နိုင်စိုးနှင့် အမျိုးများ
4.47K subscribers
914 photos
316 videos
15 files
124 links
ြဖစ်လေသမျှ
Download Telegram
(၂၉၂) ကီလိုမီတာဝေးတဲ့
ဂါဇာကနေ လက်ဘနွန်ကို စစ်ဦး
လှည့်ပြီး ဒီအကြမ်းဖက်တွေကို
ရှင်းတဲ့အခါ တမြန်နေ့က ရေး
သလိုပဲ ပေဂျာနှင့် ဝေါ်ကီတော်
ကီတွေထဲမှာ ပေါက်ကွဲစေနိုင်တဲ့
ပစ္စည်းထည့်ပြီး ပထမ စရှင်းချိန်
မှာပဲ ဒီကောင်တွေ အတော့်ကို
အထိနာကုန်တယ်။

ပေဂျာက ထိုင်ဝမ်မှာ ထုပ်လုပ်ပြီး
တင်ပို့တယ် ဆိုပေမယ့် အဲ့ဒီ
ကုမ္ပဏီပိုင်ရှင်က အမေရိကန်
ဖြစ်နေတာ လူသိနည်းတယ်။

ဒုတိယ အဆင့်မှာကျ မော့ဆတ်
ထောက်လှမ်းရေးရဲ့ တိကျတဲ့
သတင်းပေးမှုနှင့် ဒီအကောင်
တွေ အစည်းအဝေးလုပ်တဲ့
နေရာ၊ ရွေ့ပြောင်းနေထိုင်တဲ့
နေရာ အားလုံးကို ဗုံးကျဲချလို့
ခေါင်းဆောင်ပိုင်း အတော်များ
များ သေကြရပြန်တယ်။

တတိယ အဆင့်မှာတော့ အဲ့သ
လို သွေးရူးသွေးတန်း သွေးပျက်
နေချိန်ကို အခွင့်ကောင်းယူပြီး
ဒင်းတို့ရဲ့ ဒုံးပျံ ဖွက်ထားတဲ့
နေရာတွေကို ဒလစပ် ဗုံးကြဲပစ်
တာ ဒီကနေ့စာရင်းအရ (၆၅၀)
ခန့် သေဆုံးပြီး (၂,၀၅၈) ဦး
ဒဏ်ရာ အနာတရ ဖြစ်တယ်
လို့ဆိုတယ်။

စတုထ္တအဆင့် ဒီကနေ့မှာတော့
ကုလနှင့် အမေရိကန်က (၂၁) ရက်
အပစ်အခတ် ရပ်စဲပေးဖို့ မုသားသုံး
#(မုသားသုံးတယ်လို့ ရေးရတာက
အမေရိကန်က ချက်ချင်း ဘီလျံ -
၂၀ စစ်စားရိတ် ထုတ်ပေးလိုက်
လို့ ရေးရတာဖြစ်တယ်။)#
ကြားဝင်ဖြန်ဖြေပေးနေစဉ်မှာပဲ
အစ္စရေးလ်တပ်မတော် ကာကွယ်
ရေး ဦးစီးချုပ် [Israel Defence
Forces (IDF)] ဖြစ်သူ`Herzi
Halevi´ က မြေပြင် ထိုးစစ်ဆင်
ရန် ပြင်ဆင်ထားဖို့ သူ့တပ်သား
တွေကို ညွှန်ကြားနေတဲ့ ဗီဒီယိုဖိုင်
ထုတ်လွှင့်ပြီး ရာဇသံပေးလိုက်
တယ်။ (ဗီဒီယိုရှု)#

နောက်ဘာအဆင့်တွေနှင့် ဘယ်
လို ရှင်းမလဲ စိတ်ဝင်စားစရာပါ။

(Andrew Soe)
26th Sept 2024
"တော်ပုံများ"
--------------

အစ္စရေးလ် ဝန်ကြီးချုပ် နေတန်ရာဟု
ကုလသမဂ္ဂ အထွေထွေညီလာခံတွင်
မြေပုံနှစ်ခု နှိုင်းယှဉ်ပြပြီး `အဆိုး´ နှင့်
`အကောင်း´ (သို့မဟုတ်) `ကောင်းချီး
မင်္ဂလာ´ နှင့် `ကျိန်စာ´ ဘယ်ဟာကို
ကမ္ဘာကြီးက ရွေးချယ်ချင်လဲ မေးခွန်း
ထုတ်လိုက်ရာ ခန်းမတစ်ခုလုံး အပ်
ကျသံ မကြားရလောက်အောင်ကို
တိတ်ဆိတ်ငြိမ်သက် သွားခဲ့တယ်။
သူတို့ကို အသေရရ၊ အရှင်ရရ
သတ်ဖြတ်ပြီး မြေထဲပင်လယ်ထဲ
အချိန်မရွေး မောင်းချနိုင်တဲ့
အာရပ်နိုင်ငံကြီးတွေအကြား
အစ္စရေးလ်နိုင်ငံကို မေလ (၁၄)
ရက်၊ ၁၉၄၈ ခုနှစ်မှာ ထူထောင်
နိုင်ပြီး ကြိုးစားလိုက်တာ အခုဆို
ရင် အိန္ဒိယကနေ အိန္ဒိယသမုဒ္ဒ
ရာကိုဖြတ်၊ ပင်လယ်နီကိုကျော်၊
စူးအက်တူးမြောင်းကို စုန်ပြီး
ဥရောပအထိ ငြိမ်းချမ်းစွာ ကူး
သန်း သွားလာ ရောင်းဝယ်နိုင်
အောင် သူတို့ လုပ်နိုင်ခဲ့ပြီ။
#(အစိမ်းရောင် ပြထားသော
နိုင်ငံတွေကိုရှု)#

ဒါပေသိ အနက်ရောင် ပြထား
တဲ့ ဆီးရီးယား၊ အီရတ်၊ အီရန်၊
ယီမင်နိုင်ငံတွေက တစ်ကမ္ဘာ
လုံးအတွက် မိစ္ဆာနိုင်ငံတွေ
ဖြစ်နေတာကို ထောက်ပြပြီး
ကုလ ညီလာခံမှာ လွန်ခဲ့တဲ့
(၃) နာရီကျော်ကျော်က
မေးလိုက်တာဖြစ်တယ်။

