နိုင်စိုးနှင့် အမျိုးများ
4.11K subscribers
846 photos
271 videos
15 files
122 links
ြဖစ်လေသမျှ
Download Telegram
ရန်ကုန်မြို့ရာသီဉတုမျိုး
နေသာ သလိုလိုနဲ့
မိုးရွာမဲ့ သဘောရှိတယ်။

(Andrew Soe)
5th June 2024
"ဝဋ်ရဲ့သဘော"
-----------------

ကိုယ့်ကိုယ်ကိုယ် ကိုယ်ပိုင်တာက
ပါဠိလို `အတ္တ´။

ကိုယ့်ကိုယ်ကိုယ် ကိုယ်မပိုင်တာက
ပါဠိလို `အနတ္တ´။

ကိုယ့်ကိုယ်ကိုယ် ကိုယ်မပိုင်ဘူး၊
မတည်မြဲ မပိုင်တဲ့ ဖြစ်ရပ် ဘဝ
ကြီးမှာ ပျက်စီးခြင်းဆိုတာ
ရှိနေတာပေါ့။

ပျက်စီးခြင်း ဆိုတာကို
ပါဠိလို `အနိစ္စ´။

ပျက်စီးရမဲ့ ဘဝသံသရာထဲမှာ
ဆိုတော့ `သုခ´ မဟုတ်၊ `ဒုက္ခ´
ပေါ့။

ဒီဝဋ်သံသရာမှာ `နိစ္စ´ ထက်
`အနိစ္စ´၊ `အတ္တ´ ထက် `အနတ္တ´၊
`သုခ´ ထက် `ဒုက္ခ´ က ပိုများ
နေတယ်။

ကိလေသာဝဋ်၊ ကမ္မဝဋ်၊
ဝိပါကဝဋ်ဆိုတဲ့ လိုချင်တယ်၊
လုပ်တယ်၊ ရရှိတယ်ဆိုတော့
ပုဂ္ဂိုလ်တိုင်း အနိစ္စ၊ ဒုက္ခ၊
အနတ္တဆိုတဲ့ ဝဋ်တွေ ဘဝ
သံသရာမှာ လည်နေတော့
တာပေါ့။

ပြောချင်တာက အားလုံး
ဝဋ်လည်နေတာချင်း အတူတူ၊
ဘယ်သူက ဘယ်သူ့ထက်
ပိုဝဋ်လည်နေတယ်ဆိုတာမျိုး
မရှိဘူး။

ကိလေသာဝဋ်၊ ကမ္မဝဋ်၊
ဝိပါကဝဋ် လုပ်နေသမျှ၊
လုပ်လည်းလုပ်နေကြမှာပဲ
ဆိုတော့ လူတိုင်း ဝဋ်လည်
နေတယ် ဆိုတာလေးကို
ပါးပါလေး သိစေချင်တာပါ။

(Andrew Soe)
5th June 2024

#မှတ်ချက်။ ။ ဗမာစာ သတ်ပုံ
မှာ ကိုယ့်ကိုယ်ကိုလို့ မရေးရ
ဘဲ `ကိုယ့်ကိုယ်ကိုယ်´ လို့
ရေးသားရပါတယ်။
Media is too big
VIEW IN TELEGRAM
"သူခိုးမ"
----------

သူပြောသွားတဲ့ သတင်းတွေ
အထဲမှာ စိတ်ဝင်စားစရာ
အကောင်းဆုံး အချက်က
မိဘပြည်သူကို အသိပေးဖို့
မပြောနဲ့ သူပိုင် လွှတ်တော်
ကြီးကိုတောင် ချပြဆွေးနွေး
တိုင်ပင်ခြင်းမရှိဘဲ ပြည်သူပိုင်
ပိုက်ဆံ (၁.၁) ဘီလျံ ဒေါ်လာ
[သန်းပေါင်း ၁၁၀၀] ကို အမေ
ရိကန်ဘဏ်မှာ မည်သူမှ မသိ
အောင် ဘာကိစ္စ၊ ဘယ်လို
ရည်ရွယ်ချက်မှန်း မသိနှင့်
သွားရောက် အပ်နှံထားခြင်း
ဟာ၊ မည်သို့ပင်ဆိုစေ မိဘ
မသိဘဲ၊ အိမ်ကပိုက်ဆံကို
ခိုးယူခြင်းဖြစ်တာကြောင့်
`သူခိုးမ´ လို့ ဒေါ်စုကို
မဆိုရုံတမယ် ပြောကြား
သွားတဲ့ အချက်ပဲ ဖြစ်တယ်။

