   * နိုင်ငံသစ်တစ်ခုအဖြစ် ရပ်တည်နိုင်ရန် နိုင်ငံတကာ၏အသိအမှတ်ပြုခံရဖို့ သည် မရှိမဖြစ်လိုအပ်‌ နေသည်။ ဤသည်က နိုင်ငံသစ်၏ အချုပ်အခြာအာဏာ (sovereignty) နဲ့ နိုင်ငံတကာဆက်ဆံရေးမှာ ပါဝင်နိုင်မှုကို အထောက်အကူပြုနေသည့် အတွက်ကြောင့် ဖြစ်သည်။

   * နိုင်ငံသစ်တစ်ခုအဖြစ် အသိအမှတ်ပြုခံရဖို့ အဓိကလိုအပ်ချက် ၄ ခု ရှိနေသည်။
     * အမြဲတမ်းနေထိုင်မည့် လူဦးရေ (Permanent population)
     * သတ်မှတ်ထားသည့် နယ်မြေ (Defined territory)
     * အစိုးရ (Government) -  နယ်မြေကို ထိန်းချုပ်နိုင်ပြီး ပြည်သူကို အုပ်ချုပ်နိုင်စွမ်း ရှိမည့် အစိုးရ။
     * အခြားနိုင်ငံများ နှင့် ဆက်ဆံရေး တည်ဆောက်နိုင်စွမ်း
* လက်ရှိနိုင်ငံ၏ သဘောတူညီမှု တို့ ဖြစ်သည်။

   * နိုင်ငံတစ်နိုင်ငံမှ ခွဲထွက်နိုင်ဖို့ အအောင်မြင်ဆုံးနှင့် ငြိမ်းချမ်းသည့် နည်းလမ်းသည်က လက်ရှိနိုင်ငံ၏ သဘောတူညီမှု ရရှိဖို့  ဖြစ်သည်။ ဥပမာ- ရီဖရန်ဒမ် မှ တဆင့် ပြည်သူလူထု၏ ဆန္ဒကို ကောက်ယူပြီး ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်တာမျိုး ဖြစ်သည်။

နိုင်ငံတကာဥပဒေသည် အချုပ်အခြာအာဏာပိုင်နိုင်ငံများ၏ နယ်မြေပိုင်နက် တည်တံ့ခိုင်မြဲရေး ကို အလေးထားသည့် အတွက် အကြမ်းဖက်မှုနှင့် ခွဲထွက်ဖို့ ကြိုးပမ်းသည်ကို နိုင်ငံတကာက လက်မခံ တတ်ကြ။

သို့သော် သမိုင်းကြောင်းအရ ပြင်းထန်တဲ့ မတရားမှုတွေ၊ ဖိနှိပ်မှုများ (ဥပမာ- ကိုလိုနီပြုခံထားရခြင်း၊ လူမျိုးတုံးသတ်ဖြတ်ခံရခြင်း) ကြောင့် ခွဲထွက်ဖို့ တောင်းဆိုမှုတွေဟာ နိုင်ငံတကာမှာ ပိုပြီး အသိအမှတ်ပြုခံရနိုင်ခြေ ရှိသည်။

အထက်ပါ အချက်များသည် အခြေခံလိုအပ်ချက်များ ဖြစ်နေသော်လည်း လက်ရှိတွင် နိုင်ငံရေးအခြေအနေ၊ နိုင်ငံတကာ၏ ထောက်ခံမှုနှင့်  လက်ရှိနိုင်ငံ၏ တုံ့ပြန်မှုများက အရေးကြီးနေသည်။

နိုင်ငံ တနိုင်ငံ အဖြစ် ခွဲထွက် လိုက်ပြီဟု ကြေညာလိုက်ယုံ ဖြင့် နိုင်ငံ ဖြစ်မလာ၊ နယ်မြေ ပိုင်ဆိုင်မှု တိုးပွားလာပြီး ခြံစည်းရိုးခတ် အတွင်း ပစ္စည်းများ ထုခွဲ ရောင်းချတာ မျိုး ကလွဲ၍ ဒုံရင်း ဒုံရင်းသာ ဖြစ်လိမ့်မည်။