ကမ္ဘာကြီးအတွက် ကျိန်စာသင့်
နေတဲ့ ဒီမိစ္ဆာနိုင်ငံတွေကို သူတို့
က ရှင်းပေးနေခြင်းဖြစ်တယ်လို့
မြင်အောင် ပြောလိုက်တာ။

သူတို့က အဲ့သလို တော်တာ၊
ချုပ်နိုင်တာ၊ လူတွေကို ဖမ်းစား
နိုင်တဲ့ အရည်အချင်း ရှိကြတာ။

(Andrew Soe)
27th Sept 2024
"ကုန်ပါပြီ"
-----------

ဆွန်နီအနွယ်ဝင် မဟုတ်သော၊
အီရန် ကျောထောက်နောက်ခံ
`ရှီယာ (သို့) ရှီအာ (Shia)´
အနွယ်ဝင် `ဟစ်ဇ်ဘိုလာ
(Hezbollah)´ ခေါင်းဆောင်
`ဟက်ဆန် နာဇရာလာ
(Hassan Nasrallah)´ ကို
အစ္စရေးလ် လေကြောင်းက
လက်ဘနွန်နိုင်ငံ မြို့တော်
ဘေရွတ်ကို မနေ့၊ သောကြာ
နေ့က ဗုံးကြဲမှုနှင့်အတူ သုတ်
သင်နိုင်ခဲ့တယ်။

သူတင်မက လက်ဘနွန် တောင်
ပိုင်း ကွန်မင်ဒါ တပ်မှူးဖြစ်သူ
`အလီ ခါကီ (Ali Karki)´ လည်း
ဗုံးဒဏ်ကြောင့် သေဆုံးပါတယ်။

သူတို့နှစ်ဦးဟာ လွန်ခဲ့တဲ့နှစ် (၇)
ရက်၊ အောက်တိုဘာမှာ ဂျူးလူမျိုး
(၁,၂၀၀) ကျော်ကို ပျော်ပွဲ ကျင်းပ
နေစဉ် သတ်ဖြတ်တဲ့အထဲ အဓိက
တာဝန်ရှိသူတွေ ဖြစ်တာကြောင့်
အစ္စရေးလ်စစ်တပ်က အထူး
အလိုရှိနေသူတွေဖြစ်တယ်။

ထိပ်တန်း အကြမ်းဖက် ခေါင်း
ဆောင် နှစ်ဦးစလုံးကို တစ်ကြိမ်
ထဲနှင့် အပြတ်ရှင်းလိုက်နိုင်ခြင်း
ဖြစ်ပြီး "ဒါဟာ ပစ္စည်းသေတ္တာ
ထဲက ကိရိယာတွေ အကုန်
မသုံးသေးဘူး၊ နောက်ထပ်
သုံးစရာတွေ လာပါအုံးမယ်"
လို့အစ္စရေးလ် စစ်တပ် အကြီး
အကဲ `ဟာဇီ ဟာလဲဗီ´ က
ဆိုပါတယ်။

ဟစ်ဇ်ဘိုလာတွေ ပြန်လည်
ခေါင်းထောင်ထဖို့ အတော့်
ကို ခက်ခဲသွားပါပြီ။
`ဟက်ဆန် နာဇရာလာ´ ဆိုတာ
ဘယ်သူလဲ ?

(၃၁) ရက်၊ ဩဂုတ်လ (၁၉၆၀)
ခုနှစ်မွေး အသက် (၆၅) နှစ်အရွယ်
သူ့ကို ဘေရွတ်ရှိ ကုန်စုံဆိုင်ပိုင်ရှင်
မိဘနှစ်ဦးက မွေးဖွားခဲ့ပြီး လက်ဘ
နွှန် ပြည်တွင်းစစ်အောက်မှာ လူဖြစ်
ခဲ့သူ တစ်ဦး ဖြစ်တယ်။

(၁၉၇၆) ခုနှစ်၊ အသက် (၁၆) နှစ်
အရွယ်မှာ `ရှီယိုက် (Shiite)´ ကျမ်း
စာသင်ကျောင်းတက်ရန် အီရတ်ကို
ပြောင်းရွေ့ခဲ့ပေမဲ့ အီရတ် သမ္မတ
ဆက်ဒမ်ဟူစိန်၏ ရှီယိုက် မူဆလင်
များအပေါ် ဖိနှိပ်သတ်ဖြတ်မှုကြောင့်
ဘေရွတ်ကို ပြန်ပြေးခဲ့ရပြီး ၎င်း၏
လက်ဦးဆရာဖြစ်သူ `အဘတ်စ်
မူဆာဝီ (Abbas Musawi)´ လက်
အောက်တွင် ဆက်လက် ပညာ
သင်ကြားခဲ့တယ်။

အီရတ်ကို သူသွားပြီး တက်ခဲ့တဲ့
ကျောင်းနှင့် သူ့ဆရာရဲ့ သင်ကြား
မှုဆိုတာ ဘုရားတရားထက်၊ မယုံ
ကြည်သူများကို အမုန်းအာဃာတ
နှင့် ချေမှုန်းရန် ငယ်စဉ်ကထဲက
ရိုက်သွင်း၊ အဓိက သင်ပေးတဲ့
"ရှီယာ အတွေးအခေါ် ဓမ္မကျောင်း"
မျိုးတွေသာဖြစ်တာကြောင့် သူတင်
မက အများစု အကြမ်းဖက် စိတ်
ဓာတ်တွေ ကိန်းအောင်းနေတာ
သိပ်တော့မဆန်းလှပါ။

(၁၉၉၂) ခုနှစ်မှာ ဟစ်ဇ်ဘိုလာ
အဖွဲ့၏ အထွေထွေ အတွင်းရေး
မှူး ဖြစ်သူ သူ့ဆရာ မူဆာဝီကို
အစ္စရေးလ် စစ်တပ်က ရှင်းလိုက်
တာကြောင့်၊ သူက ထိုနေရာကို
ဆက်ခံရရှိပြီး (၃၂) နှစ်တိုင်တိုင်
ထိုအဖွဲ့ကို ဦးဆောင်ခဲ့သူ သက်
တမ်းရင့်ရှည် အကြမ်းဖက်ခေါင်း
ဆောင်တစ်ဦးဖြစ်ပြီး၊ ယခုတော့
အရှင်းခံလိုက်ရတာ ဖြစ်တယ်။

