နိုင်စိုးနှင့် အမျိုးများ
4.11K subscribers
844 photos
271 videos
15 files
122 links
ြဖစ်လေသမျှ
Download Telegram
"အမှတ်စဉ် (၂)"
------------------

၂၀၁၅ ခုနှစ် အောက်တိုဘာ
(၁၇) ရက်နေ့ထုတ် `သူရိယနေဝန်း´
ဂျာနယ်မှာ ဖော်ပြခဲ့သော မိမိ
ရေးသားခဲ့သည့် "သမိုင်းက
မပြောသော ဟစ်တလာအကြောင်း"။

PDF ဖိုင်နှင့် တင်ပေးထား
ပါတယ်။ ဖတ်ကြည့်ပေါ့။

(Andrew Soe)
27th May 2024
"မှတ်မိပါစေ"
--------------

ဟိုးအရင် ခပ်စောစောပိုင်း
နှစ်တွေက ပြောခဲ့ဖူးတဲ့
`ရဝမ်ဒါ´ လို ဟိုဖက် ဒီဖက်
အချင်းချင်း အပြန်အလှန်
ဘတပြန် ကျားတပြန်
သတ်ဖြတ်နေမှုကြောင့်
လူထုကတော့ မြက်ခြောက်
စားရကိန်း ကြုံနေပြီ။

ယနေ့ စားသောက်ကုန်
ပစ္စည်းစျေး၊ ရွှေစျေး၊
ငွေစျေး၊ ဒေါ်လာစျေး၊
ဘတ်စျေးက သက်ရောက်
မှုကို ညွန်းနေပြီ။

လူသားစိတ်ကင်း၊ ညှာတာမှု
မရှိ၊ ရက်စက်ယုတ်မာနေသူ
တွေနှင့် ဘုရားတု၊ ဘုရားယောင်၊
ဟန်ဆောင်ပန်ဆောင် လုပ်နေ
သူတွေ ပြစ်ဒါဏ်ခံရမယ့်
အချိန်လည်းရောက်ပြီ။

လူသားစိတ်ရှိပြီး တော်တည့်
မှန်ကန် ဖြောင့်မတ်နေသူတွေ
အဲ့ဒီလူတန်းစားတွေနှင့်
ခပ်ဝေးဝေး ရှောင်နေမှ
လွတ်လိမ့်မည်။

ငါသာကောင်း၊ သူများမကောင်း၊
တကယ်တော့ ဘယ်သူမှ
မကောင်းတဲ့ တိုင်းပြည်မှာ
နိုင်ငံနှင့် အုပ်ချုပ်သူတွေ
ကတော့ ကျန်နေကြဦးမည်။

(Andrew Soe)
30th May 2024
Media is too big
VIEW IN TELEGRAM
ကျော်စိုးဦး ရွှေစျေးအကြောင်း
ပြောလို့ တော်လှန်ရေးကောင်စီ
ခေတ် ဗိုလ်နေဝင်း ပြတ်သားပုံ
ကို သတိယမိတယ်။

သူလုပ်တာ ရှင်းရှင်းလေးပါ။

မဂိုလမ်းက မုတ်ဆိတ်တွေကို
ဖမ်းပြီး ထောင်ထဲ ထည့်လိုက်
တယ်။

ရွှေစျေး မပြောနဲ့ ပလာတာ
စျေးတောင် မတက်ရဲတော့
ဘူး။

(Andrew Soe)
31st May 2024
Media is too big
VIEW IN TELEGRAM
"လူ့အန္ဓဗာလ"
-----------------

ဦးတင်ဦး သေဆုံးမှ စျာပနကို
ရောက်လာတဲ့ နိုင်ငံရေး အလစ်
သုတ်၊ အချောင်သမား၊ လူလုံးပြ၊
ပဏာယူ၊ ဓာတ်ပုံရိုက်၊ လုပ်စား
ကြမယ့် လူ့အန္ဓဗာလ နီပိန်း နီပိတ်
တို့အကြောင်း ပြောပြသွားတာ
အတော်ကောင်းတယ် နားထောင်
ကြ။

(Andrew Soe)
2nd June 2024
Media is too big
VIEW IN TELEGRAM
"ဖမ်းတယ်၊ ပြေးတယ်"
-------------------------

တိုင်းပြည်စီးပွား မငြိမ်သက်မှု
ဖြစ်စေရန် ရွှေဈေးကစားသည့်
ဇွဲထက်ရွှေဆိုင်၊ အောင်သမာဓိ
ရွှွေှဆိုင်၊ ဝိန့်စိန်ရွှေဆိုင် ပိုင်ရှင်
များ အပါအဝင် လူ (၁၀) ဦးကို
တရားခံပြေးအဖြစ် နိုင်ငံတော်
က ထုတ်ပြန်ပြီး၊ ပွဲစား (၂၁) ဦး
ကိုလည်း ဖမ်းဆီးရမိကြောင်း
ပြည်သူ့မီဒီယာ ကျော်စိုးဦး၏
(၂.၆.၂၀၂၄) မနေ့က ပြော
ကြားမှုဖြစ်ပါတယ်။