လက်ရှိတွင်ပင် နိုင်ငံတကာ သည် စစ်အုပ်စု နှင့် ဆက်ဆံနေကြ၍ ၎င်းတို့ကို ကျော်ပြီး အသိအမှတ် ပြုကြမည် မဟုတ်၊ ဥပမာ တိုင်ဝမ် ကို ကြည့်မည်ဆိုက နိုင်ငံပေါင်း ၁၁ နိုင်ငံ နှင့် ဗာတီကန်ကသာ အသိအမှတ် ပြုထားသည်။ ၁၁ နိုင်ငံသည်လည်း ဝေးကွာလှသော လက်တင် အမေရိကား၊ ‌အာဖရိက နှင့် သမုဒ္ဒရာ များ ရှိ ကျွန်းနိုင်ငံ ငယ်လေးများသာ ဖြစ်သည်။
နိုင်ငံ အများစု က မိခင် နိုင်ငံ နှင့် ဆက်ဆံမှသာ အကျိုး ပိုရှိလိမ့်မည်ကို သိထား၍ အသိအမှတ် ပြုရဲကြမည် မဟုတ်၊ ဥပမာ ဘင်္ဂလား‌‌ ဒေ့ရှ်သည် အာရက္ခ နိုင်ငံ အား အသိအမှတ် ပြုချင်သော်လည်း စစ်အုပ်စု ၏ သံတမန် အဆက်ဖြတ် ခံရမည် ကို သိနေ၍ လုပ်ရဲလိမ့်မည် မဟုတ်၊ အိန္ဒိယ အဖို့ ပို၍ ပင် ဝေးပေသေးသည်။

အလားတူ ပင် တရုတ် နှင့် ထိစပ်နေသော ဒေသများသည်လည်း အသိအမှတ် ပြုခံရလိမ့်မည် မဟုတ်၊ ကုလသမဂ္ဂ တွင် နိုင်ငံ အဖြစ် ဝင်ခွင့်ရဖို့ ဆိုသည်က အိမ်မက် ထဲတွင် ပင် ရှိနေဦးမည်သာ ဖြစ်သည်။

မြန်မာ အရေး တွင် ဒေသတခုထဲတွင် လူမျိူးစု တမျိုး တည်း ရှိနေကြသည် မဟုတ်၊ ရခိုင်ပြည်တွင် ချင်း၊ ဗမာ၊ ရိုဟင်ဂျာ များ ရှိနေကြသလို၊ ရှမ်းပြည်တွင်လည်း ကချင်၊ တအာင်း၊ ကရင်နီ၊ ပအို့ အစရှိသဖြင့် အမျိုးမျိုး ကွဲထွက်နေသည်၊ ၎င်းတို့အားလုံး၏ သဘောတူညီချက် ရဖို့ မလွယ်။ ဖက်ဒရယ် ပင် ခွင့်မပြုသည့် စစ်အုပ်စု မှလည်း နိုင်ငံတကာမှ နိုင်ငံ အဖြစ် အသိအမှတ် မပြုသရွေ့ ကာလ ပတ်လုံး  ပြန်၍ သိမ်းပိုက် နိုင်ဖို့ အမြဲလို ကြိုးစား‌ နေမည်သာ ဖြစ်သည်။ တိုင်းရင်းသား တော်လှန်ရေး ခေါင်းဆောင်များကိုလည်း အပြည်ပြည် ဆိုင်ရာ မှ စစ်ဘုရင် warlords များ အဖြစ်သာ သဘောထား နေကြမည် ဖြစ်သည်။

ဤသည်ကို တိုင်းရင်းသား အားလုံး သိထားသင့်သည့် အချက်များပင် ဖြစ်သည်။

ထို့အတွက် စစ်အာဏာရှင် များအား နေပြည်တော် မှ အရင် မောင်းထုတ်ပြီး ဗိုလ်ချုပ် သဘောတူ လက်မှတ် ရေးထိုးထားသည့် ပင်လုံစာချုပ်ကို အခြေခံ ကာ လူထု ကိုယ်စားပြု ခံရသည့် အစိုးရမျိုး နှင့် စေ့ဆပ် ‌ဆွေးနွေးကြရမည်သာ ဖြစ်သည်၊ မိမိတို့ နှင့် အတူ ဆိုးတူ ကောင်းဖက် လက်တွဲ တိုက်ပွဲဝင်လာသူများကို တန်းတူ ရည်တူ ဆက်ဆံကြမည်သာ ဖြစ်သည်။