သူ့လက်အောက်မှာ လက်ဘနွန်၊
အီရတ်၊ ဆီးရီးယားနှင့် ယီမင်ရှိ
ရှီယိုက် မူဆလင်များ အပါအဝင်
အကြမ်းဖက်ဦးရေ တစ်သိန်းကျော်
ရှိသလို တာတို၊ တာဝေးပစ် ဒုံး
ကျည်များနှင့် မောင်းသူမဲ့ လေ
ယာဉ် အများအပြားရှိပြီး အများ
စုက အီရန်က ထောက်ပံ့ထား
တာဖြစ်တယ်။

တစ်နှစ်အတွင်း သူ့ကြောင့် အေး
ဆေးစွာ နေလိုတဲ့ လက်ဘနွန်သား
(၁,၅၀၀) ကျော် သေဆုံးခဲ့ရပြီး လူဦး
ရေ နှစ်သိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်
ခဲ့ရပါတယ်။

မည်သို့ပင် ဆိုစာကာမူ အစ္စရေးလ်
စစ်တပ်က ရှင်းမှာပဲ ဖြစ်သလို အမေ
ရိကန်တွေလို အလုပ်ရှုပ်ခံ အရှင်
မဖမ်းဘူး၊ သူတို့က ကြမ်းတယ်၊
အပြတ်သာရှင်းတယ်။

(Andrew Soe)
28th Sept 2024
This media is not supported in your browser
VIEW IN TELEGRAM
`TikTok (တစ်ခ်တော့ခ်)´ မှာ
သူများ တင်ထားတာတွေ့လို့
ပြန်တင်ပေးခြင်းသာ။

မူရင်း ခရက်ဒစ်ပါ။

(Andrew Soe)
29th Sept 2024
"သင်္ချိုင်းသို့သာ"
-------------------

(၃၆) နှစ်မြောက် မွေးနေ့မှာ
`အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
(NLD)´ ဆိုတာ နွေဦး တော်လှန်
ရေး သင်္ချိုင်းသို့ တဖြစ်လဲ ပြောင်း
လဲသွားရတာဟာ ဒေါ်စု နိုင်ငံရေး
နားမလည်တာရယ်၊ ငါတကော
ကောတာရယ်၊ ဘဝင်လေဟပ်
တာရယ်၊ လောဘတက်တာတွေ
ရယ်က၊ အဓိက အချက်တွေဖြစ်
တယ်။

ဗိုလ်သန်းရွှေလက်ထက် တိုးတိုး
တိတ်တိတ်တွေ့ဆုံပြီး သဘော
တူညီချက်အရ သူ့ကို အာဏာ
ရစေလိုလို့သာ အကျယ်ချုပ်က
လွှတ်ပေးလိုက်ခြင်းဖြစ်တယ်။

မရစေလိုလျှင် လုံးဝလွှတ်စရာ
အကြောင်း မရှိပါ။

သို့သော် ဗိုလ်သန်းရွှေတို့က
နိုင်ငံရေးပါး ဝလွန်းတဲ့ ဆရာကြီး
တွေ ဖြစ်တာကြောင့် သူ့ကို
(၂၀၀၈) ခြေဥနှင့် တစ်မတ်သား
လွှတ်တော် (၂၅ %) တွဲပြီး
`Check in balance´ လို့ ခေါ်
တဲ့ `အပြန်အလှန် ထိန်းကျောင်း
မှု´ ပြန်လုပ်ထားခဲ့တယ်။

တကယ်တော့ စစ်တပ်က နောက်
ကို ဆုတ်နေပြီ။ သူတို့ရဲ့ လုံခြုံ
ရေးအတွက် အပေးအယူ လုပ်ဖို့
(၂၅ %) ကို ထားခဲ့တာသာ ဖြစ်
တယ်။
ဒါကို ဒေါ်စုနားမလည်ခဲ့သလို
နိုင်ငံရေးပါးလည်း မဝခဲ့တာ
ကြောင့် အရေးအကြီးဆုံး အ
ချက်ဖြစ်သည့် `Institution´
လို့ခေါ်တဲ့ အဖွဲ့အစည်း
ကျင့်ထုံး ဥပဒေတွေကိုလည်း
သူမသိတာပဲဖြစ်တယ်။

စဉ်းစားကြည့် စီးပွါးရေး၊ နိုင်
ငံရေး၊ ဥပဒေပြုရေး အာဏာ
အရပ်ရပ် သူ့လက်ထဲ အပြည့်
အဝ ရှိသလို တောင်ပြိုကမ်းပြို
လည်း အနိုင်ရထားသည် ဖြစ်
သည့်အတွက် သူလုပ်ချင်ရာ
လုပ်လို့ရတဲ့ အခြေအနေနှင့်
အနေအထားမှာရှိတယ်။

ချွင်းချက်အနေနှင့် `စစ်ရေး´
မှာတော့ သူဝင်ရှုပ်လို့ မရဘူး။
`Check in balance´ ပဲ။

ဒါလည်း သူသာ အကင်းပါးမယ်
ဆို (သို့မဟုတ်) ဗိုလ်မင်းအောင်
လှိုင်နှင့် ပလဲနံပ၊ အဆင်ပြေ ညီ
ညွှတ်မယ်ဆို စစ်တပ်က (၂၅ %)
ကနေ (၁၅ %)၊ (၁၀ %) စသဖြင့်
တဖြည်းဖြည်း လျော့ပေးပြီး
နောက်ဆုတ်သွားဖို့ရှိတယ်။

အရပ်သားစကားနဲ့ ပြောရရင်
"တိုင်းပြည်အပေါ် ဒီချာတိတ်
မလေး စိတ်ချရပြီ" လို့ စစ်တပ်
က ယုံကြည်လာဖို့ လက်တစ်
လုံးသာ လိုတော့တဲ့ အခြေအ
နေမှာ ရှိနေတာဖြစ်တယ်။

