🌼ᐟֶֶָָ֢֢𝗙𝗹𝗼𝗿𝗮𝗹 𝗣𝗮𝗿𝗮𝗱𝗶𝘀𝗲≽^•༚• ྀི≼
390 subscribers
974 photos
57 videos
66 files
137 links
𝐖ꫀ 𝐖𝗂ᥣᥣ 𝐆𝗂᥎ꫀ 𝐘ᨵυ 𝐏ⱺ𝗌𝗂𝗍𝗂᥎ꫀ 𝐕𝗂ᑲꫀ𝗌。
𝐂ⱺᥒ𝗍α𝖼𝗍 υ𝗌 – @beeJ_cutiebot
𝐒𝗍α𝗋𝗍 𝐃α𝗍𝖾 : 𝐌α𝗒 23, 2024 ⵌ
https://t.me/boost/tips_by_bee_J
Download Telegram
ယနေ့မှာကျရောက်တဲ့ "မြန်မာနိုင်ငံရဲ့ နေ့ထူးနေ့မြတ်" ဖြစ်သည့်

"ဝါဆိုလပြည့်နေ့ ဓမ္မစင်္ကြာ အခါတော်နေ့" မှာ

ကမ္ဘာပေါ်ရှိလူသားအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပြီး ရွင်လန်းချမ်းမြေ့ပါစေ...

ဘေးအသွယ်သွယ်၊ ရန်အသွယ်သွယ်မှ ကင်းဝေးစေပြီး
နေ့ရက်တိုင်းကို ပျော်ရွင်စွာဖြင့် ဖြတ်သန်းနိုင်ပါစေ...

အသက်ရူတိုင်း ငွေဝင်ပြီး... လဒ်လာဘများတိုးပွားပါစေ....


#HanNey
❤‍🔥4🤩1👀1💘1
မျှော်လင့်ချက်တွေ ရုပ်သိမ်း ခံလိုက်ရသူထံမှာ
အနာဂတ် အရေးအခင်းတို့သည်လည်း
ပြိုကွဲ ဆိတ်သုဥ်းခဲ့ရပြီ မဟုတ်ပါလား...

#HanNey
💔4❤‍🔥1
Butterfly garden
If you spend your time chasing butterflies, they will fly away. However, if you spend your time building a beautiful garden the butterflies will come to you. But if they don’t, at least you have a garden to be happy with.

လိပ်ပြာတွေကိုလိုက်ဖမ်းနေရင် သူတို့ထွက်ပြေးကြလိမ့်မယ်။ ဒါပေမယ့် သိပ်လှတဲ့ဉယျာဉ်တစ်ခုဖန်တီးလိုက်မယ်ဆိုရင် သူတို့မင်းအနားကိုရောက်လာကြလိမ့်မယ်။ သူတို့မလာခဲ့ရင်တောင် အနည်းဆုံးတော့ မင်းပျော်ရွှင်ဖို့ ဉယျာဉ်တစ်ခုရလိုက်တာပေါ့။

ဒီquotesကနေတစ်ဆင့် တွေးရင်တွေးသလောက်အများကြီး ထွက်လာပါလိမ့်မယ်~

#𝐅𝗂ⱺᥒα
#translation_by_fiona
💘5❤‍🔥1
ပုံမှန်ဆို ကျွန်တော်ဇာတိမြို့ကနေပြန်လာတဲ့အချိန်ဆို လွမ်းလွမ်းဆွေးဆွေးခံစားရတာ။အမေကိုမခွဲချင်ဘူး။ကျွန်တော်ချစ်တဲ့ မန္တလေးမြို့ကြီးကို မခွဲချင်ဘူး။ဒီတစ်ခေါက်တော့ အရင်တုန်းကနဲ့ မတူတော့ပဲ ကျွန်တော်စိတ်တွေဟာတက်ကြွနေတယ်။ရန်ကုန်ကို မြန်မြန်‌ပြန်ရောက်ချင်တယ်။အဲဒါမှ ပိုးကိုတွေ့ရမှာလေ။ဒီနေ့ရုံးပိတ်ရက်ဆိုတော့ ပိုးအိမ်မှာရှိမှာသေချာတယ်။ပိုးကြိုက်တဲ့ ခါကြက်ဥဆနွင်းမကင်း ၀ယ်လာတာသာသိရင် ဘယ်လောက်တောင် ပျော်သွားမတုန်း။အိမ်ကိုပြန်ရောက်တာနဲ့ နားတောင်မနားနိုင်ပဲ ပိုးရှိတဲ့ တိုက်ခန်းဖက်ကို ထွက်လာမိတယ်။အိမ်တံခါးကို ခေါက်လိုက်တော့ ပိုးရဲ့မေမေက တံခါးလာဖွင့်ပေးတယ်။
မန္တလေးက ၀ယ်လာတဲ့ မုန့်လေးတွေကိုလက်ဆောင်ပေးရင်း သာကြောင်းမာကြောင်း‌မေးရတယ်။ဧည့်ခန်းကိုကြည့်လိုက်တော့ အိမ်နေရင်း၀တ်စုံနဲ့ TVထိုင်ကြည့်နေတဲ့ ပိုးလေးကိုတွေ့ရတယ်။

"ပိုးကတော့လေ ထိုင်ခုံပေါ်မထိုင်ပဲ ကြမ်းပြင်ပေါ်ကနေကြည့်နေတယ်။ကိုကို ဘာ၀ယ်လာလဲ ကြည့်ပါဦး။"

ကျွန်တော်၀င်လာမှန်းသိသော်လည်း ပိုးကမသိချင်ယာင်ဆောင်နေတာ။ကျွန်တော် စကားသံကြားမှ လှည့်ကြည့်တယ်။ကျွန်တော်လက်ထဲမှာ ကိုင်ထားတဲ့ မုန့်ထုပ်ကို မြင်မှ ၀မ်းသာအားရနဲ့ စီးကြိုတယ်။

"ခါကြက်ဥဆနွင်းမကင်းလား ကိုကို"

"ဟုတ်ပါ့ဗျာ...ကိုကိုကလေးလေးကြိုက်တယ်ဆိုလို့ တကူးတကသွား၀ယ်လာတာ။တစ်ဘူးတောင်မဟုတ်ဘူး။သုံးဘူး။ကြိုက်သလောက်သာစားတော့။"

သူမရဲ့ အပြုံးလေးတွေကို မြင်ရတော့ ကျွန်တော်အမောပြေသွားတယ်။ပြီးမှ တစ်စုံတစ်ခုကို သတိရပြီး အိတ်ထဲထည့်လာတဲ့ဘူးလေးတစ်ခုကို ထုပ်လိုက်ပြီး ပိုးရဲ့ရှေ့မှာတင်လိုက်တယ်။

"ဘာကြီးလဲ ကိုကို"

"ကိုကိုအမေပေးလိုက်တာ၊သူချွေးမလောင်းလေးအတွက်တဲ့။"

သူမစိတ်၀င်တစားနဲ့ ထုပ်ကြည့်နေတယ်။ပြီးတော့ သူမရဲ့သွားတက်ကလေးပေါ်အောင်ပြုံးလိုက်ရင်း

"ရွှေဆွဲကြိုးလေးပဲ၊ဆွဲသီးကလည်း နီလာလေး။အစစ်လား ကိုကို"

"အစစ်ပေါ့။ပိုးကနီလာကြိုက်တယ်လို့ ကိုကပြောလိုက်တော့ ကိုအမေက ပိုးအတွက် လက်ဆောင်ထည့်ပေးလိုက်တာ။သဘောကျရဲ့လား ပိုး။"

"ကျတာပေါ့။ဒီလောက်ချစ်စရာလေးကို။ဒါနဲ့ ကိုကို့ကိုပြောရဦးမယ်။ပိုးအလက်ဂျစ်တွေထနေတာ။အဲဒါနဲ့ အိမ်ထဲကမထွက်ရဘူး။ဘာစားလိုက်ဖြစ်မှန်းလည်းမသိဘူး။"

"ဆရာ၀န်နဲ့ရော ပြပြီးပြီလားပိုး။ဆေးရောလိမ်းထားလား"

"မပြရသေးဘူး။လိမ်းဆေးတော့၀ယ်ထားတယ်။အဲဒါနဲ့ပျောက်ရင် မသွားတော့ဘူးလေ။ဒီမှာ ဆေးက။ပိုးမလိမ်းရသေးဘူး။ကိုကိုလိမ်းပေးပါ့လား။"

ကျွန်တော်ဆေးဘူးကိုယူကြည့်လိုက်တယ်။အစိမ်းရောင်ဘူးလေး။ပိုးကိုဆေးလိမ်းရမယ့်နေရာမေးပြီး လိမ်းပေးနေစဉ် ကျွန်တော်ရဲ့ အကြည့်ထဲကို တစ်စုံတစ်ခု ၀င်ရာက်လာတယ်။သူမရဲ့ ပခုံးထက်ကအရာတစ်ခု။ကျွန်တော်ပိုးနဲ့တွဲလာတာ သုံးနှစ်ပြည့်တော့မယ်။သူမရဲ့ ပခုံးမှာ တက်တူးရှိနေတာကို လုံး၀မသိခဲ့ဘူး။တက်တူးက Yဆိုတဲ့ အမှတ်အသားလေးကို ပန်းပွင့်လေးတွေနဲ့ ကာရံပြီး ထိုးထားတယ်။ကျွန်တော်နာမည်ထဲမှာ Yမပါဘူး။သူမရဲ့နာမည်မှာလည်း မပါဘူး။ဘယ်သူကို ရည်ညွှန်းပြီး ထိုးထားတာလည်း ဆိုတာ ကျွန်တော့်မသိစိတ်က သိနေပေမယ့် ကျွန်တော် လက်မခံချင်ဘူး။သူမကတော့ ဘာမှမသိသလိုပဲ။ကျွန်တော်တွေ့သွားမှာကို စိတ်မပူတဲ့ပုံစံမျိုး။
❤‍🔥1💘1
ပိုးအိမ်က ပြန်လာတဲ့ထိ ကျွန်တော်ရဲ့ စိတ်ထဲမှာလေးလံနေတယ်။သူမ ပြန်ဖျက်ဖို့မေ့နေတာနေမှာပါလို့သာ အောက်မေ့မိတယ်။အဲဒီYဆိုတဲ့အမှတိအသားက ကျွန်တော်ကို အိပ်ရေးပျက်စေခဲ့တယ်။Yဆိုတဲ့ လူကရောပေါ့...။