(Andrew Soe)
6th June 2024
Annunaki at the London Museum.
"လင်္ကျာစွန်းဆိုတာ"
---------------------

မနေ့က ကျင်းပခဲ့တဲ့ ဥရောပ
သမဂ္ဂ (အီးယူ) အဖွဲ့ဝင် နိုင်ငံ
ပေါင်း (၂၇) နိုင်ငံအတွင်း
လွှတ်တော်အမတ် (၇၂၀)
အတွက် ရွေးကောက်ပွဲမှာ
လင်္ကျာစွန်းတွေက အများစု
အနိုင်ရရှိတဲ့အထဲမှာ အီတလီ၊
သြစတြီးယားနှင့် ဂျာမဏီနိုင်ငံ
တို့က ထိပ်ဆုံးကပဲ။

ဂျာမဏီက အလုပ်သမား
ရှားပါးမှုကြောင့် ဥပဒေတွေကို
အတော်အတန် လျော့ပေါ့ထား
ပေမယ့်၊ ကြာတော့လည်း ဒီ
လူတန်းစားတွေကို ဋ္ဌာနေတွေ
က ရွံမုန်းနေတာကြာပြီ။

သိတဲ့အတိုင်း ဒီလူတွေက
လည်း အနေအထိုင် မတတ်
ကြဘူးလေ။

လင်္ကျာစွန်းဆိုတာ တကယ်တော့
ကိုယ့်အမျိုးကိုယ်ချစ်တဲ့ `မျိုးချစ်
ဝါဒ´ ပါပဲ။

ကိုယ့်နိုင်ငံ ကိုယ့်အမျိုးမှ ကိုယ်
မချစ်၊ ဘယ်သူ့ချစ်ရမလဲ၊ မှန်
တာပဲလေ။

ကမ႓ာမှာ ကိုယ့်အမျိုး ကိုယ်
မချစ်တဲ့ အမျိုးယုတ်တွေ၊
ဗမာပြည်မှာပဲရှိတယ်။

ကျိန်စာသင့်နေကြတာ။

ဆွီဒင်မှာ ဒီလင်္ကျာစွန်းဝါဒ
က (၂၀၁၈) ခုနှစ် လောက်
ကတည်းက စခဲ့တာ။ အခု
ဆို အကုန်ပိတ်ပစ်လိုက်ပြီ။
လာလို့ တော်ရုံ မရတော့ပါ။
အလည်အပတ်လေးတောင်
အတော့်ကို ခက်သွားပြီ။

ဒီဝါဒကို မိမိက အလွန် ကြိုက်နှစ်
သက်ပါဘိနှယ့်။ ဒါမှလည်း ဒီနိုင်ငံ
တွေမှာ ကလေကဝတွေ ကင်းစင်
သွားမှာလေ။

(Andrew Soe)
10th June 2024
Media is too big
VIEW IN TELEGRAM
"လိုက်ကြမယ်လား"
--------------------—-

အာကာသထဲကို
ဓာတ်လှေကားနှင့်
သွားဖို့ ဂျပန်ကတော့
စတင်တည်ဆောက်
နေပါပြီ။

လပေါ်အထိ နောက်ပိုင်းမှာ
သွားနိုင်မယ့် အလားအလာ
ရှိပါတယ်။

နားထောင်ကြည့်ပါ။

Knowledge Worm
ကနေ တင်ဆက်ထားခြင်း
ဖြစ်ပါတယ်။

မူရင်းလင့်ခ်ကတော့
ဒီမှာပါ။

https://www.facebook.com/knowledgewormmyanmar

(Andrew Soe)
11th June 2024
Media is too big
VIEW IN TELEGRAM
ကလေကချေ ကလေ
ကဝတွေရဲ့ ကလိမ်ကကျစ်
ယုတ်မာ အောက်တန်းကျ
မိုက်ရိုင်းမှုတွေကို ကြားရ
သလို နစကကို အားမလို
အားမရ ဖြစ်တာကိုလည်း
နားထောင်ရတယ်။

(Andrew Soe)
16th June 2024
Media is too big
VIEW IN TELEGRAM
"စုနောက်မ"
-------------

