နိုင်စိုးနှင့် အမျိုးများ
4.11K subscribers
846 photos
271 videos
15 files
122 links
ြဖစ်လေသမျှ
Download Telegram
Media is too big
VIEW IN TELEGRAM
"ဖြစ်ပျက်စုံလင်"
------------------

မြန်ပြည်တစ်လွှား
ဖြစ်ပျက်စုံလင်မှာ
ကလေကဝတွေ
ရည်ရွယ်ချက်ရှိရှိ
သံဃာအပါး (၁၀၀)
ကို ရက်ရက်စက်စက်
သတ်ခဲ့ကြတုန်းက
ကလေကချေ လူတန်း
စားတွေက ငြိမ်နေကျပြီး
အခုလို မတော်တဆ
ဖြစ်တာကျမှ အုံကြွမှု
ဖြစ်အောင် လုပ်နေကြောင်း
စသဖြင့် ပြောတာတွေ
နားထောင်ရတယ်။

(Andrew Soe)
22nd June 2024
"ချင့်ယုံ"
---------

(၈၈) မှာ ဘီဘီစီ သတင်းထောက်
ခရစ်စတိုဖာဂန်းနက်က ကျောင်းသူ
ကျောင်းသားတွေကို စစ်တပ်က
ထောင်ထဲမှာ မုဒိမ်းကျင့်ပါတယ်
ဆိုတဲ့ ကျောင်းသားလူထု
အုံကြွစေမယ့် လုပ်ကြံ အင်တာ
ဗျူး တစ်ခုကို ထုတ်လွှင့်ခဲ့တယ်။

အင်တာဗျူးကြောင့် မြန်မာနိုငိငံ
က ကျောင်းသားတွေ အုံကြွခဲ့
ကြတယ်။

အင်တာဗျူးမှာ ပါဝင်သူတွေက
အေးငြိမ်းသူ၊ ကိုကိုလတ်နှင့်
ဌေးကြွယ်။

အေးငြိမ်းသူက ရုပ်ရှင်မင်းသား
ကြီး ဦးအောင်လွင်ရဲ့ သမီး၊
ဌေးကြွယ်က ဖြိုးမင်းသိန်း
ရဲ့ ယောက်ဖ၊ မိမိကြွယ်ရဲ့
မောင် ဖြစ်တယ်။
ဦးအောင်လွင်က ဗကပ ဟောင်း
ကြီးတစ်ယောက်ဖြစ်သလို NLD
ပါတီ စတင်တည်ထောင် သူတွေ
ထဲက ပါသူတစ်ယောက်ဖြစ်တယ်။

အရေးအခင်းဖြစ်ပြီး နှစ်အတော်
ကြာမှ ဦးအောင်လွင်က သူ့သမီး
မုဒိမ်းကျင့်ခံရတာ မဟုတ်ကြောင်း
အင်တာဗျူးက လုပ်ကြံ အင်တာ
ဗျူးဖြစ်ကြောင်း ဟောပြောပွဲ
တစ်ခုမှာ ပြောသွားတယ်။

ဒါက နိုင်ငံရေးပါလို့လည်း
ထည့် ပြောသွားတယ်။

ဦးအောင်လွင်က အခုထိ
သက်ရှိထင်ရှားရှိသေးတာမို့
မေးကြည့်လို့ရတယ်။

ဆိုလိုတာ သူတို့သိတဲ့၊ လုပ်
တဲ့ နိုင်ငံရေးဆိုတာ တတိုင်းပြည်
လုံး သေခြင်းဆိုးနဲ့သေ ဘဝပျက်
ချင်ပျက် လိမ်ရင် ကြီးကြီးကျယ်
လိမ်နိုင်သမျှ လိမ်ဆိုတာပဲ။

ဒါကြောင့် အခုလည်း ပြည်ပ
သတင်းဌာနတွေအားလုံးက
မဆူ ဆူအောင်၊ အုံကြွမှု
မဖြစ် ဖြစ်အောင် သတင်း
အစအနတစ်ခု ရတာနဲ့
ခွေးသေကောင်ကို လဒ
ဆွဲသလို အကြီးအကျယ်
လိမ်နေကြတာဖြစ်တယ်။