ကျွန်တော် ပိုးနဲ့လွန်ခဲ့တဲ့ ငါးနှစ်လောက်စတွေ့ခဲ့တယ်။တွေ့တွေ့ချင်းပဲ ကျွန်တော်သူကို သဘောကျခဲ့တယ်။ organisationတစ်ခုမှာ volunteer အနေနဲ့ သူမနဲ့တူတူ၀င်လုပ်တယ်။သူမက တကယ်ကြင်နာတတ်တယ်။ပြီးတော့ စိတ်ထားလည်း ကောင်းတယ်။ပိုးနဲ့တွေ့ကြတဲ့ လူတိုင်းက သူမကိုလေးစားကြတယ်။ကျွန်တော်အပါအ၀င်ပေါ့။အမှန်တိုင်း‌ပြောရရင် ကျွန်တော်ရဲ့စိတ်ကသူမအပေါ် စတွေ့ကတည်းက မရိုးသားခဲ့တာ။ဒါပေမယ့် အဲစိတ်ကို ကျွန်တော်ထိန်းခဲ့ရတယ်။ဘာလို့လည်းဆို အဲဒီချိန်က ပိုးမှာ ချစ်သူရှိခဲ့တယ်။ပိုးက သူရဲ့ ချစ်သူကို အရမ်းချစ်ခဲ့တယ်။သူချစ်သူ သ၀န်တိုမှာဆိုးလို့ဆိုပြီး ယောင်္ကျားလေးတွေနဲ့ဆက်ဆံတိုင်း စည်းထားပြီး ဆက်ဆံတယ်။သူချစ်သူရဲ့ ပုံတွေကိုလည်း ခနခနတင်တယ်။သူချစ်သူအတွက် လုပ်ထားတဲ့ handmade ပစ္စည်းလေးတွေမြင်တိုင်း ကျွန်တော်အတွက်သာဖြစ်လိုက်ရင် ဘယ်လောက်ကောင်းမတုန်းလို့တွေးမိတယ်။သူမချစ်သူအတွက် ချက်ထားပေးတဲ့ lunch boxတွေကိုမြင်တိုင်း ကျွန်တော်အတွက်သာဆို ဘယ်လောက်တောင်ကောင်းမတုန်းလို့ စဉ်းစားမိတယ်။ဒါပေမယ့် အိမ်မက်တွေဟာ အိမ်မက်သက်သက်ပါပဲ။

တစ်နေ့တော့ ပိုးနဲ့အမှတ်မထင်တွေ့ဖြစ်ရင်း သူမကသူမရဲ့အချစ်ရေးကို ရင်ဖွင့်တယ်။ပြီးတော့ သူမငိုတယ်။သူမရဲ့ မျက်ရည်တွေကို ကျွန်တော်တကယ်မမြင်ချင်ဘူး။တစ်ခါမှမတွေ့ဘူးတဲ့ သူမရဲ့ ချစ်သူဆိုတဲ့ သူကို ကျွန်တော်ကျိမ်ဆဲမိတယ်။လွန်ခဲ့သုံးလကပဲ သူမရဲ့ ချစ်သူဟာ ဂျပန်ကိုထွက်သွားခဲ့တယ်တဲ့။ပြီးတော့ တစ်လလောက်နေတော့ LDRSမထားချင်ဘူးဆိုတဲ့ အကြောင်းမပြချက်နဲ့ သူမကိုဖျက်တယ်တဲ့။ကျွန်တော် သူမကို နှစ်သိမ့်ပေးခဲ့တယ်။သူမကို တကယ်ချစ်ပေးမယ့်သူမရှိဘူးပြောတော့ ကျွန်တော်ရှိကြောင်း ပြောချင်ခဲ့တာ မနည်းထိန်းရတယ်။ပွဲလန့်တုန်းဖြာ၀င်ခင်းတဲ့ လူတစ်ယောက် ကျွန်တော်မဖြစ်ချင်ပါဘူး။

ဒါပေမယ့် ကံကောင်းတယ်လို့ပြောရမလား။ပိုးနဲ့ ကျွန်တော်ရဲ့ ဆက်ဆံရေးက အရင်ကထက် တိုးတက်လာခဲ့တယ်။ပိုးရဲ့မွေးနေမှာပဲ ကျွန်တော်သူကို ဖွင့်ပြောခဲ့တယ်။ပိုးကလည်း ကြည်ကြည်ဖြူဖြူနဲ့လက်ခဲ့တယ်။ကျွန်တော်ခိုးမက်ခဲ့ရတဲ့ အိမ်မက်လေးတစ်ခုက အမှန်တကယ်ဖြစ်လာတော့ အပျော်ဆုံးလူသားဖြစ်ခဲ့ရတယ်။

ဒါပေမယ့် အချစ်က မျက်နှာလိုက်တတ်တယ်ဆိုတဲ့ အချက်ကိုတော့ ကျွန်တော်မေ့နေခဲ့တယ်။ချစ်သူဖြစ်သွားချိန်မှာ ပိုးက ကျွန်တော်သိခဲ့တဲ့ပိုးနဲ့ မတူတော့ဘူး။ကျွန်တောိအပေါ်အနိုင်ယူ စိုးမိုးချင်လာတယ်။စစချင်းတော့ ဒါဟာ မိန်းကလေးသ‌ဘာ၀ဖြစ်မှာပါလို့ ကျွန်တော်ထင်ခဲ့တယ်။ဒါပေမယ့် မဟုတ်ခဲ့ဘူး။ပြဿနာတစ်ခုခုဖြစ်တိုင်း ပြတ်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ကိုင်ပေါက်တယ်။စိတ်ဆိုးစိတ်ကောက်တိုင်း ကျွန်တော် ရင်နာရမယ့် စကားတွေပြောတယ်။ကျွန်တော်အတွက် ဟင်းချက်ပေးဖို့ဝေးစွ။ကျွန်တော်ဘာကြိုက်တတ်လဲတောင် ပိုမမှတ်မိဘူး။ကျွန်တော်အတွက်ပေးဖို့အချိန် သူမမှာမရှိဘူး။သူငယ်ချင်းမွေးနေ့အတွင်ဆိုပြီး handmade ပန်းစီးထိုင်လုပ်နေတဲ့ သူမကိုကြည့်ရင်း ကျွန်တော်သဘောပေါက်လာတယ်။သူမက အကောင်ဆုံး သူငယ်ချင်း တစ်ယောက်ဖြစ်နေနိုင်တယ်။အကောင်းဆုံး သမီးတစ်ယောက်၊အကောင်ဆုံး၀န်ထမ်းတစ်ယောက်ပေါ့။ဒါပေမယ့် ကောင်းတဲ့ ချစ်သူတစ်ယောက်တော့ မဖြစ်ခဲ့ဘူး။ဘာလို့လည်း ဆို သူမရဲ့ချစ်သူက ကျွန်တော်ဖြစ်နေလို့ပါ။ရှင်းရှင်းပြောရရင် သူမရဲ့ ချစ်သူက သူမ မချစ်တဲ့ လူတစ်ယောက်ဖြစ်နေလို့ပါ။

ဒီနေ့ ပိုးနဲ့ကော်ဖီသောက်ဖို့ ချိန်းထားကြတယ်။တကယ်က အဲထက် အရေးကြီးတဲ့ အရာတစ်ခုကျွန်တော်မှာ လုပ်စရာရှိတယ်။ကျွန်တော်ဘောင်းဘီအိပ်ကပ်ထဲက အနီရောင်ဘူးလေးကို ခနခနစမ်းနေမိတယ်။ဟုတ်ပါတယ်။ကျွန်တော်ဒီနေ့ ပိုးကို လက်ထပ်ခွင့်တောင်းဖို့ စီစဉ်ထားခဲ့တာ။ပိုးကျွန်တော်ကို မချစ်ဘူးဆိုတာ သိပေမယ့် အဆင်ပြေပါတယ်။ကျွန်တော်ပိုးကိုချစ်တာပဲ။သူမဘယ်လောက်ဆိုးဆိုးကျွန်တော် နားလည်ပေးနိုင်တယ်။မေတ္တာဆိုတာ တစ်နေ့တော့ အရောင်ပြန်ဟပ်လာလိမ့်မယ်လို့လည်း ကျွန်တော်ယုံကြည်တယ်။အဲဒါကြောင့် အချိန်ဆွဲမနေတော့ပဲ သူမကို လက်ထပ်ခွင့်တောင်ဖို့ဆုံးဖြတ်ခဲ့တာ။ဆိုင်နဲ့လည်း ကြိုချိတ်ထားပြီး ပိုးကြိုက်တဲ့ သီချင်းတွေဖွင့်ခိုင်းတယ်။ပိုးလာရင် ကျွန်တော်နဲ့ စကားခနပြောမယ်။ပြီးရင် သူမကို ဒူးထောက်ပြီး လက်ထပ်ခွင့်တောင်းမယ်။အတွေးနဲ့တင်ကြည်နူးမိလို့ ကျွန်တော်မျက်နှာဟာ ပြုံးစိစိဖြစ်နေပါတယ်။
❤‍🔥1💘1
ချိန်းထားတဲ့အချိန်ထက် နည်းနည်း နောက်ကျပြီးမှာ ပိုးရောက်လာတယ်။သူမရဲ့ မျက်နှာမကောင်းတော့ ကျွန်တော်ဘုရားတမိတယ်။လက်ထပ်ခွင့်တောင်းလို့ ဖြစ်ပါ့မလားလို့။သူမကကော်ဖီကို မသောက်ပဲမွှေပဲမွှေနေတယ်။ကျွန်တော်ကတော့ သူမရဲ့ အရိပ်အခြေကိုစောင့်ကြည့်နေတယ်။သူမက စားပွဲကို လက်နဲ့ရုတ်တရက်ရိုက်လိုက်တော့ ကျွန်တော်လန့်သွားတယ်။

"ကိုကို့ကို ပိုးပြောစရာရှိတယ်"

"ကိုကိုလည်း ပိုးကိုပြောစရာရှိတယ်။ပိုးဒီနေ့ မျက်နှာမကောင်းဘူး။အလုပ်မှာ အဆင်မပြေလို့လား"

"မဟုတ်ပါဘူး။အဆင်မပြေတာက အခြားအရာတစ်ခု။သူပြန်လာပြီ..."