နောက် (၄) နှစ်အတွက် အာ
ဏာ ရဖို့ကလည်း သေချာနေ
ချိန်မှာ ဘဝင်လေဟပ်တဲ့
အချက်က ယခင်လို လှည်း
နေ လှေအောင်း တစ်တိုင်း
ပြည်လုံး သူနိုင်ရမယ်၊ သူ့
ပါတီပဲ မဲရရမယ်ဆိုပြီး ပြော
တော့၊ သူ့လက်အောက်က
လူ့အန္ဓတွေက မဲလိမ် မဲခိုး
တာတွေ လုပ်လိုက်ကြတာ၊
အခု အခြေအနေတွေအထိ
ရောက်ရှိလာတော့တာပါပဲ။

လွှတ်တော်အမတ် အားလုံး
ဟာလည်း သူ့နာမည်ကြောင့်
အမတ်ဖြစ်လာရတဲ့အတွက်
ငါတကော ကောတယ်၊ သူ
လုပ်ချင်ရာလုပ်တယ်။

ဒါကြောင့် ဒေါ်စု မရှိလျှင်
(NLD) ဆိုတာ မရှိဘူးလို့
ပြောကြတာ။

သူလည်း မရှိရော နဂိုကထဲက
ချောင်းနေတဲ့ အောင်ကြည်ညွန့်
က တစ်စခန်းထပြီး `အနှူကြီး´
ဇာတ်လမ်းခင်းလိုက်တာ ငြိမ်း
ချမ်းရေး ဗိသုကာကြီး၊ နိုဘယ်လ်
ဆုရှင်ကြီး ဦးစီးခဲ့တဲ့ `အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)´
ဆိုတာ သံဃာ မိဘ ဆရာ၊
ခလေး လူကြီး သက်ကြီးရွယ်အို
မချန် သတ်ဖြတ်တဲ့ လူသတ်
အဖွဲ့၊ သူခိုးဒမြ အဖွဲ့ ဖြစ်လာပြီး
ပြည်သူလူထုတစ်ရပ်လုံးရဲ့ ချဉ်
ဖတ်၊ အော့ကြောလန် အကြမ်း
ဖက် အဖွဲ့အစည်း အဖြစ်သို့
တမဟုတ်ခြင်း ပြောင်းလဲသွား
ရတဲ့ အဓိက အချက်ဟာ အထက်
မှာ ရေးသလို ဒေါ်စုရဲ့ စောက်သုံး
မကျမှုတွေက စပြီး နိဂုံးကို ရောက်
လာခြင်းသာ ဖြစ်ပါလေတော့
သတည်း။

(Andrew Soe)
29th Sept 2024
This media is not supported in your browser
VIEW IN TELEGRAM
"Rapist (မုဒိမ်းကောင်) တွေ"
---------------------------------

ခုတလော ဟောလိဝုဒ် ဧရိယာ
အတွင်း နေထိုင်ကြတဲ့ ဂီတ
လောကသားတွေထဲက သူတို့
အခေါ် `ရက်ပ်ပါ (Rapper)´၊
မိမိကတော့ ဒီငမဲကောင်တွေကို
`Rapist (မုဒိမ်းကောင်)´ တွေ
လို့ မြင်ထားတာကြာပြီ။

ရွာထဲက မျိုးကျော့မြိုင်တို့လို
အကောင်တွေပေါ့။

သူတို့ထဲက `Diddy, Puff
Daddy, and P. Diddy,´ လို့
ခေါ်တဲ့ အမည်ရင်း `Sean
John Combs´ ကို `FBI´ က
(၂၆) ရက်၊ စက်တင်ဘာ၊ နယူး
ယောက်မှာ ဖမ်းဆီးလိုက်ပြီး
တရားရင်ဆိုင်နေစဉ် သူနှင့်
အတူပေါင်းပြီး ဝိုင်းယုတ်မာကြ
တဲ့ ကမ္ဘာကျော် ဂီတ၊ ရုပ်ရှင်၊
ရုပ်သံ၊ ဖျော်ဖြေရေး စသဖြင့်
က လူတွေအကြောင်း စာရင်း
တွေ ထွက်ပေါ်လာလို့ တစ်
ကမ္ဘာလုံး အုတ်အော်သောင်
နင်း တအံ့တဩနှင့် မျက်လုံး
ပြူး မျက်ဆံပြူးတွေ ဖြစ်နေ
ကြလေရဲ့။

ဇာတ်လမ်းအစက (၂၀၂၃) ခုနှစ်
မှာ သူ့ရဲ့ `One - time girlfriend
(ကိုယ်လုပ်တော်)´ အတော်များများ
ထဲက တစ်ဦးဖြစ်သည့် အဆိုတော်
အမျိုးသမီး ကေစီကို ထုနှက် ရိုက်
ပုတ် ဆောင့်ဆွဲ တွန်းကန်တဲ့ ဗီဒီ
ယိုကလစ် ပေါ်ထွက်လာပြီး အမှု
ှုဖွင့်ရာကနေ စလိုက်တာ သူတို့ရဲ့
`အမှောင်ခြမ်း (Dark Side)´
သပွက်အူ ဇာတ်လမ်းတွေ တသီ
တတန်းကြီး ပေါ်လာတော့တာပဲ။
လူယုတ်မာ မုဒိမ်းကောင်တွေ
စာရင်းမှာ ထိပ်ဆုံးက ပါလာတာ
`Will smith, Jay Z´ တို့ ဖြစ်နေ
တယ်။

`Beyonce, JLO, Oprah Winfrey´
တို့လို ကမ္ဘာသိ မိန်းမတွေလည်း
ပါသလို ခွေးတူမျောက်တူ `Snoop
Dogg´ တို့လည်း မလွတ်ပါ။

အမေရိကားရှိ နာမည်ကြီး ရက်ပ်ပါ
အားလုံးလိုလို သူ့ရဲ့ လျှို့ဝှက်ပါတီ
ကို တက်ဖူး၊ ကမြင်းကြဖူးသလို
အခြား နာမည်ကြီးတွေဖြစ်တဲ့
ရုပ်ရှင်လောက,က ငမဲတွေ
လည်း အများကြီးပါနေတယ်။

ဆိုလိုတာ သူ့ရဲ့ 'Freak Offs'
လျှို့ဝှက် ကျင်းပတဲ့ ပါတီတွေမှာ
လာတက်ပြီး ကမြင်းကြောထကြ
တာပေါ့။