မိမိ မျက်စိနှင့်လည်း အဲဒီ
အချိန်တုန်းက လှည်းတန်း
ထိပ်မှာ စင်ထိုးပြီး ထောင်
ထဲမှာ မုဒိန်းကျင့်ခံရကြောင်း
ဗိုက်ကြီးနေကြောင်း ဗိုက်ထဲ
မှာ အဝတ်ခံပြီး ဗိုက်ကြီး ပူပုံ
ကို စင်ပေါ်တက်ပြပြီး လိမ်
လည်ခဲ့တာကို ယုံကြည်ခဲ့
သူတွေထဲ မိမိလည်း ပါခဲ့
တယ်။

ဒါကြောင့် အခုနောက်ပိုင်း
ကလေကဝတွေ ပြောတာ
ကိုတော့ နှမ်းတစေ့မှ မယုံ
ကြည်သလို စစ်တပ်က ပြော
ရင်လည်း အတော်ချင့်ချိန်ပြီး
ငါးဆယ်ရာခိုင်နှုန်းလောက်ပဲ
ယုံတော့တယ်။

(Andrew Soe)
22nd June 2024
သီအိုရီအရ နစကအစိုးရ အရင်
နားလည်ထားရမှာက သူတို့သည်
ဗမာပြည်ရောက် ကမေ႓ာဒီးယား
`Khmer Rouge (ခမာနီ)´ အုပ်စု
စိတ်ဓာတ်ရှိသူမျိုးတွေဖြစ်တယ်။

`First They Killed My Father´
ဖြစ်ပျက်မှန် ရုပ်ရှင်ထဲကလို သူတို့
က တတိုင်းပြည်လုံးကို အုပ်စုလိုက်
ဝိုင်းအနိုင်ကျင့်နေကြတာ။

ရှိသမျှ လူတန်းစား အားလုံးကို
ခမာနီတွေလို လက်တွေ့လုံးလုံး
မဆန်သေးပေမယ့် စိတ်ပိုင်းဆိုင်
ရာအရ သူတို့လက်အောက်
ကျွန်၊ မဖြစ် ဖြစ်အောင် ဝိုင်း
သမနေကြတာဖြစ်တယ်။

ခမာနီတွေ ဘယ်လို ဇာတ်သိမ်း
သလဲဆိုတာကို နစက လေ့လာ
ပါ၊ လိုက်လုပ်ပါ။

ခမာနီတွေလို လူမျိုးတုန်းပြီးမှ
ဇာတ်သိမ်းတာမျိုး မဖြစ်ခင်
ကိုယ်က လက်ဦးဖို့လိုတယ်။

ကိုယ်က ဗီယက်နမ်လုပ်မလား၊
သူတို့ကျွန် အဖြစ်ခံမလားဆိုတဲ့
`My way or the highway´
တစ်ခုခုကို ဆုံးဖြတ်ရမယ့် အချိန်
က တဲတဲလေးသာ ကျန်တော့
တယ်ဆိုတာ သတိပြုမိတာထက်
ကို လက်တွေ့လုပ်ရတော့မယ်။

စကားမစပ် မောင်ကျော်နု အနေနှင့်
ဘိုလိုတွေ ညှပ်ပြောနေတာ အလွန်
မှားနေသလို ကြားရတာ သတင်း
တစ်ခုလုံး ရွဲ့စောင်း အောက်ထွက်
သွားတာမို့ ဖြစ်နိုင်သမျှ စကားလုံး
တိုင်းကို ဗမာလို၊ ဗမာသံ ပီပီသသ
နှင့်သာ ပြောဖို့ အကြံပေးချင်တယ်။

(Andrew Soe)
23rd June 2024
Media is too big
VIEW IN TELEGRAM
"သူတို့က ခမာနီတွေသာ"
---------------------------——

စစ်အစိုးရကို ပျံလွန်ဘုန်းကြီးကိစ္စ၊
ဆန်၊ ဆီ၊ ဆား၊ ငြုပ်သီး၊ ကြက်
သွန်၊ ရွှေစျေးတွေနဲ့ မအားမလပ်
တိုင်ပတ်နေအောင် ချောင်ပိတ်
ရိုက်နေတဲ့ ဒီကလေကဝ အုပ်စု
ကြီးကို စစ်အစိုးရ မရှင်းတတ်ဘူး၊
မထိန်းတတ်ဘူးဖြစ်နေတယ်။