ကျွန်တော်ကြောင်သွားပြီး မေးခွန်းမေးလိုက်တယ်။

"ဘယ်သူပြန်လာတာလဲ ပိုး.."

"ဟို..ပိုးရဲ့ ရည်းစားဟောင်းပါ။ဂျပန်ကနေပြန်ရောက်လာပြီ။"

ကျွန်တော်ခေါင်းတွေထူပူသွားတယ်။
"သူဖက်သူပြန်လာတာပဲပိုးရဲ့။ဘာမှမဖြစ်ပါဘူး။ပိုးက ဘာဖြစ်လို့ အဲကြောင်းပြောနေတာလဲ"

သူမဘာလို့ပြောနေတာလဲဆိုတာ ကျွန်တော်သိပါတယ်။ဒါပေမယ့် မသိချင်ယောင်ဆောင်ပြီးပဲ မေးခွန်းထုပ်လိုက်တယ်။ပိုးက ကျွန်တော်ရဲ့အကြည့်တွေကို ရှောင်နေတယ်။ပြီးမှစကားစတယ်။

"ပိုးသူနဲ့ ပြန်တွဲလိုက်ပြီ ကိုကို။ပိုးတောင်းပန်ပါတယ်။ပိုးကိုယ်ပိုးလည်း နားမလည်နိုင်တော့ဘူး။ဒီလိုလူကို ဘာလို့ပြန်လက်ခံမိလဲဆိုတာ။ကိုကို့ကိုလည် ပိုးအားနာပါတယ်"

ကျွန်တော်သက်ပြင်းတစ်ချက်ချမိတယ်။ရင်ထဲမှာ‌တော့ ကမ္ဘာပျက်မတတ်ပဲ။ကြိုးစားပြုံးလိုက်ရင်း...

"ကိုကိုအစကတည်းက ပိုးကိုကို့ကိုမချစ်မှန်းသိပါတယ်။ပိုးသူကိုမေ့မရမှန်းလည်းသိတယ်။ဒါပေမယ့် အဲဒါတွေထက် ပိုးအပေါ်ပဲ နားလည်နိုင်အာင်ကြိုးစားခဲ့တယ်။ပိုးဘာကိုပဲ ရွေးချယ်ရွေးချယ်ကိုကိုအပြင်မတင်ပါဘူး။"

ကျွန်တော်စကားပြောနေတုန်း သူမရဲ့ မျက်ရည်စလေးတွက ပါးနုနု‌လေးပေါ်ကိုဖြတ်ပြီး စီးဆင်းလာတယ်။ပြီးမှ ကျွန်တောိကို သေချာကြည့်ပြီးပြောတယ်။

"ပိုးမှားတယ်ဆိုတာ ပိုးသိပါတယိကိုကို။ကိုကိုအချစ်ကိုလညိး ပိုးစော်ကားသလိုဖြစ်သွားတယ်။ဒါပေမယ့် ပိုးမရည်ရွယ်ခဲ့ပါဘူး။တကယ်တော့ပိုးက ကိုယ့်ကိုယ်ကိုယ်ရော၊ကိုကို့ကိုရောလိမ်ဖို့ကြိုးစားခဲ့တာ။ဒါပေမယ့် ပိုးနှလုံးသားကို လိမ်လို့မရခဲ့ဘူး။ပိုးတကယ် တောင်းပန်ပါတယ်။ပိုးကို ခွင့်မလွှတ်ပါနဲ့။"

ငိုနေတဲ့သူမကို ကျွန်တော်ရဲ့ရင်ခွင်ထဲထည့်ထားလိုက်တယ်။သူမအတွက် အဲဒါကနွေးထွေးမှုဖြစ်စေလားဆိုတာတေယ့ ကျွန်တော်မသိဘူး။ဘောင်းဘီအိတ်ထဲက လက်စွတ်ဘူးလေးကိုစမ်းရင်း...

"ရပါတယ်ပိုးရယ်။ကိုကိုခွင့်လွတ်ပါတယ်။"

မျက်လုံးအိမ်ထဲမှာ တွဲလဲခိုနေတယ် မျက်ရည်စလေးတွေမကျအောင် ကျွန်တော်ကြိုးစားနေရတယ်။ကျွန်တော်ငိုလို့မဖြစ်ဘူး။

ကလေးတစ်ယောက်ရဲ့လက်ထဲကနေ သူပိုင်ဆိုင်ထားခဲ့တဲ့ မိုးပျံပူဖောင်းလေးလွတ်ထွက်သွားတဲ့အချိန်မှာ နှမြောတသတဲ့စိတ်ဖြစ်မိတယ်။ပြန်ဖမ်းယူချင်တဲ့စိတ်ရောပေါ့။ဒါပေမယ့် ကျွန်တော်ကတော့ လက်လွတ်လိုက်ဖို့ပဲ ရွေးချယ်ခဲ့တယ်။အဲဒါက ပေးဆပ်တဲ့အချစ်လည်း မဟုတ်ဘူး။ကြီးမြတ်လှတဲ့အချစ်လည်း မဟုတ်ဘူး။အဲဒါက နာကျင်မှု‌အနောက်မှာ ကပ်ပါလာတဲ့ ပီတိအချစ်...။

#SandiCho
#လွင့်ထွက်သွားသောပူဖောင်းလေး
💘2❤‍🔥1
ခံစားချက်တွေဟာ
ရာသီဥတုလိုပဲ
အမြဲပြောင်းလဲနေတာ...

#HanNey
❤‍🔥4💘1🦄1
မေမေပြောပြနေတဲ့ ရွှေငါးကြီးပုံပြင်ကို ကျွန်မနားထောင်ရင်း ကျွန်မရဲ့ မျက်ခွံတွေက တဖြည်းဖြည်းလေးလံလာတယ်။ဒီပုံပြင်ကို ကျွန်မခနခနနားထောင်ဖူးလို့ အဆုံးသတ်ကို သိနေပါပြီ။ဒါပေမယ့် ကျွန်မပြန်နားထောင်ချင်တယ်။နောက်ဆုံးမှာ လူကောင်းက အနိုင်ရပြီး လူဆိုးကရှုံးရတဲ့ အဆုံးသတ်ကို ကျွန်မသဘောကျတယ်။ဒါပေမယ့် ဘယ်လိုလူမျိုးကို လူဆိုးလို့ ခေါ်ပြီး ဘယ်လိုလူမျိုးကို လူကောင်းလို့ ခေါ်လဲဆိုတာတော့ ကျွန်မသေချာမသိဘူး။

ကျောင်းမှာ သူငယ်ချင်းတွေနဲ့ အဲဒီအကြောင်းပြောဖြစ်ကြတော့ ရွာမြောက်ဖက်က ဒေါ်မေရှင်က လူဆိုးမဖြစ်ကြောင်း သူတို့က ကျွန်မကိုပြောကြတယ်။ဒေါ်မေရှင်က စုန်းမတစ်ယောက်လို့ ကျွန်မတို့ ရွာသားအားလုံးက ယုံကြည်ထားခဲ့ကြတယ်။သူမရဲ့အမေက လူတွေကို အန္တရာယ်ပေးဖို့ကြိုးစားခဲ့တဲ့ စုန်းမတစ်ယောက်ဖြစ်ကြောင်း လူကြီးတွေက ကျွန်မတို့ကလေးတွေကို‌ ပုံပြင်သဖွယ်ပြောပြ‌လေ့ရှိကြတယ်။အဲဒီထဲမှာ မေမေတော့မပါခဲ့ဘူး။မေမေကို ဒေါ်မေရှင်အကြောင်းမေးတိုင်း သူမက သနားစရာကောင်းကြောင်းအမြဲပြောပြတယ်။ကျွန်မကတော့ သူငယ်ချင်းတွေ ပြောသလို ဒေါ်မေရှင်ဟာ လူဆိုးတစ်ယောက်လို့ပဲ ယုံကြည်နေမိတယ်။ကလေးတွေကို လူကြီးတွေက ပြောဆိုမရတိုင်း ဒေါ်မေရှင်နဲ့ ခြောက်လေ့ရှိကြတယ်။အဲတော့ကလေးတွေက ဒေါ်မေရှင်ကို သေချာမမြင်ဖူးတာတောင် အလိုလိုနေရင်းနဲ့ကြောက်တတ်ကြတယ်။အဲထဲမှာကျွန်မလည်းပါတာပေါ့။ဒေါ်မေရှင်နဲ့ နီးနီးကပ်ကပ်မနေဖို့နဲ့ သူကမေမေရဲ့ဗိုက်ထဲ တစ်ခုခုထည့်လိုက်လိမ့်မယ်လို့ ကျွန်မက မေမေကို ပြောပြရင် မေမေကရယ်တယ်။