သူတို့က ရိုးရိုး ထကြတာ မဟုတ်
ဘူး၊ အရက်၊ တက်ဗလက်၊ မူးယစ်
ဆေး အပြင်းစားတွေ ရောမွေတိုက်
ပြီး လူစိတ်ပျောက်နေချိန်မှာ မုဒိမ်း
ကျင့်တဲ့ ပွဲမျိုးတွေ လုပ်ကြတာ။

ဗမာလို ရှင်းအောင် ပြောရရင်
မိန်းခလေးတွေကို ဆေးခတ်ပြီး
လူမှန်း မသိချိန်မှာ အဓ္ဓမ ပြုကျင့်
ကြတာပဲ ဖြစ်တယ်။

ဒီလို ဇာတ်လမ်းမျိုး ဗမာပြည်က
ဘားကလပ်တွေမှာလည်း အများ
ကြီး ရှိတယ်။ သိချင်ရင် တစ်တော့
မှာ `Ei Cho´ လို့ ရိုက်ရှာလိုက်၊
သူပြောပြတာတွေ တွေ့ရမယ်။
သူကိုယ်၌လည်း အဓ္ဓမကျင့်ခံရ
ဖူးသူဖြစ်လို့ ဆယ်ကျော်သက်
မိန်းခလေးတွေ မဖြစ်ရအောင်
ပညာပေး ပြောဆိုနေတာဖြစ်
တယ်။

ဒီငမဲကောင်တွေက မိန်းခလေး
တွေသာမက ယောကျ်ားလေး
တွေကိုလည်း မချန်ပါ။

ဗွေဆော်ဦး ခံရတာက Justtin
Bieber နှင့် Usher တို့ပဲ။ ချာတိတ်
ဘဝထဲက ဒီကောင်လေးတွေ မုဒိမ်း
ကျင့် ခံထားကြရတာ။

နာမည်ကြီးအောင်လည်း လုပ်ပေး
သလို မကျေနပ်ရင်လည်း သတ်
ပစ်တာမျိုးအထိကို ရှိနေတယ်လို့
ဆိုရှယ် မီဒီယာမှာ ရေးကြတဲ့အထဲ
`တုပေါက် (Tupac Shakur)´ နှင့်
မိုက်ကယ်ဂျက်ဆင်တို့ သေဆုံးမှု
ကရော ရိုးသားရဲ့လားပေါ့။

ဖြစ်နိုင်တယ်လေ ဒီငမဲနေတဲ့
ဟောလိဝုဒ်က အိမ်ကို တစ်နေ့
က `FBI´ က ဝင်ရှာတာ ပလေး
ဘွိုင် ပိုင်ရှင်အိမ်နှင့် မိုက်ကယ်
ဂျက်ဆင် အိမ်တင်မက အခြား
နံမည်ကြီး အိမ်တွေ အထိပါ
ပေါက်ရောက်တဲ့ မြေအောက်
ဥမင်လှိုင်ခေါင်းတွေ့ရလို့ ပွဲက
ပိုစည်သွားတယ်။

အဲ့ဒီ လှိုင်ခေါင်းတွေက လက်
ဘနွန်က ဟားမတ်စ်၊ ဟဇ်ဘိုလာ
အကြမ်းဖက်တို့ ဖောက်ထားသလို
အတော်ရှည်လျားပြီး၊ လေဝင်လေ
ထွက် စံနစ်တွေ၊ လျှပ်စစ်မီးတွေ၊
အခန်းပေါင်းများစွာနဲ့ စံနစ်တကျ
ဖောက်ထားတာမျိုးဖြစ်တယ်။

အဲ့ဒီ လှိုင်ခေါင်းရှည်ထဲက အခန်း
တွေထဲမှာ မိန်းခလေး ဆံပင်တွေ၊
အဝတ်အစားတွေအပြင် တလော
ကလုံး မှင်တက် မိသွားကြတာက
`Baby Oil´ ပုလင်းပေါင်း ထောင်
ချီ တွေ့ရှိတာပဲ။

အိမ်တစ်အိမ်မှာ ဒီလို ခလေးကို
လိမ်းတဲ့ ဆီမျိုးရှိရင် တစ်ပုလင်း
နှစ်ပုလင်းပေါ့။ သူ့ဟာက ထောင်
ချီ ရှိနေတာ၊ ဒီဆီကို ဟိုဒင်း ဟို
ဟာ လုပ်ရင် ချောအောင် လိမ်း
ကြတာ၊ ပွတ်ကြတာ လူတိုင်း
သိတယ်။ ဘယ်လောက်တောင်
ယုတ်မာကြသလဲ၊ စဉ်းစားသာ
ကြည့်ပေတော့။

ဒီငမဲကောင်တွေက နာမည်ရှိ
ဆယ်လီကဖြစ်၊ ပိုက်ဆံကလည်း
ပေါ၊ အသက်တွေကလည်း ငယ်
ရွယ်ကြလေတော့ ရမ်းချင်တိုင်း
ကို ရမ်းနေကြတာကြာပြီ၊ ခုမှ
အကုန် ဗူးပေါ်သလို ပေါ်လာ
တာ။ သူတို့ မုဒိမ်းကျင့်တာ
ခံခဲ့ရတဲ့ မိန်းခလေးငယ်ပေါင်း
(၅၀) ကျော် ဆိုရှယ်မီဒီယာမှာ
ဖွင့်ပြောလာကြတယ်။

ဘယ်လောက် ရူးသွပ်ကြသလဲဆို
သူ့မိန်းမ ကိုယ်ဝန် (၉) လမှာတဲ့
`Will smith, Jay Z´ တို့နဲ့ သံဝါ
သ ပြုခိုင်းပြီး မွေးလာတဲ့ ခလေးမှာ
ဒင်းတို့ရဲ့ ကျော်ကြားမှု ယနံ့ဝိညာဉ်
ပူးကပ် ရယူစေဖို့အတွက်တဲ့လေ။

Justtin Bieber ကိုလည်း JLO
က ဆွဲစိတယ်တဲ့။ ဒီကောင်လေး
ကတော့ မိအေး (၂) ခါမက နာတဲ့
သဘောရှိတယ်။

သူ့မိန်းမ (၄၇) နှစ်၊ နမိုးနီးယားနဲ့
သေတာလည်း မဟုတ်လောက်ဘူး၊
ခုမှ အသံတွေ ထွက်လာတယ်။