ဂျော့ဆိုးရော့စ်တို့ သားအဖ
ရဲ့ ပြည်ဖျက် စီမံကိန်းနှင့်
စုနောက်မ (မကြည်လို့လေ)
ဘယ်လိုပတ်သက်သလဲ။

ငွေတွေ အမြောက်အများ
ဘယ်သူတွေရသွားသလဲ။

အိမ်ဖော်ဘဝကနေ
ချက်ချင်းကြီး ဘယ်လို
ချမ်းသာသွားတာလဲပေါ့။

(Andrew Soe)
19th June 2024
"Axis Powers"
------------------

ကင်ဂျုံအန်းဆီ ရုရှားသမ္မတပူတင်
က မြောက်ကိုရီးယားကိုလာပြီး
ဒီကနေ့ လာတွေ့တာ။

၂၀၁၉ - ခုနှစ်တုန်းက တရုတ်
သမ္မတ ရှီကျင့်ဖျင် လာတွေ့
ရတယ်။

မအလတို့ မိုက်ရင် အဲ့သလို
မိုက်စမ်းပါ။

ဘာကို ဂရုစိုက်နေလဲ။

ဒုတိယ ကမ႓ာစစ်က အခေါ်
အဝေါ် အသုံးအနှုန်းအရဆို
ဂျာမနီ + အီတလီ + ဂျပန်
= ဝန်ရိုးတန်းအင်အား
(Axis Powers) ဆိုသလို
အခုလည်း ရုရှ + တရုတ်
+ မြောက်ကိုရီးယား =
ဝန်ရိုးတန်းအင်အားပဲ။

ဥစုပ် (အုပ်စု) ခွေးအတွေ၊
ဒင်းတို့ ခံနိုင်ကြမလား၊ ကြည့်
ကောင်းမယ်။

(Andrew Soe)
19th June 2024
Media is too big
VIEW IN TELEGRAM
ပဲခူးဆရာတော်ကြီးကို
ဘယ်သူတွေ ပစ်သတ်လဲ
နားထောင်ကြည့်။

စမုံတုံးတွေကတော့
ဘယ်လိုအမှန်ပြောလည်း
တဖက်ကိုပဲ ပုံချပြီး ဇာတ်
လမ်းလုပ်ကြမှာ သေချာ
တယ်။

(Andrew Soe)
19th June 2024
Media is too big
VIEW IN TELEGRAM
"ဖြစ်ပျက်စုံလင်"
------------------

မြန်ပြည်တစ်လွှား
ဖြစ်ပျက်စုံလင်မှာ
ကလေကဝတွေ
ရည်ရွယ်ချက်ရှိရှိ
သံဃာအပါး (၁၀၀)
ကို ရက်ရက်စက်စက်
သတ်ခဲ့ကြတုန်းက
ကလေကချေ လူတန်း
စားတွေက ငြိမ်နေကျပြီး
အခုလို မတော်တဆ
ဖြစ်တာကျမှ အုံကြွမှု
ဖြစ်အောင် လုပ်နေကြောင်း
စသဖြင့် ပြောတာတွေ
နားထောင်ရတယ်။

(Andrew Soe)
22nd June 2024
"ချင့်ယုံ"
---------

(၈၈) မှာ ဘီဘီစီ သတင်းထောက်
ခရစ်စတိုဖာဂန်းနက်က ကျောင်းသူ
ကျောင်းသားတွေကို စစ်တပ်က
ထောင်ထဲမှာ မုဒိမ်းကျင့်ပါတယ်
ဆိုတဲ့ ကျောင်းသားလူထု
အုံကြွစေမယ့် လုပ်ကြံ အင်တာ
ဗျူး တစ်ခုကို ထုတ်လွှင့်ခဲ့တယ်။

အင်တာဗျူးကြောင့် မြန်မာနိုငိငံ
က ကျောင်းသားတွေ အုံကြွခဲ့
ကြတယ်။

အင်တာဗျူးမှာ ပါဝင်သူတွေက
အေးငြိမ်းသူ၊ ကိုကိုလတ်နှင့်
ဌေးကြွယ်။

အေးငြိမ်းသူက ရုပ်ရှင်မင်းသား
ကြီး ဦးအောင်လွင်ရဲ့ သမီး၊
ဌေးကြွယ်က ဖြိုးမင်းသိန်း
ရဲ့ ယောက်ဖ၊ မိမိကြွယ်ရဲ့
မောင် ဖြစ်တယ်။
ဦးအောင်လွင်က ဗကပ ဟောင်း
ကြီးတစ်ယောက်ဖြစ်သလို NLD
ပါတီ စတင်တည်ထောင် သူတွေ
ထဲက ပါသူတစ်ယောက်ဖြစ်တယ်။