"သမီးကို ဒါတွေဘယ်သူပြောလိုက်လဲ မေမေ မသိပေမယ့် ကြားသမျှကို မျက်စိမှိတ်ပြီး လက်ခံလိုက်လို့မဖြစ်ဘူးသမီးရဲ့။တကယ်အမှန်တရားကို မသိပဲ တစ်ဖက်သူနစ်နာမယ့် အကြောင်းတွေမပြောရဘူး"။

"ဒါပေမယ့် သူကလူဆိုးလေးမေမေရဲ့။သူကြောင့် မေမေတစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ"

"ဒီမှာ သမီး။‌တကယ်လောကကြီးက ပုံပြင်တွေနဲ့မတူဘူး။လောကကြီးမှာ လူဆိုးနဲ့လူကောင်ဆိုပြီး နှစ်မျိုးထဲရှိတယ်တာမဟုတ်ဘူးသမီးလေးရဲ့။တကယ်တော့ လူတိုင်းက အ‌ဆိုးရော၊အကောင်းရော‌ ရောနေကြတာပဲ။မေမေမှာလည်း ကောင်းတဲ့အပိုင်းရှိသလို ဆိုးတဲ့အပိုင်းရှိတာပဲ။ထုပ်မပြတာပဲရှိတယ်သမီး။"

ကျွန်မအမြင်မှာတော့ မေမေက အပြည့်အ၀လူကောင်းတစ်ယောက်ပါ။ကျွန်မခေါင်းထဲမှာ မေးခွန်းပေါင်းများစွာပေါ်ထွက်လာခဲ့တယ်။

ကျွန်မကျောင်းဆင်းလာတာနဲ့ ကျူရှင်သွားဖို့ပြင်တယ်။ကျုရှင်မှာ သူငယ်ချင်းတွေနဲ့ ချိန်းထားတယ်လေ။ဆရာမစာမသင်ခင်အထိ ကျွန်မတို့ကလေးတွေက ကစုပြီး ကစားလေ့ရှိကြတယ်။ကျုရှင်ရောက်သွားတော့ ဆရာမက ဒီနေ့ နေမကောင်းလို့ စာမသင်နိုင်ကြောင်းပြောတယ်။ကျွန်မတို့အားလုံးရဲ့ ရင်ထဲမှာ ပျော်သွားပေမယ့် စိတ်မကောင်းကြောင်းပြောကြတယ်။ပြီးတော့ ကျွန်မတို့ သူငယ်ချင်းတစ်ယောက်က ဦးဆောင်ပြီး ကျွန်မတို့ကို တောထဲသွားလည်ဖို့ စည်းရုံးတယ်။ကျွမတို့ မိန်းကလေးတွေက ကြောက်လို့ မလိုက်ရဲကြောင်းပြောတော့ သူတို့က ငကြောက်မတွေလို့ ဝိုင်းပြီးစကြတယ်။အဲဒါနဲ့ကျွန်မတို့လည်း သတ္တိမွေးပြီး တောထဲသွားလည်ဖို့ဆုံးဖြတ်လိုက်တယ်။

တစ်ချို့ကလည်း ခြေလျင်လျှောက်တယ်။စက်ဘီးပါတဲ့ သူကလည်း သူတို့စက်ဘီးကို မစီးပဲ တွန်းရင်းလိုက်တယ်။အားလုံးပေါင်းရင် 13ယောက်လောက်ရှိတယ်။နေလုံးကြီးကလည်း တဖြည်းဖြည်း မြေကြီးထဲကိုတိုး၀င်နေပြီ။လယ်ကွင်းတွေဘေးကနေ နေ၀င်ချိန်ကို ကြည့်ရတာ အရမ်းလှမှန်းကျွန်မအခုမှသိတယ်။ခြေလှမ်းတွေကို ဖြည်းညင်းစွာလှမ်းရင်း တောထဲကို ကျွန်မတို့ရောက်လာကြတယ်။‌လေတိုးသံကလွဲလို့ ဘာသံမှ မကြားရဘူး။ကျွန်မတို့ကို ဦးဆောင်သွားတဲ့သူကလည်း သူကိုယ်တိုင် သေချာမရောက်ဖူးဘူးထင်တယ်။လမ်းတစ်၀က်လောက်ရောက်မှ လိုက်လာမိတာကို နောင်တရကြတယ်။‌တစ်ယောက်လက်ကို တစ်ယာက်ဆွဲရင်း လယ်ကန်သင်းတွေပေါ်မှာ ကျွန်မတို့ဆက်လျှောက်ကြတယ်။လမ်းကွေ့တစ်ခုအရောက်မှာ ရှေ့ကဦးဆောင်သွားတဲ့သူက ရပ်လိုက်ပြီး "ငါတို့ စုန်းမအိမ်နဲ့နီးနေပြီ ပြန်လှည့်ကြတာကောင်းမယ်ထင်တယ်"လို့ ကျွန်မတို့ဖက်ကို လှည့်ပြီး ပြောတယ်။

သူ‌အဲလိုပြောနေစဉ်မှာပဲ သူအနောက်မှာ မိန်းမကြီးတစ်ယောက်ရောက်လာတယ်။ကျွန်မတို့ သူငယ်ချင်းတစ်စုကလည်း သူစကားမဆုံးခင်မှာပဲ အကုန်လှည့်ပြီး ပြေးကြတယ်။အဲဒီကျမ ကျွန်မတို့အဖွဲ့ရဲ့ ခေါင်းဆောင်ကလည်း ပြန်လှည့်ကြည့်လိုက်တယ်။သူမြင်ရတာက အသက်60ပတ်၀န်းကျင်ရှိတဲ့အဖွားကြီးတစ်ယောက်။သူလည်း ဘာမှစဉ်းစားမနေတော့ပဲ ‌ကျွန်မတို့နဲ့အတူပြေးတယ်။စက်ဘီးပါတဲ့လူတွေကလည်း စက်ဘီးတက်စီးဖို့ကြိုးစားရင်း လဲတဲ့လူတွေက လဲကျတယ်။ဒါပေမယ့် နောက်ကိုတော့ ဘယ်သူမှပြန်မကြည့်ကြပဲ ရှေ့ကိုသာအားတက်သရောနဲ့ပြေးကြတယ်။ကျွန်မလည်းပြေးရင်း ကန်သင်းပေါ်ကနေ လယ်ထဲကို ခြေချော်ပြီးလဲကျသွားတယ်။ကျွန်မကြိုးစားပြီးပြန်ထပေမယ့်မရဘူး။သူငယ်ချင်းတွေကိုအော်ခေါ်တာလည်း ဘယ်သူမှလှည့်မကြည့်ကြဘူး။သူတို့ကျွန်မနဲ့ဝေးသထက် ဝေးသွားချိန်မှာ ကျွန်မတို့နောက်ကို လိုက်လာတဲ့ စုန်းမကြီးက ကျွန်မနဲ့နီးသထက်နီးလာတယ်။ကျွန်မရဲ့ ကြော်စိတ်တွေက ငယ်ထိပ်ကို ရောက်နေပြီ။ငါသေရတော့မှာလည်း ဆိုပြီးတော့လည်း ကြောက်စိတ်၀င်မိတယ်။အမေကိုတရင်းကျွန်မရှိုက်ကြီးတငင်အော်ငိုတယ်။ကျွန်မမသိလိုက်ခင်မှာပဲ ကြောက်စိတ်တွေမွန်ပြီး ကျွန်မသတိမေ့သွားတယ်။
❤‍🔥2💘1
သတိပြန်ရလာတော့ ကုတင်တစ်ခုပေါ်မှာရောက်နေပြီ။အိမ်ရဲ့ အနေအထားကကျွန်မအိမ်နဲ့တော့မတူဘူး။အဘွားကြီးတစ်ယောက် တဲအိမ်ထဲကို ၀င်လာတယ်။အစကတော့ ကြောက်မိပေမယ့် မီးဖိုတွေနဲ့ အလုပ်ရှုပ်နေတဲ့ အဘွားကြီးနဲ့ တဲအိမ်လေးရဲ့ အခြေအနေကိုကြည့်ပြီးသနားလာမိတယ်။ပြီးတော့သူက"သမီးလေးက သူနာပြုဆရာမလေးရဲ့ သမီးမလား။မကြောက်နဲ့နော သမီး။သမီးမေမေဆီ အဘွားအကြောင်းကြားထားတယ်။"အဲလိုပြောပြီး သူမက ကျွန်မကို ဇလုံတစ်ခုပေးတယ်။ဇလုံထဲမှာ မြင်းခွာရွက်သုတ်တွေ။ကျွန်မစားချင်ပေမယ့် လူတွေပြောသလို စုန်းကျွေးတာစားလို့ တစ်ခုခုဖြစ်သွားမှာလည်းစိုးရိန်မိတယ်။ဒါပေမယ့် ကျွန်မဗိုက်တွေက ဆာလာလို့ မအောင့်နိုင်တော့ပဲစားလိုက်မိတယ်။ပြီးမှ ငါဗိုက်ထဲ ဆံပင်ချည်တွေများရောက်နေမလားဆိုတဲ့စိတ်၀င်ပြီး ပျို့ချင်သလိုလူဖြစ်လာတယ်။