နိုင်ငံတော် အတိုင်ပင်ခံသည် တိုင်းရင်းသား များ၏ ဆန္ဒ ကို မသိပဲ နေမည်မဟုတ်၊ စစ်အုပ်စု အတွက် အကြောင်းပြချက် ကောင်းကောင်း ဖြင့် အာဏာ သိမ်းခံရမည် စိုး၍ workaround policy ဖြင့် ၂၁ ရာစု ပင်လုံ ညီလာခံ ခေါ်ယူ၍ သဘောထား တီးခေါက်နေခြင်းသာ ဖြစ်သည်။

ယခု ဖြစ်နေပုံသည် လွတ်လပ်ရေး ရပြီးကထဲက ဖက်ဆစ် ဝါဒ ရိုက်သွင်းခံထားရသော စစ်တပ်၏ တိုင်းရင်းသား များ အပေါ် နှစ်ပေါင်း ၇၀ ကျော်ကျူးလွန်ခဲ့သော ပြစ်မှု များ အတွက် အမျိုးသား ညီညွတ်ရေး အစိုးရ အား အညိုးထား ဆက်ဆံနေကြသလို ဖြစ်နေသည်ဟု NUG မှ တာဝန်ရှိသူ တဦးက ငြည်းတွားခဲ့ဖူးသည်။

ထိုသို့ အညိုးထားနေကြမည့် အစား ပြည်ထောင်စု ညွှန်ပေါင်း ဗဟို အစိုးရ ပုံစံ မျိုး နှင့် တန်းတူရည်တူ ဖွဲ့စည်းကာ ကျောချင်းကပ်၊ ရင်ချင်းကပ် ရှိနေမည် ဆိုက နိုင်ငံတကာ ၏ လေးစားမှု ရရှိမည့် အပြင် တရုတ် ၏ စစ်ဘုရင်များ အလား သဘောထားကာ ဟို အဖွဲ့ ခေါ် ဒီအဖွဲ့ ‌ခေါ် ချော့လိုက် ချောက်လိုက် အလုပ်ခံရတော့မည် မဟုတ်၊ အားလုံး သည် ပြည်ထောင်စု ကိုယ်စားပြု အစိုးရ အနေဖြင့် တန်းတူရည်တူ ဆွေးနွေးခွင့် ရလာမည် ဖြစ်သည်။

ထိုသို့ ဖြစ်လာမည် ကို စစ်အုပ်စု အဖို့ အကြောက်ဆုံးပင် ဖြစ်သည်၊ ရန်သူ၏ အကြောက်ဆုံး လက်နက်သည် လေယာဉ် ပစ် လက်နက်များ ပိုင်ဆိုင်သွားမည့် အရေး မဟုတ်။

တိုင်းရင်းသား ပြည်သူများ ဓါးတောင်ကို ကျော်ကာ မီးပင်လယ်ကို ဖြတ်မည်အထိ စိတ်ပိုင်းဖြတ်ပြီး တစုတစည်းတည်း ညီညွတ်လာကြမည့် အရေးကို အာဏာရှင် မှန်သမျှ သေမလောက် ကြောက်ရွံ့ခဲ့ကြသည်ချည်းသာ ဖြစ်သည်။ ထို့အတွက်လည်း နည်းမျိုးစုံ သွေးခွဲခြင်း၊ ဖိနှိပ်ခြင်းများ ဖြင့် ကာကွယ်ရစမြဲလည်း ဖြစ်သည်။

ရန်သူ အကြောက်ဆုံး လက်နက်ကို ထုတ်သုံးဖို့ အဘယ်ကြောင့် တွေဝေနေကြရသနည်း။

ပြည်သူတို့၏ စည်းလုံး ညီညွတ်မှု အားဖြင့် ဆင်နွဲနေသော ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!
Forwarded from Zin Thaw Naing
◾️US ရဲ့ ခေါင်းလောင်းထိုးသံ