ဒါတွေ ဒီလိုဖြစ်အောင် တိုင်ပင်
စရာ မလိုဘဲ အားလုံး ပူးပေါင်း
လုပ်ဆောင်နေကြတာဖြစ်တယ်။

ချစ်ခြင်းနှင့် မုန်းခြင်း အာဃာတ
ဆံချည်မျှင်ခြားလေး ကြားမှာ
တိုင်းပြည်တစ်ခုလုံး ဝရုန်းသုဉ်း
ကားဖြစ်အောင် လုပ်နေကြတာ။
Media is too big
VIEW IN TELEGRAM
"တမင်တကာကြီးလား"
--------------------------

မှူးကြီးက တောင်းပန်သော်လည်း
မကျေနပ်နိုင်ဘဲ ပွဲဆူချင်နေတဲ့
ဂတုံးအတု၊ လူအုပ်စုတွေ ရှိနေ
သလို ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး
ခွဲခြမ်းစိတ်ဖြာ သုံးသပ်ရလျှင်
ဒရိုင်ဘာနှင့် မသေဘဲ ကျန်ခဲ့တဲ့
ဘုန်းကြီးတို့ဟာ နိုင်ငံရေး
အရောင်အဝါ ကင်းရဲ့လား၊
မတည်ငြိမ်ဘဲ အစိုးရနှင့် သူပုန်
ပွတ်တိုက်မှုရှိနေတဲ့ နယ်မြေမှန်း
သိသိကြီးနှင့် သက်ဆိုင်ရာကို
အကြောင်းလည်းမကြား၊ သာ
သနာ ကားလည်းမဟုတ်၊ သာ
သနာ့ အလံလည်းမတင်ဘဲ ကား
ကို မှန်မချ၊ စစ်ဆေးခွင့်မပေးဘဲ
အတင်း မောင်းပြေးတာ ဘာ
သဘောလဲ၊ ရိုးသားမှု မရှိဘဲ
ဒီယုန်မြင်လို့ ဒီခြုံထွင် ဂွင်ဆင်ပြီး
လုပ်ကြံတာလား စသဖြင့် အများ
ကိုယ်စား သိချင်တဲ့ မေးခွန်းတစ်ချို့
မေးတာ နားထောင်ရသလို၊ ပဲခူး
ဘုန်းကြီးခမျာမှာတော့ ရဟန်း
မစားသင့်သော ဆွမ်းလေးတစ်နပ်ကို
ဘုဘမသိ ဖိတ်တိုင်းကြွ သွားစားမိတာ
အသက်ပါပေးလိုက်ရလေရဲ့ပေါ့လေ။

(Andrew Soe)
25th June 2024
Media is too big
VIEW IN TELEGRAM
"ကလချီး"
-----------

သူပြောသွားတဲ့ သတင်းတွေ
အားလုံးထဲမှာ အမေရိကား
ရောက် ကလချီးကောင်
တစ်ကောင်အကြောင်း
ပြောသွားတာ အတော်
စိတ်ဝင်စားစရာကောင်း
တယ်။

ဪ ဒီကလချီးက
ဒီလိုကြီးလားလို့လည်း
လွန်စွာ အံ့ဩမိတယ်။

(Andrew Soe)
26th June 2024
Media is too big
VIEW IN TELEGRAM
"ကိုယ်တွေကို နီပိန်းဘဝကနေ
အစွဲချွတ်ပေးခဲ့တဲ့ဘဲရီး" ဆိုပြီး
တစ်ခ်တော့တစ်ခုရဲ့ ချယ်နယ်
မှာ တင်ထားတာတွေ့လို့
ပြန်လည်ကူးယူ ဖော်ပြခြင်း
သာ ဖြစ်ပါတယ်။

(Andrew Soe)
27th June 2024
Media is too big
VIEW IN TELEGRAM
"မှန်နေဆဲပါ"
--------------

တစ်ချိန်တုန်းက ပြောခဲ့တာတွေ
ယနေ့အထိ မှန်နေတာကြောင့်
သူများ တစ်ခ်တော့မှာ တခုတ်
တရ တင်ထားတာကိုတွေ့လို့
ကူးယူဖော်ပြခြင်းသာပါ။

မိမိမှာ အဲဒီ မှတ်တမ်းတွေ
မရှိတော့တာကြောင့် အများ
သိအောင် တင်ပြဖော်ပြပေး
နေသူ မူရင်းကို ခရက်ဒစ်ပါ။