(Andrew Soe)
3rd June 2024
NP News - 3.6.2024
Kyaw Myo Min
ရွှေအကြောင်း သိကောင်းစရာ။

ဘယ်သူတွေ
ရွှေ၊ ငွေ၊ ဒေါ်လာ
ဘယ်လိုကစားသလဲ
နားထောင်သင့်တယ်။

(Andrew Soe)
4th June 2024
ဒီလိုတွေတော့
တွေ့ရမြင်ရတယ်။

ကောင်းပါတယ်။

(Andrew Soe)
4th June 2024
ရန်ကုန်မြို့ရာသီဉတုမျိုး
နေသာ သလိုလိုနဲ့
မိုးရွာမဲ့ သဘောရှိတယ်။

(Andrew Soe)
5th June 2024
"ဝဋ်ရဲ့သဘော"
-----------------

ကိုယ့်ကိုယ်ကိုယ် ကိုယ်ပိုင်တာက
ပါဠိလို `အတ္တ´။

ကိုယ့်ကိုယ်ကိုယ် ကိုယ်မပိုင်တာက
ပါဠိလို `အနတ္တ´။

ကိုယ့်ကိုယ်ကိုယ် ကိုယ်မပိုင်ဘူး၊
မတည်မြဲ မပိုင်တဲ့ ဖြစ်ရပ် ဘဝ
ကြီးမှာ ပျက်စီးခြင်းဆိုတာ
ရှိနေတာပေါ့။

ပျက်စီးခြင်း ဆိုတာကို
ပါဠိလို `အနိစ္စ´။

ပျက်စီးရမဲ့ ဘဝသံသရာထဲမှာ
ဆိုတော့ `သုခ´ မဟုတ်၊ `ဒုက္ခ´
ပေါ့။

ဒီဝဋ်သံသရာမှာ `နိစ္စ´ ထက်
`အနိစ္စ´၊ `အတ္တ´ ထက် `အနတ္တ´၊
`သုခ´ ထက် `ဒုက္ခ´ က ပိုများ
နေတယ်။

ကိလေသာဝဋ်၊ ကမ္မဝဋ်၊
ဝိပါကဝဋ်ဆိုတဲ့ လိုချင်တယ်၊
လုပ်တယ်၊ ရရှိတယ်ဆိုတော့
ပုဂ္ဂိုလ်တိုင်း အနိစ္စ၊ ဒုက္ခ၊
အနတ္တဆိုတဲ့ ဝဋ်တွေ ဘဝ
သံသရာမှာ လည်နေတော့
တာပေါ့။

ပြောချင်တာက အားလုံး
ဝဋ်လည်နေတာချင်း အတူတူ၊
ဘယ်သူက ဘယ်သူ့ထက်
ပိုဝဋ်လည်နေတယ်ဆိုတာမျိုး
မရှိဘူး။

ကိလေသာဝဋ်၊ ကမ္မဝဋ်၊
ဝိပါကဝဋ် လုပ်နေသမျှ၊
လုပ်လည်းလုပ်နေကြမှာပဲ
ဆိုတော့ လူတိုင်း ဝဋ်လည်
နေတယ် ဆိုတာလေးကို
ပါးပါလေး သိစေချင်တာပါ။

(Andrew Soe)
5th June 2024

#မှတ်ချက်။ ။ ဗမာစာ သတ်ပုံ
မှာ ကိုယ့်ကိုယ်ကိုလို့ မရေးရ
ဘဲ `ကိုယ့်ကိုယ်ကိုယ်´ လို့
ရေးသားရပါတယ်။
Media is too big
VIEW IN TELEGRAM
"သူခိုးမ"
----------

သူပြောသွားတဲ့ သတင်းတွေ
အထဲမှာ စိတ်ဝင်စားစရာ
အကောင်းဆုံး အချက်က
မိဘပြည်သူကို အသိပေးဖို့
မပြောနဲ့ သူပိုင် လွှတ်တော်
ကြီးကိုတောင် ချပြဆွေးနွေး
တိုင်ပင်ခြင်းမရှိဘဲ ပြည်သူပိုင်
ပိုက်ဆံ (၁.၁) ဘီလျံ ဒေါ်လာ
[သန်းပေါင်း ၁၁၀၀] ကို အမေ
ရိကန်ဘဏ်မှာ မည်သူမှ မသိ
အောင် ဘာကိစ္စ၊ ဘယ်လို
ရည်ရွယ်ချက်မှန်း မသိနှင့်
သွားရောက် အပ်နှံထားခြင်း
ဟာ၊ မည်သို့ပင်ဆိုစေ မိဘ
မသိဘဲ၊ အိမ်ကပိုက်ဆံကို
ခိုးယူခြင်းဖြစ်တာကြောင့်
`သူခိုးမ´ လို့ ဒေါ်စုကို
မဆိုရုံတမယ် ပြောကြား
သွားတဲ့ အချက်ပဲ ဖြစ်တယ်။

(Andrew Soe)
6th June 2024
Annunaki at the London Museum.