အဘွားကြီးက အဲဒါကို ရိပ်မိပြီး "မစားရဲလို့လား သမီးလေး။အဲဒါဆိုဒါလေးစား။ဒါက အဘွားဟိုဖက်ရွာသွားရင်း၀ယ်ထားတာ"ဆိုပြီး ကိတ်ခြောက်တစ်ခုကိုပေးတယ်။အဲကျမှကျွန်မ စိတ်ချလက်ချစားနိုင်တယ်။ခနကြာတော့ မေမေနဲ့ လူကြီးတစ်ချို့က တဲအိမ်လေးဆီရောက်လာပြီး ကျွန်မကိုပြန်လာခေါ်တယ်။

ရွာပြန်ရောက်တော့ ကျွန်မစိတ်တွေပေါ့ပါးနေတယ်။ဘွားဘွားကလည်း ကျွန်မကို ပုံမှန်ထက် ပိုဂရုစိုက်နေတယ်။မေမေမရှိတဲ့အချိန်တိုင်း "မေရှင်က သမီးကိုဘာလုပ်လိုက်သေးတုန်း"ဆိုတဲ့ အကြောင်းကိုပဲမေးတယ်။ကျွန်မကအမှန်အတိုင်း သူမ ကျွန်မကို ကောင်းကောင်းမွန်မွန်ဆက်ဆံကြောင်းပြောတိုင်းဘွားဘွားက"မဟုတ်သေးပါဘူးအေ။ဒီမိန်းမကကောင်းတဲ့ မိန်းမဟုတ်ဘူး။သူအမျိုးကကိုက မကောင်းတာလေ။စုန်းမျိုးစုန်းနွယ် ငါ့မြေးရဲ့။သူအမေက လူတွေကို အတော်ဒုက္ခပေးခဲ့တာ။ဘွားဘွားတို့အမေတွေဆိုလေ...."သူစကားစမပြတ်ခင်မှာပဲ မေမေရောက်လာပြီး ၀င်ပြောတယ်။

"သူ့အမေက မကောင်းတာနဲ့ပဲ သူသမီးလည်း မကောင်းဘူးလို့ အ‌မေပြောနေတာလား။အဲလိုမျိုးဆို အမေလည်း မုဆိုးမဆိုတာနဲ့ သမီးလည်း မုဆိုးမဖြစ်ရမယ့်ပုံစံပဲအမေ"။ဘွားဘွားက ခြေမကိုင်မိလက်မကိုင်မိဖြေရှင်းတယ်။"လွဲပါစေ၊ချော်ပါစေ။ငါသမီးက ဘာလို့ မုဆိုးမဖြစ်ရမှာလဲ။အမေကလည်း သဘောပြောတာပါသမီးရယ်။ဒါပေမယ့် မေရှင်မကောင်းတာ တစ်ရွာလုံးအသိပဲ။မကောင်းတာကို မကောင်းတာလို့ပြောတာ အမေမှားသွားသလား။"မေမေကရယ်ရင်း "အမေမမှားပါဘူး။ဒါပေမယ့်အမေသေချာစဉ်းစားကြည့်ပါဦး။အမေ ဒေါ်မေရှင်နဲ့တောင် စကား10ခွန်းပြည့်အောင် မပြောဘူးပဲ သူဘယ်လိုလူလည်းဆိုတာအမေဘယ်လိုသိလဲ။တစ်ခြားသူတွေပြောစကားတွေနဲ့ လူတစ်ယောက်ရဲ့ သိက္ခာကို မနင်းခြေချင်ပါနဲ့အမေရယ်"။ဒီတစ်ခါတော့ ဘွားဘွားဘာမှမပြောပဲ ငြိမ်ကျသွားတယ်။

နောက်နေ့ ကျွန်မအိပ်ရာထလာတော့ ကျွန်မရဲ့ ခြေလက်တွေမှာ အနီနီကွက်တွေဖြစ်လာတယ်။အဲဒါကို အရင်တွေ့သွားတဲ့ဘွားဘွားက"ငါထင်သားပဲ။ဒီဟာမက ကောင်းတဲ့လူမဟုတ်ဘူးလို့။"ပြီးတော့ ဘွားဘွားက ထွက်သွားတယ်။မေမေကတော့ ကျွန်မကို ဆေးလူးပေးပြီး ဘွားဘွားကိုမေးတယ်။ပြီးမှ ရွာထဲက အဒေါ်တစ်ယောက် အရေးတကြီးနဲ့လာခေါ်လို့ ကျွန်မကိုခေါ်ပြီး ရွာနောက်ဖက်ကိုကျွန်မတို့သားအမိ လိုက်သွားကြတယ်။
❤‍🔥1💘1
လူတွေ စုစုဝေးဝေးဖြစ်နေကြတဲ့ နေရာဆီရောက်သွားတော့ ဘွားဘွားကိုတွေ့ရတယ်။ဘွားဘွားနဲ့ မျက်နှာချင်းဆိုင်မှာ ရပ်နေတာကတော့ ဒေါ်မေရှင်။ဒေါ်မေရှင်က တစ်ခုခုကို တောင်းပန်နေတဲ့ပုံပဲ။"နင်အပိုတွေပြောမနေနဲ့မေရှင်။နင်ကြောင့် ငါမြေးစုန်းကွက်တွေထနေတာ။နင်ငါမြေးကိုလုပ်ထားတာတွေပြန်ဖြေပေး။မဟုတ်လို့ကတော့ ငါအကြောင်းသိမယ်။"ဘေးနားက မိန်းမကြီးတွေကလည်း တစ်ယောက်တစ်ပေါက် အတင်းတွေပြောနေကြတယ်။မေမေက လူအုပ်ကြားထဲကိုအတင်း၀င်ပြီး ဒေါ်မေရှင်ကို ထူတယ်။"အမေမှားနေပြီ အမေ။အမေမြေးက အလက်ဂျစ်ဖြစ်ပြီး ယောင်လာတာ။စုန်းကိုက်တာမဟုတ်ဘူး။ဒေါ်မေရှင်သာ လုပ်ချင်တယ်ဆို ဘာလို့သမီးလေးကိုလုပ်မှာတုန်း။"ဘွားဘွားရဲ့ မျက်လုံးတွေက ပြူးကျယ်လာပြီး "ဒီကောင်မက ငါကိုလုပ်ချင်တာလေ။ဟိုနေ့က သူကိုမကောင်းပြောတာသိသွားလို့နေမှာပေါ့။ငါမထိပဲ ငါမြေးထိတာ။ဒင်းအကြံဒါကုန်ပဲလား။"

"စိတ်ကိုလျော့အမေ။တကယ်တော့ အမေတို့ အားလုံးမှားနေကြတာ။ကိုယ်မှားလို့ မှားမှန်းမသိပဲနဲ့ကိုမှားနေကြတာ။ပြဿနာတစ်ခုဖြစ်တိုင်း ‌ကိုယ်တာ၀န်မယူပဲ  ဒေါ်မေရှင် ခေါင်းပေါ်ပဲပုံချကျတယ်။သူအမေဆိုးခဲ့တာဖြစ်နိုင်တယ်။ဒါပေမယ့် သူအမေအပြစ်ကို သူသမီးဆပ်နေရတာကတော့ မဟုတ်သေးဘူးအမေ။အမေမှတ်မိသေးလား။အမေမုဆိုးမမလို့ဆိုပြီး သမီးကို ဘယ်သယမှ လပ်မထပ်ချိန်တုန်းက ငါမုဆိုးမဖြစ်တာနဲ့ ငါသမီးမုဆိုးမ မဖြစ်နိုင်ဘူးလို့အမေပြောခဲ့တယ်လေ။ဒေါ်မေရှင်လဲအလိုပဲ။ပြီးတော့ အမေ့တူပိုးထိတုန်းကလည်း ဒေါ်မေရှင် ကယ်လို့သာသူအသက်ရှင်တာလေ။အမေမြေးကို သူသာပြစ်ထားခဲ့ရင် သမီးလေးတစ်ခုခုဖြစ်သွားနိုင်တယ်။တကယ်ဆိုအမေတို့ သူကိုကျေးဇူးတောင်တင်သင့်တယ်။လူလူချင်းကို ဘာလို့အဲလိုတွေခွဲခြားချင်နေတာလဲ။"အမေအဲလိုပြောလိုက်တော့ ဘွားဘွားက ငြိမ်ကြသွားတယ်။ဒါပေမယ့် မိန်းမတစ်ယောက်က ၀င်လာပြီး "ဘာတွေငြိမ်နေကြတာလဲ။မသိရင် သူကပဲဆရာမကြီးလိုလိုနဲ့။ငါတို့ကိုမှားတယ်လေးဘာလေးနဲ့။နင်တို့နောက်မှ မွေးလာပြီး မေရှင်အကြောင်း ဘာမှမသိလို့ပြောနေတာ။နင်မေရှင် ကာကွယ်ပေးနေတာရော ရိုးရိုးမဟုတ်ရဲ့လားဟင်။နင်လည်း စုန်းမဖြစ်နေလို့ သူကိုကာကွယ်ပေးနေတာမလား။"

အဲကျမှ ဘွားဘွားခေါင်းထောင်လာပြီး "ဘာကိုစုန်းမရမှာတုန်း။ငါသမီးသာစုန်းမဆို နင်တို့တစ်ရွာလုံး သင်္ချိုင်းရောက်နေလောက်ပြီ။တကယ် ကျေးဇူးရှင်ကို ကျေးစွတ်တယ်ဆိုတာဒါ။ငါသမီးက ပညာတတ်။နင်တို့လို ပေါက်လွတ်ပဲစားတွေများမှတ်နေလား။စုန်းမ မကလို့ ဘာနေနေ နင်တို့နဲ့ ဘာမှမဆိုင်ဘူး။နောက်ပြောရဲပြောကြည့်။ခင်ဌေးတဲ့ တစ်ဌေးပဲရှိတယ်။"ဘွားဘွားစကားတွေနားထောင်ပြီး မေမေကရယ်တယ်။မေမေရယ်မှ ကျွန်မလည်း စိတ်သက်သာရာရတယ်။ဘွားဘွားက ဒေါ်မေရှင်ဖက်ကို လှည့်လာပြီး "ငါသမီးပြောတာဟုတ်တယ်မေရှင်။နင်မကယ်ရင် ငါမြေးလေး ဒုက္ခရောက်မှာ။ငါအတွေးတွေလွန်သွားတယ်။"