(Andrew Soe)
28th June 2024
"နိုင်ကို နိုင်ရမည်"
-------------------

ဘိုင်ဒင်နှင့် ထရမ့် စကား
စစ်ထိုးပွဲ စကားရည်လုပွဲ
(Debate) မှာ အသက်
(၈၁) နှစ်အရွယ် လက်ရှိ
သမ္မတ ဘိုင်ဒင် အရှုံးကြီး
ရှုံးသွားတာကြောင့် သူ့
နေရာမှာ အသက် (၅၆) နှစ်
အရွယ် ကယ်လီဖိုးနီးယား
ပြည်နယ် အုပ်ချုပ်ရေးမှူးဖြစ်
တဲ့ `ဂေဗင် နယူဆမ် (Gavin
Newsom)´ကို ဒီမိုကရက်
တစ်ပါတီအတွက် အစားထိုး
ရန် ရေပန်းစားလျှက်ရှိပါတယ်။

ပြီးခဲ့တဲ့အခေါက် ရွာထဲကလို
မဲလိမ်မဲခိုးနဲ့ ရှုံးနိမ့်ခံလိုက်ရတဲ့
ထရမ့်ကို ဒီတစ်ခါတော့ မိုးပေါ်
က သိကြားမင်းဆင်းတားတောင်
မရနိုင်တော့မယ့် အခြေအနေကို
ရောက်နေပါပြီ။
မိမိက ထရမ့်ရဲ့ နိုင်ငံရေး ပေါ်
လစီတွေကို သဘောကျသူ
ဖြစ်ပြီး သူနိုင်မှပဲ ကမ႓ာကြီး
ငြိမ်းချမ်းမယ် ယူဆမိသလို၊
ကလေကဝ လူအုပ်ကြီးဝါဒ
လည်း လွှင့်စင်သွားမယ်
တထစ်ကျ ယုံကြည်ပြီး၊
ပရောက်စီ ယူကရိန်း စစ်ပွဲ
လည်း ချုပ်ငြိမ်း ပြီးပျောက်
သွားမယ် မျှော်လင့်ထားပါ
တယ်။

အုပ်ချုပ်ရေးမှူး `ဂေဗင် နယူ
ဆမ်´ ရုပ်က သမ္မတ လုပ်ဖို့
ထက်ကို မင်းသားလုပ်ရင်
ပိုကောင်းတဲ့ ရုပ်ရည်မျိုး
ဖြစ်သလို ကမ႓ာကျော်
ဟောလိဝုဒ် မင်းသားကြီး
`အလက် ဘော်ဒွင် (Alec
Baldwin)´ တို့ ညီအစ်ကို
သုံးယောက်မျိုး ရုပ်ရည်၊
အရပ်အမောင်းကအစ
ခြောက်ပေ သုံးလက္မ ကိုယ်
စီ ရှိကြသူတွေဖြစ်တယ်။

မည်သို့ပင် ဖြစ်စေကာမူ
ကမ႓ာကြီး ငြိမ်းချမ်းစေဖို့
`အနွန်နာခီ (Annunnaki)´
တွေက ထရမ့်ကို ရွေးချယ်
ပြီးသား ဖြစ်တာကြောင့်
သူ့ကို ဒီတစ်ခေါက်တော့
ဘယ်လိုပင် ညစ်ညစ် သူ
မနိုင်လည်း နိုင်ရမယ်လို့
ထင်မြင်မိပါကြောင်း။

(Andrew Soe)
30th June 2024
"မှတ်ပလား"
-------------

ရေကြီးတယ်
ဘယ်သူကယ်လဲ ?
လက်ရှိ သူတို့ လွန်စွာ
မုန်းတီးကြတဲ့ စစ်တပ်က
ကယ်ဆယ်တယ်။

သူတို့ ကြိုက်နှစ်သက်
ပါတယ်ဆိုတဲ့ ကလေကဝ
သူပုန်က ဘာလို့ မကယ်လဲ ?