ပြီးခဲ့တဲ့ရက်ပိုင်းက ထရမ့်ဟာ အခွန်တိုးမြှင့် ကောက်ခံမယ့်စာကို ထိုင်း၊ မလေး၊ အင်ဒိုအပါအရှေ့တောင်အာရှက နိုင်ငံတွေဆီ တပြေးညီ ပေးပို့ခဲ့တယ်။ အလားတူ ဒီနိုင်ငံလည်း ပါခဲ့တယ်။ နိုင်ငံတွေအပေါ် ပေးပို့တဲ့ စာပါအကြောင်းအရာဟာ တူညီပြီး အခွန်ကောက်ခံမှု ရာခိုင်နှုန်းသာ ကွဲပြားမှုရှိခဲ့တယ်။ ဆိုရရင် ရုံးစာကို နားလည် သဘောပေါက်ကြတဲ့ သူဆိုရင်တော့ ဒီစာပုံစံဟာ ဖိတ်စာသဏ္ဍာန် စာမျိုးပဲ ဖြစ်တယ် ဆိုတာ သိကြပါတယ်။

အကြောင်းအရာပါ အားလုံးတူညီပြီး လိပ်မူရမယ့် အမည်၊ နေရာနဲ့ ရာခိုင်နှုန်း နေရာမှာသာ ကွက်လပ်ချန်ကာ ဖြည့်သွင်း ပေးပို့ရကြတဲ့ စာအမျိုးအစားကို ဆိုလိုတာပါ။ ဒါပေမယ့် စစ်ရှုံးကောင်စီ ဘက်ကတော့ ဒီစာအပေါ် US သမ္မတ ထရမ့်က သူတို့အပေါ် အသိအမှတ်ပြု၊ အမည် ရာထူးနဲ့တကွ ပေးပို့ ဆက်ဆံလာတယ် ဆိုတာမျိုး အရူးထ ခဲ့ကြတယ်။

ဒီအတွက် အကြောင်းပြန်တဲ့ အခါမှာလည်း စီးပွားရေးကိစ္စ၊ အခွန်အခ သက်သာလျော့ပါးရေး အတွက်သာ မဟုတ်ဘဲ၊ နိုင်ငံရေးအရ မလွဲသာလို့သာ အာဏာလု ခဲ့ရတာကိုပါ အ ပြစ်မမြင်ဖို့ ပဏ္ဍာဆက်အဖွဲ့ စေလွှတ်ပြီး ညှိနှိုင်းဆောင်ရွက်ဖို့ ဆိုတဲ့ ခြေသလုံးပြေးဖက်တဲ့ စာရှည် ကြီးကို ပေးပို့ခဲ့တယ်။ ဒါပေမယ့် US ဘက် ကတော့ အစကတည်းကလည်း စီးပွားရေး သဘောအရ ပေးပို့တဲ့စာမို့ ဒီအပေါ် ထူးခြားပြီးအကြောင်းပြန်တာ မရှိခဲ့ဘူး။ ဒါက အားလုံး သိကြတဲ့ အခြေအနေပါ။

ဒါပေမယ့် အခုနောက်ဆုံး သတင်းအရတော့ USဟာ နိုင်ငံရေးအရ စစ်ရှုံးကောင်စီနဲ့ ဆက်နွှယ်နေတဲ့ နိုင်ငံပိုင် စီးပွားရေး ဘဏ်တွေ၊ မြန်မာ့စီးပွားရေး ဘဏ်နဲ့ နိုင်ငံခြား လေယာဉ်ဆီ တင်သွင်းရောင်းချ သူတွေကို ပိတ်ဆို့ အရေးယူဖို့နဲ့ IMF ရဲ့ မဲပေးပိုင်ခွင့် တိုးလာမှုကို ပိတ်ဆို့ထားဖို့ ဥပဒေကြမ်း(Bill) သုံးခုကို ရေးဆွဲပြီး မနေ့ကတော့ ကော်မတီအဆင့်မှာ အတည်ပြုခဲ့ကြပြီလို့ ဆိုတယ်။