အဲနေ့ကစပြီး ဘွားဘွားရဲ့ ဒေါ်မေရှင်ပေါ်ထားတဲ့အမြင်တွေဟာပြောင်းလဲကုန်တယ်။ဒါပေမယ့် ရွာသားတွေရဲ့ အမြင်ကတော့ မပြောင်းလဲခဲ့ဘူး။အဲကြောင်းကို ပြောတိုင်းဘွားဘွားက"လူတွေ၊လူတွေ တကယ်ကြောက်ဖို့ ကောင်းကြတာပဲ။ကိုယ်မပေါ်ဘာမှမလုပ်ထားတဲ့ လူတစ်ယောက်ကို အပြစ်တွေတင်ကြတယ်။အပြစ်တွေဖို့ကြတယ်။ငါမှန်တယ်ဆိုတဲ့ အတ္တနဲ့ တကယ်အမှန်တရားကိုတောင်မမြင်နိုင်ကြတော့ဘူး။တကယ်သနားဖို့ကောင်းလိုက်တာ"။

ကျွန်မက လေးလေးနက်နက်တွေပြောနေတဲ့ဘွားဘွားကို ကြည့်ပြီးရယ်ချင်လာတယ်။"အဲဒါဆို ဘွားဘွားလည်း သနားစရာပဲ‌နော။အရင်တုန်းက အဲလူတွေထဲမှာ ဘွားဘွားက ထိပ်ဆုံးကမလား"။ကျွန်မအဲလိုပြောပြ ထပြေးတော့ ဘွားဘွားကလှမ်းဆူတယ်။"အမယ် ဒီကောင်မလေးတော့ လူကြီးကို ပြန်ပြောနေတယ်။"

ရယ်မောရင်း မေမေနားကို ကျွန်မကပ်သွားတယ်။မေမေက ကျွန်မခေါင်းလေးကို အသာအယာပွတ်သပ်ရင်း "အမှန်တရားဆိုတာမျိုးက ကြည့်တဲ့သူရဲ့ အမြင်ကိုလိုက်ပြီး အမျိုးမျိုးပြောင်းလဲနိုင်တယ်သမီးရဲ့။တစ်ခါတစ်ရံ မေမေတို့ကိုယ်မေမေတို့ မှန်တယ်ထင်နေတဲ့ အမှားတွေလည်းရှိတတ်တယ်။ကိုယ်ရဲ့ ယုံကြည်မှုနဲ့ အမှန်တရားကို ရောထွေးမပြစ်လိုက်ရဘူး။ကိုယ်ယုံကြည်ရာကို အမှန်လုပ်လိုက်လို့မရဘူး။ပြီးတော့ သူများမျက်ချေးမြင်ပြီး ကိုယ်မျက်ချေးကိုယ် မြင်ရတဲ့ လူစားမျိုးလည်း မဖြစ်စေနဲ့နော် သမီးလေး။"မေမေကိုမော့ကြည့်ရင်း ကျွန်မပြုံးမိတယ်။မေမေရဲ့ မျက်၀န်းထဲမှာတော့ ကျွန်မကို မျှော်လင့်တကြီးနဲ့ ကြည့်နေတဲ့ အရိပ်အယောင်တွေတွေ့ရတယ်။အဲဒီမျက်လုံးတွေက ကျွန်မကို တစ်ခုခုတောင်းဆိုနေတဲ့ပုံစံဖြစ်နေတယ်......။

𝄞⋆ #SandiCho

  ♬• #မြူမှုန်တွေကြားထဲကအမှန်တရား
💘3❤‍🔥2
ပုံစံခွက်ထဲမှာ နေရတဲ့
လူတစ်ယောက်အတွက်
ကိုယ်ပိုင် အနာဂတ်ရှိလို့လားဗျာ

#HanNey
💔3💯1
Channel ဆိုတဲ့ သက်မဲ့မှာတောင်
ဝင်လိုက်ထွက်လိုက်လုပ်တဲ့သူတွေရှိတာပဲ

သက်ရှိဖြစ်တဲ့ မင်း ဘဝထဲကို
ဝင်လိုက်ထွက်လိုက်လုပ်တာမဆန်းပါဘူး။

Channel တစ်ခုကိုဝင်လိုက်ပြီး
​​ ငြီးငွေ့လာတဲ့အခါ ထွက်ပြစ်ကြသလို

မင်း ဘဝထဲကိုဝင်ပြီး
ထွက်သွားမှတော့
မင်း ကိုငြီးငွေ့လို့ ထွက်သွားတယ်ဆိုတာ
သိထားဖို့လိုအပ်ပါမယ်။

#HanNey
🤣6🌚1
"၈၈၈၈ အရေးတော်ပုံ" နေ့

ဟန်နီရဲ့ပြည်သူတို့အနေနဲ့လည်း
အကြမ်းဖက်စစ်အာဏာရှင်တွေရဲ့ ခေတ်အဆက်ဆက် ယုတ်မာရက်စက်မှုတွေကို ၈၈၈၈ အရေးတော်ပုံရဲ့ အစပြုရာကာလကနေတစ်ဆင့် သတိပြုမိကြပြီ ဖြစ်ပါတယ်။ အာဏာရှင်စနစ်ဆိုးကို တိုက်ဖျက်ဖို့ အများအကျိုးအတွက် အသက်စွန့်တော်လှန်ခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူ၊ ရဟန်းသံဃာ နဲ့ ဟန်နီက ပြည်သူများကိုလဲ သတိရအောက်မေ့ပြီး အလေးပြုပါတယ်။ ဟန်နီတို့ ကျောင်းသား၊ ကျောင်းသူတွေကလဲ ၂၀၂၁ ခုနှစ် ၊ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ အခုလက်ရှိအချိန်ထိ စစ်အာဏာရှင်တွေရဲ့အကြမ်းဖက်မှု၊ ရက်စက်ဆိုးယုတ်မှုတွေကို ရရှိခံစားနေကြရတာမို့ ဒီလိုအဖြစ်ဆိုး‌တွေကို ဟန်နီတို့မျိုးဆက်မှာတင် အပြီးတိုင်ပပျောက်သွားဖို့အတွက် ဟန်နီတို့ တစ်ဦးတစ်ယောက်ချင်းကအစ အားအင်တွေထည့် ပါဝင်တွန်းလှန်ပြီး အကြမ်းဖက်စစ်အာဏာရှင်ကို အပြီးသတ်ချေမှုန်းနှိမ်နင်းကြပါစို့။

8.8.2025(Friday)

#HanNey
💘4❤‍🔥1
တချို့သောအရာတွေကို
စွန့်လွှတ်လိုက်ပေမယ့်...

သံယောဇဥ် မရှိလို့မှ မဟုတ်တာ
ကိုယ့်ကြောင့်နဲ့ သူ့ဘဝလေး
ကောင်းစားစေချင်တဲ့
ဆန္ဒတစ်ခုတည်းနဲ့ပါ။

#HanNey
😭4❤‍🔥1💔1💘1
လက်ဖျံကနေစီးကျလာတဲ့ သွေးစတွေကိုကြည့်ရင်း ရင်ထဲကမွန်းကျပ်စရာတွေ တဖြည်းဖြည်းလျော့ပါးသလိုခံစားရသည်။အရင်ကတော့ ပြဿနာဖြစ်လာရင်တစ်ယောက်ယောက်ကို အပြစ်ပုံချလိုက်တဲ့အခါ ကိုယ့်မှာအပြစ်မရှိတော့သလိုခံစားရသည်။အခုအခြေအနေမှာရော ဖြူဘယ်သူကို အပြစ်တင်ရမှာလဲ။ဖြူကို ထားခဲ့ပြီး လက်ထပ်ပွဲကို ဖျက်ပြစ်ခဲ့တဲ့ ယောင်္ကျားတစ်ယောက်ကိုလား။ဖြူဆီကနေ သူကိုလုယူသွားခဲ့တဲ့ မိန်းမတစ်ယောက်ကိုလား။တကယ်တမ်းဆို ဒါတွေဟာဖြူအပြစ်ကြောင့်ဆိုတာဖြူသိသည်။ဖြူအဲဒါတွေကိုလက်မခံချင်တာ။

နယ်နိမိတ်ကို ကျူးလွန်လာတဲ့ မိုးစက်ကလေးတွေကို တွေ့တိုင်းမိုးစက်ရဲ့အပြစ်လား၊အဲဒီမိုးစက်လေးကို တွန်းပို့ခဲ့တဲ့ လေရဲ့အပြစ်လားဆိုတာ လူတွေက စဉ်းစားကြသည်။တကယ်ကတော့ မိုးတွေကို ရွာသွန်းစေခဲ့တဲ့ တိမ်တွေရဲ့အပြစ်ပဲ။ကို့ကို ဖြူဆီကနေထွက်သွားအောင် ဖြူပဲလုပ်ခဲ့တာ။မခံမရပ်နိုင်အောင် အဆုံးမရှိတဲ့ အပြစ်တင်စကားတွေကိုပြောမယ်။ကိုယ်အပေါ်ကျရောက်လာခဲ့တဲ့ တာ၀န်တွေကို သူအပေါ်ကိုလွှဲမယ်။ကိုယ့်ကိုချစ်တဲ့လူကို သူငါကို ချစ်နေတာပဲဆိုတဲ့ စိတ်နဲ့အနိုင်ကျင့်ခဲ့တာကို အချစ်ကိုဖော်ပြတာလို့ ထင်မှတ်ခဲ့သည်။အခုတော့ အဲဒီအချစ်က လောင်စာမရှိတော့ကုန်သွားခဲ့‌လေပြီ။