အစိုးရဆိုတာ တိုင်းပြည်အရေး
အဝဝကို ထိမ်းသိမ်း ကာကွယ်
တယ်။ ကလေကဝတွေက
ဖျက်လိုဖျက်ဆီးပဲလုပ်တယ်။

အစိုးရနှင့်သူပုန် အဲဒီမှာ
အသိသာကြီး ကွာသွားတာပဲ။

ဘာလို့ရေကြီးလဲ ?
သဘာဝဂေဟ စနစ်ကြီး
ပျက်အောင် သူပုန်တွေက
ရှိသမျှ အပင်တွေ ခိုးခုတ်
ကြတယ်။ မြေကြီးထဲ ရှိသမျှ
သယံဇာတတွေ ခိုးတူးကြ
တယ်။ ဒါ့ကြောင့် ရေကြီး
တယ်။ မြေပြိုတယ်။ သေ
ကြတယ်။

မှတ်ပလားလို့ မေးရမှာပဲ။

(Andrew Soe)
2nd July 2024
Media is too big
VIEW IN TELEGRAM
"ငြိမ်းချမ်းပါစေသား"
----------------------

(၁၈၉၆) ခုနှစ် ပြင်သစ်ပြည်၊
ပါရီမြို့နှင့် လိုင်ယွန်မြို့ နှစ်မြို့
အတွင်း နေရာအမျိုးမျိုးတွင်
လမ်းသွားလမ်းလာများ၊
သွားလာနေသော ယာဉ်များ
နှင့် စဖွင့်ဖွင့်ခြင်း မြင်ရတဲ့
မြင်းနှစ်ကောင်ဆွဲ မီးသတ်
ယာဉ်ကတော့ အံ့မခန်းပါပဲ။

လွန်ခဲ့သော (၁၂၈) နှစ်ခန့်က
လှုပ်ရှားမှု ရုပ်ပုံများကို စုစည်း
ပြီး အေအိုင်နည်းပညာဖြင့်
အရောင်ထည့် ပြန်လည်
အသက်သွင်းထားခြင်း ဖြစ်
တယ်လို့ဆိုပါတယ်။

(၁၈၈၅) ခုနှစ် သီပေါမင်း
ပါတော်မူချိန်နှင့် ခေတ်ပြိုင်
ပြင်သစ်ပြည်ကို နှိုင်းယှဉ်
ကြည့်ရင် မိမိတို့ ခေတ်များ
စွာ ကျန်ခဲ့သလို အခုမှီဖို့ရာ
မှာလည်း အဝေးကြီးမှာ
ရှိနေဆဲပါပဲ။
စကားမစပ် ပြင်သစ် သမ္မတ
`မက်ခရွန် (Emmanuel Ma
cron)´ ကတော့ ရွေးကောက်
ပွဲမှာ ပြိုင်ဖက် လက်ယာစွန်း
ခေါင်းဆောင် `မာရီ လူပင်န်း
(Marine Le Pen)´ ကို ရှုံးဖို့
သေချာသွားပြီ ဖြစ်သလို
ဒီကနေ့ပြုလုပ်မယ့် ယူကေ
ရွေးကောက်ပွဲမှာလည်း အပ္ပ
နားလေး ခွက်ခွက်လန် ရှုံးဖို့
သေချာနေပါပြီ။

ထိုနည်းတူစွာ နိုဝင်ဘာလမှာ
ကျင်းပမည့် အမေရိကန် သမ္မတ
ရွေးကောက်ပွဲမှာလည်း `ထရမ့်
(Trump)´ သမ္မတ ပြန်ဖြစ်ရန်
အလွန့်ကို အလားအလာ
ကောင်းများရှိနေပြီဖြစ်တယ်။

ဒီလိုတွေဖြစ်မှ ကမ႓ာကြီးလည်း
ငြိမ်းချမ်းမယ် မိမိ ယုံကြည်၏။

(Andrew Soe)
4th July 2024
"ကောင်းရောကွယ်"
---------------------

မနေ့ကကြိုရေးသလို
အပ္ပနားလေး ခွက်ခွက်
လန်အောင် ရှုံးတဲ့အပြင်
ဗြိတိန်သမိုင်းမှာ အညံ့ဆုံး
ဝန်ကြီးချုပ်လို့တောင်
သတ်မှတ်ခံလိုက်ရပါ
တော့တယ်။

(Andrew Soe)
5th July 2024
သတင်းအတုနှင့် အစစ်
ခွဲခြားတတ်ရန် ဤပုံကို
ကြည့်၍ ဆင်ခြင်ကြ
ကုန်လော။

(Andrew Soe)
5th July 2024