အရေးအခင်းဖြစ်ပြီး နှစ်အတော်
ကြာမှ ဦးအောင်လွင်က သူ့သမီး
မုဒိမ်းကျင့်ခံရတာ မဟုတ်ကြောင်း
အင်တာဗျူးက လုပ်ကြံ အင်တာ
ဗျူးဖြစ်ကြောင်း ဟောပြောပွဲ
တစ်ခုမှာ ပြောသွားတယ်။

ဒါက နိုင်ငံရေးပါလို့လည်း
ထည့် ပြောသွားတယ်။

ဦးအောင်လွင်က အခုထိ
သက်ရှိထင်ရှားရှိသေးတာမို့
မေးကြည့်လို့ရတယ်။

ဆိုလိုတာ သူတို့သိတဲ့၊ လုပ်
တဲ့ နိုင်ငံရေးဆိုတာ တတိုင်းပြည်
လုံး သေခြင်းဆိုးနဲ့သေ ဘဝပျက်
ချင်ပျက် လိမ်ရင် ကြီးကြီးကျယ်
လိမ်နိုင်သမျှ လိမ်ဆိုတာပဲ။

ဒါကြောင့် အခုလည်း ပြည်ပ
သတင်းဌာနတွေအားလုံးက
မဆူ ဆူအောင်၊ အုံကြွမှု
မဖြစ် ဖြစ်အောင် သတင်း
အစအနတစ်ခု ရတာနဲ့
ခွေးသေကောင်ကို လဒ
ဆွဲသလို အကြီးအကျယ်
လိမ်နေကြတာဖြစ်တယ်။

မိမိ မျက်စိနှင့်လည်း အဲဒီ
အချိန်တုန်းက လှည်းတန်း
ထိပ်မှာ စင်ထိုးပြီး ထောင်
ထဲမှာ မုဒိန်းကျင့်ခံရကြောင်း
ဗိုက်ကြီးနေကြောင်း ဗိုက်ထဲ
မှာ အဝတ်ခံပြီး ဗိုက်ကြီး ပူပုံ
ကို စင်ပေါ်တက်ပြပြီး လိမ်
လည်ခဲ့တာကို ယုံကြည်ခဲ့
သူတွေထဲ မိမိလည်း ပါခဲ့
တယ်။

ဒါကြောင့် အခုနောက်ပိုင်း
ကလေကဝတွေ ပြောတာ
ကိုတော့ နှမ်းတစေ့မှ မယုံ
ကြည်သလို စစ်တပ်က ပြော
ရင်လည်း အတော်ချင့်ချိန်ပြီး
ငါးဆယ်ရာခိုင်နှုန်းလောက်ပဲ
ယုံတော့တယ်။

(Andrew Soe)
22nd June 2024
သီအိုရီအရ နစကအစိုးရ အရင်
နားလည်ထားရမှာက သူတို့သည်
ဗမာပြည်ရောက် ကမေ႓ာဒီးယား
`Khmer Rouge (ခမာနီ)´ အုပ်စု
စိတ်ဓာတ်ရှိသူမျိုးတွေဖြစ်တယ်။

`First They Killed My Father´
ဖြစ်ပျက်မှန် ရုပ်ရှင်ထဲကလို သူတို့
က တတိုင်းပြည်လုံးကို အုပ်စုလိုက်
ဝိုင်းအနိုင်ကျင့်နေကြတာ။

ရှိသမျှ လူတန်းစား အားလုံးကို
ခမာနီတွေလို လက်တွေ့လုံးလုံး
မဆန်သေးပေမယ့် စိတ်ပိုင်းဆိုင်
ရာအရ သူတို့လက်အောက်
ကျွန်၊ မဖြစ် ဖြစ်အောင် ဝိုင်း
သမနေကြတာဖြစ်တယ်။

ခမာနီတွေ ဘယ်လို ဇာတ်သိမ်း
သလဲဆိုတာကို နစက လေ့လာ
ပါ၊ လိုက်လုပ်ပါ။

ခမာနီတွေလို လူမျိုးတုန်းပြီးမှ
ဇာတ်သိမ်းတာမျိုး မဖြစ်ခင်
ကိုယ်က လက်ဦးဖို့လိုတယ်။

ကိုယ်က ဗီယက်နမ်လုပ်မလား၊
သူတို့ကျွန် အဖြစ်ခံမလားဆိုတဲ့
`My way or the highway´
တစ်ခုခုကို ဆုံးဖြတ်ရမယ့် အချိန်
က တဲတဲလေးသာ ကျန်တော့
တယ်ဆိုတာ သတိပြုမိတာထက်
ကို လက်တွေ့လုပ်ရတော့မယ်။