ကိုပြောဖူးသလို အချစ်က မီးတောက်လေးနဲ့ တူသည်။ဘယ်သူက အဲဒီမီးကိုစထွန်းထွန်း အဲဒီမီးဆက်လက်လောက်ကျွမ်းနေဖို့ နားလည်မှု၊မေတ္တာနဲ့ သစ္စာဆိုတဲ့ လောင်စာတွေလိုအပ်တယ်။အဲဒါတွေမရှိရင်တော့ ဘယ်မီးမဆို အချိန်တစ်ခုကြာရင် ငြိမ်းသွားမှာပဲ။အခုတော့ ဖြူရဲ့ မီးတောက်လေးငြိမ်းသွားပြီ။ဖြူစိတ်ကူးထားခဲ့တဲ့ ဖြူရဲ့မိသားစုအိမ်မက်ကလေးက ပျက်စီးသွားခဲ့ပြီ။

လူတွေက ဖြူကိုလက်ညိုး‌ထိုးပြီး "သူကလက်ထပ်ခါနီးမှာ သတို့သားကမလိုချင်လို့ ထားပြစ်ခဲ့တဲ့ ကောင်မလေးလေ"လို့ အာချောင်ပြီး ပြောကြတော့မည်။ ဖြူဒီအကြောင်းတွေကို တွေးတိုင်းစိတ်ပင်ပန်းလာသည်။ဒီအချိန်မေမေသာရှိသေးရင် သူမရဲ့ ရင်ခွင်ထဲမှာဖြူကိုထည့်ထားပြီး"အဆင်ပြေသွားမှာပါ သမီးရယ်"ဆိုပြီး အားပေးနှစ်သိမ့်ပေးလောက်သည်။သို့ပေမယ့် အခုဖြူမှာ အားကိုးစရာဘယ်သူမရှိ။ငိုချင်ရင်တောင် မျက်ရည်စတွေကို အံ့ကြိတ်သိမ်းရင်း လောကကြီးကို တစ်ယာက်ထဲရင်ဆိုင်နေရပြီ။ဖြူအတွက် ဒီစိတ်ဒဏ်ရာတွေကို ကုစားဖို့အချိန်၊လူတွေရဲ့ အ‌ကြည့်ကိုရှောင်ထွက်သွားဖို့အချိန်၊အမှန်တရားကို လက်ခံနိုင်ဖို့အတွက် အချိန်လိုသည်။

ဖြူရဲ့ ဇာတိမြို့ကို ပြန်ရောက်နေခဲ့ပေမယ့် အပြင်ကိုထွက်ပြီး လောကကြီးကို ရင်ဆိုင်ဖို့ ဖြူသတ္တိတွေမရှိသေးဘူး။အခန်းထဲမှာပဲအောင်းပြီး ခေါင်းအုံးတွေ စိုစွတ်တဲ့အထိ ငိုနေမိသည်။အကို့ကြီးရဲ့ မိန်းမကတော့ ဖြူနားကို တဝဲလည်လည်လုပ်ပြီး အားပေးရှာသည်။အကိုကြီးကတော့ အတိတ်တွေကို မပြောတော့ပဲ ဖြူအတွက် စိတ်ချမ်းသာသလိုနေနိုင်ဖို့ အချိန်ပေးထားသည်။ဖြူဘ၀အတွက် ကိုကplan Aဖြစ်သလို plan Bကလည်း ကိုပဲ။လွန်ခဲ့တဲ့ တစ်ပတ်လောက်ထိ ဖြူအပေါ်အရမ်းကောင်းပေးခဲ့တဲ့ လူတစ်ယောက်က ဖြူရဲ့ အနာဂတ်ကမ္ဘာထဲမှာ မပါနိုင်တော့ကြောင်း တွေးမိလိုက်တိုင်း ရင်ထဲစို့ကျပ်လာသလို ခံစားရသည်။ငါသာဒီထက်ပိုကောင်းပေးခဲ့ရင် ငါသာဒီထက်ပို ကို့အပေါ်ကြင်နာခဲ့ရင်၊ကို့အပေါ်ကိုယ်ချင်းစာခဲ့ရင် ဒီအခြေအနေတွေ ပြောင်းလဲသွားမှာလားဆိုတဲ့မေးခွန်းတွေက ဖြူခေါင်းထဲမှာ တဝဲလည်လည်ပေါ်နေသည်။

ဒီအချိန် တံခါးခေါက်သံကြားလိုက်ရတော့ ဖြူရဲ့မျက်ရည်စတွေကို အ၀တ်တွေနဲ့သုတ်ရင်း သိမ်းဆည်းလိုက်သည်။အကိုကြီးမိန်းမ၀င်လာပြီး"ညီမလေး ဧည့်သည်ရောက်နေတယ်။ညီမလေး သူငယ်ချင်းတဲ့။"

ဖြူလိုက်သွားကြည့်လိုက်ချိန်မှာ ဧည့်ခန်းထဲမှာ ပြုံးပြုံးကြီး ထိုင်နေတဲ့ ဇေယျကို တွေ့ရသည်။သူရဲ့ငယ်ရုပ်နဲ့ အခုရုပ်ကသိပ်မတူတော့သလိုဖြစ်နေတော့ ရုပ်အတော်ဖမ်းပြီးမှ သူမှန်း ဖြူမှတ်မိသွားသည်။သူ့မျက်နှာက ငယ်ငယ်ကလို ဘယ်တော့ကြည့်ကြည့်ပြုံးဖီးဖီးနဲ့ပါ။ငယ်ငယ်ကဆို ဖြူသူကို အတော်ကြည့်မရခဲ့ဘူး။အမြဲနောက်နောက်ပြောင်ပြောင်နေပြီး ဘယ်အရာကိုမှအလေးအနက်မထားတတ်တဲ့သူကို ဖြူမကြည်ခဲ့ဘူး။ငယ်ငယ်တုန်းကဖြူအကြောက်ဆုံးက သူနဲ့ တစ်သင်းထဲကျရမှာပါ။ဖြူက ဘယ်အရာမဆို စနစ်တကျနဲ့ လေးလေးနက်နက်လုပ်တတ်တဲ့အကျင့်ရှိသည်။သူကတော့ ဘယ်အလုပ်မလို ပေါ့ပေါ့ပျက်ပျက်နဲ့ အရေးမကြီးသလို အမြဲလုပ်သည်။ပြီးတော့ ဘယ်ပြဿနာမဆို ၀င်ပါပြီး ဆရာကြီးလုပ်တတ်သေးသည်။ထိုအချက်တွေကြောင့် ငယ်သူငယ်ချင်းဖြစ်သော်ငြားလည်း ဖြူသူအပေါ်ကြည့်မရခဲ့ခြင်းဖြစ်သည်။

အခုဖြူအိမ်သူရောက်လာတော့ ဖြူအံ့ဩရသည်။သူနဲ့စကားစမြည်ပြောရင်း သူကျောင်းဆရာလုပ်နေတာသိရတော့ ပိုအံ့ဩရသည်။သူလိုအလေးအနက်မရှိတဲ့ သူတစ်ယောက်က ကျောင်းဆရာတဲ့လား။ဖြူဆီကို လာတဲ့လူတိုင်းက ဖြူကြုံခဲ့တဲ့ အဖြစ်အပျက်ကိုပဲ လှည့်ပတ်မေးတဲ့သူတွေ၊ဖြူကို စိတ်မကောင်းကြောင်းပြောတဲ့သူတွေ၊သနားတဲ့အကြည့်တဲ့ကြည့်တဲ့လူတွေကများသည်။ဒါပေမယ့် ဇေယျကတော့ သူတို့နဲ့မတူပဲ ဖြူကို မင်္ဂလာပွဲအကြောင်းလည်း တစ်ခွန်းမှမမေးခဲ့ဘူး။ဖြူကိုလည်း နှစ်သိမ့်မပေးဘူး။ငယ်သူငယ်ချင်းတစ်ယောက်ကို ပြန်ဆုံရလို့ ၀မ်းသာအားရဖြစ်နေတဲ့ ပုံစံမျိုးနဲ့ပဲ ဖြူကို စကားပြောသည်။ဘာလို့မှန်းမသိပေမယ့် သူရဲ့အပြုံးတွေက ဖြူကိုစိတ်သက်သာရာရစေခဲ့သည်။ဖြူဆီလာလည်တိုင်း ပန်းလေးတွေယူလာတတ်သည်။တစ်ခါတစ်လေ ပုန်းညက်ပန်းတွေ၊တစ်ခါတစ်လေ စကားဝါပန်းတွေ ယူလာတတ်သည်။
💘2
သူပေးတဲ့ပန်းတွေကို ဖြူ့အခန်းထဲက ပန်းအိုးမှာ ဖြူအမြဲစိုက်ထားတတ်သည်။အခန်းထဲကို ၀င်လာတိုင်းပန်းအနံ့လေးကြောင့် ပန်းခင်းထဲရောက်သွားသလိုခံစားရသည်။