Law making process (ဥပဒေပြုရေး လုပ်ငန်းစဥ်) အရဆိုရင် ဒီအဆင့်ဟာ Public Hearing၊ First reading အဆင့်၊ ဥပဒေတစ်ခု ပေါ်ပေါက်လာဖို့ လိုအပ်တဲ့ ထရမ့်အစိုးရရဲ့ မူဝါဒပိုင်း ဆိုင်ရာ အချက်အလက်၊ နောက်ခံ အကြောင်းတွေ အားလုံးကို ခြုံငုံသုံးသပ်ပြီးတဲ့ အဆင့်ဖြစ်တယ်။ နောက်တဆင့် အနေနဲ့တော့ Lower House(အောက်လွှတ်တော်)နဲ့ Upper House (အထက်လွှတ်တော်)ဆိုတဲ့ လွှတ်တော် နှစ်ရပ်အတွင်း ပေးပို့ဆွေးနွေး ပြီးရင်တော့ ထရမ့်က လက်မှတ်ရေးထိုး ထုတ်ပြန်ရမယ့် အဆင့် ဖြစ်လာမယ်။

ဒီဥပဒေ ၃ ခုကတော့
BRAVE Burma Act (H.R.3190)
Burma GAP Act (H.R.4140)နဲ့
No New Burma Funds Act (H.R.4423) တို့ပဲ ဖြစ်တာတွေ့ရတယ်။

ဒီဥပဒေတွေထဲမှာ အကြမ်းဖက် စစ်ရှုံးကောင်စီကို ကမ္ဘာ့ဘဏ်နဲ့ အခြားဆက်စပ် ဘဏ်တွေက ငွေကြေးထောက်ပံ့တာကို တားမြစ်တာ၊ နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းများနဲ့ စစ်ရှူံကောင်စီတို့ ငွေကြေး အပေးအယူကို ပိိတ်ထားတာ၊ မင်းအောင်လှိုင် စစ်ရှူံးကောင်စီ အပေါ် စစ်ရေး၊ လူသားချင်းစာနာမှုနဲ့ ငွေကြေးဆိုင်ရာ ဖိအားတွေ ပေါင်းစပ်ထားပြီး USအနေနဲ့ မြန်မာနိုင်ငံရဲ့ တရားမျှတမှု၊ လူမျိုးစုပါဝင်မှုနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ထောက်ခံ အားပေးမှုမှာ ပြတ်ပြတ်သားသား ရပ်တည်ကြောင်း အပြင် တော်လှန်ရေးအဖွဲ့တွေ၊ စစ်ဘေး ဒုက္ခသည်တွေနဲ့ ရက် စက် ကြမ်းကြုတ်ကြတဲ့ ရာဇ၀တ်မှုတွေကနေ လွတ်မြောက်လာပြီး အသက်ရှင် ကျန်ရစ်သူတွေကို ပံ့ပိုးကူညီမှုတွေ ချဲ့ထွင်ဖို့တွေ ပါဝင်ပါတယ်။

ဒီကာလအတွင်းမှာ စစ်ရှုံးကောင်စီရဲ့ အရင်းအမြစ်တွေ ဖြစ်တဲ့ နိုင်ငံပိုင် စီးပွားရေး ဘဏ်တွေ၊ မြန်မာ့စီးပွားရေးဘဏ်နဲ့ နိုင်ငံခြား လေယာဉ်ဆီ တင်သွင်း ရောင်းချသူတွေကို ပိတ်ဆို့ အရေးယူဖို့နဲ့ IMF ရဲ့ မဲပေးပိုင်ခွင့် တိုးလာမှုကို ပိတ်ဆို့ထားဖို့တွေ အဓိကပါဝင်တာ ဖတ်ရတယ်။