စကားမစပ် မောင်ကျော်နု အနေနှင့်
ဘိုလိုတွေ ညှပ်ပြောနေတာ အလွန်
မှားနေသလို ကြားရတာ သတင်း
တစ်ခုလုံး ရွဲ့စောင်း အောက်ထွက်
သွားတာမို့ ဖြစ်နိုင်သမျှ စကားလုံး
တိုင်းကို ဗမာလို၊ ဗမာသံ ပီပီသသ
နှင့်သာ ပြောဖို့ အကြံပေးချင်တယ်။

(Andrew Soe)
23rd June 2024
Media is too big
VIEW IN TELEGRAM
"သူတို့က ခမာနီတွေသာ"
---------------------------——

စစ်အစိုးရကို ပျံလွန်ဘုန်းကြီးကိစ္စ၊
ဆန်၊ ဆီ၊ ဆား၊ ငြုပ်သီး၊ ကြက်
သွန်၊ ရွှေစျေးတွေနဲ့ မအားမလပ်
တိုင်ပတ်နေအောင် ချောင်ပိတ်
ရိုက်နေတဲ့ ဒီကလေကဝ အုပ်စု
ကြီးကို စစ်အစိုးရ မရှင်းတတ်ဘူး၊
မထိန်းတတ်ဘူးဖြစ်နေတယ်။

ဒါတွေ ဒီလိုဖြစ်အောင် တိုင်ပင်
စရာ မလိုဘဲ အားလုံး ပူးပေါင်း
လုပ်ဆောင်နေကြတာဖြစ်တယ်။

ချစ်ခြင်းနှင့် မုန်းခြင်း အာဃာတ
ဆံချည်မျှင်ခြားလေး ကြားမှာ
တိုင်းပြည်တစ်ခုလုံး ဝရုန်းသုဉ်း
ကားဖြစ်အောင် လုပ်နေကြတာ။
Media is too big
VIEW IN TELEGRAM
"တမင်တကာကြီးလား"
--------------------------

မှူးကြီးက တောင်းပန်သော်လည်း
မကျေနပ်နိုင်ဘဲ ပွဲဆူချင်နေတဲ့
ဂတုံးအတု၊ လူအုပ်စုတွေ ရှိနေ
သလို ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး
ခွဲခြမ်းစိတ်ဖြာ သုံးသပ်ရလျှင်
ဒရိုင်ဘာနှင့် မသေဘဲ ကျန်ခဲ့တဲ့
ဘုန်းကြီးတို့ဟာ နိုင်ငံရေး
အရောင်အဝါ ကင်းရဲ့လား၊
မတည်ငြိမ်ဘဲ အစိုးရနှင့် သူပုန်
ပွတ်တိုက်မှုရှိနေတဲ့ နယ်မြေမှန်း
သိသိကြီးနှင့် သက်ဆိုင်ရာကို
အကြောင်းလည်းမကြား၊ သာ
သနာ ကားလည်းမဟုတ်၊ သာ
သနာ့ အလံလည်းမတင်ဘဲ ကား
ကို မှန်မချ၊ စစ်ဆေးခွင့်မပေးဘဲ
အတင်း မောင်းပြေးတာ ဘာ
သဘောလဲ၊ ရိုးသားမှု မရှိဘဲ
ဒီယုန်မြင်လို့ ဒီခြုံထွင် ဂွင်ဆင်ပြီး
လုပ်ကြံတာလား စသဖြင့် အများ
ကိုယ်စား သိချင်တဲ့ မေးခွန်းတစ်ချို့
မေးတာ နားထောင်ရသလို၊ ပဲခူး
ဘုန်းကြီးခမျာမှာတော့ ရဟန်း
မစားသင့်သော ဆွမ်းလေးတစ်နပ်ကို
ဘုဘမသိ ဖိတ်တိုင်းကြွ သွားစားမိတာ
အသက်ပါပေးလိုက်ရလေရဲ့ပေါ့လေ။

(Andrew Soe)
25th June 2024