နိုင်စိုးနှင့် အမျိုးများ
4.71K subscribers
966 photos
359 videos
15 files
129 links
ြဖစ်လေသမျှ
Download Telegram
"တစ်ချိန်တုန်းကပါပဲ"
----------------------—-

သက္ကရာဇ် (၂၀၀၀) ခုနှစ်မှာ
`M.V Jutha Vasana´
သင်္ဘောကို ဂျပန်နိုင်ငံ
အိုးဆားကားမြို့ရှိ
သင်္ဘောကျင်းကနေ
အသစ်စက်စက် ရေချပြီး
`Maiden Voyage (အပျို
စင်ခရီးစဉ်)´ အဖြစ်
ထိုင်းနိုင်ငံ၊ ဘန်ကောက်
မြို့ကို ရွက်လွှင့်ခဲ့တုန်းက
သင်္ဘောပေါ် အမှတ်မထင်
ရိုက်ခဲ့တဲ့ပုံပေါ့။

ဘန်ကောက် မရောက်ခင်
ကိုရီးယားနိုင်ငံ၊ `ဘူဆန်
(Busan Port)´ ဆိပ်ကမ်း
ဝင်ပြီး စျေးဝယ်ထွက်ခဲ့ကြ
သေးတာလည်း မှတ်မိယင်း။

(Andrew Soe)
26th May 2024
"အမှတ်စဉ် (၂)"
------------------

၂၀၁၅ ခုနှစ် အောက်တိုဘာ
(၁၇) ရက်နေ့ထုတ် `သူရိယနေဝန်း´
ဂျာနယ်မှာ ဖော်ပြခဲ့သော မိမိ
ရေးသားခဲ့သည့် "သမိုင်းက
မပြောသော ဟစ်တလာအကြောင်း"။

PDF ဖိုင်နှင့် တင်ပေးထား
ပါတယ်။ ဖတ်ကြည့်ပေါ့။

(Andrew Soe)
27th May 2024
"မှတ်မိပါစေ"
--------------

ဟိုးအရင် ခပ်စောစောပိုင်း
နှစ်တွေက ပြောခဲ့ဖူးတဲ့
`ရဝမ်ဒါ´ လို ဟိုဖက် ဒီဖက်
အချင်းချင်း အပြန်အလှန်
ဘတပြန် ကျားတပြန်
သတ်ဖြတ်နေမှုကြောင့်
လူထုကတော့ မြက်ခြောက်
စားရကိန်း ကြုံနေပြီ။

ယနေ့ စားသောက်ကုန်
ပစ္စည်းစျေး၊ ရွှေစျေး၊
ငွေစျေး၊ ဒေါ်လာစျေး၊
ဘတ်စျေးက သက်ရောက်
မှုကို ညွန်းနေပြီ။

လူသားစိတ်ကင်း၊ ညှာတာမှု
မရှိ၊ ရက်စက်ယုတ်မာနေသူ
တွေနှင့် ဘုရားတု၊ ဘုရားယောင်၊
ဟန်ဆောင်ပန်ဆောင် လုပ်နေ
သူတွေ ပြစ်ဒါဏ်ခံရမယ့်
အချိန်လည်းရောက်ပြီ။

လူသားစိတ်ရှိပြီး တော်တည့်
မှန်ကန် ဖြောင့်မတ်နေသူတွေ
အဲ့ဒီလူတန်းစားတွေနှင့်
ခပ်ဝေးဝေး ရှောင်နေမှ
လွတ်လိမ့်မည်။

ငါသာကောင်း၊ သူများမကောင်း၊
တကယ်တော့ ဘယ်သူမှ
မကောင်းတဲ့ တိုင်းပြည်မှာ
နိုင်ငံနှင့် အုပ်ချုပ်သူတွေ
ကတော့ ကျန်နေကြဦးမည်။

(Andrew Soe)
30th May 2024
Media is too big
VIEW IN TELEGRAM
ကျော်စိုးဦး ရွှေစျေးအကြောင်း
ပြောလို့ တော်လှန်ရေးကောင်စီ
ခေတ် ဗိုလ်နေဝင်း ပြတ်သားပုံ
ကို သတိယမိတယ်။

သူလုပ်တာ ရှင်းရှင်းလေးပါ။

မဂိုလမ်းက မုတ်ဆိတ်တွေကို
ဖမ်းပြီး ထောင်ထဲ ထည့်လိုက်
တယ်။

ရွှေစျေး မပြောနဲ့ ပလာတာ
စျေးတောင် မတက်ရဲတော့
ဘူး။

(Andrew Soe)
31st May 2024
Media is too big
VIEW IN TELEGRAM
"လူ့အန္ဓဗာလ"
-----------------

ဦးတင်ဦး သေဆုံးမှ စျာပနကို
ရောက်လာတဲ့ နိုင်ငံရေး အလစ်
သုတ်၊ အချောင်သမား၊ လူလုံးပြ၊
ပဏာယူ၊ ဓာတ်ပုံရိုက်၊ လုပ်စား
ကြမယ့် လူ့အန္ဓဗာလ နီပိန်း နီပိတ်
တို့အကြောင်း ပြောပြသွားတာ
အတော်ကောင်းတယ် နားထောင်
ကြ။

(Andrew Soe)
2nd June 2024
Media is too big
VIEW IN TELEGRAM
"ဖမ်းတယ်၊ ပြေးတယ်"
-------------------------

တိုင်းပြည်စီးပွား မငြိမ်သက်မှု
ဖြစ်စေရန် ရွှေဈေးကစားသည့်
ဇွဲထက်ရွှေဆိုင်၊ အောင်သမာဓိ
ရွှွေှဆိုင်၊ ဝိန့်စိန်ရွှေဆိုင် ပိုင်ရှင်
များ အပါအဝင် လူ (၁၀) ဦးကို
တရားခံပြေးအဖြစ် နိုင်ငံတော်
က ထုတ်ပြန်ပြီး၊ ပွဲစား (၂၁) ဦး
ကိုလည်း ဖမ်းဆီးရမိကြောင်း
ပြည်သူ့မီဒီယာ ကျော်စိုးဦး၏
(၂.၆.၂၀၂၄) မနေ့က ပြော
ကြားမှုဖြစ်ပါတယ်။

(Andrew Soe)
3rd June 2024
NP News - 3.6.2024
Kyaw Myo Min
ရွှေအကြောင်း သိကောင်းစရာ။

ဘယ်သူတွေ
ရွှေ၊ ငွေ၊ ဒေါ်လာ
ဘယ်လိုကစားသလဲ
နားထောင်သင့်တယ်။

(Andrew Soe)
4th June 2024
ဒီလိုတွေတော့
တွေ့ရမြင်ရတယ်။

ကောင်းပါတယ်။

(Andrew Soe)
4th June 2024
ရန်ကုန်မြို့ရာသီဉတုမျိုး
နေသာ သလိုလိုနဲ့
မိုးရွာမဲ့ သဘောရှိတယ်။

(Andrew Soe)
5th June 2024