ဒီဥပဒေကို အကောင်အထည် စဖော်ဖို့ ကြားထဲမှာ အချိန်ယူရဦးမှာ ဖြစ်ပေမယ့်လည်း ဒီဥပဒေကြမ်း အဆင့် ပေါ်ပေါက်လာတာကပဲ အမေရိကန်ရဲ့ လွှတ်တော်၊ ကွန်ဂရက်ထဲက ကိုယ်စားလှယ်တွေ၊ အမေရိကန်နိုင်ငံနဲ့ ထရမ့်အစိုးရ မူဝါဒတွေ အရ ပေါ်ပေါက်လာတာမို့ ဒီဥပဒေကြမ်း ၃ ခု ကိစ္စဟာ မြန်မာပြည်သူတွေ အတွက် အားတစ်ရပ်ပါ။

ဒါဟာ ဒီနိုင်ငံထဲက လူထုရဲ့ အသံကို အမေရိကန်အပါ ကမ္ဘာ့နိုင်ငံတွေက နားထောင်နေပါတယ်။ စောင့်ကြည့်နေပါတယ်၊ အရေးယူ ပိတ်ဆို့မှုတွေ ဆက်လုပ်ဖို့ စစ်ရှူံးကောင်စီကို ဖိအား ဆက်ပေးဖို့ ပြင်ဆင်နေပါတယ် ဆိုတဲ့ Message ပေးလာတာမျိုး မှတ်ယူနိုင်တယ်။ တနည်းဆိုရရင် ရွှေကျီးရဲ့အာသံပါ။

ဒါပေမယ့် တဘက်မှာ ကိုယ့်ကို ဆော်တဲ့စာကို အမေရိကန်နဲ့ ရွှေလမ်း ငွေလမ်း ပေါက်ပြီဆိုပြီး ဘူမသိ ကိုးမသိ ပျော်နေတဲ့ စစ်ရှုံးကောင်စီနဲ့ သူတို့ ထောက်ခံသူ နလပိန်းတုံးတွေ အတွက်ကတော့ ဒီသတင်းဟာ ငှက်ဆိုးထိုးသံ ပါပဲလို့ ဆိုရင်း။
မြို့ ၃ မြို့ ပြန်ပေးလိုက်ရတော့ တော်လှန်ရေးဘက်က အသံတွေ ထွက်လာပါတယ်...

ပြည်သူက တော်လှန်ရေးအဖွဲ့တွေကို အပြစ်တင်တယ်...

တော်လှန်ရေးအဖွဲ့တွေက ပြည်သူက လက်တိုနေလို့ ဆိုတာမျိုး အပြစ်တင်တယ်...

ပြောချင်တာက ဆိုက်ဝါးတွေ သတိထားပါ...

ပြည်သူနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ခွာပြဲရင် တော်လှန်ရေး ရပ်သွားပါလိမ့်မယ်...

အပြန်အလှန်ပြောဆိုနေတဲ့အထဲ ကိုယ်မပါပါစေနဲ့...

ပြည်သူကို အပြစ်တင်နေတာလည်း စစ်​ခွေးတပ်က ဆိုက်ဝါးအဖွဲ့တွေ...တော်လှန်ရေးတပ်ဖွဲ့တွေကို အပြစ်တင်နေတာလည်း စစ်ခွေးတပ်က ဆိုက်ဝါးအဖွဲ့တွေပါ...နှစ်ဖက်လုံးကို ကြားကနေ မွှေပေးနေတာကို မြင်ကြည့်ပါ...အရှိန်တက်လာရင် နှစ်ဘက်လုံး ပျက်စီးရပါလိမ့်မယ်...

အခုဆို စစ်ခွေးတပ်က တော်လှန်ရေး အားနည်းတဲ့ နေရာတွေကို မြို့တွင်းဒလန်တွေကတဆင့် သတင်းယူပြီး အင်အားသုံး စစ်ကြောင်းထိုးနေသလို တဖက်ကလည်း သွေးခွဲပြီး တော်လှန်ရေးအင်အား ချိနဲ့အောင် စနစ်တကျ လုပ်ဆောင်နေပါတယ်...

ထောင်ချောက်ပါ...

ကျွန်တော်တို့ ထောင်ချောက်မမိဖို့လိုပါတယ်...

ပြောဆိုနေတာတွေ ရပ်ကြပါ...လက်လွန်ထားရင် ပြန်ဖျက်လိုက်ကြပါ...

ပြန်ပြီး စည်းလုံးညီညွတ်ကြပါစို့...

htainlinnay