ရေးရရင် အများကြီးပဲ။
ဒီဇာတ်ရှုပ်ကြီးက ဘာတွေ ဆက်
ဖြစ်လာမလဲ မသိသေးဘူး။

လိင်ကျွန်၊ လိင်ငှါး၊ လိင်ပွဲစား၊
လိင်အေးဂျင့်၊ လိင်ကုန်ကူး၊
မူးယစ်၊ အဓ္ဓမ၊ မတရား စီးပွါး
အသံထွက်တာ ပြောလိုက်၊
မဟုတ်တာ မှန်သမျှ အကုန်
လုပ်တယ်။

ဒီငမဲကောင်တွေ၊ ကောင်မတွေ
အားလုံး လျှပ်စစ် ကုလားထိုင်ခုံ
ဆီ ပို့ပစ်မှ ခံခဲ့ရသူတွေက ကျေ
နပ်ကြမဲ့ သဘောရှိတယ်။

(Andrew Soe)
30th Sept 2024
This media is not supported in your browser
VIEW IN TELEGRAM
"Northern Arrows"
------------------------

မြို့တော်ဘေရွတ်နှင့် လက်ဘနွန်
တောင်ပိုင်းကို စိစိညှက်ညှက်ကြေ
အောင် တစ်ပတ်ကြာ ဗုံးကြဲပြီး၊
အကြမ်းဖက်ခေါင်းဆောင်တွေကို
ရှင်းလင်းသုတ်သင်ပြီးနောက်
ဒီမနက် ညသန်းကောင်ယံ (၂)
နာရီ အချိန်ခန့်မှာ အစ္စရေးလ် -
လက်ဘနွန် နယ်စပ်မှ ကီလို
မီတာ (၃၀) ခန့် ကွာဝေးသော
`လီတာနီမြစ် (Litany River)´
မြောက်ဖက်ရှိ အကြမ်းဖက်များ
ရှိရာကို `မြောက်ပိုင်း မြှားများ
(Northern Arrows)´ ဆီသို့
အော်ပရေးရှင်း အမည်ပေးပြီး
ဝေဟင်၊ မြေပြင် ထိုးစစ်နှင့်
အတူ ဆူးတွေကိုရှင်းရန် ဝင်
ရောက် တိုက်ခိုက်နေပြီ ဖြစ်
ပါတယ်။

ကုလ လုံ/ စီ၏ (၂၀၀၆) ခုနှစ်
ဆုံးဖြတ်ချက် (၁၇၀၁) ဖြစ်သည့်
`Resolution 1701´ အရ မကျူး
ကျော်ရ ဘာညာတွေကို ဂရုကို
မစိုက်ဘဲ ကျူးကျော် တိုက်ခိုက်
ခြင်း ဖြစ်တယ်။
(၁၉) ရက်၊ စက်တင်ဘာလ
ကတည်းက လက်ဘနွန် နိုင်ငံ
တစ်ဝှမ်းလုံးရှိ အကြမ်းဖက်
ပစ်မှတ်များကို ဆက်တိုက်
တိုက်ခိုက်မှုများ ပြုလုပ်ရာတွင်
ရာနှင့်ချီ သေဆုံးပြီး လူဦးရေ
(၁) သန်းခန့်လည်း အိုးမဲ့အိမ်
မဲ့ ဖြစ်ခဲ့ရပါတယ်။

သို့သော်လည်း ယခု တိုက်ခိုက်
ခြင်းသည် တပ်အင်အား အတိုင်း
အတာ အလုံးစုံကို မသုံးသေးဘဲ
အနည်းငယ်ဖြင့်သာ ဝင်ရောက်
ရှင်းလင်းရန် ရည်ရွယ်ထားပုံ ရ
တယ်။

စစ်မျက်နှာ (၅) ခု ဖွင့်ပြီး တစ်
ပွေထဲ နွဲရတဲ့ပွဲမို့ နောက်ကျော
လုံအောင်လည်း လုပ်ထားရသလို
လေလုံးကြီး ဟောင်နေတဲ့ အီရန်
က ဘယ်လို တုံ့ပြန်မလဲ ဆိုတာ
ကိုလည်း ချင့်ချိန် တိုက်ခိုက်နေပုံ
ရတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် အကြမ်းဖက်
မှန်သမျှကို အစ္စရေးလ်ကတော့
အပြောင်ရှင်းမှာ သေချာတယ်။

(Andrew Soe)
1st Oct 2024
This media is not supported in your browser
VIEW IN TELEGRAM
"အို...ဘားမား"
-----------------

ခုချိန်မှာ ဒီကိစ္စ ဖြစ်တာဟာ
နိုင်ငံရေး ရည်ရွယ်ချက်လည်း
ပါနိုင်တယ်။

လာမဲ့ သမ္မတ ရွေးကောက်ပွဲ
မှာ အမဲတွေ ဂျိုမထောင်နိုင်
အောင် နှိပ်ကွပ်တဲ့ သဘော
ရှိတယ်။

ထရမ့်နှင့် ယှဉ်ပြိုင်မဲ့ `ကမ်မလာ
ဟဲရစ် (Kamala Devi Harris)´
က လူမဲမ ဖြစ်သလို သူ့နောက်
ကွယ်က လက်မဲကြီးကလည်း
လူမဲ သမ္မတဟောင်း အိုဘား
မား ဖြစ်နေတာကြောင့် ဒီကိစ္စ
ဟာ တဖြည်းဖြည်း ရှုပ်ထွေး
နက်နဲလာတယ်။
အိုဘားမား ကိုယ်တိုင်
`P. Diddy´ ရဲ့ အမှောင်ခြမ်း
ညစ်ညမ်း ပါတီတွေကို တက်
ရောက်ဖူးထားတဲ့ ဗီဒီယိုက
လစ်တွေလည်း ကျယ်ကျယ်
ပြန့်ပြန့်၊ ပျံ့ပျံ့နှံ့နှံ့ ထွက်ပေါ်
လာတာတွေ့ရတယ်။