တစ်နေ့မှာတော့ သူကစက်ဘီးတစ်စီးနဲ့ ရောက်လာပြီး လယ်ကွင်းတွေဖက် လိုက်ခဲ့ဖို့ခေါ်သည်။ဖြူတို့ငယ်ငယ်ကတက်ခဲ့တဲ့ ကျောင်းအနောက်ဖက်ဆီက လယ်ကွင်းတွေကြားထဲမှာ ကစားခဲ့တာကို ဖြူအမှတ်ရမိသည်။ဖုန်တွေသိပ်နေတဲ့ မြေနီလမ်းကတွေကို ဖြတ်ပြီး လယ်ကွင်းတွေဆီရောက်ခဲ့သည်။ဖုန်နံတွေလှိုင်လှိုင်ကြားက ခရီးဆက်ခဲ့ရပေမယ့် နောက်ဆုံးရောက်လာတဲ့ နေရာကြောင့် ဖြူအမောပြေသွားသည်။ပုစွန်ဆီရောင်သန်းနေတဲ့ကောင်းကင်ကြီးနဲ့ ၀င်လုဆဲဆဲနေလုံးကြီးကို တွေ့လိုက်ရတော့ အိမ်မက်မက်နေသလို ခံစားချက်မျိုး ဖြူရသည်။တိမ်တွေကလည်း ပန်းရောင်သန်းလို့။မိုးပြာရောင်‌နောက်ခံနဲ့ပန်းနုရောင်တိမ်တိုက်တွေ ရောယှက်နေတဲ့ မြင်ကွင်းက ပန်းချီကားတစ်ချပ်ကို မြင်လိုက်ရသလိုမျိုးဖြစ်သည်။

"လှလိုက်လိုက်တာနော ဇေယျ။အခြားကမ္ဘာတစ်ခုကို ရောက်သွားသလိုပဲ။"

"ဟုတ်တယ်။ငါဒီမြို့ကထွက်မသွားနိုင်တာလည်း ဒီအလှတွေကြောင့်ပဲ။"

"နင်ဒီမြို့ကထွက်သွားမလို့ စီစဉ်သေးတာလား"

"အေးဟုတ်တယ်။အမေဆုံးတုန်းကပါ။ငါမှာတွယ်တာစရာလည်း မရှိတော့ဘူးဆိုပြထွက်သွားဖို့စဉ်းစားမိတာ။"

"နင်အမေဆုံးတာကြာပြီလား ဇေယျ။"

"ကြာပြီဆိုပါတော့။အဲတုန်းက ငါအမေသေတော့ ငါကမငိုပဲ ရယ်နေလို့ လူတွေက ငါကိုရူးသွားပြီတောင်ထင်ကြတာ။"

ကျွန်မကရယ်ရင်း"နင်ကအထဲက အရူးပဲဟာကို။နင်တကယ်စိတ်လွတ်ပြီး ရယ်ခဲ့တာလား"

"မဟုတ်တာဟာ။ငါအတွေးနဲ့ငါရယ်တာပါ။လူတွေသေရင် ငိုရမယ်လို့ ဘယ်ဥပဒေမှာရှိလို့လဲ။သူသေလို့ ငါငိုတာမြင်ရင် ငါအမေ ဘယ်စိတ်ကောင်မလဲ။အဲဒါကြောင့်ငါကရယ်တာလေ။အဲဒါကို ငါကိုအရူးလို့ ထင်သွားကြတာ။"

"နင်ကလည်းနင်ပဲ။အမြဲတမ်း ပေါ့ပျက်ပျက်နေနေတဲ့ဟုတ်တာ။"

"ငါပေါ့ပျက်ပျက်နေတာမဟုတ်ဘူးဖြူ။ပေါ့ပေါ့ပါးပါးနေတာ။ဘ၀ကိုလေးလေးနက်နက်ဖြတ်သန်းရင် နင်လေးလေးနက်နက်ခံစားရမှာ။နင်အပေါ်ပဲတာ၀န်တွေပိနေသလို။နင်ကိုပဲလောကကြီးက ရက်စက်နေသလို။ဒါပေမယ့် ပေါ့ပေါပါးပါးနေရင်ကျ မတူတော့ဘူးဟ။ငိုစရာကိစ္စတွေထဲမှာတောင် ရယ်စရာရှာတတ်လာတယ်။ငါကို လူရွှင်တော်ကြီးလို့ နင်ကထင်ချင်ထင်မှာပေါ။တကယ်တော့ ငါမှာလည်း တာ၀န်ယူစရာတွေများတယ်။ဒါပေမယ့် အဲဒါကိုငါက ထိုင်ညည်းနေရုံနဲ့ ထိုင်ပီ့းအပြစ်တင်နေရုံနဲ့ ဘာမှမဖြစ်သွားတာ။အဲတော့ အဲဒါကိုရယ်ရယ်ပြုံးပြုံးပဲရင်ဆိုင်လိုက်နယ်လေ။အဲဒါပိုမကောင်းဘူးလား။"

"နင်ဟာနဲ့နင်တော့ ဟုတ်နေတာပဲ။"

"ဟုတ်တာပေါ့။ဇေယျပဲဟာ။"

သူပြောတဲ့စကားတွေက ဖြူစိတ်ထဲက ပုစ္ဆာတစ်ခုကို ဖြေရှင်းနေသလိုခံစားလိုက်ရသည်။
"ဒါနဲ့ ဇေယျ။နင်အသက်ရှင်ရတာ ကောင်းတယ်လို့ထင်လား။သေသွားတာကောင်းတယ်လို့ထင်လား။"

"နှစ်ခုလုံးကောင်းတယ်။သေသွားတာလည်ကောင်းတယ်။စောစောစီးစီး အေးချမ်းသွားတာပေါ့။ဒါပေမယ့် ငါထင်တာတော့ အသက်ရှင်ရတာပိုကောင်းတယ်။သေခါနီးလူတစ်ယောက်က ရှင်သန်ခြင်းရဲ့ တန်ဖိုးကို အသိဆုံးတဲ့။ငါတို့အသက်ရှင်နေသရွေ့ ဘာမဆိုဖြစ်လာနိုင်သေးတယ်။ဆိုးဝါးတာတွေလည်းဖြစ်နိုင်တယ်။ဒါပေမယ့် ဆိုးဝါးတာတွေကြီးကြုံနေလို့လည်းစိတ်မညစ်လိုက်နဲ့။အကောင်းတွေလည်း ကြုံလာနိုင်သေးတယ်။ငိုစရာကိစ္စ‌တွေရှိနေပေမယ့်လည်း ရယ်စရာကိစ္စတွေလည်း ရှိ‌လာနိုင်သေးတယ်။အခုတိမ်လေးတွေကြောင့် နင်ပျော်နေတယ်မလား။ညရောက်သွားမှာကိုနင်စိုးရိမ်လိမ့်မယ်။ဒါပေမယ့် တကယ်တမ်းညရောက်သွားရင် တိမ်တွေမရှိတော့ဖို့ နင်ဆုတောင်လိမ့်မယ်။အဲဒါမှကြယ်လေးတွေကို မြင်ရမှာလေ။"

ဘာမှပြန်မပြောနိုင်တော့တဲ့ ဖြူရဲ့မျက်နှာကိုကြည့်ရင်း"နင်သိလား။လူတွေက ရှင်သန်ခြင်းရဲ့ အဓိပ္ပာယ်တို့၊‌ပျော်ရွှင်မှုတို့ဆိုပြီး လိုက်ရှာဖွေကြတယ်။အဲဒါကို တစ်ချို့က ငွေတွေလို့ထင်ကြတယ်၊တစ်ချို့ကတော့ အိမ်မက်တွေပေါ့။ငါအတွက်ကတော့ အဲဒါက အရှိကိုအရှိအတိုင်းလိုက်ခံနိုင်ခြင်းပဲ။ငိုစရာရှိလာတဲ့အခါ မျက်ရည်တွေကို သွန်ချပြီးငိုလိုက်တာ၊ရယ်စရာရှိလာတဲ့အခါ ‌အာပြဲကြီးနဲ့ အော်ရယ်လိုက်တာက ရှင်သန်ခြင်းရဲ့အဓိပ္ပာယ်ပဲ။ပင်ပန်းလာတဲ့အခါ ကောင်းကင်ကြီးကိုမော့ကြည့်လိုက်တာ၊ကလေးတွေကို ရယ်အောင်လုပ်ပေးနိုင်တာက ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်ပဲ။ကိုယ့်ရဲ့ ချို့ယွင်းချက်တွေ၊ကိုယ်မထိန်းချုပ်နိုင်တာ‌တွေကို လက်ခံပြီး အလှပဆုံးပြုံးရယ်နိုင်တာက ရှင်သန်ခြင်းရဲ့ အဓိပ္ပာယ်ပဲ။နင်လည်း နင်ကိုလေးလံစေတဲ့အရာအားလုံးကို လွှတ်ချပြီး ပြုံးပြုံးလေးရှင်သန်ကြည့်ပါ့လား။နင့်သွားတက်ကလေးတွေကအတော်လှတာသိလား"

ဖြူမျက်စောင်းတစ်ချက်ထိုးလိုက်လိုက်ပြီး"နင်ကတော့ မစရင်ကိုမနေနိုင်တာနေမယ်"

"နင်ကချီးကျူးတာကိုမကြိုက်တာပေါ။အဲဒါဆို နင်ကိုငယ်ငယ်တုန်းကလို မျက်ပြူးလို့ပဲခေါ်တော့မယ်။မျက်ပြူးမ..ဟားဟား....။


"နင်တော်တော့နော်...."

"မျက်ပြူးမလေးက စိတ်ဆိုးနေပါတယ်ခင်ဗျာ"

"တော်တော့ဆို ငါလုပ်ရင်သေတော့မယ်"

ရယ်မောသံတွေနဲ့အတူနေမင်းကြီးကလည်း မြေကြီးထဲကို တဖြည်းဖြည်းတိုး၀င်သွားသည်။တိမ်လေးတွေကလည်း လွင့်ပြယ်လို့။ညရောက်ရင်တော့ ကြယ်လေးတွေထွက်လာကြဦးမည်။

#SandiCho
#ရှင်သန်ခြင်းရဲ့အဓိပ္ပါယ်
💘3