ကမ္ဘာသိ အိဒ္ဒြေ သိက္ခာ သမာ
သမတ်ရှိ ပညာတတ်၊ ရုပ်သံ တင်
ဆက်သူ၊ ထုတ်လုပ်သူ၊ ရုပ်ရှင်
မင်းသမီး၊ စာရေးဆရာ၊ မီဒီယာ
ပိုင်ရှင် စသဖြင့် ကဏ္ဏပေါင်းများ
စွာကို နှစ်ပေါင်းများစွာ လုပ်ခဲ့သူ
`အော်ပရာ ဝင်းဖရေး (Oprah
Gail Winfrey)´ သည်ပင်လျှင်
`P. Diddy´ ၏ အခါပေး ဖြစ်နေ
ပြီး လိင်လုပ်သား မှောင်ခို၊ လူ
မှောင်ခိုချမှုမှာ အဓိက ကြိုးကိုင်
သူထဲ ပါနေကြောင်း ဆိုရှယ်
မီဒီယာမှာ ပွက်လောရိုက်နေ
ပါတယ်။

`FBI´ က ဒုတိယထား ဝင်စီးမဲ့
အိမ်ဟာ အော်ပရာရဲ့အိမ်လား၊
`Beyoncé´ နှင့် သူ့ယောကျ်ား
`ဂျေဇီ (Jay-Z)´ တို့ အတူနေ
တဲ့ အိမ်လားဆိုတာကို အများ
က ထင်ကြေးပေးထားပါတယ်။

တစ်ချိန်ထဲမှာပဲ နယူးယောက်
မြို့တော်ဝန် အဒမ် အဲရစ် `(New
York City Mayor Eric Adams)´
ကိုလည်း လာဘ်ပေးလာဘ်ယူမှု
အပါအဝင် အမှု (၅) မှုနှင့် တရား
စွဲခံထားရသလို သူသည်လည်း
မုဒိမ်း အသိုင်းအဝိုင်းနှင့် မလွတ်
ပါ။

သူတင်မက လူမဲ ဘုန်းတော်ကြီး
တွေလည်း မုဒိမ်းအုပ်စုနှင့် တရင်း
တနှီး ရှိနေပြီး၊ အချို့ ဘုန်းတော်
ကြီးတွေက ခြောက်နေတာ လူမ
သိအောင် `P. Diddy´ ကို နုတ်
ပိတ်ခ သန်းချီ ပေးရတယ်လို့
ဆိုတယ်။

ဒါကြောင့် အမျိုးတွေ အနေနှင့်
မည်သည့် ကိစ္စမှာမဆို အပေါ်
ယံ ရွှေမှုံကျဲ၊ ဟန်ပြတွေထက်
အနှစ်ကို မြင်တတ်ဖို့လိုတယ်။

ရေးရရင်တော့ အများကြီး ရှိ
သေးတာမို့ ဖတ်ချင်တယ်ဆို
ရင် အချက်ပေး `Sign´ လက္ခ
ဏာပြပါ၊ ဆက်ရေးပေးမယ်။

(Andrew Soe)
1st Oct 2024
This media is not supported in your browser
VIEW IN TELEGRAM
"ပွဲကြမ်းပြီ"
------------

အီရန်က အစ္စရေးလ်ကို တိုက်ခိုက်
ရန် ပဲ့ထိန်း ဒုံးကျည်တွေ ပြင်ဆင်ပြီး
လက်ဘနွန်စစ်နွံထဲ ဝင်လာတော့
မယ်လို့ သတင်းတွေ တက်လာ
ပါပြီ။

အမေရိကန်နှင့် အစ္စရေးလ်တို့
ထောင်ထားသည့် ထောင်ချောက်
ထဲ အီရန် ဝင်လာမယ် ဆိုရင်တော့
စစ်ပွဲက ပိုကြမ်းလာမည် ဖြစ်သလို
အီရန်၏ ညူဓာတ်ပေါင်းဖိုကို ဖြို
ဖျက်ရန်လည်း တဖက်မှာ အခွင့်
အလမ်း ရသွားမှာဖြစ်ပါတယ်။

တကယ်တော့ အမေရိကန်နှင့်
အစ္စရေးလ် အစိုးရက အီရန်ကို
အပြတ်ရှင်းဖို့ စောင့်နေတာ
အီရန်က `ရှား´ ဘုရင် ပြုတ်ကျ
ပြီး `ခိုမေနီ´ တက်လာတဲ့ (၁၉၇၉)
ခုနှစ် ကတည်းက ဒီအချိန်ကို
စောင့်နေကြသူတွေဖြစ်တယ်။

`The Jerusalem Post´ သတင်း
အရ အမေရိကန်ကလည်း လေယာဉ်
တပ်ဖွဲ့ (၃) ဖွဲ့ကို အစ္စရေးလ်ဘက်မှ
ပံ့ပိုးပေးရန် အရှေ့အလယ်ပိုင်းသို့
စေလွှတ်လိုက်ရာ ရောက်ရှိလာပြီ
ဖြစ်ကြောင်း ဖော်ပြရေးသားထား
ပါတယ်။

"Three additional US aircraft
squadrons have arrived in
the Middle East to join the
one existing squadron."

ရုရှနှင့် တရုတ်စစ်တပ်ကရော
ဘယ်လိုဘယ်နည်း ပါဝင်လာကြ
မှာလည်းဆိုတာ ရင်ခုန်စွာ စင်ပေါ်
က ထိုင်ကြည့်ရုံကလွဲ အခြား မရှိ
တော့ပါ။

(Andrew Soe)
1st Oct 2024
"ခုမှ တကယ်စတာ"
----------------------

အီရန်မှ အစ္စရေးလ်သို့ ဒုံးကျည်
များ ပစ်လွှတ်ခဲ့ကြောင်း အစ္စ
ရေးလ် ကာကွယ်ရေးတပ်ဖွဲ့
(IDF) က အတည်ပြု ပြော
ကြားပါသည်။

အစ္စရေးနိုင်ငံ တစ်ဝှမ်းတွင်
ဥသြသံများ မြည်နေကြောင်း၊
လက်မလည်အောင် ပစ်ချနေ
ကြောင်းနှင့် အချို့ ဒုံးကျည်များ
တဲလ်အဗစ်မြို့လယ်ကို ထိမှန်
မှုရှိကြောင်း အတည်မပြုနိုင်တဲ့
သတင်းတွေအရ သိရှိရပါတယ်။

Missiles have been launched
from Iran to Israel, according
to an Israel Defense Forces
statement.

Sirens are sounding across
Israel, it said.

အခုမှ အီရန်က စစ်ပွဲထဲ တရား
ဝင် ပါဝင်လာခြင်းဖြစ်တယ်။

ပွဲက တကယ် လှပြီ။

(Andrew Soe)
1st Oct 2024
This media is not supported in your browser
VIEW IN TELEGRAM
"Ballistic Missile"
———————--

`ပဲ့ထိန်း ဒုံးကျည် (Ballistic Missile)´
ဆိုတာ ဒုံးတွန်းကန်အားနှင့် ကိုယ်တိုင်
လမ်းညွှန်၊ ပဲ့ထိန်းပြီး သတ်မှတ်ထား
သော ပစ်မှတ်ကို ထိရောက် ပေါက်
ကွဲစေတာဖြစ်တယ်။

ထိပ်ဖူးမှာ ပေါက်ကွဲစေလိုတဲ့ ပြင်း
အားကို တပ်ဆင်နိုင်တယ်။ လိုအပ်
ပါက ညူကလီးယား ထိပ်ဖူးတွေ
တပ်ပြီး ထည့်ပစ်လို့ရတယ်။

အဝေးရောက်ရှိနိုင်တဲ့ အမျိုးအစား
အကွဲကွဲအပြားပြား ရှိသည့်အနက်
ကီလိုမီတာ (၅,၅၀၀) ကျော်၊ မိုင်
အားဖြင့်(၃,၄၀၀) ကျော် အကွာ
အဝေးမက ရောက်ပါတယ်။

အမြန်နှုန်းက အသံထက် (၁၅)
ဆ မြန်သည့်အတွက် တစ်စက္ကန့်
ကို (၅,၁၀၄ မီတာ)၊ မိုင်နှင့်ဆို
(၃.၁၇) မိုင်ကျော်နှင့် ကီလိုမီတာ
နဲ့ဆို (၅ ကီလိုမီတာ) ကျော်
အထိရောက်ပါတယ်။
ဆိုလိုတာ အီရန်ကနေ
အစ္စရေးလ်ကို ပစ်ရင် (၅)
မိနစ်လောက်အတွင်းမှာ
ဒုံးပျံရောက်ရှိနိုင်ပါတယ်။

အီရန်နှင့် အစ္စရေးလ်နိုင်ငံ
အကွာအဝေးက (၂,၃၁၄)
ကီလိုမီတာ ကွာဝေးပါတယ်။

ဒီအကွာအဝေးကိုရောက်ဖို့ကို
အီရန်က `တာလတ်ပစ် ပဲ့ထိန်း
စံနစ်သုံး ဒုံးပျံ [Medium-range
ballistic missile (MRBM)]´
နှင့် ပစ်ခတ်နိုင်ပါတယ်။

သူက ကီလိုမီတာ (၁,၀၀၀
ကနေ ၃,၅၀၀) အထိ ရောက်
ပါတယ်။

ညူမပါသေးဘဲ ဒီလို ဒုံးပျံ
(၂၀၀) ကျော်နှင့် အစ္စရေးလ်
ရဲ့ အချက်အချာမြို့ဖြစ်သည့်
တဲလ်အဗီးကို ပစ်ခတ်တာ
ဖြစ်တယ်။

အရှေ့အလယ်ပိုင်းကို ရောက်
ရှိနေသည့် အမေရိကန် စစ်
သင်္ဘော `USS Abraham
Lincoln´ ကနေ ကြားဖြတ်
ပစ်ချသလို အစ္စရေးလ်ရဲ့
`သံမဏ္ဏိ ကွန်ချာ (Iron Dome)´
ကလည်း ဒီဒုံးပျံ အများအပြား
ကို ပစ်ချနိုင်ခဲ့တယ်။

မကာကွယ်နိုင်ခဲ့တဲ့ ဒုံးပျံ အချို့
ရှိသော်လည်း အစ္စရေးလ် တစ်
နိုင်ငံလုံးရဲ့ လူနေအိမ်တွေမှာ
ဗုံးခိုကျင်း မြေအောက်ခန်းတွေ
အခိုင်အမာ ရှိကြသည်မို့ အခု
ထိတော့ လူအသေအပျောက်
ရှိသည် မကြားရသေးပါ။

ထိုအချိန်မှာ အီရန်မြို့တော်
တီဟီရန်မှာ လူတွေ အလံဝှေ့၊
ဓာတ်ပုံတွေထောင်နေသလို
ဂါဇာက လူတွေကလည်း
လမ်းမပေါ် ထွက်ပြီး ဝမ်းသာ
အားရ အော်ဟစ်နေကြပါ
တယ်။

နည်းနည်းလေး လုပ်နိုင်တာနဲ့
နှစ်ပေါင်းများစွာ အဲ့သလိုပဲ အော်
လာပေမယ့် ဟိုက ပြန်ချတဲ့ အချိန်
ကျရင်တော့ ဖင်ကုန်းအော်၊ ရင်ထု
ငိုတာတွေ မကြာခင် မြင်ရပါလိမ့်
မယ်။

အစ္စရေးလ်နှင့် အမေရိကန်
လတ်ထဲမှာ သူတို့ထက် နည်း
ပညာ သာလွန်လွန်းတဲ့ ဒုံးပျံ
တွေ ရှိနေသလို၊ ခပ်စောစော
ကပဲ ဘိုင်ဒင်က အပြည့်အဝ
အနောက်မှာ ရှိတယ်လို့ ပေါ်
တင် ပြောလာတဲ့အတွက်
မယုံရင် အစ္စရေးလ်က ပြန်ချ
တဲ့အချိန်ကို စောင့်ကြည့်ပါ။

(Andrew Soe)
1st Oct 2024
Media is too big
VIEW IN TELEGRAM
"ဖြစ်လေသမျှပေါ့"
--------------------

အမျိုးတွေ ပြောပေးပါအုံးလို့
မကြာခဏ တောင်းဆိုနေလို့
အီရန် - အစ္စရေးလ် စစ်ပွဲ
အကြောင်းကနေ ပြောလိုက်
တာ တစ်လောကလုံး ကုန်
ရောပဲ။

(Andrew Soe)
2nd Oct 2024